The First Jasmine ( နန်းဦးထိုက်သည့် ပန်းစံပယ် )
👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇 https://t.me/tgchannelbuysellgp Admin - @UrMine2025 ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။
إظهار المزيد📈 نظرة تحليلية على قناة تيليجرام The First Jasmine ( နန်းဦးထိုက်သည့် ပန်းစံပယ် )
تُعد قناة The First Jasmine ( နန်းဦးထိုက်သည့် ပန်းစံပယ် ) (@chineseseries_ongoing) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 21 685 مشتركاً، محتلاً المرتبة 13 814 في فئة أفلام والمرتبة 6 421 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 21 685 مشتركاً.
بحسب آخر البيانات بتاريخ 22 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -288، وفي آخر 24 ساعة بمقدار -14، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 8.84%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 7.95% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 1 918 مشاهدة. وخلال اليوم الأول يجمع عادةً 1 725 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 2.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇
https://t.me/tgchannelbuysellgp
Admin - @UrMine2025
ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 23 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.
အားလုံးစောင့်မျှော်နေကြတဲ့ Seo Kang Junရဲ့ dramaအသစ်လေး ထွက်ရှိလို့လာပါပြီ။ ဒီကားလေးမှာတော့ Seo Kang Jun, Jin Ki Joo, Kim Shin-rokနဲ့ IZ*ONE မှ အလှလေး Kim min Juတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- Jung Hae Seong ( Seo Kang Jun) ကတော့ အမျိူးသားထောက်လှမ်းရေးဌာနမှ အေးဂျင့်တစ်ဦးဖြစ်ပြီး အမှုတစ်ခုကို စုံစမ်းရင်း ပြဿနာဖြစ်ခဲ့တဲ့အတွက်ကြောင့် ရာထူး အချခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Go Jong ဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေချောင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းဖို့အတွက် ဗြောင်းမွန်းအထက်တန်းကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ Su A ( Jin Ki Joon) ကတော့ ကိုရီးယားသမိုင်းဘာသာရပ်ကိုသင်ကြားနေတဲ့ စာချုပ်ဆရာမတစ်ဦးဖြစ်ပြီး ဖြောင့်မတ်တည်ကြည်ကာ ကျောင်းသားတွေအပေါ်မှာ စေတနာထားတတတ်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗြောင်းမွန်းအထက်တန်းကျောင်းကို ပြောင်းဖို့ဖြစ်လာခဲ့ပြီး Jung Hae Seong ရဲ့ အတန်းပိုင်ဆရာမဖြစ်လာခဲ့ပါတယ်။ သူ့ ငယ်ဘဝရဲ့ အချစ်ဦးနဲ့ တူနေတဲ့ Jung Hae Seong ကို တွေ့လိုက်တဲ့ အခါမှာတော့... သူတို့နှစ်ဦးဘယ်လိုဆက်ဖြစ်ကြမှာလဲ.. Jung Hae Seongကရော သရုပ်မှန်ကိုဖုံးကွယ်ပြီး အဆုံးထိစုံစမ်းသွားနိုင်မှာလား Crd to CM#UndercoverHighSchool #ongoing2025 #koreaseries
