သရဲဝတ္ထုများ စုစည်းမှု
الذهاب إلى القناة على Telegram
ဒိ Channel သည် စာပေ Channel ဖြစ်ပါသည် စာဖက်သူများအဆင်ပြေရန် သရဲဝတ္ထု Fb pageများမှပြန်လည်ကူယူဖော်ပြခြင်းဖစ်ပါသည် https://t.me/+NgHe25itKDZkNjFl
إظهار المزيد2 942
المشتركون
-424 ساعات
-267 أيام
-9530 أيام
أرشيف المشاركات
တယောက်ကိုတယောက်ကြည့်လိုက်ကြတယ် ကြီးတော်နဲ့ ဦးကြီးက လွဲပြီး ကျုပ်တို့ကိုယ်မှာ သွေးစ သွေးန တွေနဲ့ အမဲသားနံ့တွေစွဲနေတယ်ဗျ။ကြီးတော်ကတော့ အံ့သြလွန်းလို့ ဘာစကားမှမပြောနိုင်တော့ဘူး ဦးကြီးကတော့ သူ့မိန်မကိုအပြစ်တင်နေလေရဲ့ဗျို့။
"ညည်းတွေ့ပြီမလား တော်သေးတာပေါ့ အသက်မသေလို့သာပဲ"
"ဟုတ်ပါ့တော့ ကျမဖြင့် အံ့သြလို့မဆုံးဘူး"
"ငါတို့နွားတွေတော့ ဆုံးပါပြီ"
"ကျုပ်တို့ကိုတွေပေးထားတဲ့ငွေတွေကို ထုတ်ကြည့်စမ်းပါဦး"
"ဦးကြီးက သူ့လွယ်အိတ်ထဲထည့်လာတဲ့ငွေတွေကိုထုတ်ကြည့်တယ်ဗျ ဟောဗျာ ငွေတွေက သစ်ရွက်တွေဖြစ်နေလို့ ဦးကြီးခမျာ စိတ်ပျက်သွားတယ် အဲ့လိုပဲ ကျုပ်တို့အိပ်ကပ်ထဲကငွေတွေကလည်း သစ်ရွက်တွေဖြစ်နေတယ်ဗျ ဒါပေမဲ့ ကျုပ်တို့လည်ပင်းမှာဆွဲထားတဲ့ ရွှေဆွဲကြိုးကတော့ ရွှေဆွဲကြိုးအတိုင်းပဲ မပြောင်းလဲဘူး အဲ့တော့ ကျုပ်လည်းဝမ်းသာအားရနဲ့ ဦးကြီးကိုပြောလိုက်တယ်။
"ဦးကြီး ရွှေတွေကိုစစ်ကြည့် ဒီမှာ တကယ်အစစ်တွေ"
"ဟုတ်လား ငါ စစ်ကြည့်လိုက်ဦးမယ်"
ဦးကြီးက သူကိုဆိုင်မှာပေးတဲ့ရွှေတွေနဲ့ ခပေါင်းရွာမှာပေးခဲ့တဲ့ရွှေတွေကိုစစ်ကြည့်လိုက်တော့ တကယ်မပြောင်းလဲဘူးဗျ အဲ့တော့မှ ဦးကြီးနဲ့ ကြီးတော်တို့ဝမ်းသာသွားကြတယ်။
"တော်သေးတာပေါ့ ရွှေတွေတော့မပြောင်းလဲလို့ အားလုံးဆို ရွှေက ခြောက်ကျပ်သားကျော်ကျော်လောက်ရှိမယ်တော့်"
"ဟုတ်တယ် မကရင်သာ မကဖို့ပဲ "
ဦးကြီးနဲ့ ကြီးတော်လိုပဲ ကိုတိုက်စိုးနဲ့ကံကောင်းကလည်းသူတို့ရွှေဆွဲကြိုးတွေကိုကြည့်ပြီး အံ့သြနေတယ် ကျုပ်က တော့ ဦးကြီးတို့လင်မယားကိုသနားလို့ ကျုပ်လည်ပင်းကဆွဲကြိုးကိုဖြုတ်ပြီး ပေးလိုက်တယ်။
"ရော့ ဦးကြီး ဒါလေးပါယူထားလိုက်"
"မယူပါရစေနဲ့ကွာ ဦကြီးတို့မှာများနေပါပြီ"
"ကျုပ်ကဘုန်းကြီးကျောင်းသား ဦးကြီးရ ဘာမှမပူရဘူး ဦးကြီးတို့ကအသက်ကြီးနေပြီ ပြီးတော့ နွားနှစ်ကောင်လုံးပါဆုံးရှုံးထားတာမလား ယူလိုက်ပါဗျာ "
ကျုပ်လည်း ဦးကြီးတို့ အိုစာမင်းစာအနေနဲ့ပေးလိုက်တယ် ကျုပ်အဲ့လိုပေးတော့ ကိုဝကြီးနဲ့ ကိုတိုက်စိုးတို့နှစ်ယောက်ကလည်းပေးတယ်ဗျ။
"ဦးကြီးနဲ့ ကြီးတော် ကျုပ်တို့ဆွဲကြိုးတွေပါယူထား ကျုပ်တို့ကပြည့်စုံပြီးသားဗျ မလိုဘူး"
"မောင်ရင်တို့လိုလူမျိုးတွေကိုတော့ ဦးကြီး တခါမှမတွေ့ဖူးဘူးကွယ်"
"ရပါတယ် ဦးကြီးရာ ဟိုရောက်ရင် ကျုပ်တို့ကိုထမင်းချက်ကျွေးဦးနော် အမဲသားကတော့ ကျုပ်တသက်ပြတ်ပြီဗျာ အမဲသားချက်မကျွေးနဲ့နော်"
"စိတ်ချ ကြီးတော် မင်းတို့ကိုဝက်သားနီချက် ချက်ကျွေးမယ်"
အဲ့လိုနဲ့ပဲ ကျုပ်တို့တွေစကားတပြောပြောနဲ့ ထမင်းဆိုင်ဆီကိုပြန်လာခဲ့ကြတယ်ပေါ့ဗျာ။ခပေါင်းရွာက ရွာသားတွေက ကျုပ်တို့ကို ဒီထက်ပိုပြီးပေးချင်ပုံရတယ် ဘာပဲဖြစ်ဖြစ် ဒီတခေါက်ကြုံတွေ့ရတာကိုတော့ ကျုပ်အတော်လေးရင်ဖိုမိတယ်ဆိုတာ အမှန်ပါပဲ ခင်ဗျာ။
#မောင်စနေ
#ဘိုးကာ
#သီရိဇောတိကာရုံ
"ကဲ နွားဖျက်တာတော့ မင်းတို့လုပ်လိုက် ဟင်းအိုးနဲ့အပြည့်ချက် ကျန်တာတွေကို ငှက်ပျောဖက်နဲ့နေရာအနှံ့ခင်းထားလိုက် ကြားလား"
"ဟုတ် ဟုတ်ကဲ့"
"ကြက်တွန်လို့မှ မင်းတို့မပြီးသေးဘူးဆို မင်းတို့လည်းနွား တွေလိုဖြစ်မယ် မှတ်"
သူကြီးပြောတာကို ကျုပ်တို့တင်မကဘူး ကွပ်ပျစ်မှာထိုင်နေတဲ့ ဦးကြီးတို့ပါကြားသွားတယ်ထင်ပါတယ်ဗျာ ချက်ချင်းထပြီီး ဟင်းချက်ဖို့ပြင်ဆင်နေတော့တာပဲ ကျုပ်တို့လည်း ဓားတွေတောင်းပြီးတော့ မလုပ်တတ်လုပ်တတ်နဲ့ နွားသေကြီးကို ဖြစ်သလို ခုတ်ဖြတ်လိုက်ရတော့တာပေါ့ဗျာ။
"စနေ ငါတို့မြန်မြန်ပြီးမှဖြစ်မှာနော် ကံကောင်းနဲ့ တိုက်စိုး မင်းတို့က ဟိုးဘက်နွားကိုသွားဖျက် ငါနဲ့ စနေက ဒီဘက်နွားကိုဖျက်မယ် အရင်ဆုံး ဦးကြီးတို့ဟင်းချက်လို့ရအောင်သွားပေးရအောင်"
"ကောင်းတယ် ကျုပ်တို့ဒီပေါင်သားကိုသွားပေးမယ်"
ကျုပ်တို့လည်းအဆင်ပြေသလိုခုတ်ဖြတ်လိုက်ပြီးတော့ ဦးကြီးတို့ဆီကိုသွားပေးလိုက်တယ် ဦးကြီးတို့လင်မယားလည်းအသက်ဘေးနဲ့ကြုံလာပြီဆိုတော့ သူတို့ရဲ့နွားကြီးနှစ်ကောင်ကိုလည်းမသနားနိုင်တော့ဘူးထင်ပါ့ဗျာ ဟင်းမြန်မြန်ကျက်ဖို့ကိုသာလောနေတော့တယ်။
"ကောင်လေး အပြည့်ထည့်ကွာ သူတို့ကဒီအိုးတအိုးတည်းချက်ခိုင်းတာမလား"
"ဟုတ်တယ်"
"အေး အေး အတုံးကြီးကြီးသာတုံးကွာ"
ကျုပ်တို့လည်း ခပ်မြန်မြန်ဟင်းချက်လို့ရအောင် အမဲသားတွေကို အတုံးကြီးကြီး တုံးတစ်ပြီးထည့်ပေးလိုက်တယ် အိုးကြီးပြည့်တာနဲ့ ကျုပ်နဲ့ဦးကြီးက မီးဖိုပေါ်တင်တယ် ကြီးတော်ကတော့ လိုအပ်တဲ့အဆာပလာတွေထည့်နေတာပေါ့ဗျာ ဦးကြီးတို့လင်မယားကိုကူညီပြီးတော့ ကျုပ် ကိုဝကြီးဆီပြန်သွားလိုက်တယ် ဓားနဲ့ နွားသားရေတွေကိုတကိုယ်လုံးခွာပြီးသွားချိန်မှာတော့ ကျုပ်တို့အနားကိုရွာသားတွေကပ်လာတယ်ဗျို့ ကလေးတွေရော မိန်းမကြီးတွေပါမကျန် လူစုံပဲဗျာ အမှန်အတိုင်းပြောရရင် ကျုပ်တို့လည်းကြောက်တာပေါ့ အဲ့အချိန်မှာ သူကြီးလည်း တန်းလျားကနေထလာပြီး ကျုပ်တို့အနားကိုလာတယ်ဗျို့ ပြီးတော့ကျုပ်ကိုပြောတယ်။
"ကောင်လေးတွေ မင်းတို့ဘာမှမကြောက်နဲ့ ငါ့ရွာသားတွေ မင်းတို့ကိုဒုက္ခမပေးပါဘူး သူတို့က မင်းတို့ကိုတောင် ကျေးဇူး တင်နေတာ ကဲ ငါ့ကိုမိုးခိုသားလေးတတုံးလောက် အရင်လုပ်စမ်းကွာ အစိမ်းမစားရတာကြာပြီ ငါတို့ဆိုတာလည်း အခုလိုကျွေးမှစားနိုင်တာလေကွာ"
"ဟုတ်ကဲ့ သူကြီး"
ကျုပ်လည်အမဲသားခပ်ကြီးကြီးတတုံးလှီးပြီး သူကြီးကိုကမ်းပေးလိုက်တယ်။သူကြီးက ကျုပ်ပေးတဲ့အမဲသားတုံးကြီးကို တကိုက် ကိုက်လိုက်ပြီး တန်းလျားကိုပြန်သွားတယ်။ သူကြီးပြန်သွားတာနဲ့ ကျန်တဲ့ရွာသားတွေကလည်း တောင်းကြပါလေရော ကျုပ်တို့ လှီးတာခုတ်တာတောင်လက်မလည်ပါဘူးဗျာ။
"ငါ့ကို ပေါင်သားလေးပေး"
"ကျုပ်ကို အသည်းပေး"
"ကျုပ်ကိုလည်း ပေးဦး ဟိုကောင်ကိုချည်းပေးနေတာပဲ"
ကျုပ်တို့တွေ အချိန်အတော်ကြာတဲ့အထိ အသားတွေလှီးပြီးပေးလိုက်တာ ခုဆို ကျုပ်တို့မခုတ်တတ်တဲ့အသားတွေပဲ ကျန်တော့တယ် ကျုပ်တို့တကိုယ်လုံးလည်း နံစော်နေပါပြီဗျာ ခင်ဗျားတို့သိတဲ့အတိုင်း အမဲဖျက်နေကျကောင်တွေမှမဟုတ်တာပဲ ဖြစ်ကတတ်ဆန်းလုပ်ထားတော့ ပွစိရိုက်နေတာပေါ့ဗျာ အဲ့လိုနဲ့ ကြီးတော်တို့ဟင်းကျက်တဲ့အချိန်မှာ သူကြီးကကျုပ်တို့ကိုလှမ်းပြီးစကားဆိုလာတယ်။
"ကောင်လေး မင်းတို့တာဝန်ကျေတယ် ငါ့ရွာသားတွေကလည်းမင်းတို့ကိုကျေနပ်တယ်"
"ဟုတ်ကဲ့ သူကြီး ကျုပ်တို့ဖက်နဲ့ပုံပေးဖို့လိုသေးလား"
"အသားမှသိပ်မရှိတော့တာပဲကွာ ထားလိုက်ပါတော့ ရွာထဲကလူတွေကပြောတယ် မင်းတို့တွေကိုသူတို့ဥစ္စာတွေပေးချင်လို့တဲ့ ဒါပေမဲ့ သွားယူရမှာနည်းနည်းတော့ကြာလိမ့်မယ်ထင်တယ်"
"ကြာမယ်ဆိုရင်တော့မယူတော့ပါဘူး သူကြီး"
"အေး အေး အဲ့ဆို မင်းတို့အခုလာတဲ့လမ်းအတိုင်းပြန်ကြပေတော့ မီးမထိုးရဘူး စကားမပြောရဘူး ကြားလား"
"ဟုတ် ဟုတ်ကဲ့ သူကြီး "
သူကြီးက အဲ့လိုပြောပြီးတော့ ကြီးတော်နဲ့ ဦးကြီးကိုလှမ်းခေါ်တယ်ဗျ။
"နောင်ကြီးနဲ့ အမကြီး လာခဲ့ပါဦး"
"ဟုတ်ကဲ့"
"ခင်ဗျားတို့ ဒယ်တွေအိုးတွေထားခဲ့လို့ရမလား"
"ရပါတယ် ထားခဲ့ပါမယ်"
" ရော့ ဒါရွှေတကျပ်သားကြိုးတယောက်တကုံး"
သူကြီးက ဆွဲကြိုးတယောက်တကုံးထပ်ပေးပြီးတော့ ပြန်ရမဲ့လမ်းကိုလက်ညှိုးထိုးပြရင်း ကျုပ်တို့အားလုံးကို စကားဆိုပြန်တယ်။
"ကဲ ပြန်ကြပေတော့ ကံမကုန်ရင်တော့ပြန်ဆုံကြတာပေါ့"
အဲ့လိုနဲ့ ကျုပ်တို့တွေလည်း သူကြီးလက်ညှိုးထိုးပြတဲ့လမ်းအတိုင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့သွားလိုက်ကြတော့တာပေါ့ဗျာ။
(၅)
အမှောင်ထဲမှာ ကျုပ်တို့တွေ ကိုယ့်အသက်ရှုသံကိုယ်ပြန် ကြားနိုင်လောက်တဲ့အထိ တိတ်တိတ်ဆိတ်ဆိတ်နဲ့လမ်းလျှောက်နေကြတယ် တနာရီလောက်ကြာတော့ ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းကနေ အလင်းရောင်တခုကိုတွေ့လိုက်ရတယ်အလင်းရောင်တွေ့တာနဲ့ ကျုပ်တို့လည်းအားတက်သွားပြီးလမ်းမြန်မြန်လျှောက်လိုက်ကြတာ အလင်းရောင်ထဲလဲရောက်လာရော မျက်လုံးတွေပြာသွားလို့ မျက်လုံးကိုမှိတ်ထားလိုက်ရတယ် မျက်လုံးပြန်ဖွင့်လိုက်တော့ ဟောဗျာ အင်တောဘေးကလယ်ကွက်တွေထဲကိုရောက်နေတယ် နေတောင်အတော်မြင့်လို့ ဆွမ်းစားချိန်လောက်ရောက်ရောပေါ့ဗျာ ကျုပ်တို့တွေ
သူကြီးကအဲ့လိုပြောပြီး သူ့ရွာသားတွေကိုအချက်ပြလိုက်တော့ ရွာသားတယောက်က ပေါက်တူးတလက်ကိုကိုင်ပြီးကျုပ်တို့အနားရောက်လာတယ် ကျုပ်လည်းအဲ့ရွာသားပေးတဲ့ ပေါက်တူးကိုယူပြီး မီးဖိုပြင်လိုက်တာပေါ့ ကျုပ်လည်း မီးဖိုလုပ်နေရင်းက သူကြီးကိုမေးလိုက်တယ်။
"သူကြီးတို့ရွာနာမည်က ဘာတဲ့လဲဗျ"
"ခပေါင်းရွာ"
"နာမည်ကမိုက်တယ် သူကြီးတို့နားရင်နားလေ ကျုပ်တို့လေးယောက်ဟင်းချက်လို့ရအောင်ပြင်ဆင်ပေးလိုက်မယ်"
"အေး မင်းတို့မဆိုးဘူး ရော့ ရော့ သုံးလို့ရတဲ့ဟာပေးမယ်"
သူကြီးဆိုတဲ့လူကြီးက အဲ့လိုပြောပြီး ရွှေဆွဲကြိုးလေးကုံးကို သူ့အိတ်ကြီးထဲကနေထုတ်ပေးလာတယ်ဗျို့ သူပေးတဲ့ရွှေဆွဲကြိုးက ငါးမူးသားလောက်တော့ရှိလောက်တယ် ကျုပ်လည်းယူလိုက်ပြီး ဟိုလူတွေကိုတယောက်တကုံးပေးလိုက်တယ် ကျုပ်ကိုယ်တိုင်လည်း လည်ပင်းမှာ ချက်ချင်းဆွဲလိုက်တာပေါ့ သူကြီးကျုပ်ကိုသေချာကြည့်ပြီးစကားဆက်တယ်ဗျ။
"ကောင်လေး မင်း ငါတို့အခြေအနေကိုသိနေပြီမလား"
"ဗျာ ဘာအခြေအနေလဲ သူကြီး"
"မင်းမညာစမ်းပါနဲ့ ငါတို့ဘာတွေဆိုတာမင်းသိတယ် မင်းကိုကြည့်ရတာသာမန်လူတယောက်တော့မဟုတ်ဘူး"
"ကျုပ်ကသာမာန်ပါပဲ သူကြီးတို့ဘာလဲဆိုတာတော့ ကျုပ်သတိထားမိပါတယ်"
"ကောင်းတယ် ကောင်းတယ် ငါတို့လည်းဒီမှာနေတာကြာပြီ နောက်ဆို ငါတို့တွေ လူတွေနဲ့နီးနီးနားနားကိုသွားလို့မရတော့ဘူး အဲ့တာကြောင့် အခုလိုစီစဥ်လိုက်တာ ငါတို့ခိုင်းတဲ့အတိုင်းလုပ်ရင် မင်းတို့ကိုဘာမှမလုပ်ဘူး အေး ငါတို့ခိုင်းတဲ့အတိုင်းမလုပ်ရင်တော့ မင်းတို့တွေတယောက်မှ အသက်ရှင်လျက်ပြန်သွားရမယ်မထင်နဲ့"
"အင်းပါဗျာ အင်းပါ"
ကျုပ်တို့တွေ မီးဖိုတူးပြီးသွားတော့ ကွပ်ပျစ်မှာငူငူကြီးထိုင်နေတဲ့ ကြီးတော်နဲ့ ဦးကြီးအနားကိုသွားလိုက်တယ် သူတို့နောက်မှာ မီးတုတ်ကိုင်ထားတဲ့ ခပေါင်းရွာသားနှစ်ယောက်ရှိ နေတယ်ဗျ သူတို့က မျက်တောင်လည်းမခတ် ရယ်ခြင်းပြုံးခြင်းလည်းမရှိဘူးဆိုတော့ နည်းနည်းတော့ကြောက်စရာ ကောင်းတယ်ပေါ့ဗျာ ကျုပ်လည်း ဦးကြီးနဲ့ကြီးတော်အနားကိုသွားပြီး ခပ်တိုးတိုးပြောလိုက်တယ်။
"ဦးကြီးရေ ရွေးချယ်စရာလမ်းက မရှိတော့ဘူး သူတို့ခိုင်းတဲ့အတိုင်းပဲ လုပ်ရတော့မှာ"
"သူတို့ကဘာတွေလဲ မောင်ရင် "
"ဦးကြီး ခပေါင်းရွာဆိုတာသိလား"
"ခပေါင်းရွာ ခပေါင်းရွာ ကြားဖူးတယ်"
ဦးကြီးစဥ်းစားနေတုန်းမှာပဲ ကြီးတော်ကစကားဆိုလာတယ်ဗျ။
"ကိုကြီးမြင့်ကလည်း ခပေါင်းရွာဆိုတာ ကျမတို့မိဘတွေပြောတဲ့ ဟိုကပ်ရောဂါဖြစ်ပြီးတရွာလုံးသေသွားတဲ့ရွာမလား"
"ဟုတ်တယ် ပြောဖူးတယ် ဘာဖြစ်လို့လဲ မောင်ရင်"
"ဘာဖြစ်လို့လဲဆိုတော့ အခု ကျုပ်တို့ရောက်နေတာ ခပေါင်းရွာဖြစ်နေလို့ပဲ ဦးကြီး"
"ဟင် အဲ့တာဆို သူတို့က"
"ကျတ်တွေပဲ ဦးကြီး ကျုပ်တို့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘူး သူတို့သူကြီးက ပြောတယ် ကျုပ်တို့အနေနဲ့ သူတို့ခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင် အသက်ကိုရန်မပြုဘူးတဲ့ မလုပ်ဘူးဆိုရင်တော့"
"ငါတို့ကိုသတ်မှာပေါ့"
"ဟုတ်တယ် ဦးကြီး အဲ့တော့ကျုပ်တို့တွေ မီးစင်ကြည့်ပြီးကကြတာပေါ့ဗျာ"
