cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ရဋ္ဌနန္ဒက🇲🇲 (တရားသောစစ်)

(စစ်တို့မည်သည် မတရားတာ မရှိ) ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ပိုင်အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်လိုသည့် စိတ်စေတနာဖြင့် အမှီခိုကင်းစွာ ရပ်တည် တင်ပြပေးနေခြင်းဖြစ်ပါကြောင်း

إظهار المزيد
مشاركات الإعلانات
1 794
المشتركون
-224 ساعات
+107 أيام
-530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Repost from Ko Thet
ကျနော့ရဲ့ You tube Channel အသစ်လေးပါ အဆင်ပြေရင် Join ပေးကြပါဦး ချစ်မိတ်ဆွေများ ❤️ https://www.youtube.com/channel/UCDF3svmxxUMAPFILhwFZkgA
إظهار الكل...
👍 15
Repost from Ko Thet
''စစ်မှု့ထမ်းဥပဒေ အမျိုးသမီးတွေ ဆင့်ခေါ်ဖို့ လိုသလား'' နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြည်သူစစ်မှု့ထမ်းဥပဒေမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုလိုက်တာ တွေ့ရတယ်။ ဒီပြောဆိုချက်ကြောင့် သတ်မှတ်ချက်မှာ ပါဝင်တဲ့ အမျိုးသမီးတွေ အနေနဲ့ စစ်မှု့ထမ်းဆောင်ဖို့ မလိုအပ်သေးဘူးလို့ မှတ်ရမှာပဲ။ ဖေ ၁၀ ဒီဥပဒေ ထုတ်ပြန်ပြီးကတည်းက အမျိုးသမီးတွေကိုတော့ စစ်မှု့ထမ်းဆောင်ဖို့ ခေါ်မှာ မဟုတ်သေးဘူးလို့ သုံးသပ်မိခဲ့တာက မနေ့က နစက ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောဆိုချက်ကြောင့် မိမိသုံးသပ်ချက်က မှန်ကန်ခဲ့ပြီး သေချာသွားတာတွေ့ရတယ်။ ————————- ဒါ့အပြင် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှု့ထမ်း ဥပဒေအရ အကြုံးဝင်သူ ၁၃ သန်းမှာ အမျိုးသား ၆ သန်းကျော်ရှိတဲ့ အနက် ၁ ရာခိုင်နှုန်း ခန့် ၆ သောင်း နီးပါးသာ စတင် ခေါ်ယူသွားဖို့ ရှိတဲ့ အကြောင်းကိုလည်း ပြောသွားတာ တွေ့ရတဲ့အတွက် အမျိုးသားတွေလည်း အင်အားအနည်းငယ်ပဲ ထမ်းဆောင်ရဖို့ ရှိတယ်ဆိုတာ သေချာသွားစေတယ်။ ————————-- ထိုနည်းတူစွာ နစက ဥက္ကဋ္ဌ ဖေ ၁၃ မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်/ ဖေ ၁၄ မှာ ပြည်ပသံအမတ်ကြီး တာဝန်ထမ်းဆောင်မယ့်သူတွေနဲ့ တွေ့ဆုံချိန်နဲ့ ဖေ ၁၇ မှာ YMBA နဲ့ တွေ့ဆုံချိန်မှာလည်း စစ်မှု့ထမ်းဥပဒေအရ အကျုံးဝင်သူများထဲမှ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် အင်အား အနည်းငယ်သာ ခေါ်ဆောင်သွားမယ့် အကြောင်းနဲ့ အရန်စစ်မှု့ထမ်း ဥပဒေမှာလည်း အကုန်လုံးကို ပြန်ခေါ်မှာ မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်တဲ့ သူကိုပဲ ခေါ်ဆောင်သွားမယ်လို့ ထပ်တလဲလဲ ပြောဆိုခဲ့တာတွေဟာလည်း အမျိုးသားများတောင် အင်အားအနည်းငယ်ပဲ ခေါ်မှာ ဖြစ်တာကြောင့် ဖေ ၁၀ စစ်မှု့ထမ်းဥပဒေ စတင် ထုတ်ပြန်ကတည်းက အမျိုးသမီးတွေ ခေါ်မှာ မဟုတ်သေးဘူးလို့ မိမိသုံးသပ်ချက်ကို ပိုမို ခိုင်မာစေခဲ့တာလည်း ဖြစ်တယ်။
إظهار الكل...
စစ်မှုထမ်းဥပဒေ အမျိုးသမီးတွေ ဆင့်ခေါ်ဖို့ လိုသလား

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြည်သူစစ်မှု့ထမ်းဥပဒေမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပ...

👍 6
ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ နားလည်သဘောပေါက်စေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးမြို့တွင် လက်ကမ်းစာစောင်များဖြန့်ဝေ။ (21/2/2024) ရွှေနေကြာ
إظهار الكل...
👍 7
Repost from Ko Thet
ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ နားလည်သဘောပေါက်စေရန်အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့များတွင် လက်ကမ်းစာစောင်များဖြန့်ဝေ..😍😍 Saw Ba Maung 🕊 သတင်းမှန်များဖတ်ရန် KT Channel လေးကို နှိပ်ပါ။
إظهار الكل...
👍 2
Repost from Ko Thet
Photo unavailableShow in Telegram
အဲ့လိုတော့ ဖော်ကောင်မလုပ်သင့်ပါ .. မောင်ပြောင် 😏
إظهار الكل...
"ပြည်သူ့စစ်မှုထမ်းဥပဒေ"ဆိုတာ ------------------------------------- ၂၀၁၀ ခုနှစ် နို၀င်ဘာ ၄ ရက်နေ့မှာ နိူင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဥပဒေအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေအရ ၁။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသားအားလုံးနဲ့ ၂။ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများအားလုံး စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး စက်မှု လက်မှု အပါအ၀င် ကျွမ်းကျင်ပညာရှင်ဖြစ်လျှင်တော့…. ၁။ အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသားအားလုံးနဲ့ ၂။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများအားလုံး အကျုံး၀င်မှာ ဖြစ်တယ်။ ဘယ်သူတွေ ကင်းလွတ်ခွင့်ရမလဲဆိုတော့ ၁။ သာသနာ့ ၀န်ထမ်းတွေ( မည်သည့် ဘာသာမဆို ) ၂။ အိမ်ထောင်သည် အမျိုးသမီးတွေ၊ (သားသမီးရှိတဲ့ အိမ်ထောင်ပျက်အမျိုးသမီးတွေအပါ) ၃။ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ။ ၄။ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုတဲ့သူတွေ ကလွဲရင်  အကျုံးဝင်သူအားလုံးဟာ မဖြစ်မနေ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။ စစ်မှုထမ်းကာလကို ကာလတို ယာယီရွေ့ဆိုင်းခွင့်ပြုတဲ့သူတွေကတော့ ၁။ ယာယီဆေးအဆင့်နိမ့်နေသူများ ၂။ နိုင်ငံ၀န်ထမ်းများ ၃။ ပညာသင်ကြားနေသူများ ၄။ အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ ၅။ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများနဲ့ ၆။ ထောင်ဒဏ်ကျခံနေရသူများတို့ဖြစ်ပါတယ်။ ကာလတို ယာယီရွေ့ဆိုင်းခွင့်ရဲတဲ့သူတွေအနေနဲ့ ယာယီရွေ့ဆိုင်းခွင့်ပြုထားတုန်း အသက်ကန့်သတ်ချက် ကျော်လွန်သွားရင်လဲ ကင်းလွတ်ခွင့်မပြုပဲ ဆက်ပြီးတာ၀န်ထမ်းဆောင်ရမယ်။ စစ်မှုထမ်းကာလကတော့ ၁။ သာမန် လူတွေ အတွက် ၂ နှစ်ဖြစ်ပြီး ၂။ ပညာသည်တွေ အတွက်ကတော့ ၃ နှစ်ဖြစ်တယ်။ အရေးပေါ် အခြေအနေတွေမှာတော့ မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ တာ၀န်ထမ်းဆောင်ဖို့ သက်တမ်းတိုးမြှင့်နိုင်ပါတယ်။ စစ်မှုထမ်းဥပဒေအရ အမှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံရတဲ့မည်သူမဆို စစ်မှု စတင်ထမ်းတဲ့နေ့ကစပြီး ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို လိုက်နာရမှာဖြစ်ပြီး အပြစ်တစ်စုံတစ်ရာ ကျူးလွန်မယ်ဆိုရင်တော့ စစ်မှုထမ်းကာလအတွင်း