EIO
الذهاب إلى القناة على Telegram
⚠️ See early.Know first.Stay Safe. 🙏🏻 📡မုံရွာခရိုင်သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော မြေပြင်အရင်းမြစ် သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
إظهار المزيد1 058
المشتركون
+224 ساعات
+77 أيام
+330 أيام
أرشيف المشاركات
1 058
Repost from EIO
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️
(မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#EIO
#Admin_Team
#Eagle_Information_Operator
@EIO2021_bot | @EagleInformationOperator_bot
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 058
⚜️ #EIO_Update_News
ချောင်းဦးနယ် မြပုလဲဂိတ်မှ ထွက်လာသော စခများသည် ခင်မွန်သိန်းတရာထိပ်မှ အနောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 7:43AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 7:15AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 7:15AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 7:15AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်း အရှေ့ရွာသို့ ရောက်ရှိနေသော စခများသည် ပြည်သူပိုင်နေအိမ်များအား ထပ်မံ၍ မီးရှိူ့နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 7:14AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 058
Repost from MPANews
တံတားဦးလေဆိပ်ရှိ စစ်လေယာဉ် FPV ဒရုန်းစာမိခဲ့သော်လည်း ထိခိုက်မှုမရှိဟု စစ်ကောင်စီ ဗြောင်လိမ်
10 Sep 2026 By MPA
မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိ စစ်လေယာဉ်တစ်စင်း FPV ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ရုပ်သံမှတ်တမ်းများ အထင်အရှား ထွက်ပေါ်လာခဲ့သော်လည်း ပျက်စီးမှုမရှိဘဲ ဟန့်တားနိုင်ခဲ့သည်ဟု စစ်ကောင်စီက ယနေ့တွင် ဗြောင်လိမ် ထုတ်ပြန်ထားသည်။
အဆိုပါ တံတားဦးလေဆိပ်တိုက်ခိုက်မှုကို Tactical Raptor က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းအရ လေယာဉ်ရုံ (aircraft shelter) ၆ လုံးတွဲအတွင်း ရပ်နားထားသော မြန်မာ့လေတပ်၏ Yak-130 အပေါ့စားတိုက်လေယာဉ်/အမောင်းသင်လေယာဉ် တစ်စင်းကို FPV ဒရုန်းဖြင့် တိကျစွာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကို တွေ့မြင်ရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/12676/
1 058
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Sep 10, 10:29PM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate
1 058
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်း အရှေ့ရွာသို့ ရောက်ရှိနေသော စခများသည် လက်နက်ငယ်များ ထပ်မံ၍ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 10, 4:30PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်း အရှေ့ရွာသို့ ရောက်ရှိနေသော စခများသည် ပြည်သူပိုင်နေအိမ်များအား ထပ်မံ၍ မီးရှိူ့နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 10, 3:45PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
ပြည်သူပိုင်ပစ္စည်းများတင်ေဆာင်ပြီး စခ (၆)ဘီး ကား(2)စီးသည် ကျီကုန်းရွာမှ ခင်မွန်ဘက်သို့ ပြန်လည်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 10, 3:42PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️
⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။
📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe
1 058
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်း အရှေ့ရွာသို့ ရောက်ရှိနေသော စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 10, 2:39PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
⚜️ #EIO_Update_News
စခ (၆)ဘီး ကား(2)စီးသည် ခင်မွန်ရွာထိပ်မှ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 10, 10:12AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
Repost from EIO
"အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မှုများနှင့် တော်လှန်ရေး အခြေအနေအပေါ် သုံးသပ်ချက်"