"ကောင်းတယ် မောင်ရင်တို့ကောင်းသလိုသာလုပ်ပါကွယ်"
ကျုပ်လည်း ဦးကြီးတို့လင်မယားကိုပြောစရာရှိတာပြောပြီးသွားတော့ ကိုဝက်ြီးတို့ မီးဖိုနေတဲ့အနားသွားလိုက်တယ် မီးဖိုလည်းပြီးပြီ မီးကလည်းတောက်နေပြီဆိုတော့ ကွပ်ပျစ်နဲ့မလှမ်းမကမ်းက တန်းလျားမှာထိုင်နေတဲ့သူကြီးဆီကိုသွားလိုက်တယ် ကျုပ်နဲ့အတူ ကိုဝကြီးတို့သုံးယောက်လည်းပါတာပေါ့ဗျာ။
"သူကြီး မီးတော့ဖိုပြီးပြီ ကျုပ်တို့ဘာလုပ်ရမှာလဲ"
"ဟင်းချက်ရတော့မှာလေကွာ"
"ဘာဟင်းချက်ရမှာလဲ "
"အမဲသားလေ ဟိုနွားနှစ်ကောင်ကိုသတ်ပြီးဖော်လိုက်"
"ဟာ အဲ့တာတော့မဖြစ်ဘူးထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့နွားမသတ်ရဲဘူး"
"နွားသတ်တာများဘာခက်လို့လဲကွာ"
သူကြီးကအဲ့လိုပြောပြီးတော့ သူ့ရွာသားနှစ်ယောက်ကို လက်ယပ်ပြီးခေါ်လိုက်တယ်။
"ဟေ့ မောင်စံနဲ့ ကံမြင့်လာစမ်း"
"လာပါပြီ သူကြီး"
သိပ်မကြာခင်မှာပဲ ရွာသားနှစ်ယောက် သူကြီးအနားကိုရောက်လာကြတယ်။
"သူကြီးဘာခိုင်းမလို့လဲ ခင်ဗျ"
"ဟိုနွားနှစ်ကောင်ကို လက်စတုံးလိုက်စမ်းကွာ"
"ဟုတ်ကဲ့ သူကြီး"
ရွာသားနှစ်ယောက်ကအဲ့လိုပြန်ပြောပြီးတော့ နွားနှစ်ကောင်အနားသွားလိုက်တယ် နွားနှစ်ကောင်ကလည်း သူတို့အနားကပ်လာတာနဲ့ နှာတွေမှုတ်ပြီး တရှူးရှူးနဲ့လုပ်နေတယ် မကြာပါဘူးဗျာ ဟိုလူနှစ်ယောက် နွားကိုယ်ထဲတိုးဝင်သွားတယ်သူတို့ နွားကိုယ်ထဲတိုးဝင်သွားပြီး မကြာပါဘူး နွားကြီးနှစ်ကောင် ခြေတွေလက်တွေတဆတ်ဆတ်ဖြစ်ပြီးတော့ ပါးစပ်ကနေ အမြှုပ်တွေပါထွက်လာပြီး ဇီဝိန်ချုပ်သွားရောဗျို့ နွားနှစ်ကောင်ငြိမ်သွားတော့မှ နွားကိုယ်ထဲကနေ ရွာသားနှစ်ယောက်ပြန်ထွက်လာတယ် ကျုပ်တို့ဖြင့်ကြက်သီးမွေးညင်းတွေပါထသွားတာ ဦးကြီးတို့လင်မယားဆို ဆိုဖွယ်မရှိတော့ဘူးပေါ့ဗျာ အဲ့အချိန်မှာပဲ သူကြီးကနွားနှစ်ကောင်ကိုမေးငေါ့ပြပြီးကျုပ်တို့ကိုပြောလာတယ်။
ကျုပ်လည်းကိုတိုက်စိုးနားကခွာပြီးတော့ ဦးကြီးအနားကိုပြန်သွားလိုက်တယ် ဦးကြီးကလည်း ကျုပ်အနားရောက်လာတယ်နဲ့ အသံတီးတိုးနဲ့စကားဆိုတယ်။
"မောင်ရင် တခုခုတော့ထူးနေပြီ"
"ဘာဖြစ်လို့လဲ ဦးကြီး"
"ဘာဖြစ်လို့လဲဆိုတော့ ငါဒီနယ်မှာနေတာကြာလှပြီ ဒီလောက်ကြီးတဲ့တောအုပ်ကိုဒီအချိန်အတိုင်းတာနဲ့သွားလို့ရတာ မရှိဘူး အနိမ့်ဆုံး နေ့တဝက်လောက်လမ်းလျှောက်မှ တောထဲရောက်မှာ အခုကလယ်ကွင်းကနေခဏသွားရုံနဲ့ တောထဲရောက်လာတယ်ဆိုတာ မဟုတ်သေးဘူး မောင်ရင်ရ ဒီနားက လယ်ကွင်းတွေပြီးရင် အင်တောလေးပဲရှိတာအခုလိုသစ်တောမျိုးတော့မရှိဘူး"
"ဦးကြီးသတိမထားမိလို့ သူတို့တွေ ကျုပ်တို့နဲ့စကားပြောရင် မျက်တောင်မခတ်ကြဘူး"
"အေး ဟုတ်တယ် ငါလည်းတခုခုလိုနေပါတယ်လို့ခံစားမိတယ် မင်းပြောမှာပဲ အမှတ်ရတော့တယ် သူတို့တွေမျက်တောင်မခတ်ကြဘူးကွ"
"ဟုတ်တယ် ဦးကြီး"
ကျုပ်တို့စကားပြောနေတုန်းမှာပဲ သူကြီးဆိုတဲ့လူကြီးက ကျုပ်တို့နှစ်ယောက်အနားကိုလာနေတာမြင်လိုက်လို့ ကျုပ်တို့တွေ ပြောလက်စကားကိုရပ်လိုက်တာပေါ့ဗျာ သူကြီးက ဦးကြီးကိုပြုံးပြပြီးတော့စကားဆိုလာတယ်။
"နောင်ကြီး ကျုပ်တို့ရွာကိုရောက်တော့မယ် ရွာရောက်ရင်တော့ ပင်ပန်းတယ်လို့တော့သဘောမထားနဲ့ဗျာ တခါတည်းချက်ပြုတ်ပေးစေချင်တယ်"
"ရပါတယ် ရပါတယ်"
"သိပ်မကြာတော့ဘူး ရွာရောက်တော့မှ နောက်ကွမ်းတယာညက်လောက်ဆိုရောက်ပါပြီ"
သူကြီးက အဲ့လိုပြောပြီးအရှေ့ကိုပြန်သွားတယ်ဗျို့ ကျုပ်တို့တွေလည်းဘာစကားမှထပ်မပြောဖြစ်ကြတော့ပဲ လမ်းပဲဆက်လျှောက်လိုက်ကြတော့တာပေါ့ဗျာ။
(၄)
ကျုပ်တို့ တကယ်ပဲကွမ်းတယာညက်လောက်ကြာအောင်လမ်းလျှောက်ပြီးသွားတော့ ရွာလေးတရွာကိုရောက်လာတယ်ဗျ။ရွာလေးက သိပ်တော့ကြီးမားပုံမရဘူး အိမ်တွေကို ကျွန်းသစ်တွေနဲ့ဆောက်ပြီး ရေနံချေးကိုဝအောင်သုတ်ထားတယ် အိမ်ရှေ့တွေမှာ ကညင်ဆီတိုင်မီးတွေထွန်းထားတာ အိမ်တွေကလည်း အိမ်တော်ခေါင်တွေနဲ့ချည်းပဲ အဲ့လိုနဲ့ ကျုပ်တို့တွေအိမ်ဝိုင်းကျယ်တခုထဲရောက်လာတော့ လမ်းလျှောက်နေတာကိုရပ်လိုက်တယ် သူကြီးဆိုတဲ့လူက ကျုပ်တို့အနားကိုလမ်းလျှောက်လာပြီး ခပ်ပြုံးပြုံးနဲ့စကားဆိုတယ်ဗျ။
"နောင်ကြီးတို့ ဟိုမှာကွပ်ပျစ်ရှိတယ် အဲ့မှာချက်ပြုတ်ဖို့လိုတာတွေတင်လို့ရတယ် နောင်ကြီးတို့လည်းထိုင်လို့ရတယ်"
"ဟုတ်ကဲ့ ကျုပ်တို့ ဒီနွားနှစ်ကောင်ကိုဘယ်နားသွားထားရမလဲ"
"အင်း ဒီကွပ်ပျစ်လေးမှာပဲ ချည်ထားလိုက်ပေါ့"
"တင်းကုတ်မရှိဘူးလား"
"မလိုဘူးလေ"
ဦးကြီးလည်း ခွန်းတုံ့ပြန်စကားမဆိုတော့ဘူးဗျ ခေါင်းပဲညိတ်ပြလိုက်တယ် အိမ်ဝိုင်းထဲမှာ ကညင်ဆီနဲ့လုပ်ထားတဲ့မီးတိုင်လေးတွေတွေ့ရတယ် မီးတိုင်တွေရဲ့အလင်းရောင်ကြောင့်လည်း ပတ်ဝန်းကျင်ကိုကောင်းကောင်းမြင်ရတယ် ကျုပ် သိချင်စိတ်မထိန်းနိုင်တာနဲ့ ဦးကြီးနဲ့စကားပြောနေတဲ့သူကြီးကိုမေးလိုက်တယ်။
"ဗျို့ သူကြီး ကျုပ်မသိတာလေးရှိလို့မေးလို့ရမလား"
"ရတယ်လေ မေး"
"ရွာထဲမှာမီးစက်လေးဘာလေးမရှိဘူးလားဗျ မီးတုတ်ကြီးတွေပဲသုံးနေလို့လေ"
"မရှိဘူး"
"အဲ့တာဆို ဘက်ထရီအားအိုးရော"
"မရှိဘူး"
"သူကြီးတို့ရွာက ဖွံဖြိုးတိုးတက်မှုတော်တော်ကိုအားနည်းတာပဲ"
"ဟုတ်တယ်"
ကျုပ်မေးတာကို ခပ်တိုတိုပဲပြန်ဖြေတယ် ပြီးတော့ သူကြီးက ကြီးတော်နဲ့ ဦးကြီးကိုစကားထပ်ဆိုတယ်။
"အမကြီးနဲ့ နောင်ကြီး ဟင်းချက်ဖို့ပြင်တော့"
"အခုချက်ရမှာလား"
"ဟုတ်တယ် "
"ဘာဟင်းချက်ရမှာလဲ"
"အမဲသားလေ"
"အမဲသားဟုတ်လား"
"ဟုတ်တယ်လေ "
"အမဲသားဝယ်ထားတာရှိလား"
"ရှိတယ်လေ ခင်ဗျားတို့ဆီကဝယ်ထားလေ"
"ရှင် ကျမတို့နွားတွေကိုချက်စားမှာလား ရှင်တို့ကခိုင်းဖို့ဝယ်တာမဟုတ်ဘူးလား"
"မဟုတ်ဘူး ခင်ဗျားတို့ကိုဟင်းချက်ခိုင်းမလို့ဝယ်လာတာ"
"အဲ့တာတော့ ကျမ မလုပ်နိုင်ဘူး "
"မလုပ်နိုင်ဘူးဆိုရင်လည်း ရတယ်လေ"
သူကြီးအဲ့လိုပြောလိုက်တာနဲ့ ရွာသားတွေကကျုပ်တို့တွေကိုဝိုင်းကြည့်ကြတယ်ဗျို့ သူတို့တွေ့ အရှေ့ကိုတိုးတိုးလာတယ် အခြေအနေကသိပ်မကောင်းဘူးဆိုတာသိတော့ ကျုပ်ကပဲဝင်ထိန်းလိုက်ရတယ်။
"သူကြီးကလည်းဗျာ အဲ့တာမျိုးက လူကြီးတွေကိုပြောလို့မကောင်းဘူးလေဗျာ ကျုပ်တို့ရှိနေတာပဲဟာ အဆင်ပြေအောင်လုပ်ပေးမှာပေါ့ဗျာ အခုမီးဖိုတွေဘာတွေလုပ်ရဦးမှာမလား "
"ဟုတ်တယ်"
"အဲ့တာအရင်ပြင်ဆင်ရအောင်ဗျာ ဟေ့ကောင် ကံကောင်း မီးဖို အရင်လုပ်လိုက်ရအောင်"
ကျုပ်လည်းအဲ့လိုပြောပြီး ကံကောင်းနဲ့ ကိုတိုက်စိုးကိုခေါ်လိုက်တယ် ပြီးတော့ ဦးကြီးနဲ့ ကြီးတော်အနားကိုသွားပြီး သူတို့ကိုလည်း ကွပ်ပျစ်မှာထိုင်ခိုင်းထားတယ်။
"ဦးကြီးနဲ့ ကြီးတော်တို့ ခဏထိုင်ဦး ကျုပ်တို့ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်အုံးမယ်"
ကျုပ်လည်း တယောက်တည်းအလုပ်တွေများနေတာပေါ့ဗျာ ကိုဝကြီးလည်း နွားကြိုးကိုချည်ပြီးတာနဲ့ ကျုပ်တို့အနားရောက်လာတယ် ကျုပ်လည်း သူကြီးကိုလိုအပ်တာတွေတောင်းလိုက်ရတာပေါ့။
"သူကြီး ပေါက်တူးလေးရမလား မီးဖိုလေးတူးချင်လို့"
"ရတယ် ပေါက်တူးတလက်တွေ့လို့သိမ်းထားတာရှိတယ်"
"ကိုဝကြီး ဘယ်နှစ်နာရီထိုးပြီလဲဗျ"
"ဆယ့်နှစ်နာရီခွဲပြီဟ "
"ဟုတ်လား အေးဗျာ ဘယ်အချိန်အထိလမ်းလျှောက်ရမယ်မှန်းမသိဘူး"
ကိုဝကြီးက သူ့ခါးကြားမှာထိုးထားတဲ့ဓာတ်မီးနဲ့ နာရီကိုထိုးကြည့်ရင်းပြန်ဖြေတယ်။အဲ့လိုနဲ့ သိပ်မကြာတဲ့အချိန်မှာပဲ ရှေ့ကသွားနေတဲ့လူတွေ ရပ်လိုက်တယ် ပြီးတော့ သစ်ပင်တွေအောက်ကနေ တခုခုကိုယူနေကြတာတွေ့တယ် သူတို့မှာဓာတ်မီးပါမလာဘူး သိပ်မကြာပါဘူးဗျာ သူတို့ဘာယူနေလဲဆိုတာ ကျုပ်သတိထားမိသွားတယ် မီးတုတ်တွေယူနေကြတာဗျ မီးတုတ်တွေကိုယ်စီကိုင်ထာတဲ့ယောကျာ်းသားတွေက မီးတိုင်တွေမီးညှိလိုက်တဲ့အချိန်မှာပဲ ပတ်ဝန်းကျင်တခွင်ချက်ချင်းဆိုသလိုလင်းထိန်သွားတယ်။ပြီးတော့ လူလေးယောက်နဲ့ သူကြီးဆိုတဲ့လူကြီးက ကျုပ်တို့အနားကိုလာပြီး ခပ်ပြုံးပြုံးနဲ့ပြောလာတယ်ဗျ။
"လမ်းကတော့ အတော်ကြာကြာထပ်လျှောက်ရအုံးမယ် နောင်ကြီးတို့ "
"ရပါတယ်ဗျာ ကိစ္စမရှိပါဘူး"
"အင်း အမှန်အတိုင်းပြောရရင် ကျုပ်တို့ နောင်ကြီးဆိုင်ကိုထမင်းလာစားတာ ဒီညနောက်ဆုံးလာတာ အဝစားမယ်ဆိုပြီးတွေးထားတာလေ ကျုပ်တို့ပါလာတဲ့လူတွေကများတော့ မဝဘူးဖြစ်သွားတယ် အဲ့တာကြောင့် အခုလိုစီစဉ်လိုက်ရတာပါဗျာ ဘာမှမကြောက်ကြပါနဲ့ ကျုပ်တို့ နောင်ကြီးတို့ကို ဘာအန္တရာယ်မှမပေးဘူး ကျုပ်တို့ကိုချက်ပြုတ်ကျွေးရင်ရပြီု "
"ဆန်တော့ မပါလာဘူးနော်"
"ရတယ် ဆန်မလိုဘူး ဟင်းချက်ကျွေးရင်ရတယ်"
"အေးဗျာ ကျုပ်တို့အကောင်းဆုံးချက်ပြုတ်ကျွေးပါ့မယ် "
"အဲ့တာဆို ကျုပ်ရွာသားနှစ်ယောက်ကို နောက်ကထားလိုက်မယ် ရှေ့ကတောထဲဝင်ရတော့မှာဆိုတော့ ဒီ့ထက် ပိုမှောင်လာမှာ "
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာကြီးတို့အဆင်ပြေသလိုလုပ်ပါဗျာ"
ဦးကြီးအဲ့လိုပြောလိုက်တော့ သူကြီးဆိုတဲ့လူကြီးကခေါ်လာတဲ့သူတချို့ကို ကျုပ်တို့နောက်ကလိုက်စေတယ် ပြီးတော့သူက ရှေ့ကိုပြန်သွားတာပေါ့ဗျာ မီးတုတ်တွေရဲ့အလင်းရောင်ကြောင့် ပတ်ဝန်းကျင်ကိုတော့သေချာမြင်နေရပြီဗျ အခုကျုပ်တို့သွားနေတာ တောအုပ်တခုထဲကို ကျုပ်လည်း ကိုဝကြီးဘေးကနေကပ်ပြီး လမ်းလျှောက်လာတယ် နွားကြီးတွေကလည်းအတော်ယဉ်ပါးကြတယ် သူတို့ကိုရှေ့ကမောင်းပြီးသွားနေတာ အတော်ကိုအဆင်ချောတယ် ကျုပ်က ဆီပုံးထမ်းထားရတာဆိုတော့ နည်းနည်းတော့ညောင်းနေပြီ အဲ့တာကိုသတိထားမိပုံရတဲ့ကိုဝကြီးက ကျုပ်ကိုပြောတယ်။
"စနေ မင်းညောင်းနေပြီလား လာ မင်းနွားကြိုးကိုင် ငါထမ်းကူမယ် "
"ရပါတယ်ဗျာ ကျုပ်ထမ်းနိုင်ပါတယ် "
"အေး အေး အဲ့တာဆိုလည်းညောင်းရင်ပြော"
"ကိုဝကြီး အခြေအနေဘယ်လိုရှိလောက်လဲလမ်းလျှောက်လာတာ တနာရီလောက်တောင်ရှိရော့မယ်နော် ဘယ်နှစ်နာရီထိုးပြီလဲ ကြည့်ပါဦးဗျ"
ကျုပ်လည်း ကိုဝကြီးကိုနာရီမေးလိုက်တယ် ကိုဝကြီးကလည်း သူ့ခါးကြားကဓာတ်မီးကိုထုတ်ပြီး လက်ကနာရီကို ထိုးကြည့်တယ်ဗျ ပြီးတော့ ကျုပ်ကိုပြောတယ်။
"ဆယ့်နှစ်နာရီခွဲပြီကွ"
"ဟာ ကိုဝကြီး ခင်ဗျားနာရီကြီးက ပျက်နေတာလားဗျာ "
"ဟိတ်ကောင်ရ ငါ့နာရီကပျက်စရာလား တသောင်းတောင်ပေးရတာကို "
"တောအုပ်ထဲမဝင်ခင်မေးတုန်းကလည်း ဆယ့်နှစ်နာရီခွဲပဲလေ အခုလည်းဆယ့်နှစ်နာရီခွဲ မဟုတ်သေးဘူးလေဗျာ စက္ကန့်တံသွားရဲ့လား ကြည့်ပါဦးဗျာ"
ကျုပ်အဲ့လိုပြောလိုက်တော့ ကိုဝကြီးလည်း သူ့နာရီကိုပြန်ကြည့်တယ် ပြီးတော့ ကျုပ်ကိုပါကြည့်ခိုင်းပြီးပြောပြန်တယ်။
"ဟိတ်ကောင် မြင်လား ငါ့နာရီသွားနေတယ် မပျက်ပါဘူးကွာ အာမခံပါတာကိုပျက်စရာလား"
"အဲ့တာဆို ဘာလို့ဆယ့်နှစ်နာရီပဲဖြစ်နေတာလဲ"
"အေး ဟုတ်တယ် ငါလည်း အခုမှသတိထားမိတယ် တိုက်စိုးမှာ နာရီပါတယ်မလား သွားကြည့်ဦးကွာ ရော့ ဓာတ်မီး"
ကျုပ်လည်း ကိုဝကြီးပေးတဲ့ဓာတ်မီးကိုကိုင်ပြီး ဆီပုံးကြီးထမ်းပြီးတော့ မျက်နှာမသာမယာနဲ့ ဒန်အိုးတွေကို ရှေ့နောက်ထမ်းနေတဲ့ ကိုတိုက်စိုးနဲ့ ကံကောင်းအနားကိုသွားလိုက်တယ် ပြီးတော့ ကိုတိုက်စိုးလက်ကနာရီကိုဓာတ်မီးနဲ့ထိုးကြည့်လိုက်တာပေါ့။
"ကိုတိုက်စိုး ဘယ်နှစ်နာရီထိုးပြီလဲ ကြည့်ဦးမယ်"
"ကြည့် ကြည့် ဘယ်အချိန်ဖြစ်ဖြစ် ငါ့အထင်တော့ မရောက်မချင်းသွားရမဲ့ပုံပဲ"
"ခင်ဗျားတို့ ပင်ပန်းနေပြီလား"
"မင်းလောက်တော့မပင်ပန်းပါဘူးကွာ ဆီပုံးကြီးထမ်းပြီးအရှေ့သွားလိုက် အနောက်သွားလိုက်နဲ့ မင်းကြည့်တာနဲ့တင်ငါကပင်ပန်းနေပြီ"
"ကိုတိုက်စိုး ခင်ဗျားနာရီလည်း ဆယ့်နှစ်နာရီခွဲပဲဗျ"
"အေးလေ အချိန်ကိုလည်းကြည့်ဦး အဲ့လောက်တော့ရှိရောပေါ့"
"မဟုတ်သေးဘူးဗျ ကျုပ်တို့ ဒီတောအုပ်ထဲမဝင်ခင်က တည်းက ဆယ့်နှစ်နာရီခွဲပဲ အခုလည်းဆယ့်နှစ်နာရီခွဲပဲဖြစ်နေပြန်ပြီ"
"မင်းက ဘယ်သူ့နာရီကြည့်ထားတာလဲ"
"ကိုဝကြီးနာရီလေ"
"သူ့နာရီက မှားနေလို့နေမှာပေါ့"
"မမှားဘူးဗျ သူ့နာရီကသွားနေတယ်"
"ငါလည်းမသိတော့ဘူးကွာ"
"ကိုတိုက်စိုး သတိတော့ထားဗျ"
"အေး အေး စနေ မင်းအစွမ်းကနည်းနည်းလေးမှကိုမရှိတော့တာလား ဒီလူတွေကိုကြည့်တာနဲ့သူတို့ဘာတွေဆိုတာသိနိုင်တယ်မဟုတ်လား"
"ကျုပ် ဘာအစွမ်းမှမရှိတော့ဘူး ကျုပ်ပေါက်ကရလုပ်တာတွေကလည်းများသကိုဗျာ"
"အေးကွာ "
ကျုပ်နောက်တခါထပ်ပြောတော့ အဲ့လူကြီးက တခြားဝိုင်းကူလူတွေကိုလှမ်းကြည့်တယ် သူ့လူတွေကလည်း ကျုပ်ကိုစူးစမ်းသလိုသေချာကြည့်လာပြီး သူတို့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူကြီးကိုခေါင်းညိတ်ပြကြတယ် အဲ့တော့မှ ကျုပ်စကားပြောနေတဲ့လူကြီးကပြန်ပြောလာတယ်။
"ကောင်းပြီလေ မင်းတို့လိုက်ချင်သပဆို လိုက်ခဲ့လို့ရတယ် အလုပ်တော့လုပ်ရမယ်"
"ရပါတယ်ဗျာ လုပ်မယ်"
"ကောင်းပြီ မင်းတို့တွေ နွားဆွဲရမယ် ပြီးတော့ ဒီက ထမင်း အိုးဟင်းအိုးတွေသယ်ရမယ် "
"ရတယ် "
ထမင်းအိုး၊ဟင်းအိုးတွေသယ်ရမယ်လို့ပြောတော့ ဆိုင်ရှင်ဦးကြီးက ဟိုလူကြီးကိုပြန်မေးတယ်ဗျ။
"ဆရာကြီး ဒီကအိုးတွေသယ်မလို့လား"
"ဟုတ်တယ်လေဗျာ အိုးတွေတင်မကဘူး ဆီတို့ဆားတို့ တခြားလိုအပ်တဲ့ပစ္စည်းတွေပါသယ်ခဲ့လို့ရတယ်မလား ကျုပ်တို့က ဒီမှာချက်တဲ့ပုံစံပဲစားချင်တာ"
"ဪ အဲ့လိုလား ရပါတယ်ဗျာ ရပါတယ် "
"ကောင်းပြီလေ ဒီသူငယ်လေးယောက်လည်းလိုက်မယ်ဆိုတော့ သာလို့ဟန်ကျတာပေါ့ ကဲ မောင်စံ သူတို့ကို ငွေတသောင်းစီပေးလိုက်ပါကွယ်"
"ဟုတ်ကဲ့ သူကြီး"
သူကြီးဆိုတဲ့လူကြီးပြောတာကို မောင်စံဆိုတဲ့အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့လူကြီးကခေါင်းညိတ်ပြပြီး သူ့လွယ်အိတ်ထဲက တရာတန်တအုပ်ကိုထုတ်ပြီးတော့ ကျုပ်တို့လေးယောက်လုံးကို တရာတန်တအုပ်စီပေးတယ် အဲ့တော့ကျုပ်လည်းကျေးဇူးတင်ကြောင်းပြောပြီး နည်းနည်းမေးလိုက်တာပေါ့။
"နှစ်ရာတန်နဲ့ ငါးရာတန်တွေထွက်နေပါပြီဗျ ဘာလို့ ကျုပ်တို့ကိုတရာတန်တွေပေးတာလဲ"
ကျုပ်အဲ့လိုမေးလိုက်တော့ မောင်စံဆိုတဲ့လူ ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်နေပုံပဲ အဲ့လိုအခြေအနေမှာ သူတို့သူကြီးက ကျုပ်ကိုအသံခပ်မာမာနဲ့ပြန်ပြောလာတယ်။
"မောင်ရင် ငွေတရာတန်လည်းသုံးလို့ရတယ်မလား ဘာစကားတွေရှည်နေတာလဲ မောင်ရင်မလိုက်ဘူးဆို ငွေပြန်ပေး လိုက်"
"လိုက်မှာပေါ့ဗျာ ဒီငွေတသောင်းဆိုတာ ရွှေငါးမူးသားကျော်ကျော်ဝယ်လို့ရတာကို "
"အေး အဲ့တာဆို မောင်ရင်လျှာသိပ်မရှည်နဲ့"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ကျုပ်ပြောဆိုနေလုပ်ကိုင်နေတာကို ကိုဝကြီးအပါအဝင် ကံကောင်းနဲ့ ကိုတိုက်စိုးတို့နားမလည်ဘူးဗျ သူတို့ကတော့လက်ထဲမှာ တရာကျပ်တန်တအုပ်စီကိုင်ပြီး ကျုပ်ကိုပဲကြည့်နေတာပေါ့ အဲ့လိုနဲ့ ကျုပ်တို့တွေလည်း ထမင်းဆိုင်ပိုင်ရှင်ဦးကြီးလင်မယားနဲ့အတူ ထူးထူးဆန်းဆန်းထမင်းလာစားတဲ့သူတွေနောက်လိုက်ပါဖို့ ဖြစ်လာတော့တာပေါ့ဗျာ။
(၃)
ကျုပ်တို့တွေ ဟိုလူတွေနောက်ကိုလိုက်သွားကြတယ်ပေါ့ ဦးကြီးက နွားတကောင်ကိုဆွဲတယ် ကိုဝကြီးက တကောင်ဆွဲတယ် ကျုပ်တို့သုံးယောက်ကတော့ ဒယ်အိုးတွေဒယ်ပိုင်းတွေ ဆီ၊ဆားတွေ အစုံသယ်ရတယ် ဟိုလူတွေကတော့ ရှေ့ကနေစကားတပြောပြောနဲ့သွားနေတာ အဲ့လိုနဲ့ ကတ္တယာလမ်းအတိုင်းဆယ်မိနစ်လောက်လမ်းလျှောက်ပြီးတော့ လယ်ကွင်းတွေဖက်ကိုဆင်းသွားကြပြန်တယ် အခွင့်အရေးရတာနဲ့ ကျုပ်လည်း နွားဆွဲပြီးလမ်းလျှောက်နေတဲ့ဦးကြီးအနားကိုကပ်သွားပြီး အသံတိုးတိုးနဲ့စကားဆိုတာပေါ့ဗျာ။
"ဦးကြီး ကျုပ်တို့တွေဘယ်ကိုသွားရမှာလဲ"
"အဲ့တာတော့ ဦးလည်းမသိဘူး"
"ဦးကြီး ငွေတခုတည်းကိုကြည့်လို့မရဘူးနော် သူတို့ကြည့်ရတာ ထူးဆန်းနေသလိုပဲ"
"ဦးကြီးလည်း သူတို့ကိုထူးဆန်းတယ်လို့ထင်တယ်"
"အဲ့တာများဦးကြီးရယ် ဘာကြောင့်များလိုက်လာရတာလဲဗျာ ကျုပ်တို့လိုက်ခဲ့တယ်ဆိုတာ ဦးကြီးနဲ့ကြီးတော်ကို စိတ်ပူလို့ဗျ"
ကျုပ်လည်း အဲ့လိုကိုတည့်တိုးပြောပစ်လိုက်တယ် ကျုပ်စကားကြောင့် ဦးကြီးလည်း ခေတ္တတွေဝေသွားပြီး အချိန် နည်းနည်းကြာတော့မှစကားပြန်ပြောလာတယ်။
"မောင်ရင် ဦးကြီးတို့မှာ လင်မယားနှစ်ယောက်တည်းရှိတာ သားထောက်သမီးခံကလည်းမရှိဘူး ဦးကြီးက နွားလေးကျောင်းလိုက် ကြီးလာရင် နွားကိုပြန်ရောင်းလိုက် မိန်းမထမင်းဆိုင်ကိုကူပေးလိုက်နဲ့ အသက်ကြီးလာတဲ့အထိ ခုလို ရုန်းကန်နေရတာ အမှန်အတိုင်းပြောရရင် ငွေတသောင်းလောက်ကို လက်ထဲနွေးတဲ့အထိမကိုင်ဖူးဘူး ဦးကြီးတို့အလုပ်မလုပ်နိုင်တော့တဲ့အချိန်ကျရင် ဦးကြိးတို့စားဝတ်နေရေးကို ဘယ်သူကကြည့်မှာလဲ အဲ့တော့ ဦးကြီးတို့ငွေမက်ပြီး အခုလိုလိုက်လာတာလွန်တယ်လို့ထင်သလား မောင်ရင်"
ကျုပ်ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ်ဗျာ သူပြောတာလည်းဟုတ်တာပဲ ထမင်းဆိုင်လေးမှာ သက်ကြီးရွယ်ကြီးနှစ်ယောက်သားရုန်းကန်နေရတာ အခုလို များပြားလှတဲ့ငွေ အမောက်ကို ဘယ်လိုအတွေးမျိုးနဲ့မှငြင်းပယ်မှာမဟုတ်ဘူးဆိုတာ ကျုပ် တွေးမိသွားတယ် အဲ့တော့ ကျုပ်လည်းဦးကြီးကိုအပြစ်မပြောတော့ဘူး သတိထားဖို့အတွက်ပဲပြောလိုက်တယ်။
"ဦးကြီး ဘာပဲဖြစ်ဖြစ်သတိထားရမယ်ဗျ ကျုပ်တို့တွေရော ပါတယ်ဆိုတော့ တော်ပါသေးတယ်"
"ဟုတ်တယ် မောင် မင်းတို့တွေပါလိုက်လာတာ ဦးကြီးတကယ်ကိုဝမ်းသာတယ် "
ကျုပ်တို့တွေ အဲ့လိုစကားတပြောပြောနဲ့လမ်းလျှောက်လာတာ နာရီဝက်လောက်ကြာလာပြီပေါ့ဗျာ ကျုပ်လည်း ဆီပုံးကိုထမ်းထားရသေးတယ် ကိုတိုက်စိုးနဲ့ ကံကောင်းက ဒယ်အိုးဒယ်ပိုင်းတွေကို ဝါးလုံးနဲ့လျှိုပြီးထမ်းလာတာ ကြီးတော်ကြီးက တော့ ဟင်းချက်ရာမှာလိုတဲ့အသုံးအဆောင်တွေကို ဟင်းတောင်းထဲကိုထည့်ပြီးခေါင်းပေါ်ရွက်လာတယ် ကျုပ်လည်း ကိုဝကြီးအနားကိုသွားပြီး နာရီမေးလိုက်တယ်။ ကိုဝကြီးမှာနာရီရှိတယ်လေဗျာ။
"အခုဟာကဗျာ တခြားတော့မဟုတ်ဘူး ကျုပ်တို့ရွာကိုလိုက်ပြီး ထမင်း၊ဟင်းချက်ပေးဖို့ပါဗျာ အဲ့ဒီအတွက် ကျုပ်တို့နိုင်သလောက်လေးနဲ့ကမ်းလှမ်းတာ ငွေက နှစ်သိန်း ရွှေလေးက နှစ်ကျပ်သားပိုပိုလောက်တော့ရှိမပေါ့ ပြီးတော့ ဒီကြိုးလေးကလည်း အမကြီးတို့ရဲ့နွားတရှဉ်းကိုဝယ်ချင်လို့"
အမျိုးသမီးတွေရဲ့သည်းခြေကြိုက် ရွှေနဲ့မျှားတော့ကြီးတော်လည်း ထွေထွေထူးထူးစဉ်းစားမနေတော့ပဲလက်ခံလိုက်တယ်ဗျို့။
"ကိုယ့်ဖောက်သည်ကြီးတွေပဲ လုပ်ပေးရမှာပေါ့ရှင် ဘယ်နေ့လောက်များလိုက်ခဲ့ရမလဲ "
"အစားအသောက်ဆိုတာမျိုးက အချိန်ဆွဲလို့ကောင်းတာမျိုးမှမဟုတ်တာဗျာ အခုညပဲ လိုက်ခဲ့ကြပေါ့"
"အခုည "
ကြီးတော်နည်းနည်းစဥ်းစားသွားပုံပဲဗျ ဒါပေမဲ့ မျက်စိရှေ့မှာ ရွှေနဲ့ငွေတွေကိုမြင်နေရတာဆိုတော့တခြားဟာသိပ်ပြီးရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘူးထင်ပါ့ သူတို့ကိုအလုပ်ကမ်းလှမ်းတဲ့လူကြီးကလည်း လည်တယ်ဗျ ကြီးတော်စဥ်းစားနေတဲ့အချိန်မှာ သူတို့ကို သံသယမဝင်အောင်ထပ်ပြောပြန်တယ်။
"အမကြီး ကျုပ်တို့မိသားစုက ရွှေကျောတွေပိုင်တယ် တောသူဌေးတွေဆိုတော့ တခြားဘာဘာညာညာတွေဆိုတာထက် အစားအသောက်ကိုပဲမက်တယ်ဗျ ကျုပ်တို့စည်းစိမ်တွေက စားမကုန်အောင်ရှိနေတာ ကျုပ်တို့ကလည်း အမကြီးတို့ကိုကူညီတဲ့သဘောပါ တဦးစေတနာတဦးမေတ္တာပေါ့ဗျာ "
"နားလည်ပါတယ်ရှင် အဲ့တာဆိုလိုတာတွေယူပြီးလိုက်ခဲ့မယ်လေ "
"ကောင်းတာပေါ့ဗျာ ကောင်းတာပေါ့ "
ကြီးတော်ကလိုက်မယ်ဆိုတော့ ကျုပ်တို့တွေလည်းဒီတိုင်းမနေသာတော့ဘူးပေါ့ ကိုဝကြီးက ကျုပ်တို့ကိုအသံခပ်တိုးတိုးနဲ့ ဦးစွာသတိပေးတယ်။
"စနေ ဒီအတိုင်းငြိမ်နေလို့တော့မဖြစ်တော့ဘူး တခုခုတော့လုပ်မှဖြစ်လိမ့်မယ် ဒီပုံစံအတိုင်းဆို သူတို့ဒုက္ခရောက်လိမ့်မယ်"
"ကျုပ်လည်းဘယ်လိုလုပ်ရမလဲတွေးနေတာဗျ "
"တွေးမနေနဲ့ ငါ့ကောင် ငါတို့ ဆိုင်ထဲကိုအရင်သွားကြတာပေါ့ ကံကောင်းနဲ့ တိုက်စိုး မင်းတို့တွေကြောက်ရင် နေခဲ့နော် ငါနဲ့ စနေပဲသွားမယ်"
ကိုဝကြီးက ကိုတိုက်စိုးနဲ့ ကံကောင်းကိုအဲ့လိုပြောတာဗျ အဲ့တော့ သူတို့နှစ်ယောက်ကလည်း ကိုဝကြီးကိုပြန်ပြောတယ်။
"ကိုဝကြီးကလည်းဗျာ ကျုပ်တို့ကကြောက်စရာလား ကဲ ကဲပြောနေတာ ကြာတယ်ဗျ "
ပြောပြောဆိုဆို ကံကောင်းကဘက်ထရီးအိုးညှပ်ကိုတပ်လိုက်တယ် အဲ့တော့ ကျုပ်တို့တဲလေးထဲမီးလင်းထိန်သွားတာပေါ့ မီးလင်းသွားတော့ ဆိုင်ထဲလူတွေက ကျုပ်တို့ကိုစူးစမ်းသလိုလှမ်းကြည့်တယ် ကျုပ်တို့တွေ ခပ်တည်တည်နဲ့ အိမ်အောက်ကိုဆင်းလာပြီးတော့ ဆိုင်ပိုင်ရှင်ဦးကြီးနဲ့ ကြီးတော် အနားမှာရပ်လိုက်ကြတယ် ကျုပ်တို့လေးယောက်ကို ဟိုလူတွေကစူးစိုက်ကြည့်နေကြတယ် သူတို့အကြည့်တွေကတကယ်ကိုကြောက်စရာကြီးတွေ ဘာလို့လဲဆိုတော့ လူတွေကမျက်နှာသေကြီးတွေနဲ့လေဗျာ မျက်တောင်လည်းမခတ်ကြဘူး ဒါကို ဦးကြီးတို့က သတိမထားမိတာ မခန့်မှန်းမိတာ အတော်ကိုဗဟုသုတနည်းတာပဲလို့ကျုပ်တွေးလိုက်မိတယ် အဲ့လိုနဲ့ ကျုပ်ကဦးကြီးကိုစပြီးစကားဆိုလိုက်တာပေါ့။
"ဦးကြီး ကျုပ်တို့အိပ်မပျော်လို့ဆင်းလာတာ ဗိုက်ဆာလို့ဗျ ထမင်းစားလို့ရသေးလား"
"ကုန်ပြီ မောင်ရင်ရဲ့ အကုန်ပြောင်တာပဲ"
"ဟုတ်လား ကျုပ်တို့စားတုန်ူကတောင် ထမင်း၊ဟင်းတွေအများကြီးပါ"
"ဟုတ်တယ် ဒီကဆရာကြီးတို့ကိုရောင်းလိုက်တာကုန်ပြီ"
"ကျုပ်တို့ဗိုက်တအားဆာလို့ဗျာ ထမင်းတအိုးလောက်ချက်ပေးပါလား ဟင်းကတော့ ကြက်ဥကြော်လေးနဲ့စားရရင် တောင် အဆင်ပြေပါတယ် "
ကျုပ်အဲ့လိုပြောလိုက်တော့ ဦးကြီးတို့လင်မယားနည်းနည်း တော့မျက်နှာပျက်သွားတယ်ဗျ လင်မယားနှစ်ယောက်လုံးကျုပ်တို့ကို အားတုံ့အားနာဟန်နဲ့ပြောလာတယ်။
"အားနာလိုက်တာ မောင်ရင်တို့ရာ ဦးကြီးတို့မအားတော့ဘူးကွယ့်"
"ဟုတ်တယ် မောင်ရင်တို့ကြီးတော်တို့မအားတော့ဘူး"
"ဘာဖြစ်လို့လဲဗျာ မီးကောင်းကောင်းနဲ့ချက်ရင် ခဏလေးဟာကို "
"တကယ်ကိုမရတော့လို့ပါ ဒီကဆရာကြီးတို့နောက်ကိုလိုက်သွားရမှာ သူတို့ဆီကစရံတောင်ယူပြီးသွားပြီ"
"ဟာဗျာ အဲ့တာဆို ကျုပ်တို့ဘယ်လိုလုပ်ရပါ့မလဲ"
"တကယ်အားနာပါတယ်ကွယ် မောင်ရင်တို့ ကိုယ့်ဖာသာထမင်းချက်တတ်ရင် စားကြလေ ကြီးတော်တို့ခွင့်ပြုတယ် "
"ဒါနဲ့ ကြီးတော်တို့က ဘယ်ကိုသွားကြမှာလဲ"
"ဒီကဆရာကြီးတို့နောက်ကိုလေ"
ကျုပ်စဉ်းစားမိတာက အခုအချိန် ကြီးတော်တို့ကိုမလုပ်နဲ့ မလိုက်သွားနဲ့လို့ပြောရင်အဆင်ပြေမဲ့ပုံမပေါ်ဘူး မတတ်နိုင်တဲ့အဆုံး ကျုပ်လည်း ကြီးတော်တို့ကိုအလုပ်ကမ်းလှမ်းလာတဲ့လူကြီးကိုကြည့်ပြီး ပြောလိုက်တယ် ။
"ဆရာကြီး ကျုပ်တို့လည်း ဆရာကြိးတို့နောက်လိုက်ခဲ့လို့ရမလား "
ကျုပ်အဲ့လိုပြောလိုက်တော့ ကိုတိုက်စိုးနဲ့ ကံကောင်းက ကျုပ်လက်ကိုလာကုတ်တယ် ကျုပ်လည်းသူတို့လက်တွေကိုဖယ်ချပစ်လိုက်ပြီးတော့ အဲ့လူကြီးကိုထပ်ပြောလိုက်တယ်။
"ဆရာကြီး ကျုပ်တို့ကိုလည်း သူတို့လိုအဖိုးအခနည်းနည်းလေးပဲပေးဗျာ ကျုပ်တို့လိုက်ချင်တယ် လူများများချက်ပြုတ်ရင် မြန်မြန်စားရတာပေါ့ ကျုပ်တို့ကို ထမင်းနည်းနည်းတော့ကျွေးဗျာ နော့် "
"အေး ငါလည်း အဲ့လိုပဲထင်တယ် မင်းဘယ်လိုစဥ်းစားလဲ"
"ဘာကိုပြောတာလဲ ကိုဝကြီး"
"အဲ့ဆိုင်ထဲကလူတွေကိုလေ"
"ကျုပ်တို့ဘာလုပ်လို့ရမှာလဲဗျာ စျေးရောင်းတဲ့သူကလည်းငွေရလို့ရောင်းတယ် စျေးဝယ်တဲ့သူကလည်းငွေပေးပြီးဝယ်စားတယ် အချင်းချင်းကျေနပ်နေကြတာပဲကို ကျုပ်တို့ဘာလုပ်ဖို့လိုလို့လဲ"
"မင်းပြောတာလည်း ဟုတ်သလိုလိုတော့ရှိတယ် ဒါပေမဲ့ သူတို့တွေ ဆိုင်ရှင်ဦးကြီးလင်မယားကိုနောက်တချိန်မှာ ဒုက္ခမပေးနိုင်ဘူးလို့ မင်းသေချာပြောနိုင်လား"
"အဲ့တာတော့ ကျုပ်လည်းဘယ်သိမှာတုန်း"
"သိသိကြီးနဲ့တော့ ငါတို့ ဒီတိုင်းထားခဲ့လို့မရဘူးထင်တယ် စနေ"
"မနက်ကြမှပဲ ဆိုင်ရှင်ဦးကြီးကိုသတိပေးကြည့်တာပေါ့ အဲ့တာမကောင်းဘူးလား"
ကျုပ်အဲ့လိုပြောလိုက်တော့ ကိုတိုက်စိုးနဲ့ ကံကောင်းကကျုပ်စကားကိုထောက်ခံတယ်ဗျ။
"အဲ့တာကောင်းတယ် မနက်မှသတိပေးကြတာပေါ့"
