Manchester United Myanmar Supporters FC
الذهاب إلى القناة على Telegram
إظهار المزيد
7 139
المشتركون
-524 ساعات
-457 أيام
-20930 أيام
أرشيف المشاركات
ဘရူနို 🗣️ ပွဲချိန်တဝက်လောက်ကို 10 ယောက် 11 ယောက်နဲ့ ကစားရတာ တကယ်ကို မလွယ်ပါဘူး ။ ငါတို့အသင်း နိုင်ဖို့ မထိုက်တန်သေးတာ အမှန်ပါဘဲ ။
#MUMS
ဒီလိုပါဘဲ ကိုယ်ကစလုပ်လိုက်ပြီဆို အပြစ်ကနေ နည်းနည်းသက်ညှာစဉ်းစားပေးမယ် မရှိဘူး :)
#MUMS
အသင်းကနေ ထွက်ခါနီးလေ ပိုပြီးသတိရအောင်လုပ်နေတဲ့ တန့်ကြီး 😭
#MUMS
အများပြည်သူငှာ စိတ်ညစ်နေရတဲ့အချိန်မှာ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘဲ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ သခင်ကြီးတို့ အသင်းဖြစ်ပါတယ် ။ ရက် 100 နားနေလည်း ဒီခြေစွမ်းနဲ့ဆို ရှုံးမယ်ဆိုတာ အသိသာကြီးပါဘဲ ။
#MUMS
+1
လိဒ်စ်နဲ့ ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ အခြေအနေကောင်းမှာ ရှိနေပြီး နောက်တန်းအတွက် ရွေးချယ်စရာ ပိုများလာတော့မယ့် ကားရစ်အတွက်လည်း သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ် ။
#MUMS
ဘုန်းမောက်နောက်ခံလူ Marcos Senesi က လာမယ့်ရာသီအတွက်ပြောင်းရွေ့မယ့် အသင်းကို မကြာခင် ရွေးချယ်သွားဖို့ ရှိပါတယ် ။ လက်ရှိမှာ ချယ်လ်ဆီး ၊ စပါး ၊ မန်ယူ တို့ စိတ်ဝင်စားနေကြပြီး အလွတ်နဲ့ ခေါ်ယူရမှာဖြစ်လို့ အရမ်းတန်နေပြီလည်း ဖြစ်ပါတယ် ။
#MUMS
ညီကိုတွေကတော့ အခုချိန်ကစပြီး ချစ်ချစ်ခင်ခင် နေကြတော့မယ်ဆိုဘဲ 🤣
#MUMS
မြန်မာ့ရိုးရာအတာသင်္ကြန်ကို ညီကိုတို့အားလုံး ပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ ❤️❤️
#MUMS
အနိုင်ဆိုတာ အဆိုတော်ဘဲသိတော့တဲ့ ဆင်ပျံကြီး 😁
တကယ့်ခြေစွမ်းအမှန်တွေ ထုတ်ပြနေပြီဟေ့ ...
#MUMS
အခုကောင်တွေ ကောင်းတယ်ဆိုတာ ပေါ့လ်စခိုးတော့က ရယ်တာပေါ့ဗျာ 💯🔥
#MUMS
သတင်းထောက် 🗣️ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရတာ မင်းအနေနဲ့ နာကျင်မှုရှိလား ?
