¯`·.· 🎀𝓕𝓸𝓻 𝔂𝓸𝓾🎀 ·.·`¯🫂🤝💌🪞
الذهاب إلى القناة على Telegram
ခွန်အားပေးစာများ ပုံပြင်/ ဟာသ သုတဆိုင်ရာစသဖြင့် လိုချင်တာ သိချင်တာ လေးတွေ Request နိုင်သလို crdစာတိုလေးတွေ music အပိုင်းအစ audiobook funny photoတွေတင်ပေးပါ့မယ်ဗျ original writerနဲ့ createrအားလုံးကို လေးစားစွာ credit ပေးပါတယ် ♡ Since Date : 13,5,2024 ♡
إظهار المزيد287
المشتركون
لا توجد بيانات24 ساعات
-37 أيام
-330 أيام
أرشيف المشاركات
မနာလိုတတ်တဲ့ စိတ်ကို ရှောင်ကြည့်ပါ။
"Learn to clap on others victory.
Your time will come."
ကိုယ့်ဖြစ်တည်မှုကို လက်ခံပါ၊
တန်ဖိုးထားပါ၊ လေးစားပါ။
ကိုယ်လျှောက်နေတဲ့လမ်းကိုပဲ
အာရုံစိုက်ပါ။
မိမိရဲ့ Energy တွေကို သူတို့ကြောင့်နဲ့ negative vibe မဖြစ်ပါစေနဲ့။
- စိတ်ခံစားမှုများကို ကုစားခြင်း
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Book_Summary
മ ˕ മ #Crd_to_original_writer
"ပျောက်သောသူ ရှာရင်တွေ့
သေသောသူ ကြာရင်မေ့" တဲ့
မင်းကို မေ့ချင်လို့ သေပေးပါ့လားဟင်
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Just_for_fun
മ ˕ മ #Crd_to_original_writer
"The secret of change is
to focus all of your energy,
not on fighting the old,
but on building the new."
-Socrates
"ပြောင်းလဲခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ
အဟောင်းတွေကို တိုက်ထုတ်ဖို့
သင့်ရဲ့အင်အားတွေကို သုံးခြင်းမဟုတ်ပါ။
အသစ်အသစ်တွေကို
တည်ဆောက်တဲ့နေရာမှာ
သင့်ရဲ့အင်အားတွေကို
အသုံးချခြင်းပဲ ဖြစ်ပါတယ်။"
- ဆိုကရေးတီး
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #personal_growth
മ ˕ മ #Crd_to_original_writer
Love Language
ဒီစကားလုံးကို မြင်ရင် ပြေးမြင်မိတာက 'ဘယ်ကပဲ ပြန်လာပါစေ ချစ်လွန်းအတွက် အမြဲတမ်း ပန်းလေးတစ်ပွင့် ယူလာပေးတဲ့ ဉာဏထင်'ကိုပဲ။
လမ်းဘေးမှာ ပေါက်နေတဲ့ ပန်းလေးတစ်ပွင့်ဆိုရင်တောင် ချစ်ရသူက ပေးတဲ့အခါ တန်ဖိုးထားမြတ်နိုးရတာပါပဲ။
"ပန်းပေးတာက အရှုံးပေးတာပဲတဲ့။ အရှုံးပေးတယ်ဆိုမှတော့ ခင်ဗျားကို ချစ်လို့ပေါ့..... မဟုတ်ဘူး မချစ်ခင်ကတည်းက အရှုံးပေးချင်နေတဲ့ကောင်ပါ။" ဉာဏထင်
တစိမ့်စိမ့် ကြည့်တာမျိုးကိုလည်း သဘောကျတယ်။ကိုယ်က စကားပြောရတာ သဘောကျတဲ့သူဆိုတော့ ကိုယ်ပြောတဲ့စကားတွေကို တစိမ့်စိမ့်ကြည့်ရင်းနဲ့ နားထောင်ပေးတာမျိုးကို တကယ်သဘောကျတာ။ သူ့ကို တစိမ့်စိမ့် ကြည့်ရတာလည်း သဘောကျတယ်။ ဟဲ" စိတ်ကူးယဥ်တာမျိုးပေါ့ကွာ၊ တစ်နေ့တော့ ကိုယ့်ချစ်ရသူလေးကို ပြုံးပြီး တစိမ့်စိမ့်ထိုင်ကြည့်ချင်တာမျိုးလေ။
နောက်တစ်ခုက လက်ကိုင်ရတာပဲ။တစ်ခါမှတော့ လက်မကိုင်ဖူးပေမဲ့ပေါ့လေ ဟား"။ ကိုယ့်ရှေ့ လက်ကိုင်ထားတဲ့အတွဲလေးတွေ ဖြတ်သွားရင် အများကြီးသဘောကျရတယ်။ "မင်းအနားမှာ ကိုယ်ရှိနေတယ်" ဆိုတဲ့ ခံစားချက်မျိုးရတယ်ကွာ သိလား။
