Insights by Moe Thwe
الذهاب إلى القناة على Telegram
💰Helping young people turn skills into income. Messenger : http://m.me/insightsbymoethwe Telegram : @insights_by_moe_thwe
إظهار المزيد6 355
المشتركون
-624 ساعات
-27 أيام
+5330 أيام
أرشيف المشاركات
6 357
Hello ‼️ ညမအိပ်ခင်လေး Reflection လုပ်ကြရအောင်…
ဒီနေ့ Productive ဖြစ်ခဲ့လား ??
6 357
💞 သင် Self-study လုပ်ဖို့ Ready လုပ်ဖြစ်လား ?
Self-study ဆိုတာကြီးကို အချို့လူတွေက ထူးဆန်းထွေလာကြီးလို့ သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ self-study ဆိုတာက ငယ်ငယ်တုန်းက အိမ်စာလုပ်ရတာကလည်း self-study ပါပဲ။ သင်ယူမှုတစ်ခုကို မိမိကိုယ်တိုင် လေ့လာသင်ယူတာဟာ self-study ပါ။
အကြောင်းအရာတစ်ခုကို လေ့လာတဲ့အရာ အတန်းတက်တက် မတက်တက် မိမိကိုယ်တိုင် လေ့လာရတဲ့အချိန်တွေ လေ့ကျင့်ရတဲ့အချိန်တွေရှိပါတယ်။ ဒီနေ့ post မှာ “ Self-study လုပ်ဖို့ ready ဖြစ်ပြီလား ? “ checklist လေးကတော့ ပညာရပ်တစ်ခုကို အစအဆုံး အတန်းမတက်ဘဲ လေ့လာလိုသူတွေအတွက် ဖြစ်ပါတယ်။
ဒါပေမဲ့ အကယ်၍ သင်က English language ကို self-study လုပ်ပြီးလေ့လာချင်တယ်၊ ဒါပေမဲ့ Checklist ထဲက တစ်ခုခုနဲ့ ညှိစွန်းနေတယ်၊ Speaking & writing အားနည်းမှာ စိတ်ပူနေရင် BOUNCE က The New Way to English program လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Self-study လုပ်ပေးဖို့ လိုအပ်တဲ့ materials တွေကို Oxford Life Vision ကိုသုံးထားပြီး study methods လေးတွေကိုပါ တခါတည်းစီစဉ်ပေးထားပါသေးတယ်။ အကောင်းဆုံးကတော့ Speaking နဲ့ Writing ကို ဆရာမတွေက စစ်ပေးတဲ့အပြင့် feedback တွေပေးပြီး လိုအပ်တဲ့ support တွေလည်း ပေးဦးမှာပါ။ ဒါ့အပြင် အချိန်စီမံခန့်ခွဲဖို့သေချာစီစဉ်ပေးထားတဲ့အပြင် progress test တွေ အိမ်စာသေချာလုပ်တဲ့သူတွေအတွက်လဲ Extra Practice လေးတွေ ဖန်တီးပေးထားပါတယ်။
🌸ဒီ Post လေးရဲ့ Screenshot နဲ့ အတန်းအပ်မယ်ဆိုရင် Level တစ်ခုလုံးစာ 6 လအပြတ် program ကို ပုံမှန် 180000 ကျပ်ကို တခါတည်းသွင်းရပေမဲ့ Instalment plan (ငွေခွဲသွင်းနိုင်ခြင်း) + 10 % Discount လေးရှိပါတယ်။
အသေးစိတ် - https://www.facebook.com/share/v/uvr4voZtB8pdSo3C/?mibextid=WC7FNe
‼️ Self-study Checklist လေးစစ်ပြီး ဘယ်နှမှတ်ရလဲဆိုတာ comment မန့်ခဲ့နော် 💜
Please follow me 💜
Telegram: https://t.me/mindingmy20s
Viber: https://invite.viber.com/?g2=AQBn4LVPCZfsX1L%2BvE97Krbm5jOfxC4T3Rc1i%2FOpWSAnnE71pZNQ42f5nFjlHyVM
TikTok: https://www.tiktok.com/@mindingmy_20s?_t=8nUK5HXFlAe&_r=1
YouTube: https://youtube.com/@outsmart_your_day_with_mmt?si=AMbzZ7mcpkV2WT7D
#mindingmy20s
6 357