တော်လှန်ရေး၏ ရလဒ်နှင့် အချိန်ကာလနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ၊ ဝေဖန်စိန်ခေါ်မှုများအပေါ် သုံးသပ်ဆွေးနွေးမှုများကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ ဤကဲ့သို့သော မေးခွန်းများနှင့် စိန်ခေါ်မှုများကို လက်တွေ့မြေပြင်ရှိ လုံခြုံရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လူမှုကွန်ရက်သုံးစွဲမှု အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်သည်။
၁။ မြေပြင်လုံခြုံရေးနှင့် ပွင့်လင်းမြင်သာမှု။
လက်ရှိကာလတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်ခံသူများသည် အများပြည်သူကြားတွင် ပုံမှန်အတိုင်း လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ခြင်း ရှိမရှိ ဆိုသည်မှာ အဓိက စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။
* စစ်ယူနီဖောင်းဝတ်ဆင်ကာ လမ်းပေါ်တွင် လွတ်လပ်စွာ သွားလာဝံ့ခြင်း မရှိသေးခြင်း။
* စစ်ဘက်ဆိုင်ရာ အထိမ်းအမှတ်ပစ္စည်းများကို လူသိရှင်ကြား ထင်ရှားစွာ ပြသဝံ့ခြင်း မရှိခြင်း။
* စစ်ဝတ်စုံများဖြင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် လွတ်လပ်စွာ တင်ပြဝံ့ခြင်း မရှိခြင်း။
စသည့် အခြေအနေများသည် မြေပြင်တွင် လုံခြုံရေးအရ စိုးရိမ်ရမှုများနှင့် လူထု၏ ဆန့်ကျင်မှုကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြသနေဆဲဖြစ်သည်။
၂။ သတင်းမီဒီယာနှင့် ဝါဒဖြန့်ချိမှု အခြေအနေ။
စစ်ကောင်စီ၏ တရားဝင် သတင်းစာများနှင့် မီဒီယာများတွင် ရှေ့တန်းထွက်နေရသူများ၏ အခြေအနေများကို ယခင်ကကဲ့သို့ ပွင့်လင်းစွာ ဖော်ပြနိုင်ခြင်း မရှိတော့ဘဲ သတင်းအချက်အလက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားရခြင်းသည် လက်ရှိ တပ်တွင်း အကျပ်အတည်းများကို ဖော်ပြနေသည်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီ တပ်တွင်းမိသားစုဝင်များ၏ အခြေအနေများကိုပါ လူသိရှင်ကြား ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးဘဲ လုံခြုံရေးအရ ဖုံးကွယ်ထားရခြင်းမှာလည်း လက်ရှိ အခြေအနေ၏ လက်တွေ့မှန်ကန်မှုကို ထင်ဟပ်စေသည်။
၃။ လူမှုကွန်ရက်ပေါ်ရှိ တုံ့ပြန်မှုများနှင့် သဘောသဘာဝ။
လက်ရှိ လူမှုကွန်ရက်စာမျက်နှာများတွင် အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသူများအနေဖြင့် အမည်ရင်း၊ ပုံအစစ်များဖြင့် ရဲဝံ့စွာ ရပ်တည်ဆွေးနွေးနိုင်ခြင်း မရှိဘဲ အကောင့်တုများ (#Fake_Accounts) ဖြင့်သာ လှုပ်ရှားနေရသည်ကို တွေ့နေရသည်။
* အကောင့်များကို လော့ချထားရခြင်း။
* ပုံအစစ် (သို့မဟုတ်) ကိုယ်ပိုင် အချက်အလက်အမှန်ဖြင့် မရပ်တည်ရဲခြင်း။
* ဝေဖန်တိုက်ခိုက်မှုများကိုသာ အဓိကထား လုပ်ဆောင်နေရခြင်း။
စသည့် အချက်များသည် ၎င်းတို့၏ ယုံကြည်ချက်နှင့် ရပ်တည်ချက် ခိုင်မာမှု မရှိခြင်းကို ညွှန်ပြနေပြီး၊ ဆန့်ကျင်ဘက် အခြမ်းမှ ရပ်တည်ချက်များမှာမူ ပိုမိုကျယ်ပြန့်လာကာ ပုံစံအမျိုးမျိုးဖြင့် ဖော်ပြလာနိုင်သည်ကို တွေ့ရသည်။
နိဂုံးချုပ်အနေဖြင့် - မည်သည့် ဝါဒဖြန့်မှု (သို့မဟုတ်) စိန်ခေါ်မှုများပင် ရှိစေကာမူ လက်တွေ့မြေပြင်အခြေအနေ၊ လူမှုကွန်ရက်ပေါ်ရှိ လွတ်လပ်စွာ ရပ်တည်နိုင်မှုနှင့် လုံခြုံရေးအရ စိုးရိမ်နေရမှုများကို ခြုံငုံသုံးသပ်ကြည့်ပါက လက်ရှိ တော်လှန်ရေး ခရီးလမ်း၏ အနေအထား ဘယ်အထိရောက်နေပြီဆိုတာကို ရှင်းလင်းစွာ သိရှိနိုင်မည် ဖြစ်ပေသည်။
🔊 မိဘပြည်သူများသို့ နှိုးဆော်ချက်။ ပြည်သူလူထုအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုတဲ့ ဝါဒဖြန့်မှုတွေကို အထူးသတိပြုစောင့်ကြည့်ကြဖို့ နှိုးဆော်အပ်ပါတယ်။ မိမိတို့ရဲ့ စည်းလုံးညီညွတ်မှုဟာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ အင်အားအကောင်းဆုံး လက်နက်ဖြစ်ပါတယ်။#EIO #SpringRevolution #Analysis #InformationWarfare #RejectMilitaryCoup #WhatsHappeningInMyanmar
1 058
⚜️ #EIO_Update_News
ချောင်းဦးနယ် ကျီကုန်းရွာသို့ ရောက်ရှိနေသော စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 10, 7:12AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 058
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 058
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
(Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။
တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