ကိုယ့်အတွက် ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်ခြင်းပဲ။ကိုယ့်ကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပျော်ရွှင်စေချင်တယ်။ ကိုယ်လည်းပဲ သူနဲ့အတူရှိနေရတာကို ပျော်ချင်တယ်။ ကိုယ့်အတွက် အရေးကြီးဆုံးက ပျော်ရွှင်ခြင်းပဲမို့ ကိုယ့်ကိုမပျော်ရွှင်စေဘူးဆိုရင် အဲ့ရပ်ဝန်းကနေ ထွက်ပြေးချင်စိတ်တွေပေါက်လာတတ်တယ်။ အဲ့တာကြောင့် အတူတူရှိနေဖို့ဆို သူရော၊ကိုယ်ရောက ပျော်ရွှင်နေဖို့လိုအပ်တယ်။ ပစ္စုပ္ပန်တိုင်းမှာ အတူရှိချင်တယ်၊ အတူကြိုးစားချင်တယ်၊ အတူတိုးတက်ချင်တယ်၊ အတူတူပျော်ချင်တယ်။ အတိတ်မှာ ဘယ်သူနဲ့ အတူရှိနေခဲ့တာ၊ အနာဂတ်မှာ ဘယ်သူနဲ့အတူရှိသွားမှာလဲဆိုတဲ့ အတွေးတွေထက် အခုလက်ရှိမှာ အတူရှိနေရပြီး ပျော်ရွှင်ချင်တယ်။ ဒီလောက်ပါပဲ။
ဒါကတော့ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အချစ်အပေါ် အတွေးအမြင်ပဲဆိုပါတော့။ အသက်တွေကြီးလာတဲ့အခါ ပြောင်းလဲသွားနိုင်တာမလို့ အခုလက်ရှိအတွေးလေးကို ချရေးပြီးသိမ်းထားချင်ပါတယ်။ နောက်ကြီးလာရင် ပြန်ဖတ်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့လေ။ -ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌› › › · @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Love_Language മ ˕ മ #My_feeling_own_words
ညိုတို့ဘက်မှာ မီးက ရက်ရှည်ပျက်သွားပါတယ်။ အဲ့တာကြောင့် ခွင့်လေးယူချင်ပါတယ်ရှင့်။ မီးပြန်လာရင် ပြန် run ပေးပါ့မယ်နော်။
꠶❥ #Carnelian
꠶❥ #PhooThitsarNyo
꠶❥ #Nyo
Zodiac Signs
ဘာလုပ်လုပ် Zodiac signs ကို လွှဲချတတ်တဲ့အဖွဲ့နဲ့ Zodiac signs ဆို လုံးဝအယုံအကြည်မရှိဘူးဆိုတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲနေတယ် သင်ကရော ဘယ်အဖွဲ့ကလဲ...?
ကျွန်မကတော့ အလယ်အလတ်ပါပဲ အစွန်းရောက်လွန်းတဲ့ ဘယ်အဖွဲ့ကိုမှ အားမပေးပါဘူး။
ဘာကြောင့်လဲဆိုရင်.....
Sun sign တစ်ခုတည်းနဲ့ ဒီလူတစ်ယောက်ရဲ့အကြောင်းကို သိနိုင်တာမျိုး မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ Birth chart မှာ ဂြိုဟ်အသီးသီး၊ House 12 ခုနဲ့ Zodiac signs 12 ခု ဆိုတာ ရှိပါတယ်။
ကိုယ် ချစ်တဲ့ Sign ရော၊ မုန်းတဲ့ sign ရောက ကိုယ့်ရဲ့ Birth chart မှာ ပါဝင်နေပါတယ်။
Sun sign တစ်ခုတည်းသိပြီး ငါက ဘာ sign မလို့ ဒီလိုဖြစ်နေတာဆိုပြီး မပြောပါနဲ့။ သင်က Zodiac sing တွေရဲ့ လွှမ်းမိုးမှုကိုတောင် မထိန်းချုပ်နိုင်တဲ့လူတစ်ယောက်ဆိုတာ ဂုဏ်ယူစရာဖြစ်မနေပါဘူး။
Sign တစ်ခုစီတိုင်းမှာ သူ့ရဲ့ positive & negative energy ဆိုတာ အမြဲရှိပါတယ်။ လောကကြီးဟာ အမြဲတမ်း balance ညီမျှနေပါတယ်။
