ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

မြန်မာစာတန်းထိုးကာတွန်းကားများ ကာတွန်းကားများစုစည်းရာ ကာတွန်းကားစဆုံး ကာတွန်းမြန်မာစာတန်းထိုး

မြန်မာစာတန်းထိုးကာတွန်းကားများ ကာတွန်းကားများစုစည်းရာ ကာတွန်းကားစဆုံး ကာတွန်းမြန်မာစာတန်းထိုး

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام မြန်မာစာတန်းထိုးကာတွန်းကားများ ကာတွန်းကားများစုစည်းရာ ကာတွန်းကားစဆုံး ကာတွန်းမြန်မာစာတန်းထိုး

تُعد قناة မြန်မာစာတန်းထိုးကာတွန်းကားများ ကာတွန်းကားများစုစည်းရာ ကာတွန်းကားစဆုံး ကာတွန်းမြန်မာစာတန်းထိုး (@gfprve) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 90 205 مشتركاً، محتلاً المرتبة 2 384 في فئة أفلام والمرتبة 1 344 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 90 205 مشتركاً.

بحسب آخر البيانات بتاريخ 16 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -2 958، وفي آخر 24 ساعة بمقدار -87، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 0.09‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 0.03‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 85 مشاهدة. وخلال اليوم الأول يجمع عادةً 24 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 17 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.

90 205
المشتركون
-8724 ساعات
-6207 أيام
-2 95830 أيام
أرشيف المشاركات
Repost from Pp Movie Uploader
ဝက်နှာခေါင်းနဲ့ကောင်မလေး 🎥 အညွှန်းဖတ်ရန်🔽🔽 မွေးရာပါ ဝက်နှာခေါင်းနဲ့ ထူးထူးဆန်းဆန်းမွေးဖွားလာတဲ့ Penelope ဆိုတဲ့ ကောင်မလေးတ
ဝက်နှာခေါင်းနဲ့ကောင်မလေး 🎥 အညွှန်းဖတ်ရန်🔽🔽
မွေးရာပါ ဝက်နှာခေါင်းနဲ့ ထူးထူးဆန်းဆန်းမွေးဖွားလာတဲ့ Penelope ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ။ သူမရဲ့ထူးဆန်းတဲ့ နှာခေါင်းပုံစံကြောင့်ပဲ အိမ်ထဲကနေအိမ်အပြင်မထွက်ရဲပဲ ပုန်းကွယ်ပြီးနေခဲ့ပြီး ထွက်ရင်တောင် အမြဲဖုံးကွယ်ထားရတယ် ဒီလိုနဲ့အရွယ်ရောက်လာခဲ့တဲ့ Penelope လည်း ဆယ်ကျော်သက်ပီပီ အခြားလူတွေလိုပဲ ပျော်ချင်ပါးချင်လာခဲ့တယ် ဒါပေမဲ့ သူမဟာ အခြားဆယ်ကျော်သက်တွေလိုပုံစံမဟုတ်နေတာကြောင့် မျက်နှာဖုံးတပ်ကာ ပါတီတစ်ခုကိုသွားရောက်ခဲ့တယ် အဲ့ဒီမှာပဲ ကောင်လေးတစ်ယောက်နဲ့ဆုံကာ မျက်နှာဖုံးအောက်က Penelope နဲ့ ချစ်ကြိုက်မိသွားပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာ
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6638 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
နေဝင်ချိန်မှာဆရာမကိုကျိန်ဆဲမိရာကနေတကယ်လူစားလဲခံရသောအခါ🎥 အညွှန်းဖတ်ရန်🔽🔽 ဂျာဗားကျွန်းအလယ်ပိုင်းရှိ Jatijajar ဆိုသည့် ဝေးလံခ
နေဝင်ချိန်မှာဆရာမကိုကျိန်ဆဲမိရာကနေတကယ်လူစားလဲခံရသောအခါ🎥 အညွှန်းဖတ်ရန်🔽🔽
ဂျာဗားကျွန်းအလယ်ပိုင်းရှိ Jatijajar ဆိုသည့် ဝေးလံခေါင်သီသော ရွာလေးတစ်ရွာတွင် အာဒီ (Adi)၊ ဆာမန် (Saman) နှင့် အာယု (Ayu) ဆိုသည့် ကလေးသုံးဦး နေထိုင်ကြပါသည်။ အာဒီနှင့် ဆာမန်တို့သည် မိသားစု၏ လယ်ယာလုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးရလေ့ရှိသဖြင့် ကျောင်းသို့ မကြာခဏ နောက်ကျတတ်ကြသည်။ ထို့ကြောင့် စည်းကမ်းကြီးပြီး ဒေါသကြီးသည့် ဆရာမဖြစ်သူ ဝိုရို (Bu Woro) ၏ ပြင်းထန်စွာ အပြစ်ပေးအရိုက်ခံရမှုကို အမြဲလိုလို ကြုံတွေ့ရလေ့ရှိသည်။ တစ်နေ့တွင် ဆရာမအပေါ် အာဒီနှင့် ဆာမန်တို့၏ နာကြည်းဒေါသထွက်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ညနေစောင်း Maghrib ဝတ်ပြုသံ (Adzan) စတင်ထွက်ပေါ်လာသည့် အချိန်အတိအကျတွင် ဆရာမ ဝိုရို သေဆုံးသွားပါစေဟု ဒေါသတကြီး ကျိန်ဆဲမိကြသည်။ ထိုသို့ကျိန်ဆဲပြီး မကြာမီမှာပင် ဆရာမ ဝိုရိုမှာ မတော်တဆမှုတစ်ခုဖြင့် အလွန်ထိတ်လန့်ဖွယ်ကောင်းစွာ သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ အာဒီနှင့် ဆာမန်တို့နှစ်ဦးသည် သေဆုံးသွားသည့် ဆရာမဝတ်ဆင်ခဲ့သော ယူနီဖောင်းအတိုင်း ဝတ်ဆင်ထားသည့် ကြောက်မက်ဖွယ် မကောင်းဆိုးဝါး၏ ခြောက်လှန့်မှုကို စတင်ကြုံတွေ့လာရသည်။ အမှန်တကယ်တွင် နေဝင်ရီတရောအချိန်၌ ၎င်းတို့ရွတ်ဆိုလိုက်သည့် ကျိန်စာကြောင့် ဆရာမ၏အသွင်ယူထားသော ကြောက်မက်ဖွယ်မိစ္ဆာ (Jin Ummu) နိုးထလာခြင်းဖြစ်ပြီး၊ ဆာမန်ကို ပူးကပ်ကာ ရွာထဲ၌ သွေးထွက်သံယို ဖြစ်ရပ်ဆိုးများ ကျူးလွန်စေခဲ့သည်။ ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ အာယု (Ayu) က ဤဖြစ်ရပ်ဆိုးများ၏ နောက်ကွယ်တွင် ရွာ၏ လွန်ခဲ့သော နှစ် ၃၀ က အတိတ်ဆိုးတစ်ခုနှင့် ဆက်စပ်နေသည့် အလွန်အန္တရာယ်ကြီးသော မိစ္ဆာစွမ်းအားတစ်ခု ရှိနေကြောင်း ရိပ်မိသွားသောအခါ အာဒီ၏အသက်ကို ကယ်တင်ရန် အချိန်လုကြိုးပမ်းရပုံကို ရင်တမမဖြင့် ကြည့်ရှုရမည်ဖြစ်သည်။
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6631 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
ငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ပါးစပ်ထဲက ဆန်စေ့ကိုမှ လုယူချင်တဲ့ အင်ပါယာကြီးကို... သွေးနဲ့ပြန်ဆေးမယ့် တောရိုင်းမြေက သူပုန်📺 အညွှန
ငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ပါးစပ်ထဲက ဆန်စေ့ကိုမှ လုယူချင်တဲ့ အင်ပါယာကြီးကို... သွေးနဲ့ပြန်ဆေးမယ့် တောရိုင်းမြေက သူပုန်📺 အညွှန်းဖတ်ရန်⬇️🔽
၁၉ ရာစုနှောင်းပိုင်း (၁၈၇၆-၁၈၇၈ ခုနှစ်) ဗြိတိသျှကိုလိုနီခေတ်၊ အိန္ဒိယနိုင်ငံတောင်ပိုင်း မဒရပ်စ်နယ်မြေ (ရိုင်ယာလာစီးမားဒေသ) မှာ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ မဟာအငတ်ဘေးကြီး (Great Madras Famine) ဆိုက်ရောက်နေချိန်ဖြစ်ပါတယ်။ ပြည်သူတွေ အစာရေစာပြတ်လပ်ပြီး သေဆုံးနေပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဗြိတိသျှအရာရှိ ဆာသီအိုဒို ဟက်တာ (Arnold Vosloo) ကတော့ အခွန်တွေ အဆမတန်တိုးကောက်ပြီး ကျန်ရှိနေတဲ့ ဆန်ရိက္ခာတွေကိုပါ ဗြိတိန်ဘုရင်မကြီးဆီ ပို့ဖို့ အဓမ္မသိမ်းယူခဲ့ပါတယ်။ ဒီလို ဖိနှိပ်မှုတွေကြားမှာ မွေးဖွားလာကတည်းက သေမင်းကိုအန်တုခဲ့ပြီး ဒေသခံနတ်ဘုရားရဲ့ ဗျာဒိတ်တော်နဲ့အတူ ကြီးပြင်းလာတဲ့ ရဏဘာလီ (Vijay Deverakonda) တစ်ယောက် မတ်တပ်ရပ်လာတဲ့အခါ...
ကြည့်ရန်🔽⬇️ https://t.me/hdoeohjf/5498 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
အကြမ်းစားအက်ရှင်ခန်းတွေနဲ့လူမိုက်ဂိုဏ်းတွေကြားကသွေးစွန်းတဲ့ဆိတ်တိုက်ပွဲ📺 အညွှန်းဖတ်ရန်⬇️🔽 ဒီတစ်ခါတော့ အရင်ကရုပ်ရှင်တွေမှာ သ
အကြမ်းစားအက်ရှင်ခန်းတွေနဲ့လူမိုက်ဂိုဏ်းတွေကြားကသွေးစွန်းတဲ့ဆိတ်တိုက်ပွဲ📺 အညွှန်းဖတ်ရန်⬇️🔽
ဒီတစ်ခါတော့ အရင်ကရုပ်ရှင်တွေမှာ သိပ်မတွေ့ရဖူးတဲ့ ထူးထူးခြားခြား ဇာတ်လမ်းအမျိုးအစားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ မာဒူရိုင်းမြို့က နာမည်ကြီး ရိုးရာဆိတ်တိုက်ပွဲ လောကထဲကို ခေါ်ဆောင်သွားမှာပါ။ ဒီလောကမှာ ဆိတ်ပိုင်ရှင်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အသက်ကိုရင်းပြီး ဆိတ်တွေကို ပြိုင်ပွဲဝင်ခိုင်းကြပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ ရာမားကလည်း သူအရမ်းချစ်တဲ့ 'ကာလီ'လို့အမည်ရတဲ့ အနက်ရောင်ဆိတ်ကြီးနဲ့အတူ ပြိုင်ပွဲဝင်ဖို့ ရောက်လာပါတယ်။ တစ်ဖက်မှာတော့ မာနကြီးပြီး အနိုင်ယူချင်စိတ်ပြင်းပြတဲ့ ကာသီနဲ့ သူ့ရဲ့ ချန်ပီယံဆိတ်ကြီး အာနူဂွန်ဒူတို့ ရှိနေပါတယ်။ သူတို့နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပြီးတဲ့နောက်မှာတော့ မထင်မှတ်ဘဲ ကာသီရဲ့ ချန်ပီယံဆိတ်ကြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ရိုးရာဆိတ်တိုက်ပွဲကနေ လူမိုက်ဂိုဏ်းတွေကြားက သွေးထွက်သံယို အာဃာတတရားတွေဆီကို ကူးပြောင်းသွားပါတော့တယ်။ ရာမားတစ်ယောက် ဒီပြဿနာတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ၊ လူတွေရဲ့ အမုန်းတရားတွေကြားမှာ အပြစ်ကင်းတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လိုမြေစာပင် ဖြစ်သွားမလဲဆိုတာ...