"ဟုတ်တယ် ကိုဝကြီး စနေပြေတာမှန်တယ် မနက်ဖြန်မှပဲသူတို့ကိုသတိပေးကြတာပေါ့ ယုံတာမယုံတာတော့ ကျုပ်တို့လည်းမတတ်နိုင်ဘူးလေ"
ကိုတိုက်စိုးနဲ့ ကံကောင်းအဲ့လိုပြောတော့ ကိုဝကြီးလည်းလက်ခံတယ်။
"အေးလေ အခုညတော့ အခြေအနေပဲကြည့်ရတာပေါ့ မနက်ရောက်ရင်တော့ ဆိုင်ရှင်ဦးကြီးတို့ကိုသေချာတော့ပြောပြရမယ်"
အဲ့လိုနဲ့ ကျုပ်တို့တွေ ဆိုင်ထဲကအခြေအနေကိုအကဲခတ်ကြည့်နေတာပေါ့ဗျာ ဆိုင်ထဲမှာတော့ စကားတပြောပြောနဲ့ထမင်းစားနေကြတယ် ဆိုင်ရှင်ဦးကြီးခမျာလည်း ထမင်းလိုက်ပွဲနဲ့ဟင်းအပိုတွေကိုမနားစတမ်းချပေးနေရတယ် အဲ့လိုနဲ့အချိန်တော်တော်ကြာလာတော့ ထမင်း၊ဟင်းတွေဒိုင်ခံထည့်ပေးနေတဲ့ကြီးတော်က ထမင်း၊ဟင်းတွေကုန်သွားပြီဖြစ်တဲ့အကြောင်းပြောလာတယ်။
"ကိုကြီးမြင့် ဧည့်သည်တွေကိုပြောလိုက်ပါဦး ထမင်းဟင်းတွေ အကုန် ကုန်ပြီလို့"
"ဪ အေး အေး"
ဆိုင်ပိုင်ရှင်ဦးကြီးကလည်း သူမိန်းမကြီးတော်ပြောတဲ့အတိုင်း ထမင်းစားနေတဲ့သူတွေကိုပြောလိုက်တယ်ဗျို့။
"ဧည့်သည်တို့ ကြားတဲ့အတိုင်းပဲဗျာ ထမင်းတွေဟင်းတွေကုန်ပြီတဲ့ "
"ကုန်ပြီလား စားလို့တောင်မဝသေးဘူးဗျာ "
"ဟုတ်တယ် စားလို့တောင်မဝသေးဘူး "
ထမင်းစားနေတဲ့သူတွေကလည်း သူတို့မဝသေးတဲ့အကြောင်း ဦးကြီးကိုပြန်ပြောကြတယ် ဦးကြီးက သူတို့ဆိုင်ကိုလာစားတဲ့ဧည့်သည်တွေဆိုတော့အားနာနေတယ်။
"ကျုပ်တို့လည်း ခပ်များများချက်ထားတာပါပဲ ဒီနေ့ ပိုစားကောင်းတယ်ထင်ပါ့"
"ဟုတ်တယ် ဒီနေ့ပိုစားကောင်းတယ် အမဲသားတုံးကြီးတွေကလည်း ပြောထားတဲ့အတိုင်း ကြီးတယ်"
"ဧည့်သည်တွေမှာထားတဲ့အတိုင်းချက်ပေးထားတာပါ ကျုပ်တို့ ပုံမှန်ချက်နေကျထက် အတုန်းထက်ပိုကြီးပေးထားပါတယ်"
"ဟုတ်တယ် စားလို့သိပ်ကောင်းတယ်ဗျာ ခက်တာက ကျုပ်တို့ဗိုက်မဝသေးဘူး"
"အားနာလိုက်တာဗျာ ကျုပ်တို့လည်း ဘယ်လိုလုပ်ပေးရမှန်းမသိတော့ဘူး"
ဆိုင်ရှင်ဦးကြီးလင်မယားအခက်ကြုံနေတယ်ဗျ အဲ့အချိန်မှာပဲ ထမင်းစားနေတဲ့လူတွေထဲက ဦးကြီးနဲ့သက်တူရွယ်တူလောက်အရွယ်လူကြီးတယောက်က သူ့လွယ်အိတ်ထဲကငွေစက္ကူတအုပ်ကိုထမင်းစားပွဲပေါ်တင်လိုက်ပြီး ဆိုင်ရှင်ဦးကြီးကို စေ့စေ့ကြည့်ပြီးစကားဆိုလာတယ်ဗျို့။
"နောင်ကြီး ငွေစကားပြောတယ်တော့မထင်ပါနဲ့ဗျာ ခင်ဗျားတို့ဆိုင်ကထမင်းနဲ့ဟင်းကို ကျုပ်တို့သိပ်ကြိုက်တယ် အဲ့တော့ ဒီညပဲ ကျုပ်တို့ရွာကိုလိုက်ပြီး ထမင်းဟင်းချက်ပေးပါလား ဒီငွေတွေပေးမယ်ဗျာ ရော့ ငွေနည်းသေးရင် ဒီမှာရွှေနည်းနည်းရှိသေးတယ် "
တိုက်ပုံအင်္ကျီခပ်နွမ်းနွမ်းဝတ်ထားတဲ့လူကြီးက ငွေစက္ကူတထပ်အပြင် နှစ်ကျပ်သားလောက်ရှိလောက်တဲ့ရွေတုံးတတုံးကိုပါ စားပွဲပေါ်တင်လိုက်တယ် ပြီးတော့ သူကထပ်ပြီးစကားဆိုပြန်တယ်။
"အိမ်ထဲမှာ နွားတရှဉ်းလည်းတွေ့တယ် အဲ့အတွက် နောက်ထပ်ရွေနှစ်ကျပ်သားထပ်ယူဗျာ နည်းသေးတယ်ထင်ရင် ကျုပ်ထပ်ပေးမယ်"
"ဟာ ရပါတယ်ဗျာ ရပါတယ် ဒါတောင်အတော်များနေပါပြီ ကျုပ်တို့လေးငါးနှစ်ရောင်းလို့တောင် ဒီလောက်ငွေတွေ ရွှေတွေရမှာမဟုတ်ဘူး ကျုပ်တယောက်တည်းတော့ ဆုံးဖြတ်လို့မရပေဘူး ကျုပ်မိန်းမကို ခေါ်လိုက်ဦးမယ်"
"ခေါ် ခေါ် ဒါက ခင်ဗျားမိန်းမအတွက်လက်ဆောင်"
အဲ့လူကြီးက သူ့လွယ်အိတ်ထဲကိုထပ်နှိုက်လိုက်တယ် သူ့လက်ထဲမှာ ရွှေဆွဲကြိုးကြီးတကုံးပါလာတယ် ဘက်ထရီအားအိုးမီးရောင်အောက်မှာ ရွှေဆွဲကြိုးကြီးကထင်းနေတာပဲဗျာ ကျုပ်တို့ခပ်လှမ်းလှမ်းကကြည့်နေတာတောင် အထင်းသားမြင်နေရတယ် ကျုပ်တို့လည်းဘာဆက်ဖြစ်မလဲဆိုတာ ဆက်စောင့်ကြည့်နေတာပေါ့ဗျာ သိပ်မကြာဘူးဗျ ဦးကြီးနဲ့အတူ သူ့မိန်းမတို့ ဟိုလူကြီးအနားကိုပြန်ရောက်လာတယ် သူတို့ရောက်လာတာနဲ့ ထမင်းလာစားတဲ့လူကြီးက သူ့လက်ထဲကရွှေဆွဲကြိုးကြီးကို ဦးကြီးမိန်းမကိုတန်းပြီးကမ်းပေးတော့တာပဲဗျို့။
"အမကြီး ရော့ ဒီဆွဲကြိုးလေးယူဗျာ အမကြီးနဲ့ဆိုသိပ်လိုက်မှာ"
"ရှင် ကျမကိုပေးတာလား"
"ဟုတ်တယ် နောင်ကြီးကိုအလုပ်တခုကမ်းလှမ်းနေတာဗျာ ကျုပ်တို့ အမကြီးတို့ထမင်းဆိုင်မှာလာစားနေတာလည်း အချိန်အတန်အသင့်ကြာပြီမလား တယောက်နဲ့တယောက်လည်းရင်နှီးနေပြီဆိုပါတော့"
"ဟုတ်ပါတယ် ဒီက ဆရာကြီးတို့အားပေးနေလို့လည်း ကျမတို့ဆိုင်လေးအဆင်ပြေနေတာပလ "
ကျုပ်တို့တွေအိမ်လေးပေါ်ကိုရောက်ပြီဗျို့ အားအိုးတလုံးနဲ့ ဖန်ချောင်းလေးအပြင် ခေါင်းအုံးလေးတွေတော့ရှိတယ် ထမင်းဆိုင်လေးနဲ့လည်းသိပ်မဝေးဘူးဆိုတော့ ဆိုင်ကို ရှင်းရှင်းလင်းလင်းလှမ်းမြင်နေရတယ်လေဗျာ ဆိုင်မှာ ကာထားတဲ့ထရံကိုတော့ နှစ်တောင်လောက်ကာထားတာ အပေါ်ပိုင်းကိုတော့မကာထားဘူးဗျ အဲ့တော့ ဆိုင်ထဲကနေလည်း ကျုပ်တို့ငုတ်တုတ်ထိုင်နေတာကိုလှမ်းမြင်ရတယ် ကျုပ်တို့ကလည်းဆိုင်ထဲကိုလည်းလှမ်းမြင်ရတယ်ပေါ့ဗျာ ကံကောင်းနဲ့ ကိုတိုက်စိုးကတော့ ကျောဆန့်နေပြီ ကျုပ်နဲ့ကိုဝကြီးကတော့ထိုင်နေတာပေါ့ ကိုဝကြီးကကျုပ်လိုပဲ သန်းခေါင်ယံကျော်မှထမင်းရောင်းကောင်းတဲ့အကြောင်းကိုသိပ်စိတ်ဝင်စားနေတယ် အခုလည်း ကျုပ်တို့တွေအဲ့အကြောင်းကို ခပ်တိုးတိုးပြောဆိုနေကြတာပေါ့။
"စနေ မင်းဘယ်လိုမြင်လဲ"
"ဘာကိုလဲ ကိုဝကြီး"
"ဟိုထမင်းဆိုင်ကိုလေကွာ ငါ့အထင် သန်းခေါင်ကျော်မှထမင်းလာစားတဲ့လူတွေက ရိုးရိုးကောဖြစ်နိုင်ပါ့မလား"
"ကျုပ်လည်းအဲ့တာကိုတွေးနေတာ ဆိုင်ပိုင်ရှင်ဦးကြီးပြောပုံအရတော့ သူတို့လည်းသိပ်သိပုံမရဘူး ကျုပ်တို့တွေ ဆိုင်ထဲကိုလှမ်းမြင်နေရတာပဲဟာ မအိပ်သေးပဲ အခြေအနေကိုစောင့်ကြည့်ကြတာပေါ့"
"အေး အေး စောင့်ကြည့်တာပေါ့ကွာ ကံကောင်းနဲ့ တိုက်စိုးမင်းတို့အိပ်တော့မလို့လား"
ကိုဝကြီးက လှဲနေတဲ့ ကိုတိုက်စိုး နဲ့ ကံကောင်းကိုမေးလိုက်တာဗျ အဲ့တော့ ကံကောင်းကလည်းပြန်ဖြေတယ်။
"မအိပ်သေးပါဘူးဗျာ ညောင်းလို့ ကျုပ်တွေးနေတ ကိုရဲမင်း တယောက် သူ့ညီဝမ်းကွဲတွေနဲ့အဆင်ပြေပါ့မလားလို့"
"ပြေလောက်ပါတယ် ငါတို့က သူစိမ်းဆိုတော့ တန်းပြန် လာလို့ရတယ် သူကတော့ ပြန်လာလို့မကောင်းဘူးလေကွာ "
"အဲ့တာလည်းဟုတ်တာပဲ ဒါနဲ့ ကိုဝကြီး စနေကအရင်လိုအစွမ်းမရှိတော့ဘူးနော် တော်ကြာ ကျုပ်တို့နဲ့မဆိုင်ပဲစပ်စုရင် ငါးပါးမှောက်မှာစိုးရတယ်"
"အဲ့လောက်ကြီးတော့မဆိုးလောက်ပါဘူးကွာ တို့ပြောတယ်ဆိုတာကလည်း စိတ်အထင်ကိုပြောတာပါ ထမင်းလာစားတာတကယ်လူစင်စစ်တွေလည်းဖြစ်နိုင်တာပဲ"
"အေးဗျာ ကျုပ်ကလည်းသတိထားနိုင်အောင်လို့ပြောတာ စနေဆိုတဲ့ကောင် အခုနောက်ပိုင်း တရားလည်းမထိုင်ဘူး ဘာမှလုပ်တာလည်း မတွေ့ဘူး"
"တရားထိုင်တယ်ဆိုတာလည်း လွယ်တာမှမဟုတ်တာကွာ"
ကံကောင်းက ကျုပ်ကိုအပြစ်တင်နေတာဗျ သူပြောတာလည်းဟုတ်ပါတယ် ကျုပ် အခုတလောဘာမှမလုပ်ဖြစ်ဘူး ရီလေးနဲ့ဒုတိယအကြိမ်ဝေးကတည်းက ပေါ့ပေါ့ပဲနေတော့တာ အခုလို ပေါ့ပေါ့ပါးပါးလေးနေတာ ကျုပ်အတွက်အဆင်ပြေတယ်လေဗျာ ကိုဝကြီးကလည်း ကျုပ်ကိုနားလည်ပေးတယ် အဲ့လိုနဲ့ ကျုပ်တို့တွေ ထွေရာလေးပါးစကားတွေပြောနေတုန်း ဆိုင်ဘက်ကနေ လူသံဆူဆူညံညံကြားလိုက်ရတယ် ကျုပ်တို့လှမ်းကြည့်လိုက်တော့ စားပွဲဝိုင်းသုံးဝိုင်းလုံးမှာလူအပြည့်ထိုင်နေတာကိုတွေ့တယ် စားပွဲဝိုင်းတဝိုင်းကိုလူငါးယောက်ထိုင်လို့ရတယ် သုံးဝိုင်းဆိုတော့ဆယ့်ငါးယောက်ပေါ့ အဲ့တာတောင်အမျိုးသမီးကြိးတွေက ကလေးတွေကိုချီထားရတာဗျ ပုံစံကြည့်ရတာတော့ မိသားစုကြီးတခုလိုပဲ ကျုပ်တို့နားနေတဲ့အိမ်လေးက ထမင်းဆိုင်နဲ့သိပ်မလှမ်းဘူးဆိုတော့ သူတို့ပြော ဆိုနေတာတွေကိုပါ အတိုင်းသားကြားနေရတာပေါ့ဗျာ ကျုပ်တို့လည်း ဘက်ထရီးအားအိုးမီးကိုပိတ်ပြီး ဆိုင်ဖက်ကို မျက်စိဖွင့်နားစွင့်လုပ်ကြတယ်ဗျို့။
ဆိုင်ထဲမှာပြောနေတဲ့စကားသံနဲ့ လှုပ်ရှားနေတဲ့ဟန်ပန်တွေကို ကျုပ်တို့အတိုင်းသားမြင်နေကြားနေရတယ် ခုထိကျုပ်တို့မြင်ရကြားရသမျှက ထမင်းလာစားတဲ့သူတွေအချင်း ချင်းရယ်မောပြီး ထမင်းဆိုင်ပိုင်ရှင်ဦးကြီးလင်မယားကို ထမင်းနဲ့ဟင်းတွေမှာနေကြတာပဲ ထူးထူးခြားခြား သူတို့မှာစားတဲ့ဟင်းတွေက ကြက်သားနဲ့ အမဲသားပဲ အမဲသားမှာတာကပိုများတယ်။
"ဦးလေး ကျုပ်တို့ကိုအမဲသားနဲ့ချပေး ဟင်းအပိုသုံးပွဲပါ တခါတည်းချပေးဗျာ"
"ရမယ် ငါ့တူ"
"ဦးလေး ကျုပ်တို့လည်းအမဲသားနဲ့ပဲ အမဲသားအများကြီးချက်ထားတယ်မလား"
"ချက်ထားတယ် ချက်ထားတယ် မင်းတို့တွေ အမဲသားကြိုက်ကြမှန်းသိလို့ ထုံးစံအတိုင်း အိုးတလုံးကြီးများတောင်ချက်ထားတာ"
''ကြိက်တယ်ဗျာ အဲ့အိုးပြောင်တဲ့အထိစားပစ်မှာ ကြီးတော်ချက်တဲ့ဟင်းလက်ရာကလည်းတယ်ကောင်းသကိုဗျ"
ထမင်းလာစားတဲ့သူတွေက ချက်ပြုတ်တဲ့ကြီးတော်ကြီးကိုချီးကျူးနေတာဗျ သူတို့တွေကိုကြည့်ရတာ ငွေကြေးပြည့်စုံတဲ့သူတွေပုံစံပဲဗျ ဘာနဲ့လာတာလဲတော့ ကျုပ်တို့လည်းမသိဘူးထမင်းဆိုင်ပိုင်ရှင်ဦးကြီးလင်မယားကလည်း သိပ်ပျော်နေတာပေါ့ဗျာ စျေးရောင်းကောင်းလို့မပျော်တဲ့စျေးသည်ရယ်လို့ရှိရိုးလားဗျာ လူဆယ့်ငါးယောက်နဲ့ ကလေးတွေက တဆိုင်လုံးကုန်တဲ့အထိစားနေကြတာလေဗျာ ထမင်းထက် ဟင်းတွေကိုပိုပြီးစားတယ်ဗျို့ သူတို့ကိုသေချာကြည့်နေရင်းက ကျောချမ်းစရာကောင်းလာတယ် ဘာလို့လဲဆိုတော့ ဟင်းတွေကိုစားနေတဲ့ပုံက ပှံမှန်မဟုတ်ဘဲ အလွန်အကျွံဖြစ်နေလို့ ခင်ဗျားတို့ပဲ စဥ်းစားကြည့်လေဗျာ ကလေးတွေကိုခွံ့တာ ခပ်လတ်လတ်ဟင်းတုံးတွေဗျ အဲ့တာနဲ့ ကျုပ်တို့လည်းသိလိုက်တယ် ဒါတွေက ဘယ်လိုနည်းနဲ့မှသာမာန်လူတွေမဖြစ်နိုင်ဘူး အဲ့တော့ ကိုဝကြီးနဲ့ကျန်တဲ့သူတွေကို ကျုပ်စိတ်ထဲရှိတဲ့အတိုင်းအသံတီးတိုးပြောလိုက်တယ်။
"ကိုဝကြီး ကျုပ်အထင်တော့သူတို့တွေကသာမန်လူတွေမဖြစ်နိုင်ဘူးနော်"
🔹စနေ နှင့် ကျတ်ရွာသွားတဲ့ ည
(၈၅)
(၁)
ငိုသူမဲ့နေတဲ့အရက်သမားအသုဘကိုချပေးပြီးတာနဲ့ ကျုပ်တို့တွေပြန်လာကြတယ်ပေါ့ဗျာ ဟိုမှာ ညမအိပ်တော့ဘူးဆိုပေမဲ့ ရွာကထွက်လာတဲ့အချိန်က မိုးအတော်ချုပ်တယ်ဗျို့ ဒီတော့ လမ်းမှာ အချိန်တော်တော်လင့်သွားတာပေါ့လေ အဲ့လိုနဲ့ ကျုပ်တို့ရပ်ကွက်ကိုအပြန်လမ်းမှာ ညစာစားကြတာပေါ့ အချိန်ကလည်းတော်တော်လင့်နေပြီဆိုတော့ လမ်းမှာတွေ့တဲ့ဆိုင်မှာပဲဝင်ထိုင်လိုက်ကြတာပေါ့ဗျာ ကျုပ်တို့ဝင်ထိုင်တဲ့ထမင်းဆိုင်လေးက မဆိုးပါဘူး သပ်သပ်ရပ်ရပ်တော့ရှိတယ် စားပွဲဝိုင်းသုံးဝိုင်းလောက်ပဲရှိတာဆိုတော့ ဆိုင်သေးသေးလေးပေါ့ဗျာ ကျုပ်တို့ထိုင်လိုက်တာနဲ့ ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူတဲ့ ဦးလေးကြီးက ကျုပ်တို့ကိုပြုံးပြီးမေးလာတယ်။
"တူမောင်တို့ ဘာနဲ့သုံးဆောင်မလဲ ခင်ဗျ"
"ဒီအချိန်ဆိုတော့ ဟင်းကတော့စုံမယ်မထင်တော့ဘူး"
"အစုံရှိပါတယ် ဦးကြီးတို့ဆိုင်က ညပိုင်းမှ ပိုရောင်းကောင်းတာ "
"ဗျာ"
"ဟုတ်တယ် ညဆယ့်နှစ်နာရီလောက်မှ လူကျပြီး ရောင်းကောင်းတာ "
"ဟုတ်လား ထူးထူးဆန်းဆန်းပဲဗျ ဦးကြီးတို့ကဆိုင်ကိုဘယ်အချိန်အထိဖွင့်တာလဲ "
"မိုးလင်းပေါက်ဖွင့်တာလေ"
ကိုဝကြီးကမေးနေတာဗျ။ဆိုင်ရှင်ဦးကြီးကမိုးလင်းပေါက်အထိဖွင့်တယ်ပြောတော့ ကျုပ်ဖြင့်အံ့ဩသွားတယ် ကျုပ်လိုပဲ ကိုတိုက်စိုးနဲ့ ကံကောင်းတို့လည်း အံ့ဩနေပုံပဲဗျာ ကိုဝကြီးလည်းကျုပ်တို့လိုပဲပေါ့ ထူးဆန်းတာမို့ ကိုကြီးက ဆိုင်ရှင်ကိုထပ်မေးပြန်တယ်ဗျို့။
"ဦးကြီး ထမင်းက မနက်ခင်းနဲ့ ညနေလောက်ပဲရောင်းကောင်းတာမဟုတ်လား ဘယ်လိုလုပ်မိုးလင်းပေါက်ဖွင့်တာလဲ လက်ဖက်ရည်တွေဘာတွေရောင်းသေးလို့လား"
"မရောင်းဘူး ထမင်းပဲရောင်းတာ "
"ဟင် ထမင်းရောင်းတာ ညသန်းခေါင်ဘယ်သူတွေလာစားလို့လဲ ဦးကြီးရ မဟုတ်မှလွဲရော ဒီနားမှာ ညဆိုင်းဆင်းတဲ့အလုပ်သမားတွေများရှိရော့လား"
"အဲ့လိုလည်းမဟုတ်ဘူးကွယ့် ဦးတို့ဆိုင်နေရာက လူခေါင်တယ် "
"စပ်စုတယ်လို့မထင်ပါနဲ့ဗျာ အဲ့လိုအချိန်မတော် ဘယ်သူတွေများထမင်းလာစားလဲဆိုတာသိချင်မိတယ် "
"အဲ့တာတော့ ဦးလည်းမပြောတတ်ပါဘူး အင်း နောက်တနာရီလောက်ကြာရင်တော့ သူတို့ရောက်လာတော့မယ် အချိန်ကလည်းလင့်နေပြီကိုး"
