Burmese Red Devils
الذهاب إلى القناة على Telegram
6 057
المشتركون
-124 ساعات
-287 أيام
-8130 أيام
أرشيف المشاركات
6 057
ဒဏ်ရာပြသနာကြောင့် ၆ ပတ်ကနေ ၈ ပတ်လောက် အနားယူရနိုင်ပြီး ဘောလုံးရာသီအစပွဲစဉ်တွေကို လွဲချော်နိုင်တယ်လို့ သတင်းထွက်နေတဲ့ မန်ယူနိုက်တက်ဂိုးသမား အန်ဒရေ အိုနာနာဟာ အသင်းမှာ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီလို့ သိရပါတယ် ။
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။
#AndreOnana
#ManchesterUnited
6 057
၁၂ တန်းအောင်သွားပြီ ဖြစ်တဲ့ မန်ယူနိုက်တက် ဂန္တဝင် သူငယ်ချင်းနှစ်ယောက် 🔴
#Burmese_Red_Devils
6 057
ဟွိုက်လန်းကတော့ ထုံးစံအတိုင်း လွဲကောင်းတုန်းပါ ။ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် တိုင်ထိလိုက်၊ ထောင်ကန်လိုက်နဲ့ လွဲကောင်းဆဲဖြစ်ပြီး အမော်ရင်အတွက် ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးတဦး လိုအပ်နေတာက ငြင်းမရပါဘူး ။
အမ်ဗြူမိုဝင်မကစားခဲ့ဘဲ ကွန်ညာကတော့ ထပ်ပြီးပါဝင်လာခဲ့ကာ သူလည်း ဂိုးမရသေးပါဘူး ။ ဖာနန်ဒက်စ်က ရာသီသစ်အတွက် အသင့်ဖြစ်နေပြီဖြစ်ပြီး လာမယ့်ရာသီလည်း သူပဲ အသင်းကို အဓိက မောင်းနှင်ပေးနေဦးမယ့် အနေအထားပါ ။
#ManchesterUnited
6 057
" သူတို့တွေက တကယ်ကို နှိမ့်ချတတ်တဲ့ ကစားသမားတွေပါ ။ သူတို့ ကျွန်တော်တို့ဆီ မပြောင်းခင်က သူတို့မှာ ရွေးခြယ်စရာတွေ အများကြီးရှိတယ် ၊ ပြီးတော့ လူတွေ ကျွန်တော်တို့အသင်းရဲ့အကြောင်းတွေ ဘယ်လောက်တောင်ပြောနေကြလဲ သူတို့ သိနေတာပဲ "
" ဒါတောင်မှ ကျွန်တော်တို့ဆီကို ရောက်အောင်လာခဲ့တယ် ။ အဲဒီအတွက် ကျွန်တော်တို့တွေ သူတို့ကို သေချာ ဂရုစိုက်ဖို့ လိုပါတယ် ။ ဒီလူစာရင်းနဲ့ ရာသီသစ်ကို အစပြုရမယ်ဆိုတော့ ကျွန်တော် ပျော်နေပါပြီ "
🎙️ရူဘင်အမော်ရင်
#RubenAmorim
6 057
မန်ယူနိုက်တက် နည်းပြ အမော်ရင်ကတော့ အသင်းကနေ အရောင်းတင်ခံထားရတဲ့ ကစားသမားတွေ အနေနဲ့ ရောင်းမထွက်ရင်တော့ အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး ကစားခွင့်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ် ။
“ အခြေအနေတွေက အသင်းနဲ့ပူးပေါင်းရဖို့ ညွှန်ပြလာရင်တော့ သူတို့တွေ အသင်းနဲ့ ပူးပေါင်းရမှာပါ၊ အသင်းက သူတို့ကို ရောင်းချဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး မှန်ကန်တဲ့စျေးနှုန်းမရရင် သူတို့ ဆက်ရှိနေမှာပါ၊ ကျနော်ကတော့ အသင်းအတွက် သူတို့ကို လက်ခံဖို့ အသင့်ပါပဲ၊ ကျနော့်အတွက်လည်း ရွေးချယ်စရာတွေ ပိုများလာမှာဆိုတော့ ဒါကလည်း ကောင်းပါတယ်”
🎙️ရူဘင်အမော်ရင် 🔴
ယူနိုက်တက်ဟာ အသင်းရဲ့အရောင်းစာရင်းမှာ မာလာစီယာ ၊ အန်တိုနီ ၊ ဆန်ချို ၊ ဂါနာချိုနဲ့ ရက်ဖိုဒ့်တို့ ရှိနေပြီး ရက်ဖိုဒ့်တစ်ဦးတည်းသာ ဘာစီလိုနာကို ထွက်ခွာ သွားသေးတာ ဖြစ်ပါတယ် ။