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6619 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
ကန်တော့ပွဲပေးပြီး သရဲကို နှင်ထုတ်ကြသောအခါ 😳😳 ဇာတ်လမ်းအကျဉ်းဖတ်ရန်🔽⬇️ မာစတာဘိုးဟာ လူတွေကို သရဲတွေနဲ့ စကားပြောနိုင်တယ်လို့ မ
ကန်တော့ပွဲပေးပြီး သရဲကို နှင်ထုတ်ကြသောအခါ 😳😳 ဇာတ်လမ်းအကျဉ်းဖတ်ရန်🔽⬇️
မာစတာဘိုးဟာ လူတွေကို သရဲတွေနဲ့ စကားပြောနိုင်တယ်လို့ မုသားပြောပြီး ထီထိုးချင်သူတွေအတွက် ဂဏန်းတွေကို ကြိုတင်ခန့်မှန်းပေးတယ်။ ဒါပေမယ့် သူ့ရဲ့လှည့်ကွက်ဟာ ဩဆိုတဲ့ အာဏာရှိလူကြီးတစ်ဦးရဲ့ ဒေါသကိုခံရပြီး အသက်အန္တရာယ်ထိခိုက်လာတယ်။ အဲဒီအချိန်မှာပဲ ဝမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ဩရဲ့လက်ချက်နဲ့ အသတ်ခံရပြီး လက်စားချေဖို့ သရဲဖြစ်ပြန်ပေါ်လာတယ်။ ဒါနဲ့ မာစတာဘိုးနဲ့ ဝမ်းသရဲတို့ဟာ ဘုံရန်သူဖြစ်တဲ့ ဩကို အတူတကွရင်ဆိုင်ကြတော့တယ်။
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6612 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
⚡️⚡️ မိုးကြိုးပစ်ခံရပြီးစူပါဟီးရိုးဖြစ်လာတဲ့ကြေကွဲလူငယ်ဂျက်ဆင်📺 ဇာတ်ညွှန်းဖတ်ရန်🔽⬇️ ဒီတစ်ခါမှာတော့ အသစ်ထွက်တဲ့ စူပါဟီးရိုးရ
⚡️⚡️ မိုးကြိုးပစ်ခံရပြီးစူပါဟီးရိုးဖြစ်လာတဲ့ကြေကွဲလူငယ်ဂျက်ဆင်📺 ဇာတ်ညွှန်းဖတ်ရန်🔽⬇️
ဒီတစ်ခါမှာတော့ အသစ်ထွက်တဲ့ စူပါဟီးရိုးရုပ်ရှင်ကောင်းတစ်ကားကို အရသာတစ်မျိုး အပြောင်းအလဲဖြစ်သွားအောင် တင်ဆက်ပေးလိုက်ပါတယ် ရွာငယ်လေးက ဂျက်ဆင်ဟာ မေရိကန်သွားပြီး ချမ်းသာအောင်လုပ်ဖို့ ကြိုးစားနေသူဖြစ်ပြီး ချစ်ရသူက ထားခဲ့ကာ နောက်တစ်ယောက်နှင့် စေ့စပ်သွားသူဖြစ်ပါတယ် ကံဆိုးသူ ဂျက်ဆင်တစ်ယောက် ညကြီး အသည်းကွဲနေတုန်း မိုးကြိုးပါ ထပ်အပစ်ခံရပါသေးတယ် ဒါပေမဲ့ သူ့ကို ထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်နေလို့ သာမန်လူတွေမှာ မရှိတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ် ဒါပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတင်မဟုတ်သေးဘဲ ထပ်ရှိနေသေးသလို အဲဒီလူက ရထားတဲ့အစွမ်းတွေကို မကောင်းတဲ့နေရာတွေမှာ သုံးလာတဲ့အခါမှာတော့...