Hello 💜 အကူအညီလေးတစ်ခုတောင်းမယ်နော်။ page လေးကို သေချာလေး branding လေးပြီး စာလေးတွေ vlog video လေးတွေ create လုပ်တော့မှာမလို့ - page လေးကို သဘောကျတယ်ဆိုရင် recommend လေးလုပ်ပေးပါဦး။
Spoiler -
- စာအတူတူလုပ်ဖို့ community လေးတစ်ခုဖန်တီးမယ်
- study with me vlog လေးတွေ လာပါမည်။
6 357
Professional ကျကျ အလုပ်လျှောက်ကြမယ် 💼
ပြည်တွင်းမှာဘဲ အလုပ်ရှာရှာ၊ ပြည်ပ အလုပ်ဘဲရှာရှာ သေချာတာကတော့ အများစုကတော့ email ပို့ပြီးလျှောက်ကြရပါတယ်။ CV တို့ Resume တို့ cover letter တို့ကိုလဲ လိုအပ်ရင် လိုအပ်သလို employer ဘက်က တောင်းတဲ့အတိုင်းပြင်ဆင်ရတာမျိုးလေးတွေရှိပါတယ်။
မိမိမှာ ဘယ်လို qualification ဘဲရှိရှိ ဘာဘွဲ့ဘဲရှိရှိ နှစ်သက်ဘယ်နှနှစ်ဘဲရှိရှိ ကိုယ့် email ပို့တဲ့ပုံစံ၊ email မှာ တွဲပို့ရမဲ့ CV / Resume / Portfolio နဲ့ Cover letter က ကိုယ့်ရဲ့ first impression ပါဘဲ။
အလုပ်ရှင်ဘက်ကနေ စဉ်းစားကြည့်မယ်ဆိုရင် - first impression လေးတောင် ကောင်းအောင်သေချာမလုပ်နိုင်တာ၊ ကျန်တာတော့ ဘယ်လိုဆက်ယုံရမလဲ - ဆိုပြီးမြင်နိုင်ပါတယ်။
ဒါကြောင့် လူတိုင်းအတွက် အရေးကြီးဆုံးဖြစ်တဲ့ job application အတွက် email ပို့တာရယ်၊ first interview အတွက် အသုံးဝင်မဲ့ tips လေးတွေ share ပေးပါမယ်ရှင့်။
1. သေသပ်သော email တစ်ခု။ 🤗
Email တစ်ခုမှာ subject ရယ်၊ တွဲပို့ရမဲ့ files တွေရယ်၊ နှုတ်ဆက်တာနဲ့ နိဂုံးချူပ်တာရယ် ဆိုပြီး ဒီအပိုင်းလေးတွေ သေချာရေးပေးပါ။
📍 Subject မှာဆိုရင် မိမိပို့တဲ့အကြောင်းအရာရေးရမှာပေါ့။
ဥပမာအနေနဲ့ဆိုရင် -
1. Application for [Job Title] – [Your Name]
2. Scholarship Application Submission: [Scholarship Name] – [Your Name]”
( ChatGPT ကိုရေးခိုင်းတဲ့သူတွေကလေ တခါတလေ subject နေရာမှာကဘာမှ အရေးဘဲ Body နေရာမှာကျ subject: blah blah blah ဆိုပြီးပို့ပေးတာဟာ အရမ်းရုပ်ပေါက်ပါတယ်။ )
📍Body မှာဆိုရင် Intro အရင်လုပ်မယ်၊ မိမိပို့ရတဲ့ အကြောင်းပြချက်ရေးမယ်၊ ပြီးရင် signing off လုပ်မယ်။ ဒါက အခြေခံပါ။ လိုအပ်ချက်အရ ထပ်ပေးရမဲ့ info တွေ job posting မှာဖတ်နော်။
Examples လေးတွေ ကြည့်ကြည့်ရအောင် -
❌ pls kindly check my CV
☑️ Dear [Hiring Manager’s Name],
I am writing to express my interest in the [Job Title] position at [Company Name] as advertised on [where you found the job posting]. With a background in [your field/industry] and [X years] of experience in [mention relevant skills or experiences], I am excited about the opportunity to contribute to your team.
In my previous role at [Previous Company Name], I successfully [mention a key accomplishment or responsibility that relates to the new position]. I am confident that my skills in [relevant skills or qualifications] make me a strong fit for this role.