ဂါနာချို 🗣️ ဟုတ်တယ် ။ ကျွန်တော် အဲ့ကလပ်ကို အမြဲသတိရနေဆဲပါ ။ သူတို့က ကျွန်တော့်ကို စပိန်ကနေအကယ်ဒမီကို ခေါ်လာဖို့ အစကတည်းက ယုံကြည်မှုတွေ ပေးခဲ့တယ် ။ ပြီးတော့ သူတို့က ကျွန်တော့်ကို ပထမအသင်းဆီ ခေါ်လာပေးခဲ့တယ်လေ ။
#MUMS
နည်းပြရဲ့ ဗျူဟာနဲ့ အပြောင်းအလဲ၊
အသင်းရဲ့ ကစားဟန်ကို ပိုမိုမြန်ဆန်သွက်လက်တဲ့ (High-intensity) ကစားဟန်ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ပွဲစဉ်တစ်ပွဲချင်းစီအလိုက် ပြိုင်ဘက်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ နည်းပြရဲ့ အခင်းအကျင်းတွေက ဝေဖန်သူတွေနဲ့ ပရိသတ်တွေကြားမှာ အမြဲတမ်း ဆွေးနွေးစရာ ဖြစ်နေတတ်ပါတယ် ။ " "Theatre of Dreams" လို့ ပြောကြတဲ့ အိမ်မက်ပြဇာတ်ရုံ
Old Trafford ကွင်းကြီးဟာ အသင်းအတွက် ၁၂ ယောက်မြောက် ကစားသမားလိုပါပဲ။ အိမ်ကွင်းပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ အားပေးသံဟာ ကစားသမားတွေကို ဘယ်လောက်ထိ တွန်းအားပေးနိုင်လဲဆိုတာက ယူနိုက်တက်ရဲ့ ထူးခြားတဲ့ အမှတ်အသားတွေက တစ်ခုဖြစ်ပါတယ်။အကျဉ်းချုပ်ဆိုရရင် ယူနိုက်တက်ရဲ့ အခုလက်ရှိအခြေအနေက အတက်အကျတွေ ရှိနေပေမဲ့ သူတို့ရဲ့ သမိုင်းကြောင်း၊ လူငယ်သွေးသစ်တွေနဲ့ ပြန်လည်ရုန်းထနေတဲ့ ပုံရိပ်တွေကြောင့် ဘောလုံးလောကမှာ အမြဲတမ်း ဇာတ်လိုက်ဖြစ်နေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ် ။
#MUMS
မန်ချက်စတာယူနိုက်တက် အသင်းဟာ ကမ္ဘာ့ဘောလုံးလောကမှာ ပရိသတ်အများဆုံးနဲ့ လူတိုင်းစိတ်ဝင်စားကြတဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ် ။ လက်ရှိမှာ ပရိသတ်တွေ အာရုံစိုက်နေကြတဲ့ အကြောင်းအရာတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ ယူနိုက်တက်လို့ ပြောလိုက်တာနဲ့ လူငယ်အကယ်ဒမီကို အရင်ဆုံးပြေးမြင်မိပါတယ် ။ အစဉ်အလာတစ်ခုကတော့ လူငယ်အကယ်ဒမီကစားသမားတွေကို နေရာပေးတာပါ။ လက်ရှိမှာ Kobbie Mainoo တို့လို လူငယ်တွေဟာ အသင်းရဲ့ အဓိကမဏ္ဍိုင်တွေ ဖြစ်လာနေကြပါတယ်။ သူတို့ရဲ့ ခြေစွမ်းပြမှုဟာ အသင်းရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ပေးစွမ်းနုနိုင်စွမ်း ရှိပါတယ်။အသင်းရဲ့ အောင်မြင်မှုအတွက် ခံစစ်က အရေးကြီးဆုံးပါ။ အထူးသဖြင့် ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ ခံစစ်တန်းဟာ အခုအခါမှာ ပိုမိုတည်ငြိမ်လာဖို့ ကြိုးစားနေတာ တွေ့ရပါတယ် ။ ကစားသမားတွေ ဒဏ်ရာကနေ ပြန်လာနိုင်မှုနဲ့အတူ အသင်းရဲ့ Clean Sheet ရရှိနှုန်းကလည်း အရင်ကထက် ပိုပြီးတိုးတက်လာခဲ့လို့ ပရိသတ်တွေ အစောင့်ကြည့်ဆုံး အချက်ဖြစ်နေပါတယ် ။