ကြည့်ရန်🔽⬇️ https://t.me/ItsbetterToBe/6483 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
ဘဝက ဘယ်လောက်ပဲ ခါးသီးနေပါစေ... သားလေးအတွက်တော့ ကမ္ဘာကြီးက အမြဲလှပနေရမယ်📺 အညွှန်းဖတ်ရန်⬇️🔽 ရုပ်ရှင်ရဲ့ ပထမပိုင်းမှာတော့ ၁၉၃၀
ဘဝက ဘယ်လောက်ပဲ ခါးသီးနေပါစေ... သားလေးအတွက်တော့ ကမ္ဘာကြီးက အမြဲလှပနေရမယ်📺 အညွှန်းဖတ်ရန်⬇️🔽
ရုပ်ရှင်ရဲ့ ပထမပိုင်းမှာတော့ ၁၉၃၀ ပြည့်နှစ်တွေဆီက အီတလီနိုင်ငံ၊ တက်စကနီနယ်ကို နောက်ခံထားပါတယ်။ဂျူဒို (Guido Orefice) လို့ခေါ်တဲ့ ရယ်စရာမောစရာပြောရတာကို ဝါသနာပါပြီး စိတ်ဓာတ်တက်ကြွပျော်ရွှင်တတ်တဲ့ ဂျူးလူမျိုး လူငယ်လေးတစ်ယောက်ဟာ မြို့ငယ်လေးဆီကို အလုပ်လုပ်ဖို့ ရောက်လာပါတယ်။ အဲဒီမှာ မင်းသမီးဆန်ပြီး လှပတဲ့ ကျောင်းဆရာမလေး ဒိုရာ (Dora) နဲ့ ဆုံတွေ့ပြီး ချစ်ကြိုက်သွားကြပါတယ်။ အတားအဆီးအမျိုးမျိုးကို ကျော်ဖြတ်ပြီး သူတို့နှစ်ဦး လက်ထပ်ခဲ့ကြကာ မစ်ကို (Giosuè) လို့ခေါ်တဲ့ သားလေးတစ်ယောက် ထွန်းကားလာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာပြီး ဖက်ဆစ်နာဇီဝါဒတွေ အီတလီနိုင်ငံထဲကို ရောက်ရှိလာတဲ့အခါမှာတော့ သူတို့ရဲ့ သာယာပျော်ရွှင်စရာ ဘဝလေး ပြောင်းလဲသွားပါတော့တယ်။ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျူဒိုနဲ့ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ် သားလေးတို့ဟာ နာဇီတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဖက်ဆစ် concentração (Concentration Camp) အကျဉ်းစခန်း ကို ပို့ဆောင်ခံရပါတော့တယ်။ ဇနီးသည် ဒိုရာက ဂျူးလူမျိုး မဟုတ်ပေမဲ့လည်း မိသားစုနဲ့အတူ ခွဲမနေနိုင်တာကြောင့် အကျဉ်းစခန်းနောက်ကို လိုက်ပါလာခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်အတွက် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ အဲဒီစခန်းထဲမှာ... အပြစ်မဲ့တဲ့ သားငယ်လေး စိတ်ဓာတ်မကျသွားအောင်နဲ့ စစ်ရဲ့ ကြောက်မက်ဖွယ်အမည်းစက်တွေ သားငယ်ရဲ့ ရင်ထဲကို မရောက်သွားအောင်၊ ဖခင်ဖြစ်သူ ဂျူဒိုတစ်ယောက် အသက်နဲ့ရင်းပြီး ဘယ်လိုတွေ လိမ်ညာကာကွယ်ပေးသွားမလဲဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6598 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
တစ်မြို့လုံးကကြောက်ရတဲ့လူမိုက်ကြီးကိုနှိမ်နင်းဖို့ဆရာဝန်အဖြစ်မှရဲအဖြစ်သို့ပြောင်းလဲခဲ့သူ📺 အညွှန်းဖတ်ရန်🔽⬇️ ဒီတစ်ခေါက်မှာတော
တစ်မြို့လုံးကကြောက်ရတဲ့လူမိုက်ကြီးကိုနှိမ်နင်းဖို့ဆရာဝန်အဖြစ်မှရဲအဖြစ်သို့ပြောင်းလဲခဲ့သူ📺 အညွှန်းဖတ်ရန်🔽⬇️
ဒီတစ်ခေါက်မှာတော့ Modern Love Hyderabad ထဲက မင်းသား အက်ဒ်ဟီနဲ့ Uppenaမင်းသမီးချော ကာရီသီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် IMDB မှာ 5.4 ရထားတဲ့ Action, Crime, Thriller အမျိုးအစားမို့ အက်ရှင်ကြိုက်တဲ့သူတွေအကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဉ်း ရိုးရိုးသားသားနဲ့ကြိုးစားပြီးဖခင်ရဲ့ဆန္ဒပြည့်ဖို့ မိခင်ရဲ့လမ်းညွှန်မှုနဲ့ ဆေးပညာဘွဲ့ရအောင်ယူပြီး ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ ဟိုင်ဒရာဘတ်က ကူအာနိုးကို ပြောင်းလာတဲ့ ဆရာဝန်လေး FM တစ်ခုမှာအလုပ်လုပ်ပြီး မဟာလက်ရှ်မီးရဲ့ဝီစီသံလို့ အမည်တွင်အောင် သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ပြီးထုတ်လွှင့်နေတဲ့ မိတဆိုးသမီးလေးတစ်ယောက်တို့ တိုက်ခန်းတစ်ခုမှာ ဆုံကြတဲ့နောက်..... ဆရာဝန်ဟူသည် ရန်သူပင်ဖြစ်လင့်ကစားကုပေးရမယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကုသမှုပေးတဲ့ဆရာဝန်လေးနဲ့ ကူအာနိုးမြို့ရဲ့ အဓိကရ ဂုရုဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံကြတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေနဲ့ ဇာတ်လမ်းဆက်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ကြပါဦးဗျ....