သင့်ဘာသာ အဲ့ဒီ sign ရဲ့ positive energy ကို အသုံးမချနိုင်တာနဲ့ပဲ အဲ့ဒီ sign ကိုအပြစ်တင်မနေပါနဲ့။
ပြီးတော့ ဝါးလုံးရှည်နဲ့ ပတ်မရမ်းပါနဲ့။ လူတိုင်းက တူညီမနေပါဘူး။
ဒီလူကို တွေ့ဖူးတာနဲ့ပဲ အဲ့ဒီလူနဲ့ sign တူတဲ့လူမှန်သမျှကို လိုက်မုန်းမနေပါနဲ့၊
သင် မတွေးခေါ်တတ်တာ လူသိလိမ့်မယ်။
အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် ညို့ဆီကို လာခဲ့လို့ရပါ။ ညိုကိုယ်တိုင်လည်း လေ့လာနေတဲ့သူမလို့ လမ်းညွှန်ပေးနိုင်ပါတယ်။- ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌 › › › · @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Zodiac_Signs മ ˕ മ #My_feeling_own_words
သင့်ရဲ့အတိတ်က အရေးကြီးပါတယ်။
ဒါပေမဲ့ အနာဂတ်ကို မျှော်ကြည့်တာလောက် အရေးမကြီးပါဘူး
- John C.Maxwell
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Quote
മ ˕ മ #Crd_to_original_writer
ကိုယ့်ကိုယ်ကိုယ် ချစ်တာကလေ
ကိုယ့်ကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
မပေးနိုင်ပေမဲ့ အမြင့်ကို ပျံသန်းဖို့ အတောင်ပံတွေတော့ ပေးနိုင်တယ်တဲ့။
"Self-love won't give you butterflies,
but it will give you wings."
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Quote
മ ˕ മ #Crd_to_original_writer
"သက်မဲ့ကိုတောင်
စိတ်ကောက်တတ်တဲ့
တနင်္ဂနွေသမီးလေးအကြောင်း"
စာရေးသူ - Unknown
စာဖတ်သူ - ဖူးသစ္စာညို
🕯 @Carnelian_Nyo 💌
နောက်က အဘွားတွေ စကားပြောနေတာမလို့ ဆူသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့်။
အတတ်နိုင်ဆုံး ကြိုးစားပြီး
ဖတ်ပြထားပါတယ်ရှင့်
လိုအပ်ချက်လေးတွေရှိရင်
ထောက်ပြပေးဖို့လည်း
တောင်းဆိုပါရစေ.....
မူရင်းစာရေးသူအား
လေးစားလျက်.....
နားဆင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
နောက်ထပ် နေ့နံလေးတွေကိုလည်း Tue, Thurs, Fri ဒီသုံးရက်မှာ တင်ပေးသွားမှာပါနော်။ညို့ရဲ့ အသံနဲ့အတူ စိတ်ရဲ့အပန်းပြေမှုလေးကို ခံစားနိုင်ကြပါစေ။ ⋆ᶿ᷇ @NyoYuuchiwhisper ᶿ᷆⋆ ♪。♫ #Carnelian ♪。♫ #PhooThitsarNyo ♪。♫ #Sunday ♪。♫ #Crd_to_original_writer
"တစ်ခါတလေ စိတ်မပါဘဲလုပ်ရတဲ့
အလုပ်တွေက နောက်ဆုံးမှာ
ကိုယ့်အတွက် သိပ်ကို အရေးကြီးတဲ့အရာလဲ ဖြစ်သွားနိုင်တယ်လေ
အစပြုဖို့ဆိုရင် သိချင်စိတ်လေး
နည်းနည်းပဲ လိုမယ်"
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #personal_growth
മ ˕ മ #Crd_to_original_writerMain Character
လောကမှာ ဘယ်သူကတော့ အဓိကဇာတ်ကောင်ပါ၊ ဘယ်သူက အရံပါဆိုပြီး ပုံသေသတ်မှတ်ထားတာမျိုးမရှိဘူး။
မင်းရဲ့ နေထိုင်ပြုမူပုံပေါ် မူတည်ပြီး ဆုံးဖြတ်ပေးသွားလိမ့်မယ်။
ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ ကိုယ်က
