Manchester United Myanmar Supporters FC
الذهاب إلى القناة على Telegram
إظهار المزيد
7 618
المشتركون
-324 ساعات
-287 أيام
-18030 أيام
أرشيف المشاركات
ဘယ်လောက်စိတ်ချမ်းသာဖို့ ကောင်းလိုက်တဲ့မြင်ကွင်းလဲကွာ 👀🔥
#MUMS
ပြိုင်ဘက်အဆင့်အတန်း ၊ ကစားသမအင်အားအရမ်းကွာလို့ ဂိုးပြတ်တာ မဆန်းပါဘူး ။ တခုဘဲ ဝေဖန်မှုတွေ ခံနေရတဲ့ ကစားသမားတွေ ဂိုးပြန်သွင်းခဲ့တာက ကိုယ့်ဟာကို ယုံကြည်မှုပြန်လည်ရရှိသွားခဲ့တာက တကယ်ကိုအရေးပါခဲ့ပါတယ် ။ ဒီလို form မျိုးကို လာမယ့်ပွဲစဉ်အထိ ပါလာနိုင်ပါစေလို့ မျှော်လင့်မိပါတယ် ။
#MUMS
အိမ်ကွင်းမာ ရသလောက်ဂိုးသွင်းပီး နောက်တဆင့်တက်သွားမယ့် ဘန်စလေအသင်းနဲ့ ပွဲထွက်လူစာရင်း ❗❗
#MUMS
ဥရောပထိပ်တန်းလိဂ် 5 ခုရဲ့ အကောင်းဆုံးအသင်းစာရင်းမာ အသင်းရဲ့နောက်ခံလူ de Ligt ပါဝင်လာခဲ့ပါတယ် ။
Congratulations Mattsijs 👏❤️
#MUMS
ဘန်စလေအသင်းနဲ့ ကစားမယ့် ကာရာဘောင်ဖလားပွဲစဉ်မာ အသင်းရဲ့ဒုတိယဦးစားပေးဂိုးသမားဖြစ်တဲ့ ဘာရင်တီယာကို ပွဲထွက်အဖြစ် ထည့်သွင်းကစားဖို့ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
မေဆင်မောင့်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပီလို့ သိရပီး မကြာခင်အသင်းအတွက် ပြန်ကစားပေးနိုင်တော့မာဖြစ်ပါတယ် ။
#MUMS
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် 4 ရဲ့ အကောင်းဆုံးအသင်းမာ အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ de Ligt နဲ့ Amad တို့ပါဝင်လာခဲ့ကြပါတယ် ။
Congratulations guys 👏👏
#MUMS
အိုနာနာ 🗣️
အသင်းအနိုင်ရရှိဖို့က အားလုံးရဲ့ပစ်မှတ်ဖြစ်လို့ ဒီအတွက် အစွမ်းကုန်ပေးဆပ်သွားကြမာပါ ။ အနိုင်ရရှိဖို့အတွက် ဘာမဆိုလုပ်သွားဖို့ အဆင်သင့်ရှိနေကြပီး ဒီအတွက် ကြိုးစားအားထုတ်မှုကို မပြတ်လုပ်ဆောင်သွားဖို့လည်း လိုအပ်နေပါသေးတယ် ။
#MUMS
အာမတ်ဆိုတဲ့ချာတိတ်ကို နေရာပေး ၊ သေချာလေးပြုစုပျိုးထောင်ပေးနိုင်ရင် အသင်းအတွက် အနာဂတ်မာ အတော်လေးအကျိုးရှိမဲ့ကစားသမားဖြစ်လာမာ သေချာပါတယ် ။ အခုတောင်ပွဲထွက်ခွင့်ရတဲ့အချိန်တွေတိုင်းမာ တခုမဟုတ်တခု အသင်းအပေါ်အကျိုးပြုနေလို့ သေချာလေးနည်းပြဖက်က ကိုင်တွယ်ဖို့ဘဲလိုပါတော့တယ် ။
#MUMS
de Ligt 🗣️
မနေ့ကပွဲစဉ်မာ ဒဏ်ရာရရှိသွားခဲ့တာ မဟုတ်ပါဘူး ။ အနည်းငယ်ကြွက်သားနာကျင်မှုဖြစ်သွားလို့ လူစားလဲဖို့ တောင်းဆိုလိုက်တာပါ ။ ဒဏ်ရာပြင်းထန်ခြင်းမရှိလို့ အားလုံးစိတ်မပူကြပါနဲ့ ။
#MUMS
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမာ အာမတ်အနေနဲ့ 26 မိနစ်ရောက်တိုင်း အခွင့်အရေးဖန်တီးပေးနိုင်တဲ့ ကစားသမားတယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ် ။
#MUMS