I have attached my resume for your review and would be grateful for the chance to discuss how my background aligns with your needs. Thank you very much for considering my application.
Best regards,
[Your Full Name]
[Your Contact Information]
[LinkedIn Profile or Other Relevant Link, if applicable]
2. Attach ရမဲ့ Files တွေ - CV / RESUME / Cover Letter / Required Doc
အကုန် ရှိသမျှ ပေးပို့စရာမလိုပါဘူးရှင့်။ တောင်းတာလေးဘဲပို့ပေးရင် ရပါတယ်။
CV နဲ့ Resume ကလဲ တူသလိုလိုနဲ့ မတူပါဘူးရှင်။
CV = comprehensive
resume = concise and targeted.
CV ကို academic အတွက်သုံးကြလေ့ရှိပြီး Resume က အလုပ်အတွက် သုံးကြလေ့ရှိပါတယ်။
CV (Curriculum Vitae) မှာက ကျောင်းတက်ခဲ့တဲ့ history အကြောင်းရယ်၊ အလုပ် history အကြောင်း ပြည့်ပြည့်စုံစုံရေးလေ့ရှိပါတယ်။
Resume ကတော့ မိမိလျှောက်မဲ့အလုပ်ပေါ်မူတည်ပြီး တိကျဆက်စပ်တဲ့ အကြောင်းအရာကို အသေးစိတ်ရေးတာပါ။ ဥပမာ - ဘယ်မှာ - ဘယ်ရာထူးနဲ့ - ဘာတွေလုပ်ခဲ့တယ်ဆိုတာပေါ့။
CV တို့ Resume တို့မှာ ပုံထည့်ရင်
❌ selfie အလှပုံ၊ effect တို့ sticker ပါတာတို့ မသေမသပ်ရိုက်ထားတာတွေ မထည့်ပါနဲ့နော်။
✅ မျက်နှာသေချာမြင်ရပြီး ကြည်လင်သပ်သပ်ရပ်ရပ်ဖြစ်တဲ့ပုံလေးထည့်ပါ။
Final tips ကတော့ မိမိအသုံးပြုမဲ့နေရာပေါ်မူတည်ပြီး ပြင်ပါ။ ဘယ်ဟာကို Highlight လုပ်သင့်တာလဲဆိုတာကိုသေချာစဉ်းစားပြင်ဆင်ပါ။
🥹 spelling အမှားမရှိအောင်လဲ ပြန်စစ်ကြနော်။
3. Interview 🗣️
✅ လုံးဝနောက်မကျစေပါနဲ့။ နောက်ကျတာဟာ ကိုယ့်ကို အထင်သေးစေပါတယ်။
✅ Online ကနေ interview တာဆိုရင် ကိုယ်က အလည်တည့်တည့်မှာနေပြီး၊ background ရှုပ်နေရင် ပုံပြောင်းထားတာမျိုးလုပ်ပါ။
✅ Job Description သေချာဖတ်ပါ။ ကိုယ်သေချာပြင်ဆင်ထားကြောင်းပြသဖို့။
✅ သူတို့ဘက်ကို မေးစရာကြိုပြင်ထားပါ။ ဥပမာ - policy တွေ၊ လစာကိစ္စ တွေ၊ စာချုပ်ကာလတို့ အဲ့တာလေးတွေသေချာသိအောင်မေးပါ။
အခြေခံကျတာလေးတွေဆိုပေမဲ့ မသိသေးတဲ့သူလေးတွေအတွက် အကျိုးရှိမယ်မျှော်လင့်ပါတယ်။
@mindingmy20s
6 357
ဒီနေ့မှာတော့ ကျက်လိုက် မေ့လိုက် ဖြစ်နေတဲ့ vocabulary ကို မှတ်မိသွားအောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့ နည်းလေးပြောပြပေးချင်ပါတယ်🫶
အရင်တုန်းကဆိုရင် ကျွန်မက vocabulary ကို ပုံမှာပြထားတဲ့ အတိုင်းပဲ စကားလုံးတစ်လုံးရဲ့ collocationတွေ example sentence တွေ စာအုပ်ထဲမှာချရေးလေ့ရှိပါတယ်။