"အေးဗျာ ကျုပ်တို့လည်းထမင်းစားပြီးရင် ခဏနားဦးမှာဆိုတော့ သူတို့ကိုမှီလောက်ပါရဲ့"
"အေး ပြီးမှပဲခရီးဆက်ကြပေါ့ ဒီလမ်းက ကတ္တယာလမ်းဖြစ်သွားပြီဆိုတော့ ခရီးတွင်ပါတယ်လေ ဒါမှမဟုတ် မောင်ရင်တို့ဒီမှာအိပ်မယ်ဆိုရင်လည်း ဟိုအိမ်လေးမှာ အိပ်လို့ရပါတယ် အဲ့တာခရီးသွားတွေတည်းဖို့ဆောက်ပေးထားတာ "
"ဪ ဟုတ်ကဲ့ အချိန်လည်းသိပ်မရှိတော့ဘူးဆိုတော့ ဒီည ကျုပ်တို့တည်းမယ် ဦးကြီး အဖိုးအခလည်းပေးပါမယ်"
"အဖိုးအခမလိုပါဘူးကွယ် ဦးကြီးတို့ အဲ့အိမ်လေး စဆောက်ကတည်းက ခရီးသွားတွေအတွက် အလကားတည်းခိုဖို့ရည်ရွယ်ပြီးဆောက်ထားတာ "
"ဪ ဪ"
ထမင်းဆိုင်ပိုင်ရှင်ဦးကြီးက ကိုဝကြီးနဲ့စကားပြောသွားပြီးတော့ သူရဲ့ ဇနီးဖြစ်ဟန်တူတဲ့ကြီးတော်ကြီး ထမင်း၊ဟင်းပြင်ပေးထားတာကိုသွားယူပေးတယ် သူထွက်တုန်းမှာပဲ ကိုဝကြီးက ကျုပ်တို့ကိုမေးတယ်။
"မင်းတို့လည်းစိတ်ဝင်စားနေကြတယ်မလား တို့ ဒီည ဒီမှာစောင့်လိုက်တာကောင်းတယ်"
"ကောင်းတာပေါ့ ကိုဝကြီးရာ အချိန်လည်းအတော်လင့်နေပြီပဲ"
"အေး အေး မင်းတို့တော့မသိဘူး ငါကတော့အတော်စိတ်ဝင်စားနေပြီ မင်းတို့စဉ်းစားကြည့်ကွာ ဒီနားမှာ မြို့လည်းမရှိ ရွာနဲ့လည်းဝေးတယ် အဲ့လိုအနေအထားကြီးကို ညသန်းခေါင်းကျော်မှ ဈေးရောင်းကောင်းတယ်ဆိုတော့ ထူးဆန်းမနေဘူးလား"
"ကျုပ်လည်း အဲ့တာပဲတွေးနေတာ"
ကျုပ်တို့စကားပြောနေတုန်း ဦးကြီးက ထမင်း၊ဟင်းတွေလာချပေးတယ် ကျုပ်တို့အထင် ထမင်း၊ဟင်းတွေက အေးစက်နေလောက်ပြီထင်တာ ဘယ်ဟုတ်မလဲ အငွေ့တထောင်း ထောင်းနဲ့ ပူပူလောလောတွေဗျာ ကျုပ်အံ့ဩနေတာကို ဦးကြီးကလည်းသတိထားမိတယ်ထင်ပါ့ ပြုံးပြပြီးစကားဆိုလာတယ်။
"မောင်ရင်တို့ကိုပြောပြီးပြီကော ဦးကြီးတို့ဆိုင်က သန်းခေါင်ယံလောက်မှ ရောင်းကောင်းတယ်ဆိုတာလေ နေ့ခင်းပိုင်းကိုအနည်းအကျင်းပဲချက်ပြုတ်တယ်လေ အခုလိုညပိုင်းကြတော့ ပိုပြီးများများစားစားချက်ပြုတ်ရတာပေါ့"
"ဟုတ်ကဲ့ ဦးကြီး ကျုပ်သဘောပေါက်ပြီ"
"မောင်ရင်တို့သုံးဆောင်ကြ လိုအပ်တာရှိရင် အားမနာနဲ့နော် ဦးကြီးကိုလှမ်းသာခေါ်လိုက်"
"ဟုတ်ကဲ့ပါ ဦးကြီး"
ဆိုင်ပိုင်ရှင်ဦးကြီးက ကျုပ်တို့ကိုအဲ့လိုပြောပြီး ခပ်လှမ်း လှမ်းမှာသွားထိုင်နေတယ် ကျုပ်တို့လည်းဗိုက်ကဆာနေပြီဆိုတော့ ထမင်းစားလိုက်ကြတာပေါ့ဗျာ ဆိုင်လေးကသာသေး တာဗျာ ထမင်းဟင်းလက်ရာကတော့ အတော်စားကောင်းသဗျာ ကျုပ်တို့တွေ ထမင်းလိုက်ပွဲတော်တော်များများယူလိုက်ရတယ် အဲ့လိုနဲ့ ကျုပ်တို့ထမင်းစားပြီးတဲ့အချိန်က ညဆယ့်တနာရီခွဲလောက်ရှိရောပေါ့ ကိုဝကြီးလည်းထမင်းဖိုးရှင်းပေးပြီးတော့ ထမင်းဆိုင်ဦးကြီးပြောတဲ့ ခရီးသွားတွေအတွက်နားဖို့ဆောက်ပေးထားတဲ့အိမ်လေးဆီကိုသွားလိုက်ကြတာပေါ့ဗျာ။
(၂)
ရေတောင်းနေသဖြင့် ပေတူးမှ ရေဘူးထဲမှရေကိုတိုက်လိုက်သည်။မိဖြူသည် ရေကိုငုံထားပြီးပြန်ထွေးထုတ်လိုက်ပြန်သည်။ဘိုးထင်တို့မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် သူတို့၏နောက်မှ စကားပြောသံတသံပေါ်ထွက်လာလေသည်။
"ကောင်လေးတို့ နင်တို့က ငါထင်တာထက်ကိုပိုပြီးစေတနာကောင်းနေပါလား ရော့ ဒီမှာသူ့အတွက်ယူလာတယ်"
အသံပိုင်ရှင်မှာ ဒေါ်မယ်ငွေဖြစ်ပြီး သူမ၏လက်ထဲတွင် တောကြက်တကောင်ကိုင်ထားသည်ကိုတွေ့လိုက်ရလေသည်။သာအေးသည် ဒေါ်မယ်ငွေထံမှ တောကြက်ကိုယူကာ သွေးဖောက်ပြီးမိဖြူအားတိုက်လိုက်သည်။မိဖြူသည် တောကြက်သွေးအားအားရပါးရသောက်ပြီး ဖြည်းဖြည်းချင်းမျက်လုံးပြန်ဖွင့်လာလေသည်။ဘိုးထင် သည်ကား ဒေါ်မယ်ငွေကိုကြည့်လိုက်ကာနားမလည်နိုင်ဟန်ဖြင့် အမေးစကားဆိုလိုက်လေသည်။
"အမေကြီး ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
"ကောင်လေး နင်တို့ကို အကူအညီတခုတောင်းချင်တယ်"
"ပြောပါအမေကြီး ဘာအကူအညီတောင်းမှာလဲ"
"ငါ့မြေးလေးကိုဒုက္ခပေးချင်နေတဲ့ကောင်တွေရှိတယ် သူတို့က ငါ့မြေးရဲ့အသဲနှလုံးကိုစားပြီး ကျင့်စဥ်ကျင့်ချင်တာ "
"ဗျာ အဲ့လိုတွေရှိသေးတာလား"
"ရှိတယ် ကောင်လေး အမှောင်လောကမှာ နင်မသိသေး တဲ့အရာတွေအများကြီးရှိတယ်"
"ကျုပ်တို့က ဘယ်လိုလုပ်ရမှာလဲ"
"ငါမြေးလေးကို နင်တို့ရွာကိုထည့်လိုက်ချင်တယ် နင်တို့စောင့်ရှောက်ပေးပါ ငါက ငါတို့ကိုရှာနေတဲ့ကောင် တွေကိုသွားရှင်းမယ် အကုန်ရှင်းပြီးတာနဲ့ ငါ့မြေးကို ငါပြန်လာခေါ်မယ် နင်တို့နဲ့ဆို ငါစိတ်ချတယ် ငါတောင်းပန်ပါတယ် ငါမြေးလေးကိုခေါ်ထားပေးပါ"
ဒေါ်မယ်ငွေသည်ပြောပြောဆိုဆို တောင်ဝှေးထောက်ပြီး မတ်တတ်ရပ်နေရာမှ ဘိုးထင်တို့အရှေ့ဒူးထောက်ထိုင်ချလိုက်လေသည်။အသက်ကြီးရင့်သူတယောက်မှ သူတို့အရှေ့တွင် ဒူးထောက်ထိုင်နေသည့်အတွက် ဘိုးထင်တို့မနေတတ်မထိုင်တတ်ဖြစ်သွားကာ ခပ်မြန်မြန်သွားထူလိုက်ပြီး ဒေါ်မယ်ငွေပြောသည်ကိုလက်ခံလိုက် လေသည်။
"အမေကြီးထပါဗျာ ထပါ ကျုပ်တို့မိဖြူကိုခေါ်သွားပါမယ်"
"တကယ်တော့ ဒီနေ့ နင်တို့ကိုငါစမ်းသပ်လိုက်တာ"
"အဲ့တာဆို ငှက်ပစ်လို့မရအောင် အမေကြီးလုပ်နေတာပေါ့"
ပေတူး၏အမေအား ဒေါ်မယ်ငွေမှခေါင်းညိတ်ပြရင်း အဖြေပေးလာလေသည်။ထို့နောက် သူမသည် မြေးဖြစ်သူ၏အနားကိုသွားလိုက်ပြီး ဘိုးထင်တို့စကားကိုလိမ်မာစွာနားထောင်ရင်းနေရန်နှင့် မကြာခင်ပြန်လာခေါ်မည့်အကြောင်းများအားပြောကြားရင်း မြေးအဖွားနှစ် ယောက်သား ခတ္တခွဲခွာကာနီးနှုတ်ဆက်စကားများဆိုနေကြပါလေတော့သည်။
◾အောက်လမ်းဘိုးထင်နှင့် ကလေးထိန်းသည်ကား ဤမျှသာ။မကြာမီး အောက်လမ်းဘိုးထင်နှင့် မဟူရာဒေဝီ အမည်ရဇာတ်လမ်းအားတင်ဆက်ပေးပါမည်။
#မောင်တင်ဆန်း
"ဟင် သေမယ် ဟာ ဘာလို့သေရမှာလဲ ဟိုကောင်တွေသွေးသွားရှာတယ် ကြက်သွေးတို့ငှက်သွေးတို့သောက်ရင်လည်းရတယ်မလား"
သာအေး၏အမေးအား မိဖြူမှဦးခေါင်းကိုညိတ်ပြပြီးဖြေလာသည်။ထို့နောက် သူမသည် သစ်ပင်အားမှီထားရင်းငြိမ်သက်သွားလေရာ သာအေးတယောက်အလန့်တကြားနှင့် မိဖြူ၏ပုခုံးကိုလက်နှင့်တို့ပြီးနှိုးလေသည်။
"မိဖြူ မိဖြူ"
"ပုခုံးကိုတအားမတွန်းနဲ့ ခေါင်းတွေမူးလို့"
"ငါသာသာလေးပဲတို့တာပါဟာ ညည်းတခုခုဖြစ်သွားမှာစိုးရိမ်လို့ ဟိုကောင်တွေကလည်း ကြာလိုက်တာကွာ ကြက်တကောင်ငှက်တကောင်ပစ်တာများဒီလောက်ကြာရလား"
သာအေးထိုသို့ပြောနေချိန် တဖက်တွင် ပေတူးနှင့် ဘိုးထင်တို့မှာ ဇောချွေးများပြန်နေသည်အထိ လေးဂွကိုင်ကာ မြင်တွေ့ရသည့်မည်သည့်အကောင်ကိုမဆိုပစ်ခတ်ရန်ရှာကြံနေသည်။ထူးဆန်းစွာပင် သူတို့မြင်တွေ့ရသည့် ငှက်များ၊ကြက်များနှင့် ယုန်များမှာ လေးဂွပင်အချိန်မခံပျံသန်းထွက်ပြေးကြကုန်၏။ထိုအချင်းအရာကြောင့် ပေတူးနှင့် ဘိုးထင်တို့အခက်တွေ့နေပြီး အချင်းချင်းတိုင်ပင်ကြလေသည်။
"ဘာကောင်မှလည်းပစ်လို့မရဘူး မိဖြူသောင်းကြမ်းရင် သာအေးဒုက္ခရောက်နေမလားပဲ"
"အေး ဟုတ်တယ် အချိန်လည်းကြာနေပြီ မိဖြူကိုချုပ်ထားသင့်ရင်ချုပ်ထားရအောင် ပြီးတော့မှ ငှက်လိုက်ပစ်ကြမလား"
"အဲ့တာကောင်းတယ် သာအေးကိုစိတ်ပူရတယ်"
"အဲ့တာဆိုပြန်ကြတာပေါ့"
ဘိုးထင်နှင့် ပေတူးသည် ထိုသို့ပြောပြီးနောက် ငှက်ပစ်ခြင်းကိုရပ်တန့်လိုက်ကာ မိဖြူနှင့် သာအေးကျန်ခဲ့သောသစ်ပင်ဆီသို့အမြန်ပြန်လာခဲ့ကြသည်။သူတို့ပြန်လာသည်ကိုမြင်သည်နှင့် သာအေးသည် သူတို့အားကမန်းကတန်းလက်ယပ်ခေါ်ကာ အမောတကောနဲ့စကားဆိုလေသည်။
"ဘာအကောင်ရခဲ့လဲ"
"ဘာကောင်မှမရခဲ့ဘူး မင်းကိုစိုးရိမ်လို့ပြန်လာတာ"
"ဘာကိုစိုးရိမ်တာလဲကွာ မိဖြူကိုသွေးမြန်မြန်တိုက်မှဖြစ်မယ်"
"သောင်းကြမ်းမှာစိုးလို့လား"
"မင်းကလည်းပေါက်ကရပြောတော့မယ် မိဖြူကသွေးမ သောက်ရရင်သေမှာတဲ့ကွ အခုတောင်မလှုပ်နိုင်တော့ဘူး"
"အဲ့တာဆို အမေကြီးက တို့ကိုညာတာပေါ့"
"အေး သူမြေးကိုသွေးရှာတိုက်အောင် သူလည်းညာပြောတာနေမှာပေါ့ကွာ အဲ့တာထားလိုက် မိဖြူမလှုပ်နိုင်တော့ဘူး ဘယ်လိုလုပ်လဲ မင်းတို့ငှက်သွားပစ်ဦး"
"ဘာကောင်မှပစ်လို့မရဘူး အကောင်တွေကသိပ်ပါးတယ်ကွ ကဲ မထူးတော့ဘူးကွာ မိဖြူလေးကြည့်ရတာလည်းသနားစရာလေး ငါ့သွေးပဲတိုက်လိုက်မယ်"
ဘိုးထင်သည် ထိုသို့ပြောရင်းသူ၏လက်ဖျံအား မိဖြူ၏ပါးစပ်နားတွင်တေ့ပေးလိုက်ကာ
"မိဖြူ ငါ့ကိုကိုက်လိုက် ပြီးရင် သွေးစုပ်"
"မ မကိုက်ဘူး ကျုပ်လူသွေးမသောက်ဘူး သေရင်သေပါစေ"
"မိဖြူ ညည်းမကိုက်နိုင်လို့လား အဲ့တာဆို ငါ ဓားနဲ့ဖောက်ပေးမယ်"
"မဖောက်နဲ့ မသောက်ဘူး လူသွေးလာမတိုက်နဲ့နော် ကျုပ်မသောက်ဘူး"
မိဖြူတယောက် မျက်လုံးအစုံကိုမှိတ်ထာရင်း ပါးစပ်ကိုပိတ်ကာ တွင်တွင်ငြင်းနေသည်။ထိုအခါ ပေတူးသည် ဘိုးထင်အနားကပ်ပြီး တခုခုအားတီးတိုးပြောလိုက်သည် ဘိုးထင်သည်လည်းဦးခေါင်းအားညိတ်လိုက်ပြီး မိဖြူကိုကြည့်၍စကားဆိုလိုက်ပြန်သည်။
"မိဖြူ ညီမလေး ညည်း ငါတို့သွေးမသောက်ချင်ဘူး ဆိုလည်းရတယ်လေ ယုန်သွေးတော့သောက်တယ်မလား"
မိဖြူခေါင်းကိုသာညိတ်ပြလာသည်။
"အေး အေး အဲ့တာဆိုငါတို့ယုန်သွေးသွားရှာလိုက်မယ်"
ဘိုးထင်နှင့် ပေတူးတို့သည် ထိုသို့ပြောအပြီး တောထဲပြန်ထွက်သွားရာ သာအေးတယောက် နောက်မှကမန်းက တန်းလိုက်လာပြီး သူတို့နှစ်ယောက်အားပြစ်တင်ပြောဆိုလေသည်။
"ဟေ့ကောင်တွေ မိဖြူကအခြေအနေမကောင်းတော့ပါဘူးဆိုမှ မင်းတို့ကဘယ်သွားမလို့လဲ ယုန်သွေးရှာမယ်တဲ့မဖြစ်နိုင်တာ"
"ဟေ့ကောင် တိုးတိုး ငါတို့က ငါတို့သွေးကိုဖောက်ပြီးမိဖြူကို ယုန်သွေးဆိုပြီးညာတိုက်မလို့ဟ"
"အဲ့လိုလား အဲ့တာဆို ငါ့သွေးလည်းဖောက်မယ်ကွာ မိဖြူအခုလိုဖြစ်နေတာကိုမကြည့်ရက်ဘူး"
"အဲ့တာဆိုပြီးတာပဲ မင်းရေဘူးထဲကရေတွေသွန်လိုက်အဲ့အထဲထည့်ရအောင်"
ဘိုးထင်သည် ထို့သို့ပြောပြီးနောက် သာအေးအားရေဘူးထဲမှ ရေများအားသွန်စေသည်။ရေများသွန်ပြီးသွားသည့်အခါ သူ၏လွယ်အိတ်ထဲတွင်ဆောင်ထားသည့်ဓားဆူးဖြင့် သူ၏လက်ဝါးအားဖောက်လိုက်ကာ ကျလာသောသွေးများအား ရေဘူးဖြင့်ခံလိုက်သည်။သူ့နည်းတူ သာအေးနှင့် ဖိုးထွေးသည်လည်း သွေးဖောက်ပြီးရေဘူးအတွင်းထည့်လိုက်ကြပြီးနောက် မိဖြူအနားသို့ပြန်သွားလိုက်ကြလေသည်။မိဖြူဆီသို့ပြန်ရောက်လာလျှင် ဝမ်းသာနေသည့်ဟန်ပန်ဖြင့် မိဖြူကိုကြည့်ကာစကားဆိုလိုက်ပြီး ရေဘူးထဲမှသွေးများအား တိုက်လိုက်တော့သည်။
"မိဖြူ အကိုတို့ယုန်တကောင်ရတယ် သွေးဖောက်ယူ လာတယ် သောက်လိုက် သောက်လိုက်"
ဘိုးထင်မှထိုသို့ပြောပြီး မိဖြူ၏ပါးစပ်ထဲထည့်သို့ သွေးများလောင်းထည့်လိုက်သည်။မိဖြူတယောက် ပါးစပ်ထဲသို့သွေးများဝင်လာသည်နှင့် ချက်ချင်းထွေးထုတ်ပစ်လိုက်ပြီး အားနည်းနေသည့်လေသံဖြင့် ဘိုးထင်တို့အားပြစ်တင်ပြောဆိုလေသည်။
"ဒါ လူသွေးတွေ ကျုပ်ကိုညာမတိုက်နဲ့မသောက်ဘူး"
"သောက်လိုက်ပါ ညီမလေးရာ"
"မသောက်ဘူး ရေ ရေပေး"
မိဖြူသည် အဖွားဖြစ်သူအားနှုတ်ဆက်လိုက်ပြီးနောက် ဘိုးထင်နှင့် ပေတူးတို့၏လက်ကိုဆွဲကာ အိမ်ကြီးအောက်မှထွက်ခွာသွားလေသည်။သာအေးသည်ကား သူတို့နောက်မှခပ်မြန်မြန်လိုက်ပါလို့သွား၏။သူတို့သည်နေရောင်မရှိသောတောအုပ်ကြီးအတွင်း လမ်းလျှောက် လိုက်ကြပြီး အချိန်အတော်ကြာလမ်းလျှောက်ပြီးသော အခါ ရုတ်တရက်ဆိုသလို မိဖြူသည် သာအေးနှင့် ဘိုးထင်တို့၏လက်အားလွှတ်၍ အရှေ့မှခြေကလိမ်ပြီးပြေးလေရာ ဘိုးထင်တို့သုံးယောက်လည်းအပြေးတပိုင်းနှင့် နောက်မှပြေးလိုက် လိုက်ရလေသည်။မတတ်သာသည့်အဆုံး မိဖြူအားလှမ်းအော်၍ နားရန်တောင်းဆိုလိုက်ရတော့သည်။
"မိဖြူ ငါတို့နားရအောင် ညည်းကပြေးနေတော့ ငါတို့မောနေပြီ"
"ဟာ ခင်ဗျားတို့ကလည်း လမ်းလျှောက်တာသိပ်တောင်မကြာသေးဘူး နားမလို့လား"
"ညည်းကပြေးနေတာကို လာ လာ ထိုင်ဦး ညည်းကိုညည်းအမေကြီးပြောထားတယ်နော် ငါတို့စကားနားထောင်ဆိုတာလေ"
ဘိုးထင်ခပ်တည်တည်နှင့်ထိုသို့ပြောလိုက်သည့်အခါမှ မိဖြူသည်ဦးခေါင်းကိုညိတ်ပြကာ သူတို့အနားတွင်လာရောက်ထိုင်လေသည်။ထိုအခါ သာအေးသည်လွယ်အိတ်ထဲမှာရေဘူးကိုထုတ်ကာ