#RubenAmorim
#ManchesterUnited
6 057
ဘာစီလိုနာကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ မားကပ်ရက်ဖိုဒ့်ရဲ့ စာချုပ်ပါ သဘောတူညီချက်မှာ ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ + အပိုဆုကြေး ၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်ပါတယ် ။
သို့ပေမယ့် ဆန်ချိုရဲ့ ချဲလ်ဆီးသို့ အပြောင်းအရွေ့ တုန်းကလို ဘာစီလိုနာက မခေါ်ဖို့ဆုံးဖြတ်ခဲ့ရင် လျော်ကြေး ယူရို ၅ သန်း ပေးရမယ်ဆိုတဲ့ သဘောတူညီချက်မပါဝင်ပါဘူး ။
ရက်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပါတယ် ။ နည်းပြဟန်ဆီဖလစ် ကလည်း အဲ့ဒီအချိန်ကတည်းက ရက်ဖိုဒ့်ကို ခေါ်ချင်ပေမယ့် ရာသီအလယ် ကာလကြီးမှာ ညှိနှိုင်းမှုတွေလုပ်ဖို့ အဆင်မပြေခဲ့တာကြောင့် ဒီနွေမှ ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ် ။
[ The Athletic ]
6 057
မန်ယူနိုက်တက်ရဲ့ ဆေးရုံအုပ်ကြီး လုခ်ရှောဟာ အသင်းက ထွက်ခွာဖို့ စီစဉ်နေပြီး ဆော်ဒီလိဂ်က ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ဆုံးဖြတ်ထားပါတယ် ။
လုခ်ရှောဟာ စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသေးပေမဲ့ အသင်းမှာ ကစားခွင့်ရဖို့ အလားအလာနည်းပါးနေပြီဖြစ်သလို ဒဏ်ရာမကြာခဏ ရနေတတ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ကစားပုံနဲ့ မကိုက်တော့ဟု ယူဆပြီး လမ်းခွဲဖို့ စီစဉ်လာတာ ဖြစ်ပါတယ် ။
မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘယ်အစွန် ခံစစ် ကစားသမား ဒေါ်ဂူကို ခေါ်ယူထားသလို၊ ဒီနွေမှာလဲ ဒီယေဂိုလီယွန်ကို ထပ်မံ ခေါ်ထားတာကြောင့် လုခ်ရှောအတွက် အခွင့်အရေးပိုနည်းသွားတာပါ ။
#LukeShaw
#ManchesterUnited
6 057
မြောက်လန်ဒန်ကလပ် တော့တင်ဟမ်ဟော့ စပါးအသင်းဟာ ယူနိုက်တက် ကြယ်ပွင့် ကိုဘီမိုင်နူးရဲ့ အိုးထရက်ဖို့ဒ်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ စပါးက မိုင်နူးကို နှစ်သက်သဘောကျနေပြီး စုံစမ်းမေးမြန်းမှုတွေတောင် ပြုလုပ်ပြီးပြီလို့ သိရပါတယ် ။
မိုင်နူးဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ပွဲကစားချိန် ကန့်သတ်ခြင်း ခံခဲ့ရပြီး အမော်ရင်ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ် ။
[Transfer]
6 057
မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမား မာတီနက်ဇ်ကို တစ်ရာသီအ ငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာ အက်စတွန်ဗီလာက ချက်ချင်းပယ်ချခဲ့တယ်လို့သိရပါတယ် ။
အက်စတွန်ဗီလာက မာတီနက်ဇ်ကို အပြီးသတ် ရောင်းချဖို့သာ ဆန္ဒရှိနေပြီး ပေါင်သန်း ၄၀ တန်ကြေးသတ်မှတ်ထားပါတယ် ။
[ Telegraph ]
6 057
မန်ယူနိုက်တက်သည် ဗီလာတိုက်စစ်မှူး ဝက်ကင်စ်အား ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်သည်။