ဒါပေမယ့်လည်း အဲ့လို ချရေးထားတဲ့ note ကို ပြန်ဖတ်မယ်ဆိုတိုင်း အပျင်းကြီးပြီး မဖတ်ဖြစ်ပါဘူး ကြည့်ရတာကလည်း စာတွေက ပြုံပြီး များနေတော့ ဖတ်ချင်စိတ်ကလည်း ရှိမနေတော့ဘူးလေ ဆိုတော့ vocabularyကျက်နည်းကို ပြောင်းသင့်ပြီဆိုတာ သတိထားမိလာတယ်။
ခုချိန်မှာတော့ English စာကို intensively လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ်နဲ့ အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ စာလုပ်ဖို့လိုလာပါပြီ အဲ့တော့ ကျွန်မ notebook နဲ့ vocabulary မှတ်မယ့်အစား flash cards ကိုပဲ သုံးလာတော့ပါတယ်။
✅ ဆိုတော့ flash cards နဲ့ ဘယ်လိုစာလုပ်ရမလဲဆိုတာ ပြောပြသွားပါမယ်။
✍️ flash card ကို စာရွက်တွေ ညှပ်ပြီး လုပ်လို့ရသလို Anki တို့လိုမျိုး software တွေ website တွေမှာလည်း cards တွေ ဖန်တီးလို့ရပါတယ် ( online shop တွေမှာ flash cards လိုမျိုး သုံးလို့ရမယ့် စာရွက်အထူသားကဒ်လေးတွေ ၀ယ်လို့ရပါတယ် ။ကျွန်မကတော့ လွယ်လွယ်ကူကူ A4 စာရွက်ကိုပဲ အပိုင်းပိုင်းညှပ်ပြီးတော့ ကဒ်လေးတွေ ဖန်တီးလိုက်ပါတယ် ။ )
✍️Vocabulary မှတ်တဲ့အခါမှာ ကိုယ်မှတ်မိချင်တဲ့ အသုံးအနှုန်းကို ရှေ့တစ်မျက်နှာမှာ ရေးထားပီး နောက်တစ်မျက်နှာမှာတော့ သူ့ရဲ့ definition ကိုရေးပါတယ် စာလုပ်တဲ့အခါမှာ ကဒ်တစ်ကဒ်ကို ဆွဲထုတ်လိုက်ပြီး အဲ့ words ကို ကြည့်ပြီး definition ကို စဉ်းစားတယ်၊ သူ့ရဲ့ collocationတွေ usage တွေကို စဉ်းစားပြီး example sentence တွေကို တည်ဆောက်ပါတယ် အနောက်စာမျက်နှာမှာ ရေးထားတဲ့ definition က တကယ်လို့ အရှေ့က words ကို မေ့နေတဲ့အခါမှာ ကြည့်ဖို့ဖြစ်ပါတယ်။
✍️ Flash cards တွေကို ကိုယ်ကြိုက်သလို organized လုပ်ပြီး ထပ်ခါတလဲလဲ ပြန်ကြည့်လို့ရပါတယ် ကျွန်မကတော့ cards တစ်စုမှာ ပိုင်နိုင်သွားတဲ့ cards တွေကို နောက်ဆုံးမှာ ပို့လိုက်ပြီး ပြန်ကြည့်ဖို့ လိုနေတဲ့ cards တွေကိုတော့ ကဒ်အစုရဲ့အလယ်မှာ ပြန်ထားလိုက်ပါတယ် အဲ့နည်းနဲ့ပဲ ကိုယ်မရသေးတဲ့ cards တွေက ရှေ့ကို ခနခန ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။
🫶 တကယ်လို့ ကိုယ်က English vocabulary ကို ကျက်ရတာ ရှေ့ကျက်နောက်မေ့ ဖြစ်နေတယ်ဆိုရင် ဒီနည်းလေးကို စမ်းကြည့်သင့်ပါတယ်။
အကယ်၍မိမိက Flashcard လေးတွေ create လုပ်ပေးထားတယ်၊ တကယ်လဲ ထိရောက်မဲ့ English Speaking Class ရှာနေတယ်ဆိုရင်တော့ Minding my 20s ရဲ့ creator ကိုယ်တိုင်ဖွင့်ထားတဲ့ အတန်းလေးအကြောင်း ဒီမှာလေ့လာပါရှင်။
https://t.me/bounceeducationcentre/281
နောက်ကျလဲ ဒီလိုအကျိုးရှိတဲ့ content တွေဖတ်ချင်ရင် Minding My 20s ကို follow ထားနော်။
#mindingmy20s
6 357
🫶 Minding My 20s ကတင်တာတွေကို လက်တွေ့အသုံးချတဲ့သူတွေရှိလား ?