ဒီဇာတ်လမ်းကတော့ အာလူးသုတေသနအဖွဲအစည်းမှာ ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ Kim Mi Gyeong ဟာ အာလူးသုတေသနအဖွဲအစည်းမှာ ၁၂နှစ်ကြာအတွေ့အကြုံရှိတဲ့ အာလူးသုတေသနပညာရှင်တစ်ယောက်ပါ။ သူက အာလူးနဲ့ပတ်သတ်ရင် ရူးသွပ်ပြီး အာလူးသုတေသနအဖွဲအစည်းမှာ Mi Gyeong လိုခေါ်တဲ့ အာလူးကို လျှိဝှက်ဖန်းတီးမယ့် စီမံကိန်းမှာလည်း ပါဝင်လုပ်ကိုင်နေတဲ့သူပါ။ So Baek Ho ကတော့ နူးညံ့တဲ့အသံပိုင်ရှင်၊ သေစေနိုင်လောက်တဲ့ အပြုံး၊ ချောမောလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ တစ်ရက်မှာ So Baek Ho က အာလူးသုတေသနအဖွဲအစည်းရဲ့ ဒါရိုက်တာအဖြစ်ရောက်လာတဲ့အခါ Kim Mi Gyeong နဲ့တွေ့ပြီး တယူသန်အကျင့်စရိုက်နဲ့ အယူအဆမတူတဲ့ လူနှစ်ယောက် ပြဿနာလေးတွေဖြစ်ကြတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်းချင်း ပိုပိုနားလည်လာပြီး အချစ်စိတ်လေးတွေပေါက်ဖွားလာတော့ မတည့်အတူနေ သူတို ၂ယောက်ရဲ့ရုံးတွင်းအချစ်ဇာတ်လမ်းလေးက တည်ငြိမ်နိုင်ပါ့မလားဆိုတာ ကြည့်လိုက်ရအောင်နော်#ThePotatoLab #ongoing2025 #koreaseries
အများနည်းတူ သာယာပျော်ရွှင်ဖွယ်ဘဝမှာ သုခခံစားရင်း ဘဝကို ဖြတ်သန်းချင်ပေမဲ... ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးနေရတဲ့ ဂျီဆောင်းအီဇာတ်ကြောင်း...ဆောင်းအီဟာ ဘဝကို... တစ်ကနေ ပြန်စမယ်လို့ စိတ်ကူးပြီး ပျော်ရွှင်ချင်လို့ အိမ်ထောင်ပြုဖို့ စီစဉ်ကာမှ ပွဲပျက်ကာ... အသစ်ငှားရမ်းထားတဲ့ မင်္ဂလာဦးအိမ်ရဲ့အကြွေးတွေကို ဆပ်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး... ငွေကြေးကိစ္စတွေကို ရုန်းကန်ဖြေရှင်းရပါတော့တယ်။ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့လာတဲ့ သူမဟာ... ၏ လူအများအမြင်မှာ တင့်တယ်အောင် ပျော်ရွှင်နေတဲ့ အိမ်ထောင်ရှင်ကလေးအမေအဖြစ်လည်း... မျက်နှာဖုံးတပ်ရင်း ဘဝကို သူ့စိတ်ကူးအိပ်မက်ရဲ့ဆန့်ကျင်ဘက်အဖြစ်နဲ့ ရှင်သန်နေရသူပါ။ ဆောင်းအီတစ်ယောက်... ပြောင်းရွေ့လာတဲ့နေရာအသစ်မှာ ဒုက္ခပင်လယ်ဝယ်နေရတယ်ဆိုသော်ငြားလည်း အမျိုးသမီးတွေနဲ့ ပတ်သက်လာရင်... ဒေါသကြီး အမျက်ထွက်တတ်တဲ့ ကျောင်းဆရာ ချာယန်းဝူနဲ့ တွေ့ဆုံခဲ့ရတဲ့အပြင် ဆောင်းအီရဲ့ဗြောင်းဆန်နေတဲ့ ဘဝကို... နားလည်ခံစားပေးတဲ့ ကော်ဖီဆိုင်ပိုင်ရှင်လူငယ်လေး ဂင်ဂျီယွန်းနဲ့ တွေ့ဆုံခဲ့ခဲ့ရပါတယ်။ မုန်တိုင်းထန်နေတဲ့ ဆောင်းအီဘဝထဲကို... လေပြင်းနဲ့ လေပြေညှင်းသဖွယ် ဝင်ရောက်လာတဲ့ အမျိုးသားနှစ်ယောက်နဲ့ ဆောင်းအီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ... မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားအတိုင်း မပြီးပြတ်နိုင်တဲ့ ဒုက္ခအခက်အခဲတွေကို ကြုံနေရတဲ့ ဆောင်းအီဘဝကရော... အဆုံးသတ်မှာ သူမျှော်လင့်တောင့်တနေတဲ့ ပျော်ရွှင်ဖွယ်ရာဘဝကို ပိုင်ဆိုင်သွားမလား Crd to CM#SorryNotSorry #blackhole
နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေတဲ့ ဇာတ်ကားလေးထွက်လို့လာပါပြီ။ ကိုယ်တွေရဲ့အချစ်တော် JI CHANG WOOK နဲ့ WI HA JOON တို့က အဓိကပါဝင်ထားပြီး ၁၉၉၀ ခုနှစ်များဆီက ဆိုးလ်မြို့တော်ရဲ့ ဘိန်းရာဇာတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းကြတဲ့ပုံစံကိုရိုက်ကူးထားတာပါ။ Crime Drama/Action/Thriller အမျိုးအစားဖြစ်လို့ အကြမ်းအရမ်းတွေနဲ့ အားလုံးအကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်း ဂန်းနမ်သလင်းကျောက်လို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးဟာ ဆိုးလ်မြို့ရဲ့ နိုက်ကလပ်တွေကနေ စတင်ပြီးတော့ ပြန့်နှံ့လာခဲ့တယ်။ ရဲတွေက ဒီဆေးအကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာတော့ ဒီဆေးကိုဖြန့်တဲ့လူဟာ တကယ်ကို ရက်စက်ဆိုးသွမ်းတဲ့ မူးယစ်ရာဇာတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပြီး ဒီလူဟာ ဖမ်းဆီးဖို့ခက်တဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက် အသွင်ယူပြီးဖမ်းဆီးဖို့ ကျေးလက်ဘက်မှာတာဝန်ကျနေတဲ့ ရဲအရာရှိတစ်ယောက်ကိုခေါ်လိုက်ပြီး မူးယစ်ဂိုဏ်းထဲကို အသွင်ယူစုံစမ်းမှုတွေပြုလုပ်စေခဲ့တယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ မစ်ရှင်ကို သူတို့တွေ အောင်မြင်နိုင်မလား...။ ဘာတွေပေးဆပ်လိုက်ရမလဲ ဘယ်လိုတွေအပြင်းအထန်ကြိုးစားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။#TheWorstofEvil #ongoing2023 #koreaseries
နာမည်ကြီးလူကြိုက်များတဲ့ Webtoon ကို အခြေခံပြီးရိုက်ထားတဲ့ ဒီဇာတ်ကားလေးကတော့ ကျောင်းသားအက်ရှင်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Hwang Min Hyun၊ Han Ji Eun၊ Cha Woo Min တို့နဲ့အတူ အခြား လူငယ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ယွန်းဂါမင်း (Hwan Min-Hyun) က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အသက်မွေးဝမ်းကျောင်းက ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အမြဲမျက်မှန်တပ်ထားလေ့ရှိတာမို့ စာတော်မယ့်သူလို့ထင်ရပေမဲ့ တကယ်တော့ သူ့အမှတ်တွေက အမြဲအောက်ဆုံးအဆင့်မှာပဲရှိနေတာပါ။ စာဘယ်လောက်ပဲကြိုးစားကြိုးစား အတတ်ပညာပိုင်းမှာ ချို့တဲ့နေတဲ့သူဖြစ်တာမို့ စာကလွဲပြီး ခွန်အားသုံးတိုက်ခိုက်ရတဲ့နေရာမှာတော့ သူမတူအောင်အရမ်းကျွမ်းပါတယ်။ တစ်နေ့မှာတော့ စာကြမ်းပိုးလေး ယွန်းဂါမင်းက သူ့အဆင့်တွေတက်လာဖို့အတွက် စာအတူတူလုပ်မယ့် စာကျက်အဖွဲ့ကိုဖွဲ့လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါတိုင်း ယွန်းဂါမင်းတစ်ယောက် ဘယ်လိုတိုက်ပွဲဝင်ပြီး စာကျက်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ရှုစားပေးပါဦးနော်။#StudyGroup #koreaseries