Main character လို နေထိုင်ပါ။
ကိုယ့်ရဲ့ဘဝက ကိုယ့်အပေါ်မှာမူတည်ပြီး လည်ပတ်နေတာပါ။
ဒါပေမဲ့ မင်းက တခြားတစ်ယောက်ဆီက အာရုံစိုက်မှုခံရဖို့၊ အချစ်ခံရဖို့၊ ဂရုစိုက်ခံရဖို့ တကူးတကလုပ်ယူနေမယ်ဆိုရင်တော့ ဒါက မင်းကိုယ်မင်းအရံနေရာပို့လိုက်တာပဲ။
ကိုယ့်ကိုယ်ကိုယ် ချစ်ပေးပြီး ဂရုစိုက်ပြီး၊ ကိုယ့်ဟာကိုယ် လှအောင်နေ၊ ကိုယ့်ဘဝကိုပဲ အာရုံစိုက်။
ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဆိုတာ
ကိုယ့်ဘဝအတွက် ကောင်းတဲ့အရာတွေကိုပဲ ရွေးချယ်ဖို့ ပြောတာနော်။ မကောင်းတာတွေ လုပ်ခိုင်းတာမဟုတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်ခိုင်းတာ မဟုတ်ဘူး။
ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ကျန်းမာပျော်ရွှင်အောင်ထား၊ အပူတွေ ပေးတဲ့သူတွေကို ဝေးဝေးကရှောင်။ ကိုယ့်ကို အလေးမထားတဲ့သူတွေ၊ မကောင်းတဲ့သူတွေတွေ့ရင်လည်း ရှောင်။ အဲ့လိုလူတွေကြောင့် မခံစားရစေနဲ့။
ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစား၊ တစ်ယောက်တည်းလည်း ပျော်အောင်နေ၊ အထီးကျန်လို့ဆိုပြီး တွေ့ရာလူကို
မချစ်လိုက်နဲ့၊ မတွဲလိုက်နဲ့နော်။
နေ့ရက်တိုင်းမှာ ပျော်ရွှင်အောင်နေ၊ ကိုယ့်အကြောင်းကိုပဲ တွေး၊ မနေ့ကထက် ဒီနေ့ ပိုတိုးတက်လာအောင် ကြိုးစား၊ ကိုယ်လိုချင်တာတွေ ကိုယ်တိုင်ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစား ဒီလောက်ပါပဲ။
“Ladies and gentlemen, you deserve to be valued. Don’t forget to love yourself. You are the main character of your own life.”
- ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #For_Life
മ ˕ മ #My_feeling_own_words
മ ˕ മ #No_Copy
တချို့လူတွေက သင်ဘယ်လောက်ပဲ
ကောင်းအောင်နေနေ သင်လုပ်သမျှကို အဆိုးပဲ မြင်နေတတ်တယ်။
အဲ့လိုလူမျိုးတွေကို ရှင်းပြနေရင်
သင် ရှေ့ရောက်မှာ မဟုတ်ပါဘူး
ရှင်းပြဖို့ တကယ်လိုအပ်တဲ့အခါ
ရှင်းပြပြီး မလိုအပ်တဲ့အခါမှာတော့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ။
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Sarto
മ ˕ മ #Crd_to_original_writer
ကောင်းကင်မှာ ပျံသန်းနေတဲ့
ငှက်အချို့ကို ကြည့်ပြီး အားကျနေတယ်
ငါ ဘာလို့များ သူတို့လို
မပျံသန်းနိုင်ရတာလဲ ငါက ညံ့လိုက်တာလို့ တွေးနေတဲ့သူတွေရှိလား
တစ်ခါလောက်ဖြစ်ဖြစ်
ရေထဲ ဆင်းကြည့်လိုက်ပါ
မင်းဟာ သိပ်ကို ရေကူးကျွမ်းကျင်တဲ့
ငါးတစ်ကောင်လည်း ဖြစ်နေနိုင်တာပဲလေ
- မဖတ်ရ မြဲတတ်သည်
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Life_Knowledge
മ ˕ മ #Crd_to_original_writer
ကျွန်မက အလတ်ပါ
မနေ့ညက Tt မှာ video လေးတစ်ခု တွေ့ခဲ့ပါတယ်။ "အလတ်တွေပဲ သိတဲ့ခံစားချက်" အလတ်တွေက အပယ်ခံလိုဖြစ်နေတဲ့ video ပေါ့။