6 357
🎉 Networking Event Announcement 🎉
(deadline - 23.10.2024 - 7:00pm) မို့မြန်မြန်လေးသာ register နော် 🫶
သင့်က Comfort Zone ကနေထွက်ပြီး မိမိ network ကိုချဲ့ချင်တဲ့သူလား ! မိမိမှာ ရှိတဲ့ skills တွေ business တွေကိုရော marketing ဆင်းချင်သူလား ?
ကဲ ဒါဆိုရင်တော့ သင့်အတွက် လက်မလွှတ်သင့်တဲ့ အခွင့်ရေးကြီးလာပါပြီ 💜
လူတိုင်းပါဝင်နိုင်အောင် စီစဉ်ထားတဲ့ ဒီ Online Networking Event ကြီးမှာ ဘယ်တွေ ပါဝင်မလဲကြည့်ရအောင် 📍
✅ webinars ပေါင်း 8 ပွဲနဲ့ ဖန်တီးထားတဲ့ Unlock Your Potential Challenge မ join နိုင်ခဲ့သူတွေအတွက် knowledge sharing ပြန်လုပ်ပေးသွားမဲ့ အစီအစဉ်၊
✅ အခြားသူတွေက ကိုယ်ဘယ်သူလဲ ? ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ? ဆိုတာကို သိသွားအောင် marketing ဆင်းနိုင်မဲ့ အခွင့်အရေး၊
✅ Bounce မှာပေးနေတဲ့ Job Opportunity တွေကို အမိအရယူနိုင်မဲ့ အခွင်းအရေး၊
✅ Unlock Your Potential Challenge ရဲ့ Winner တွေကို ဆုချီးမြှင့်မည့် အစီအစဉ်၊
✅ Game တွေဆော့ရင်း သူငယ်ချင်းတွေတိုးမဲ့အပြင် webinar 8 ပွဲမှာ Speaker 9 ဦးပြောကြားတဲ့အပေါ် မူတည်ပြီး ဆွဲထားတဲ့ Action Plan တွေစီစဉ်ပေးတားတာမလို့ ကိုယ့်ကိုယ်ကိုupgrade လုပ်နိုင်မဲ့ အခွင့်အရေး တွေကို အမိအရ ဖမ်းယူချင်ပါက
ဒီ Form လေးကို register လုပ်ထားတော့နော် 💜
https://docs.google.com/forms/d/e/1FAIpQLSemckcNGWd1r6uPXjclSSBhBIEVftW2elmCkQOPivI3TCGCOg/viewform
ဟေ့ တိတ်တိတ်လေး တစ်ယောက်တည်း ပွဲလာတက်မလို့လား ? သူငယ်ချင်းတွေပါ အပါခေါ်ခဲ့နော် 🥂
#bounceec #UnlockYourPotential
6 357
“ ငါက ဒီအလုပ်ကို တကယ်ရော လုပ်ချင်တာဟုတ်ရဲ့လား”လို့ ခဏခဏ စိတ်ထင့်ဖူးလား ‼️
Forage ဆိုတဲ့ company တစ်ခုဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် career တစ်ခုကို ရွေးချယ်မယ်ဆိုရင် ဘယ်လိုအလုပ်တွေလုပ်ရပါမယ်ဆိုပြီး Tasks တွေလုပ်ခိုင်းတဲ့ Job Stimulation Platform ပါ။
သူရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေကို တကယ့် company တွေက ခိုင်းတဲ့ Tasks တွေလုပ်ရင်း motivated ဖြစ်စေချင်တာပါ။
ဒါပေမဲ့ ကျွန်မကတော့ အခြား ရည်ရွယ်ချက်နဲ့ ပြောင်းသုံးလိုက်တယ်။
ငါ ဒီ career ကိုရွေးရင် ဘာတွေလုပ်ရမှာလဲ ? ငါစိတ်ဝင်စားတဲ့ အရာဟုတ်ရဲ့လား? ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေရပြီး tasks တွေလုပ်ကြည့်တယ်။ နောက်တစ်ခုက “ငါသာ ဒီ career ကိုရွေးတော့မယ်ဆိုရင် လေ့လာရမဲ့ အရေးကြီးဆုံးအရာတွေကဘာလဲ” ဆိုတာ သိအောင် tasks တွေလုပ်ကြည့်တယ်။
