cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MoviesBytes_V2

Enjoy :)

إظهار المزيد
Myanmar9 095لم يتم تحديد اللغةأفلام44 434
مشاركات الإعلانات
4 102
المشتركون
+7724 ساعات
+1 1657 أيام
+2 66630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

1:47:14
Video unavailableShow in Telegram
Kuntilanak [2018]
إظهار الكل...
851.52 MB
Photo unavailableShow in Telegram
Kuntilanak (2018) သရဲတစ္ဆေကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုနီးရှားသရဲကားလေးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေရိုးစင်းပေမယ့် ထိတ်လန့်စရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားသရဲဖြစ်တဲ့ ကွန်တီလန်နက်ခ်ဆိုတဲ့သရဲဟာ ကလေးငယ်တွေကိုဦးတည်ဖမ်းယူတတ်တဲ့ သရဲမျိုးပါ။မြန်မာမှာဆိုရင် ညမှောင်တဲ့အချိန် တူတူပုန်းတိုင်းကစားရင် နတ်ဖွက်သလို အဲ့မှာလဲမိခင်မေတ္တာငတ်မွတ်နေတဲ့ကလေးတွေ၊ မိဘစကားနားမထောင်တဲ့ကလေးတွေကို သူနဲ့လိုက်မလားဆိုပြီးခေါ်ဆောင်ရင်း ဖမ်းခေါ်သွားတတ်တဲ့သရဲမျိုးလည်းဖြစ်ပါတယ်။ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းသလို ကလေးငယ်တွေနဲ့ဇာတ်အိမ်တည်ထားတဲ့အတွက် သရဲကားကြိုက်တဲ့သူတွေ အပန်းဖြေကြည့်နိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖတ်ခနဲ ဖတ်ခနဲထွက်ထွက်ခြောက်တတ်ပြီး ညရိုက်ကွင်းတွေပိုများတဲ့အတွက် ဇာတ်ကားကြည့်ရင်း ညဖက်ခြောက်မယ့်အချိန်၀င်လာမှာကိုတောင် လန့်နေရပါတယ်။အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ခံစားချင်တဲ့သူတွေကတော့ အင်ဒိုသရဲမနဲ့တွေ့လိုက်ကြပါဦး။
إظهار الكل...
1:37:08
Video unavailableShow in Telegram
Tabu.Mengusik.Gerbang.Iblis.2019.720p.NF.WEB-DL.DDP5.1.CM.mp4
إظهار الكل...
Tabu.Mengusik.Gerbang.Iblis.2019.720p.NF.WEB-DL.DDP5.1.CM.mp4757.42 MB
After (2012) ========= IMDB: 5.4/10 ဘတ်စ်ကားစီးရင်း စကားစမြည်ပြောနေကြတဲ့ ခရီးသည်နှစ်ယောက်ဟာ ရုတ်တရတ်ကြီး သူတို့အသီးသီးရဲ့အိမ်ကို ပြန်ရောက်သွားကြပါတယ်။ ခရီးသည်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အန်နာဟာ ပုံမှန်နေ့တွေလိုပဲ အလုပ်ကိုသွားတက်တဲ့အခါ အလုပ်မှာ လူတစ်ယောက်မှမရှိတော့တာကို တွေ့လိုက်ရပါတယ်။ အလုပ်မှာမှ မဟုတ်ဘူး တစ်မြို့လုံးကလူတွေအကုန်ပျောက်ဆုံးနေတာပါ။ လူတွေအားလုံးဘယ်ကို ထွက်သွားကြတာလဲ… အကြောင်းရင်းကရော ဘာဖြစ်မလဲဆိုတာကို Thriller/Mystery အမျိုးအစားလေးဖြစ်တဲ့ ဒီ After အမည်ရှိဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင်။ 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
1:30:54
Video unavailableShow in Telegram
After (2012) #720p ============== IMDB: 5.4/10
إظهار الكل...
After.2012.720p.(CM).mp4455.03 MB
1:39:29
Video unavailableShow in Telegram
Silence of the Prey (2024)
إظهار الكل...
