ar
Feedback
EIO

EIO

الذهاب إلى القناة على Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

إظهار المزيد
1 055
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
+730 أيام
أرشيف المشاركات
EIO
1 052
photo content

EIO
1 052
“နာကျင်မှုမှသည် တော်လှန်ရေးမီးတောက်ဆီသို့” 🔹တေဇ (CDM) သွေးမခြောက်သေးတဲ့ မြေပြင်ပေါ်မှာ မျက်ရည်တွေ ကျန်နေသေးတယ်။ နာကျင်မှုတွေကလည်း အသံမထွက်နိုင်သေးဘူး။ မိခင်တစ်ယောက်ရဲ့ ငိုသံ၊ သူငယ်ချင်းတစ်ယောက်ရဲ့ တိတ်ဆိတ်မှုနဲ့ ပြန်မလာနိုင်တော့တဲ့ လူငယ်တွေရဲ့ ခြေရာတွေဟာ ညတိုင်းအိပ်မပျော်စေတဲ့ အမှတ်တရတွေ ဖြစ်နေတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ခြေရာတွေက နောက်ပြန်ဆုတ်ဖို့ မဟုတ်ခဲ့ပါဘူး။ လဲကျသွားသူတိုင်းဟာ.. ကြောက်ရွံ့မှုကို အညံ့ခံသွားတာမဟုတ်ဘဲ မျှော်လင့်ချက်တစ်ခုကိုကိုင်ပြီး မောင်းတင်ထားခဲ့ကြတာ၊ “တစ်နေ့တော့ ပြောင်းလဲမယ်” ဆိုတဲ့ ယုံကြည်ချက်တစ်ခုအတွက် အသက်ကိုတောင် အလောင်းအစားလုပ်သွားခဲ့ကြတာပါ။ ဒီနေ့ ဝမ်းနည်းရင် မနက်ဖြန် ပိုခိုင်မာဖို့ ဖြစ်စေပါ။ ဒီနေ့ မျက်ရည်ကျရင် မတရားမှုကို မမေ့ဖို့ မှတ်ဉာဏ်ဖြစ်စေပါ။ ငိုလို့ရတယ်။ နာလို့ရတယ်။ ဒါပေမယ့် စိတ်တော့ မကျိုးပါနဲ့။ တော်လှန်ရေးဆိုတာ တိုက်ပွဲသက်သက် မဟုတ်ဘူး။ မကျိုးမပဲ့တဲ့ စိတ်တွေ၊ မလျော့သွားတဲ့ ယုံကြည်ချက်တွေ၊ “ငါတို့ မတိတ်ဆိတ်ဘူး” ဆိုတဲ့ အသံတွေနဲ့ ဆက်ရှင်သန်နေတဲ့ မီးတောက်တစ်စင်း။ သူတို့ ကျန်ခဲ့တဲ့ အိပ်မက်တွေကို ငါတို့ ဆက်သယ်သွားမယ်။ သူတို့ မပြီးဆုံးနိုင်ခဲ့တဲ့ လမ်းကို ငါတို့ ဆက်လျှောက်မယ်။ သူတို့ မမြင်နိုင်တော့တဲ့ နေ့သစ်ကို ငါတို့ရဲ့ မျက်လုံးတွေနဲ့ တည့်တည့်ကြည့်ပြီး သက်သေပြမယ်။ တချို့က “ပေးဆပ်မှုတွေ များလွန်းနေပြီ” လို့ ပြောကြမယ်။ ဟုတ်တယ်၊ များတာပေါ့။ ငါတို့က နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စနစ်ကြီးတစ်ခုလုံးကို တိုက်နေတာလေ။ ဒါပေမယ့် ဒီလောက်ပေးဆပ်ထားရတဲ့ အရာကို ကြောက်ရွံ့မှုနဲ့ ပြန်လွှင့်ပစ်လိုက်ဖို့က ပိုပြီး မတန်ဘူး။ အမှောင်က ကြီးလာလေလေ မီး‌တောက်တစ်စင်းရဲ့ တန်ဖိုးက ပိုကြီးလာလေလေ။ ဖိနှိပ်မှုက ပြင်းလာလေလေ မလျှော့တဲ့ စိတ်တွေက ပိုမွေးဖွားလာလေလေ။ ငါတို့က သွေးအေးနေတဲ့ လူတွေ မဟုတ်ဘူး။ နာကျင်တတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ဆုံးရှုံးမှုတိုင်းမှာ ကြေကွဲတတ်တယ်။ ဒါပေမယ့် ကြေကွဲရရုံနဲ့တော့ ဒူးမထောက်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီလမ်းဟာ အနိုင်ရဖို့တစ်ခုတည်းအတွက် မဟုတ်ဘူး။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်စွာ အသက်ရှင်နိုင်ခွင့်၊ ကြောက်ရွံ့မှုမရှိတဲ့ မနက်ဖြန်တစ်ခုအတွက် လျှောက်နေတဲ့လမ်း ဖြစ်နေလို့ပဲ။ ဒါ့ကြောင့် ဆုံးရှုံးမှုတိုင်းအတွက် ငါတို့ကို အားပျော့စေဖို့ ဖြစ်ခွင့်မပြုနိုင်ဘူး၊ ငါတို့စိတ်၊ ငါတို့တော်လှန်ရေးကို ပိုပြီး တောက်လောင်လာစေဖို့ ထွန်းညှိပေးနေတဲ့ မီးစာ‌တွေ ဖြစ်လာခဲ့တာ။ တစ်ယောက်လဲရင် နောက်တစ်ယောက် ထမယ်။ မီးတောက်တစ်စင်း ငြိမ်းရင် နောက်ထပ် မီးတောက်တွေ ထပ်ပွင့်လာမယ်။ တစ်နေ့နေ့မှာ ဒီမြေပြင်ပေါ်က သွေးစက်တွေကို သမိုင်းက လွတ်လပ်ခြင်းရဲ့ တန်ဖိုးအဖြစ် ရေးမှတ်လိမ့်မယ်။ ပြီးတော့ အမှောင်ကို ကြောက်မနေခဲ့တဲ့ မီး‌တောက်လိုလူတွေ ရှိခဲ့တယ်ဆိုတာ အနာဂတ်က သက်သေပြလိမ့်မယ်။ [ဖော်ပြပါ ကဗျာအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ကဗျာ၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ကဗျာကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူရွာထိပ် CR7 ကွမ်းယာဆိုင်အနီးတွင် စခကင်းပုန်းများ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jun 9, 11:30AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
(9,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချ
(9,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (11:30) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #SucideDrone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 052
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ Eagle Information Operator (#EIO) Date - Jun 9, 11:22AM 📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်သာဂိတ်မှ ထွက်လာသော စခအိမ်စီးကား(၃)စီးသည် မအူဂိတ်သို့ ဝင်‌ရောက်ထား ကြောင်း သတင်းရရှိထားပါသည်။ Jun 9, 11:17AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
အဆုံးသတ် အနေနဲ့ ပြန်လည် တွေးတောကြည့်ရင် ပြတိုက်ထဲက သံချေးတက်နေတဲ့ တူမီးဟောင်းလေး ကနေစပြီး... 