EIO
الذهاب إلى القناة على Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
إظهار المزيد1 055
المشتركون
-124 ساعات
+47 أيام
+830 أيام
أرشيف المشاركات
1 055
(19,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ ထပ်မံ၍ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (7:14)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 055
(19,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (7:08)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️
(မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 Facebook – https://www.facebook.com/eagleinformation
🌐 Telegram – t.me/eagleinformationoperator
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jun 19, 6:43AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jun 19, 6:38AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jun 19, 6:24AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jun 19, 6:08AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့၊ စက်မှုဇုန် ရွာထောင် တောရကျောင်းတွင် စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ်နေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
Jun 19, 5:55AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 055
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 055
Happy Birthday ပါ အမေစု 🎂
ပြည်သူလူထုတစ်ရပ်လုံးက ရိုသေလေးမြတ်စွာ ပေးပို့သမျှ မေတ္တာအဖြာဖြာကြောင့် "(၈၁) နှစ်ပြည့် မွေးနေ့မှသည် ကျန်းမာရွှင်လန်းစွာဖြင့် မိသားစုဖြင့် အမြန်ဆုံးပြန်လည်ဆုံစည်းပြီး အသက်ရာကျော် ရှည်ပါစေ" ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အချုပ်အနှောင်အန္တရာယ်ခပ်သိမ်းမှလည်း အမြန်ဆုံး ကင်းလွတ်မြောက်ပါစေကြောင်းနှင့် အမေစု၏ မေတ္တာတရားနှင့် လမ်းညွှန်ဆုံးမမှုများကို ပြည်သူတို့နှင့်အတူ အမြဲမပြတ် သတိရအောက်မေ့လျက်ရှိကြောင်း #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) အဖွဲ့သူ၊အဖွဲ့သားများ မှ လေးနက်စွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏
#June19 #Suu81 #Birthday #Freedom_from_Fear #RoseMovement #RosesOfHope #ProofOfLife #FreeAungSanSuuKyi #EIO_Admin_Team #Eagle_Information_Operator
1 055
နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြု
အကြမ်းဖက်စစ်တပ်သည် နှင်းဆီပန်းများ ရောင်းချခြင်း ၊ ပန်ဆင်ခြင်း ၊ ကိုင်ဆောင်ခြင်းတို့ကိုပင် ပြင်းပြင်းထန်ထန် ဖျက်ဆီး အရေးယူရန် ပြင်ဆင်လျက်ရှိပါသည်။
ထို့အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် ညဏ်နှင့်ယှဥ်၍ မိမိတို့ ဒေသအလိုက် လုံခြုံဘေးကင်းမှု အပြည့်အဝ ရှိသည့် နည်းလမ်းများဖြင့် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
နှင်းဆီလှုပ်ရှားမှုတွင် နှင်းဆီပန်းမှမဟုတ်ဘဲ မည်သည့် ပန်းအမျိုးအစားမဆို ပန်ဆင် ၊ ဝေငှ ခြင်းများ စသဖြင့် ပြုလုပ်ပါဝင်နိုင်သည်။
ရန်သူ့ စိုးမိုးနယ်မြေ မြို့ပေါ်နေ ပြည်သူများအနေဖြင့် မိမိတို့ နေ့စဥ်သုံးစွဲနေသော လှုမှုစာမျက်နှာ ( Facebook account ) များတွင် မတင်ဘဲ အောက်ပါ page များသို့သာ ပေးပို့ခြင်းတို့ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
People Movement Platform - Myanmar https://www.facebook.com/antishamelection
General Strike Coordination Body - GSCB https://www.facebook.com/gscbmyanmar
နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေများအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
• ဘုရားတင်/ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ခြင်း။
• Online ကမ်ပိန်း - မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း။
• မြေပြင်လှုပ်ရှားမှု - မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ခြင်း။
- အမေစုနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်ကြ
#RoseMovement #RosesOfHope #ProofOfLife #June19
1 055
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် ကားလေးကွင်း ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Jun 18, 4:48PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် ဒေါနခြံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Jun 18, 4:43PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
(18,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (4:11) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
