ar
Feedback
Create with OMERA

Create with OMERA

الذهاب إلى القناة على Telegram

Create smarter with AI, editing & modern workflows. DM @pyaesone_8989

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Create with OMERA

تُعد قناة Create with OMERA (@glowandcode_51) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 23 999 مشتركاً، محتلاً المرتبة 1 233 في فئة الفن والتصميم والمرتبة 5 891 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 23 999 مشتركاً.

بحسب آخر البيانات بتاريخ 15 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 25، وفي آخر 24 ساعة بمقدار -5، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 18.00‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.27‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 4 321 مشاهدة. وخلال اليوم الأول يجمع عادةً 1 265 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 31.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
Create smarter with AI, editing & modern workflows. DM @pyaesone_8989

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 16 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الفن والتصميم.

23 999
المشتركون
-524 ساعات
-257 أيام
+2530 أيام
أرشيف المشاركات

Editing သမားတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Render Speed ‼️ ကိုယ့်လူတို့.. Video Edit လုပ်နေတုန်း ပြီးခါနီး 99%လောက်ကျမှ။ရပ်သွား
Editing သမားတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Render Speed ‼️ ကိုယ့်လူတို့.. Video Edit လုပ်နေတုန်း ပြီးခါနီး 99%လောက်ကျမှ။ရပ်သွားတာမျိုး၊ ဒါမှမဟုတ် Render တစ်ခါချဖို့ နာရီနဲ့ချီ စောင့်နေရတာမျိုး ကြုံဖူးကြတယ်မလား? အဲ့ဒီအချိန်ဆို "computer ကြီးပဲ ထုခွဲပစ်လိုက်ရင် ကောင်းမလား" ဆိုပြီး စိတ်ပေါက်မိတဲ့အထိ ဖြစ်ဖူးကြမယ်ထင်တယ်။ တကယ်တော့ Render Speed ဆိုတာ ကိုယ့်စက်ကမြန်တာ၊ နှေးတာတစ်ခုတည်းကို ပြောချင်တာ မဟုတ်ပါဘူးဗျ။ ဒါက Professional Editor တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မလား၊ ပိုက်ဆံပိုရှာနိုင်မလားဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်ဗျ။ ဘာကြောင့်လဲဆိုတော့... (1) အချိန်က ငွေပဲ (Time is Money) ‼️ Project တစ်ခုကို Render ချတာ ၁ နာရီကြာတာနဲ့ ၁၀ မိနစ်ပဲကြာတာ တခြားစီပဲဗျ။ Render Speed မြန်ရင် Project တစ်ခုကို မြန်မြန်ပြီးမယ်၊ Client ဆီ မြန်မြန်ပို့နိုင်မယ်။ ဆိုတော့... တစ်လကို Project များများလက်ခံနိုင်မယ်၊ incomeလည်း ပိုတိုးလာမှာပေါ့။ Deadline နားနီးမှ ကမန်းကတန်းလုပ်ရတဲ့အခါ Render ကြာနေရင် ရင်ကွဲပြီသာမှတ်တော့။ (2) Client တွေရဲ့ "နည်းနည်းလောက် ပြန်ပြင်ပေးပါလား" ဆိုတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိမယ် 🗿 Editor တွေအကြောက်ဆုံးစကားက "ညီလေး... ဒီနေရာလေး အရောင်လေး ပြန်ချိန်းပေးပါလား" အဲ့လိုစကားတွေပါပဲ။ အဲ့လို အသေးအဖွဲလေးပြင်ဖို့ Render ပြန်ချတိုင်း နာရီဝက်လောက် ထပ်စောင့်နေရရင် ကိုယ့်ဘက်ကလည်း စိတ်မရှည်တော့သလို၊ Client ဘက်ကလည်း ကြာလိုက်တာဆိုပြီး အထင်သေးသွားနိုင်တယ်။ Render Speed သာမြန်ရင် "ရတယ် အစ်ကို... ၁၀/၁၅ မိနစ်နေရင် ဖိုင်အသစ်ပို့လိုက်မယ်" ဆိုပြီး ပြောလိုက်တာက ကိုယ့်ရဲ့ Professional ဆန်မှုကို ပြလိုက်တာပါပဲ။ (3) ဖန်တီးချင်တဲ့ စိတ်တွေ မပြတ်တော့ဘူး 🧠 ဒါက အရေးကြီးဆုံးပဲဗျ။ ကိုယ်က အကြံတွေထွက်၊ Mood တွေဝင်ပြီး တောက်လျှောက် Edit နေတုန်း Preview ကြည့်မရလို့ Loading bar ကြီး ထိုင်စောင့်နေရရင် ရှိသမျှ Mood တွေ ပျောက်ကုန်ရော။ Render/Playback မြန်မှ ကိုယ့်ရဲ့ Workflow က ချောမွေ့ပြီး Quality ကောင်းတဲ့ Video တွေ ထွက်လာမှာပါ။ (4) Content Creator တွေဆို Consistency ရှိဖို့လိုတယ် ❤️‍🔥 Facebook, YouTube, TikTok တို့မှာ Page ထောင်ပြီး ပိုက်ဆံရှာမယ့် ကိုယ့်လူတွေအတွက် Video ပုံမှန်တင်နိုင်ဖို့က အသက်ပဲ။ နေ့တိုင်း၊ တစ်ရက်ခြား Video တင်နိုင်မှ Reach တက်မှာ။ Render ကြာနေရင် တစ်ပုဒ်ပြီးဖို့ အချိန်တွေကုန်ပြီး နောက်တစ်ပုဒ်လုပ်ဖို့ အားကုန်သွားတတ်ပါတယ်။ ✅အတိုချုပ်ပြောရရင်ဗျာ Render Speed မြန်တာဟာ Editor တစ်ယောက်အတွက် Luxury မဟုတ်ပါဘူး၊ မရှိမဖြစ် လိုအပ်ချက် Necessity တစ်ခုပါ။ မြန်ဆန်မှုက ကိုယ့်ကို ပိုပြီး Productivity ဖြစ်စေတယ်၊ ယုံကြည်စိတ်ချရတဲ့ Editor တစ်ယောက် ဖြစ်စေတယ်။ 💖ကိုယ့်လူတို့အနေနဲ့ Video Editing ကို Career တစ်ခုအနေနဲ့ လေးလေးနက်နက်သွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ PC Spec နဲ့ Workflow မှာ Render Speed ကောင်းအောင် Invest လုပ်ဖို့ လုံးဝ မနှမြောပါနဲ့လို့ အကြံပေးချင်ပါတယ်ဗျာ။