ကြည့်ရန်🔽⬇️ https://t.me/Shikf07/6674 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
အသက်ငယ်ငယ်လေးနဲ့ မိဘတွေမသိဘဲ ကလေးရသွားသောအခါ 😳😳 အညွှန်းဖတ်ရန်🔽⬇️ ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနို
အသက်ငယ်ငယ်လေးနဲ့ မိဘတွေမသိဘဲ ကလေးရသွားသောအခါ 😳😳 အညွှန်းဖတ်ရန်🔽⬇️
ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနိုဆိုတဲ့ တော်လည်းတော် ချစ်ဖို့လည်းကောင်းတဲ့ ကောင်လေးဟာ ချစ်ကြိုးသွယ်မိရာက အဆင့်တက်ပြီး ချစ်ကြိုးတွေပါနွယ်မိကြတယ်။ သူတို့ထပ်ဆင့်နွယ်မိတဲ့ ချစ်ကြိုးလေးက ဂျယ်နီ့ဗိုက်ထဲက ကလေးလေးပေါ့။ ဒီကလေးလေးဖြစ်တည်စမှာ ဂျယ်နီကတော့ ဘာပဲဖြစ်ဖြစ် သူ့ကလေးကို သူမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဂျယ်နီကတော့ ကလေးကို မွေးချင်ပေမဲ့ ဂျူနိုကတော့ နည်းနည်းအင်တင်တင်ဖြစ်နေခဲ့တယ်။ သူတို့ကလည်း အထက်တန်းကျောင်းသားလေးတွေပဲရှိကြသေးသကိုး။ ဒါပေမဲ့လည်း ဂျူနိုဟာ ဂျယ်နီ့သူ့ကလေးကို ချစ်သလောက်ကို ချစ်ခဲ့ပါတယ် ဂျယ်နီ ချဉ်ခြင်းတပ်တဲ့ စားစရာတွေဝယ်ကျွေးနိုင်ဖို့ သတင်းစာပို့တဲ့အလုပ်ကိုပါ လုပ်ခဲ့တဲ့အထိ ဂျူနိုဟာ သူ့မိန်းမကိုရော သူ့ကလေးကိုပါချစ်ခဲ့တယ် သူတို့ဟာ ကလေးအတွက် သူတို့နှစ်ယောက်တတ်နိုင်သလောက် လုပ်နေရင်းမှာပဲ သူတို့မိသားစုတွေကို ကာလတစ်ခုအထိဖုံးထားဖို့ပါ ကြိုးစားခဲ့ကြတယ်
ကြည့်ရန်🔽⬇️ https://t.me/NaytoeCar/5926 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
ကြောက်ကြောက်နဲ့ရယ်ရမယ့် အင်ဒိုသရဲဟာသကားသစ်🙃🙃 ဇာတ်ညွှန်းဖတ်ရန်🔽⬇️ ဇာတ်လမ်းအကျဉ်း တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းတဲ့ "Harapan A
ကြောက်ကြောက်နဲ့ရယ်ရမယ့် အင်ဒိုသရဲဟာသကားသစ်🙃🙃 ဇာတ်ညွှန်းဖတ်ရန်🔽⬇️
ဇာတ်လမ်းအကျဉ်း တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းတဲ့ "Harapan Ayah" အမည်ရ ဆေးရုံကြီးတစ်ခုဆီသို့ ရာဇီအပါအဝင် ဆေးကျောင်းသား ၄ ယောက်ဟာ ဆေးရုံဆင်းအလုပ်သင်ဆင်းဖို့ ရောက်ရှိလာကြပါတယ်။ အစပိုင်းမှာတော့ ပုံမှန်ညဂျူတီတွေအတိုင်း အေးအေးဆေးဆေး ရှိနေခဲ့ပေမဲ့ တစ်ညမှာတော့ မည်သူမည်ဝါမှန်းမသိရတဲ့ လူနာတစ်ယောက် သူတို့လက်ထဲမှာတင် ကွယ်လွန်သွားခဲ့ပါတယ်။ ထိုအချိန်ကစပြီး ဆေးရုံထဲမှာ ထူးဆန်းတဲ့ အမှောင်ရိပ်တွေ၊ ခြောက်ခြားဖွယ် အသံတွေနဲ့ ကြောက်မက်ဖွယ် သရဲတစ္ဆေတစ်ကောင်ရဲ့ ခြောက်လှန့်မှုတွေကို သူတို့ စတင်ကြုံတွေ့ရပါတော့တယ်။ ပိုပြီးဆိုးသွားတာက သူတို့မျက်စိရှေ့တင် အလောင်းပြင်ခန်းထဲက အဲဒီလူနာရဲ့အလောင်းဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာပါပဲ။
ကြည့်ရန်🔽⬇️ https://t.me/Yyyyyy088/5197 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
ဂိုဏ်းခေါင်းဆောင်ဖြစ်ချင်တဲ့ညီအစ်ကို (၄)ယောက်ဟာသအက်ရှင်ကား📺 အညွှန်းဖတ်ရန်⬇️🔽 အင်ဒယ်ဆူရဲ့ နေရာကို ဆက်ခံဖို့အတွက် အလားအလာအရှိ
ဂိုဏ်းခေါင်းဆောင်ဖြစ်ချင်တဲ့ညီအစ်ကို (၄)ယောက်ဟာသအက်ရှင်ကား📺 အညွှန်းဖတ်ရန်⬇️🔽
အင်ဒယ်ဆူရဲ့ နေရာကို ဆက်ခံဖို့အတွက် အလားအလာအရှိဆုံးသူ သုံးဦးကတော့...ကိုယ်ပိုင် တရုတ်စားသောက်ဆိုင်လေးဖြစ်တဲ့ "မီမီရူ" ကို တစ်နိုင်ငံလုံးအနှံ့မှာ ဆိုင်ခွဲများစွာ ချဲ့ထွင်ဖွင့်လှစ်နိုင်ဖို့ကိုပဲ စိတ်ဝင်စားနေတဲ့ နာဆွန်းထယ် (Jo Woo-Jin)... Tango အကအပေါ် စွဲလမ်းရူးသွပ်နေတဲ့ ဒုံဂန်ဖြို (Jung Kyung-Ho)...သုံးယောက်ထဲမှာ ဘော့စ်နေရာကို ရဖို့ မျှော်မှန်းနေတဲ့ တစ်ဦးတည်းသောသူဖြစ်ပေမဲ့ ဘယ်သူကမှ ဘော့စ်ဖြစ်ဖို့ မသင့်လျော်ဘူးလို့ ယူဆထားတဲ့ ဂျိုဖန်းဟို (Park Ji-Hwan) တို့ပါပဲ။တစ်ဖက်မှာလည်း မူးယစ်ဆေးအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိ ဟုန်းထယ်ဂယူ (Lee Kyoo-Hyung) ဆိုသူက မီမီရူဆိုင်မှာ ပို့ဆောင်ရေးဝန်ထမ်းအဖြစ် သရုပ်ဖျက်ပြီး ဝင်ရောက်လုပ်ကိုင်လာတဲ့အခါမှာတော့...
