MKS CHANNEL
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام MKS CHANNEL
تُعد قناة MKS CHANNEL (@mkschannel_org) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 27 301 مشتركاً، محتلاً المرتبة 13 379 في فئة أفلام والمرتبة 3 907 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 27 301 مشتركاً.
بحسب آخر البيانات بتاريخ 02 ديسمبر, 2024، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 0، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 0%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 03 ديسمبر, 2024) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة أفلام.
27 301
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام
أرشيف المشاركات
27 301
Queen of Tears
အစအဆုံးရပါပြီး
Queen Of Tears (2024)
ဒီညထွက်ရှိလာတဲ့ဇာတ်ကားသစ်လေး Queen of Tears (2024) ကတော့ Kim Soo Hyun နဲ့ Kim Ji Won တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ Queen Group ရဲ့ဟုန်းဟယ်အင်တစ်ယောက် နယ်မြို့လေးကနေ ရုန်းကန်လာခဲ့တဲ့ ဘဲ့ဟျွန်းဝူနဲ့လက်ထပ်လိုက်ပြီးနောက် အိမ်ထောင်ရေးက ဒီတိုင်းစီးပွားရေးအရသာဖြစ်နေတယ်ဆိုတာကို သိလိုက်တော့ ဘဲ့ဟျွန်းဝူတစ်ယောက် ကွာရှင်းဖို့ဆုံးဖြတ်လိုက်တဲ့အချိန် မထင်ထားတဲ့ကံကြမ္မာတစ်ခုနဲ့တွေ့ဆုံလိုက်ရပါတယ်
ဘယ်လိုအရာတွေက သူတို့နှစ်ယောက်ကိုနီးစပ်သွားစေမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ အပတ်စဉ်စနေနေ့နဲ့တနင်္ဂနွေနေ့များမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့်
Review By Rin
Translated By MKS Channel
Channel By MKS CHANNEL
https://mkschannel.org/?tvshows=queen-of-tears
27 301
Crakk: Jeetega… Toh Jiyegaa
Crakk 2024
အသစ်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပိုလန်နိုင်ငံမှာ ရိုက်ကူးထားတဲ့ကားဖြစ်တာမို့ အရသာအသစ်တစ်မျိုးပေးစွမ်းနိုင်မှာပါ။
ဆစ်ဒူဟာ Extreme Sports လို့ခေါ်တဲ့ သက်စွန့်ဆံဖျားကစားနည်းတွေကို ခုံမင်သူဖြစ်ပါတယ်။ ဒီအရာကြောင့် သားတစ်ယောက်ကိုဆုံးရှုံးဖူးတဲ့မိဘတွေကတော့ ဆစ်ဒူ့ဝါသနာကို ခွင့်ပြုမပေးကြပါဘူး။
ဒါပေမဲ့ ဆစ်ဒူ့အိပ်မက်က ပိုလန်နိုင်ငံမှာရှိတဲ့ မိုင်ဒမ်လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ပါတယ်။ မိုင်ဒမ်က ကမ္ဘာအရပ်ရပ်ကဝါသနာရှင်တွေကို အွန်လိုင်းကနေစောင့်ကြည့်ပြီး သူတို့သဘောကျသူကို ဖိတ်ခေါ်ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။
ဒီလိုနဲ့တစ်နေ့မှာတော့ ဆစ်ဒူရဲ့ဆန္ဒတကယ်ဖြစ်လာပြီး အစ်ကိုအသက်ကိုဆုံးရှုံးခဲ့ရတဲ့ မိုင်ဒမ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဖြစ်လာပါတော့တယ်။
Review By K