ဒီတစ်ခါတော့ တော်တော်များများ မျှော်နေကြတဲ့ .. 25 21, Twinkling Watermelon တို့က မင်းသား Choi Hyun Wook နဲ့ The Interest of Love, True Beauty တို့က အချောလေး Mun Ka Young တို့ အဓိက ပါဝင်ထားတဲ့ rom-com ဇာတ်လမ်းတွဲလေး ထွက်လာပါပြီ ။ အထက်တန်းကျောင်းသူ တစ်ယောက်ဖြစ်တဲ့ Su Jeong ( Mun Gayoung )ဟာ အွန်လိုင်းဂိမ်းတစ်ခု ကစားရင်းနဲ့ black dragon ( Choi Hyunwook )ဆိုတဲ့ playerနဲ့ ရင်းနှီးသွားခဲ့ပါတယ် ။ အချင်းချင်းလည်း ခံစားချက်တွေ ရှိကာစ ဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ အပြင်မှာတွေ့ဖို့ အများကြီး မျှော်လင့်ထားခဲ့ပေမဲ့ black dragon ဟာ တကယ်တော့ ဂိမ်းထဲမှာ ပြောသလို လူငယ်တစ်ယောက် မဟုတ်ခဲ့ဘဲ ရှက်တတ်တဲ့ အလယ်တန်းကျောင်းသားလေး တစ်ယောက်ဖြစ်နေတာပါပဲ ။ ဒီလိုမျိုး အစမကောင်းခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အလုပ်ခွင်ဖြစ်တဲ့ Yong Seong Department Store မှာ ဗျူဟာစီမံရေး ဌာနမှူးနဲ့ ဝန်ထမ်း အဖြစ် ပြန်တွေ့ရပါတော့တယ် ။ အထက်တန်းတုန်းက မကျေနပ်ချက်ကို အခုထိ အငြိုးထားနေသေးတဲ့ Su Jeong ( Mun Gayoung )တစ်ယောက် black dragon တဖြစ်လဲ ဌာနမှူး Ban Juyeon ( Choi Hyunwook ) နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ ။ ကြောင်နဲ့ကြွက်လို ဖြစ်နေမယ့် သူတို့နှစ်ယောက်ကြားမှာ romance လေးတွေ ပေါ်လာနိုင်ပါ့မလား။ Crd to CM#MyDearestNemesis #ongoing2025 #koreaseries
ဒီတစ်ခေါက်မှာတော့ GOT7 အဖွဲ့ဝင် Jinyoung နဲ့အတူ Hiarchery, 18 again ထဲက မင်းသမီးလေး Roh Jeong-Eui တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Mystery Romance ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် .. Moving , Light Shop အစရှိတဲ့ ဒရမ်မာတွေရဲ့ ပဲ့ကိုင်ရှင် ဆရာKang Pool ရဲ့ webtoon < The Witch > ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ လက်လွတ်မခံသင့်တဲ့ စီးရီးလေးဆိုတာတော့ အမှန်ပဲနော် .. - ဇာတ်လမ်းအကျဉ်း - မီဂျောင် (Roh Jeong-Eui) ဆိုတဲ့ မိန်းကလေးဟာ တိတ်တိတ်လေးနေရင်တောင် ထင်ပေါ်နေတဲ့သူမို့ သူ့အနားကို ကပ်လာကြတဲ့ ကောင်လေးတွေ တစ်ပုံကြီးဆိုပေမဲ့ မီဂျောင်ကို သဘောကျမိတဲ့သူတိုင်းဟာ သေဆုံးတာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတာ နှစ်ခုထဲက တစ်ခုကိုတော့ ကြုံရစမြဲပါပဲ .. ဒါကြောင့်လည်း မီဂျောင်ကို အများခေါ်ဝေါ်ကြတဲ့ နာမည်ကတော့ “စုန်းမ”ပါတဲ့ .. ။ အဲဒီလို မီဂျောင့်အပေါ် စာနာသနားနေမိတဲ့သူကတော့ မီဂျောင်နဲ့အတူ တစ်ကျောင်းတည်းမှာ တက်နေတဲ့ ဒုံဂျင်း (Jinyoung) ဆိုတဲ့ ကျောင်းသားလေးပါ .. ဒုံဂျင်းက မီဂျောင်ဟာ စုန်းမ မဟုတ်ကြောင်းကို သက်သေပေးချင်ပေမဲ့လည်း နည်းလမ်းကို ရှာမတွေ့တဲ့အတွက် သောကရောက်နေခဲ့ပါတယ် .. အဲဒီလိုနဲ့ ၁၀ နှစ်ကြာသွားပြီးနောက် ဒုံဂျင်းနဲ့ မီဂျောင်ဟာ ကံကြမ္မာအလား ပြန်ဆုံတွေ့ခဲ့ပါတယ် .. တစ်ဖက်မှာလည်း မီဂျောင်က သူ့နောက်ကနေ အရိပ်လိုလိုက်နေတဲ့ ကြမ္မာဆိုးကြီးကြောင့် လောကကြီးနဲ့ အဆက်ဖြတ်နေချင်တဲ့စိတ်မျိုး ဖြစ်မိလောက်တဲ့အထိကို ပင်ပန်းနေချိန်မျိုးပါ .. ဒါကြောင့် ဒုံဂျင်းလည်း အရဲစွန့်ပြီး မီဂျောင့်ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... မီဂျောင့်နားကို ကပ်လာတဲ့သူတွေတိုင်း ဒီလိုဖြစ်ရပ်ဆိုးမျိုးကို ကြုံနေရတာက ဘာကြောင့်ဖြစ်မလဲ .. ဒုံဂျင်းကရော မီဂျောင်က စုန်းမ မဟုတ်ကြောင်းကို အောင်အောင်မြင်မြင် သက်သေပြနိုင်မှာလား .. တစ်ဦးအပေါ်တစ်ဦး ဖေးမကူညီရင်း ဒုံဂျင်းနဲ့ မီဂျောင်တို့ကြားမှာ အချစ်ပန်းလေးတွေ ဘယ်လိုပွင့်လန်းလာဦးမလဲ။#TheWitch #ongoing2025 #koreaseries
ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်နက်နဲတဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေကို ခန့်မှန်းကြည့်ရှုရတာမှ ကြိုက်နှစ်သက်သူတို့အတွက် Thriller, Mystery, Crime, Political ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်... မင်းသားချော Park Hyung Sik နဲ့ ဝါရင့်မင်းသားကြီး Huh Joon Ho တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်း Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ... Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်း တစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကို ဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်...Yeom Jang Seon (Huh Joon Ho) ကတော့ ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်... တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိ ငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး...တစ်ရက်မှာတော့ လူတစ်ယောက်ကို သတ်လိုက်ရာက ဘာမှန်းမသိလိုက်ဘဲ နိုင်ငံရေးရန်ပုံငွေထဲကနေ ဝမ် ၂ ထရီလီယံကို hack ခံရပြီး ဆုံးရှုံလိုက်ရတဲ့အခါ... အသတ်ခံရတဲ့သူနဲ့ ဒီကိစ္စတွေဟာ ဘယ်လိုပတ်သက်နေမလဲ... ငွေတွေကို Hack သွားတဲ့လူကရော ဘယ်သူဖြစ်မလဲ... Seo Dong Ju ကရော ဘယ်လိုအကြောင်းကြောင့် လက်စားချေဖို့ ကြိုးစားနေတာလဲ... အင်အားကြီးမားတဲ့လူနဲ့ ရည်မှန်းချက်ပြင်းထန်သူတို့ကြား နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေ လက်စားချေမှုတွေ အကွက်ချစီစဉ်မှုတွေ စသဖြင့် လျှို့ဝှက်နက်နဲမှုတွေနဲ့ ဦးနှောက်ကို အလုပ်ပေးရင်း အတူနစ်မြောကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်... Crd to CM#BuriedHearts #ongoing2025 #koreaseries
ဒီနေ့မှာတော့ Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလို့လာပါပြီ။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသမီးနဲ့ မင်းသားဖြစ်ကြတဲ့ Park Bo-Young နဲ့ Choi Woo-Sik တို့အပြင် Lee Jun- Young ၊ Jeon So-Nee, Kim Jae Wook၊ Cha Woo-Min စတဲ့ သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ လက်ရှိမှာ လက်ထောက်ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတဲ့ Kim Mu Bi (Park Bo-Young) ဟာ ရုပ်ရှင်တွေကို သမီးဖြစ်တဲ့သူထက် ပိုချစ်မြတ်နိုးတဲ့ အဖေ့ကိုမုန်းတီးစိတ်ကြောင့်ပဲ ရုပ်ရှင်ဆိုတဲ့အရာကို သိရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာချင်သူပါ။ ဖျော်ဖြေရေးလောကထဲကို ဝင်လာပြီးနောက်ပိုင်းမှာတော့ သူ့အရည်အချင်းတွေကို ထုတ်မပြဘဲ အေးဆေးနေချင်တဲ့သူဖြစ်ပေမဲ့ သူမဘဝထဲကို Go Gyeom ဆိုသူ ဝင်ရောက်လာပြီးနောက် ပြောင်းလဲမှုတွေ စတင်လာပါတော့တယ်။ Go Gyeom (Choi Woo-Sik) ကတော့ ရုပ်ရှင်တွေထဲမှာ ဖြတ်လျှောက်အဖြစ် အလုပ်လုပ်ပြီးနောက် ရုပ်ရှင်ဝေဖန်ရေးသမား တစ်ယောက်ဖြစ်လာသူပါ။ ရုပ်ရှင်တွေကို သဘောကျလွန်းလှတဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ရုပ်ရှင်မှန်သမျှကို ကြည့်ရဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ရုပ်ရှင်ကိုချစ်မြတ်နိုးသူနဲ့ ရုပ်ရှင်ဆိုတဲ့အရာကို သိချင်နေတဲ့လူနှစ်ယောက် ဘယ်လိုတွေ့ဆုံကြမလဲ ... တစ်ဖက်မှာတော့ Hong Shi-Joon (Lee Jun-Young) ဆိုသူဟာ နာမည်မရှိသေးတဲ့ တေးရေးဆရာတစ်ယောက် ဖြစ်ပေမဲ့ သူ့ကိုယ်သူလူတော်လို့သတ်မှတ်ထားသူဖြစ်ပြီး သူ့ရည်းစားဟောင်းဖြစ်တဲ့ Son Joo-A (Jeon So-Nee) ကတော့ ဇာတ်ညွှန်းစာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ကရော ဘယ်လိုတွေပြန်လည်တွေ့ဆုံကြမလဲ ... ဒီလိုနဲ့ပဲ ချစ်လည်းချစ်ဖူးချင်ကြ အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ချင်ကြပေမဲ့ လမ်းပျောက်နေကြတဲ့ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားသွားကြမလဲ.. ဒဏ်ရာကိုယ်စီရှိကြတဲ့ လူငယ်တွေရဲ့ အိပ်မက်နဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Valentine's Day မှာ Channel Myanmar နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။#MeloMovie #ongoing2025 #koreaseries
ဒီတစ်ခါတော့ တော်တော်များများ မျှော်နေကြတဲ့ .. 25 21, Twinkling Watermelon တို့က မင်းသား Choi Hyun Wook နဲ့ The Interest of Love, True Beauty တို့က အချောလေး Mun Ka Young တို့ အဓိက ပါဝင်ထားတဲ့ rom-com ဇာတ်လမ်းတွဲလေး ထွက်လာပါပြီ ။ အထက်တန်းကျောင်းသူ တစ်ယောက်ဖြစ်တဲ့ Su Jeong ( Mun Gayoung )ဟာ အွန်လိုင်းဂိမ်းတစ်ခု ကစားရင်းနဲ့ black dragon ( Choi Hyunwook )ဆိုတဲ့ playerနဲ့ ရင်းနှီးသွားခဲ့ပါတယ် ။ အချင်းချင်းလည်း ခံစားချက်တွေ ရှိကာစ ဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ အပြင်မှာတွေ့ဖို့ အများကြီး မျှော်လင့်ထားခဲ့ပေမဲ့ black dragon ဟာ တကယ်တော့ ဂိမ်းထဲမှာ ပြောသလို လူငယ်တစ်ယောက် မဟုတ်ခဲ့ဘဲ ရှက်တတ်တဲ့ အလယ်တန်းကျောင်းသားလေး တစ်ယောက်ဖြစ်နေတာပါပဲ ။ ဒီလိုမျိုး အစမကောင်းခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အလုပ်ခွင်ဖြစ်တဲ့ Yong Seong Department Store မှာ ဗျူဟာစီမံရေး ဌာနမှူးနဲ့ ဝန်ထမ်း အဖြစ် ပြန်တွေ့ရပါတော့တယ် ။ အထက်တန်းတုန်းက မကျေနပ်ချက်ကို အခုထိ အငြိုးထားနေသေးတဲ့ Su Jeong ( Mun Gayoung )တစ်ယောက် black dragon တဖြစ်လဲ ဌာနမှူး Ban Juyeon ( Choi Hyunwook ) နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ ။ ကြောင်နဲ့ကြွက်လို ဖြစ်နေမယ့် သူတို့နှစ်ယောက်ကြားမှာ romance လေးတွေ ပေါ်လာနိုင်ပါ့မလား။ Crd to CM#MyDearestNemesis #ongoing2025 #koreaseries
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