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6565 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
မိခင်ရဲ့သားသမီးအတွက် အသက်ရင်းပြီးကာကွယ်စွန့်စားခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ📺 အညွှန်းဖတ်ရန်🔽⬇️ အငတ်ဘေးဆိုက်နေတ
မိခင်ရဲ့သားသမီးအတွက် အသက်ရင်းပြီးကာကွယ်စွန့်စားခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ📺 အညွှန်းဖတ်ရန်🔽⬇️
အငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။ မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့ သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ ကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။
ကြည့်ရန်🔽⬇️ https://t.me/Yyyyyy088/5183 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
အပြင်မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားနယ်စပ်နယ်မြေတစ်ခုရဲ့သမိုင်းဝင် အမည်းစက်ထင်ခဲ့တဲ့ဖြစ်ရပ်ကို မှ
အပြင်မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားနယ်စပ်နယ်မြေတစ်ခုရဲ့သမိုင်းဝင် အမည်းစက်ထင်ခဲ့တဲ့ဖြစ်ရပ်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ဇာတ်ကား📺 အညွှန်းဖတ်ရန်🔽⬇️
၁၉၉၀ ဝန်းကျင် သမ္မတဆူဟာရ်တို လက်ထက် နိုင်ငံတစ်ဝှမ်း စီးပွားပျက်ကပ်ဆိုက်ပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတွေ အလုပ်အကိုင်အခွင့်အလမ်းယိုယွင်းမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ခဲ့တဲ့အချိန် အရှေ့ဂျာဗား ဘန်ယူဝန်ဂီဒေသဘက်မှာ လူအစုံလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဥပဒေမဲ့စွာဖြစ်ပျက်ခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ဒေသမှာ ပယောဂဆရာ ဒါမှမဟုတ် ရိုးရာတိုင်းရင်းဆေးကုသသူတွေ ဖြစ်ပြီးတော့ အောက်လမ်းပယောဂနဲ့ လူတွေကို ဒုက္ခရောက်အောင် လုပ်တယ်စွပ်စွဲခံရသူတွေ ဖြစ်ပါတယ်။ ဇာတ်ကားအကျဉ်းပြောရရင် အစ္စလာမ်ဘာသာရေး ကျောင်းတစ်ခုမှာ အလုပ်လုပ်နေ တက်ရောက်နေကြတဲ့ ဘာသာရေးဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေ ထူးဆန်းစွာနဲ့ သေဆုံးမှုတွေဖြစ်လာပါတယ်။ အဲဒီထဲက ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဆန်ထရီယိုဟာ ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေချိန်မှာပဲ ဖခင်ကပါ ပယောဂ စွပ်စွဲခံရပြီးသတ်ဖြတ်ခံလိုက်ရပါတော့တယ်…
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6551 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
တောအုပ်ထဲဝင်သွားပြီးနောက်သရဲပူးခံရပြီးရွာကိုပြန်ရောက်လာသောအခါ📺 အညွှန်းဖတ်ရန်🔽⬇️ ဇာတ်လမ်းကတော့ ဘူဒိုတောင်ခြေရွာလေးရဲ့ တောအုပ
တောအုပ်ထဲဝင်သွားပြီးနောက်သရဲပူးခံရပြီးရွာကိုပြန်ရောက်လာသောအခါ📺 အညွှန်းဖတ်ရန်🔽⬇️
ဇာတ်လမ်းကတော့ ဘူဒိုတောင်ခြေရွာလေးရဲ့ တောအုပ်ထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ ဒင်နာဆိုတဲ့ အမျိုးသမီးလေး ပြန်ရောက်လာရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ပြန်ရောက်လာတဲ့ ဒင်ယာနာဟာ အရင်လို သာမန်မဟုတ်တော့ဘဲ အရမ်းကို ကြမ်းတမ်းရက်စက်တဲ့ အပြုအမူတွေ လုပ်လာတဲ့အခါ... ခင်ပွန်းဖြစ်သူ အာနတ်ခမျာ မတတ်သာတဲ့အဆုံး ကိုယ်ချစ်ရတဲ့ ဇနီးသည်ကို ကိုယ်တိုင် လက်နဲ့ သတ်ပစ်လိုက်ရပါတော့တယ်။ ဇာတ်လမ်းက ဒီမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ ဇနီးဖြစ်သူ သေဆုံးသွားပြီးနောက်မှာတော့ အာနတ်တစ်ယောက် ဒင်နာရဲ့ ဝိညာဉ်ကို ဂျင်တွေရဲ့ ပရလောကနယ်ပယ်ကနေ ဘယ်လို ပြန်ခေါ်လာရမလဲဆိုတာကို နည်းလမ်းရှာဖွေရပါတော့တယ်။ အမှောင်လောကထဲက ဝိညာဉ်ကို ပြန်လုယူဖို ကြိုးစားရင်း အာနတ်တစ်ယောက်...
ကြည့်ရန်🔽⬇️ https://t.me/NaytoeCar/5886 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
အတွဲမှန်သမျှ အကုန်လိုက်သ-တ်တဲ့ စိတ္တဇလူ-တ်သမား📺 အညွှန်းဖတ်ရန်🔽⬇️ ဇာတ်လမ်းကတော့ ဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတ
အတွဲမှန်သမျှ အကုန်လိုက်သ-တ်တဲ့ စိတ္တဇလူ-တ်သမား📺 အညွှန်းဖတ်ရန်🔽⬇️
ဇာတ်လမ်းကတော့ ဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။ ၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ...