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=crakk-jeetega-toh-jiyegaa
27 301
Queen of Tears: 1×15
Queen Of Tears (2024)
ဒီညထွက်ရှိလာတဲ့ဇာတ်ကားသစ်လေး Queen of Tears (2024) ကတော့ Kim Soo Hyun နဲ့ Kim Ji Won တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ Queen Group ရဲ့ဟုန်းဟယ်အင်တစ်ယောက် နယ်မြို့လေးကနေ ရုန်းကန်လာခဲ့တဲ့ ဘဲ့ဟျွန်းဝူနဲ့လက်ထပ်လိုက်ပြီးနောက် အိမ်ထောင်ရေးက ဒီတိုင်းစီးပွားရေးအရသာဖြစ်နေတယ်ဆိုတာကို သိလိုက်တော့ ဘဲ့ဟျွန်းဝူတစ်ယောက် ကွာရှင်းဖို့ဆုံးဖြတ်လိုက်တဲ့အချိန် မထင်ထားတဲ့ကံကြမ္မာတစ်ခုနဲ့တွေ့ဆုံလိုက်ရပါတယ်
ဘယ်လိုအရာတွေက သူတို့နှစ်ယောက်ကိုနီးစပ်သွားစေမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ အပတ်စဉ်စနေနေ့နဲ့တနင်္ဂနွေနေ့များမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့်
Review By Rin
Translated By MKS Channel
Channel By MKS CHANNEL
https://mkschannel.org/?episodes=queen-of-tears-1x15
27 301
Exhuma
Exhuma
ပရိသတ်ကြီးမျှော်လင့်စောင့်စားနေတဲ့ သဘာဝလွန်ဇာတ်ကား Exhuma ကတော့ အခုဆိုအကြည်ဗားရှင်းထွက်ရှိလို့လာပါပြီ။ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားရဲ့ ၂၀၂၄ ခုနှစ် ဝင်ငွေအကောင်းဆုံးနေရာမှာ နံပါတ်တစ်ချိတ်ခဲ့ပြီးတော့ Baeksang Arts Awards မှာလည်း ဆုတွေတစ်သီကြီးချိတ်ဖို့ အလားအလာအရှိဆုံးဇာတ်ကားလေးဖြစ်နေပါတယ်။မှင်စာကားလေးထဲက ချစ်စဖွယ်မျက်နှာပိုင်ရှင် Kim Go-Eun၊The Glory ဇာတ်ကားထဲက တည်ငြိမ်တဲ့မျက်နှာထားပိုင်ရှင် Lee Do-Hyun တို့ကိုမြင်နေကျဇာတ်ရုပ်တွေကနေ ကွဲထွက်ပြီး နတ်ဆရာတွေအဖြစ်မြင်တွေ့ရမှာဖြစ်သလို အက်ရှင်ဇာတ်ကြမ်းတွေနဲ့မြင်ဖူးနေကျ Choi Min-Sik ကိုလည်း ဒီကားထဲမှာ ဂမ္ဘီရပညာတတ်မြောက်တဲ့ဖုန်ရွှင်းပညာရှင် အဖြစ်မြင်တွေ့ရမှာပါ။ဇာတ်လမ်းလေးက အမေရိကားမှာနေထိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးမိသားစုတစ်ခုမှာ ထူးထူးဆန်းဆန်း သဘာဝလွန်ဖြစ်ရပ်တွေကြုံတွေ့လာရပါတယ်။ဒါကိုဖြေရှင်းဖို့ နတ်ဆရာအကူအညီနဲ့ ဘိုးဘေးဘီဘင်ရဲ့အုတ်ဂူကိုရွှေ့ဖို့ ဖြစ်လာပါတယ်။ဒီလိုအုတ်ဂူရွှေ့ရင်းနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာချိန်မှာတော့ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဟာ…
https://mkschannel.org/?movies=exhuma
27 301
Yodha
YODHA 2024
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Indian Action/thriller ဇာတ်ကားလေးက Yodha ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Yodha ဆိုတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်ဟောင်းရဲ့သားဖြစ်သူ အာရန်ဟာလည်း အဖေ့ခြေရာနင်းပြီး Yodha အဖွဲ့ထဲ ဝင်ကာ တိုင်းပြည်နဲ့လူမျိုးအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေမှာ ပါဝင်လျက်ရှိပါတယ် အာရန်တစ်ယောက် တိုင်းပြည်ရဲ့ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်အတွက် လုံခြုံရေးယူပေးရင်း ခရီးကအပြန် လေယာဉ်ပြန်ပေးဆွဲခံလိုက်ရပါတယ် အကြမ်းဖက်သမားတွေရဲ့တောင်းဆိုချက်ကို ညှိနှိုင်းရင်း ပြန်ပေးဆွဲခံထားရတဲ့ ခရီးသည်တွေကို ဘယ်လိုတွေ ကယ်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်