ကျွန်မမှာ မိဘနှစ်ပါးနဲ့ အကိုတစ်ယောက်၊ မောင်လေးတစ်ယောက်ရှိပါတယ်။ ကျွန်မလည်း သိတတ်စအရွယ်မှာတော့ အခြားသူတွေကြောင့် သိမ်ငယ်ခဲ့ဖူးတယ်၊ ဝမ်းနည်းခဲ့ဖူးပါတယ်။ ကျွန်မရင်ထဲ အမြစ်တွယ်နေတဲ့ဖြစ်ရပ်တစ်ခုက မုန့်ဖိုးပေးတာပါ။ အကြီးဆုံးမလို့ ပိုပေးတာ၊ အငယ်ဆုံးမလို့ ပိုပေးတာဆိုတာမျိုးပေါ့။
ဒါပေမဲ့ ကျွန်မ ကြီးလာတဲ့အခါ အဲ့ဒီသိမ်ငယ်မှုတွေ ပျောက်ခဲ့ရပါတယ်။ ကျွန်မရဲ့ မိဘတွေဟာ တန်းတူဆက်ဆံပါတယ်။ အကြီးဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကိုကိုနဲ့ကျွန်မ၊ အငယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာတော့ ကျွန်မနဲ့ မောင်လေးပေါ့။ မိဘတွေဟာ သူတို့နည်းနဲ့သူတို့ ချစ်ပေးနေပါတယ်။
ကျွန်မက အလတ်ပါ။
အစ်ကိုကြီး၊ အဖရာဆိုတဲ့အတိုင်း တာဝန်ကျေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ကျွန်မနဲ့အတူ ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ မောင်လေးလည်းရှိပါတယ်။
ကျွန်မက ကျန်းမာရေးရော၊ မိန်းကလေးဖြစ်တာရောကြောင့် ချူချာပါတယ်။ ပင်ပန်းရတဲ့အလုပ်တွေဆို ကိုကိုနဲ့ မောင်လေးက ရှေ့ဆုံးက လုပ်ရပါတယ်။ အဲ့ဒီလိုအချိန်တွေဆို "ငါ သက်သာတာပေါ့" ဆိုတဲ့ ကလေးဆန်ဆန်အတွေးတွေနဲ့ ပျော်မိသလို၊ "သူတို့က ပိုပင်ပန်းရတယ်" ဆိုတဲ့ အတွေးနဲ့ အားနာရပါတယ်။
သူတို့စိတ်ထဲမှာ "သူက သာတယ်၊ ငါက နာတယ်"ဆိုတဲ့ Victim mindset ရှိသွားမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ကျွန်မကိုယ်တိုင်လည်း အဲ့လိိုစိတ်မျိုး မဝင်မိအောင် ကြိုးစားပါတယ်။
ဒီကနေ ထူးဆန်းတဲ့ အကျင့်တစ်ခု ကျွန်မမှာ ရှိလာပါတယ်။ "ညီတူညီမျှ" ဖြစ်မှရမယ်ဆိုတဲ့ စိတ်ပါ။ မုန့်စားရင်တောင် ဘယ်တစ်လှည့်၊ ညာတစ်လှည့် ညီတူညီမျှ ဝါးပါတယ်။ 'မ' ဂဏန်းရှိတဲ့ မုန့်တွေဆို အလယ်ကတစ်ဝက်ခြမ်းပြီး နှစ်ဖက်လုံးနဲ့ ဝါးပါတယ်။ တစ်ခုက ပိုပြီး တစ်ခုက လိုနေတဲ့အခါ ကျွန်မစိတ်ထဲမှာ သက်တောင့်သက်သာမဖြစ်မှုကို ခံစားရပါတယ်။
ဒီစာလေးကို ရေးရတဲ့အကြောင်းရင်းကတော့ ကျွန်မခံစားချက်တွေကို နောင်တစ်ချိန်မှာ ဖတ်နိုင်ဖို့အတွက်နဲ့ စာဖတ်သူလေးကို ပြောစရာလေးရှိလို့ပဲ ဖြစ်ပါတယ်။
မိဘတွေရဲ့ ချစ်ခြင်းမေတ္တာဟာ ပုံသေနည်း မရှိပါဘူး။ ပမာဏ မတူသယောင် ထင်ရပေမဲ့ တန်ဖိုးကတော့ အတူတူပါပဲ။ ဒါကြောင့် ကျွန်မတို့ အလတ်တွေလည်း အပယ်ခံ မဟုတ်ပါဘူး။
မိဘဆိုတာ သားသမီးတိုင်းကို တန်းတူညီမျှ ချစ်မြတ်နိုးပါတယ်။ အကြီးဆုံးမလို့၊ အငယ်ဆုံးမလို့၊ အလတ်မလို့ဆိုတဲ့ ပိုတယ်၊ လိုတယ်ဆိုတာမျိုး မရှိပါဘူး။ သူတို့နည်း သူတို့ဟန်နဲ့တော့ ချစ်ပေးနေပါတယ်။
ဒါကြောင့် အခြားသူတွေရဲ့ ပြောဆို၊ပြုမူပုံတွေကြောင့် သိမ်ငယ်စိတ်မဝင်ပါနဲ့၊ မိဘတွေရဲ့ ချစ်ပုံချစ်နည်းကို မြင်အောင်ကြည့်ပါ။ မောင်နှမချင်း စိတ်ဝမ်းမကွဲပါနဲ့။ ပြီးတော့ အရေးကြီးဆုံးက "သူက သာတယ်၊ ငါက နာတယ်" ဆိုတဲ့ Victim role ကို ရောက်မသွားပါစေနဲ့။