3D ပရင်တာတွေ၊ ခေတ်မီ ဒရုန်း တွေနဲ့၊ အခုအခါမှာ စနစ်ကျတဲ့ အနာဂတ် ဖက်ဒရယ် တပ်မတော်ကြီး တစ်ရပ် အဖြစ်ကို ရောက်ရှိလာတဲ့ အထိ... ဒီဖြတ်သန်းမှုဟာ ကမ္ဘာ့သမိုင်းမှာ ဘယ်သောအခါမှ မရှိခဲ့ဖူးတဲ့ ပြောင်မြောက်လှတဲ့ ဆင့်ကဲဖြစ်စဉ်ကြီး တစ်ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ ပညာရှင်တွေပြောပါတယ် ဒီလူငယ်တွေဟာ သူတို့ရဲ့ နုပျိုမှုတွေကို ပေးဆပ်ခဲ့တယ်၊ အိပ်မက်တွေကို စတေးခဲ့ကြတယ်။ ဒါတွေ အားလုံးဟာ အာဏာကို မက်မောလို့ မဟုတ်ဘဲ၊ နောက်လာမယ့် မျိုးဆက်သစ်တွေ လွတ်လပ်ခြင်း ဆိုတဲ့ လေပြေကို အပြည့်အဝ ရှူရှိုက်နိုင်ဖို့ အတွက်သာ ဖြစ်တယ် ဆိုတာကို သမိုင်းက သက်သေပြသွားပါလိမ့်မယ်။ #AKChannel #EIO #StrategicAnalysis #Tech #TechEvolution #strategy

EIO
1 052
ဒီထက် ပိုပြီး အံ့ဩစရာ ကောင်းတဲ့ နည်းပညာ အလှည့်အပြောင်း (Technological Leap) တစ်ခု ကတော့ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထုတ်လုပ်မှုကို ပေါင်းစပ်လိုက်ခြင်းလို့ပြောရမယ်... ပုံမှန်အားဖြင့် ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ထားရင် သံမဏိတွေ သယ်ယူလို့ မရနိုင်ဘူး ... ဒါပေမဲ့ မြေပြင်က လူငယ်တွေဟာ 3D Printing နည်းပညာကို အသုံးပြုပြီး တပိုင်းအော်တို မောင်းပြန်တွေကို တောထဲမှာတင် ထုတ်လုပ်လာကြတယ်လို့ နိုင်ငံတကာပညာရှင်တွေပြာတာကိုတွေ့ရတယ်၊ လက်ရှိအခြေအနေမှာ အကောင်းဆုံးသော လ - န ထောက်ပံ့သူဟာ အပြင်လူ မဟုတ်ဘဲ၊ တစ်ဖက် ရန်သူ ယန္တရား ကိုယ်တိုင် ဖြစ်နေခြင်းပါပဲ။ ပြီးခဲ့တဲ့ စခန်းသိမ်း ပွဲတွေကနေ လူငယ်ဖွဲ့တွေဟာ အတိုအရှည်ကြီးတွေနဲ့ ပုခုံးထမ်း တွေကို အလုံးအရင်းနဲ့ ရရှိခဲ့ဒါကို မှတ်တမ်းအချို့နှင့် မြန်မာပြည်က သတင်းဌာနချို့ရဲ့ဖော်ပြချက်တွေမှာမြင်တွေ့ရပါတယ်။ နေပြည်တော်ရဲ့ ရိုးရာ သံမဏိ အတိုအရှည်တွေနဲ့ လူငယ်တွေရဲ့ နည်းပညာ ဦးနှောက် (Tech-Brain) တို့ ပေါင်းစပ်သွားခြင်းဟာ တစ်ဖက် ယန္တရား အတွက်တော့ ရှောင်လွှဲလို့ မရနိုင်တဲ့ အဆိုးဝါးဆုံး အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်လာပါတယ်။ ဒီလို နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေအပြင်၊ ဖွဲ့စည်းပုံ ယန္တရားပိုင်း မှာလည်း ဧရာမ အရွေ့ကြီး တစ်ခုကို တွေ့ရပါတယ်။ အစပိုင်းတုန်းက ရွာကာကွယ်ရေး အဆင့်သာ ရှိခဲ့တဲ့ အဖွဲ့အစည်းတွေဟာ၊ အခုအခါမှာတော့ ကာကွယ်ရေး ဦးထုပ်၊ ဝတ်စုံ အပြည့်အစုံ နဲ့ ဆက်သွယ်ရေး စက်တွေ တပ်ဆင်ထားတဲ့ ပုံမှန် အဖွဲ့အစည်းကြီး တစ်ရပ်ရဲ့ အသွင်သဏ္ဌာန်ကို အပြည့်အဝ ကူးပြောင်းသွားခဲ့ပါပြီ။ ဗဟို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ ဗျူဟာတွေ၊ တပ်ရင်းတွေ အဖြစ် စနစ်တကျ ဖွဲ့စည်းပြီး၊ ခိုင်မာတဲ့ ကွပ်ကဲမှု စနစ် (Chain of C ) နဲ့ အလုပ်လုပ်လာကြပါတယ်.. သာမန် အဖွဲ့အစည်း တစ်ခုရဲ့ လှုပ်ရှားမှု မဟုတ်တော့ဘဲ၊ နိုင်ငံတော်ရဲ့ အနာဂတ် ကာကွယ်ရေး ယန္တရားကို တည်ဆောက်နေတဲ့ (State-building Process) လုပ်ငန်းစဉ်ကြီး တစ်ရပ် ဖြစ်ပါတယ်။ ဒီအားပြိုင်မှုရဲ့ အထွတ်အထိပ်ကတော့ ကောင်းကင်ယံ စိုးမိုးမှု ပါပဲ။ အစပိုင်းမှာ လေကြောင်း အသာစီးရမှုဟာ တစ်ဖက်တည်းမှာသာ အပြည့်အဝ ရှိခဲ့ပေမယ့်၊ တော်လှန်ရေး အင်အားစုတွေဟာ မြေပြင်ကနေ ကောင်းကင်ဆီကို ဒရုန်း (Drone) နည်းပညာနဲ့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်လာပါတယ်။ အစပိုင်းမှာ ကင်မရာပါတဲ့ အသေးစား ဒရုန်းလေးတွေ သုံးခဲ့ရာကနေ၊ အခုအခါမှာတော့ မိုင်ပေါင်းများစွာ အဝေးကို ပျံသန်းနိုင်ပြီး၊ အကြီးအသေး နှင့် အကြီးစားတွေကို တိကျစွာကြဲချနိုင်တဲ့ Fixed-wing တောင်ပံတပ် ဒရုန်းကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီလို့ ပညာရှင်အချို့သုံးသပ်ထားတာကိုတွေ့ရပါတယ်။ နေပြည်တော်လို အလုံခြုံဆုံး လို့ ယူဆရတဲ့ ဗဟို ရုံးချုပ် နေရာမျိုးကိုတောင် ဒရုန်းတွေနဲ့ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ခြင်းဟာ၊ မြေပြင်မှာ လုံခြုံတဲ့ နေရာ (Safe Haven) ဆိုတာ ဘယ်နေရာမှ မရှိတော့ဘူး ဆိုတဲ့ သတင်းစကားကို ပါးလိုက်တာနဲ့ အတူတူဘဲလို့ ထင်ပါတယ်။ ဒေါ်လာ ၁၀၀၀ တန် နည်းပညာလေး တစ်ခုက၊ ဒေါ်လာ သန်းချီတန်တဲ့ နေရာတွေကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်ခြင်းဟာ စီးပွားရေးအရ သွေးထွက်လွန် စစ်ပွဲ (Economic War of Attrition) ကို ဖန်တီးလိုက်တာပါ။ တစ်ဖက်က ဂျမ်မာ (Jammer) တွေနဲ့ ဒေါ်လာ သန်းချီ သုံးပြီး ကာကွယ်နေရချိန်မှာ၊ နည်းပညာရှင် လူငယ်တွေက Frequency လှိုင်းတွေကို ပြောင်းလဲပြီး အဆက်မပြတ် ထိုးဖောက် နေနိုင်ခြင်းဟာ ဒီတော်လှန်ရေးရဲ့ မဟာဗျူဟာမြောက် အသာစီးရမှု (Strategic Superiority) ပဲ ဖြစ်တယ်လို့ နိုင်ငံတကာပညာရှင်တွေပြောပါတယ်.. သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဟာ အင်အားစု အားလုံး ပါဝင်တဲ့ "ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (Federal Union Army)" ကြီး တစ်ရပ်ကို တည်ထောင်ဖို့သာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်.. ပြည်သူကို ခြိမ်းခြောက်မယ့် ယန္တရား မဟုတ်ဘဲ၊ နိုင်ငံတော်ကို ပြင်ပရန်က ကာကွယ်မယ့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစား လိုက်နာပြီး အရပ်သား အစိုးရရဲ့ ကွပ်ကဲမှု အောက်မှာ ရပ်တည်မယ့် ပရော်ဖက်ရှင်နယ် တွေ အဖြစ်သာ တည်ရှိသွားလိ်မ့်မယ်လို့ မျှော်လင့်မိပါတယ်... ဒီအချက်တွေက