Review By Rin
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=yodha
27 301
Goodbye Earth: Season 1
Goodbye Earth 2024
ကမ္ဘာကြီးကိုနှုတ်ဆက်ရမယ့်အချိန်ရောက်ပါပြီ။သင်ရော ဘယ်လိုနှုတ်ဆက်မှာလဲ။စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Goodbye Earth လေးက ဒီနေ့မှအသစ်ထွက်ရှိလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။
ကမ္ဘာပျက်တော့မယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့အချိန် လူတွေဟာဆောက်တည်မရ ထိတ်လန့်တကြားနဲ့ သေရတော့မယ်ဆိုတာ သိလိုရတဲ့အခါ ဘယ်လိုမျိုးတုံပြန်ကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဒါရိုက်တာကလည်း My Name၊Lawless Lawyer၊Road No. 1 တိုလို နာမည်ကျော်လူကြိုက်များ ဇာတ်လမ်းတွဲတွေကို ဖန်တီးခဲ့တဲ့သူဖြစ်လို ဒီတစ်ခေါက်လည်း ပရိသတ်ကြီးရဲ့စိတ်ဝင်စားမှုတွေကို ဘယ်လောက်ထိဆွဲဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။
စုစုပေါင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး တစ်ခါတည်းအပြီးထုတ်လွှင့်မှာဖြစ်လို တစ်ထိုင်တည်းအဝကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။
Review By CL
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?seasons=goodbye-earth-season-1
27 301
Bhimaa
4K SDR HEVC
Bhimaa 2024
အသစ်စက်စက် အိန္ဒိယဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပုံမှန်အက်ရှင်ကားတွေနဲ့မတူဘဲ ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ အားလုံးအကြိုက်တွေ့စေမဲ့ ကားသစ်လေးပါ။
အိန္ဒိယမှာ အရှင်ရှီဝကိုကိုးကွယ်သူတွေဟာ သူတို့အတွက်ကယ်တင်ရှင်၊ သူတို့အတွက်မီးအိမ်ရှင်ဟာ အရှင်ရှီဝနတ်ပြည်က ဆင်းသက်ခဲ့စဉ်ကလိုပဲ နွားကြီးစီးပြီးလာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ ဒုစရိုက်မှုတွေကြီးစိုးတဲ့ရွာတစ်ရွာကို ရဲအရာရှိတစ်ယောက်က နွားစီးပြီးရောက်လာခဲ့ပါတယ်။
အဲဒီရွာက မှောင်ခိုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဘာဗာနီဆိုတဲ့လူတစ်ယောက် ကြီးစိုးရာဒေသပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရွာနားက အရှင်ရှီဝရဲ့ဘုရားကျောင်းပျက်မှာ ထူးဆန်းတဲ့ပရလောကဆန်ဆန် သဘာဝလွန်ကိစ္စတွေ ဖြစ်ပျက်နေခဲ့ပါတယ်။ အက်ရှင်ကားဆိုပေမဲ့ သည်းထိတ်ရင်ဖိုဆန်ဆန် သဘာဝလွန်ဖြစ်ရပ်တွေနဲ့လည်း ဆက်စပ်နေတာမို့ ဟော်ရာကားကြိုက်သူတွေပါ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Review By K