စိတ်ဒဏ်ရာအချို့ဟာ မိသားစု၊ ငယ်ဘဝကနေ လာတတ်တာမလို့ အတွေးမမှားပါစေနဲ့။ စိတ်ဒဏ်ရာ သေးသေးလေးဆိုရင်တောင် တစ်ဘဝလုံးကို ထိခတ်နိုင်တာမလို့ သေချာလေးဂရုစိုက်ပေးပါ။
- ဖူးသစ္စာညို 🕯️ @Carnelian_Nyo 💌
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Family
മ ˕ മ #My_feeling_own_words
മ ˕ മ #No_Copy
မိန်းကလေးအများစုဟာ
Animation character တွေကို
ရုပ်ရည်ချောမောခြင်း၊
လူကြိုက်များခြင်းတို့ကြောင့်
ချစ်မိကြတာ မဟုတ်ပါဘူး...။
Animation character တွေရဲ့
စိတ်နေသဘောထား၊
အမျိုးသမီးတွေကို လေးစားစွာ
ဆက်ဆံပုံ၊ သစ္စာရှိမှု၊ ရိုးသားမှုနဲ့
အပြင်လောကက ယောကျ်ားအများစုမှာ မရှိတဲ့ စိတ်သဘောထားတွေကြောင့် စွဲလမ်းကြတာပါ...။
ထို Animation character တွေက
ကိုယ့်အနားမှာ မရှိနိုင်တာတောင်
ကိုယ့်ကို စိတ်ပျော်ရွှင်စေနိုင်ကြခြင်း
ကြောင့် ဖြစ်ပါတယ်....။
› › › · @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Fictional മ ˕ മ #Crd_to_original_writer"သဘောကျနှစ်သက်မိသောကြောင့် ပြန်ယူ၍တင်ခြင်းဖြစ်ပါတယ် မူရင်းရေးသားသူအားCrdအပြည့်အဝပေးပါတယ်"
❛❛အမေချစ်တာ အဖေမမှီဘူးလား❜❜
အဖေကကြမ်း၊ အမေနမ်းတော့
အမေ့ကို ချစ်တာပေါ့...
အဖေဆူ၊ အမေက...ချော့တော့
အမေ့ကို ချစ်မှာပေါ့...
အဖေကအဝေး၊ အမေထွေးတော့
အမေ့ကို ချစ်မှာပေါ့...
အဖေကရုန်းရ၊ အမေကပြုံးပြတော့
အမေ့ကို ချစ်တာပေါ့...
အဖေကငွေရှာ၊ အမေကဆင်ရှာတော့
အမေ့ကို ချစ်မှာပေါ့...
အဖေကချွေးပြို၊ အမေကတေးဆိုတော့
အမေ့ကို ချစ်တာပေါ့...
အဖေကမထွေး၊ အမေကကျွေးတော့
အမေ့ကို ချစ်ကြတာပေါ့...
အမေကမကြိုက်၊ အဖေကရိုက်တော့
အဖေ့ကို မုန်းတာပေါ့
အမေ့ပါးမှာက နံ့သာ
အဖေ့ပါးမှာ နေလောင်ရာ
အဖေ့ပါးပြင်...ထက်
အမေ့ပါးကို... နမ်း
ပိုချစ်ကြတာ မဆန်းပေမဲ့
ချစ်မေတ္တာက အတူတူ
အမေချစ်တာ... အဖေ
မမှီဘူးတဲ့လား.....?
ဆန်အိုးထဲက ဆန်
ဂလုံမဆန်အောင်၊ အပြည့်ထည့်
ဝမ်းစာရတတ်မပွေ
စားမခက်လေအောင်
အဖေ့မေတ္တာလက်နဲ့ ကြံဆောင်ထား
ဆန်အိုးထဲက ဆန်များပါ... သားရယ်
ဆီပုလင်းထဲက ဆီ
အဲ့ဒီမှာ
အဖေ့ချွေးစက်တွေက အစီအရီပါ
ဘယ်ပန်းချီ၊ မိုးပြိုကျ
ဥုံဖွဆိုပြီး
ရောက်လာတာ မဟုတ်ဘူးလေ
ဆီတစ်စက် အလိုကျ
အဖေ့ ချွေးစက်တွေက
ရင်းရခဲ့တာပေါ့ သမီးရယ်...
အမေဆင်တဲ့၊ အဝတ်အစား
အဖေ့ခွန်အားကို အရင်းထိုင်
ချည်တိုင်လက်နဲ့ သဒ္ဒါစက်ကိုတွဲ
အဖေ့ချွေးနဲ့ ယက်တဲ့
အဖေ့အကြင်နာ အခက်တွေပေါ့
အဖေဆူတဲ့ ဒေါသ
ခဏတာတော့ မောကြမှာပေါ့
ရင့်ကျက်လာတဲ့ တစ်နေ့
အဖေ့မေတ္တာ အရိပ်အငွေ့
မင်းတို့တတွေ ပြန်တွေ့ကြမှာပါ.....။
အဖေရိုက်တဲ့ လက်ဖဝါး
မင်းတို့အသည်း မနာပါနဲ့
ခဏတာ နာကျင်စေမှု မပါတဲ့
ဆန္ဒတွေအစား
အဖေတို့ရဲ့.....
