ar
Feedback
Moe Thwe _ Marketing

Moe Thwe _ Marketing

قناة بسيطة

တကယ်အလုပ်ဖြစ်ပြီးသား Marketing နည်းလမ်းများကို လက်တွေ့ချက်ချင်းအသုံးချလိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ပါတယ်။ Messenger : https://m.me/MoeThweMarketing Telegram : @MoeThwe_MarketingDM

إظهار المزيد
6 292
المشتركون
-424 ساعات
+37 أيام
-7130 أيام
أرشيف المشاركات
အလုပ်ခေါ်စာ 📷👤 Remote In-House Social Media Video Creator အိမ်မှာဘဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာလုပ်လို့ရမဲ့ video content creator role လေးလျှောက်လို့ရပါပြီ။ လိုချင်တဲ့ sample လေးတွေရှိပြီးသားပါ။ များသောအားဖြင့် ပေါ့ပေါ့ပါးပါး short video တွေ၊ educational formal video တွေရိုက်ရပါမယ်။ Tiktok မှာ ကစရာမလိုပါဘူး 🤗 အစမ်းခန့်ကာလမှာစစချင်းမှာ 👇 Sample ပို့ပေးထားတဲ့ video ပုံစံ၊ ရိုက်စေချင်တဲ့ style နဲ့ draft script ကို brief ကိုကြည့်ရိုက်ပြီး တခါတည်း edit ပေးရပါမယ်။ minimal edit မလို့ video editing skill က tools တွေနဲ့ရင်းနှီးရင်ရပါပြီ။ Capcut Pro လဲဝယ်ပေးထားမှာပါ။ social media marketing ကိုလဲ training ပေးသွားမှာဖြစ်ပါတယ်။ Long term ခန့်ပြီးရင်တော့ 👇 လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ camera ( DJI )နဲ့ အခြားပစ္စည်းတွေနဲ့ support ပေးမှာပါ။ Founder နဲ့အတူတူ content marketing idea တွေ brainstorm တွေ ကိုယ်တိုင် အစအဆုံး content creation ပိုင်း တာဝန်ယူရပါမယ်။ လိုအပ်ချက် 📍 ⁃ တစ်ရက် ၆ နာရီ၊ တစ်ပတ် ၅ ရက်လုပ်ရပါမယ်။ ( KPI နဲ့ posted video amount နဲ့ကြည့်ပါမယ်) ⁃ Video editing skills ⁃ Creativity ⁃ Social media marketing က်ို စိတ်ဝင်စားရပါမယ်။ ⁃ Attention grabbing hooks တွေနဲ့ engagement အကြောင်းနားလည်ရပါမယ်။ လစာ 📍 အခြေခံလစာ + bonus based on leads ( expected base salary ကို form ထဲမှာ အတိအကျထည့်ပေးပါ) ဘယ်လိုလျှောက်ရမလဲ 📍 1. Form အရင်ဖြည့်ပါ၊ sample video မဖြစ်မနေပါရမည်။ https://forms.gle/YRucqx4eRE2g9jwVA 1. ပထမအဆင့်အရွေးခံရပြီးရင် Final Interview stage ပါ။ interview က email က ပို့မှာမလို့ mail စစ်ကြနော်။