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=bhimaa

City Hunter
City Hunter (2024)
ဒီနေ့မှထွက်ထားတဲ့ အသစ်စက်စက်ဂျပန်အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျပန်အက်ရှင်ကားတွေထုံးစံ ယာကူဇာဂိုဏ်းတွေနဲ့ ရဲတွေကြားက ပဋိပက္ခတွေနဲ့ ဥပဒေပြင်ပကစွန့်စားခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။
ရှင်းဂျုခုမှာ ရဲတွေအဖြေမရှာနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ပွားနေပြီး လူတွေဟာရုတ်တရက်ရူးသွပ်သွားကြပြီး သူတို့ရဲ့ခွန်အားကတော့ ပိုပြီးသန်မာလာကာ ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေကိုပြုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေကုန်ကြပါတယ်။ အဲဒီအတွက်ကြောင့် ရဲတွေလည်းခေါင်းစားနေခဲ့ပါတယ်။
ဆာအဲဘကုမ္ပဏီကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုလို့ပြောလို့ရပြီး လူပျောက်ရှာတာ၊ လူကယ်တာ စတဲ့အန္တရာယ်များတဲ့အလုပ်တွေကို အခကြေးငွေယူပြီး လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။ ဒီလိုနဲ့တစ်ရက်မှာ ပျောက်ဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ကို ပြန်လိုက်ရှာပေးဖို့အလုပ်လက်ခံလိုက်တဲ့နောက်မှာတော့ ဆာအဲဘရဲ့ပိုင်ရှင် ရိုနဲ့သူ့ရဲ့ပါတနာ မာကီမူရာတို့အတွက် ရှုပ်ထွေးတဲ့အမှုတွေကြား ဓားခုတ်ရာလက်ဝင်လျှိုဖို့ ဖြစ်လာခဲ့ပါတော့တယ်။
Review By K
Translated By MKS Team
Encoded By Ko Paing…
https://mkschannel.org/?movies=city-hunter
27 301
Bhimaa
Bhimaa 2024
အသစ်စက်စက် အိန္ဒိယဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပုံမှန်အက်ရှင်ကားတွေနဲ့မတူဘဲ ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ အားလုံးအကြိုက်တွေ့စေမဲ့ ကားသစ်လေးပါ။
အိန္ဒိယမှာ အရှင်ရှီဝကိုကိုးကွယ်သူတွေဟာ သူတို့အတွက်ကယ်တင်ရှင်၊ သူတို့အတွက်မီးအိမ်ရှင်ဟာ အရှင်ရှီဝနတ်ပြည်က ဆင်းသက်ခဲ့စဉ်ကလိုပဲ နွားကြီးစီးပြီးလာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ ဒုစရိုက်မှုတွေကြီးစိုးတဲ့ရွာတစ်ရွာကို ရဲအရာရှိတစ်ယောက်က နွားစီးပြီးရောက်လာခဲ့ပါတယ်။
အဲဒီရွာက မှောင်ခိုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဘာဗာနီဆိုတဲ့လူတစ်ယောက် ကြီးစိုးရာဒေသပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရွာနားက အရှင်ရှီဝရဲ့ဘုရားကျောင်းပျက်မှာ ထူးဆန်းတဲ့ပရလောကဆန်ဆန် သဘာဝလွန်ကိစ္စတွေ ဖြစ်ပျက်နေခဲ့ပါတယ်။ အက်ရှင်ကားဆိုပေမဲ့ သည်းထိတ်ရင်ဖိုဆန်ဆန် သဘာဝလွန်ဖြစ်ရပ်တွေနဲ့လည်း ဆက်စပ်နေတာမို့ ဟော်ရာကားကြိုက်သူတွေပါ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Review By K
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=bhimaa