ကရုဏာတရားတွေပါ....။
အဖေမပေးနိုင်တဲ့ မေတ္တာ
အဖေမပေးနိုင်တဲ့ နွေးထွေးမှု
အဖေမပေးနိုင်တဲ့ ဖြည့်ဆည်းမှုတွေ
အမေပေးတယ်လေ
အဲ့ဒီမှာတင် . . . . .
အဖေ့မေတ္တာက ရှုံးနေပါပြီ
ပြုံးနေတဲ့သား မျက်နှာ
လှနေတဲ့ သမီးကညာ
ဟိုးအဝေးက ခိုးကြည့်
မင်းတို့ မသိခဲ့ပါဘူး
ပျော်နေတဲ့ သားမျက်နှာ
ကျေနပ်နေတဲ့ သမီးကညာ
အိမ်ထောင့် တစ်နေရာကလေ
အဖေ့မျက်နှာ ပြုံးစိစိ
ဒါကို မင်းတို့မသိကြပါဘူး.....။
အိပ်ပျော်နေတဲ့ သားမျက်နှာ
နံ့သာတင်ထားတဲ့ သမီးမျက်နှာ
ခြေရင်းမှာ ငူငူရပ်
အပြောမတတ် စကားမချို
မျက်လုံးချိုချို သကာကိုချ
အဖေတဝကြီး ခိုးကြည့်
ဒါကို မင်းတို့ မသိကြပါဘူးလေ
လိုချင်တာရ ရှာတာချလို့
ခါးတွေလည်းလှ ဝမ်းတွေဝရင်လေ
ငါ့ဖို့ဆိုတာ နောက်ထား
ဖိနပ် ပါးလို့ အမြီးတို
ချွေးဆိုဆို နေပူကျဲ
လျှောက်ရဲခဲ့တာ အဖေပါ . . . . .။
မိုးပြိုလို့ တိမ်အောက်
ဆင်းရဲခြင်း ဇောက်နက်နက်ထက်
မိုးပေါက် ကြီးကြီးတွေကိုလည်း
ဒူးမထောက် လက်မမြောက်
အဖေ မကြောက်ခဲ့ပါဘူး
သားသမီးအတွက် ဆိုရင်လေ
ကိုယ့်ဘဝကို နင်းခြေ
အသည်းကြွေကာ ဘဝတွေဆုံး
ခန္ဓာတုံးလည်း အချစ်မပြယ်
အသက်ဆုံးလည်း မေတ္တာမပြယ်
လောကဓံကို ဖက်တွယ်ရင်းနဲ့
ဆင်းရဲခြင်းကို အံတု
အဖေ့မေတ္တာ အစုစုကို
မင်းတို့ နားလည်တဲ့တစ်နေ့ . . .
နောင်တ တကွေ့
နောင်မှ မတွေ့အောင်
အဖေ့ရင်ထဲက စကား
အဖေများရဲ့ မေတ္တာအများ
အဖေများရဲ့ ကရုဏာတရား
မချစ်ချင်ရင်တော့နေပါ သားရယ်
မခင်ချင်ရင်တော့နေပါ သမီးရယ်
အဖေ့များကိုတော့ မမုန်းကြပါနဲ့လို့
မှန်သောသစ္စာ ဖမေတ္တာကို
ဖော်ကာနှိုင်းစု၊ မရတုသည်
များခုလိမ္မာ သိနိုင်ပါစေ
သိကြားစေကြား သိစေသား
အဖေဆိုတာ နေ
အမေဆိုတာ လ
မေတ္တာမျှတာခြင်း အတူတူ
ဘယသူက ပိုသူ
ဘယ်သူက လိုသူ
မရှိရိုးထုံးစံ ဖြစ်အမှန်မို့
အဖြစ်ခြင်း မတူပေမဲ့
သားသမီးတွေအတွက်ဆို
စစ်ခင်းရဲတာခြင်း အတူတူ
ချစ်ကြတာခြင်းကလည်း အတူတူ
မမုန်းကြတာလည်း အတူတူပါပဲ. . .။
› › › · @Nyo_paradise295
മ ˕ മ #Carnelian
മ ˕ മ #PhooThitsarNyo
മ ˕ മ #Life_Knowledge
മ ˕ മ #Crd_to_original_writer
"အချစ်မလွန်မိပါစေနဲ့"
စာရေးသူ - ကိုသုတ
စာဖတ်သူ - ဖူးသစ္စာညို
🕯 @Carnelian_Nyo 💌
အတတ်နိုင်ဆုံး ကြိုးစားပြီး
ဖတ်ပြထားပါတယ်ရှင့်
လိုအပ်ချက်လေးတွေရှိရင်
ထောက်ပြပေးဖို့လည်း
တောင်းဆိုပါရစေ.....