💎ဒီတစ်ခါတော့ Alight Motion မှာ ရိုးရိုး Edit လုပ်တာမျိုး မဟုတ်ဘဲ AI + Alight Motion ပေါင်းပြီး ဖန်တီးလို့ရတဲ့ Creative ဖြစ်တ
💎ဒီတစ်ခါတော့ Alight Motion မှာ ရိုးရိုး Edit လုပ်တာမျိုး မဟုတ်ဘဲ AI + Alight Motion ပေါင်းပြီး ဖန်တီးလို့ရတဲ့ Creative ဖြစ်တဲ့ နည်းလမ်းအသစ်တွေကို ချပြပေးမှာပါ။ Editor တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ မဖြစ်မနေ သိထားသင့်တဲ့ Skill တွေပေါ့ဗျာ။❗❗ Video ထဲမှာ ဘာတွေပါမလဲဆိုတော့... 💖AI Video Gen: AI ကိုသုံးပြီး Video clip တွေကို ဘယ်လို Generate လုပ်မလဲ? 💖 Pro Typography: Alight Motion မှာ စာလုံး Design အလန်းစားတွေ၊ Overlays တွေနဲ့ Effect တွေကို ဘယ်လို ကလိမလဲ? Motion UI & 3D: Motion UI Animation တွေနဲ့ 3D ပုံတွေကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ? 💖Video တစ်ပုဒ်တည်းမှာတင် Editing ပိုင်းရော AI ပိုင်းရော စုံနေအောင် အကုန်ထည့်ပြောပြပေးထားတယ်ဗျ။ ကြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ Edit တွေကို Level တစ်ဆင့် မြှင့်တင်နိုင်စေရမယ်လို့ ယုံကြည်တယ်ဗျာ။

Alight Motion Edit တွေကို AI နဲ့ပေါင်းပြီး God Level ရောက်အောင် သွားချင်ရင်... ကိုယ့်လူတို့အတွက်... ဒီနေ့ညကျရင် Alight Motion
Alight Motion Edit တွေကို AI နဲ့ပေါင်းပြီး God Level ရောက်အောင် သွားချင်ရင်... ကိုယ့်လူတို့အတွက်... ဒီနေ့ညကျရင် Alight Motion နဲ့ AI ကို ပေါင်းပြီး professional edit တွေလုပ်နိုင်ဖို့ ရှယ် Video အသစ်တစ်ပုဒ် လာဖို့ရှိတယ်ဗျ။ ❤️‍🔥 ❗ဒီတစ်ခါတော့ Alight Motion မှာ ရိုးရိုး Edit လုပ်တာမျိုး မဟုတ်ဘဲ AI + Alight Motion ပေါင်းပြီး ဖန်တီးလို့ရတဲ့ Creative ဖြစ်တဲ့ နည်းလမ်းအသစ်တွေကို ချပြပေးမှာပါ။ Editor တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ မဖြစ်မနေ သိထားသင့်တဲ့ Skill တွေပေါ့ဗျာ။❗❗ Video ထဲမှာ ဘာတွေပါမလဲဆိုတော့... 💎AI Video Gen: AI ကိုသုံးပြီး Video clip တွေကို ဘယ်လို Generate လုပ်မလဲ? 💖 Pro Typography: Alight Motion မှာ စာလုံး Design အလန်းစားတွေ၊ Overlays တွေနဲ့ Effect တွေကို ဘယ်လို ကလိမလဲ? 💖 Motion UI & 3D: Motion UI Animation တွေနဲ့ 3D ပုံတွေကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ? 💖Video တစ်ပုဒ်တည်းမှာတင် Editing ပိုင်းရော AI ပိုင်းရော စုံနေအောင် အကုန်ထည့်ပြောပြပေးထားတယ်ဗျ။ ကြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ Edit တွေကို Level တစ်ဆင့် မြှင့်တင်နိုင်စေရမယ်လို့ ယုံကြည်တယ်ဗျာ။ 💖 ဒီည 9:00နာရီ YouTube Channel မှာ တင်ပေးပါမယ်။💖 Notification လေးဖွင့်ပြီး စောင့်နေပေးကြပါဦးဗျ...🎉

📱YouTube Channel Sub 60k ပြည့်တုန်းက လုပ်ပေးတဲ့ Capcut Pro ACC Giveaway winner 3 ယောက်ပါခင်ဗျ ☺️ စကားမစပ် ကျန်တော် ရဲ့ ခုနော
📱YouTube Channel Sub 60k ပြည့်တုန်းက လုပ်ပေးတဲ့ Capcut Pro ACC Giveaway winner 3 ယောက်ပါခင်ဗျ ☺️ စကားမစပ် ကျန်တော် ရဲ့ ခုနောက်ပိုင်း YouTube video တွေကို ကျန်တော်ကိုယ်တိုင် edit မလုပ်ပါဘူး ။😜
⚠️ကျန်တော်ရဲ့ Davinci Resolve Course Member တွေကိုင်ပါတယ်ဗျ ⚠️
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽
ပြီးတော့ Am / Cc / Gpt / Gemini ကို ၁သောင်း၀န်ကျင်နဲ့ ၀ယ်ချင်တယ်ဆိုရင် အောက်က Button ကိုနှိပ်ပြီးတော့ သွားရောက်၀ယ်ယူလို့ရပါတယ် 💎
💎ပြီးတော့ အဲ Giveaway မှာ Comment မန့်ပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ 100k တန် Tiktok Automation+Ai course ကို 30k နဲ့သွား joinလို့ရပါတယ် 💌