အသက် ၂၀ ကျော်တဲ့သူတိုင်း သိသင့်တဲ့အချက် (၅)ချက် 1. တကယ့်သူဌေးက ပိုက်ဆံကို ကြွားဖို့မဖြုန်းဘူး။ ပိုက်ဆံကို ဘယ်လိုပွားမလဲ၊ ဘယ်လိုရင်းမလဲဆိုတာပဲ ခေါင်းထဲထည့်ထားကြတာ။ 2. စာရွက်ပေါ်ကအမှတ်ထက် Skill ရှိဖို့က အဓိကဘဲ။စာမေးပွဲအောင်ရုံနဲ့ မပြီးဘူး။ လူတွေနဲ့ ပြောဆိုဆက်ဆံတတ်လား၊ ဦးဆောင်နိုင်လား၊ ပြဿနာရှင်းနိုင်လား? အဲ့ဒါတွေက အမှတ်တွေထက် ပိုတန်ဖိုးရှိတယ်။ 3. သူများဆီမှာပဲ တစ်သက်လုံး အလုပ်မလုပ်နဲ့။ လစာစား ဝန်ထမ်းစိတ်ကို ဖျောက်။ ကိုယ်အိပ်နေရင်တောင် ပိုက်ဆံဝင်မယ့် Business မျိုး၊ Asset မျိုး ပိုင်ဆိုင်အောင် ကြိုးစား။ 4. ဝင်ငွေရတာနဲ့ အကုန်ပစ်မသုံးနဲ့။ Budget ဆွဲ၊ စု၊ ရင်းနှီးမြှုပ်နှံ။ Financial Literacy မရှိရင် ရှာသမျှ သဲထဲရေသွန်ပဲ ဖြစ်နေလိမ့်မယ်။ 5. ငယ်တုန်းမှာ များများမှားကြည့်၊ များများရှုံးကြည့်။ အဲ့ဒီအရှုံးတွေကနေ သင်ခန်းစာယူပြီး ပြန်ထလာနိုင်တာကမှ တကယ့်အစွမ်းအစပဲ။

2026 အတွက် တစ်နှစ်လုံးစာ ဇယားကွက်ပါ။
2026 အတွက် တစ်နှစ်လုံးစာ ဇယားကွက်ပါ။

2026 ကို vision board ဘဲဆွဲမဲ့အစား ဒီနည်းလေးအတူကြိုတင်ပြင်ဆင်လိုက်ရအောင် 💜

Hello, မြန်မြန်ဆန်ဆန် တစ်ပတ်အတွင်း project လုပ်ဖို့ရှိလို့ Freelance လေးခေါ်မယ်နော်။ English Language Teaching Experience ရှိပြီး ပေးထားတဲ့ materials ( exercises ) တွေကို modify လေးလုပ်ပေးရမှာပါ။ Exercise ပေါင်း ၃၀၀ ကျော်​လောက်ပါ။ lesson တစ်ခုလုံးမဟုတ်ဘူး။ Instruction သေချာ​ရေးတတ်ပြီး documentation ရှင်းရှင်းလေးလုပ်တတ်ရင် ရပါပြီ။ လုပ်ပြီးသား exercise အကြမ်း draft ထားတာကို လိုတာထပ်ဖြည့်ပြီး system ကျကျ​လေးရှင်းဖို့လိုလိုပါ။ စိတ်ဝင်စားရင် - background experience - 1 ပတ်အတွင်းပြီးနိုင်လား ? - project တစ်ခုလုံးစာအတွက် fee ဘယ်​လောက်ယူချင်လဲ ဆိုတာ​လေး အ​သေးစိတ်ပို့ထား​ပေး​နော် ✨ Telegram - @moethwe

US နဲ့ Europe ကို အ​ရောက်ပို့​ပေးခဲ့တဲ့ business ✨ အဲ့တုန်းက Business plan ဆိုတာ​တောင်မသိဘဲ လျှောက်လုပ်ခဲ့တာ​တောင် ဒီလို result လေးရတာမလို့ လူငယ်တစ်​ယောက်အ​နေနဲ့ experience sharing လုပ်​ပေးတာပါ။

လက်ရှိမှာ မြန်မာနိုင်ငံက စီးပွါးရေးတွေ ဘယ်လိုလည်ပတ်နေသလဲ ? Hello! ကျွန်မကလက်ရှိမှာ High Tech Entrepreneurship Master Program အတွက် Capstone Project လုပ်ဖို့ပြင်ဆင်​နေတာပါ။ Market Validation လုပ်ဖို့အတွက် မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ (SMEs) တကယ်တမ်း ဘယ်လိုလည်ပတ်နေလဲဆိုတာကို Market Survey လေးလုပ်ချင်တာပါ။ International ဖြစ်ဖြစ် local ကိုဘဲ target ထားထား ဘယ် industry ဘဲဖြစ်ဖြစ် မြန်မာမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေမှာ ဦးစီး​နေတဲ့သူများ၊ လုပ်ကိုင်​နေတဲ့သူများကို အချိန် ၂ မိနစ်​လောက်​ပေးပြီး survey လေး​ဖြေ​ပေးဖို့ အကူအညီ​တောင်းချင်လို့ပါ။ Survey link https://forms.gle/CKmx92wLCTT6PWNi8