"မိဖြူ ရေသောက်ဦးမလား"
"မသောက်ဘူး"
"ညည်းမမောဘူးလား ဒီလောက်ပြေးနေတာ"
"မမောပါဘူး "
"အဲ့တာဆိုပြီးတာပဲ ဝါးဖြူရွာကဘယ်လောက်လိုသေးလဲ"
"လိုသေးတယ် ညနေလောက်မှရောက်မှာ"
"အဲ့မှာ ဘာရှိလို့လဲ"
"ပွဲရှိတယ်လေ ကျုပ် အဲ့ပွဲကိုသွားချင်နေတာကြာပြီ အမေကြီးကတခါမှ မပို့ပေးဘူး"
"အခုတော့ သွားရပါပြီဟ အဲ့မှာဘာဝယ်ချင်တာတုန်း"
"အိုးပုတ်လေးတွေလည်းဝယ်မယ် အဝတ်အစားလေးတွေလည်းဝယ်မှာပေါ့"
"ဝယ် ဝယ် အဲ့တာတွေကို ငါတို့ဝယ်ပေးမယ်ကြားလား"
"ခင်ဗျားတို့က ရုပ်တွေသာဆိုးတာ စိတ်ထားတော့ အကောင်းသားပဲ"
"မိဖြူ ငါတို့ရုပ်ကဆိုးသေးတယ်လား နင်နဲ့ကြမှပဲ ငါတို့ကရုပ်ဆိုးတယ်ဖြစ်ရသေး"
သာအေးတယောက် သူ့ကိုရုပ်ဆိုးသည်ဟုပြောလျှင်မကျေနပ်သူပီပီ မိဖြူအားစိတ်ဆိုးနေသည့်ဟန်ဖြင့်ကြည့်လေရာ မိဖြူတယောက်သဘောကျသွားပြီး တခစ်ခစ်ရယ်မောနေပြီးနောက် သာအေးကိုသေချာကြည့်၍စကားဆိုလေသည်။
"ခင်ဗျားရုပ်ကြီးကြည့်ရတာ ရယ်ချင်စရာကြီး ယောကျာ်းကြီးဖြစ်ပြီးစိတ်ဆိုးနေသေးတယ်"
"ဆိုးတာပေါ့ ငါတို့ရွာမှာဆို ငါကအချောဆုံးပဲ ခု ညည်းနဲ့ကျမှ ငါကရုပ်ဆိုးရတယ်ဖြစ်ရသေး မသင်္ကာ ဟိုနှစ်ကောင်ကိုပဲပြောရင်တော်သေး"
ဘိုးထင်နှင့် ပေတူးသည် ကလေးနှင့်တုပြီးစကားများနေသည့်သာအေးအား ဦးခေါင်းကိုယမ်းပြီးစိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေကြသည်။ထို့နောက် ပေတူးသည်ထိုင်ရာမှနေ၍မတ်တတ်ထရပ်လိုက်ပြီး ခရီးဆက်မည့်အကြောင်းအား သတိပေးလိုက်လေသည်။
"သွားမယ်ဟေ့ ဒီလောက်နားရရင်တော်ရောပေါ့ မိဖြူညည်းမပြေးနဲ့နော် ညည်းက ခြေကလိိမ်ပြီးပြေးရင် ခဏခဏနားနေရမှာ အဲ့တာဆို ပွဲကိုမရောက်ပဲနေလိမ့်မယ်"
"အင်းပါ အဲ့တာဆိုမပြေးတော့ဘူး"'
"ကောင်းတယ် ကောင်းတယ်"
ထိုသို့ဖြင့် သူတို့အားလုံးအတူတူလမ်းလျှောက်သွားလိုက်ကြသည်။သစ်ပင်သစ်တောများကြားရှိ လမ်းလေးတွင်လမ်းလျှောက်နေကြခြင်းဖြစ်ပြီး ယုန်နှင့် တောကြက်တို့အပြင် ကျေးငှက်တို့အား သူတို့သွားသည့်လမ်းလေးတွင် မကြာမကြာဆိုသလိုတွေ့ကြရလေသည်။ဤသို့ဖြင့်လမ်းလျှောက်လာကြရာ နေမွန်းတည့်အချိန်တွင်တော့ သစ်ပင်ကြီးတပင်အောက်အရောက် မိဖြူ ထိုင်ချလိုက်၍ ကျန်သူများလည်းထိုင်လိုက်ကြသည်။သာအေးသည်ရေဘူးကိုယူပြီး မိဖြူအားကမ်းပေးလိုက်ချိန် မိဖြု၏ မျက်နှာမှာ လိုသည်ထက်ဖြူလျော်နေပြီးမျက်လုံးများလည်းတဖြည်းဖြည်းမဲနက်စပြုနေသည်ကိုတွေ့လိုက်ရလေသည်။ထိုအခြေအနေကြောင့် သာအေးသည် ဘိုးထင်နှင့် ပေတူးအားကမန်းကတန်းသတိပေးလိုက်ရတော့သည်။
"ဘိုးထင်နဲ့ ပေတူး မိ မိဖြူမျက်နှာတွေတအားဖြူလာပြီ"
"နေမကောင်းတာများလား"
"မင်းမေကြီးတော်နေမကောင်းရမှာလား ပေတူးရာ အဲ့တာသွေးသောက်ချင်နေတာဟ သွေးဆာနေတာ သွေး သွေး ဘယ်လိုရအောင်လုပ်ရမလဲ"
သာအေးထိုသို့ပြောလိုက်သည့်အခါ ဘိုးထင်သည် တခုခုကိုစဥ်းစားနေပြီးနောက် မတ်တတ်ထရပ်လိုက်ကာ မိဖြူကိုကြည့်၍စကားဆိုလိုက်သည်။
"မိဖြူ ခဏနေဦး ငါတို့သွေးရှာပေးမယ် သာအေး မင်းဒီမှာ မိဖြူစောင့်ပြီးကျန်ခဲ့ ငါနဲ့ ပေတူးကြက်ဖြစ်ဖြစ် ယုန်ဖြစ်ဖြစ်ရှာလိုက်မယ်"
"အေး အေး မြန်မြန် သူ့ကြည့်ရတာ အခြေအနေမကောင်းဘူး"
ဘိုးထင်တို့သုံးယောက်သည် မိဖြူကိုကြည့်ကာသနားဂရုဏာသက်နေကြသည်။ထို့နောက် ပေတူးနှင့် ဘိုးထင်တို့ လေးဂွကိုယ်စီကိုင်ကာ တောထဲထွက်သွားကြချိန် သာအေးသည် မိဖြူအားကြည့်ကာဦးခေါင်းကိုကုတ်ရင်းစကားဆိုလေသည်။
"ညည်းဟာ သွေးဆာရင်ဆာတယ်လို့ အစောကတည်း ကတော့မပြောဘူး"
"ကျုပ်က ဘယ်အချိန်သွေးသောက်ရမယ်ဆိုတာမသိဘူး ချက်ချင်းကြီးအဲ့လိုဖြစ်တာ"
"ညည်း မသောင်းကြမ်းနဲ့နော် ဟိုကောင်တွေသွေးသွားရှာနေပြီ"
"ဘာကိုသောင်းကြမ်းရမှာလဲ"
"ညည်းအမေကြီးကပြောတယ် ညည်းက သွေးဆာလို့မသောက်ရရင် သောင်းကြမ်းတယ်ဆို"
"ပေါက်ကရ ကျုပ်ကသွေးမသောက်ရရင်လှုပ်တောင်မလှုပ်နိုင်တော့ဘူး "
"အဲ့လိုလား အဲ့တာဆိုညည်းအမေကြီးကညာတာပေါ့"
"ဟုတ်တယ် ကျုပ်သွေးမသောက်ရရင် သေတော့မှာ"
"အမေကြီးအိမ်ဟုတ်လား အဲ့တာဆို ဒေါ်မယ်ငွေကညည်းအမေကြီးလား"
"ဟုတ်တယ် ခင်ဗျားတို့က ကျုပ်ကိုထိန်းဖို့လာတာလား "
ကလေးမလေး၏အမေးအား ဘိုးထင်တို့သုံးယောက်မည်သို့ပြန်ဖြေရမည်မှန်းမသိဖြစ်နေသဖြင့် တယောက်မျက်နှာတယောက်ကြည့်လိုက်ကာ ကလေးမလေးအား စူးစမ်းသလိုကြည့်၍အမေးစကားဆိုလိုက်ကြသည်။
"ကလေး ညည်းနာမည်ဘယ်လိုခေါ်လဲ "
"နာမည်က မဟူရာဒေဝီတဲ့ အိမ်နာမည်ကတော့ မိဖြူ"
"ဪ အေး နင့်နာမည်ကလည်း အဆန်းသားပဲ ဒါပေမဲ့ အိမ်နာမည်ကတော့မဆိုးဘူးဟ လူနဲ့လိုက်တယ် ဒါနဲ့ ညည်းအမေကြီးရော "
"နောက်ကလိုက်လာလိမ့်မယ် ကျုပ်ကခြေကလိမ်ပြီးပြေးလာတာ အဲ့တာကြောင့်မြန်တာ"
"ပြေးလာတယ်ဆိုတော့ ညည်းတို့ကဒီအိမ်မှာနေတာ မဟုတ်ဘူးလား"
"ဟုတ်ပါဘူး ဒီအိမ်ကဧည့်သည်တွေကိုထားတာ ကျုပ်နဲ့အမေကြီးက ဟိုဘက်တောထဲမှာနေတာ"
ဘိုးထင်တို့သုံးယောက်လုံးအံ့ဩနေရသည်။အဘယ့် ကြောင့်ဆိုသော် သူတို့ထိန်းရမည့်ကလေးမှာ ယခုကလေးမလေးဆိုပါက ပုံမှန်မဟုတ်သေးဟု သူတို့ထင်မြင်မိသည်။မိဖြူဆိုသည့်ကလေးမလေးသည် လူကြီးလေးတယောက်သဖွယ်စကားပြောဆိုတတ်နေပြီး အနေအထိုင်မှာလည်း မြင်တွေ့ရသလောက် ယခုအထိ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်၏။သူတို့စဉ်းစားမရဖြစ်နေချိန်တွင် အိမ်ကြီးပေါ်သို့ ဒေါ်မယ်ငွေတက်လာသည်ကို တွေ့လိုက်ရလေသည်။ကလေးမလေးသည် အဖွားဖြစ်သူကိုမြင်သည်နှင့်ပြုံးပြလိုက်ပြီးနောက် ဘိုးထင်တို့သုံးယောက်အားလက်ညှိုးထိုးပြရင်း အသံခပ်စာစာနှင့်အဖွားဖြစ်သူအားစကားဆိုလိုက်သည်။
"အမေကြီး သူတို့ကဘာတွေမှန်းလည်းမသိဘူးကြောင်တောင်တောင်တွေ"
"ဘာဖြစ်လို့လဲ မြေးလေး"
"ကျုပ်ကိုထိန်းရမယ်ဆိုတာကို မယုံဘူးဖြစ်နေတယ်"
"သြော် အဲ့တာလား အမေကြီး သူတို့ကိုပြောပြလိုက်မယ်"
ဒေါ်မယ်ငွေသည် ထိုသို့ဆိုပြီးနောက် မြေးဖြစ်သူ၏ အနားတွင်ထိုင်ချလိုက်သည်။ထို့နောက် မြေးဖြစ်သူ၏ဦးခေါင်းအားပွတ်သတ်ပေးရင်းမှ ဘိုးထင်တို့အားကြည့်ကာ စကားဆိုလိုက်လေသည်။
"ကောင်လေးတို့"
"ဗျာ အမေကြီး"
"နင်တို့ထိန်းရမယ်ဆိုတာ ဒီကလေးပဲ"
"အမေကြီး အမေကြီးမြေးကြည့်ရတာ မဆိုးလောက်ပါဘူး သူ့ဘာသာနေတတ်နေပြီကို ပြီးတော့ ကျုပ်အထင်ဆယ်နှစ်လောက်တောင်ရှိရောပေါ့"
"အေး ဟုတ်တယ် ငါ့မြေးလေးကဆယ်နှစ်ရှိပြီ ငါ့မြေးလေးကအခု ဝါးဖြူရွာကိုသွားချင်နေတယ် အဲ့တာ နင်တို့သူ့ကိုထိန်းကျောင်းပြီး သူသွားချင်တဲ့နေရာကိုလိုက်ပို့ပေးရမယ်"
"ဝါးဖြူရွာ ကျုပ်ဖြင့် မကြားဖူးဘူး"
"ငါ့မြေးလေး လမ်းသိတယ် သူ နင်တို့ကိုခေါ်သွားလိမ့်မယ် မနက်ဖြန်အရောက်ပြန်ခဲ့ပေါ့"
"ကျုပ်တို့ကအမေကြီးခိုင်းတာလုပ်ဖို့ရောက်လာတာပဲ သူ့ကိုထိန်းရမယ်ဆိုတော့လည်း ထိန်းပေးရုံပေါ့ဗျာ"
"ကောင်းပြီလေ ခဏနေမျက်နှာသစ်ပြီးရင် မနက်စာစားပြီး သွားကြပေါ့"
"ဟုတ်ကဲ့ အဲ့လိုပဲလုပ်လိုက်ပါမယ်"
ဘိုးထင်တို့သုံးယောက်သည် မည်သည့်အရာကိုမှစောဒကမတက်တော့ပဲ ဒေါ်မယ်ငွေပြောသည့်အတိုင်းသာလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်။သူတို့စိတ်ထဲတွင် တော်သေးသည်ဟုသာ ပေါ့ပေါ့ပါးပါးတွေးလိုက်ကြသည်။အကြောင်းမှာ သူတို့ထိန်းရမည့်ကလေးမလေးသည် ကောင်းကောင်းမွန်မွန်စကားပြောဆိုတတ်ပြီး သူ့ဘာသာသွားနိုင်လာနိုင်သည့် ကလေးမလေးတယောက်ဖြစ်နေခြင်းကြောင့်ဖြစ်ပါလေတော့သည်။
◾အခန်း (၇)
ဘိုးထင်တို့သုံးယောက်သည် နံနက်စာအားကောင်းမွန်စွာစားသောက်ပြီးနောက် မဟူရာဒေဝီ ခေါ် မိဖြူနှင့်အတူ ဝါးဖြူရွာသို့သွားရန်ပြင်ဆင်နေကြသည်။ထိုအချိန် ဒေါ်မယ်ငွေတယောက် သူတို့အနားသို့ရောက်လာပြီး သူမ၏ မြေးမလေးမကြားနိုင်လောက်သည့်လေသံဖြင့် ခပ်တိုးတိုးစကားဆိုလေသည်။
"ကောင်လေးတွေ နင်တို့ကိုတခုမှာချင်တယ်နော် ငါ့မြေးမလေးကအချိန်တန်လို့သွေးမသောက်ရရင် ထိန်းမရသိမ်းမရဖြစ်တတ်တယ် သူသွေးသောက်ချင်လာရင်မျက်နှာကလိုတာထက်ဖြူလာလိမ့်မယ် အဲ့တော့ သူ မ သောင်းကြမ်းခင် နင်တို့သွေးရအောင်ရှာပြီးတိုက်ရလိမ့်မယ် "
"ဘာသွေးတိုက်ရမှာလဲ"
"ကြိုက်တဲ့သွေးကို တိုက်"
"အေးပါဗျာ ကျုပ်တို့ကိုတော့ဒုက္ခမပေးလောက်ပါဘူးနော်"
ဘိုးထင်စိုးရိမ်တကြီးစကားဆိုလိုက်လေရာ ဒေါ်မယ်ငွေမှ သူ့အားမယုံမကြည်ဖြစ်နေသည်ဟန်ဖြင့် မေးမြန်းလာလေသည်။
"နင်ကအောက်လမ်းပညာသည်ပဲ ဘာလို့အဲ့လောက်စိုးရိမ်နေရတာလဲ"
"စိုးရိမ်တာပေါ့ဗျာ မိဖြူက ကလေးပဲရှိသေးတယ်လေ ကျုပ် သူ့ကိုတိုက်ခိုက်လို့ဘယ်ဖြစ်မှာလဲ အဲ့တော့ သူတိုက်ခိုက်လာရင် ကျုပ်တို့တွေက ရှောင်တိမ်းပေးဖို့ပဲရှိတာလေ ဒါကြောင့်စိုးရိမ်တာပေါ့"
ဒေါ်မယ်ငွေသည် ဘိုးထင်၏ဆိုစကားအားများစွာသဘောကျလို့သွားပြီး မျက်နှာတွင်ကျေနပ်ပီတိဖြစ်လို့နေသည်။ထို့နောက် သူမသည် မြေးဖြစ်သူမိဖြူကို လှမ်းခေါ်လိုက်လေ၏။
"မြေးလေး လာခဲ့ဦး"
"လာပြီ အမေကြီး"
"အမေကြီးပြောမယ် ဒီကမြေးလေးရဲ့အကိုတို့ စကားကိုနားထောင်ရမယ်နော် ကြားလား "
"ဟုတ်ကဲ့ အမေကြီး"
"အေး အေး အမေကြီးစိတ်ချမယ်နော်"
"စိတ်ချပါ အဲ့တာဆို ကျုပ်တို့သွားတော့မယ်နော် အမေကြီး"
"သွား သွား ဂရုစိုက်ပြီးသွားကြနော်"
ဒေါ်မယ်ငွေသည် ထိုသို့ပြောအပြီး လာရာလမ်းအတိုင်း ပြန်လှည့်လိုက်သည်။ဒေါ်မယ်ငွေနောက်သို့ပြန်လှည့်လိုက်သည်နှင့် ငြိမ်သက်နေသည့်စုန်းမီးလုံးကြီးမှာလည်း ဒေါ်မယ်ငွေ၏အရှေ့သို့ခပ်မြန်မြန်လှိမ့်သွားပြီး အရှေ့မှနေ၍ တလှိမ့်ချင်းလှိမ့်သွားနေတော့သည်။ဘိုးထင်သည်ဒေါ်မယ်ငွေ၏နောက်သို့ အကြောက်အရွံ့ကင်းမဲ့စွာလိုက်သွားလေရာ ပေတူးနှင့် သာအေးသည်လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးနောက် ဘိုးထင်၏အနောက်သို့သာလိုက်သွားပါလေတော့သည်။
◾အခန်း (၅)
ကြီးမားသည့်ကျွန်းပင်ကြီးများရှိပြီး အုံ့ဆိုင်းနေသည့် သစ်တောအုပ်ကြီး၏အလယ်တွင် အထီးကျန်ဆန်လှစွာအိမ်အိုကြီးတလုံးရှိနေလေသည်။အိမ်အိုကြီးမှာသစ်သားများဖြင့်တည်ဆောက်ထားပြီး ရေနံချေးများမဲနက်အောင်သုတ်လိမ်းထားလေသည်။အိမ်အမိုးသက်ကယ်တံစက် မြိတ်များတွင်တော့ စုန်းမီးလုံးများစွဲကပ်နေသည်ကိုတွေ့လိုက်ရပြီး အိမ်ကြီးပတ်ပတ်လည်သည် နေ့လယ်နေ့လည်နေ့ခင်းအလား လင်းထိန်လို့နေသည်။ထိုအိမ်ကြီးဆီသို့ ဒေါ်မယ်ငွေခေါ်ဆောင်လာသော ဘိုးထင်၊သာအေး နှင့် ပေတူးတို့ရောက်ရှိလာကြသည်။သူတို့သည် အိမ်သက်ကယ်တံစက်မြိတ်တွင် အသဲယားစဖွယ် စုန်းမီးလုံးများတွယ်ကပ်တောက်လောင်နေသည်ကိုကြည့်ပြီး တအံ့တသြဖြင့်အချင်းချင်းစကားဆိုကြလေသည်။
"ဟေ့ကောင်တွေ စုန်းမီးတွေက တကယ်အသုံးဝင်တာပဲ အိမ်မှာခုလိုထွန်းထားတာအဆင်ပြေနေရောပဲ ပြီးတော့ မီးအန္တရာယ်ကနေကင်းတယ်ကွ"
"ဟုတ်တယ်ကွာ ညဘက်မှာဒီလောက်ထိန်ထိန်လင်း နေတာမျိုး ငါ့တသက် တခါမှမတွေ့ဖူးဘူး "
"ဟေ့ကောင်နှစ်ကောင် ငေးမနေနဲ့ ငါ့အနားကပ်နေ"
ဘိုးထင်သည်သူ၏အပေါင်းအသင်းနှစ်ယောက်လုံး အိမ်အိုကြီးအားငေးကြည့်နေပြီး သတိလက်လွတ်ဖြစ်နေ၍ထိုသို့သတိပေးလိုက်ရခြင်းဖြစ်သည်။ဘိုးထင်စိုးရိမ်နေသည်ကိုသိနေသည့်စိတ်ကဝေဒေါ်မယ်ငွေသည်သဘောကျစွာရယ်လိုက်ပြီး သူတို့အားစကားဆိုလာ၏။
"ကောင်လေးတွေ နင်တို့ဘာမှစိတ်မပူနဲ့ ငါ့မြေးကိုသာ တပတ်အတွင်းကောင်းကောင်းထိန်းပေး မင်းတို့ကို ဘာအန္တရာယ်မှမဖြစ်စေရဘူး"
"ကျုပ်တို့ အမေကြီးကိုယုံတယ် ဒါနဲ့ ကျုပ်တို့ထိန်းရမဲ့ကလေးကဘယ်မှာလဲ "
"အခုတော့ သူအိပ်နေတယ်လေ နင်တို့လည်းနားကြဦး မနက်ရောက်မှာပဲ ငါ့မြေးနဲ့တွေ့ကြပေါ့"
"အဲ့တာကောင်းတယ် အမှန်အတိုင်းပြောရရင်လေ ကျုပ်တို့အတော်ကိုပင်ပန်းနေပြီဗျာ တနေကုန်လမ်းလျှောက်လာရတာလေ"
"ဟုတ်ပြီ ဟုတ်ပြီ အိမ်အပေါ်ထပ်မှာ နင်တို့အိပ်လိုက်ကြ အိမ်ပေါ်မှာ နင်တို့အတွက်အိပ်ယာပြင်ပေးထားတယ်"