Video Editor တွေအနေနဲ့ Budget နည်းလို့ စိတ်ညစ်နေလား? တကယ်တော့ ပြဿနာက Budget မဟုတ်ဘူးဗျ! 💸 Video Editing လောကမှာ အားလုံးကြုံရ
Video Editor တွေအနေနဲ့ Budget နည်းလို့ စိတ်ညစ်နေလား? တကယ်တော့ ပြဿနာက Budget မဟုတ်ဘူးဗျ! 💸 Video Editing လောကမှာ အားလုံးကြုံရတဲ့ ပြဿနာတစ်ခုရှိတယ်။ အဲ့ဒါကတော့ Client က လိုချင်တာနဲ့၊ သူပေးနိုင်တဲ့ ပိုက်ဆံက တခြားစီဖြစ်နေတာပါပဲ။ Client တိုင်းကတော့ ကိုယ့် Video ကို Cinematic ဖြစ်ချင်တယ်၊ Motion တွေက ရှယ်မိုက်နေရမယ်၊ Color Grading ကလည်း အဆင့်မီရမယ်... အစုံပေါ့ဗျာ။ ဒါပေမဲ့ Budget မေးလိုက်တော့မှ "အာ... ညီလေးကလည်း အစ်ကိုတို့က အများကြီးမတတ်နိုင်ဘူး" ဆိုတာမျိုး။ ရင်းနှီးပြီးသားမလား...😂 ဒါပေမဲ့ အတွေ့အကြုံအရ ပြောရရင် ပြဿနာအစစ်အမှန်က "Budget နည်းတာ" မဟုတ်ဘူးဗျ။ ပြဿနာက "Expectation တွေ ညှိမထားတာ" ပဲ။ ကျွန်တော် Video Editor တစ်ယောက်အနေနဲ့ နားလည်လာတာ တစ်ခုရှိတယ်။ Video ကောင်းတစ်ပုဒ်ဖြစ်ဖို့ဆိုတာ Effect တွေ၊ Plugin တွေ အများကြီး ထည့်မှ ကောင်းတာ မဟုတ်ဘူးဗျ။ Client တွေအတွက်လုပ်ရတဲ့အအခါ Video ကောင်းတစ်ခုဆိုတာ Communication ကောင်းကောင်းနဲ့ သေချာဆွေးနွေးတိုင်ပင်ခြင်း ကနေ စတာပါ။ ✅ Client ဘာလိုချင်လဲဆိုတာ သေချာနားထောင်ပါ။ ✅ သူပေးတဲ့ Budget နဲ့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းပြပါ။ ✅ Effect တွေလျှောက်ထည့်နေမယ့်အစား တကယ်ထိရောက်မယ့် နေရာကို အားစိုက်ပေးလိုက်ပါ။ Project တိုင်းက International Level ဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ Project တိုင်းက ရိုးသားမှုရှိဖို့၊ Structure ကျဖို့နဲ့ ရည်ရွယ်ချက်ရှိဖို့တော့ လိုတယ်ဗျ။ Client ရဲ့ Expectation နဲ့ Budget ကို အစကတည်းက သေချာညှိထားလိုက်ရင် လုပ်ရတာ အများကြီး ပိုချောမွေ့သွားလိမ့်မယ်။ Feedback or complain ပေးလို့ ပြန်ပြင်ရရင်လည်း သက်သာမယ်။ နောက်ဆုံးထွက်လာတဲ့ Video ကလည်း တကယ်အလုပ်ဖြစ်တဲ့ Video ဖြစ်လာမှာ။ မှတ်ထားနော် ကိုယ့်လူတို့... Editor ကောင်းတစ်ယောက်ဆိုတာ အရာရာကို လုပ်တတ်နေမှ ကောင်းတာမဟုတ်ဘူး။ "လုပ်သင့်တာကို လိုအပ်တဲ့အတိုင်းအတာတစ်ခုထိ ကွက်တိလုပ်ပေးနိုင်တာ" ကိုမှ Editor ကောင်းလို့ ခေါ်တာဗျ။ ဆိုတော့... ကိုယ့်လူတို့ရော Client က Budget နည်းနည်းနဲ့ အများကြီးခိုင်းတဲ့အခါ ဘယ်လိုညှိလေ့ရှိလဲ? စကားမစပ် editing Course join ချင်ရင်တော့ DM @Pyaesone_8989 ကိုလာခဲ့လို့ရပါတယ်ဗျ😜

