Manchester United Myanmar Supporters FC
الذهاب إلى القناة على Telegram
إظهار المزيد
7 146
المشتركون
-524 ساعات
-457 أيام
-21330 أيام
أرشيف المشاركات
အီဒါဆန်ရဲ့ အပြောင်းအရွေ့အတွက် မန်ယူအသင်းနဲ့ အတ္တလန်တာအသင်းကြား ပြောင်းရွေ့ကြေး ပေါင် 35 သန်း + အပိုဆုကြေး 3 သန်းနဲ့ နောက်ဆုံးမှာ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်လို့ မကြာခင် Here we go တော့မှာ ဖြစ်ပါတယ် ။
#MUMS
Senne Lammens ရဲ့ လက်စွမ်းက ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ အရည်အချင်းက ဘရူနိုနဲ့ ယှဉ်ရင် မနိမ့်တဲ့ အနေထားမှာ ရှိခဲ့ပါတယ် ။ ဘရူနိုရဲ့ ဂိုးဖန်တီးမှုစံချိန်ကြောင့် Senne က မှေးမှိန်ခဲ့ရတာ ဖြစ်ပါတယ် ။ ဂိုးသမားတွေနဲ့ ပတ်သက်လို့ သမိုင်းကြောင်း ကောင်းခဲ့တဲ့ ဒီအသင်းမှာ Senne တစ်ယောက် အသင်းနဲ့အတူ အမြန်ဆုံးဆုဖလားတွေ ဆွတ်ခူးနိုင်ပါစေလို့ မျှော်လင့်မိပါတယ် ။
#MUMS
ဒီအခွင့်အရေးတွေသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် .....
#MUMS
World Cup ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးကြမယ့် သရဲနီတပ်သားများ 🔥👏
#MUMS
ရီယိုဖာဒီနန် 🗣️ လီဝန်ဒေါ့စကီးက မဆိုးပါဘူး။ သူ့ကိုခေါ်လာခဲ့ရင်၊ သူ့ရဲ့အတွေ့အကြုံ၊ ဆက်စကိုရဲ့သင်ယူမှုတွေကနေဆိုရင် ဆက်စကိုက နောက်ငါးနှစ်လောက်အထိ အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ ယုံကြည်ရင်ပေါ့။
လီဝန်ဒေါစကီးဆီက သင်ယူနိုင်တဲ့အရာက အံ့သြစရာကောင်းလောက်အောင် နှိမ့်ချတဲ့လူသားတစ်ယောက်ဖြစ်ပြီး ဆက်စကိုကို သင်ကြားပြသပြီး ဒီထပ်ပိုကောင်းအောင်လုပ်နိုင်ပေးဖို့ ကြိုးစားမယ်လို့ ကျွန်တော်ထင်ပါတယ်။
သူဟာ ကျိုးကြောင်းဆီလျော်တဲ့ ခေါ်ယူမှုတစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လစာနှုန်းထားတွေက အတော်လေးကို မြင့်မားနေမယ်ဆိုပေမဲ့ ဒီအသင်းကို အကျိုးပြုဖို့ ကြိုးစားနေတယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ခြေစွမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ် ။
#MUMS
အီဒါဆန်ဟာ လက်ရှိဥရောပမှာ ခြေစွမ်းပြနေတဲ့ Box-to-Box ကွင်းလယ်လူစစ်စစ်တစ်ယောက်ဖြစ်ပြီး လုပ်အားနှုန်း အလွန်ကောင်းမွန်ပါတယ် ။ ကွင်းတစ်ခုလုံးကို နေရာလပ်မကျန် လိုက်လံကစားနိုင်တဲ့ ကြံ့ခိုင်မှုရှိပြီး ခံစစ်ရော တိုက်စစ်ပါ ကူညီပေးနိုင်ပါတယ်။
ပြိုင်ဘက်ဆီက ဘောလုံးလုယူတာ၊ ကြားဖြတ်ဖျက်ထုတ်တာတွေမှာ အရမ်းကျွမ်းကျင်ပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ကောင်းကောင်းပိတ်ဆို့နိုင်ပါတယ်။
ဘောလုံးကို ခံစစ်ကနေ တိုက်စစ်ဆီ အမြန်ဆုံးရောက်အောင် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိပြီး အဝေးကန်ချက်တွေနဲ့လည်း ဂိုးသွင်းယူတတ်ပါတယ်။
အီဒါဆန် ရောက်ရှိလာရင် ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ တောင့်တင်းသွားမှာဖြစ်သလို ဟန်ချက်ညီသွားဖို့ ရှိပါတယ်။
အဓိက ဖြစ်လာနိုင်တဲ့ တွဲဖက်မှုတွေကတော့ ကိုဘီမိုင်နူးနဲ့ အီဒါဆန်တို့အတွဲအဖက်ဖြစ်ပြီး ဒါဟာ ပရိသတ်တွေ အမျှော်လင့်ဆုံး အတွဲအစပ်ဖြစ်လာမှာပါ။ မိုင်နူးက ဘောလုံးထိန်းချုပ်မှုနဲ့ ကစားကွက်တည်ဆောက်မှုကို အေးအေးဆေးဆေး လုပ်ဆောင်နေချိန်မှာ အီဒါဆန်က ကွင်းလယ်တစ်ခုလုံးကို လိုက်လံဖျက်ထုတ်ပေးပြီး ကာကွယ်ပေးထားမှာ ဖြစ်ပါတယ် ။ မိုင်နူးကို တိုက်စစ်ဆီ ပိုမိုလွတ်လွတ်လပ်လပ် လိုက်ပါခွင့် ရစေမှာဖြစ်ပြီး ခြေစွမ်းပိုပြသနိုင်မှာ ဖြစ်ပါတယ် ။
ဘရူနိုဖာနန်ဒက်စ်အတွက် ကွင်းလယ်အဖျက်ပိုင်းမှာ အီဒါဆန်လို လူမျိုးရှိနေတာကြောင့် အသင်းခေါင်းဆောင် ဘရူနိုအနေနဲ့ နောက်တန်းဆင်းကူရတဲ့ ဝန်ထုပ်ဝန်ပိုးလျော့သွားပြီး ရှေ့တန်းတိုက်စစ်အတွက်ပဲ အာရုံစိုက် ဖန်တီးပေးနိုင်ပြီး နောက်ထပ်စံချိန်တွေလည်း ထပ်မံချိုးဖျက်ဖို့ အခွင့်အလမ်းတွေ ဒီထပ်ပိုများလာမှာလည်း ဖြစ်ပါတယ် ။
အီဒါဆန်ဟာ မန်ယူကွင်းလယ်အတွက် လိုအပ်နေတဲ့ အင်ဂျင်တစ်လုံးဖြစ်လာမှာပါ။ သူသာ ရောက်လာခဲ့ရင် ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ အရင်ကထက် ပိုပြီး ခိုင်မာ၊ ပိုပြီး တက်ကြွပြီး ခံစစ်လုံခြုံမှု အပြည့် ရှိလာမှာ သေချာပါတယ် ။
#MUMS
မကြာခင် Here we go တော့မယ့် ဂြိုလ်သား 👀
အပြောင်းအရွေ့ကို အဆုံးသတ်နိုင်ဖို့ အီတလီမြို့ကို တာဝန်ရှိသူတွေ ရောက်ရှိနေကြပါပြီ ။
#MUMS
ဘရူနိုရဲ့ ပထမဦးဆုံးဂိုးဖန်တီးပေးနိုင်မှုက ပွဲစဉ် 8 ရောက်မှသာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်အထိ ဂိုးဖန်တီးပေးနိုင်မှု 21 ကြိမ်အထိ ရောက်ရှိခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းရဲ့ ဂိုးဖန်တီးပေးနိုင်မှုအများဆုံးစံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ် ။