စစ်တရားရုံးက ဖြစ်စေ၊ နယ်ဘက် တရားရုံးကဖြစ်စေ ချမှတ်တဲ့ပြစ်ဒဏ်ကာလကို စစ်မှုထမ်းကာလအတွင်း ထည့်သွင်း စဉ်းစားခြင်းမပြုပဲ သတ်မှတ်ကာလပြည့်သည်အထိ စစ်မှုထမ်းဆောင်ရပါမယ်။ အခွင့်အရေးတွေ အနေနဲ့ကတော့ စစ်မှုထမ်းကာလအတွင်း အဆင့်လိုက် လစာစားရိတ်များ ခံစားခွင့်ရရှိမှာဖြစ်ပြီး  တာ၀န်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက တပ်မတော်က သတ်မှတ်ထားတဲ့အတိုင်း ခံစားခွင့် များ ရရှိပါမယ်။ ပါရဂူဘွဲ့၊ အခြားအသက်မွေး ၀မ်းကျောင်းဘွဲ့နဲ့ သတ်မှတ်အရည်အချင်းပြည့်မီသူတွေကို …. ပြန်တမ်း၀င်အရာရှိအဖြစ် တိုက်ရိုက် ခန့်အပ်နိုင်တဲ့အချက်ကိုလည်း ထည့်သွင်းပြဌာန်းထားပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို မြို့နယ်/ ခရိုင် /တိုင်းဒေသကြီး / ဗဟို အဆင့်တွေအထိ ဖွဲ့စည်းသွားမှာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေက နှစ်စဉ် စစ်မှုထမ်းရန် အရွယ်ရောက်သူများစာရင်းကို မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေပဲ အရောက်ပေးပို့ရမှာ ဖြစ်တယ်။ မြို့နယ်အဖွဲ့က အသက်ပြည့်မီသူတွေကို ဆင့်ခေါ်ပြီး မှတ်ပုံတင်ထားရှိကာ လက်မှတ်ထုတ်ပေးသွားမှာဖြစ်ပြီး လက်မှတ်ရရှိသူတွေကိုတော့ ဆေးစစ်ဖိုဆင့်ခေါ်မှာ ဖြစ်တယ်။ စစ်မှုထမ်းဖို့ဆင့်ခေါ်စာကို သက်ဆိုင်ရာပုဂ္ဂိုလ်ကို တိုက်ရိုက်ပေးအပ်ရမှာဖြစ်ပြီး မတွေ့ရှိခဲ့ရင်တော့ မိသားစု၀င်တစ်ဦးဦးဆီ သက်သေတစ်ဦးရှေ့မှာ ပေးအပ်ရပါမယ်။ ဒါဟာ ဥပဒေအရ သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ မှတ်ယူပါမယ်။ ပြစ်ဒဏ်တွေကတော့ ပုဒ်မ ၂၃ အရ ၁။ မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ၂။ ဆေးစစ်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ၃။ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ၄။ မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို လိမ်လည်ရေးသားဖော်ပြရင် ၅။ စစ်မှုထမ်းဆောင်ပြီး နှစ်စေ့လို့ပြန်ရောက်လာတဲ့သူကို အလုပ်ရှင်က မူလအလုပ်/ရာထူးမှာ ခန့်အပ်ဖို့ ငြင်းဆန်ရင် ထောင်ဒဏ် ၃ နှစ် ထိကျခံရမှာဖြစ်တယ်။ ပုဒ်မ၂၄ အရ စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့အတွက် ၁။ ရောဂါရှိဟန်ဆောင်ခြင်း ၂။ တမင် ရောဂါရအောင်လုပ်ခြင်း ၃။ ရောဂါကိုမပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း ၄။ အနာတရ ဖြစ်အောင်လုပ်ခြင်းတို့အတွက် ကျူးလွန်သူက ထောင်ဒဏ်(၅)နှစ်ကျခံရမှာဖြစ်ပြီး စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲဖို့အတွက် အားပေးသူကူညီသူဟာ ၁။ အရပ်သားဆို ထောင်ဒဏ် (၁)နှစ် ….. ၂။ ၀န်ထမ်းဆို ထောင်ဒဏ်(၃)နှစ်ကျခံရမှာဖြစ်သလို ရဲအရေးပိုင်တဲ့ပြစ်မှုတွေအဖြစ် သတ်မှတ်ထားပါတယ်။ ပုဒ်မ ၂၃ နဲ့၂၄ ကို ကျုးလွန်သူတွေဟာ ပြစ်ဒဏ်ကျခံပြီးနောက် စစ်မှုထမ်းဆောင်ဖို့ ပြန်လည်သတင်းပို့ရမှာပဲဖြစ်ပါတယ်။ ဒီဥပဒေဟာ ပြဌာန်းထားပြီးဖြစ်လို့ သမ္မတ  သို့တည်းမဟုတ်  လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က အသက်သွင်းတဲ့နေ့မှာ စတင် အသက်၀င်မှာဖြစ်ပြီး လွှတ်တော်ကို တင်ပြစရာ မလိုတော့ပါ။ ဖိုးစီ https://t.me/rathtanandak966
إظهار الكل...
ရဋ္ဌနန္ဒက🇲🇲 (တရားသောစစ်)