ဒေါ်မယ်ငွေသည် ထိုသို့ပြောအပြီးလက်ကို ဝှေ့ယမ်းလိုက်ရာ အိမ်ကြီး၏လှေကားလက်ရန်းတွင်ရှိနေသည့်စုန်းမီးလုံးတလုံးသည် သူတို့အနားသို့ရောက်လာပြီး အရှေ့မှနေ၍လွန့်လူးနေကာ သူတို့သွားရမည့်နေရာသို့ တဖြည်းဖြည်းတလှိမ့်ချင်းလှိမ့်သွားလေသည်။ထိုအခါဒေါ်မယ်ငွေသည် ဘိုးထင်တို့အားကြည့်လိုက်ပြီး
"ကဲ ကောင်လေးတွေ အဲ့မီးတောက်နောက်လိုက်သွားပေတော့ ငါလည်း ငါ့မြေးနဲ့သွားအိပ်လိုက်ဦးမယ် "
"ဟုတ်ကဲ့ အမေကြီး"
သူတို့သည် ဒေါ်မယ်ငွေပြောသည့်အတိုင်း စုန်းမီးလုံးနောက်မှလိုက်သွားလိုက်ကြသည်။စုန်းမီးလုံးသည် အိမ်ပေါ်တက်သည့်လှေကားအတိုင်း တလှိမ့်ချင်းခုန်တက်သွားနေသည်။များမကြာသောအချိန်တွင်တော့ အိမ်ကြီးအပေါ်ထပ်သို့ရောက်လာပြီး စုန်းမီးအလင်းရောင်အောက်တွင် သပ်ရပ်စွာခင်း ကျင်းထားသည့် အိပ်ယာများအားတွေ့လိုက်လေရာ သူတို့သုံးဦးလုံးမည်သည့်ကိစ္စကိုမျှမတွေးတောနိုင်တော့ပဲ အိပ်ယာများပေါ်တွင်သာ ဝင်ရောက်အိပ်စက်အနားယူလိုက်ကြပါလေတော့သည် ။
◾အခန်း (၆)
နံနက်ခင်းအလင်းရောင်ထွက်လာသည်နှင့် တောအုပ်ထဲတွင်ရှိသည့် ရေနံချေးများမဲနက်နေအောင်သုတ်လိမ်းထားသောအထီးကျန်ဆန်လှသောအိမ်ကြီးအား အလင်းရောင်ပေးစွမ်းနေသည့် စုန်းမီးလုံးများသည် လည်းပျောက်ကွယ်လို့သွားကြလေသည်။ထိုအချိန်တွင်အသက် ဆယ်နှစ်အရွယ်ကလေးမလေးတယောက်သည် ခြေကလိမ်လမ်းလျှောက်လာပြီး အိမ်ကြီးပေါ်သို့တက်သွားလေသည်။သူမ၏အသားအရည်သည် လွန်စွာမှဖွေးဖြူပြီး ကြည်လင်သောမျက်လုံးတို့ရှိ၏။သာမန်ကလေးများနည်းတူ ထမိန်နှင့် အင်္ကျီကိုဝတ်ဆင်ထားပြီး ဆံပင်မှာဆံရစ်ဝိုင်းနှင့်ဖြစ်သည်။ကလေးမလေးသည် အိမ်ပေါ်သို့ရောက်သည်နှင့် မျက်နှာပြုံးရွှင်သွားပြီး အိမ်ပေါ်တွင်အိပ်မောကျလျက်ရှိသေးသည် ဘိုးထင်တို့သုံးယောက်အနားသို့တိုးကပ်သွားလိုက်သည်။ထို့နောက် ကလေးမလေးသည် နဖူးပေါ်လက်တင်ပြီးအိပ်နေသည့် သာအေးအနီးတွင်ထိုင်ချလိုက်ကာ နဖူးပေါ်တင်ထားသည့် သာအေး၏လက်အားကိုင်မြှောက်ပြီးဆော့ကစားလို့နေ သည်။လက်အမြောက်ခံလိုက်ရသောသာအေးသည် အိပ်နေရာမှာနိုးသွားပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်ချိန် အသားဖြူစွတ်စွတ် ဆံပင်ဆံရစ်ဝိုင်းနှင့် ကလေးမလေးအားတွေ့လိုက်ရ၍ အံဩတကြီးဖြစ်သွားလေသည်။ထို့နောက် အိပ်ပျော်နေသော ပေတူးနှင့် သာအေးတို့အားလှူပ်နှိုးလိုက်ကာ ကလေးမလေး၏မျက်နှာချင်းဆိုင်တွင် သုံးယောက်သားငုတ်တုတ်ထိုင်လို့နေသည်။သာအေးသည် ကလေးမလေးအားမေးငေါ့ပြီး သူသိလို့သည်များအား မေးမြန်းလိုက်လေသည်။
"ကလေး ညည်းကဘယ်သူတုန်း"
"ကျုပ်ကိုမသိဘူးလား"
"မသိဘူးလေ "
"အဲ့တာဆို ဘာလို့ ကျုပ်တို့အမေကြီးအိမ်ကိုရောက်နေတာလဲ"
"ဘယ်လိုဆက်လုပ်ရမှာလဲကွာ ရှေ့ဆက်သွားရုံပဲပေါ့အချိန်တန်ရင်တော့ ဟိုကဝေမကြီးရောက်လာမယ်ထင်တာပဲ"
"အေးလေ အဲ့တာဆိုဆက်သွားတာပေါ့ကွာ"
"သတိတော့ထားကြကွာ အခြေအနေကဘာမှန်းမသိဘူး လမ်းကတော့ အခုထိတောင်ကောင်းနေတုန်းပဲ"
ဘိုးထင်သည် ပေတူးနှင့် သာအေးတို့အားသတိပေး လိုက်ပြီး ရှေ့သို့ခရီးဆက်လိုက်ကြပြန်သည်။ထိုအချိန် မှာပင် သူတို့နှင့်မျက်နှာချင်းဆိုင်ဆီမှ အားကောင်းသည့်မီးအလင်းရောင်တခုသည် သူတို့ရှိရာဆီသို့တရွှေ့ရွှေ့တိုးကပ်လာသည်ကိုမြင်တွေ့လိုက်ရသည်။ထိုအရာကို ဦးစွာသတိထားမိသူ သာအေးသည် ဘိုးထင်အား သတိပေးလိုက်သည်။
"ဘိုးထင် ဟိုမီးကစုန်းမီးတောက်လားလို့ ဒီဖက်ကိုလာနေတာ"
"အေး ငါလည်း အဲ့တာလို့ထင်တာပဲ"
"ဘယ်လိုလဲဟေ့ကောင်တွေ ဟိုကဝေမကြီးလာတာများဖြစ်နေမလား"
"ဟေ့ကောင်တွေ ဟေ့ကောင်တွေ မင်းတို့ကိုသတိပေးရဦးမယ် သူ့အရှေ့မှာ ကဝေမကြီး ကဝေမကြီးနဲ့မခေါ်နဲ့ အမေကြီးလို့ပဲခေါ် ကြားလား"
"အေးပါ ဘိုးထင်ရာ ငါတို့လည်းသူ့အရှေ့မှာတော့ မခေါ်ရဲပါဘူးဟ"
"သတိလက်လွတ်နဲ့ခေါ်မိမှာစိုးလို့လေ သူ့ကြည့်ရတာပညာတော့အတော်မြင့်ပုံရတယ်ကွ မျက်နှာက ဆေးမှင်ကြောင်တွေကို သာမာန်လူတွေသာမြင်ရင် သတိလစ်သွားလောက်တယ်"
"အေး အဲ့တာတော့ဟုတ်တယ်"
ဘိုးထင်တို့သုံးယောက်သည် ရှေ့ဆက်မသွားသေးပဲလမ်းခုလတ်တွင် ရပ်တန့်နေလိုက်ပြီး မျက်နှာချင်းဆိုင်ဆီမှလှမ်းလာနေသည့် စုန်းမီးတောက်အား စောင့်ဆိုင်းနေလိုက်သည်။မကြာသောအချိန်တွင်တော့ သူတို့နှင့်မလှမ်းမကမ်းတနေရာ၌ စုန်းမီးတောက်ကြီးနှင့်အတူ ကဝေမကြီးဒေါ်မယ်ငွေရောက်ရှိလို့လာသည်။ကဝေမကြီးအရှေ့မှမီးများတောက်လောင်နေသည့် စုန်းမီးတောက်ကြီးကြောင့် ပတ်ဝန်းကျင်တခုလုံးသည်အလင်းရောင်လွှမ်းသွားပြီး ပေတူး၏လက်ထဲမှကိုင်ထားသည့်မီးအိမ်၏အလင်းရောင်လေးကိုပင် ထိုစုန်းမီးတောက်ကြီး၏အလင်းမှဝါးမြိုသွားသည်။ပတ်ဝန်းကျင်မှ အင်ပင်များနှင့် ကမ်းပါးယံတွင်ပေါက် ရောက်နေသော မုန်လာဖူးနှင့် ဆေးတလုံးဖူးအပြင် တခြားသောအပင်ငယ်များကိုပင်မြင်နိုင်စွမ်းသည်အထိ မီးအလင်းရောင်ရရှိနေသည်။ထိုစုန်းမီးလုံးကြီးအားသဘောကျနေသူနှစ်ယောက်ရှိသည်။သူတို့မှာ ပေတူးနှင့်သာအေးပင်ဖြစ်သည်။သူတို့နှစ်ယောက်သည် ခပ်လှမ်း လှမ်းတွင်ရပ်တန့်သွားသည့် စုန်းမီးလုံးကြီးကိုကြည့်ပြီး အချင်းချင်းတီးတိုးစကားဆိုနေကြသည်။
"တောက် သာအေးရေ အဲ့စုန်းမီးလုံးကြီးများပိုင်ရရင်ဘယ်လောက်ကောင်းလိမ့်မလဲ"
"ဘာလို့လဲ ပေတူး"
"ဘာရမှာလဲကွာ မင်းမမြင်ဘူးလား စုန်းမီးလုံးကြီးကသိပ်လင်းတယ်လေကွာ ငါ့အထင် ရွာလူကြီးအိမ်ကအောက်လင်းဓာတ်မီးကြီးထက်တောင်ပိုလင်းသလားလို့"
"လင်းတာပေါ့ကွ ပြီးတော့ ဒီမီးလုံးကြီးက အောက် လင်းဓာတ်မီးလို လေထိုးစရာမလိုဘူး ဆီလည်းဖြည့်စရာလည်းမလိုဘူး သိပ်ဟန်တာပဲ သာရေးနာရေးတွေမှာ မီးအငှားလိုက်ရလို့ကတော့ အတော်အဆင်ပြေမှာ"
"မင်းနဲ့ ငါက အကြံလာတူနေတယ် ငါလည်းအဲ့လိုတွေးနေတာ ပြီးတော့ ဖားရိုက် ငါးမီးခုတ် ငှက်ပစ် ကြွက်လည် ဘာလုပ်လုပ်ကွာ ဒါကြီးနဲ့ဆို အတော်အဆင်ပြေမှာကွ"
ပေတူးနှင့် သာအေးတို့နှစ်ယောက်ပြောနေသည့်စကားများအား အတိုင်းသားကြားနေရသည့် ဘိုးထင်သည်ချောင်းတချက်ဟန့်လိုက်ပြီးနောက် သူတို့နှစ်ယောက်အားတိတ်တဆိတ်နေရန်သတိပေးလိုက်လေသည်။
"အဟမ်း ဟေ့ကောင်တွေ အမေကြီးလာနေပြီကွ မင်းတို့ကောင်တွေနှစ်ယောက် ပေါက်ကရပြောတာတွေရပ်လိုက်တော့"
ဘိုးထင်သည် ထိုသို့ပြောပြီးနောက် သူတို့အနားသို့ရောက်လာသည့် ကဝေမကြီး ဒေါ်မယ်ငွေအားနှုတ်ဆက်လိုက်လေသည်။
"အမေကြီး ရောက်လာပြီလား ကျုပ်တို့လည်းနောက်မကျပါဘူးနော်"
"မကျပါဘူး မင်းတို့လာမယ်လို့ ငါ့မြေးကိုပြောထားတာ သူက အခုထိ မင်းတို့မလာသေးလို့စိတ်ဆိုးနေတယ် အိမ်ကဆိတ်တွေလည်းသေတာများနေပြီ"
"ဗျာဘာပြောတာလဲ အမေကြီး သူစိတ်ဆိုးတာနဲ့ စိတ်တွေက ဘာလို့သေတာလဲ"
"သူက နင်တို့ကိုမျှော်နေတာလေ နင်တို့မလာသေးတော့စိတ်ဆိုးပြီး ဆိတ်တွေကိုလည်ချောင်းသွေးဖောက် သောက်ပစ်နေတာ"
"ဗျာ "
"ဗျာ"
ပြိုင်တူဆိုသလို ဗျာတလိုက်သူနှစ်ယောက်မှာဖြင့် သာ အေးနှင့် ပေတူးတို့ပင်ဖြစ်၏။သူတို့၏မျက်နှာများသည်စိုးရိမ်ထိတ်လန့်မှုအပြည့်နှင့်ဖြစ်နေလေသည်။သူတို့၏ မျက်နှာကိုသတိထားမိသော ဒေါ်မယ်ငွေသည် ဆေးမှင်ကြောင်အစီအရင်များမျက်နှာပြင်အပြည့်ထိုးထားပြီး မဲနက်နေသည့်မျက်လုံးများရှိသည့် သူမ၏မျက်နှာမှ သွားများပေါ်အောင်ပြုံးပြလာလေရာ သွားများသည်လည်းမဲနက်နေ၍ ပြုံးပြသည်ကပင်အတော်ကြောက်စရာကောင်းနေလေသည်။သူမသည် ထိုသို့ပြုံးပြရင်းသာအေးနှင့် ပေတူးအားစကားဆိုလိုက်သေးသည်။
"ကောင်လေးနှစ်ယောက် နင်တို့ကိုကြည့်ရတာကြောက် နေသလိုပဲ ဘာမှမကြောက်နဲ့ ငါ့မြေးက အခုထိ လူသွေးမကြိုက်သေးဘူး"
"ဗျာ ဘာပြောလိုက်တာလဲ အမေကြီး"
"ငါ့မြေးဆိတ်လည်ချောင်းသွေးစုပ်တယ်ဆိုတာနဲ့ နင်တို့နှစ်ယောက်လုံးကြောက်သွားကြလို့ ဘာမှမကြောက်ဖို့ပြောတာ ငါ့မြေးကအခုထိတော့လူသွေးမကြိုက်သေးဘူး နောက်တော့မပြောတတ်ဘူးပေါ့ ကဲ ကဲ ငါနောက် လိုက်ခဲ့ကြ နင်တို့ဟိုရောက်ရင် နင်တို့ထိန်းရမဲ့ ငါ့မြေးကိုတွေ့ရမယ်"
"အေး အေး အနောက်တန်းတန်းသွားရမယ်ဆိုတော့ ရှေ့လမ်းကျရင်တောထဲဝင်ရတော့မယ်ထင်တယ်"
"လမ်းကကွေ့သွားပြီဆိုတော့ ဝင်ရတော့မှာပေါ့ "
ဘိုးထင်တို့သုံးယောက်သည် ခြေထောက်ညောင်းနေသည်မှာအနည်းငယ်သက်သာသွားပြီဖြစ်သဖြင့် သစ်ပင်အောက်တွင် ထိုင်နားနေရာမှ မတ်တတ်ထရပ်လိုက်ပြီး ရှေ့ဆက်သွားလိုက်ကြသည်။များမကြာသောအချိန်တွင်တော့ အင်ပင်များပေါက်နေသည့်တောထဲသို့ဝင်လိုက်ကြသည်။အစောက သူတို့သွားနေသည့်လမ်းမှာတခြားသောအရပ်အားကွေ့သွားခြင်းကြောင့်ဖြစ်သည်။ ထို့နောက် ဘိုးထင်တို့သုံးယောက်သည် အင်တောအတိုင်းဆက်၍သာသွားလိုက်ကြပါလေတော့သည် ။
◾အခန်း (၄)
ညအချိန်သို့ရောက်ရှိလာပြီဖြစ်ပြီး တောတောင်များအကြားတွင်လမ်းလျှောက်နေသည့် ဘိုးထင်တို့သုံးယောက်သည်လည်း မှောင်မိုက်မှုအားဖြိုခွင်းရန် ပေတူး ၏လက်ထဲမှမီးအိမ်အား ထွန်းညှိလိုက်ကြသည်။အမှောင်ထုကြီးစိုးနေသည်မို့ မီးအိမ်၏အလင်းရောင်မှာ သာမာန်ထက်ပို၍လင်းလက်နေသယောင်ရှိသည်။ မီးအိမ်ကိုင်ထားသောပေတူးသည် အရှေ့မှလမ်းလျှောက်နေရင်း သူ၏နောက်မှလိုက်ပါလာသော သာအေးနှင့် ဘိုးထင်တို့အားစကားဆိုလိုက်လေသည်။
"ဟေ့ကောင်တွေ သန်းခေါင်ကျော်တဲ့အထိလမ်းလျှောက်ရမှာဆိုတော့ အတော်တော့ကြာအုံးမယ်ထင်တယ် အခုမှမှောင်စပျိုးတုန်းပဲရှိအုန်းမယ်"
"ပေတူးရာ မှောင်စတော့ မဟုတ်တော့ပါဘူးကွာ အတော်ကိုမှောင်နေပါပြီ"
"ဟိတ်ကောင် သာအေးရ သစ်ပင်ကြီးတွေပဲရှိတဲ့ သစ်တောထဲမှာမို့ ပိုမှောင်သယောင်ဖြစ်နေတာ ဒီတောထဲမှာမဟုတ်ရင် ဒီလောက်မမှောင်လောက်သေးဘူးကွ"
"မင်းကလည်းမှောင်နေပါပြီဆိုကွာ"
"သာအေး မင်းလည်းတောသား ငါလည်းတောသား တောထဲဝင်ရင်လိုတာထက် ပိုပြီးမှောင်သွားတယ်ဆိုတာလည်း မင်းအသိသားနဲ့ အခုချိန် အပြင်မှာဆို ညီအကိုမသိတသိအချိန်လောက်ပဲရှိဦးမှာ ဒီတောထဲမို့ပိုမှောင်နေတာ"
"မင်းရူးနေတာလား ပေတူး တို့တွေလမ်းလျှောက်လာတာဘယ်လောက်ကြာနေပြီလဲ အဲ့အချိန်နဲ့ပြန်တွက်ရင် အခုကအတော်မှောင်နေပြီပေါ့ဟ"
"မင်းမယုံဘူးလား မယုံရင်အပြင်ထွက်ကြည့်မယ် "
"လာလေ အပြင်ရောက်လို့မှ တအားမမှောင်နေရင် ငါမင်းကိုလုပ်မှာနော်"
"အေး မမှောင်ရင် ငါလည်းမင်းကိုလုပ်မှာ"
ပေတူးနှင့် သာအေးတို့နှစ်ယောက် စကားနိုင်လုရင်း စကားများကြလေသည်။သူတို့သည် ရှေ့ဆက်မသွားပဲတောအုပ်အပြင်သို့ထွက်ရန်ပြင်နေလေရာ ဘိုးထင်မှစိတ်မသက်မသာဟန်ဖြင့် နှစ်ယောက်လုံးအားအသံခပ်ကျယ်ကျယ်နှင့်ငေါက်ငမ်းလိုက်လေသည်။
"ဟေ့ကောင်တွေ မှောင်မှောင် မမှောင်မှောင် မင်းမေကြီတော်ကြီးမို့ငြင်းနေတာလား မင်းတို့ကောင်တွေအတော်လျှာရှည်တဲ့ကောင်တွေပဲ ကိုယ်သွားစရာရှိတာ သွားနေတာကို အတော်ကိုလျှာရှည်တယ်"
ဘိုးထင်ထိုသို့ငေါက်ငမ်းလိုက်သည့်အခါမှ သကောင့်သားနှစ်ယောက်လည်း ငြင်းခုန်ခြင်းမပြုတော့ပဲ သူတို့သွားရမည့်လမ်းကိုသာဆက်၍သွားနေလေတော့သည်။ ကြည့်စရာ နာရီကမပါ၊ကောင်းကင်မှကြယ်တို့ကိုပါမမြင်ရသည့်အတွက် ဘယ်အချိန်မျှရှိနေပြီဆိုခြင်းအား သူတို့မသိကြပေ။အနောက်အရပ်အတိုင်းသာတည့်တည့်သွားလို့နေကြသည်။ထူးဆန်းသည်ဟုဆိုရမည့်အရာလည်းရှိ လေသည်။ထိုအရာမှာ တခြားမဟုတ် သူတို့သုံးယောက် သွားနေသည့်တောလမ်းလေးမှာ ဖြောင့်ဖြူးနေပြီး ခလုတ်ကန်သင်းဟူ၍လည်း မတွေ့ရပေ။ထိုအရာကိုစတင်ပြီးသတိထားမိသူမှာတော့ သာအေးဖြစ်လေသည်။ ထို့ကြောင့် သာအေးသည် သူ၏အရှေ့မှလမ်းလျှောက်နေသည့် ဘိုးထင်နှင့် ပေတူးအား သူသတိထားမိသည့်အကြောင်းအားပြောပြလိုက်သည်။
"ဟေ့ကောင်တွေ ထူးဆန်းတာတခုကို မင်းတို့သတိထားမိလား"
"ဘာလဲ သာအေး"
"ဘာရမှာလဲကွာ တို့တွေ တောထဲတိုးလာတာမလား လမ်းကတအားများ ဖြူးနေသလားလို့ ပုံမှန်ဆိုတောထဲဝင်တာနဲ့ ခြုံတွေ၊နွယ်တွေရော မန်ကျည်းပေါက်ဆူးတွေရော ပေါမှပေါလေ"
"အေး အဲ့တာဟုတ်တယ်ဟ အခုမင်းပြောမှ ငါလည်းသတိထားမိတယ် "
