Create with OMERA
الذهاب إلى القناة على Telegram
📈 نظرة تحليلية على قناة تيليجرام Create with OMERA
تُعد قناة Create with OMERA (@glowandcode_51) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 23 414 مشتركاً، محتلاً المرتبة 1 281 في فئة الفن والتصميم والمرتبة 6 063 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 23 414 مشتركاً.
بحسب آخر البيانات بتاريخ 31 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -321، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 13.73%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.39% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 3 215 مشاهدة. وخلال اليوم الأول يجمع عادةً 1 028 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Create smarter with AI
DM @pyaesone_8989”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 01 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الفن والتصميم.
23 414
المشتركون
-924 ساعات
-1027 أيام
-32130 أيام
أرشيف المشاركات
23 414
ကျွန်တော်တို့အနေနဲ့
နောက်လထဲမှာနာမည်ရှိပြီးသား
Influencer တစ်ယောက်နဲ့
Collect လုပ်ဖို့ရှိပါတယ်။
ဘယ်သူဘယ်ဝါဆိုတာကိုတော့
Video တွေထွက်လာမှသာ
အားပေးကြပါလို့ပြောချင်ပါတယ်။
အဓိကကတော့
ကျွန်တော်တို့ဖွင့်ထားတဲ့
အတန်းအတွက်လုပ်မှာပါပဲ။
အစကတော့
ဒီလအတွက် Plan ထားတာပါ။
သို့သော်အားလုံးသိကြတဲ့အတိုင်း
ကျွန်တော်တို့နိုင်ငံမှာ
ဘေးပေါင်းစုံ
ကြုံလိုက်ရတဲ့အတွက်
အလုပ်တွေအားလုံးနားလိုက်ရပါတယ်။
အတန်းထဲမှာ
အသစ်ထည့်မယ့်
Lesson တွေကိုလည်း
တစ်ဖက်ကအချိန်မှီ
ရောက်မလာတဲ့အတွက်
ကာလတစ်ခုအထိနားလိုက်ရပါတယ်။
အဲ့ဒီအတွက်လည်း
အတန်းသားအားလုံးကို
တောင်းပန်ချင်ပါတယ်ဗျာ။
🙏🙏🙏🙏🙏
ဒါပေမယ့်
နောက်လမှာတော့
အမိုက်စား Content တွေ
အကြမ်းဆုံးအစီစဉ်တွေနဲ့ ကျုံးဖို့
အားလုံးစီစဉ်ထားပြီးပါပြီဗျာ့။
အဲ့တော့
Keep Watching And Keep Learning ကြပါလို့
အလေးနက်ထားတိုက်တွန်းချင်ပါတယ်ဗျာ။
ဒါနဲ့စကားမစပ်
ကျွန်တော်တို့ Course လေးက
ဖုန်းတစ်လုံးရှိရုံနဲ့ လမ်းကြောင်းတစ်ခု
ဖောက်နိုင်စေမယ့် Course လေးပါဗျာ့။
Normal edit 👑
Motion edit 👑
3d Edit 👑
Documentary Edit 👑
Graphic design 👑
အကုန်ပါမယ်ဗျာ့။
ဒါပေမယ့်
နောက်လမှာဆိုရင်တော့
Content Creator
လုပ်ချင်တဲ့သူတွေအတွက်ပါ
Facebook, TikTok စတဲ့