မူဝါဒရေးရာ အရ (Policy Perspective) အလွန် အရေးကြီးတဲ့ အချိုးအကွေ့ ပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မူဝါဒ ချမှတ်သူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အရွေ့ကို သာမန် အခြေအနေ တစ်ခု အနေနဲ့ ရှုမြင်လို့ မရတော့ပါဘူး။ ဒီနည်းပညာရှင် လူငယ်တွေ တည်ဆောက်နေတဲ့ ယန္တရားဟာ အနာဂတ် နိုင်ငံတော်ရဲ့ ကာကွယ်ရေး မဏ္ဍိုင်သစ် ဖြစ်လာမှာ သေချာနေတဲ့ အတွက်၊ ဒီအင်အားစုတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဖွဲ့စည်းပုံတကျ ဖြစ်လာစေရေး အတွက် အသိအမှတ်ပြု ပံ့ပိုးပေးဖို့ အချိန်ကျရောက်နေပြီလားလို့ ပြည်တွင်းပြည်ပ ပညာရှင်တွေမေးခွန်းထုတ်နေကြပါတယ်။

EIO
1 052
သုညက စခဲ့တဲ့ လူငယ်တွေရဲ့ မလျှော့သောလုံ့လ... ဒီရက်ပိုင်းအတွင်း ထူးထူးဆန်းဆန်းသတိထားကြည့်မိတာတစ်ခုက နိုင်ငံတကာ သတင်းဌာနတစ်ခုရဲ့ မှတ်တမ်းရုပ်ရှင်ဟောင်းလေး တစ်ခုထဲမှာ ပါသွားတဲ့ သံချေးတက်နေတဲ့ လက်လုပ် 6သနတ်ဟောင်းလေး တစ်လက်ကိုသတိထားကြည့်မိပါတယ်။ အဲဒီသေနတ်လေးဟာ ခေတ်မီ စက်ရုံထုတ် လုံးဝ မဟုတ်ပါဘူး သာမန် ရေပိုက်ခေါင်း သံပိုက်လုံး တစ်ခုကို ဖြတ်တောက်ပြီး၊ ယမ်းမှုန့်တွေ၊ ခဲသီးတွေနဲ့ စပ်ကာ လက်ဆွဲ ဂဟေဆက်ထားတဲ့ အင်မတန် ရိုးရှင်းလွန်းလှတဲ့ "တူမီး" လို့ခေါ်တဲ့ လက်နက်ငယ်လေး တစ်ခုပါ။ ဒီသေနတ်ဟောင်းလေးကို တောနက်ကြီး တစ်ခုထဲက စွန့်ပစ်ထားတဲ့ စခန်းဟောင်းလေး တစ်ခုရဲ့ ထောင့်တစ်နေရာမှာ အထီးကျန်စွာ တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းလေးဟာ အပေါ်ယံကြည့်ရင်တော့ ဘာမှ မထူးခြားလှတဲ့ သံချေးတက်နေတဲ့ သံပိုက်လုံးအတိုအစလေးတစ်ခုလိုပါဘဲ ဒါပေမဲ့ အဲဒီ သံချေးတက်နေတဲ့ သံပိုက်လုံးလေးရဲ့ နောက်ကွယ်က ဇာတ်လမ်းဟာ မြန်မာ့ပထဝီနိုင်ငံရေးနဲ့ ခေတ်သစ် သမိုင်းမှာ အကြီးမားဆုံးသော လှိုင်းလုံးကြီး တစ်ခုရဲ့ အစပျိုးရာ ဇာစ်မြစ် ဖြစ်နေဆဲ ဆိုတာကို မြန်မာ့အရေးလေ့လာသူတွေက လွဲပြီး သတိထားမိသူ အင်မတန် နည်းပါးလိမ့်မယ်လို့ထင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်၊ ၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်း ကာလတွေကို ပြန်လည် မြင်ယောင်ကြည့်ရင် မဲမှောင်နေတဲ့ တောအုပ်တွေထဲကို ခြေချခဲ့ကြတဲ့ သာမန် လူငယ်လေးတွေရဲ့ လက်ထဲမှာ ဘာတွေများ ရှိခဲ့သလဲလို့ဘဲခပ်ပြတ်ပြတ်မေးရပါလိမ့်မယ်... ခေတ်မီ ရိုင်ဖယ်တွေလား၊ အဆင့်မြင့် ဆက်သွယ်ရေး စက်တွေလား။ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ သူတို့ရဲ့ လက်ထဲမှာ ရှိခဲ့တာက အဲဒီ သံပိုက်လုံးလေးတွေနဲ့ လုပ်ထားတဲ့ တူမီးသေနတ်တွေ၊ ပြီးတော့ ဘယ်တော့မှ မယိမ်းယိုင်ဘူး ဆိုတဲ့ နိုင်ငံရေး ယုံကြည်ချက် တစ်ခုသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီတူမီးသေနတ်လေးတွေဟာ စစ်ရေးအရ ကြည့်ရင် လုံးဝ အသုံးမဝင်တဲ့၊ အင်မတန် အန္တရာယ်များလှတဲ့ ကိရိယာတွေပေါ့ တစ်ချက် ပစ်ဖို့ အတွက် ယမ်းတွေကို အချိန်ယူ ထည့်ရတယ်၊ ပစ်မှတ် တိကျမှု ဆိုတာ လုံးဝ မရှိသလောက်ဘဲ တစ်ဖက်မှာ ရှိနေတာက ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာ ကားတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေး အတွေ့အကြုံ ရှိနေတဲ့ ဧရာမ အာဏာစက် ယန္တရားကြီး တစ်ခု Budget တွေ သုံးမကုန်စားမကုန်ရှိတဲ့ Institution ကြီးတစ်ခု.. ဒီလို အင်မတန် ကွာဟလွန်းလှတဲ့ အဖွဲ့အစည်းကြီးကို ရင်ဆိုင်ဖို့ အဲဒီ တူမီးလေးတွေကို ကိုင်ပြီး ထွက်လာခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖြတ်သန်းမှုဟာ သာမန် လူသားတစ်ယောက်ရဲ့ ရှင်သန်လိုစိတ်ထက် အများကြီး ပိုမို နက်ရှိုင်းတယ်ဆိုတာ အားလုံးအမြင်ပါဘဲ အဲဒီ လူငယ်တွေဟာ တောခိုဖို့ မွေးဖွားလာသူတွေ မဟုတ်ကြသလို... တောခိုဖို့ကြီးပြင်းလာသူတွေလည်းမဟုတ်ကြဘူး၊ သူတို့ဟာ အဲကွန်းခန်းတွေထဲမှာ ကွန်ပျူတာ စာလုံးတွေနဲ့ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေ၊ ဆေးရုံတွေက ဆရာဝန်တွေ၊ တက္ကသိုလ်က ကျောင်းသားတွေ၊ မိဘကို ရှာကြွေးနေတဲ့ လူငယ်တွေ၊ မိသားစု တာဝန်ကိုထမ်းဆောင်နေကြတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေပါ.. အဲဒီအချိန်က နိုင်ငံတကာ စစ်ရေး လေ့လာသူတွေ အားလုံးနီးပါးက ဒီလူငယ်တွေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ လို့ သံသယ မျက်လုံးတွေနဲ့ မေးခွန်းထုတ်ခဲ့ကြတာအားလုံးအသိပါဘဲ... သမားရိုးကျ တွက်ချက်မှုတွေ အရ လက်နက် မရှိဘဲ စစ်ရေး အားပြိုင်မှု တစ်ခုကို ဖန်တီးလို့ မရနိုင်ဘူး ဆိုတာ စစ်ရေး သီအိုရီတိုင်းရဲ့ အခြေခံ အကျဆုံး ဥပဒေသ တစ်ခု ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ အခု ၂၀၂၄-၂၀၂၅ ခုနှစ် အခင်းအကျင်းကို ရောက်လာတဲ့ အခါမှာတော့၊ အဲဒီ သီအိုရီတွေ အားလုံးကို မြေပြင်က လူငယ်တွေက ပြောင်းပြန်လှန်ပြလိုက်ပါတယ်... (အေးပေါ့... Generation ကွာရင် တွေးခေါ်ပုံတွေလည်းကွာသွားတာကို 8၄လုံးအရွယ် နိုင်ငံတကာရောက် Elite တွေနဲ့တော့ဘယ်တူမလည်း) သံပိုက်လုံး ကိုင်ခဲ့တဲ့ လူငယ်လေးတွေဟာ အခုအခါမှာ စစ်မြေပြင် အင်ဂျင်နီယာတွေ၊ ခေတ်သစ် နည်းပညာရှင်တွေ (Technologists) နဲ့ အဆင့်မြင့် ဗျူဟာမှူးတွေ အဖြစ်ကို အပြီးတိုင် အသွင်ကူးပြောင်း သွားခဲ့ကြပါပြီ လက်နက် မရှိရင် ဖန်တီးယူမယ် ဆိုတဲ့ သူတို့ရဲ့ တွေးခေါ်မှုဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းက တောနက်တွေထဲမှာ အလွန် ထူးဆန်းတဲ့ မြေအောက် အလုပ်ရုံတွေ (Underground Defense Industries) ကို မွေးဖွားပေးခဲ့တယ်လို့ နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းက သတင်းစာဆရာကြီးတွေရေးကြတာတွေ့ရပါတယ်။ အစပိုင်းမှာတော့ လက်ဆွဲ ဂဟေစက်တွေ၊ တွင်ခုံဟောင်းလေးတွေနဲ့ စတင်ခဲ့ကြပေမယ့်၊ ဒီကနေ့ အချိန်မှာတော့ သူတို့ရဲ့ ထုတ်လုပ်မှု ယန္တရားဟာ အံ့မခန်း ဖြစ်နေပါပြီ .. ၆၀၊ ၈၁ နဲ့ ၁၂၀ လို တာဝေးပစ်တွေ၊ မော်တာတွေကို စက်ရုံထုတ် အဆင့်မီ တိကျစွာ ထုတ်လုပ်လာနိုင်ပါပြီလို့ နိုင်ငံတကာ ပညာရှင်တွေပြောပါတယ်။ ဒါကိုကြည့်ရင် ကြုံရာကျပန်း ဖန်တီးတဲ့ လက်လုပ် အဆင့် (Improvised Level) မဟုတ်တော့ဘဲ၊ အင်မတန် စနစ်ကျတဲ့ စံချိန်မီ ထုတ်လုပ်မှု လမ်းကြောင်း (Standardized Production Line) ပေါ်ကို ရောက်ရှိသွားခြင်းပဲ ဖြစ်တယ်လို့ မြန်မာ့အရေးစောင့်ကြည့်တဲ့ ပညာရှင်အချို့သုံးသပ်ကြတာတွေ့ရပါတယ်

EIO
1 052
Repost from EIO
photo content

EIO
1 052
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jun 9, 8:47AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိပြီး ကင်းပုန်းများ ဝပ်နေကြောင်း သတင်းရရှိထားပါသည်။ Jun 9, 7:39PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
🔊 Proof of Life Campaign အသိပေးကြေညာချက် https://www.facebook.com/Allinonepiecemovement?mibextid=ZbWKwL
🔊 Proof of Life Campaign အသိပေးကြေညာချက် https://www.facebook.com/Allinonepiecemovement?mibextid=ZbWKwL

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန် ငြိမ်းခြမ်းရေးပဲခွဲစက် လမ်းဆုံမှ စခအိမ်စီးကား(၃)စီးသည် အမှတ်(2)ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ Jun 9, 7:20AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန် ငြိမ်းခြမ်းရေးပဲခွဲစက် လမ်းဆုံတွင် စခအိမ်စီးကား(၃)စီး ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Jun 9, 6:32AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
photo content

EIO
1 052
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation