ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Roll Number 41

Roll Number 41

الذهاب إلى القناة على Telegram

Created by Roll Number 41

إظهار المزيد
2 467
المشتركون
لا توجد بيانات24 ساعات
-147 أيام
-4730 أيام
أرشيف المشاركات
KMITL 📢 ဒီနှစ် KMITL လျှောက်ဖို့ပြင်နေတဲ့သူတွေ မသိတာတစ်ခုခုရှိရင် လက်ရှိ first year မှာ 50% scholarship နဲ့ biomedical engineering တက်နေတဲ့ ကျွန်တော့်သူငယ်ချင်း @kyinuenaingg ကို သွားမေးလို့ရပါတယ်။ ကျောင်းလျှောက်တာ scholarship လျှောက်တာကအစ တက်ဖြစ်ရင် ကျောင်းကိုရောက်တဲ့အထိ မသိတာတွေအကုန်လုံးကို အတိုင်းအတာတစ်ခုအထိ သူ ပြောပြပေးပါလိမ့်မယ်။ ဒါလေး ကြော်ငြာလာဝင်တာပါ။
11 يناير, 09:59

ကျွန်တော် အသက် ၁၇ နှစ်မှာ အိမ်ကထွက်လာခဲ့တယ်။ အားနေ program တွေပဲ ထိုင်လျှောက်လိုက် သွားလိုက် လုပ်ခဲ့တော့ အိမ်တံခါးဝကနေ တစ်ယောက်တည်း luggage ဆွဲပြီးထွက်တာက သိပ်စိမ်းတဲ့ experience တော့မဟုတ်ခဲ့ပေမယ့် ဒီတစ်ခါက မတူဘူး။ ဘယ်အချိန်မှ အိမ်ပြန်ရောက်မလဲ မသိခဲ့လို့။ လေယာဥ်က မနက်စောစောကွင်းချိန်းပေမယ့် အိပ်လို့မပျော်ခဲ့ဘူး။ တစ်အိမ်လုံးအိပ်နေပြီဆိုတော့ “Forever young” သီချင်းကို တိုးတိုးလေးဖွင့်ရင်း အခန်းထဲက ရှုပ်ပွနေတဲ့ ကျွန်တော့် ပစ္စည်းတွေ တစ်ခုချင်း လိုက်ကြည့်ခဲ့တယ်။ program certificate တွေ၊ တိုက်ကွမ်ဒို လက်မှတ်တွေ၊ လည်ဆွဲကတ်တွေ၊ အဖြစ်အပျက်တစ်ခုချင်းစီက ခေါင်းထဲပေါ်လာတော့ အထပ်ထပ်အခါခါ တွေးမိနေတာက “ကျေနပ်တယ်” ဆိုတဲ့အတွေး တကယ်လည်း နောင်တ မရှိခဲ့ဘူး။ ဆယ်ကျော်သက် ဘဝဆိုတာ မိဘတွေအပေါ်နည်းနည်းဆိုးမိတာကလွဲရင် လုပ်ချင်တာတွေ အကုန်လုပ်ပြီး ဖြတ်သန်းခွင့်ရခဲ့တယ်ပေါ့လေ။ နောက်နေ့ မနက်ရောက်တော့ ၂ နာရီပဲ အိပ်ထားတဲ့ မျက်ကွင်းတွေနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တယ်။ လေဆိပ်ရောက်တော့ မိဘတွေက စိတ်ချလက်ချထားခဲ့တယ်။ တစ်ယောက်တည်းလုပ်နိုင်တယ် ဆိုတာ သူတို့ ယုံပြီးသားမို့လို့ တစ်ယောက်တည်း လုပ်နိုင်အောင် လုပ်ပြရမယ် ဆိုတဲ့အတွေးက အဲ့အချိန်ကတည်းက ခေါင်းထဲမှာ ရှိနေခဲ့တယ်။ အိမ်စာချုပ်ချုပ်တာ၊ ရေပိုက်ပျက်တာ၊ စက်ဘီးပျက်တာ လိုမျိုး ကိစ္စသေးသေးလေးတွေကအစ Visa နဲ့လာတာကို 14 ရက် တံဆိပ်တုံးမှားထုပေးလိုက်လို့ immigration office ‌ရော လေဆိပ်ရော ပြန်ပြေးရတဲ့ ထောင်ကျနိုင်တဲ့ ကိစ္စအကြီးကြီးတွေအဆုံး၊ “လိုက်လုပ်ပေးမယ့် အမေ နဲ့ အဖေ မရှိဘူး” ကိုယ့်ကိုယ်ကိုယ် remind ပြန်လုပ်ရတယ်။ အိမ်က ကြိုက်တဲ့အချိန်ထွက်လို့ရပြီး ပြန်ချင်တဲ့အချိန်မှ ပြန်လို့ရတဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းရတယ်။ တစ်ယောက်တည်းနေတော့ သိသိသာသာလွတ်လပ်ပြီး သိသိသာသာ အထီးကျန်လာတယ်။ ဒီ လွတ်လပ်မှုကို ကြိုက်တာလား မကြိုက်တာလား သေချာ မခွဲနိုင်ပေမယ့် တဖြည်းဖြည်းအသားကျလာတာပါပဲ။ ကျွန်တော့်ထက် အသက်ကြီးတဲ့ အတန်းဖော်တွေက ရင့်ကျက်အောင် တစ်ခုချင်း သင်ပေးသလို ကိုယ်ကလည်း adapt လုပ်ရတယ်။ သောက်ကျိုးနည်း လူကြီးဘဝက တော်တော်ဆိုးပါတယ်။ Second semester ပြီးရင်တော့ ပြန်လာနိုင်အောင် ကြိုးစားပါဦးမယ်။ အမေ့ကို လွမ်းသလို ကျွန်တော့် ဂစ်တာလေး ကိုလည်း တော်တော်လွမ်းနေပြီ။ ကဲ ဒါပါပဲ။ ဒီစာဖတ်ပြီး ဘာမှတော့ မရလောက်ပါဘူး။ အကျိုးရှိတာတွေချည်းပဲတင်ရင် ပျင်းဖို့ကောင်းလို့ အကျိုးမရှိတာလေး တစ်ခုပါပေါ့။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
09 يناير, 04:09

photo content
09 يناير, 04:07

Scholarship Interview - tips from a scholarship student အားလုံးပဲ မင်္ဂလာပါ။ အခု scholarship တော်တော်များများလည်း စခေါ်နေပြီး interview season တောင်ရောက်တော့မယ် ဆိုတော့ ကိုယ့်အလှည့်တုန်းက ပြင်ဆင်ခဲ့ပုံတွေနဲ့ အတွေ့အကြုံအရ personal tip လေးတွေ ဒီ post မှာ ပြောပြသွားပါမယ်။ ဒီ content က ကိုယ်တစ်ယောက်တည်းရဲ့ အမြင်/ အတွေ့အကြုံဖြစ်တဲ့အတွက် စိတ်ဝင်စားမှ ဆက်ဖတ်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော်ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ, Thammasat University မှာ TISR scholarship နဲ့ first year တက်ရောက်နေပါတယ်။ ဆိုတော့ Interview ကိစ္စကို ပြန်သွားလိုက်ရအောင်။ ▪️ဘာမေးခွန်းတွေ မေးလေ့ရှိလဲ။ ပုံသေတော့ ပြောလို့မရဘူးပေါ့။ များသောအားဖြင့် “tell me about yourself” လိုမေးခွန်းမျိုးနဲ့ စတတ်ပြီး အဲ့မေးခွန်းကို ကိုယ် ဘယ်လိုပြန်ဖြေလဲ ပေါ်မူတည်ပြီး နောက်ထပ် မေးခွန်းတွေ ထပ်ပြီး မေးတတ်ပါတယ်။ အဓိကကတော့ မေဂျာနဲ့ ဆိုင်တာတွေ ပေါ့။ အဲ့တာအပြင် SOP, Portfolio ထဲ ထည့်ထားတာတွေပေါ်မူတည်ပြီးတော့လည်း သူတို့ သိချင်တာရှိရင် ထပ်ပြီး မေးတတ်ပါသေးတယ်။ ကိုယ့်တုန်းကဆိုရင် SOP ရော portfolio ရောက sustainability နဲ့ SDGs အကြောင်း အများကြီးပါတော့ TISR interview မှာ sustainability နဲ့ပက်သက်တာ တစ်ခု မေးပါတယ်။ အခက်ကြီးမဟုတ်ပါဘူး။ ▪️ဘာမေးမှန်းမသိတော့ ဘယ်လိုပြင်ဆင်ရမလဲ ဘာမေးခွန်းလာလာ confidence ရှိရှိနဲ့ သင့်တော်တဲ့ အဖြေကို ပြန်ဖြေနိုင်ရင် အဆင်ပြေတယ် လို့မြင်ပါတယ်။ perfect ဖြစ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံးချပြပါ။ မဟုတ်တာကို လုပ်ကြံပြီး ဖြေတာကိုတော့ အားမပေးပါဘူး။ Interviewer တွေက ခွဲတတ်ပါတယ်။ Personal experience အရဆိုရင် မှတ်မှတ်ရရ KMITL interview တုန်းက မထင်မှတ်ထားတဲ့မေးခွန်းတွေချည်းပဲ လာပေမယ့် လူကြီးတစ်ယောက်နဲ့ ပေါ့ပေါ့ပါးပါး conversation တစ်ခု တည်ဆောက်နေတယ် လို့တွေးပြီး ဖြေလိုက်တော့ အဆင်ပြေသွားပါတယ်။ interviewer ကတောင် communication skill ကောင်းတယ် လို့ချီးကျူးသွားပါသေးတယ်။ (အကြွားလေး တစ်ဖြတ် 😁) ဒီနေရာမှာ ပေါ့ပေါ့ပါးပါး ကိုမှ respect ရှိရှိ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေတတ်ဖို့ အရေးကြီးပါတယ်။ ❗️Personal tips❗️ ▫️အင်္ကျီ သပ်သပ်ရပ်ရပ်ဝတ်ပါ။ အောက်က ဘောင်းဘီကတော့ ကင်မရာထဲ မပေါ်တာမို့လို့ ပဂျားမား ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့နော်။ ကိုယ့်တုန်းကဆိုရင် shirt အဖြူနဲ့ tie အနီရောင် ကောက်စွပ်ပြီး ဝင်ဖြေတာပါ။ ▫️Internet လိုင်းကောင်းအောင် အကုန်စီစဥ်ထားပါ။ ▫️ဘာပဲမေးမေး မကြောက်ပါနဲ့။ English speaking စစ်နေတာ မဟုတ်လို့ ချက်ချင်း ပြန်ဖြေစရာမလိုပါဘူး။ ဘယ်လို အကောင်းဆုံးပြန်ဖြေရမလဲ ဆိုတာ စဥ်းစားလို့ရပါတယ်။ ▫️အခုမှ ကြားဖူးတဲ့ မေးခွန်းတွေကို make-up မလုပ်ပါနဲ့။ သူတို့သိပါတယ်။ ကြိုလေ့ကျင့်ထားရင်တော့ တစ်မျိုးပေါ့လေ။ လုံးဝ မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် authentic ဖြစ်ဖြစ် ချပြနိုင်ရင် အကောင်းဆုံးပါ။ ▫️risk များတဲ့ မေးခွန်းမျိုးတွေကို သေသေချာချာ စဥ်းစားပြီး ပါးပါးနပ်နပ် ဖြေပါ။ ကျောင်းတွေက အေးချမ်းစွာနေရင်း စီးဘွားရေး လူမှုရေး ဘာရေး ညာရေး နဲ့ မငြိချင်ကြပါဘူး။ ▫️“I know what I am doing” ဆိုတာကို သူတို့သိအောင် ချပြပါ။ ကိုယ်က ဘာစိတ်ဝင်စားတယ်၊ အနာဂတ် plan တွေ ဘယ်လိုရှိတယ်၊ ဒီမေဂျာ ဒီကျောင်းကို တကယ် တက်ချင်တယ် ဆိုတာကို သူတို့ မြင်အောင် ပြပါ။ ▫️ပြုံးထားပါ။ တည်ငြိမ်ဖို့ လိုပါတယ်။ မျက်နှာတည်ဖို့ မလိုပါဘူး။ ▫️Portfolio မှာ ဘာထည့်ထားတယ်၊ SOP မှာ ဘာတွေထည့်ရေးထားတယ် ဆိုတာ ပြန်ကြည့်တာဖြစ်ဖြစ် လုပ်ထားလို့ရပါတယ်။ ဒါပါပဲ။ Happy New Year ပါ။ ✨ အကုန်လုံး ကံကောင်းကြပါစေ။
01 يناير, 08:39

photo content
01 يناير, 08:38

Child dream’s scholarship မနေ့က စဖွင့်ပါတယ်။ Need-based မို့လို့ financially လိုအပ်နေတဲ့ ကျောင်းသားတွေကို ပေးမှာပါ။ ဒီနှစ်ပေးမယ့် မေဂျာ list ပါ Elementary Education - Asia-Pacific International University Media and Communication - Bangkok University Innovative Media Production - Bangkok University Economics - Chiang Mai University Environmental Science - Chiang Mai University Social Science - Chiang Mai University Software Engineering - King Mongkut's Institute of Technology Ladkrabang Public Health - Mae Fah Luang University Environmental Health - Mae Fah Luang University International Development - Mae Fah Luang University Civil Engineering - Thammasat University Global Studies and Social Entrepreneurship - Thammasat University Social Policy and Development - Thammasat University Politics and International Relations - Thammasat Unviersity ကျန်တဲ့ eligibility criteria တွေ နဲ့ application အဆင့်ဆင့်ကို သူတို့ facebook post မှာ ချပေးထားတဲ့ link ထဲဝင်ကြည့်လို့ရပါတယ်။ Facebook post link - https://www.facebook.com/share/p/17TRKwdo25/?mibextid=wwXIfr Child’s dream ကတော့ ကိုယ်တိုင် မလျှောက်ဖူးပေမယ့် ရထားတဲ့ အသိသူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပေးလို့ရတာမို့လို့ အကူမညီလိုအပ်ရင် လာခဲ့လို့ရပါတယ်။ ✨
02 ديسمبر 2025, 14:12

photo content
02 ديسمبر 2025, 14:12

TISR round 1 ဒီနေ့ကစပြီး application စဖွင့်ပါပြီ။ ဒီနှစ်ကတော့ ▪️Waiver of tuition fees and monthly stipend of 7,500 Baht ▪️Waiver of tuition fees ▪️Waiver of tuition fees by 50% ဆိုပြီး category အပြောင်းအလဲရှိပါမယ်။ bachelor ရော master ရော အောက်က website ထဲမှှာ offer လုပ်တဲ့ major တွေနဲ့ admission requirement တွေ အသေးစိတ်ဝင်ကြည့်လို့ရပါတယ်။ မေဂျာပေါ်မူတည်ပြီး admission requirement ကွဲပါလိမ့်မယ်။ https://oia.tu.ac.th/announcement-page/#tisr-annoucement-2026 ဒီလ အစတုန်းက Thammasat International Office Facebook page က တင်ထားတဲ့ post အရ Feb- March လောက် round 2 ထပ်ရှိပါလိမ့်မယ်။ ▫️FAQs - "stipend နဲ့ လောက်လား" လောက်အောင် သုံးရင် လောက်ပါတယ်။ မလောက်အောင် သုံးရင် မလောက်ပါဘူး။ အခန်းခ နဲ့ ကိုယ့်နေထိုင်မှုပုံစံပေါ်မူတည်ပါလိမ့်မယ်။ "မြန်မ‌ာကျောင်းက အထက်တန်းပြီးထားတယ်။ GED ပြန်ပြင်ရမလား" GED မဖြစ်မနေ တောင်းထားပါတယ်။ တွေ့မိသလောက် တက္ကသိုလ် နောက်ဆုံးနှစ်သမားတွေတောင် GED ပြန်ပြင်ရတာတွေရှိပါတယ်။ ကိုယ်က အထက်တန်းအဆင့်ပြီးထားရင်တော့ မဖြစ်မနေ ပြန်ပြင်ရမှာဖြစ်ပြီး တက္ကသိုလ်တတိယနှစ် တို့ နောက်ဆုံးနှစ်တို့ဆိုရင်တော့ ကျောင်းကို mail ပို့ပြီး မေးကြည့်တာ ပိုသေချာပါလိမ့်မယ်။ "SAT လိုလား" major ပေါ်မူတည်ပါတယ်။ ဥပမာ engineering တို့ business တို့ဆိုရင်တော့ သူတို့ပေးထားတဲ့ option တွေထဲက test တစ်ခုခုမဖြစ်မနေ ပြင်ရပါမယ်။ (SAT/ ACT etc) ကဲ အားလုံးပဲ good luck ပါ။ မသိတာရှိရင် လာမေးလို့ရပါတယ်။ (လောလောဆယ်တော့ ကျွန်တော် final ရှိလို့ reply နောက်ကျနိုင်ပါတယ်။ ၇ ရက်နေ့ နောက်ပိုင်းအားပြီဆိုတော့ သေချာလေး ဖြေပေးပါမယ်လို့ ။)
24 نوفمبر 2025, 06:34

photo content
24 نوفمبر 2025, 06:33

Information about Thammasat scholarship !! TISR Round 1 က Nov 1 to Dec 12 ခေါ်မယ် လို့အစ်ကိုတစ်ယောက် တင်ထားတ တွေ့ပါတယ်။ အတိအကျတော့ မတွေ့မိပေမယ့် လျှောက်ဖို့ စဉ်းစားထားတဲ့သူတွေအနေနဲ့ အခုကတည်းက portfolio, personal statement နဲ့ လိုအပ်တဲ့ document တွေ ကြိုပြင်ထားလို့ရအောင်ပါ။ https://oia.tu.ac.th/ TISR scholarship နဲ့ပက်သက်ပြီး ဒီ website မှာ TISR လို့ရိုက်ရှာလိုက်ရင် ဘာတွေလိုလဲ ကအစ လျှောက်လို့ရတဲ့မေဂျာအဆုံး အကုန်တွေ့မှာပါ။ ⚠️သတိပြုရမှာကတော့ application fee သွင်းရပါတယ်။ ထိုင်းဘဏ်နဲ့ပဲ ရတာဖြစ်တဲ့အတွက် ဘဏ်အကောင့်မရှိရင် ဘဏ်ကိစ္စ (လွှဲပေးတဲ့သူ ဘာညာ) ကြိုပြီး စုံစမ်းထားဖို့ အကြံပေးပါတယ်။ ကိုယ့်အလှည့်တုန်းက မသိဘဲ application deadline မှ submit လုပ်မလို့လုပ်တော့ တော်တော်လေး တိုင်ပတ်ခဲ့တာမို့လို့ပါ။
22 أكتوبر 2025, 06:44

ဒါနဲ့ စကားမစပ် ဒါလေး လောလောဆယ် နားထားပါတယ်။ လာမေးတဲ့သူတွေ ရှိလို့ပါ။ ကျန်တဲ့ ပညာရေးလမ်းကြောင်းတွေနဲ့ပက်သက်ပြီး သိချင်တာရှိရင်၊ အကူအညီလိုအပ်တာရှိရင် telegram @ANGEL_on_venus ကို အချိန်မရွေး လာမေးလို့ရပါတယ်။ အားလုံးပဲ ကောင်းသောညပါ။ 🌃
09 أكتوبر 2025, 15:32
09 أكتوبر 2025, ~20:13

photo content
09 أكتوبر 2025, 15:28
22 أكتوبر 2025, ~07:33

What to prepare for uni first year as a GED graduate (STEM major) Hello အားလုံးပဲ မင်္ဂလာပါ။ မတွေ့ရတာ ကြာပါပြီ။ 😁 ဒီနေ့ topic ကတော့ mid-term ဖြေထားတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး တက္ကသိုလ်မတက်ခင် ဘာတွေပြင်ဆင်ထားလို့ရလဲ ဆိုတာတွေကို ပြောပြပေးသွားပါမယ်။ အားနေတုန်း ဘာလုပ်ရမလဲ ပေါ့။ ကိုယ်က အထက်တန်းမပြီးခင် ကျောင်းနားပြီး ged ဖြေပြီး တက္ကသိုလ်တက်မယ်၊ STEM major တစ်ခုခု ယူဖို့ ပလန်ထားတယ်ဆိုရင် ဒီ content က အထောက်အကူဖြစ်မှာပါ။ (လက်ရှိတက်နေတဲ့ Thammasat Uni က Engineering Faculty အတွက်ပဲ focus ထားရေးထားတာ ဖြစ်ပါတယ်။) ✨ပထမဦးဆုံးအနေနဲ့ uni life ကတော့ တော်တော်လေးမိုက်ပါတယ်။ ကျောင်းက အဖွင့်အနေနဲ့ semester စစချင်းပဲ ကျောင်းသားတွေကို hotel တစ်ခုကို ၁ ညအိပ် ၂ ရက်ခေါ်သွားပြီး night party သဘောမျိုး ကျင်းပပေးလိုက်ပါတယ်။ တစ်ချို့ဆို အိမ်သာထဲ မှောက်တဲ့သူနဲ့ လမ်းပေါ်မှောက်နေလို့ ဆေးရုံတင်ရတဲ့သူနဲ့ ပွက်လောရိုက်ခဲ့တာပေါ့။ ပထမ ၂ ပတ် လောက်က chill, ပြီးတာနဲ့ cook ခံရပါပြီ။ First year မှာသင်ရတာက general ပဲဆိုတော့ civil ဖြစ်ဖြစ် mechanical ဖြစ်ဖြစ် အကုန်သင်ရတာ တူတူပါပဲ။ second year မှစကွဲပါတယ်။ Challenging အဖြစ်ဆုံးက Calculus နဲ့ Physics ပါ။ အဲ့မှာမှ Physics ကတော့ အေးဆေးပါတယ်။ တော်တော်လေး ခက်ပေမယ့် extra credits ပေးတာမို့လို့ အိပ်ဖြေတောင် အောင်ပါတယ်။ :3 Calculus ကတော့ မအေးဆေးပါဘူး။ ဒါပေမယ့် လိုက်မမှီလောက်တဲ့အထိ မခက်တာမို့လို့ စာလုပ်ရင် ရ၊ မလုပ်ရင် ကျမယ်ပေါ့။ (ကျွန်တော်ကတော့ မကျပေမယ့် စာသေချာမလုပ်ခဲ့လို့ ဖွတ်ဖြစ်နေပါတယ်။) 💀 နောက်ပြီး Chemistry Chem က G 10 စာလောက်သိထားရင်ကို အိုကေပါတယ်။ စာအသစ်တွေနဲ့ မှတ်ရတာတွေတော့ အရမ်းများပါတယ်။ Mid-term ကာလကတော့ တစ်ဖွဲ့လုံး ဟီးဟီးဟီးပါပဲ။ physics ဆိုရင် ဖြေဖို့ ၁ နာရီအလိုမှ ဆရာက လွန်ခဲ့တဲ့ ၃ ရက်က သင်လိုက်တဲ့ အခန်းအသစ် ၂ ခန်းကို စကြည့်ကြတာပါ။ (တကယ်ပါ) စာမေးပွဲမှာ အဲ့ထဲက တစ်ပုဒ်ပါလာတော့ ဟီးဟီးဟီး ထပ်ဖြစ်ကြပါတယ်။ formula sheet ထဲက ဆိုင်ဆိုင်မဆိုင်ဆိုင် ကောက်ရေး ဟိုရွှေ့ ဒီ ရွှေ့။ ▪️ဘာတွေပြင်ထားရမလဲ။ Calculus - limits, differentiation, integration, ဒါတွေကြိုလုပ်ထားလို့ရပါတယ် Physics - AP Physics မှာ ပါတဲ့ content တွေ တော်တော်လေးဆင်ပါတယ်။ Khan Academy မှာ လေ့လာလို့ရပါတယ်။ အချိန်ပိုနေရင် AutoCAD နဲ့ Python လည်း လေ့လာထားလို့ရပါတယ်။ ကျောင်းမှာက ပွဲတွေလည်း အများကြီး၊ စာတွေလည်း အများကြီး ဆိုတော့ စာလုပ်ရတာ ပျင်းရင်တော့ Engineering is not a good choice ပါ။ ဒါပေမယ့် စာပုံမှန်လုပ်ရင် ဘာမှမဖြစ်ပါဘူး။ (မကျပါဘူး) အာ နောက်ဆုံးအနေနဲ့ TISR scholarship လျှောက်ဖို့ပြင်နေတဲ့သူတွေ အနေနဲ့ TISR round 1 က ပုံမှန် Dec/ Jan လောက်ခေါ်ပါတယ်။ အတိအကျ ပြောလို့မရတော့ ခေါ်ရင်တော့ ဒီမှာ တင်ပေးပါမယ်။ TISR နဲ့ပက်သက်ပြီး ကျွန်တော့်ဆီက အကူအညီ တစ်ခုခု လိုအပ်ရင် လောလောဆယ် ချိတ် ရဲ့ “တက္ကသိုလ်များဆီသို့” program မှာ ရှိနေပါမယ်။ အချိန်ညှိပြီး free one-on-one guidance ယူလို့ရတဲ့ အစီအစဉ်ပါ။ post link https://m.facebook.com/story.php?story_fbid=pfbid0Q7sWM4JoiMSHWSw2d2mnU9YWHWCewzGkVqybVnnZctUBaPhKtjoFoeC61gDXftMjl&id=61557409119325 ဒီလောက်ပါပဲ ဒီနေ့ကတော့။ နောက်ထပ် content ကတော့ စဉ်းစားလိုက်ပါဦးမယ်။ အချိန်ပေးပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ (အောက်ကပုံကတော့ ကျောင်းထဲက ဖွတ်ပါ။)
09 أكتوبر 2025, 15:28
22 أكتوبر 2025, ~07:33