Social Media Run နည်းကအစ
အကုန်လာပါမယ်ဗျာ့။
Social Media Run နည်း
Script ရေးနည်း အစုံပါပါမယ်။
ဒါကြောင့်
လူပိမလာခင်
ဈေးမတက်ခင်အမှီ
Course join ချင်တယ်ဆိုရင်တော့
@Jack9682 And @Pyaesone_8989
ဖော်ပြပါ Telegram တွေမှာလာ ရောက် မေးမြန်းနိုင်ကြောင်း
သတင်းကောင်းပါးလိုပါတယ်ဗျာ့။
23 414
ကျန်တော်ကိုလာမေးတဲ့ထဲမှာ အများဆုံးတခုက Editing ကိုဘယ်ကနေစလေ့လာရမလဲဆိုပြီးလာမေးကြတာများပါတယ်ဗျ
ကျန်တော်အကြံပေးချင်တာကတော့ Software Basic အနည်းငယ်လေ့လာပြီတော့ လက်တွေ့လိုက်လုပ်ပါဗျ လုံး၀ perfect ဖြစ်နေတဲ့ထိမစောင့်ဘဲနဲ့ ကိုယ်လုပ်တက်သလောက်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပြပါဗျ အဲလိုလုပ်ပြပြီ social media တွေမှာချပြရင်သူများတွေအမှားတွေထောက်ပြလာမယ်အဲတာကနေသင် ပြန်လေ့လာ ပြန်လုပ် skill ထက်ဖြည့်ရင်းနဲ့သွားကြပါဗျ အဲတာကတော့တက်မို့အတွက်အလွယ်ဆုံးနည်းပါ ကျန်တော်ဘယ်လိုတက်ခဲ့သလဲဆိုတာသိချင်ရင်တော့ ကျန်တော်ရဲ့ YouTube Pyaesone_51 မှာတင်ပေးထားပါတယ်
23 414
ကျန်တော်ရဲ့ portfolio website linkလေးပါဗျ
Video editing service/ Course နဲ့ပတ်သတ်တာအကုန်ဒီထဲမှာတင်ပေးထားပါတယ်ဗျ
https://omera51.my.canva.site/
23 414
ကျန်တော်ရဲ့ portfolio website linkလေးပါဗျ
Video editing service/ Course နဲ့ပတ်သတ်တာအကုန်ဒီထဲမှာတင်ပေးထားပါတယ်ဗျ
https://omera51.my.canva.site/
23 414
အဲထဲမှာပါမဲ့ဟာတွေကတော့အပေါမှာလဲရှင်းပြပေးထားပါတယ် အကုန်အသုံး၀င်တာတွေကြီးဘဲမလို့ လက်မလွတ်တန်းကြည့်မို့တောင်းဆိုချင်ပါတယ်ဗျ Course တခု Gw လေးလဲပါပါတယ်ဗျ 🫶
23 414
Video လေးကရပါပြီဗျ Thumbnail အခက်ခဲကြောင့်မနက်ဖြန်ရက်ရွေ့လိုက်ရပါတယ်ဗျ
အဲ Video ထဲမှာပါတာကတော့ Chat Gpt သုံးနည်းနဲ့ ကျန်တော် video editလုပ်တိုင်းသုံးဖြစ်တဲ့ Ai website တွေအကြောင်းပါပါတယ်ဗျ
နောက်တခုကတော့ ကျန်တော်ရဲ့ Video editing Course တခုပါ Freeမဲလေးလုပ်ပေးထားပါတယ် 🫶
ကြာသွားလို့တောင်းပန်ပါတယ်ဗျ🙏
23 414
Video Editing သမားများအတွက်မရှိမဖြစ် Tool များ
Video Editing ဆိုတ
ဖန်တီးမှုစွမ်းရည်နဲ့
နည်းပညာပိုင်းဆိုင်ရာ
ကျွမ်းကျင်မှုတွေပေါင်းစပ်ထားတဲ့
စိတ်ဝင်စားစရာကောင်းတဲ့လုပ်ငန်းတစ်ခုပါ။
ဒါကြောင့်
အရည်အသွေးမြင့်မားတဲ့
ဗီဒီယိုတွေကို ဖန်တီးနိုင်ဖို့အတွက်ဆိုရင်
သင့်တော်တဲ့ Tool တွေက
အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။
ဒီဆောင်းပါးမှာတော့