ကိုယ့်လူတို့... AI အကြောင်းတွေ နေရာတိုင်းမှာ တွေ့နေရတော့ စိုးရိမ်စိတ်တွေ ဝင်နေကြပြီလား? "Video Editor တွေ၊ Designer တွေ နေရာပ
ကိုယ့်လူတို့... AI အကြောင်းတွေ နေရာတိုင်းမှာ တွေ့နေရတော့ စိုးရိမ်စိတ်တွေ ဝင်နေကြပြီလား? "Video Editor တွေ၊ Designer တွေ နေရာပျောက်တော့မှာလား" ပေါ့။ အမှန်တရားက ခါးတယ်ဆိုပေမဲ့ ဒီအချက်ကိုတော့ ပြတ်ပြတ်သားသား ပြောပါရစေဗျာ။ 🛑 "AI က ကိုယ့်အလုပ်ကို လုသွားမှာ မဟုတ်ပါဘူး။ AI ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ အခြားလူတစ်ယောက်ကသာ ကိုယ့်နေရာကို ဝင်လုသွားမှာပါ။" ဒါကြောင့် ကိုယ့်လူတို့အနေနဲ့ ခေတ်နောက်ကျမကျန်ရစ်ခဲ့အောင် မဖြစ်မနေ ပြောင်းလဲရတော့မယ့် (၃) ချက်ကို ပြောပြချင်ပါတယ်ဗျ။ (1) အချိန်ကုန်တဲ့ အလုပ်တွေကို AI နဲ့ အစားထိုးပါ (Automate Boring Tasks) Post တင်တာပဲဖြစ်ဖြစ်၊ Reply ပြန်တာပဲဖြစ်ဖြစ် ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ်တွေ (Repetitive Work) ရှိတယ်မလား။ အဲ့ဒါတွေကို ကိုယ်တိုင်ထိုင်လုပ်မနေပါနဲ့တော့။ ChatGPT, Lummi, Notion လို Tool တွေသုံးပြီး မြန်မြန်ဖြေရှင်းလိုက်ပါ။ အချိန်ကုန်သက်သာသွားတဲ့အခါ ကိုယ့်ရဲ့ ဦးနှောက်ကို အကြံဉာဏ်သစ်တွေ၊ Creative ဖြစ်တာတွေ ဖန်တီးဖို့အတွက် ပိုသုံးနိုင်လာလိမ့်မယ်။ (2) Prompt ရေးတာကို ကျွမ်းကျင်အောင်လေ့ကျင့်ပါ (Prompt Engineering) အခုခေတ်မှာ Promptဘကျွမ်းကျင်စွာရေးတတ်တာက Design Language အသစ်တစ်ခုလို ဖြစ်လာပြီဗျ။ ကိုယ်လိုချင်တဲ့ Concept ကို AI နားလည်အောင် ဘယ်လိုခိုင်းမလဲဆိုတာက အရမ်းအရေးကြီးတယ်။ Input ကောင်းမှ Output က မိုက်မှာလေ။ ဒါကြောင့် Prompt ရေးနည်းကို သေသေချာချာ လေ့လာထားဖို့ လိုတယ်ဗျ။ (3) AI Tool အသစ်တွေကို မျက်ခြေမပြတ်ပါစေနဲ့ (Fluency in AI Tools) Framer ကနေ Runway အထိ နေ့တိုင်း Tool အသစ်တွေ ထွက်နေတာဗျ။ အကုန်လုံးကို ဆရာကျနေစရာ မလိုပေမဲ့ ဘာက ဘယ်လိုလဲ၊ ဘယ်ဟာက ကိုယ့်အတွက် အသုံးဝင်လဲဆိုတာတော့ သိထားမှဖြစ်မယ်။ လုံးဝ လစ်လျူရှုထားလို့ မရတော့ဘူး။ 💡 ချုံပြီးပြောရရင်... AI ဆိုတာ ကိုယ့်ရဲ့ Idea တွေကို ပိုမိုက်အောင် ပံ့ပိုးပေးမယ့် Assistant တစ်ယောက်ပါ၊ ကိုယ့်ကို ဖယ်ရှားပစ်မယ့်သူ မဟုတ်ပါဘူး။ ဆိုတော့ ကိုယ့်လူတို့ကရော AI ကို ကြောက်ပြီး ဒီအတိုင်း ထိုင်ကြည့်နေမှာလား? ဒါမှမဟုတ် AI ကို ကိုယ့်ရဲ့ Assistant တစ်ယောက်အနေနဲ့ အသုံးချပြီး ပိုတိုးတက်အောင်လုပ်မှာလား? အဖြေက ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်ဗျာ။ 🔥

Video တစ်ပုဒ်တည်းမှာ အကုန်လျှောက်ထည့်နေတုန်းလား? 🧐 ကျွန်တော်တို့ Content Creator တွေ၊ Editor တွေ အမြဲလိုလို လုပ်မိတတ်တဲ့ အမှ
Video တစ်ပုဒ်တည်းမှာ အကုန်လျှောက်ထည့်နေတုန်းလား? 🧐 ကျွန်တော်တို့ Content Creator တွေ၊ Editor တွေ အမြဲလိုလို လုပ်မိတတ်တဲ့ အမှားတစ်ခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Video တစ်ပုဒ်တည်းမှာ ကိုယ်သိသမျှ အကုန်လုံးကို "ပြွတ်သိပ်" ပြီး ထည့်ချင်နေတာပါပဲ။ 😂 တကယ်တော့ ပိုကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ်ဗျ။ အဲ့ဒါကတော့ "The Rule of One" ပါ။ ရှင်းရှင်းလေးနဲ့ ထိရောက်တဲ့ နည်းလမ်းပါ။ Video တစ်ပုဒ်မှာ ခေါင်းစဉ်တစ်ခု၊ Idea တစ်ခုတည်းကိုပဲ အဓိကထားပြီး တင်ဆက်တာမျိုးပေါ့။ ဒါမှ ကြည့်တဲ့သူတွေအတွက်လည်း ရှင်းလင်းမယ်၊ လိုက်လုပ်ရလွယ်မယ်၊ စိတ်ဝင်စားဖို့လည်း ပိုကောင်းလာမှာပါ။ အကြောင်းအရာတွေ အများကြီးကို Video တစ်ပုဒ်တည်းမှာ စုပြုံးထည့်လိုက်ရင် ကြည့်တဲ့သူက "ဘာမှတ်ရမှန်းမသိ" ဖြစ်ပြီး Message က ပျောက်သွားတတ်တယ်ဗျ။ "Theme" တစ်ခုတည်းအောက်မှာ သေသေချာချာ တင်ဆက်နိုင်ဖို့ ဒီအချက် (၃) ချက်ကို စမ်းကြည့်စေချင်တယ်ဗျာ။ 🔽🔽 (1) Focus တစ်ခုတည်း ထားပါ (Choose a Single Focus) 🎯 ကိုယ့် Video မှာ ပြောချင်တဲ့ အဓိက "Main Point" က ဘာလဲဆိုတာ အရင်ဆုံးဖြတ်ပါ။ ပြီးရင် အဲ့ဒီအချက်ကိုပဲ ပေါ်လွင်အောင် တင်ဆက်ပါ။ ခေါင်းထဲပေါ်လာတဲ့ တခြား Idea တွေကို နှမြောမနေပါနဲ့၊ ချရေးထားလိုက်ပါ။ နောက်ထပ် Video တွေ၊ Series တွေအနေနဲ့ ခွဲထုတ်လို့ရတာပေါ့။ ဟုတ်တယ်မလား။ (2) တိုတိုနဲ့ လိုရင်းပဲ ကောင်းတယ် (Keep It Short) ⏱️ Video ကို ၂/၃ မိနစ်အောက်လောက်ပဲ ထားဖို့ ကြိုးစားကြည့်ပါ။ အခုခေတ်က ဖုန်းနဲ့ ပွတ်ကြည့်ကြတာများတော့ ရှည်လွန်းရင် ကျော်သွားတတ်ကြတယ်။ တိုတိုလေးနဲ့ ထိထိမိမိရှိတဲ့ Video တွေက လူတွေ ပြီးဆုံးအောင် ကြည့်ဖြစ်သလို၊ Share ဖို့လည်း ပိုလွယ်ကူစေပါတယ်။ "Get in and get out" - ဝင်လာတယ်၊ လိုတာရသွားတယ်၊ ပြီးပြီ။ ဒါမျိုးပေါ့။ (3) လက်တွေ့ အသုံးဝင်ပါစေ (Make It Actionable) 💎 Video က တိုပေမဲ့ တန်ဖိုးမလျော့ပါစေနဲ့ဗျ။ အနှစ်ပါတာမျိုးပေါ့။ ကြည့်ပြီးတာနဲ့ "ငါဘာဆက်လုပ်ရမလဲ" ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားစေမယ့် အချက်လေးတွေ ထည့်ပြောပေးပါ။ ဒါမှ ကိုယ့် Content က ကြည့်ကောင်းရုံတင်မဟုတ်ဘဲ လူတွေအတွက် တကယ် "တန်ဖိုးရှိတဲ့ Content" ဖြစ်လာမှာပါ။ ကဲ... ကိုယ့်လူတို့လည်း နောက်ထပ် Video တွေဖန်တီးရင် ဒီ "Rule of One" လေးကို သတိရပြီး စမ်းလုပ်ကြည့်ကြနော်။ Content Quality သိသိသာသာ ပြောင်းလဲသွားတာ တွေ့ရလိမ့်မယ်ဗျ⚡️