What to prepare for uni first year as a GED graduate (STEM major) Hello အားလုံးပဲ မင်္ဂလာပါ။ မတွေ့ရတာ ကြာပါပြီ။ 😁 ဒီနေ့ topic က ကိုယ်ကိုယ်တိုင်အတွက်လည်း အများကြီး စိတ်ပူခဲ့ရတဲ့ topic တစ်ခုဖြစ်ပါတယ်။ “စာမလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ” ပေါ့ အခုကတော့ mid-term ဖြေထားတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး တက္ကသိုလ်မတက်ခင် ဘာတွေပြင်ဆင်ထားလို့ရလဲ ဆိုတာတွေကို ပြောပြပေးသွားပါမယ်။ အားနေတုန်း ဘာလုပ်ရမလဲ ပေါ့။ ကိုယ်က အထက်တန်းမပြီးခင် ကျောင်းနားပြီး ged ဖြေပြီး တက္ကသိုလ်တက်မယ်၊ STEM major တစ်ခုခု ယူဖို့ ပလန်ထားတယ်ဆိုရင် ဒီ content က အထောက်အကူပြုမှာပါ။ (လက်ရှိတက်နေတဲ့ Thammasat Uni က Engineering Faculty အတွက်ပဲ focus ထားရေးထားတာ ဖြစ်ပါတယ်။) ✨ပထမဦးဆုံးအနေနဲ့ uni life ကတော့ တော်တော်လေးမိုက်ပါတယ်။ ကျောင်းက အဖွင့်အနေနဲ့ semester စစချင်းပဲ ကျောင်းသားတွေကို hotel တစ်ခုကို ၁ ညအိပ် ၂ ရက်ခေါ်သွားပြီး night party သဘောမျိုး ကျင်းပပေးလိုက်ပါတယ်။ တစ်ချို့ဆို အိမ်သာထဲ မှောက်တဲ့သူနဲ့ လမ်းပေါ်မှောက်နေလို့ ဆေးရုံတင်ရတဲ့သူနဲ့ ပွက်လောရိုက်ခဲ့တာပေါ့။ ပထမ ၂ ပတ် လောက်က chill, ပြီးတာနဲ့ cook ခံရပါပြီ။ First year မှာသင်ရတာက general ပဲဆိုတော့ civil ဖြစ်ဖြစ် mechanical ဖြစ်ဖြစ် အကုန်သင်ရတာ တူတူပါပဲ။ second year မှစကွဲပါတယ်။ Challenging အဖြစ်ဆုံးက Calculus နဲ့ Physics ပါ။ အဲ့မှာမှ Physics ကတော့ အေးဆေးပါတယ်။ တော်တော်လေး ခက်ပေမယ့် extra credits ပေးတာမို့လို့ အိပ်ဖြေတောင် အောင်ပါတယ်။ :3 Calculus ကတော့ မအေးဆေးပါဘူး။ ဒါပေမယ့် လိုက်မမှီလောက်တဲ့အထိ မခက်တာမို့လို့ စာလုပ်ရင် ရ၊ မလုပ်ရင် ကျမယ်ပေါ့။ (ကျွန်တော်ကတော့ မကျပေမယ့် စာသေချာမလုပ်ခဲ့လို့ ဖွတ်ဖြစ်နေပါတယ်။) 💀 နောက်ပြီး Chemistry Chem က G 10 စာလောက်သိထားရင်ကို အိုကေပါတယ်။ စာအသစ်တွေနဲ့ မှတ်ရတာတွေတော့ အရမ်းများပါတယ်။ mid-term က formula sheet ပေးယူတော့ ပြဿနာမရှိပေမယ့် final က ပေးမယူတော့ ဘယ်လိုလာမလဲ မသိပေးပါဘူး။ wish me luck. Mid-term ကာလကတော့ တစ်ဖွဲ့လုံး ဟီးဟီးဟီးပါပဲ။ physics ဆိုရင် ဖြေဖို့ ၁ နာရီအလိုမှ ဆရာက လွန်ခဲ့တဲ့ ၃ ရက်က သင်လိုက်တဲ့ အခန်းအသစ် ၂ ခန်းကို စကြည့်ကြတာပါ။ (တကယ်ပါ) စာမေးပွဲမှာ အဲ့ထဲက တစ်ပုဒ်ပါလာတော့ ဟီးဟီးဟီး ထပ်ဖြစ်ကြပါတယ်။ formula sheet ထဲက ဆိုင်ဆိုင်မဆိုင်ဆိုင် ကောက်ရေး ဟိုရွှေ့ ဒီ ရွှေ့။ ▪️ဆိုတော့ ဘာတွေပြင်ထားရမလဲ။ Calculus - limits, differentiation, integration, ဒါတွေကြိုလုပ်ထားလို့ရပါတယ် Physics - AP Physics မှာ ပါတဲ့ content တွေ တော်တော်လေးဆင်ပါတယ်။ Khan Academy မှာ လေ့လာလို့ရပါတယ်။ အချိန်ပိုနေရင် AutoCAD နဲ့ Python လည်း လေ့လာထားလို့ရပါတယ်။ ကျောင်းမှာက ပွဲတွေလည်း အများကြီး၊ စာတွေလည်း အများကြီး ဆိုတော့ စာလုပ်ရတာ ပျင်းရင်တော့ Engineering is not a good choice ပါ။ ဒါပေမယ့် စာပုံမှန်လုပ်ရင် ဘာမှမဖြစ်ပါဘူး။ (မကျပါဘူး) အာ နောက်ဆုံးအနေနဲ့ TISR scholarship လျှောက်ဖို့ပြင်နေတဲ့သူတွေ အနေနဲ့ TISR round 1 က ပုံမှန် Dec/ Jan လောက်ခေါ်ပါတယ်။ အတိအကျ ပြောလို့မရတော့ ခေါ်ရင်တော့ ဒီမှာ တင်ပေးပါမယ်။ TISR နဲ့ပက်သက်ပြီး ကျွန်တော့်ဆီက အကူအညီ တစ်ခုခု လိုအပ်ရင် လောလောဆယ် ချိတ် ရဲ့ “တက္ကသိုလ်များဆီသို့” program မှာ ရှိနေပါမယ်။ အချိန်ညှိပြီး free one-on-one guidance ယူလို့ရတဲ့ အစီအစဉ်ပါ။ post link https://m.facebook.com/story.php?story_fbid=pfbid0Q7sWM4JoiMSHWSw2d2mnU9YWHWCewzGkVqybVnnZctUBaPhKtjoFoeC61gDXftMjl&id=61557409119325 ဒီလောက်ပါပဲ ဒီနေ့ကတော့။ နောက်ထပ် content ကတော့ စဉ်းစားလိုက်ပါဦးမယ်။ အချိန်ပေးပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
09 أكتوبر 2025, 15:23
09 أكتوبر 2025, ~15:24