Video Editing သမားတွေအတွက်
အသုံးဝင်မယ့် Tool တွေကို
အမျိုးအစားအလိုက်
စုစည်းဖော်ပြပေးသွားမှာဖြစ်ပြီး
ဖုန်းနဲါတည်းဖြတ်သူများအတွက်လည်း
ရေပန်းစားတဲ့ Alight Motion နဲ့
CapCut တို့ကိုထည့်သွင်း
ဖော်ပြသွားမှာဖြစ်ပါတယ်။
Editing Software များ - For (Desktop)
ဒါတွေကတော့
ကွန်ပျူတာမှာ ဗီဒီယိုတွေကို
တည်းဖြတ်ဖို့အတွက်အဓိက
အသုံးပြုရတဲ့ Software တွေပဲဖြစ်တယ်။
ရွေးချယ်စရာတွေ
အများကြီးရှိတဲ့အထဲကမှ
လူကြိုက်များပြီးလုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့
Software တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
(၁) - Adobe Premiere Pro
လုပ်ငန်းသုံးအဆင့်
ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပြီး
ကျယ်ပြန့်တဲ့လုပ်ဆောင်ချက်တွေ
ပံ့ပိုးမှုတွေနဲ့ Plugin တွေနဲ့လည်း
အံဝင်ခွင်ကျဖြစ်ပါတယ်။
ရုပ်ရှင်၊ တီဗီရှိုးနဲ့
ကြော်ငြာတွေအတွက်
အများဆုံးအသုံးပြုကြပါတယ်။
(၂) - Final Cut Pro X
macOS အတွက်
သီးသန့်ထုတ်လုပ်ထားတဲ့
ဆော့ဖ်ဝဲလ်ဖြစ်ပြီးမြန်ဆန်တဲ့
လုပ်ဆောင်မှုနဲ့ အသုံးပြုရလွယ်ကူတဲ့
Interface ကြောင့် နာမည်ကြီးတယ်။
Apple Ecosystem နဲ့
ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။
(၃) - DaVinci Resolve
ကျွန်တော်တို့ကိုယ်တိုင်လည်း
အတန်းဖွင့်ထားတဲ့ဒီ Software ဟာ
အရောင်ညှိခြင်း (Color Grading) နဲ့
အသံပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေမှာ
အထူးကောင်းမွန်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုပါ။
Editing လုပ်ငန်းအတွက်လည်း
အစွမ်းထက်တဲ့ Tool တွေ ပါဝင်ပါတယ်။
အခမဲ့ဗားရှင်းနဲ့
ဝယ်ယူရတဲ့ ဗားရှင်းဆိုပြီး နှစ်မျိုးရှိတယ်။
(၄) - Avid Media Composer
ရုပ်ရှင်နဲ့ တီဗီလုပ်ငန်းတွေမှာ
နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့
စံချိန်စံညွှန်းမီ ဆော့ဖ်ဝဲလ်တစ်ခုပါ။
တည်ငြိမ်မှုနဲ့
လုပ်ငန်းသုံးအတွက် လိုအပ်တဲ့
လုပ်ဆောင်ချက်တွေ အပြည့်အစုံပါဝင်တယ်။
(၅) - Shotcut/OpenShot
ဒါတွေကတော့
အခမဲ့အသုံးပြုနိုင်တဲ့
Open-Source ဆော့ဖ်ဝဲလ်တွေဖြစ်ပါတယ်။
အသုံးပြုရလွယ်ကူပြီး
အခြေခံနဲ့ အဆင့်မြင့်
Editing လုပ်ဆောင်ချက်တွေကို
ထောက်ပံ့ပေးနိုင်ပါတယ်။
Editing Apps များ - (For Mobile)
မိုဘိုင်းလ်ဖုန်းနဲ့
Tablet တွေမှာလွယ်ကူစွာ
ဗီဒီယိုတည်းဖြတ်နိုင်ဖို့အတွက်
အောက်ပါ App တွေကအသုံးဝင်ပါတယ်။
(၁) - Alight
မိုဘိုင်းလ်ဖုန်းအတွက်