ဥပမာ ဒီ Job Stimulation ကို လုပ်ရင်းသိလိုက်တာက business ကို run မယ်ဆိုရင် cash flow နားလည်ရမယ်၊ pricing သက်မှတ်တတ်ရမယ်။ competitor တွေ အကြောင်း နားလည်ရမယ်။ Market research လုပ်တတ်ရမယ်ဆိုတာ နားလည်သွားတယ်။
ကျွန်မလိုဘဲ career တစ်ခုရွေးရင် ဘယ်လိုရှိလဲဆိုတာ သိချင်တဲ့သူတွေအတွက် အဲ့ website လေးကို သုံးကြည့်ဖို့ recommend ပေးပါတယ်ရှင်။
Website Link လေးကို comment မှာ ချထားပေးမယ်နော်။
Please follow me 💜
Telegram: https://t.me/mindingmy20s
Viber: https://invite.viber.com/?g2=AQBn4LVPCZfsX1L%2BvE97Krbm5jOfxC4T3Rc1i%2FOpWSAnnE71pZNQ42f5nFjlHyVM
TikTok: https://www.tiktok.com/@mindingmy_20s?_t=8nUK5HXFlAe&_r=1
YouTube: https://youtube.com/@outsmart_your_day_with_mmt?si=AMbzZ7mcpkV2WT7D
( စာကို ကူးယူပြီးပြတင်ခွင့်မပြုပါ။ )
6 357
English Language လေ့လာနေသူများအတွက် post collection ‼️
Hello 💜 ဒီ post လေးမှာတော့ English learners တွေအတွက် methods တွေ tips တွေ tricks ကောင်းကောင်းလေးတွေ sharing လုပ်ပေးထားတဲ့ posts တွေကို စုထားပေးတာဖြစ်ပါတယ်။
Speaking 🙌
English Speaking ပြောထွက်အောင် လေ့ကျင့်နည်း (၄) နည်း ✅
https://m.facebook.com/story.php?story_fbid=pfbid0ThVnTQndvdEn4irwU1fPzVaztCL3Y5qLLdjp7R9nLyydvfMEnMiAVW9YqBxM4kX4l&id=100094764983574&mibextid=WC7FNe
ChatGPT နဲ့ Speaking ဘယ်လိုကျင့်ကြမလဲ ? ✅
https://www.facebook.com/share/v/zuY6AsRmi5y6Vyyh/?mibextid=WC7FNe
Speaking ကျင့်ဖို့ Website ကောင်းလေး တစ်ခု ✅
https://www.facebook.com/share/p/Q8hqhbFMb8C129L8/?mibextid=WC7FNe
Speaking အတွက် Resources ပေါင်းချုပ် ✅
https://www.facebook.com/share/p/LGuUHaFJTMBHtUeq/?mibextid=WC7FNe
Resources for all 🙌
English စာကို YouTube တစ်ခုတည်းနဲ့ ဘယ်လိုလေ့လာကြမလဲ ✅
https://m.facebook.com/story.php?story_fbid=pfbid02aeUtyGVx1ynnc5KoaucbF9VNWrNv6x9CWiK22qkthZiTL4BkLXUtVmbDXBekFEnBl&id=100094764983574&mibextid=WC7FNe
ဘယ် resources ကိုရွေးပြီး စာလုပ်ရမလဲ ✅
https://www.facebook.com/share/p/LRkUA8rGtn3oHH2q/?mibextid=WC7FNe
မိမိလိုချင်တဲ့ စာအုပ်တွေကို ဘယ်မှာ ဘယ်လိုရှာကြမလဲ ✅
https://www.facebook.com/share/v/NMtEkXUgNvuxh3LN/?mibextid=WC7FNe
English Speaking, Listening နှင့် Vocabulary အတွက် Cake ✅
https://m.facebook.com/story.php?story_fbid=pfbid028m4WAzQNnpabXh2UK15FynvWDbGfy31CyixoiuX1C5NJP1F6dByr2RkiF31Jwo9wl&id=100094764983574&mibextid=WC7FNe
Basic to Intermediate အတွက် YouTube Channel များ ✅