ရုပ်မပြချင်ဘူး အသံမကောင်းဘူး? ကိစ္စမရှိ!! AI ရှိရင် အားလုံးအဆင်ပြေတယ် 🌝 အရင်တုန်းက Video တစ်ပုဒ်ဖန်တီးမယ်ဆိုရင် ခေါင်းစားစရာ
ရုပ်မပြချင်ဘူး အသံမကောင်းဘူး? ကိစ္စမရှိ!! AI ရှိရင် အားလုံးအဆင်ပြေတယ် 🌝 အရင်တုန်းက Video တစ်ပုဒ်ဖန်တီးမယ်ဆိုရင် ခေါင်းစားစရာတွေက အများကြီးဗျ။ ကင်မရာကောင်းကောင်း ရှိမှဖြစ်မယ်၊ Editing ပိုင်းကလည်း အကြာကြီးကိုင်ရမယ်၊ Idea တွေကလည်း ထပ်ခါထပ်ခါနဲ့ Burnout ဖြစ်ရတာတွေ... ဒါတွေက Creator တိုင်း ကြုံဖူးကြမှာပါ။ ဒါပေမဲ့ အခုက ခေတ်ပြောင်းသွားပြီဗျ။ Video တစ်ပုဒ်ကို Studio Quality အတိုင်း မိနစ်ပိုင်းအတွင်း ဖန်တီးလို့ရတဲ့ ခေတ်ကို ရောက်နေပြီ။ ဘယ်သူ့ကျေးဇူးလဲဆိုတော့ AI ကြောင့်ပါပဲ။ ကျွန်တော် ဒီတစ်ခါမှာ "AI Tools တွေကိုသုံးပြီး Stunning ဖြစ်တဲ့ Video တွေကို ဘယ်လို လွယ်လွယ်ကူကူ ဖန်တီးမလဲ" ဆိုတာကို အတိုချုံ့ ရှင်းပြပေးထားပါတယ်။ Script ကနေ စပြီး Animation လုပ်တာ၊ Editing လုပ်တာအထိဗျာ။ ဆိုတော့... 📝 Script-to-Video: ကိုယ်ရေးထားတဲ့ Blog post သို့မဟုတ် စာသားကို Video အဖြစ် ချက်ချင်းပြောင်းချင်လား? Pictory သို့မဟုတ် Synthesia က ဒါကို စက္ကန့်ပိုင်းနဲ့ လုပ်ပေးပါလိမ့်မယ်။ 🎙️ Voiceover Tools: ကိုယ့်အသံ မကောင်းလို့ စိတ်ညစ်နေစရာမလိုတော့ဘူး။ Murf.ai သို့မဟုတ် ElevenLabs ကိုသုံးပြီး သဘာဝကျတဲ့ Voiceover တွေ ဖန်တီးလို့ရသလို၊ ကိုယ့်အသံကို Clone လုပ်ပြီး ပြန်သုံးလို့လည်း ရတယ်ဗျ။ 🎨 Animation Tools: ပုံတွေကို အသက်သွင်းချင်ရင် D-ID သို့မဟုတ် Runway ရှိတယ်။ ✂️ Editing Tools: Video ဖြတ်ညှပ်ကပ်လုပ်တာ၊ Color grade လုပ်တာတွေကို AI နဲ့ပဲ ခိုင်းလိုက်ရင် အချိန်ကုန် အရမ်းသက်သာသွားမယ်။ 🤖 Synthetic Media: ကင်မရာရှေ့ထွက်ရမှာ ရှက်တတ်တဲ့သူတွေအတွက် Synthesia သို့မဟုတ် HeyGen က အဆင်ပြေဆုံးပဲ။ ကိုယ်တိုင် Video ရိုက်စရာမလိုဘဲ Digital Presenter တွေနဲ့ Video ဖန်တီးလို့ရတယ်။ မှတ်ထားရမှာတစ်ခုက AI က Creator တွေကို နေရာဝင်လုမှာ မဟုတ်ပါဘူး၊ Creator တွေကို လုပ်နိုင်စွမ်းတွေ ပိုတပ်ပေးမယ့် Toolတစ်ခုပါပဲ။ ကိုယ့်လူတို့မှာ Idea ပဲ ရှိပါစေ၊ ကျန်တာကို AI ကို တာဝန်ပေးလိုက်လို့ ရနေပါပြီ။ 🤔 🔥 Professional Video Editor တစ်ယောက်ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ Video Content တွေ ဖန်တီးပြီး ဝင်ငွေရှာချင်တာပဲဖြစ်ဖြစ် ဒီလမ်းကြောင်းကို မဖြစ်မနေ လေ့လာထားသင့်တယ်နော်။