အစွမ်းထက်တဲ့ Motion Graphics နဲ့
Visual Effects App တစ်ခုပါ။
Layer-based Editing System ကို
အသုံးပြုထားပြီး
Animation၊ Keyframe တွေနဲ့
Visual Effect အမျိုးမျိုးကိုဖန်တီးနိုင်ပါတယ်။
ပရော်ဖက်ရှင်နယ်အဆင့်
ရလဒ်တွေအတွက်လည်း အသုံးပြုနိုင်တယ်။
(၂) - CapCut
TikTok ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့
ByteDance ကထုတ်လုပ်ထားတဲ့
အခမဲ့ ဗီဒီယိုတည်းဖြတ် App တစ်ခုပါ။
အသုံးပြုရလွယ်ကူတဲ့
Interface နဲ့ Editing Tools
များစွာပါဝင်ပါတယ်။
Filter တွေ၊ Effect တွေ
Text တွေနဲ့ နောက်ခံတေးဂီတတွေကို
အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။
Social Media Content
ဖန်တီးသူတွေအတွက်အထူးသင့်တော်ပါတယ်။
အဆက်ကို Comment မှာချပေးထားပါမယ်။
#Sanminyaungchyi
23 414
ဒီကြားထဲကျန်တော်ပျောက်နေတာနည်းနည်းကြာပြီဗျ အကုန် Adm တာ၀န်ယူထားတာပါ yt Video နစ်ပုဒ်ထက်နေတာတွေ နဲ့တင်ဒီဖက် အချိန်မပေးနိုင်လို့လဲတောင်းပန်ပါတယ်ဗျ
မနက်ဖြန်ည 9/10နာရီကျရင်
Editor တိုင်းသိထားသင်တဲ့
Ai website အကြောင်း
Audio ကြည်အောင်လုပ်နည်းနဲ့
Chatgpt+ (paid Version)မှာဘဲလုပ်လို့ရတဲ့
Ai ကို ကိုလိုချင်တဲ့သူရဲ့နေရာမှာထားပြီတော့ Research လုပ်နည်းကို
Free version မှာ အဲတာနီးနီး Result
ရအောင်ဘယ်လိုသုံးရလဲ/ Prompt ဘယ်လိုရေးရခဲဆိုတဲ့အကြောင်းအရာတွေပါပါမယ်ဗျ
ကြားထဲမှာပျောက်သွားတဲ့အတွက်လဲ
Video editing course 3ခုထဲက 3d editing style သီသန့်ပါတဲ့ Course တခုကိုလဲလူအကန့်သတ်နဲ့ မနက်ဖြန်ကျရင် Giveaway ပေးပါမယ်ဗျ😉
23 414
Professional Editor တစ်ဦးဖြစ်လာဖို့
တကယ်တော့
Professional Video Editor တစ်ယောက်ဆိုတာ
သူ့ဆိုင်ရာလောကမှာတော့
အရေးပါတဲ့ဖန်တီးရှင်တစ်ဦးပဲဗျာ့။
သူတို့ဟာရိုက်ကူးထားတဲ့
ဗီဒီယိုအပိုင်းအစတွေကို
စိတ်ဝင်စားဖို့ကောင်းတဲ့
အဓိပ္ပာယ်ပြည့်ဝတဲ့ Video တစ်ခုအဖြသ်
ပြန်လည်ပုံဖော်ပေးရတယ်။
ပြောရရင်အဲ့ဒီလို
Editor တစ်ယောက်ဖြစ်လာဖို့အတွက်
နည်းပညာပိုင်းဆိုင်ရာ
ကျွမ်းကျင်မှုတွေအပြင်
မှန်ကန်တဲ့စိတ်နေသဘောထားတွေလည်း
ရှိဖို့ အရေးကြီးတယ်ဆိုတာပဲ။
ထားရမယ်စိတ်နေသဘောထားတွေကတော့ -
(၁) - Keen Eye for Visuals
Editor တစ်ယောက်ဟာ
ဗီဒီယိုရဲ့အသေးစိတ်
အချက်အလက်တွေကိုသတိထားမိရမယ်။
အရောင်အသွေး
အလင်းအမှောင်၊ ရုပ်ပုံရဲ့တည်ငြိမ်မှု
စတာတွေကို စူးစမ်းလေ့လာပြီး
အကောင်းဆုံးဖြစ်အောင် ချိန်ညှိနိုင်ဖို့လိုတယ်။