https://m.facebook.com/story.php?story_fbid=pfbid0WfPnzQjuBQ7HtW6X7N4pcniPn4AFMDLiYaRa2cHHziWSDrgKPge4v3gXkeT86iwEl&id=100094764983574&mibextid=WC7FNe
Overall Study Method 🙌
Intermediate နှင့်အထက် အတွက် အထိရောက်ဆုံး စာလုပ်နည်း ✅
https://www.facebook.com/share/p/K8r12RaC8Hbkz8ZF/?mibextid=WC7FNe
Intermediate တောင်ကို ဘယ်လိုကျော်ကြမလဲ? ✅
https://m.facebook.com/story.php?story_fbid=pfbid0Y64mmq5HxMSaRdvh8wVpWrgAsUvSjBRs1Vpyefyp8LpXyrrTF2Qf9cbBKUtqKk8Zl&id=100094764983574&mibextid=WC7FNe
Grammar တွေဖြေတိုင်းလွဲဖြစ်နေရင် ✅
https://www.facebook.com/share/p/m3k93PHLfu7aC26y/?mibextid=WC7FNe
Vocab တွေ ရှေ့ကျက် နောက်မေ့မဖြစ်အောင် ✅
https://www.facebook.com/share/p/p68o2wozGFCYf9L5/?mibextid=WC7FNe
စာလုပ်ဖို့ပျင်းနေရင် ဒီနည်းလေးသုံးကြနော် ✅
https://m.facebook.com/story.php?story_fbid=pfbid0irkKR6AAECNyHVkmH1TK2TqHGAe2pwjFWK5WZK25nEhb6FjiyxktE3qznPWwsGfAl&id=100094764983574&mibextid=WC7FNe
Game လေးတွေဆော့ပြီး စာလုပ်မယ် ✅
https://www.facebook.com/share/p/wmPxtHYCTnxC9M1P/?mibextid=WC7FNe
English စာလေ့လာဖို့ အသက်ကြီးသွားမျိုးမရှိပါဘူး ✅ ( English Learning Journey)
https://www.facebook.com/share/p/32QA8j63BfBC4UN8/?mibextid=WC7FNe
ထိထိရောက်ရောက်စာလုပ်နည်းလေးများ ✅
https://www.facebook.com/share/p/ywT69ZXhU2LJn1qA/?mibextid=WC7FNe
စာစလုပ်ချင်စိတ်မရှိဘူးလား ? ✅
https://www.facebook.com/share/p/jDCB1DbVP2HW17c5/?mibextid=WC7FNe
Please follow me 💜
Telegram: https://t.me/mindingmy20s
Viber: https://invite.viber.com/?g2=AQBn4LVPCZfsX1L%2BvE97Krbm5jOfxC4T3Rc1i%2FOpWSAnnE71pZNQ42f5nFjlHyVM
TikTok: https://www.tiktok.com/@mindingmy_20s?_t=8nUK5HXFlAe&_r=1
YouTube: https://youtube.com/@outsmart_your_day_with_mmt?si=AMbzZ7mcpkV2WT7D
6 357
📣 တကယ့်လက်တွေ့ဘဝမှာ အောင်မြင်နေတဲ့သူတွေရဲ့ လမ်းညွှန်ပြသမှုကိုလိုချင်နေတဲ့သူတွေရှိလား 🔔💜
ကဲ ဒါဆို သင့်အတွက် အခွင့်အရေးအကြီးကြီး လာပြီနော်။
Minding My 20s ရဲ့ Media Partner ဖြစ်တဲ့ Bounce - Education Centre ကနေ ထပ်မံဖန်တီးပေးလိုက်တဲ့ “Unlock Your Potential: Webinar Series Challenge” လေးက လက်ရှိလူငယ်တွေ အလိုအပ်ဆုံးဖြစ်နေတဲ့ ကွက်လပ်လေးတွေ ဖြည့်ပေးဖို့ တစ်လတိုင်တိုင် တကယ့် career လမ်းကြောင်းတစ်ခုမှာ အောင်မြင်နေတဲ့သူတွေနဲ့ ပြုလုပ်သွားမဲ့ webinar series လေးဖြစ်ပါတယ်။
😟 ဘယ်လိုလုပ်မှာလဲ ? အချိန်ကရော ?
Zoom ကနေတစ်ဆင့် ရှယ် Guest Speaker တွေဖိတ်ပြီး discussion ပုံစံပြုလုပ်ပေးမှာပါ။ Guest Speaker တွေရဲ့ professional field ပေါ်မူတည်ပြီး Topic တွေကို စုံနေအောင်စီစဉ်ထားပါတယ်။ Q&A လေးကတော့ မပါမဖြစ်ပေါ့။ Speaker 8 ဦးနဲ့ တစ်လအတွင်း webinar ပေါင်း 8 ပွဲတောင်လုပ်ပေးမှာပါ။
speaker တစ်ဦးကို တစ်နာရီကျော် ဝန်းကျင်နှုန်းနဲ့ တစ်ရက်ကို Speaker တစ်ဦးဖြစ်ပါတယ်။
အချိန်နဲ့နေ့ရက်က Guest Speaker တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ညပိုင်းတွေကြည့်ဘဲ စီစဉ်ပေးထားပါတယ်။ အကယ်၍များ တစ်ရက်တစ်လေမအားလို့ မတက််နိုင်မှာ စိတ်မပူနဲ့နော်၊ Bounce က အဲ့အတွက်လဲ စီစဉ်ပေးထားပါသေးတယ်။
🧐 Speaker တွေကရော ဘယ်သူတွေလဲ ?
Speaker တွေက ဘယ်သူလဲမဖြေခင်၊ ဒါလေး အရင်ဖြေကြည့်…
သင်က အခုလက်ရှိမှာ ဒီလိုလေးတွေ တွေးနေလား ⁉️
Career တစ်ခုကို ခြေလှမ်းစချင်တယ် ဘယ်လိုစရမလဲ ? အစတော့ပြုပြီးပါပြီ ဘယ်လိုဆက်လှမ်းရမလဲ ?
Business တစ်ခုစချင်တယ် ဘယ်လိုစရမလဲ ဘာတွေသိထားဖို့လိုမလဲ ? အလုပ်လိုချင်လိုက်တာ ဘာ skillset တွေကို ဘယ်လိုဖြည့်ရမလဲမသိဘူး ?
ဒါတွေသိချင်နေတဲ့သူဆိုရင်တော့ Speaker ကဘယ်သူတွေလဲ မစဉ်းစားနဲ့ ချက်ချင်းဘဲ register လုပ်လိုက်တော့ 💜
🫣ဘယ်လို Challenge လဲ ? ရိုးရိုး webinar series မဟုတ်ဘူးလား ?
Bounce ရဲ့ challenges တွေကို join ဖူးတဲ့သူတိုင်းသိမှာပါ။ ဒီတိုင်းလေး register လုပ်ရုံနဲ့မရဘူးနော်။ register လုပ်သူတိုင်းကို code ချပေးမယ်။ Webinar တိုင်း လာမလာ စစ်မယ်။
( စစ်မဲ့နည်းလေးက secret နော်၊ register လုပ်သူတွေကို သီးသန့်ပြန်ရှင်းပြပေးမယ်။)
😅 ဟမ် ဒါဆို သေချာတက်တော့ရော ဘာရမှာလဲ !
သေချာပေါက် တန်ဖိုးရှိတဲ့ လမ်းညွှန်ပြသမှုတွေရမှာပေါ့။ ထုံစံအတိုင်း challenge winner တွေကလဲ organization အသီးသီးကပေးတဲ့ ဆုတွေရဦးမှာနော်။
ဒီတစ်ခါက English Language Enrichment Challenge မဟုတ်ဘဲ Professional / Personal Development ပိုင်းဆိုတော့ Reward ဆန်းဆန်းလေးတွေပါမှာနော်။
😔 Fee ကရော ဘယ်လောက်လဲ ? ဘယ်လို Register ရမလဲ ?
သေချာပေါ့ အခမဲ့ပေါ့ 😚 Register လုပ်ဖို့ကတော့ Bounce ရဲ့ Telegram Channel လေးမှာ Google Form လေးတင်ထားပေးမှာပါ။
Telegram Link :
https://t.me/bounceeducationcentre
Deadline က October 2 ရက်နေ့မလ်ို့ အခုဘဲ Register လုပ်ထားနော်။
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