09 أغسطس 2025, 23:24

FAQs - အသက်မကန့်သတ်ထားပါဘူး။ မနှစ်ကဆိုရင် ၁၄ နှစ် ကနေ ၁၉ နှစ်အထိ ပါပါတယ်။ - air-tickets, accommodation, အကုန် fully-funded ပါ။ - high school students ဆိုတာမှာ GED, IGCSE, gov school, home school အကုန်ရပါတယ်။ GED ဖြေပြီးထားလည်း uni student မဟုတ်ရင် လျှောက်လို့ရပါတယ်။ - ဂျပန်စာ တတ်ဖို့ မလိုပါဘူး။ နောက်ထပ်သိချင်တာတွေကိုတော့ webinar မှာမေးလို့ရပါမယ်။ အဲ့တာက ဒီနေ့ post တင်ဖြစ်မှာဆိုတော့ ဒီမှာလည်း share ပေးပါ့မယ်။ လျှောက်ထားတဲ့သူတွေအကုန်လုံးလည်း good luck ပါ။ 🍀
09 أغسطس 2025, 00:02

hellllooo အားလုံးပဲ မင်္ဂလာပါ။ သတင်းကောင်းတစ်ခုရှိပါတယ်။ ကျွန်တော် မနှစ်ကသွားခဲ့တဲ့ JENESYS SDGs x Sports exchange program က အခုခေါ်နေပါတယ်။ JENESYS ဆိုတာက ASEAN နိုင်ငံအကုန်လုံးက participant တွေကိုခေါ်တဲ့ ၇ ရက်တာ fully-funded Japanese exchange program တစ်ခု ဖြစ်ပါတယ်။ requirement က high school students ဖြစ်ရမယ်လို့ တစ်ခုပဲ တောင်းထားတာဆိုတော့ စိတ်ဝင်စားရင် တကယ် လျှောက်ကြည့်သင့်တဲ့ program တစ်ခုပါ။ သန်ဘက်ခါ ညကျရင်လည်း မနှစ်ကသွားခဲ့တဲ့ alumni တွေကနေပြီးတော့ webinar တစ်ခုလုပ်ပေးဖို့ ရှိတာမို့ အဲ့အကြောင်းကိုလည်း အသေးစိတ် ထပ်တင်ပေးပါမယ်။ မလျှောက်ခင် သိချင်တဲ့ဟာတွေ အကုန်လုံးမေးလို့ရအောင်ပါ။ https://www.facebook.com/share/p/1AtT5b62hq/?mibextid=wwXIfr ဒါကတော့ original post ပါ။ https://www.facebook.com/share/v/172vkGN3vw/?mibextid=wwXIfr ဒါက experience sharing လုပ်ထားတဲ့ post ပါ။ ကျွန်တော့်ပုံတွေချည်းပဲ ဆိုပေမယ့် စိတ်ဝင်စားတဲ့သူတွေ ဝင်ကြည့်လို့ရပါတယ်။ 😁
08 أغسطس 2025, 23:54

photo content
08 أغسطس 2025, 23:53

form မှာဝင်ဖြည့်ထားတဲ့သူတွေ အတွက် Q and A session recording လေးပါ။
08 أغسطس 2025, 13:58

08 أغسطس 2025, 13:57