Uni (4)နှစ်တက်တာထက် ပိုတန်တဲ့ Video Editing & Design YouTube Channel (၆) ခု 🎁 ကိုယ့်လူတို့အတွက်... ဒီနေ့တော့ ကျွန်တော် Editi
Uni (4)နှစ်တက်တာထက် ပိုတန်တဲ့ Video Editing & Design YouTube Channel (၆) ခု 🎁 ကိုယ့်လူတို့အတွက်... ဒီနေ့တော့ ကျွန်တော် Editing နဲ့ Design ပိုင်းမှာ အခုလိုအခြေနေဖြစ်လာဖို့ အများကြီး ကူညီပေးခဲ့တဲ့ Secret Weapon တွေကို ထုတ်ပြပေးချင်ပါတယ်ဗျာ။ ပြောရရင်တော့ တက္ကသိုလ်မှာ ၄ နှစ်လောက် အချိန်ကုန်ခံပြီး သင်ယူရတာထက် ဒီ YouTube Channel တွေကနေ ရလိုက်တဲ့ ပညာက ပိုပြီးလက်တွေ့ဆန်သလို၊ အလုပ်ခွင်မှာလည်း တကယ်ကို အသုံးဝင်တာအမှန်ပဲဗျ။ (POV) Video Editor တစ်ယောက်၊ Content Creator တစ်ယောက်အနေနဲ့ ရပ်တည်ပြီး ပိုက်ဆံရှာချင်တယ်ဆိုရင်တော့ ဒီ Channel (၆) ခုကို မဖြစ်မနေ Subscribe လုပ်ပြီး လေ့လာထားသင့်ပါတယ်။ ⚡️(1) Niklas Christl Storytelling ကို အမိုက်စား Cinematic Visual တွေနဲ့ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာ သူ့ဆီမှာ သွားလေ့လာပါ။ ကိုယ့်ရဲ့ Video တစ်ပုဒ်ကို ရိုးရိုး edit လုပ်တာထက် Emotion (ခံစားချက်) ပါအောင် ဘယ်လိုဆွဲတင်ရမလဲဆိုတဲ့နေရာမှာတော့ သူက ဆရာကြီးပဲဗျ။ ⚡️ (2) Matt D'Avella Minimalist Filmmaking ကို ကြိုက်တဲ့သူတွေအတွက်ပါ။ ရှုပ်ပွနေတာတွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ လူတွေရဲ့ ရင်ထဲထိအောင် ဘယ်လိုရိုက်ကူး တင်ဆက်ရမလဲဆိုတာ သူ့ဆီမှာ အများကြီး လေ့လာရလိမ့်မယ်ဗျ။ ⚡️(3) Peter McKinnon Video Editing လောကရဲ့ Godfather လို့တောင် ပြောလို့ရမယ်ထင်တယ်။ Camera ရိုက်ကူးနည်း၊ B-roll ရိုက်နည်းကနေ Color Grading အထိ အကုန်သင်ပေးတာ။ ကိုယ့် Video တွေကို Level တစ်ဆင့် မြှင့်ချင်ရင်တော့ သူ့ကို ကျော်သွားလို့ မရဘူးဗျာ။ ⚡️(4) Rajeev Mehta Editing တော့ ရနေပြီ၊ Motion Graphics ပိုင်းပါ ထပ်ဖြည့်ချင်တယ်ဆိုရင် သူ့ Channel က အကောင်းဆုံးပဲ။ Design နဲ့ Motion Graphics ကို ရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘဲ လွယ်လွယ်ကူကူ လက်တွေ့လိုက်လုပ်လို့ရအောင် သင်ပေးထားတယ်။ ⚡️(5) Finzar သူ့ Editing Skill ကတော့ တကယ့် "Netflix Level" ပဲ။ Short form content တွေ ဖန်တီးတဲ့အခါ ပျင်းဖို့မကောင်းအောင် ဘယ်လို cut တွေ သုံးမလဲ၊ Effect တွေ ဘယ်လိုထည့်မလဲဆိုတာ သူ့ဆီမှာ အားရပါးရ လေ့လာလို့ရတယ်။ ပျော်ဖို့လည်းကောင်းတယ်ဗျ။ ⚡️ (6) The Futur ဒါကတော့ အရေးကြီးဆုံးပဲ။ Design skill တင် မကဘူး၊ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ဘယ်လို ဈေးကောင်းရအောင် ရောင်းမလဲ၊ Client တွေနဲ့ ဘယ်လို dealing လုပ်မလဲဆိုတဲ့ Business mindset တွေကိုပါ သင်ပေးတာ။ Creator တစ်ယောက်အနေနဲ့ မဟုတ်ဘဲ Designer တစ်ယောက်လို ဘယ်လိုတွေးခေါ်ရမလဲဆိုတာ သိချင်ရင် ဒီ Channel ကို မဖြစ်မနေ ကြည့်ဗျာ။ ဆိုတော့... လမ်းစတော့ ပေးလိုက်ပြီနော်။ ကျန်တာကတော့ ကိုယ့်လူတို့ရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်တော့မယ်။ ဒီ Channel တွေကို အခုပဲ ဝင်မွှေပြီး ကိုယ့်ရဲ့ Skill တွေကို Upgrade လုပ်လိုက်ကြရအောင်ဗျာ။ ဒါမှ မဟုတ် ကျန်တော်နဲ့တူတူ Level up ချင်ရင်တော့ @Pyaesone_8989 မှာ Davinci, Alight motion, YouTube, Telegram နဲ့ပတ်သတ်တဲ့‌ Course အကြောင်းတွေကို 40% လျှော့‌ဈေးရှိတုန်းလာဆွေးနွေးလို့ရပါတယ်ဗျ❤️‍🔥 Editing နဲ့ ပတ်သက်ပြီး ဘာတွေ ထပ်သိချင်သေးလဲ Comment မှာ မေးခဲ့လို့ရပါတယ်ဗျ။