27 301
Monkey Man
Monkey Man 2024
ဒါလေးကတော့ Universal Picture ကထုတ်လုပ်တဲ့ အိန္ဒိယ ကားလေးပါ။ အိန္ဒိယကားဆိုပေမဲ့ Indian Vibe ထက် Hollywood vibe ကိုခံစားမိစေမယ့်
ရိုက်ချက်တွေ မြင်ကွင်းတွေကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်နေပါတယ်။ ထူးခြားချက်ကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Dave Petal ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားခြင်းပါပဲ ။ Dev Petal ကတော့ Best Picture နဲ့ အော်စကာရခဲ့တဲ့ Slumdog Millionaier..Chappi …တို့လိုဇာတ်ကားကောင်းတွေမှာ ပါ၀င်ခဲ့သူတစ်ဦးပါ။
ဇာတ်လမ်းအကျဥ်းကတော့ ရဲတွေ ဘာသာခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားမှု ယုတ်မာမှုတွေကြောင့်သေခဲ့ရတဲ့ မိခင်နဲ့အပြစ်မဲ့သူတွေအတွက် ကစ်ဟာ Monkey Man အဖြစ်နဲ့မြေအောက်လောကမှာကျင်လည်ရင်း အခက်အခဲတွေ ရက်စက်ခါးသက်မှုတွေကြား တရားမျှတမှုကို အရယူသွားပုံကို ရိုက်ကူးထားပါတယ်။
IMDB 7.6 ..Rotten tomato 88% box office မှာ နေရာယူထားပြီး Dev ရဲ့ Directing Skill ကိုပါ မြင်တွေ့ရမယ့်ကားလည်း ဖြစ်ပါတယ်။ အိန္ဒိယကားကို Hollywood အငွေ့အသက်နဲ့ ထူးခြားစွာကြည့်ရမယ့် ကားကောင်းလေးတစ်ကားအဖြစ်…
https://mkschannel.org/?movies=monkey-man
27 301
Exhuma
Exhuma
ပရိသတ်ကြီးမျှော်လင့်စောင့်စားနေတဲ့ သဘာဝလွန်ဇာတ်ကား Exhuma ကတော့ အခုဆိုအကြည်ဗားရှင်းထွက်ရှိလို့လာပါပြီ။ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားရဲ့ ၂၀၂၄ ခုနှစ် ဝင်ငွေအကောင်းဆုံးနေရာမှာ နံပါတ်တစ်ချိတ်ခဲ့ပြီးတော့ Baeksang Arts Awards မှာလည်း ဆုတွေတစ်သီကြီးချိတ်ဖို့ အလားအလာအရှိဆုံးဇာတ်ကားလေးဖြစ်နေပါတယ်။မှင်စာကားလေးထဲက ချစ်စဖွယ်မျက်နှာပိုင်ရှင် Kim Go-Eun၊The Glory ဇာတ်ကားထဲက တည်ငြိမ်တဲ့မျက်နှာထားပိုင်ရှင် Lee Do-Hyun တို့ကိုမြင်နေကျဇာတ်ရုပ်တွေကနေ ကွဲထွက်ပြီး နတ်ဆရာတွေအဖြစ်မြင်တွေ့ရမှာဖြစ်သလို အက်ရှင်ဇာတ်ကြမ်းတွေနဲ့မြင်ဖူးနေကျ Choi Min-Sik ကိုလည်း ဒီကားထဲမှာ ဂမ္ဘီရပညာတတ်မြောက်တဲ့ဖုန်ရွှင်းပညာရှင် အဖြစ်မြင်တွေ့ရမှာပါ။ဇာတ်လမ်းလေးက အမေရိကားမှာနေထိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးမိသားစုတစ်ခုမှာ ထူးထူးဆန်းဆန်း သဘာဝလွန်ဖြစ်ရပ်တွေကြုံတွေ့လာရပါတယ်။ဒါကိုဖြေရှင်းဖို့ နတ်ဆရာအကူအညီနဲ့ ဘိုးဘေးဘီဘင်ရဲ့အုတ်ဂူကိုရွှေ့ဖို့ ဖြစ်လာပါတယ်။ဒီလိုအုတ်ဂူရွှေ့ရင်းနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာချိန်မှာတော့ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဟာ…
https://mkschannel.org/?movies=exhuma
27 301
Pee Nak 2
Pee Nak 2
ဘုရားစာမကြောက်တဲ့ ရှင်လောင်းသရဲကားဖြစ်တဲ့ Pee Nak 3 ရောက်ရှိလာပါပြီ။ ဒီသရဲက အရှေ့သရဲတွေထက် နည်းနည်းလေးလည်းပိုကြမ်းပါတယ် (ဥစ္စာရူးသရဲမို့လို့ပါ)။ သရဲခြောက်တဲ့အခန်းတွေအနေနဲ့လည်း အရင်ကားတွေလို ဘုန်းကြီးကျောင်းထဲတင်မဟုတ်ဘဲ outdoor scenes တွေပါပါတာမို့ အပြောင်းအလဲလေးဖြစ်ပြီး ပိုခြောက်ခြားစရာကောင်းလာသလိုပါပဲ။ IMDB rating အနေနဲ့လည်း အရင်ကားတွေထက် အများကြီးသာလွန်ပြီး 6 အထိကိုရရှိထားတာမို့ အရှေ့တိုင်းကားတစ်ကားအတွက်တော့ တော်တော်ကိုမြင့်တဲ့သတ်မှတ်ချက်တစ်ခုပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ Pee Nak 2 မှာ သဲလွန်စပေးခဲ့တဲ့အတိုင်းပဲ အော့ဒ်နဲ့ကိုရင်နော့ဖြစ်လာမဲ့ အိုက်ဂျိုနဲ့အိုက်ကပ်ဟာ အလောင်းပစ္စည်းတွေကို ခိုးယူမိတဲ့အတွက် ပိုင်ရှင်ရှင်လောင်းသရဲက လိုက်တောင်းတာပါပဲ။ အော့ဒ်ခဗျာမှာ ပဉ္ဇင်းတက်ခါနီးမှ ကျန်းမာရေးဆိုးဝါးလာပြီး အိပ်မက်ဆိုးတွေလည်း မက်လိုမက်နဲ့မို့ ဇာတ်လိုက်ကျော်တစ်စုဟာ အော့ဒ်ကိုကူညီပေးဖို့ ကြိုးစားကြရပါတော့တယ်။
Pee Nak မူဗီတွေဟာ ဇာတ်လမ်းကျောရိုးတစ်ခုတည်းကိုပဲ အပိုင်းလေးတွေခွဲပြီး ရိုက်နေသလိုသဘောမို့…
https://mkschannel.org/?movies=pee-nak-2
27 301
Pee Nak
Pee Nak 1 (2019)
ထိုင်းဟာသသရဲကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်အိမ်လည်းခိုင်ပြီး ရယ်မောစရာ၊ သနားစရာ ရသမျိုးစုံခံစားရစေမဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းလေးကတော့ နွန်၊ ဖတ်နဲ့ ဘော်လွန်းဟာ တောရွာလေးတစ်ရွာကဘုန်းကြီးကျောင်းတစ်ကျောင်းကို ပဉ္ဇင်းခံဖို့ရောက်ရှိလာကြပါတယ်။ နွန်ကတော့ သူကြုံနေရတဲ့စိတ်သောကတွေကနေ ခေတ္တလွတ်မြောက်ဖို့ဖြစ်ပြီး ဖတ်နဲ့ဘော်လွန်းကတော့ ချဲပေါက်ရင်ပဥ္ဇင်းခံပါမယ်ဆိုတဲ့ ကတိကြောင့်ပဲဖြစ်ပါတယ်။
တောရွာတွေရဲ့အယူမှာ မင်္ဂလာယူရမဲ့ကိစ္စတွေနီးလာရင် အဖျက်ပေါ်တတ်တယ်လို့ ယုံကြည်ကြသလိုပဲ သူတို့သုံးယောက်ပဉ္ဇင်းခံခါနီးမှ သရဲတစ်ကောင်ကရုတ်တရက်ပေါ်ထွက်လာပြီး သူတို့တွေပဉ္ဇင်းမခံနိုင်အောင် အမျိုးမျိုးလိုက်လံနှောင့်ယှက်ပါတော့တယ်။ ဒီသရဲကား ဘာကြောင့်ဒီလိုတွေလိုက်နှောင့်ယှက်နေတာလဲ၊ သူဘာကိုလိုချင်တာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့မှ သဘောပေါက်လာမှာမို့ ဇာတ်ကားလေးကြည့်ရင်းပဲ အပန်းဖြေအဖြေရှာကြည့်လိုက်ကြပါဦးနော်။
Review By K
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=pee-nak
27 301
Ordinary Angels
Ordinary Angels (2024)
ဒီကားလေးကတော့ February 23 တုန်းကမှထွက်ထားတဲ့ အမေရိကန်ဒရာမာဇာတ်ကားလေး ဖြစ်ပါတယ်။ 1994 ခုနှစ်တုန်းက Louisville, Kentucky မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ Sharon ဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဖွင့်ထားပြီး အရက်စွဲနေတဲ့ ဆံသဆရာမတစ်ယောက်ဖြစ်ပါတယ်။ Ed ကတော့ ဇနီးဖြစ်သူဆုံးသွားတဲ့အချိန်မှာ သမီးလေးနှစ်ဦးနဲ့အတူ ဘဝကိုဖြတ်သန်းဖို့ကြိုးစားနေတဲ့ မုဆိုးဖိုတစ်ယောက်ပါ။ သူ့သမီးအငယ်လေး Michelle ဟာ အပြင်းအထန်နေမကောင်းဖြစ်နေတဲ့အတွက် ဆေးကုသစရိတ်တွေနဲ့လည်း လုံးပန်းနေရပါတယ်။ Sharon တစ်ယောက် အရက်ဖြတ်ဖို့ ရည်ရွယ်ချက်အဖြစ် Michelle လေးကို ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အခါ Sharon နဲ့ Ed တို့မိသားစုကြား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီ Ordinary Angels ဆိုတဲ့ ဒရာမာဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး ခင်ဗျာ…
Review By H
Translated By H, Snowflake
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=ordinary-angels
27 301
@MKSCHANNEL1 The Bros 2017 1080P MKS [ mkschannel.org ].mp4
Join Now :
@KPMOVIELIST
@MKSVIPLINK1
@MKS_REQUESTGROUP
@MKSCHANNEL_ORG
MKS Website မှာတိုက်ရိုက်ကြည်နိုင်ပါပြီ။
www.mkschannel.org
Video မှာ ကြောငြာထည့်သွင်းလို့ပါက Admin Acc @KOPAINGLAY15 , 09404840521 ( Viber) သို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်
ဇာတ်ကား အသစ် တင်တိုင်းသိရန် join ပေးပါ 👇👇👇
www.mkschannel.org
https://t.me/mkschannel_org
27 301
The Bros
The Bros
ဒါလေးကတော့ Ma Dong Seok ..Night Flower မမ Lee Heena ..Lee Dong Hwi..တို့ပါ၀င်တဲ့ ဟာသဒရာမာကားဟောင်းလေးပါ။
မျိုးရိုးစဥ်ဆက်ထိန်းသိမ်းလာတဲ့ မိသားစုကြီးတစ်စုမှာ ပထမသားကြီး ပထမချွေးမကြီးနေရာက အရေးပါသလို တစ်သက်လုံးဘ၀ကိုမြှုပ်နှံပြီး စိတ်ပင်ပန်းရတဲ့ နေရာလည်းဖြစ်ပါတယ်။ ဆော့ဘုံးနဲ့ ဂျူဘုံးဟာ ဂေါ်ဆန် လီ မိသားစုရဲ့ မြေးနှစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူက မိသားစုရဲ့ ပထမသားကြီးနေရာကိုယူထားတဲ့သူဖြစ်ပါတယ်။ ဖခင်သေလို့ စျာပနကိုပြန်လာတဲ့ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က ဘဏ်ကြွေး သန်းတစ်ရာတင်နေပြီး တစ်ယောက်က ကုမ္ပဏီမှာမှားယွင်းတွက်ချက်မိလို့ သန်း ၅၀ အကြွေးတင်နေပါတယ်။
အကြွေးတင်နေတဲ့ညီအစ်ကိုနှစ်ယောက်
အိမ်အပြန် စျာပနကာလအတွင်း သူတို့နဲ့ အကြောမတည့်တဲ့ မိသားစုကြားက ပဋိပက္ခတွေ ..အရှုပ်အထွေးတွေ အကြွေးအတွက်အမျိုးမျိုးကြံစည်ကြပုံတွေကို ဟာသနဲ့ ဒရာမာရောပြီးတင်ဆက်ထားတဲ့ ကားလေးပါ။ IMDB 6.1 ရထားပြီး Cameo တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေ ပါ၀င်ထားပါတယ်။ ရှုစားကြပါဦး။
Review and Translated By Ariel
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=the-bros
27 301
Article 370
Article 370 (2024)
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသဟာ ၁၉၄၇ ခုနှစ်ကတည်းက အိန္ဒိယ၊ တရုတ်နဲ့ ပါကစ္စတန်သုံးနိုင်ငံကြား နယ်နိမိတ်အရေးအငြင်းပွားစရာဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာပါတဲ့ ဥပဒေပြုပုဒ်မ ၃၇၀ အရ ကက်ရှ်မီးယားဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ဥပဒေရေးဆွဲခွင့်ရှိပါတယ်။
အဲဒါကြောင့် ကက်ရှ်မီးယားဒေသကို အမိအိန္ဒိယနိုင်ငံတော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တစ်ပေါင်းတစ်စည်းထဲရှိစေချင်သူ ပြည်ထဲရေးဝန်ကြီးတို့ရဲ့ နိုင်ငံရေးပါတီဟာ ဥပဒေပြုပုဒ်မ ၃၇၀ ကို ပယ်ဖျက်ဖို့ကြိုးစားကြပါတယ်။
တစ်ဖက်မှာလည်း ဒီလိုပဋိပက္ခတွေကြောင့် လွှတ်တော်အမတ်လောင်းတချို့မှာ အသက်အန္တရာယ်ရှိလာပြီး ဇွန်နီဦးဆောင်တဲ့ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်နယ်ရဲ့ခေါင်းကြီးပိုင်းတွေကိုကာကွယ်ဖို့ကြိုးစားရပါတော့တယ်။
Review By K
Translated By MKS Team
Encoded By Ko Paing
Channel By MKS Channel
https://mkschannel.org/?movies=article-370
27 301
စုံထောက် character တွေနဲ့ လိုက်ဖက်လွန်းလှတဲ့ Lee Je Hoon တစ်ယောက် စုံထောက် series အသစ်နဲ့ ပြန်လာခဲ့ပါပြီ 🕵️🔥
1958 ခုနှစ်ကို ဇာတ်အိမ်တည်ထားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ စုံထောက်ပတ်ယောင်ဟန်တစ်ယောက် ထူးချွန်ထက်မြတ်လှတဲ့ စုံထောက် ၃ ယောက်နဲ့အတူ အဖွဲ့တစ်ခုဖွဲ့စည်းပြီး ခိုးဆိုး/လုနှိုက်မှုတွေ၊ ဒုစရို/က်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေကို ဖော်ထုတ် တို/က်ဖျ/က်သွားမှာဖြစ်ပါတယ်။
CCTV တွေ၊ အဆင့်မြင့်နည်းပညာတွေ မပေါ်ပေါ/က်ခင် 1958 ခုနှစ်က စုံထောက်တွေရဲ့ ခက်ခက်ခဲခဲ အမှုဖော်ထု/တ်ပုံတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် drama တစ်ခုပါ။
ဒီနေ့စပြမှာပဲဖြစ်ပါတယ်
Link 👇
https://t.me/+eHC2IcCRVQI1NWNk
www.mkschannel.org
27 301
Rebel Moon – Part Two: The Scargiver
Rebel Moon – Part Two: The Scargiver 2024
Rebel Moon Part 2 (2024)
Zack Snyder ရဲ့ Rebel Moon က Part 2 အဖြစ်ဆက်လက်ထွက်ရှိလာပါပြီ။ Snyder ရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး အောင် မြင်မှု အတော်အတန်ရခဲ့တဲ့ အရင်က Part 1 ဟာ Snyder ရဲ့လက်ရာကိုသဘောကျတဲ့ ဖန်များအတွက် Man of Steel နောက်ပိုင်း နှစ်ခြိုက်စရာလက်ရာတစ်ခုအဖြစ် ထပ်တိုးလာခဲ့ပါတယ်။
ဒီ Part 2 မှာတော့ Motherworld ကိုအံတုဖိုလူစုခဲ့ကြတဲ့ ကိုရာနဲ့ဂူနာအပါအ၀င် ဂြိုဟ်အသီးသီးက သူရဲကောင်း ၆ ယောက်ဟာ ဗိုလ်ချုပ်ကြီးနိုဘယ်သေဆုံးပြီလို ယုံကြည်ခဲ့ကြပြီးတဲ့နောက် Veldt ကိုပြန်လာခဲ့ကြပါတယ်။ ဒါပေမဲ့ နိုဗယ်ဟာ ထင်သလိုမသေခဲ့ဘဲ ကုသမှုခံယူနေခဲ့ပြီး ၅ ရက်အတွင်း Veldt ကိုပြန်စစ်ချီဖို ပြင်နေကြောင်းသိလိုက်ရတဲ့အခါ သူရဲကောင်း ၆ ယောက်နဲ့ လယ်သမားတွေသာရှိနေတဲ့ Veldt အတွက် ဒီကျူးကျော်မှုရန်ကို ကြိုးစားတွန်းလှန်ရပါတော့တယ်။
Rebel Moon Frenchise မှာ ၆ ကားပါ၀င်နိုင်တယ်လို Snyder က အင်တာဗျူးတစ်ခုမှာဖြေဖူးထားတာရှိပါတယ်။ Frenchise…
https://mkschannel.org/?movies=rebel-moon-part-two-the-scargiver