"အေး အခုကြည့်စမ်း လမ်းကပိုလို့တောင်ဖြူးလာသလိုပဲ ဒီတောထဲဘယ်သူကအဲ့လောက်သွားမှာလဲကွာ"
"ဟုတ်တယ် ဟုတ်တယ် လမ်းကပိုပိုကောင်းလာတယ်"
ဘိုးထင်သည် ပေတူး၏လက်ထဲမှမီးအိမ်အလင်းရောင်ကြောင့် မြင်နေရသည့်လူသွားလမ်းအားသေချာကြည့်ကာ ထိုသို့စကားဆိုလိုက်ခြင်းဖြစ်သည်။ပေတူးသည်လည်း သူတို့သွားနေသည့်လမ်းအားလက်ထဲမှမီးအိမ်ဖြင့်သေချာကြည့်လိုက်ကာ
"အေး ဟုတ်ပါ့ကွာ လမ်းကဖုံနေတာပဲ တခါမှ တောထဲမှာ အခုလောက်အဝေးကြီးအထိလမ်းဖုံတာမတွေ့ဖူးဘူး ရောက်ခါနီးနေပြီးလားမသိဘူး"
"လမ်းရှိနေတာပဲ ဆက်သွားတာပေါ့ကွာ အချိန်တန်ရင်တော့ ဘွားတော်ကြီးကိုတွေ့ရမယ်ထင်တာပဲ"
"အေးကွာ ဆက်သွားကြတာပေါ့"
ဘိုးထင်တို့သုံးယောက်မှာ သစ်တောအုပ်များအကြားအချိန်ကြာမြင့်စွာလမ်းလျှောက်ပြီးချိန်တွင်တော့ တောထဲဝင်လာကစကကဲ့သို့ အင်တောလေးထဲသို့ရောက်လာသည်။အင်တောအုပ်မို့ ကောင်းကင်ယံမှကြယ်များအား အင်ပင်များအကြားမှ တခါတခါလမ်းလျှောက်ရင်း မြင်နိုင်စွမ်းလာသည်။ထိုအခါ ဘိုးထင်သည် ကောင်းကင်ယံအားရှင်းလင်းစွာမြင်နိုင်သည့်တနေရာအရောက်တွင် လမ်းလျှောက်နေသည်ကိုခေတ္တရပ်လိုက်ပြီး ကောင်းကင်ယံကိုမော့ကြည့်ကာ သူ၏ရှေ့မှပေတူးအားစကားလှမ်းဆိုလိုက်သည်။
"ပေတူး သန်းခေါင်ကျော်တော့မယ်ကွ"
"ဟုတ်လား အဲ့တာဆို တို့ဘယ်ဆက်လုပ်ကြမလဲ"
ဦးအုန်းထိုသို့ပြောလိုက်သည့်အခါ သာအေးနှင့် ပေတူးတို့နှစ်ယောက်သည်မျက်နှာမချိုမချဥ်ဖြင့် ဦးအုန်းအားမျက်နှာချိုသွေးလိုက်တော့သည်။
"ဘကြီးအုန်းကလည်းဗျာ ကျုပ်တို့ကစနေတာပါဗျ "
"စမနေနဲ့ တွေးတောကြံဆနည်းလမ်းရတဲ့ကွ အတွေ့အကြုံပေါင်းများစွာနဲ့ အတွေးအခေါ်ပြည့်ဝနေတဲ့ငါ့ဦးနှောက်ကို နေရာတကာအသုံးမချချင်တော့ဘူး အဲ့တော့ မင်းတို့လိုငစနူလေးတွေရဲ့ဦးနှောက်ကိုလည်း အသုံးပြုခွင့်ပေးရသေးတယ်ကွ"
ဦးအုန်းခပ်တည်တည်နှင့်ပြောလိုက်သည့်စကား ကြောင့် သာအေးနှင့် ပေတူးမည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်သွားရလေသည်။ထို့နောက် ဦးအုန်းသည် ငြိမ်နေသည့် ဘိုးထင်ကိုကြည့်ကာ
"ဘိုးထင် မင်းသတိတော့ထားရလိမ့်မယ်"
"ဟုတ်တယ် အဘ ကျုပ်သတိထားရလိမ့်မယ်ဆိုတာကိုတွေးမိပါတယ်"
"ဘာဖြစ်ဖြစ်ကွာ စိတ်လိုက်မာန်ပါလုပ်တာတော့ရှောင်ဟေ့ မင်းသိတဲ့အတိုင်းပဲ ဒေါသအလျောက်လုပ်လိုက်တဲ့အရာတွေက ကောင်းကျိုးထက်ဆိုးကျိုးတွေချည်းဖြစ်တာများတယ်ကွ"
"ကျုပ်လည်းသတိထားမိပါတယ် ဒါပေမဲ့ဗျာ ကျုပ်စိတ်ကလည်းအခက်သားလား ဒေါသဖြစ်ရင်ထိန်းမရဘူးအဘရ တတ်နိုင်သလောက်တော့ထိန်းနေတာပဲ"
"ငါက မင်းကိုသာဆုံးမနေတာ မင်းအရွယ်တုန်းကဆို ငါလည်း မင်းအတိုင်းပဲ အတတ်နိုင်ဆုံးတော့ထိန်းပေါ့ကွာ တို့ပညာတွေကမကောင်းတဲ့အရာတွေမလား မာန်တက်နေတုန်းအရွယ်ကို ကောင်းကောင်းချိုးနှိမ်ထားမှပဲတော်ကာကျလိမ့်မယ် ဘိုးထင်"
"စိတ်ချပါ အဘ ကျုပ်စိတ်ကိုအတတ်နိုင်ဆုံး ထိန်းပါ့မယ် အခုတော့ ကျုပ်တို့ပြန်တော့မယ်အဘ မနက်ဖြန်သွားတော့မှာဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ဦးမယ်"
"အေး အေး ဒါနဲ့ မင်းသက်ကောသက်သာရဲ့လား"
"နည်းနည်းပဲနာတော့တယ် တပတ်လည်းပြည့်တော့မယ်ဆိုတော့ သူပြောတဲ့အချိန်ကိုပဲသွားမလားလို့လေ"
"ကောင်းတယ် ကဝေတွေဆိုတာသူတို့ကသာ ကတိမတည်တာ သူများက ကတိဖျက်ရင်တော့လုံးဝကြိုက်တာမဟုတ်ဘူး မင်းလည်းကတိပေးထားတယ်ဆိုတော့သူချိန်းတဲ့ရက်အတွင်းကိုပဲသွားလိုက်တာကောင်းတယ်"
"ကျုပ်လည်း အဲ့လိုပဲတွေးတယ် အဘ ကျုပ်တို့သွားပြီ"
"အေး အေး ဘာတွေလိုအပ်သေးလဲ"
"ဘာမှမလိုအပ်တော့ဘူး အဘ"
"မင်းတို့အားလုံးသတိတော့ရှိကြ ကြားလား"
ဦးအုန်းသည် လူကြီးတယောက်ဖြစ်သည့်အလျောက် ဘိုးထင်တို့သုံးယောက်အားစိုးရိမ်နေလေသည်။ထို့ကြောင့် သတိထားရန်တွင်တွင်မှာကြားနေခြင်းသာဖြစ်၏။ဘိုးထင်တို့သုံးယောက်သည်ကား ကြောက်ခြင်း လန့်ခြင်းအလျင်းမရှိသောမျက်နှာများဖြင့် ဦးအုန်းအားနှုတ်ဆက်ပြီးနောက် ဦးအုန်း၏နေအိမ်မှထွက်ခွာသွားကြပါလေတော့သည်။
◾အခန်း (၃)
ပေပင်ရွာ၏အနောက်ဖက်ရှိလှည်းလမ်းလမ်းတွင် လူငယ်လေးသုံးယောက်လမ်းလျှောက်လို့နေသည် သူတို့မှာ ဘိုးထင်၊ပေတူးနှင့် သာအေးတို့ဖြစ်ချေ၏။ လွယ်အိတ်များကိုကိုယ်စီလွယ်ထားပြီး ပေတူး၏လက်ထဲတွင် ရေနံဆီမီးခွက်ထည့်ထားသည့်မီးအိမ်လေးလည်းပါသေး၏။ညမိုးချုပ်အချိန်သို့မရောက်ရှိသေးသည့် အတွက် မီးအိမ်အားထွန်းညှိခြင်းမရှိသေးပေ။မိုးရာသီဖြစ်သော်ငြား မြေလတ်ဒေသများမို့ မိုးသိပ်မကောင်းသည့်အတွက် လမ်းသွားရသည်မှာ အဆင်ပြေပြီး တချို့သောကုန်းလမ်းများတွင် ဖုန်သိပ်အောင်သာမိုးရွာသည့်အတွက် လမ်းလျှောက်နေကြသည့်ဘိုးထင်တို့အဖို့များစွာအဆင်ပြေလေ၏။ဤသို့ဖြင့် သူတို့လမ်းလျှောက်နေရင်း သာအေးမှစတင်၍စကားဆိုလာသည်။
"ဟေ့ကောင်တွေ ခဏနားကြမလား လမ်းလျှောက်လာတာလည်းကြာနေပြီ "
"အေး နားတာပေါ့"
သူတို့သုံးယောက်ငည် လမ်းဘေးရှိအုန်းနှဲပင်ကြီးတပင်၏အရိပ်အောက်တွင်ထိုင်လိုက်ကြပြီးနောက် လွယ်အိတ်ထဲထည့်ကာ ယူဆောင်လာသည့်အစားအ သောက်အချို့အားထုတ်ယူစားသောက်လိုက်ကြသည်။ သူတို့သည်အချိန်အတန်ကြာသည်အထိ စကားမပြောပဲ အမောဖြေနေကြပြီးနောက် ပေတူးမှ ဘိုးထင်ကိုကြည့်ကာ သူသိလိုသည့်အကြောင်းအရာများအားမေးမြန်းလိုက်လေသည်။
"ဘိုးထင် ငါနားမလည်တာလေးတခုရှိတယ်ကွာ အဲ့တာမင်းပြောပြလို့ရမလား"
"ရတယ်လေ ဘာနားမလည်တာလဲ ပေတူး"
"တို့ကို ဟိုကဝေမကြီးက ဘယ်နားမှာစောင့်နေမှာလဲ မကြာခင်မိုးလည်းချုပ်တော့မယ်"
"အဲ့တာတော့ ငါလည်း ဘယ်ပြောတတ်မတုန်း သူပြောတယ်လေ တို့ကိုစောင့်နေမယ်တဲ့"
"အဲ့လိုပြောဝာာတော့ ငါတို့လည်းကြားပါတယ် အခုကလမ်းလည်းမပြောဘူး ရွာအနောက်ဖက်တည့်တည့်ဆိုလို့သာ တည့်တည့်သွားနေရတာ "
ပေတူးထိုသို့ညည်းညူလာသည့်အတွက် သာအေးသည် ပေတူးအားကြည့်ကာ သူစိတ်ထင်ရာများကိုပြောလိုက်သည်။
"မင်းကလည်း ကဝေမကြီးကသာမာန်လူမှမဟုတ်တာတို့ရောက်လာတာကို သိမှာပေါ့ကွ"
"အဲ့တာလည်းဟုတ်တာပဲ ဘိုးထင်ကိုမေးရဦးမယ် ငါတို့က ဘယ်အရွယ်လောက် ကလေးကိုများထိန်းရမှာလဲ မသိဘူး"
ပေတူးသည် သာအေး၏စကားအားထောက်ခံလိုက်ပြီး အေးအေးလူလူထိုင်နေသည့်ဘိုးထင်အား ထိုသို့မေးမြန်းလိုက်ပြန်သည်။ထိုအခါ ဘိုးထင်သည်ဦးခေါင်းအားခါရမ်းပြလိုက်ပြီး
"ငါလည်းမသိဘူးလေကွာ ကလေးထိန်းခေါ်တယ်ဆိုတော့ အများဆုံးရှိလှ လေး၊နှစ်ငါးနှစ်သားအရွယ်လောက်ပဲနေမှာပေါ့"
"အေး အဲ့လောက်လေးဆိုမဆိုးဘူး အူဝဲလေးဆိုရင်တော့ အဆင်မပြေဘူး ငါက ကလေးကောင်းကောင်းချီတတ်တာမဟုတ်ဘူး"
"မင်းကလည်း အဲ့တာတွေတွေးမနေနဲ့ အခု မင်းတို့အမောပြေပြီးမလား ဆက်သွားကြစို့"
"မင်းကိုကျွေးတယ်လေကွာ ကျွေးလားမကျွေးဘူးလားပဲပြော"
"ကျွေးတယ်လေ ဒါပေမဲ့ ကျုပ်မှမစားနိုင်တာ ခင်ဗျားတို့စားပစ်တာလေ"
"ဘိုးထင် ငါပြောတာရှင်းရှင်းလေး မင်းကိုကျွေးတယ်လို့ပဲပြောတာ မင်းစားလို့ကုန်သွားတယ်လို့ပြောမိလို့လား မင်းတို့ကလည်းကွာ ငါတို့ သူ့ကိုကျွေးတယ် သူက မစားတော့ ငါတို့စားလိုက်တယ် အဲ့တော့ကုန်သွားတယ်ကွာ ငါတို့စေတနာတွေကိုမင်းတို့ကောင်တွေ မြင်စမ်းပါ"
ရုပ်တည်ကြီးနှင့်ခံခံစားစားပြောနေသည့် ပေါက်တူးအား ဘိုးထင်၊ပေတူးနှင့် သာအေးတို့မည်သို့ပြန်ပြောရမည်မှန်းမသိအောင်ပင်ဖြစ်သွားလေသည်။ထို့နောက် ဘိုးထင်သည် ပေတူးနှင့် သာအေးကိုကြည့်လိုက်ပြီး
"တို့တွေ ကလေးထိန်းဖို့ဘယ်နေ့သွားကြမလဲ"
"မင်းသက်သာရင်သွားကြတာပေါ့ မြန်မြန်သွားထိန်း ပေးလိုက်ကြမယ်ကွာ "
"အေးလေ အဲ့တာဆိုသဘက်ခါလောက်တော့သွားလို့ရမယ်ထင်တယ် ငါ့ဒဏ်ရာတွေလည်းတော်တော်တော့သက်သာနေပါပြီ"
"အဲ့တာဆိုလည်း သဘက်ခါပဲသွားကြတာပေါ့"
ဘိုးထင်တို့ပြောနေသည်ကို နားမလည်သောဖိုးထွေးသည် စားပွဲခုံပေါ်မှ အကြော်အလှော်အချို့အားကောက်ယူစားသောက်ရင်းမေးလိုက်လေသည်။
"ဟေ့ကောင်တွေ မင်းတို့ဘာတွေပြောနေတာလဲကလေးထိန်းရမယ်ဆိုတော့ ဘာလဲ မင်းတို့ကောင်တွေကလေးထိန်းအလုပ်ပြောင်းလုပ်တော့မလို့လား"
"မဟုတ်ပါဘူးဗျာ "
"အဲ့တာဆို ဘယ်သူ့ကလေးသွားထိန်းပေးမှာလဲပြောဦး"
"ဘယ်သူကလေးရမှာလဲ ကဝေမကြီးကလေးကိုထိန်းပေးရမှာ"
"ကဝေမကြီးကလေးဟုတ်လား ဘယ်ကကဝေမကြီးလဲ"
"ဘယ်ကရှိရမှာလဲဗျာ ကျုပ်တို့ရွာက ကလေးတွေကိုပြုစားခဲ့တဲ့ကဝေမကြီးပေါ့"
"မင်းတို့ဟာက ဘယ်လိုလဲကွာ ငါ နားမလည်ဘူးသေချာရှင်းပြစမ်းပါဦး"
သာရတယောက် အမှန်တကယ်သိလို၍ ဘိုးထင်တို့အားမေးမြန်းလိုက်ခြင်းဖြစ်သည်။ထိုအခါ သာအေး သည် အစားအသောက်များအား အုပ်တလုံးတည်းပေါင်း ထည့်ရင်းမှ သာရာ၏အမေးအားဖြေလိုက်သည်။
"ရွာက ကလေးတွေ လွယ်လွယ်လေးနဲ့ပြန်ကောင်းလာတယ်လို့ ခင်ဗျားတို့ထင်နေကြတာလား"
"အဲ့လိုလည်းမထင်ပါဘူး ငါ မင်းတို့ကလေးသွားထိန်းမယ်ဆိုတာကိုပဲနားမလည်တာ"
"ဒီလိုဗျာ ကဝေမကြီးက ဘိုးထင်ကို အပြစ်နှစ်ခုပေးတယ် တခုတာအခုလိုဖြစ်အောင်နှိပ်စက်တာ နောက်တခုက သူ့ကလေးကိုတပတ်လာထိန်းပေးရမှာတဲ့လေ အဲ့လိုအပေးအယူတွေလုပ်ပြီးတော့မှပဲ ကလေးတွေပြန်ကောင်းလာတာဗျ အလွယ်လေးမဟုတ်ဘူး"
"အဲ့တာသိလို့လည်း ကလေးမိဘတွေကမင်းတို့ကောင်တွေကိုအခုလိုအစားအသောက်ကောင်းတွေလာပို့ပေးတာပေါ့"
သာရ ထိုသို့ပြောပြီး နောက်ထပ်အစားအသောက်များအားလွေးနေပြန်သည်။ပေတူးနှင့် သာအေးတို့မှာဖြင့် ဘိုးထင်အားမျက်စပစ်ပြလိုက်ပြီးနောက် ဖိုးထွေးတို့အား အားမနာနိုင်တော့ပဲ ကျန်အစားအသောက်များအား အနီးရှိ သစ်သားဖြင့်ပြုလုပ်ထားသည့်ကြောင်အိမ်ထဲသို့ ခပ်မြန်မြန်ပင်သိမ်းဆည်းလိုက်ကြပါလေတော့သည်။
◾အခန်း (၂)
"မင်းတို့ကောင်တွေကို ဘာလို့များကလေးထိန်းခိုင်းတာလဲမသိဘူး"
"အဘရယ် ကျုပ်တို့လည်းမသိလို့အဘဆီလာမေးပါတယ်ဆိုမှ အဘကပါ ကျုပ်တို့ကိုပြန်ပြီးမေးခွန်းထုတ်နေတယ်"
"မင်းတို့ကိုမေးနေတာမဟုတ်ပါဘူးကွာ ငါ့ဘာသာတယောက်တည်း မေးခွန်းထုတ်နေတာပါ "
ဘိုးထင်တို့သုံးယောက်သည် ကဝေမကြီးထံသို့ကလေးထိန်းမသွားမီ ဦးအုန်းအိမ်သို့ရောက်လာကြပြီး အခြေအနေကိုလာရောက်တိုင်ပင်နေခြင်းဖြစ်လေသည်။ဦးအုန်းသည် အိမ်အောက်တန်းလျားတွင်ထိုင်၍ အမြဲလိုလိုသောက်ဖြစ်နေသည့်ဆေးတံကိုခဲကာ လေးလေး နက်နက်တွေးတောလို့နေသည်။မျက်နှာချင်းဆိုင် တန်းလျားတွင်တော့ ဘိုးထင်၊သာအေးနှင့် ပေတူးတို့ထိုင် နေကြပြီး ဦးအုန်းစကားဆိုလာမည့်အချိန်အား စိတ်ဝင်တစားဖြင့်နားထောင်နေကြသည်။ဆိုခဲ့သလို ဦးအုန်းမှမသိဘူးဆိုလာသည့်အခါ ဘိုးထင်တယောက် မကျေမနပ်ဖြင့် ခွန့်တုံ့ပြန်စကားဆိုလိုက်မိသည်။ထိုအခါ ဦးအုန်းသည် သူစဥ်းစားနေသည့်အကြောင်းအားရှင်းပြလာပြီး နောက် ယခုကဲ့သို့ထပ်မံစဥ်းစားနေပြန်လေရာ မည်သည့်စကားသံမှထပ်မပေါ်ပဲ တိတ်ဆိတ်လို့နေတော့သည်။ အတန်ကြာသည့်အခါမှ ဦးအုန်းသည် ဦးခေါင်းအား ဖြည်းညင်းစွာဖြင့်ညိတ်လိုက်ပြီး။
"အင်း ငါထင်တာကတော့ ကလေးထိန်းခိုင်းတယ်ဆိုတာအကြောင်းတခုတော့ရှိလောက်တယ်ကွ"
"ကျုပ်လည်းအဲ့လိုပဲထင်တယ် အဘ အသားလွတ်ကြီးတော့ ကလေးလာထိန်းခိုင်းမှာမဟုတ်ဘူး"
"အေး အဲ့တာဘာဖြစ်နိုင်မလဲ ဘိုးထင်"
ဦးအုန်းထိုသို့မေးခွန်းမေးလာသဖြင့် ဘိုးထင်ပါမကသာအေးနှင့် ပေတူးတို့သည် ဦးခေါင်းများကိုကုတ်လိုက်ကြပြီး မကျေမနပ်ဖြင့်တီးတိုးရေရွတ်ကြလေသည်။
"သူ့များအားကိုးရမလားလို့လာမေးပါတယ် သူ့ကချည်းပြန်မေးနေတယ် ဟုတ်တော့မဟုတ်တော့ဘူး"
"အေးကွာ စဉ်းစားနေတာပဲ ဘာလိုမှကိုဆက်စပ် တွေးတောလို့မရတော့လို့"
"ဘာတွေတွေးတာဖြစ်နိုင်မလဲ ဆေးတံထဲကဆေးကိုဘယ်လိုကောင်းအောင်စပ်ရမလဲတွေးနေတာပဲနေမှာ"
ပေတူးနှင့် သာအေးတို့၏စကားအား ကြားသွားဟန်ရှိသည့်ဦးအုန်းသည် ချောင်းတချက်ဟန့်လိုက်ပြီး
"ဟေ့ကောင်တွေ မင်းတို့ကောင်တွေဘာပြောနေတယ်ဆိုတာကို ငါသေချာကြားလိုက်တယ်နော်"
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