ဒီညနိုင်ပွဲမာ ဒီလူသားက အပျော်ဆုံးဖြစ်မယ်ထင်ပါတယ် ။ သူ့ရဲ့တပည့်ဟောင်းတွေ ၊ သူယုံကြည်မှုပေးတဲ့ ကစားသမားတွေက နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ် ။
#MUMS
ဇာကီအနေနဲ့ အခုချိန်ထိ အသင်းအတွက်ဂိုးသွင်းနိုင်ဖို့ လိုအပ်ချက်ရှိနေသေးတာတော့ အမှန်ပါဘဲ ။ အသက်ကလည်း ငယ်သေးပီး တွဲခေါ်မယ့်စီနီယာမရှိတာက သူ့အတွက် တကယ်ကိုမဟာစိန်ခေါ်မှုကြီးတခုလိုပါဘဲ ။
#MUMS
နိုင်ငံတကာပွဲစဉ်အပီး ပြန်စတင်လာတဲ့ အသင်းရဲ့ form က တကယ်ကိုတာထွက်ကောင်းခဲ့ပါတယ် ။ ဝေဖန်မှုတွေ ရင်ဆိုင်နေကြရတဲ့ နောက်ခံလူ de Ligt နဲ့ Rashy တို့ အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တာက အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေပါဘဲ ။ အိုနာနာရဲ့ ပင်နယ်တီကာကွယ်ချက်ကလည်း ဒီနိုင်ပွဲအတွက် တကယ်ကိုအရေးပါတဲ့ အခိုက်အတန့်တခုပါဘဲ ။ Clean sheet ရခဲ့လို့နိုင်ပွဲကပြည့်စုံခဲ့ပေမဲ့ နောက်ခံလူအတွဲလိုက် ဒဏ်ရာရခဲ့တာတော့ တကယ်ကိုပေးဆပ်မှုကြီးမားခဲ့ရပါတယ် ။
#MUMS
+1
အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းသူ de Ligt
မတ်လနောက်ပိုင်း အသင်းအတွက် ပြန်ပီးဂိုးသွင်းနိုင်တဲ့ Rashyy
Congratulations guys 👏
#MUMS
Repost from MFN
EPL Week - 4
ဆောက်သမ်တန် Vs မန်ယူပွဲကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ
ကြည်လင်ပြတ်သားတဲ့ HD Quality နဲ့ screen အပြည့်ကြည့်ကြမယ်
2️⃣ MFN Live Channel 2
https://t.me/MFNlive2
အဝေးကွင်းမား ရုန်းကန်ရအုံးမယ့် ဆောက်သမ်တန်နဲ့ပွဲအတွက်လူစာရင်း ❗👀
#MUMS
ပွဲကြိုအချက်အလက်များ
ထိပ်တိုက်တွေ့ဆုံမှုတွေမာ အိမ်ရှင်အသင်းက 2 ကြိမ်သာ အနိုင်ရရှိထားခဲ့ပီး မန်ယူအသင်းက 12 ကြိမ်အထိ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ် ။
အိမ်ရှင်အသင်းက 2 ပွဲဆက် အိမ်ကွင်းမာဂိုးသွင်းထားနိုင်ခြင်း မရှိသေးပါဘူး ။
မန်ယူအသင်းက ဆောက်သမ်တန်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ 15 ကြိမ်မာ ရှုံးပွဲလုံးဝမရှိသေးတာဖြစ်ပါတယ် ။
အိမ်ရှင်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ 5 ပွဲမာ 6 ဂိုးသာ ဂိုးသွင်းထားနိုင်တာဖြစ်ပါတယ် ။
မန်ယူအသင်းလည်း နောက်ဆုံး 5 ပွဲမာ 3 ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ် ။
#MUMS
+1
ဆောက်သမ်တန်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မာ ကတ်စမဲရိုးအခြေအနေ 😡👊
#MUMS
တန်ဟက် 🗣️ မနက်ဖြန်ကစားမယ့်ပွဲစဉ်အတွက်လား ?
ဒါကရှင်းပါတယ် ။ ပုံမှန်ကစားနေကျ ကစားသမားတွေ ပါဝင်ကြမာဖြစ်ပီး ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ကြတဲ့ လုဒ်ရှောနဲ့ ဟွိုက်လန်းတို့ပါဝင်ဖို့ မသေချာတဲ့အနေထားမာ ရှိနေပါတယ် ။ ကစားသမားသစ်အူဂါဒေးဝင်ရောက်ကစားဖို့ အခြေအနေကောင်းမာရှိနေပီး လူစားလဲဝင်ရောက်ကစားဖို့လည်း ဖြစ်နိုင်ပါတယ် ။
#MUMS