Silence of the Prey (2024).mp4623.99 MB
Photo unavailableShow in Telegram
Silence Of The Prey (2024) 2024 ထွက် Horror ကားအသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 6.4 အထိရထားပြီး ဇာတ်လိုက်မင်းသမီးလေးကလည်း ကလေးအမေနေရာက သရုပ်ဆောင်ရပေမဲ့ တကယ်အကြည်ဓာတ်လေးမို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ နီနာဟာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဘယ်လာရုစ်ကနေ အမေရိကားဘက်ကိုထွက်ပြေးလာတဲ့ တရားမဝင်ပြောင်းရွှေ့ဒုက္ခသည်တစ်ယောက်ဖြစ်ပါတယ်။ အမေရိကားအရောက်မှာတော့ ပရဟိတအဖွဲ့အစည်းတစ်ခုအကူအညီနဲ့ နယူးပလိုင်းမောက်ဆိုတဲ့ဒေသတစ်ခုမှာ အိမ်အကူလုပ်ငန်းကို လက်ခံခဲ့ပါတယ်။ အဲဒီမှာအလုပ်လုပ်ရင်း အချိန်တစ်ခုကြာလာတဲ့အခါ ရှေ့နေနဲ့ချိတ်ဆက်ပြီး ဗီဇာကိစ္စလည်းဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆွယ်တရားကောင်းမှုကြောင့် နီနာနဲ့သမီးလေးဘယ်လာဟာ လူသာရဲ့အိမ်ကိုအိမ်အကူအနေနဲ့ ရောက်သွားပါတော့တယ်။ ထူးခြားချက်တစ်ခုက အရင်ကလည်း တရားမဝင်အလုပ်သမားအတော်များများကို လူသာ့ဆီ‌ပို့ပေးရနေကျဆိုတာကို နီနာ့အနေနဲ့ ကြိုတင်သိရှိခဲ့ပေမဲ့ ဘာကိုမှသံသယမဝင်ခဲ့ပါဘူး။ ဒီလိုနဲ့အလုပ်လုပ်ရင်း ဘာမှထူးခြားမှုမရှိခဲ့ပေမဲ့ တစ်ရက်မှာတော့အန်ဒရူးလို့ခေါ်တဲ့လူတစ်ယောက် သူတို့အိမ်ကိုရောက်ရှိလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေ စတင်ကြုံတွေ့လာရပါတော့တယ်။ ဒေသစိမ်းတစ်ခုကိုရောက်ရှိသွားတဲ့ နီနာရဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။
إظهار الكل...
Photo unavailableShow in Telegram
Tabu: Mengusik Gerbang Iblis (2019) Genre - Horror Tabu: Mengusik Gerbang Iblis 2019 အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း… ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။ တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ… တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။
إظهار الكل...
1:45:21
Video unavailableShow in Telegram
Heaven and Hell [2012]
إظهار الكل...
871.71 MB
Photo unavailableShow in Telegram
Heaven and Hell [2012] Horror နတ်ပြည်နဲ့ ငရဲပြည်… အချစ်ဟာ တန်ခိုးရှိန်ဝါကြိးမားပါသတဲ့… ကိုယ်ချစ်တဲ့သူဆီက ပြန်အချစ်ခံရတဲ့ အရသာကို သိဖူးကြတယ်မလား… ပြန်အချစ်မခံရဘဲ ပစ်ပယ်ခံကြရတဲ့အခါမှာရော ဘယ်လိုတောင် နာကျင်ခံစားကြရသလဲ… လူ့ပြည်မှာနေရင်းနဲ့ကို နတ်ပြည်လား ငရဲပြည်လားဆိုတဲ့ ခံစားချက်မျိုးကို အချစ်က ပေးစွမ်းနိုင်ပါတယ်… ဒီဇာတ်ကားဟာ သရဲကားပါ အချစ် အမုန်းနဲ့ သက်ဆိုင်တဲ့ ထိုင်းသရဲကားလေးပါ…. ကြောက်စရာလည်း အင်မတန်ကောင်းတာမို့ ဒီဇာတ်ကားထဲက နတ်ပြည်ရောက်နေတဲ့ သရဲနဲ့ ငရဲပြည် ရောက်နေတဲ့ သရဲတို့အကြောင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်
إظهار الكل...
1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.