(စစ်တို့မည်သည် မတရားတာ မရှိ) ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ပိုင်အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်လိုသည့် စိတ်စေတနာဖြင့် အမှီခိုကင်းစွာ ရပ်တည် တင်ပြပေးနေခြင်းဖြစ်ပါကြောင်း

👍 8
ရခိုင်ပြည်နယ်နောက်ဆုံးရတိုက်ပွဲသတင်း ========================== ၈ / ၂ / ၂၀၂၄ ရက်နေ့ (ရသေ့တောင်မြို့နယ်)   ယနေ့နံနက်ပိုင်း ၉ နာရီခွဲခန့်က ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းဖြစ်သည့် ၅၃၇ တပ်ရင်းအား AA အကြမ်းဖက်အဖွဲ့မှ ပြာပင်ရင်း၊ ခနောင်းကြီး၊ ဘက္ကားရွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နယ်မြေခံတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ (မောင်တောမြို့နယ်)   ယနေ့နံနက်ပိုင်း ၇ နာရီခန့်မှ ၁၁ နာရီအထိ ကိုးတန်ကောက် ရဲကင်းစခန်းအား  AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်ရပ်တပ်ဖွဲ့ဝင်များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီး/လေယာဉ်ပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် AA အကြမ်းဖက်အဖွဲ့ဝင်များ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြ ကြောင်း သိရှိရသည်။ (ရမ်းဗြဲမြို့နယ်)   ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရမ်းဗြဲမြို့၊ ပြည်သူ့ဆေးရုံနှင့် သိမ်တောင်ဘုရားကုန်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်စစ်ကြောင်းများမှ လက်ရှိအချိန်ထိ ရင်ဆိုင်ထိန်းချုပ်ထားကြောင်း၊  AA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုကြောင့်  လူနေအိမ်များပျက်ဆီးခဲ့ကြောင်း၊ ထိုသို့ပျက်ဆီးမှုအား တပ်မှဗုံးကြဲ၍ လူနေအိမ်များပျက်ဆီးနေသည်ဟုဆိုကာ အကြမ်းဖက်အားပေး မီဒီယာများမှ သတင်းမှားများဖြင့် လူထုအားဝါဒဖြန့်လှုံ့ဆော်လျက်ရှိနေသည်။ (မင်းပြားမြို့နယ်)   ယနေ့ နေ့လည်ပိုင်း (၁၂)နာရီခန့်က မင်းပြားမြို့အား ပြန်လည် သိမ်းပိုက်နိုင်ရေး အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်နေသည့် တပ်စစ်ကြောင်းရှိရာ ကျားရဲပြင် ကျေးရွာအား  AA အကြမ်းဖက်အဖွဲ့မှ ရှော့တိုက်ဒုံး (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိလူနေအိမ်အချို့ ထိမှန်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ (အမ်းမြို့နယ်)   ယနေ့ နေ့လည်ပိုင်း (၂)နာရီခန့်က အမ်းမြို့၊ ကဇူးကိုင်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် တပ်တောင်မြို့လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်စခန်းအား AA အကြမ်းဖက်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ချဉ်ကပ်လာသောကြောင့် နယ်မြေခံတပ်စစ်ကြောင်းမှ မြို့မပျက်ဆီးစေရေးအတွက် ရန်သူအငိုက်ရယူကာ ထိုးဖောက်ခဲ့ပြီး လက်ရှိအချိန်တွင် ပင်မတပ်နှင့် ပူးပေါင်းသွားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ (မြောက်ဦးနှင့် ကျောက်တော်တိုက်ပွဲသတင်းအား သီးခြားတင်ပြပေးပါမည်။)   နှစ်ဖက်တိုက်ပွဲများအတွင်း AA အကြမ်းဖက်အဖွဲ့မှ ဒဏ်ရာရ/သေဆုံး များပြားခဲ့ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။   AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း၊ ဘူးသီးတောင်/မောင်တောရှိ မွတ်ဆလင်များအား “ဗလီဆောက်ပေးမည်၊ လွတ်လပ်စွာသွားလာခွင့်ပေးမည်၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသည့် မွတ်ဆလင်များအား ပြန်ခေါ်ပေးမည်” ဟုစည်းရုံးကာ လူသစ်စုဆောင်းနေခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့် အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့် အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။ #MinChitOo https://t.me/minchitoo989989/31460
إظهار الكل...
Min Chit Oo

ရခိုင်ပြည်နယ်နောက်ဆုံးရတိုက်ပွဲသတင်း ========================== ၈ / ၂ / ၂၀၂၄ ရက်နေ့

👍 18
People Media - 29.1.2024.mp318.41 MB
👍 5
MHT News - 29.1.2024.m4a46.91 MB
Photo unavailableShow in Telegram
ခံဆယ်လို ရထားတဲ့ ဘွဲ့တံဆိပ်တွေ များလှပါလား😂😂😂 kyawswar
إظهار الكل...
👍 10
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.