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6537 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
လမ်းမှာခွေးလိုက်ဆွဲလို့ထွက်ပြေးရင်းသရဲ‌ခြောက်တဲ့တောထဲလမ်းပျောက်သွားတဲ့ကိုယ်ဝန်သည်📺 အညွှန်းဖတ်ရန်🔽⬇️ ကိုဆင်တစ်ယောက် မြစ်ထဲမှ
လမ်းမှာခွေးလိုက်ဆွဲလို့ထွက်ပြေးရင်းသရဲ‌ခြောက်တဲ့တောထဲလမ်းပျောက်သွားတဲ့ကိုယ်ဝန်သည်📺 အညွှန်းဖတ်ရန်🔽⬇️
ကိုဆင်တစ်ယောက် မြစ်ထဲမှာ ရွေကျင်ရင်း ရွှေတုံးကြီး ကြီးရပြီးနောက် သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံပြီဆိုတော့ ဇနီးဖြစ်သူလာရာနဲ့ ရွာမှာပဲ အခြေချကာ ရွာကောင်းကျိုးပဲ သယ်ပိုးဖို့ ကြံပါတော့ တယ်။ ဇနီးသည်လေးကလည်း ကိုယ်လေးလက်ဝန် နေ့စေ့လစေ့မီးဖွားခါနီးကြီးပါ။ တစ်နေ့ ဇနီးသည်ဟာ မီးနေသည်ပြပြီးပြန်အလာ လမ်း မှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရင်းပြေးရင်း တောနက်ထဲ ရောက်မှန်းမသိရောက်သွားပါတယ်။ ရောက်သွားတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အုတ်ဂူရှိနေ ပြီး အချိန်က လကြတ်ည။ လကြတ်ညမှာ ကလေးတွေနဲ့မိန်းမတွေ အပြင်မထွက်ရ ပါဘူး၊ နတ်ဆိုးဖမ်းစားတတ်လို့ပါ။ အခုတော့ ကိုယ်ဝန်ဆောင်တစ်ယောက် လကြတ်ည အုတ်ဂူတစ်ခုဘေးမှာ…။ ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို ရိုက်ကွင်းရိုက်ကွက်၊သရုပ်ဆောင်မှုတွေလည်း ခပ်ပေါ့ ပေါ့မဟုတ်တဲ့အတွက် Horror ကြိုက်သူများ မြည်းစမ်းကြည့်သင့်ပါကြောင်း...
ကြည့်ရန်🔽⬇️ https://t.me/MrHtetVersion/6530 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
လက်ပွားမင်းသားကြီးရဲ့အကြမ်းတကာ့အကြမ်းဆုံး မြန်မာပြည်ကလူဆိုးကိုပါထည့်ရိုက်ထားတဲ့ကား📺 အညွှန်းဖတ်ရန်🔽⬇️ အခုတစ်ခါတင်ဆက်ပေးမှာကတ
လက်ပွားမင်းသားကြီးရဲ့အကြမ်းတကာ့အကြမ်းဆုံး မြန်မာပြည်ကလူဆိုးကိုပါထည့်ရိုက်ထားတဲ့ကား📺 အညွှန်းဖတ်ရန်🔽⬇️
အခုတစ်ခါတင်ဆက်ပေးမှာကတော့ လက်ပွါးမင်းသား ရီသိ(တ်)ရဲ့ ၂၀၁၉ ခုနှစ်ထွက် War ဇာတ်ကားရဲ့နောကိဆက်တွဲ War 2 ပဲ ဖြစ်ပါတယ်။ လက်ပွါးမင်းသားနဲ့အပြိုင် RRR ဇာတ်ကားမှ အန်တီရာမာရောင်ဝ်မှ ဗီလိန်နေရာ သရုပ်ဆောင်ထားပြီး အဓိကမင်းသမီးနေရာကတော့ အခုနောက်ပိုင်း ဘောလီးဝုဒ်လောကမှာ နာမည်တစ်ရှိန်ထိုးတက်လာတဲ့ လှပျိုဖြူအချောလေး ကီရာယာပါ။ ရုံတင်တုန်းကလည်း ကုဋေသုးရာကျော်ဝင်ငွေနဲ့အတူ တတိယဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ထားတာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ War 1 မှာ တိုက်ဂါးသေဆုံးပြီးနောက်ပိုင်း လက်ပွါးတစ်ယောက် ကြေးစားအနေနဲ့ တစ်ကိုယ်တော်လှုပ်ရှားနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျောင်းတော်ကရန်စတွေရှိခဲ့တဲ့ ငယ်သူငယ်ချင်း ဗစ်ကရမ်နဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့…. အိန္ဒိယစပိုင်ဇာတ်ကားများထုံးစံ မြှုပ်ကွက်ပေါင်းစုံ အလှည့်အပြောင်းအစုံအပြင် အက်ရှင်ခန်းမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုအားပေးရမယ့် ဇာတ်လမ်းလေးပါ။
ကြည့်ရန်🔽⬇️ https://t.me/hdoeohjf/5395 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
ဆာလောင်နေတဲ့ရေမြင်းကြီးကိုရင်ဆိုင်ရမယ့်ဇာတ်ကား 😳😳 အညွှန်းဖတ်ရန်🔽⬇️ လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ မိကျောင်းကြည့်ဖို
ဆာလောင်နေတဲ့ရေမြင်းကြီးကိုရင်ဆိုင်ရမယ့်ဇာတ်ကား 😳😳 အညွှန်းဖတ်ရန်🔽⬇️
လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ မိကျောင်းကြည့်ဖို့ လှေစီးထွက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တစ်စုဟာ လမ်းပျောက်ပြီး သွေးဆာနေတဲ့ ရေမြင်းဆိုးကြီးတစ်ကောင်ရဲ့ ပစ်မှတ် ဖြစ်သွားပါတော့တယ်။ဒီဇာတ်ကားဟာ မျက်စိနောက်စရာ CGI တွေ သိပ်မသုံးဘဲ တကယ့် ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့ ရိုက်ကူးထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။ Survival Horror ပရိသတ်တွေအတွက် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုအသက်လုပြေးကြမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်။
ကြည့်ရန်🔽⬇️ https://t.me/BlFansFansFromMyanmar/6674 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Repost from Pp Movie Uploader
အွန်လိုင်းဂိမ်းကစားချင်တဲ့ရွှေမြန်မာတို့အတွက်🙏 😀😀😀👌👌👌👌👌👌👌 ၂၄နာရီကိုယ်တိုင်ငွေသွင်းငွေထုတ်ရတဲ့💯💵 🤩 🆗👍🆗👍👍⚡️⚡
အွန်လိုင်းဂိမ်းကစားချင်တဲ့ရွှေမြန်မာတို့အတွက်🙏 😀😀😀👌👌👌👌👌👌👌
၂၄နာရီကိုယ်တိုင်ငွေသွင်းငွေထုတ်ရတဲ့💯💵
🤩  🆗👍🆗👍👍⚡️⚡️🆗🆗🆗🆗🆗😉⭐⭐️📱📱📱🤩 😃 လူကြိုက်များပြီး အမေးများနေတဲ့အာဖရိကကျွဲ စလော့ ရှမ်း နဲ့ အခြားစလော့ဂိမ်းပေါင်းစုံကို တစ်နေရာထဲမှာ ကစားလို့ရပြီး ကိုယ်တိုင်ငွေသွင်းငွေထုတ်လဲရ နာမည်ပျက် လုံးဝ မရှိတဲ့ 😃 💫 🎰🎰🎰🎰🎰🎰🎰🎰💫 မှာ ကိုယ်တိုင်ငွေသွင်း/ငွေထုတ်နဲ့ ယုံကြည်စိတ်ချစွာစိတ်ကြိုက်ဖြုတ်ချင်ရင်တော့ အခုဘဲဆယ်သွယ်လိုက်တော့နော်   ⬇️ဂိမ်းဝင်ရောက်လေ့လာရန်⬇️   🤩 https://shwekhit.com/ ⬇️အကောင့်ဖွင့်ကစားဖို့ဆက်သွယ်ရန်⬇️ 📱🤩 http://t.me/ShweKhitGame 📱🤩 http://t.me/ShweKhitGame 🫣🤭🫢😬🙄😯🤕😻🥹🤰🧑‍🦳

Repost from Pp Movie Uploader
ပွတ်ရှ်ပါးမင်းသားအာလူးအာဂျွန်ရဲ့ဒုစရိုက်သမားတွေနဲ့ကြမ်းကြမ်းတမ်းတမ်းကြည့်ရမယ့်ဇာတ်ကား🎥 အညွှန်းဖတ်ရန်🔽🔽 ဒုစရိုက်လုပ်ငန်းတွေ
ပွတ်ရှ်ပါးမင်းသားအာလူးအာဂျွန်ရဲ့ဒုစရိုက်သမားတွေနဲ့ကြမ်းကြမ်းတမ်းတမ်းကြည့်ရမယ့်ဇာတ်ကား🎥 အညွှန်းဖတ်ရန်🔽🔽
ဒုစရိုက်လုပ်ငန်းတွေ မြေအောက်ဂိုဏ်းသားတွေ ကြီးစိုးတဲ့ မြို့လေးတစ်မြို့... အဲ့ဒီမြို့လေးမှာရှိတဲ့ တီဗွီချန်နယ်တစ်ခုမှာ ဆတ်ဆတ်ကြဲကောင်လေးတစ်ယောက်ရှိတယ်... တစ်နေ့တော့ ဒုစရိုက်နယ်မြေထဲမှာ မှတ်တမ်းရိုက်ကူးဖို့အသွင်ယူပြီး သွားလာနေရင်း လူတစ်ယောက်ကို လူဆိုးတွေအများကြီးက သတ်ဖြတ်ဖို့ကြိုးစားနေတာတွေ့လို့ ဝင်ကူညီပြီး လူဆိုးအဖွဲ့ခေါင်းဆောင်ကို ကိုးမား(သတိမေ့ရောဂါ)ဖြစ်တဲ့အထိ ရိုက်နှက်ပစ်လိုက်တယ်... သူမသိတာက ကိုးမားရသွားတဲ့ လူဆိုးအဖွဲ့ခေါင်းဆောင်ဆိုတာ သူတို့မြို့ရဲ့ ဒိတ်ဒိတ်ကြဲ ဂန်းစတားကြီး တံပီဒူရဲ့သား ဖြစ်နေတယ်... သူ့သားကိုထိရင် ငြိမ်နေမှာမဟုတ်တဲ့ တံပီးဒူရဲ့အကြောင်းကိုသိတော့ “ဘာလာဂိုဗင်”ကို တစ်ခြားမြို့ကို ပြောင်းရွှေ့ရှောင်တိမ်းဖို့ သူ့အဖေက အတင်းတိုက်တွန်းပြီး ခရီးသွား အစီအစဉ်တစ်ခု ရိုက်ကူးခဲ့ပါဆိုပြီး ဟိမဝန္တာအနီးမှာရှိတဲ့ “မာလာနီ”ဒေသဆီ ရိုက်ကူးရေးအဖွဲ့နဲ့အတူ လွှတ်လိုက်ပါတော့တယ်... မာလာနီဒေသကိုရောက်တော့ ဒေသန္တရအလှအပတွေနဲ့ Travel Program ရိုက်ရင်း ဆန်ယာဆင်းသီလရှင်များနဲ့ သွားတွေ့ရာက အိန္ဒြေရပြီး ကျော့ရှင်းလှတဲ့ သီလရှင်မချောချောလေး ဘိုင်ရှာလီကို မြင်မြင်ချင်းချစ်မိသွားတဲ့နောက်မှာတော့...
ကြည့်ရန်⬇️🔽 https://t.me/hdoeohjf/5109 🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 https://t.me/addlist/fK1TGyQZgBdkODQ9