Productivity ဆိုတာ work done လေ။ လုပ်စရာ work ရှိမှ done လို့ရမှာပေါ့။ productive ဖြစ်ချင်ကြတဲ့သူအများစုက ဘာ ingredient မှ မရှိဘဲ ဟင်းချက်တတ်ချင်လို့ သူများဟင်းချက်တဲ့ video တွေကြည့်လိုက်ပြီး ကိုယ့်ဘာသာ ဟင်းချက်တတ်ပြီးထင်နေသလိုဘဲ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကထင်တယ် နိုင်ငံတကာမှာလဲ Ali Abdaal တို့ အရမ်း popular ဖြစ်လာသလို တို့နိုင်ငံမှာလဲ productivity ပိုင်းပြောကြတဲ့ content တွေ အပြိုင်အဆိုင်ပေါ့။ အဲ့ကတဆင့် productivity တို့ time management တို့ personal development အတန်းတွေလဲ ပိုတောင်ခေတ်စားလာသေးတယ်။ အဲ့လိုအတန်းတွေတက်တာ knowledge တွေတော့ တိုးလာနိုင်တယ်၊ daily life မှာလိုအပ်ရင် ပြန်အသုံးချလို့ရတယ်ဆိုပေမဲ့ တကယ်အရေးကြီးတာကိုများမေ့နေကြသလားလို့။ အလုပ်ရှိတဲ့သူက အလုပ်၊ လေ့လာစရာရှိတဲ့သူကလဲ လေ့လာ၊ self-care ဆိုလဲ self-care အဲ့လိုလေ တစ်ခုခု လုပ်စရာကို ချမှတ်ပြီး အလုပ်ပြီးအောင်လုပ်လိုက်ရင် productive ဖြစ်တာဘဲ။ Productivity porn တွေမှာ အချိန်တွေ ငွေတွေ အကုန်ခံမနေနဲ့ တကယ်အသုံးဝင်တာလေးတွေ သင်တန်းတက်တာမျိုး၊ အချိန်ပေးလေ့လာတာမျိုး၊ တကယ်လက်တွေ့ချလုပ်တာမျိုးလုပ်ကြည့်ပါ။ ရှုပ်နေတဲ့ လမ်းနည်းတွေ tools တွေကြား အချိန်ကုန်မဲ့အစား ရိုးရိုး Google Task နဲ့ Google Calendar လောက်နဲ့လဲ Time Management ကိုသေချာလုပ်ပြီး productive ဖြစ်နိုင်ပါတယ်။ Newsfeed မှာ ads တစ်ခုကိုပြောပြဦးမယ်။ လေယာဉ်စီးရမှာကြောက်တဲ့သူက ဘယ်လိုမကြောက်အောင်ပြင်ဆင်ရမလဲဆိုတာကို AI ကိုမေး၊ အဲ့က သိရတဲ့ အကြောင်းအရာကို စာအုပ်ထုတ်ရောင်းလိုက်တယ်တဲ့။ သူကိုယ်တိုင်ကတော့ လေယာဉ်စီးဖို့ကြောက်နေတုန်းပါတဲ့။

စပိန်နိုင်ငံ Barcelona မြို့မှာ master ဘွဲ့တက်ဖို့ ပြင်ဆင်ခဲ့တဲ့ process နဲ့ ကုန်ကျစရိတ်တွေအကြောင်း 🇪🇸ဘာလ်ို့ စပိန်လဲ ? စပိန်သွားဖို့ တခါမှစိတ်တောင်မကူးဖူးပါဘူး။ UK ကိုဘဲသွားဖို့ပြင်ဆင်ခဲ့တာပါ။ Budget euro 13000 လောက်နဲ့ သေချာ research မလုပ်ဘဲ agency တွေက လောက်တယ်ပြောတာဘဲယုံပြီး UK dream ကို နှစ်နှစ်လောက်မက်နေခဲ့တာပါ။ အဲ့လ်ိုနဲ့ မဖြစ်နိုင်တော့မှန်းသိလို့ရှာဖွေရင်း ⁃ ဥရောပနိုင်ငံဖြစ်ရင်ပြီးရော မဟုတ်ဘဲ နိုင်ငံကြီးဖြစ်ရမယ် ⁃ Partial scholarship try လို့ရမယ် ⁃ သိန်းတစ်ထောင်အောက်နဲ့ အရောက်သွားလို့ရရမယ် ⁃ Visa success rate ကောင်းပြီး မြန်ရမယ် ⁃ သဘောကျတဲ့ကျောင်းလဲရှိတဲ့ စပိန်ကို ရောက်သွားတာပါ။ 🇪🇸 process ဘယ်လောက်ကြာခဲ့လဲ ? Visa အတွက် agency မအပ်ဘဲ ကိုယ့်ဘာသာပြင်ဆင်ခဲ့တာမလို့ မလိုအပ်ဘဲ အချိန်တွေကြာပြီး ၃ လကြာခဲ့ပါတယ်။ ( ကျောင်းလျှောက်တာနဲ့ ငွေလွှဲငွေသွင်းဖို့တော့ agency တစ်ခုနဲ့သွားခဲ့တာပါ။) ကိုယ်က process သိပြီမလို့ သူငယ်ချင်းတစ်ယောက်ကိုကူညီပေးတာ ကျောင်းအပ် visa လျှောက်၂ ပတ်အချိန်ယူပြင်ပြီး ၁ လအတွင်း visa ရခဲ့ပါတယ်။ အဲ့ကြောင့် စာရွက်စာတမ်းစုံပြီး လုပ်ရမှာတွေသေချာသိရင် မြန်တဲ့ န်ိုင်ငံထဲပါပါတယ်။ ကျောင်းက interview ဖြေ၊ portfolio နဲ့လျှောက်ရတာပါ။ IELTS တို့ အခြား exam requirement တွေမလိုလို့ အတော်မြန်ခဲ့တာပါ။ 🇪🇸 ဘယ်လောက်ကုန်ခဲ့လဲ ? ကုန်ကျစရိတ်တွေကို Thai Baht နဲ့ရှင်းခဲ့ရတာမလို့ အကုန်လုံးကို Baht နဲ့ရေးပြပေးပါမယ်။ 1. School Application fee - 2800 baht 2. Tuition Fee - 446000 baht ( for the whole program ) with partial scholarship 3. Visa fee - 3700 baht 4. Doc preparation for Visa - 14000 baht 5. Health insurance ( for a year ) - 14000 baht 6. Flight to Bcn- 14000 baht 🇪🇸 living cost ကရော ? အခြား Europe နိုင်ငံကြီးတွေနဲ့ယှဉ်ရင်အတော်သက်သာပါတယ်။ show money က တစ်လ euro 600 စာပြရပါတယ်။ တကယ့်တကယ် ကုန်တာကလဲ accommodation + transportation + grocery အပြီးအစီးကို တစ်လ euro 600 ထပ်မပိုပါဘူး။ ချွေချွေသာသာသုံးရင်ပေါ့နော်။ အပြင်စာထွက်စာလေ့ရှိတဲ့ သူငယ်ချင်းတွေကတော့ 700 - 800 ကြားကုန်ပါတယ်။ 🇪🇸 စပိန်ကို တကယ် သိန်း ၁၀၀၀ အောက်နဲ့ရောက်ခဲ့တာလား ? ကိုယ်တိုင်လဲ ဥရောပတော့ မဖြစ်နိုင်တော့ဘူးလို့ထင်ပြီး လက်လျှော့ခန်နီးမှာ အရင်ကတည်းက သဘောကျတဲ့ Harbour.Space ကို try ကြည့်တာကနေ Scholarship ရသွားပါတယ်။ Partial scholarship ( 50%) ရခဲ့ပြီး စပိန်ရောက်ရောက်ချင်း အပတ်မှာ အလုပ်ရသွားတာမလို့ အကုန်အပြီးအစီး သိန်း ၇၀၀ ကျော်နဲ့ ဒီကိုရောက်လာတာပါ။ အခုရလိုက်တဲ့အလုပ်ကလဲ living cost cover မိသွားပါတယ်။ job market မှာ အဆိုးဆုံးလို့ နာမည်ကြီးတဲ့ စပိန်ကို သွားမှာမလို့ အလုပ်ကို မသွားခင်ကတည်းက ကြိုရှာပါတယ်။ လွယ်လွယ်လေးနဲ့ ရခဲ့တာမဟုတ်ဘဲ interview stage + trial ဆင်းပြီးမှ ရခဲ့တာပါ။ CV အပြင် LinkedIn ကိုပြင်ဆင်ပြီး cold outreach သေချာလုပ်ပြီး ရလိုက်တာပါ။ အဲ့ကြောင့် သူများပြောပြတဲ့ option တွေမှာဘဲ မျှောမနေဘဲနဲ့ ကိုယ့် budget + တကယ်ဖြစ်နိုင်မဲ့ နည်းလမ်းလေးတွေရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Harbour.Space နဲ့ စပိန်အကြောင်း၊ အခြားသိချင်တာလေးတွေရှိရင်မေးခဲ့လို့ရပါတယ်။ 🤗