မူရင်းစာရေးသူအား
လေးစားလျက်.....
နားဆင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ညို့ရဲ့ အသံနဲ့အတူ စိတ်ရဲ့အပန်းပြေမှုလေးကို
ခံစားနိုင်ကြပါစေ။
⋆ᶿ᷇ @NyoYuuchiwhisper ᶿ᷆⋆
♪。♫ #Carnelian
♪。♫ #PhooThitsarNyo
♪。♫ #Relationship
♪。♫ #Crd_to_original_writer
" Teacher "
"လူ့ဘောင်စည်းမျဥ်းနဲ့အညီ နေတတ်ဖို့ထက် အမှတ်ပေးစည်းမျဥ်းနဲ့အညီ ဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်"
စာရေးသူ - ဆရာငယ် & Kyi Hlaing
စာဖတ်သူ - ဖူးသစ္စာညို
🕯 @Carnelian_Nyo 💌
အတတ်နိုင်ဆုံး ကြိုးစားပြီး
ဖတ်ပြထားပါတယ်ရှင့်
လိုအပ်ချက်လေးတွေရှိရင်
ထောက်ပြပေးဖို့လည်း
တောင်းဆိုပါရစေ.....
မူရင်းစာရေးသူအား
လေးစားလျက်.....
နားဆင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ညို့ရဲ့ အသံနဲ့အတူ စိတ်ရဲ့အပန်းပြေမှုလေးကို
ခံစားနိုင်ကြပါစေ။
⋆ᶿ᷇ @NyoYuuchiwhisper ᶿ᷆⋆
♪。♫ #Carnelian
♪。♫ #PhooThitsarNyo
♪。♫ #Life
♪。♫ #Crd_to_original_writer
"တွန်းကန်ခြင်း"
ကျွန်မတို့တွေဟာ ငယ်ငယ်ကနေ ကြီးလာတဲ့အချိန်ထိ "ဖြစ်သင့်တဲ့အရာ" ဆိုတဲ့ ဘောင်တစ်ခုထဲမှာ ရှိနေခဲ့ပါတယ်။
ဒါကြောင့်ပဲ ကိုယ့်ရဲ့ အားနည်းတဲ့ဘက်ခြမ်းတွေ၊ လက်မခံနိုင်တဲ့အခြမ်းတွေကို အမြဲတမ်း ဖိနှိပ်ထားတတ်ကြပါတယ်။
ဒီလိုမျိုး ဖိနှိပ်ခံထားရတဲ့ အကျင့်စရိုက်တွေ၊ ခံစားချက်တွေဟာ မသိစိတ်ထဲမှာ ရှိနေပါတယ်။
ကိုယ် အတင်းအကျပ် ဖိနှိပ်ထားတဲ့အရာတွေကို တခြားသူတစ်ယောက်ဆီမှာ မြင်လိုက်ရတဲ့အခါ ကိုယ်ရင်မဆိုင်လိုတဲ့ အပိုင်းကို သတိရသွားပြီး အဲ့ဒီလူကို အလိုလိုနေရင်း မုန်းတီးလာတတ်ကြပါတယ်။
ကိုယ်က လူတစ်မျိုး ဒါမှမဟုတ် အကျင့်စရိုက်တစ်ချို့အပေါ်မှာ လုံးဝကြည့်လို့မရတဲ့အချိန်၊ လက်ခံလို့မရတဲ့အချိန်မျိုးဟာ "တွန်းကန်ခြင်း" လုပ်နေတာပါပဲ။ စိတ်ခံစားချက်ကို ရှောင်တိမ်းဖို့ နည်းပရိယာယ် တစ်မျိုးကို သုံးနေတာပဲဖြစ်ပါတယ်။
"ကျွန်မတို့က တခြားလူကို လက်ညှိုးထိုးပြီး ဝေဖန်နေတဲ့အချိန်မှာ လက်ဘယ်နှချောင်းက ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးထားပါသလဲ?"- "စစ်မှန်သော မိမိနှင့် တွေ့ဆုံခြင်း" › › › · @Nyo_paradise295 മ ˕ മ #Carnelian മ ˕ മ #PhooThitsarNyo മ ˕ മ #Book_Summary മ ˕ മ #psychology മ ˕ മ #Crd_to_original_writer
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