(၂) - Understanding of Storytelling
Video တစ်ခုဟာ
ဇာတ်လမ်းတစ်ခုကို
ပြောပြနေတာနဲ့ အတူတူပဲဗျာ့။
ဒါကြောင့်Editor ဟာ
ရိုက်ကူးထားတဲ့မြင်ကွင်းတွေရဲ့
အစီအစဉ်ကိုဘယ်လိုပြောင်းလဲလိုက်ရင်
ပိုပြီး စိတ်ဝင်စားဖို့ကောင်းမလဲ
ပရိသတ်ကိုဆွဲဆောင်နိုင်မလဲဆိုတာကို
နားလည်ဖို့လိုတယ်၊ လေ့လည်းလေ့လာရမယ်။
(၃) - Creativity and Imagination
Editor ဆိုတာရှိပြီးသား
ရုပ်သံမှတ်တမ်းတွေကိုအသုံးပြုပြီး
ပိုမိုက်အိုင်ဒီယာအသစ်တွေ
စိတ်ဝင်စားစရာကောင်းတဲ့
အသွင်အပြင်တွေကို ဖန်တီးနိုင်ဖို့လည်းလိုတယ်။
(၄) - Attention to Detail
ဗီဒီယိုထဲမှာပါဝင်တဲ့
အသံပိုင်းဆိုင်ရာ
အမှားအယွင်းလေးတွေ
ရုပ်ပုံအပြောင်းအလဲမချောမွေ့တာတွေ
စာတန်းထိုးအမှားတွေကို
စေ့စေ့စပ်စပ် ရှာဖွေနိုင်ဖို့လည်းလိုတယ်။
(၅) - Problem-Solving Skills
တည်းဖြတ်နေစဉ်အတွင်းမှာ
မမျှော်လင့်တဲ့အခက်အခဲတွေ
နည်းပညာပိုင်းဆိုင်ရာ
ပြဿနာတွေလည်း ကြုံတွေ့နိုင်တယ်။
ဒါကြောင့် အဲ့ဒီလိုအခက်အခဲတွေကို
တည်ငြိမ်စွာနဲ့ အကောင်းဆုံး
ဖြေရှင်းနိုင်တဲ့စွမ်းရည်လည်းရှိရမယ်။
(၆) - Respect for Time
ပရောဂျက်တစ်ခုကို
အချိန်မီပြီးစီးအောင်
ဆောင်ရွက်နိုင်ဖို့ဆိုတာ
အချိန်ကိုတန်ဖိုးထားမှပဲရတယ်ဗျာ့
ဒါကြောင့်
သတ်မှတ်ထားတဲ့ Deadline အတွင်း
အရည်အသွေးကောင်းမွန်တဲ့
ဗီဒီယိုကို ပေးပို့နိုင်ရပါမယ်။
ပြောရရင် Clients တွေရဲ့
ယုံကြည်မှုဟာအဲ့ဒီ
အချိန်တိကျမှုမှာပဲမူတည်တယ်။
(၇) - Openness to Feedback
နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့
ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး
ရရှိလာတဲ့ဝေဖန်အကြံပြုချက်တွေကို
နားထောင်ပြီးလိုအပ်ရင်
ပြင်ဆင်ပြောင်းလဲဖို့ အသင့်ဖြစ်နေရမယ်ဆိုတာပဲ။
#Sanminyaungchyi
23 414
မနက်ဖြန်ကစပြီး
ဒီ Channel လေးမှာ
Editing နဲ့ပတ်သက်တဲ့
ဆိုင်ရာ Knowledge တွေ
✅ ထားသင့်တဲ့ Mindset
✅ Clients ရှာနည်း
Clients အပေါ်ထားရမယ့်စိတ်နေသဘောထား ❤️
Professional Editor တွေဆီကအတုယူရမယ့်အချက်တွေ ✅✅
Editor တစ်ဦးအဖြစ်
အသက်မွေးချင်သူများအတွက်
ဆိုင်ရာသိသင့်တာများ 🛜🛜
စတဲ့စတဲ့
Editing နဲ့ပတ်သက်လို့
လိုအပ်သမျှ Skills တွေကို
Content တွေအဖြစ်နဲ့
Channel Admin မှ
နေ့တိုင်းတင်ပေးသွားမှာဖြစ်လို့
Brother တို့အားလုံး
စောင့်မျှော်သင်ယူပေးကြပါလို့
တောင်းဆိုချင်ပါတယ်ခင်ဗျာ
Soon 😊😊
23 414
ကိုယ့် Video ထဲမှာ Emoji အလှုပ်လေးတွေ သုံးချင်တဲ့သူတွေအတွက် Animated Emoji Pack လေးပါဗျာ 🥰🥰