photo content

Hello ✨ ပျောက်သွားတာကြာပြီဆိုပေမဲ့ content အသစ်တွေနဲ့ပြန်ပေါ်လာတော့မှာပါ 🤗 Life update အနေနဲ့ စပိန်ကို master program နဲ့ရောက်နေပါပြီ။ study abroad အကြောင်း၊ စပိန်းအကြောင်း နဲ့ အခြား contents တွေတင်ပေးသွားပါမယ်နော် 🥰

ဒီခေတ်မှာ သင်ထားရမဲ့ skills တွေအကြောင်းပါ။ Content တွေရေးပြီး video လုပ်သွားဖို့ရှိတာမလို့ မေးစရာရှိရင် tiktok comment မှာ မေးခဲ့နော်၊ video နဲ့ဖြေပေးပါမယ်။

Bounce က အမကိုယ်တိုင် community project တွေဖန်တီးနေတဲ့ page မလို့ idioms လေ့လာချင်ရင် join ကြနော်။

🇬🇧English လိုကြွယ်ကြွယ်ဝဝလေးပြောတတ်အောင် idioms တွေသင်ပေမဲ့ ပညာဒါနအစီအစဉ်လေးလာပါပြီ။ 🫶 𝗕𝗼𝘂𝗻𝗰𝗲 ရဲ့ 𝟮𝟭-𝗱𝗮𝘆 Idiom Challenge တွေက ဘယ်လိုလဲ ? အကျင့်ကောင်းတစ်ခုစွဲစွဲမြဲမြဲဖြစ်စေဖို ၂၁ ရက်ဆက်တိုက်လေ့ကျင့်ရတာမလို 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 ကို နည်းလမ်းမှန်မှန်နဲ့ မည်သူ့အကူအညီမှမပါဘဲလေ့လာတတ်အောင် 𝟮𝟭 ရက်ယူပြီး လေ့ကျင့်ပေးတာဖြစ်ပါတယ်။ နေ့စဉ်လေ့လာတဲ့အခါမှာ 𝗕𝗼𝘂𝗻𝗰𝗲 ဘက်က မွမ်းမံပြင်ဆင်ထားတဲ့ သင်ခန်းစာတွေကို 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺𝘀 ကိုသုံးပြီး မိမိအားတဲ့အချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်လောက်သာပေးပြီးလေ့လာရမှာပါ။ ဒါ့အပြင် မီးပုံမှန်မရတဲ့ဒေသကသူတွေလဲအဆင်ပြေအောင် 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲 ကို နှစ်ရက်တောင်ခွါပေးထားပါသေးတယ်။ 📍 ဒါဆို 𝗟𝗲𝘃𝗲𝗹 𝘁𝗲𝘀𝘁 ဖြေရမှာလား ? မိမိတစ်ယောက်တည်းလေ့လာရတာမလို လိုအပ်သလောက်လဲ အချိန်ယူလိုရပါတယ်။ သတ်မှတ်ထားသောအချိန်လေးအတိုင်း စာလေးနေ့တိုင်းပြုလုပ်ပေးဖို လိုအပ်ပါတယ်ရှင့်။ 💰💰အခမဲ့လား 💰💰 ကြိုးစားသူတွေအတိုင်းအတွက် အခမဲ့ပါ။ 𝟮𝟭-𝗱𝗮𝘆 Idiom 