Editor ကောင်းတစ်ယောက်ဖြစ်ဖို့ Tool ပေါင်းစုံ တတ်စရာမလိုပါဘူး! 🔥 Content Creator ဖြစ်ချင်တဲ့၊ Video Editor လမ်းကြောင်းကို လျှ
Editor ကောင်းတစ်ယောက်ဖြစ်ဖို့ Tool ပေါင်းစုံ တတ်စရာမလိုပါဘူး! 🔥 Content Creator ဖြစ်ချင်တဲ့၊ Video Editor လမ်းကြောင်းကို လျှောက်ချင်နေတဲ့ ကိုယ့်လူတို့ရော ကျွန်တော်တို့ စလေ့လာခါစက အမှားတစ်ခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ "Software တွေ အများကြီးတတ်မှ ဆရာကြီးဖြစ်မယ်" လို့ ထင်နေကြတာပဲ။ ☺️ တကယ်တမ်းကလေအမိုက်စား Content တစ်ခုထွက်ဖို့ Tool တွေ အများကြီး လိုက်သုံးနေစရာ မလိုပါဘူး။ Editing Software တစ်ခုတည်းကိုပဲ သေချာ ပိုင်နိုင်အောင် အရင်လုပ်ပါ။ Master ဖြစ်အောင် အရင်မွှေပါ။ 😂 ကျွန်တော့်တုန်းကတော့ DaVinci Resolve ကို ရွေးခဲ့တယ်။ ဘာလို့လဲဆိုတော့ - 1. Color Grading ပိုင်းမှာ သူက ဆရာကျတယ်။ ရုပ်ရှင်ဆန်ဆန် Mood တွေဖန်တီးချင်ရင်လည်း ရှယ်ပဲ။ 2. သုံးရတာ မျက်စိရှင်းတယ်။ Interface က လူသစ်တွေအတွက်ပါ အဆင်ပြေတယ်။ 3. အကြိုက်ဆုံးအချက်က Free Version နဲ့တင် လုပ်နိုင်တာတွေက တော်တော်လေး စုံလွန်းလို့ပဲ။ ⛔ နောက်တစ်ခု သတိပေးချင်တာက Effect တွေ အများကြီးထည့်မှ videoက ကောင်းမယ်လို့ မထင်လိုက်ပါနဲ့။ Video Editing ဆိုတာ Storytelling ကအသက်ပဲ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို လူတွေ စိတ်ဝင်စားအောင် ဘယ်လိုဆွဲခေါ်မလဲဆိုတာကသာ အဓိကဗျ။ Timeline ရှင်းရှင်းလင်းလင်းနဲ့ အလုပ်လုပ်ပါ။ နေ့တိုင်း ပုံမှန်လေးလေ့လာပါ။ အနည်းဆုံး တစ်နေ့ မိနစ် ၃၀ ဖြစ်ဖြစ် တစ်နာရီလောက် အချိန်ပေးပြီး ကလိကြည့်ရင်တောင် ရပါတယ်။ 🤔 မှတ်ထားနော် ကိုယ့်လူတို့... ပထမဆုံး ကိုယ်Editတဲ့ Video က သေချာပေါက် စုတ်ပြတ်သတ်နေမှာပဲ (ဒါ သဘာဝပဲဗျ)။ ဒါပေမဲ့ အကြိမ် ၁၀၀ မြောက် Editတဲ့ Video ကျရင်တော့ အများကြီးကောင်းလာပြီး Wow ဖြစ်သွားစေရမယ်။ ဆိုတော့... Editor လမ်းကြောင်းပေါ် လျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား?🔥 ကိုယ့်လူတို့ရော လတ်တလော ဘယ် Software ကို သုံးနေလဲ? Comment မှာ မျှဝေပေးသွားကြပါဦးဗျ!

