Manchester United Myanmar Supporters FC
الذهاب إلى القناة على Telegram
إظهار المزيد
7 095
المشتركون
لا توجد بيانات24 ساعات
-367 أيام
-20130 أيام
أرشيف المشاركات
Casemiro နဲ့ Bruno Fernandes အပါအဝင် ယူနိုက်တက် ကစားသမားအချို့ဟာ နိုင်ငံတကာပွဲစဥ်များအပြီးမာ အားလပ်ချိန်ပိုပေးခဲ့ရပီး တခြားကစားသမားတွေထက် နားရက်ပိုရခဲ့တာဖြစ်ပါတယ် ။
#MUMS
လူငယ်နောက်ခံလူ ယိုရိုကတော့ Golden Boy ဆုရဲ့ ဆန်ကာတင် 25 ယောက်စာရင်းမာ ပါဝင်လာခဲ့ပါတယ် ။
Congratulations Yoro 🥳👏
#MUMS
ကော်တွိုက် 🗣️
Lammen က တကယ်ကို အရည်အချင်းရှိတဲ့ သူတယောက်ပါ ။ သူ့ကို မန်ယူအသင်းက ခေါ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်တခုဖြစ်ပါတယ် ။ အခုဆို သူနဲ့ နိုင်ငံအသင်းမာ နေရာရဖို့အတွက် အပြိုင်ကြိုးစားနေခဲ့ရပါပီ ။
#MUMS
မာဇာရာဝီက လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မာ ပြန်လည်ပါဝင်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ် ။ ပွဲချိန်ပြည့် ထည့်သုံးတာထက် လူစားလဲက ပိုပီးဖြစ်နိုင်ချေ များပါတယ် ။
#MUMS
ကိုယ့်ကောင်တွေကတော့ နိုင်ငံအသင်းနဲ့ ပူးပေါင်းပီးနောက် အသင်းဆီကို ဒဏ်ရာအနာတရကင်းရှင်းစွာနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပီ ")
#MUMS
+2
မကြာသေးတဲ့ အချိန်ကာလတခုက ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးအခြေအနေ 🔥
အတိတ်က အတိတ်ဆိုပေမဲ့ အဲ့ဒီအတိတ်ကို ပြန်လိုချင်နေမိတုန်းဘဲ ")
#MUMS
မိုက်ကယ်အိုလီဗာကိုင်တွယ်မဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို တကယ်ဘဲ ကြောက်နေပါပီ ။ သူ့ကြောင့် ကိုယ့်ကစားသမားတွေ အလဲလဲအပြိုပြို ဖြစ်ခဲ့ရင်တော့ ဘာမှမျှော်လင့်လို့ မရတာတော့ အမှန်ဘဲ ။
#MUMS
မန်ယူအသင်းက လာမယ့်လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အတွက် 2025/26 ဘောလုံးရာသီအတွက် ထုတ်လုပ်ထားတဲ့ အဝေးကွင်းဝတ်စုံသစ်ကို ပထမဆုံးဝတ်ဆင်ကစားသွားမာဖြစ်ပါတယ် ။
#MUMS
မာတီနက်စ် ဒဏ်ရာက နိုဝင်ဘာလဆို အရှင်းပြောဖို့ ရာခိုင်နှုန်းများနေပီး အခုအခါ မိသားစုနဲ့အတူ ကာတာသို့ အပန်းဖြေထွက်ပီး ကြံခိုင်မှုပြန်ပီးတည်ဆောက်သွားမာဖြစ်ပါတယ် ။
#MUMS
မဖြစ်နိုင်မှန်းသိပေမဲ့ လူတိုင်းမျှော်လင့်ချက်နဲ့ ရှင်သန်နေရတာမလား ?
ဆောင်းရာသီအပြောင်းအရွေ့မာ တချက်လောက်တော့ စောင့်ကြည့်ကြတာပေါ့ ")
#MUMS
လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အတွက် မေဆင်မောင့် နဲ့ ကွန်ညာ ဘယ်သူ့ကို ပွဲထွက်ခိုင်းစေချင်ကြလဲ ညီကိုတို့ 🤔
#MUMS
ဘရူနိုရောက်ရှိချိန်ကစပီး အခုချိန်ထိ ဘယ်ကွင်းလယ်ကစားသမားမှ ဘရူနိုထက် ဂိုးပိုပီးသွင်းနိုင်တဲ့ ကစားသမား မရှိသေးတာဖြစ်ပါတယ် ။
#MUMS
မာလာစီယာက ဂါလာတာစာရေးအသင်းကို ပြောင်းရွေ့ဖို့ အတော်လေးနီးစပ်နေတဲ့ အခြေအနေမာ ရှိနေပါတယ် ။ ဆောင်းရာသီအပြောင်းအရွေ့စဖွင့်တာနဲ့ အသင်းကနေ သေချာပေါက် ထွက်ခွာမယ့် ကစားသမားလည်း ဖြစ်ပါတယ် ။
#MUMS
နတ်ဘုရားကြီးဇလာတန်ရဲ့ ပထမဆုံးရာသီ စွမ်းဆောင်ရည်ကတော့ တကယ်အားရစရာကောင်းခဲ့ပါတယ် ။ နောက်ပိုင်းသူ့လို့ကစားသမားမျိုး ပေါ်ထွက်မလာတော့တာ တကယ်ကို စိတ်မကောင်းစရာပါဘဲ ။
#MUMS
ကတ်စမဲရိုးကို အသင်းဖက်က စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ် ။ များပြားလှတဲ့ လုပ်ခလစာကို လျော့ချဖို့အပြင် ၊ အသက်အရွယ်ကလည်း ကြီးနေပီဖြစ်တာကြောင့် အသင်းဖက်က အခုလိုဆုံးဖြတ်ချက်ချရတာဖြစ်ပါတယ် ။
#MUMS
ဆောင်းရာသီအပြောင်းအရွေ့ကာလမာတော့ ဘယ်လီဘာကို ခေါ်ယူနိုင်ချေက သိပ်ပီးမဖြစ်နိုင်ပါဘူး ။ အများဆုံးက ပြောင်းရွေ့ကြေးသဘောတူညီမှုရပီး ရာသီကုန်မှ ခေါ်ယူနိုင်ချေက ဖြစ်နိုင်ချေ ရှိပါတယ် ။ အခုဟာက လူသစ်ရောက်လာဖို့ထက် ဒဏ်ရာရကစားသမားတွေ ပြန်လာနိုင်ဖို့က ပိုပီးအရေးကြီးတဲ့ အနေထားမာ ရှိပါတယ် ။
#MUMS
မန်ယူအသင်းက အိမ်ကွင်းအိုးထရက်ဖို့စ်မာ ပထမပိုင်းဦးဆောင်ထားနိုင်တိုင်း ပွဲပြီး အရှုံးရလဒ်ကို ပိုင်ဆိုင်ထားနိုင်ခြင်း မရှိသေးခဲ့တာဖြစ်ပါတယ် ။
• 388 games
• 355 wins
• 25 draws
• 0 defeats
This record is insane. 🤯❤️
#MUMS
မြေဆီလွှာက ကောင်းပေမဲ့ ပြုစုပျိုးထောင်ဖို့ မကောင်းရင် အလကားဖြစ်သွားနိုင်တဲ့ နောက်ထပ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် Shea Lacey 🔥⭐
#MUMS