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 မှာ 𝟮𝟭 ရက်ဆက်တိုက် စာလုပ်မယ်ဆိုတာကို အာမခံဖို အာမခံကြေး 𝟱𝟬𝟬𝟬 ကျပ်သာပေးသွင်းရပြီး၊ 𝟮𝟭 ရက်ဆက်တိုက် စာသေချာလုပ်တဲ့ 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗪𝗶𝗻𝗻𝗲𝗿 များကို တစ်ဦးတစ်ယောက်မကျန် ( 𝟱𝟬𝟬𝟬 ကျပ်) ကိုပြန်လွှပေးသွားပါမည်။ 📣📣 အခုဘဲ Form ဖြည့်လိုက်နော် 📣📣 ( ဒီ Form လေးထဲမှာ မိမိသိရမဲ့ Information အကုန်ပါဝင်ပြီးသားပါရှင့်။ ) Form Link: https://forms.gle/Xm8emfm95gwT7bUo6 ( 𝟮𝟭-𝗗𝗮𝘆 𝗜𝗱𝗶𝗼𝗺 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲 - 𝟰 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 ,𝟮𝟬𝟮𝟱 𝟵:𝟬𝟬 𝗽𝗺 ) ဒါ့အပြင် Winners ဖြစ်သွားတဲ့သူတွေအတွက် Rewards များထပ်ရှိသေးတာမို မတွေဝေဘဲ ကိုယ့်ကိုယ်ကိုတိုးတက်ဖို ဒီနေ့ဘဲ စာရင်းအရင်ဆုံးပေးသွင်းလိုက်ပါ။ 💜 Bounce Education Centre - Telegram Channel ကို Join ပေးထားပါအုန်းရှင့် ။ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/bounceeducationcentre #bounceec

photo content
+2

အချိန်လေး နှစ်မိနစ်လောက်ငှါးလို့ရမလား 😇 Hello 💜အချိန်လေး နှစ်မိနှစ်လောက်ပေးပြီး survey လေးဖြည့်ပေးပါဦးနော်။ project proposal လေးတစ်ခုပြင်နေတာမလို့ ကူညီပြီး ဖြေပေးကြပါဦး။ https://forms.gle/t7CpZzUy5JcfnKtc9

စီးပွါးရေးအတွက် အရေးပါတဲ့ positioning ဆိုတဲ့ အကြောင်းအရာကို သေချာလေ့လာချင်ရင် ဒီစာအုပ်လေး recommend ပေးပါတယ် !! တခါမှ စာအုပ်ပ
+1
စီးပွါးရေးအတွက် အရေးပါတဲ့ positioning ဆိုတဲ့ အကြောင်းအရာကို သေချာလေ့လာချင်ရင် ဒီစာအုပ်လေး recommend ပေးပါတယ် !! တခါမှ စာအုပ်ပြီးအောင်မဖတ်ဖူးတဲ့ ကိုယ်တောင် ဖတ်ဖြစ်သွားတာ အဆုံးထိဘဲ။ ဖတ်ချင်ရင် PDF file ပို့ပေးမယ်နော်။