Manchester United Myanmar Supporters FC
الذهاب إلى القناة على Telegram
إظهار المزيد
7 676
المشتركون
-1324 ساعات
-547 أيام
-19230 أيام
أرشيف المشاركات
လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အတွက် မေဆင်မောင့် နဲ့ ကွန်ညာ ဘယ်သူ့ကို ပွဲထွက်ခိုင်းစေချင်ကြလဲ ညီကိုတို့ 🤔
#MUMS
ဘရူနိုရောက်ရှိချိန်ကစပီး အခုချိန်ထိ ဘယ်ကွင်းလယ်ကစားသမားမှ ဘရူနိုထက် ဂိုးပိုပီးသွင်းနိုင်တဲ့ ကစားသမား မရှိသေးတာဖြစ်ပါတယ် ။
#MUMS
မာလာစီယာက ဂါလာတာစာရေးအသင်းကို ပြောင်းရွေ့ဖို့ အတော်လေးနီးစပ်နေတဲ့ အခြေအနေမာ ရှိနေပါတယ် ။ ဆောင်းရာသီအပြောင်းအရွေ့စဖွင့်တာနဲ့ အသင်းကနေ သေချာပေါက် ထွက်ခွာမယ့် ကစားသမားလည်း ဖြစ်ပါတယ် ။
#MUMS
နတ်ဘုရားကြီးဇလာတန်ရဲ့ ပထမဆုံးရာသီ စွမ်းဆောင်ရည်ကတော့ တကယ်အားရစရာကောင်းခဲ့ပါတယ် ။ နောက်ပိုင်းသူ့လို့ကစားသမားမျိုး ပေါ်ထွက်မလာတော့တာ တကယ်ကို စိတ်မကောင်းစရာပါဘဲ ။
#MUMS
ကတ်စမဲရိုးကို အသင်းဖက်က စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ် ။ များပြားလှတဲ့ လုပ်ခလစာကို လျော့ချဖို့အပြင် ၊ အသက်အရွယ်ကလည်း ကြီးနေပီဖြစ်တာကြောင့် အသင်းဖက်က အခုလိုဆုံးဖြတ်ချက်ချရတာဖြစ်ပါတယ် ။
#MUMS
ဆောင်းရာသီအပြောင်းအရွေ့ကာလမာတော့ ဘယ်လီဘာကို ခေါ်ယူနိုင်ချေက သိပ်ပီးမဖြစ်နိုင်ပါဘူး ။ အများဆုံးက ပြောင်းရွေ့ကြေးသဘောတူညီမှုရပီး ရာသီကုန်မှ ခေါ်ယူနိုင်ချေက ဖြစ်နိုင်ချေ ရှိပါတယ် ။ အခုဟာက လူသစ်ရောက်လာဖို့ထက် ဒဏ်ရာရကစားသမားတွေ ပြန်လာနိုင်ဖို့က ပိုပီးအရေးကြီးတဲ့ အနေထားမာ ရှိပါတယ် ။
#MUMS
မန်ယူအသင်းက အိမ်ကွင်းအိုးထရက်ဖို့စ်မာ ပထမပိုင်းဦးဆောင်ထားနိုင်တိုင်း ပွဲပြီး အရှုံးရလဒ်ကို ပိုင်ဆိုင်ထားနိုင်ခြင်း မရှိသေးခဲ့တာဖြစ်ပါတယ် ။
• 388 games
• 355 wins
• 25 draws
• 0 defeats
This record is insane. 🤯❤️
#MUMS
မြေဆီလွှာက ကောင်းပေမဲ့ ပြုစုပျိုးထောင်ဖို့ မကောင်းရင် အလကားဖြစ်သွားနိုင်တဲ့ နောက်ထပ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် Shea Lacey 🔥⭐
#MUMS
+2
ဇာဇီနဲ့ ကိုဘီတို့ဟာ ပွဲကစားချိန်မိနစ် အလုံအလောက် မရကြလို့ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြပါတယ် ။ အမိုရင်ကိုယ်တိုင်ကလည်း ကစားသမားတွေကို အလှည့်ကျပွဲထွက်ခွင့်ပေးမယ်လို့ ဆိုထားပြန်ပါတယ် ။
#MUMS
ပက်ထရစ်ဒိုကုက သေချာကြည့်လေ ဟိုအသင်းတွေမာ ကစားခဲ့တဲ့ စတာလင်ဖင်ကောက်နဲ့ တူလာလေဘဲ ")
#MUMS
ဆော်ဒီကလပ်အများစုဟာ ဘရူနိုကို ခေါ်ယူဖို့ အခုထိ လက်မလျှော့သေးဘဲ အပြောင်းအရွေ့စတင်တာနဲ့ အနည်းဆုံး ပေါင်သန်း 60 ကစပီး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ် ။
#MUMS
ပုံစံကောင်းတွေ ပြသထားနိုင်တဲ့ ဂိုးသမား Lammens က ပြန်လည်စတင်မဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်နေပါတယ် ။
#MUMS
ဟယ်ရီမက်ဂွါးယားက သူ့အနေနဲ့ ဒီနှစ်မကုန်ခင် အသင်းနဲ့အတူ စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်နေပါတယ် ။ ကစားသမားဖြစ်သူက အသင်းနဲ့အတူ အောင်မြင်မှုဆွတ်ခူးချင်နေတာဖြစ်ပီး ကစားသမားဘဝကို ဒီအသင်းမာဘဲ ကုန်ဆုံးချင်တာလို့ သိရပါတယ် ။
#MUMS
နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးတာနဲ့ မာတီနက်စ်က အသင်းနဲ့အတူ ပထမဆုံး လေ့ကျင့်ခန်း အတူစဆင်းတော့မာ ဖြစ်တယ်လို့ သိရပါတယ် ။
#UBL
ပွဲဦးထွက်မာတင် ပရီးမီးယားလိဂ် Week 7 ရဲ့ အကောင်းဆုံးအသင်းစာရင်းမာ ဂိုးသမား Lammens ပါဝင်လာခဲ့ပါတယ် ။
Congratulations 👏🎉
#MUMS
BREAKING:
Joshua Zirkzee ဟာ လာမယ့် January မှာ အသင်းကနေထွက်ခွာဖို့ ကြိုးစားနေပါတယ် ၊ လက်ရှိအချိန်မှာ ပွဲကစားခွင့်မရတာကို အရမ်းမပျော်မရွှင် ဖြစ်နေပြီး လာမယ့် ကမ္ဘာ့ဖလားကိုလည်း ပါဝင်ယှဉ်ပြိုင်လိုတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ဖွင့်တာနဲ့ အသင်းပြောင်းဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်
အမိုရင်းနဲ့ ပက်သက်ပြီး ရွန်းနီပြော
" အမိုရင်းက ဆန်းဒါးလန်းနဲ့ပွဲမှာ သူပွဲထုတ်နေကျ အခင်းအကျင်းကို ပြောင်းလဲခဲ့ပြီး တိုက်စစ်နဲ့ခံစစ်ကို ပိုမိုကောင်းမွန်စေခဲ့ပါတယ် ၊ အဲ့ဒါအောင်မြင်လို့လည်း တကယ်ချီးကျူးပါတယ် ၊
Amorim အတွက်တော့ အချိန်ပေးရင် သိလာမှာပါ ။ သူဟာ တကယ်ကောင်းတဲ့ လူငယ်မန်နေဂျာတစ်ဦး ဖြစ်ပါတယ် ၊ အခုထိ မြင်ရတာနဲ့တော့ (သူ့အကြောင်းကို အပြည့်အဝ) ပြောလို့မရသေးဘူး။ ”
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