+9
ပြန်မလာတော့တဲ့ သူမကလွဲရင် လူစုံတက်စုံ လေ့ကျင့်နေကြတဲ့ မြင်ကွင်း 📸
#MUMS
UCL သီးသန့်ချက်ပြုတ်ခဲ့တဲ့ ကိုရွန်းနီရဲ့ အကောင်းဆုံးသွင်းဂိုးများ 🔥
#MUMS
မန်ယူအသင်းအနေနဲ့ ရင်ဆိုင်ရမယ့် လိဒ်စ်အသင်းကို ကြားထဲယှဉ်ပြိုင်စရာ ပွဲစဉ်မရှိဘဲ အနားရနေခဲ့တာ 24 ရက်တောင်ရှိခဲ့တာဖြစ်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ပေးစရာ ဆင်ခြေမရှိတော့တဲ့ အခြေအနေဖြစ်ပါတယ် ။
#MUMS
ဖောရက်စ်ကွင်းလယ်လူ အန်ဒါဆန်ကို အခုချိန်ထိ ဘယ်အသင်းကမှ တရားဝင်ကမ်းလှမ်းထားခြင်းမျိုး မရှိသေးဘူးလို့ သိရပါတယ် ။ ကစားသမားတန်ကြေးသန်း 100 နဲ့ 120 ကြား ဖောရက်စ်အသင်းက အလိုရှိနေခဲ့တာ ဖြစ်ပါတယ် ။
#MUMS
အူဂါဒေးလည်း အသင်းကနေ ထွက်ဖို့သေချာသလောက်ရှိနေပြီး ၊ မရှေးမနှောင်း တန့်ကြီးနဲ့ အတူ ထွက်တော့မှာ ဖြစ်ပါတယ် ။ လာမယ့်ရာသီအတွက် ကွင်းလယ်ကစားသမား မာမာထန်ထန်ခေါ်ကာ အသင်းရဲ့ကွင်းလယ်ကို ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေခဲ့ပြီဖြစ်ပါတယ် ။
#MUMS
ဖြေရှင်းရတော့မယ့် ကွင်းလယ်ပြသာနာ
ဒီရာသီကုန် တန့်ကြီးအသင်းကနေ ထွက်ခွာတာနဲ့ ကွင်းလယ်ပြသာနာကို အမြန်ဆုံးဖြေရှင်းရတော့မှာ ဖြစ်ပါတယ် ။ နည်းပြအဆက်ဆက် ဖြေရှင်းလို့ မရသေးတဲ့ ဒီပြသာနာကို ဘယ်လိုမျိုး နောက်ထပ်ဖြေရှင်းကြမှာလဲ ? အခုဈေးကွက်ထဲမှာ သတင်းထွက်တဲ့ ကွင်းလယ်ကစားသမားတွေက အသင်းဘက်က ခေါ်ယူဖို့လုပ်ထားတဲ့ စာရင်းဖြစ်ပြီး ၊ အဲ့ထဲကမှ အသင်းနဲ့အဆင်ပြေမယ် ၊ ဘတ်ဂျက်ပိုင်းလည်း အရမ်းကြီးမကုန်မယ့်သူလောက်ဘဲ ခေါ်ယူသွားဖို့ များပါတယ် ။ ဈေးကွက်ထဲလည်း ဘတ်ဂျက်ကွင်းလယ်လူက အနည်းဆုံးသန်း 50 ကျော်လောက်ရှိနေပြီး ၊ လာမယ့်နှစ် ပြိုင်ပွဲစုံကစားရတော့မှာဖြစ်လို့ ကိုယ့်ဖက်ကို အကောင်းဆုံးပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါတယ် ။ တစ်ခြားနေရာတွေလည်း ပြသာနာရှိနေပေမဲ့ ဒီကွင်းလယ်ကို အရင်ဆုံးဖြေရှင်းမှ တော်ကာကျမှာ ဖြစ်ပါတယ် ။ အပြောင်းအရွေ့မှာ ကွင်းလယ်အတွက် ဘယ်သူရောက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ
#MUMS
မန်ယူပွဲ ပြန်ကြည့်ရဖို့ နောက်ထပ် 6 ရက်သာ လိုပါတော့တယ် 👏👏
#MUMS