#MUMS
အီဒါဆန်က မန်ယူအသင်းကို ၅နှစ်သက်တမ်းရှိ စာချုပ်နဲ့ ပြောင်းရွေ့ဖို့ အခုဆိုကစားသမားနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ် ။ ပြောင်းရွေ့ကြေးညှိနှိုင်းဖို့ အတ္တလန်တာအသင်းနဲ့ မန်ယူအသင်းကြား ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ် ။
#MUMS
စံချိန်တွေ ချိုးဖို့မွေးဖွားလာတဲ့သူ မဟုတ်ပေမဲ့ ရှိတဲ့အချိန် အကောင်းဆုံးဆိုတဲ့ စံချိန်တွေကို ရိုက်ချိုးပြနေခဲ့တာ ဖြစ်ပါတယ် ။ ဒီရာသီ ဘရူနို ဘယ်လောက်ကောင်းသလည်းဆိုတာ အချက်အလက် ၊စံချိန်တွေနဲ့ဘဲ စကားပြောခဲ့သလို ၊ ဆုဖလားအောင်မြင်မှုမရှိခဲ့တာတောင် ဘရူနိုအတွက် ဒီရာသီက တကယ်ကို ခမ်းနားနေတာတော့ အမှန်ဘဲဗျာ :)
#MUMS
ဘာမှပြောစရာ မလိုအောင် အကုန်ပြည့်စုံခဲ့တဲ့ နိုင်ပွဲတပွဲပါ ။ ဒီခြေစွမ်းကိုသာ လာမယ့်ရာသီအထိ ဆက်ထိန်းသွားဖို့ဘဲ လိုအပ်သလို ၊ ရောင်းထုတ်ခံရမယ့် ကစားသမားတွေအတွက် ဒီညပွဲစဉ်အတွက်က တကယ့်ကို စိတ်မကောင်းစရာဘဲ ။
#MUMS
အမှတ်လိုတဲ့အသင်းတွေ ၊ ဂိုးလိုနေတဲ့အသင်းတွေ လာယူလို့ရပြီနော် :3
#MUMS
ဘရူနိုအတွက် ဒီရာသီက အမှတ်ရစရာ အများဆုံးရနေမှာတော့ သေချာပါပြီ ။
Congratulations Bruno 👏🥳
#MUMS
Repost from Myanmar Football Network 2
ပရီးမီးယားလိဂ်
ဘရိုက်တန် Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+Zr1iuqUWKK41Y2Y1
စံချိန်သစ်အတွက်လောက်ဘဲ ရင်ခုန်ရတော့မယ့် ပွဲထွက်လူစာရင်းပေါ့ဗျာ 🔥
#MUMS
မိုက်ကယ်ကားရစ်ရဲ့ အလိုချင်ဆုံး ကွင်းလယ်ကစားသမားက တိုနာလီဖြစ်တယ်လို့ သိရပါတယ် ။ တိုနာလီက အသင်းကရော ၊ နည်းပြဖြစ်တဲ့ ကားရစ်ပါ ကြိုက်နှစ်သက်ကြတဲ့ ကစားသမားဖြစ်ပေမဲ့ ကစားသမားရဲ့ တန်ကြေးက ပေါင်သန်း 60 ကနေ 100 ကြား ရှိနေခဲ့တာ ဖြစ်ပါတယ် ။
#MUMS
ဘရူနိုအနေနဲ့ ဒီညပွဲစဉ်မှာ ဂိုးထပ်မံဖန်တီးပေးနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးပေးနိုင်တဲ့ အများဆုံးကစားသမားအဖြစ် စံချိန်တင်သွားနိုင်မလား ?
#MUMS
Mufc မှာ သူ့ရဲ့ ပထမဆုံးရာသီကို ဖော်ပြဖို့ မေးမြန်းခံရတဲ့အခါ Bryan Mbeumo က -
အရမ်းကို အံ့အားသင်ပေမဲ့ ၊ ကျွန်တော့်ရဲ့ အားသာချက်တွေကို ကျွန်တော်သိပါတယ် ။ ဘယ်တော့မှ ဒါနဲ့ ကျေနပ်နေမှာ မဟုတ်ပါဘူး ။
#MUMS