Video Editing ဆိုတာ... Weak ဖြစ်‌တဲ့သူတွေအတွက်တော့ မဟုတ်ဘူးဗျ 🔥 ကိုယ့်လူတို့ Video Editing စလုပ်တုန်းက ဘယ်လိုထင်ခဲ့လဲ? 🤔 ကျ
Video Editing ဆိုတာ... Weak ဖြစ်‌တဲ့သူတွေအတွက်တော့ မဟုတ်ဘူးဗျ 🔥 ကိုယ့်လူတို့ Video Editing စလုပ်တုန်းက ဘယ်လိုထင်ခဲ့လဲ? 🤔 ကျွန်တော် စလုပ်တုန်းကတော့ ရိုးရိုးလေးပဲ တွေးခဲ့တာဗျာ။ "အာ... ဒါလေးက လွယ်လွယ်လေး၊ ဟိုဖြတ်ဒီဆက်လုပ် Cut and Paste၊ Transition လေးတွေထည့်၊ နောက်ခံသီချင်းလေး ခံလိုက်ရင် Masterpiece ဖြစ်သွားပြီပေါ့" ဆိုပြီးတော့လေ။ 😂 Stres မရှိဘူး၊ Vibes လေးနဲ့ ဖန်တီးရုံပဲလို့ ထင်ခဲ့တာ။ တကယ်တမ်း လက်တွေ့လုပ်ရတဲ့အခါကျမှ Video Editing ဆိုတာ "Discipline နဲ့ Endurance ကို စမ်းသပ်တဲ့ အရာ" ဆိုတာ သဘောပေါက်လာတော့တယ်ဗျ။ 😭 CapCut ပဲဖြစ်ဖြစ်၊ DaVinci ပဲဖြစ်ဖြစ် ဖွင့်လိုက်ပြီး "ငါ နည်းနည်းလောက်ပဲ ဖြတ်ပြီး နားလိုက်မယ်" လို့ တွေးမိရင် မှားသွားလိမ့်မယ်။ သတိထားကြည့်လိုက်တဲ့အချိန်မှာ မနက် ၃ နာရီ ထိုးနေပြီ၊ မျက်လုံးတွေက ကျိန်းစပ်၊ မနက်စာတောင် မစားရသေးတဲ့ အဖြစ်မျိုး Video Editor တိုင်း ကြုံဖူးကြမှာပါ။ Clip တစ်ခုနဲ့ အသံ Sync ဖြစ်ဖို့အရေး နာရီနဲ့ချီကြာသွားတတ်သလို၊ ကိုယ့် Laptop ကလည်း Render လုပ်ရင်း "ငါ့ကို သနားပါဦး" ဆိုပြီး အော်ချင်နေပြီ။ အဲဒီအချိန်မှာမှ Client က "ညီလေးရေ... ဒီနေရာလေး တစ်ချက်လောက် ပြင်ပေးပါလား (One tiny change)" ဆိုပြီး လာပြောရင် အစကနေ ပြန် Render ရတဲ့ ခံစားချက်ကတော့ ရင်ကွဲတာထက် ပိုဆိုးတယ်ဗျာ။ 😂 Video Editor ဘဝဆိုတာ ဘေးကနေ "လုပ်စမ်းပါကွာ" ဆိုပြီး မြှောက်ပေးမယ့် လုပ်ဖော်ကိုင်ဖက်လည်း မရှိ၊ ခေါင်းပေါ်က စီးမိုးနေတဲ့ Boss လည်း မရှိဘဲ... ကိုယ်ရယ်၊ ကိုယ့် Laptop ရယ်၊ ပြီးတော့ "Good Luck ပါကွာ" ဆိုပြီး စိန်ခေါ်နေတဲ့ Raw Footage 200 GB လောက်ရယ်ပဲ ရှိတာပါ။ ဒါပေမဲ့လေ...ဒီအရာတွေကပဲ ကျွန်တော်တို့ကို တခြားဘယ်အရာကမှ မသင်ပေးနိုင်တဲ့ "သည်းခံနိုင်စွမ်း၊ တစ်စိုက်မတ်မတ် ကြိုးစားမှုနဲ့ အသေးစိတ် အာရုံစိုက်နိုင်စွမ်း (Attention to detail)" တွေကို သင်ပေးတာဗျ။ Chaos ဖြစ်နေတဲ့ အရာတွေကို Magic ဖြစ်သွားအောင် ဖန်တီးနိုင်တဲ့ စွမ်းရည်ကို ဒီလို Pressure တွေအောက်ကနေပဲ ရလာတာပဲဗျ။ 💀 🔥 ဒါကြောင့် ကိုယ့်လူက အခုချိန်ထိ Video Editing လုပ်ရင်း စိတ်မလေဘဲ၊ Motivated ဖြစ်နေသေးတယ်၊ Fire ဖြစ်တဲ့ Edit တွေ ဖန်တီးနိုင်နေသေးတယ်ဆိုရင်တော့... ကိုယ့်လူဟာ တကယ့်ကို လေးစားလောက်တဲ့သူမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါဗျာ။ ဆိုတော့... Video Editing က ထင်သလောက် မလွယ်ကူဘူးဆိုတာ လက်ခံတဲ့သူတွေ ရှိလား? ကိုယ့်လူတို့ရဲ့ Video Editing Survival Tips လေးတွေရှိရင်လည်း အောက်မှာ မျှဝေပေးခဲ့ကြပါဦးဗျ! ⚡️

Vote 150 လောက်ရှိပြီး comment နည်းနေတယ်ဗျ Comment မှာမန့်မှာရွေးလို့အဆင်ပြေမှာ ဆိုတော့ အကုန်ပြန်မန့်လိုအဆင်ပြေအောင် အပေါက Video ကိုအရင်ကြည့်ပြီးမှ ဘယ်သူ့ ကိုင်ထားတဲ့ edit လဲဆိုတာ YouTube video comment မှာမန့်ခဲ့ကြပါအုံးဗျ မနက်ဖြန်ညနေကျ 👑Winner ရွေးပါမယ်ခင်ဗျ Course Free Giveaway 1ခုပါပါမယ်ခင်ဗျ😘

အားလုံးပဲ မင်္ဂလာပါဗျာ... 😜 OMERA YouTube Channel လေး အခုဆိုရင် Subscriber 60,000 ပြည့်သွားပါပြီ!🥳 ဒါဟာ အားလုံးရဲ့ အားပေးမှုကြောင့်မို့လို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ CapCut + ကျွန်တော် Video Editing Course ကို Giveaway ပေးသွားဖို့ ရှိပါတယ်။🎆 ⭐️gw မှာပါ၀င်မို့ကတော့ အပေါက post အဖြေမှန်ရွေးယုံဘဲ ခင်ဗျ ကျန်တော်ရဲ့ ဒီနေ့ ညနေတင်မဲ့ video နဲ့ အဲ့ရှေ့က Video တပုဒ်ကို ဘယ်သူ Edit ထားတာလဲဆိုတာကို ပြောယုံပါဘဲခင်ဗျ အဖြေမှန်တဲ့သူတွေကတော့ 📌Ai + Tiktok Automation Course Phone Content Creation Course ကို 100k ကနေ 30k နဲ့ join ရပါမယ်ခင်ဗျ ဒီထက်ကြမ်းတဲ့ Gwကတော့ ညနေတင်မဲ့ 📌Capcut + Ai Video ကြည့်ပြီး လေ့ကျင့်လို့ရအောင် အဲထဲက 3ယောက်ကိုရွေးပြီးတော့ Capcut 1 month pro plan လေး Giveaway ပေးပါမယ်ခင်ဗျ 🎁

ကျန်တော် ခုလာမဲ့ YouTube video  နဲ့  အဲရှေ့က  Video ကို ဘယ်သူ edit လုပ်ထားတာလဲ?💎 Comment မှာကောရေးခဲ့ပေးကြပါခင်ဗျ 😀
Anonymous voting

Channel ဒါရိုက်စကားပြောမို့ အတွက် ဒီက လာပြောလို့ရတယ်ဗျ😂