ဗီလာ၏ တောင်းစျေးဖြစ်သော ပေါင် သန်း ၆၀ ကို များလွန်းသည်ဟု ယူနိုက်တက်ဘက်က ရှုမြင်ပြီး စျေးလျှော့ပေးမည်ဆိုပါက ဆွေးနွေးမှုများကို အရှိန်တင်ဆောင်ရွက်ရန် ယူနိုက်တက်ဘက်က ပြင်ဆင်ထားသည်။
[JacobsBen,alexcrook]
6 057
🔴 ယူနိုက်တက်ဟာ ဘန်ဂျမင်ဆက်ကို ကို ယခုနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူရန် စိတ်ဝင်စားနေပြီး လိုက်ပ်ဇစ်အသင်းအနေဖြင့် ၎င်းတို့ကစားသမားအတွက် ပေါင် ၆၀.၆ သန်းနီးပါး ရရှိမည်ဆိုပါက ဆွေးနွေးမှုပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း သိရပါတယ် ။
[cfbayern]
6 057
“ ယူနိုက်တက်လို အသင်းမျိုးမှာ အချိန်အကြာကြီး ကစားခဲ့ဖူးတော့ အဂ်လန် ကလပ်အသင်းအတော်များများရဲ့ ကမ်းလှမ်းမှုတွေကို ကျွန်တော် ငြင်းဆန်ပယ်ချခဲ့ရဖူးပါတယ်၊ ကျွန်တော့်ခံစားချက်အရကတော့ အဂ်လန်ကိုပြန်ပြီး အခြားအသင်းတစ်သင်းနဲ့ ကစားဖို့ဆိုတာက လုံးဝ မဖြစ်နိုင်တော့ပါဘူး ၊ ကျွန်တော်က ယူနိုက်တက်အတွက်ပဲ ကစားပေးချင်ခဲ့တာပါ၊ အဲ့ဒီအသင်းမှာပဲ ကျွန်တော့်ဘဝ အချိန်အများစု ကုန်ဆုံးခဲ့ရဖူးတာပါ ”
🎙️ဒေးဗစ်ဒီဂီယာ 🔴
#DavidDeGea
#ManchesterUnited
6 057
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၃) ခု ဆက်တိုက် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။
2022/23 - 119
2023/24 - 114
2024/25 - 91
လာမယ့်ဘောလုံးရာသီမှာ အန်တိုနီ ၊ ရက်ဖိုဒ့် ၊ဂါနာချို တို့ကို အကုန်ရှင်းထုတ်ထားပြီး အမ်ဗျုမို ၊ ကွန်ညာတို့နဲ့ သွေးသစ် ပြန်လောင်းထားတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ဟာ ဘရူနိုရဲ့ ဖန်တီးပေးမှုတွေအောက်မှာ ဂိုးဘယ်လောက် သွင်းနိုင်မလဲ စောင့်ကြည့်ရမှာပါ 🔴👀
#ManchesterUnited
6 057
အိုနာနာဟာ ဒဏ်ရာကနေ ထင်ထားတာထက် အလျင်အမြန်သက်သာလာပြီး ထရိန်နင်ပါ ပြန်ဆင်းနေပြီဖြစ်ပါတယ်။ အမေရိကန်ခြေစမ်းခရီးစဉ်မပြီးခင်မှာတင်ဘအပြည့်အဝကြံ့ခိုင်မှုပြန်ရတာတောင် ဖြစ်နိုင်ပါသေးတယ် 🔴✅
[RobDawson]
6 057
တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ လုပ်ခ ၁၅ ရာခိုင်နှုန်း လျှော့ချယူရမယ်လို့ သိရပါတယ် ။ ရက်ဖို့ဒ်ဟာ မန်ယူနိုက်တက် အသင်းမှာ တပတ်လုပ်ခ ပေါင် ၃၁၅,၀၀၀ ရရှိနေသူဖြစ်ပြီး ဘာစီလိုနာမှာ အဲဒီလုပ်ခရဲ့ ၁၅ ရာခိုင်နှုန်း လျှော့ချပြီး ရယူသွားရမှာပါ ။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲ ရှိနေတာကြောင့် ရက်ဖို့ဒ်ကို ကစားသမား မှတ်ပုံတင်စာရင်းမှာ ထည့်သွင်းဖို့အတွက်လည်း ကြန့်ကြာမှုတွေ ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ် ။
#MarcusRashford
#Barcelona
6 057
+2
အသင်းနဲ့အတူ ပထမဆုံး လေ့ကျင့်ရေးကို စတင်ပြုလုပ်နေပြီဖြစ်တဲ့ တိုက်စစ်မှူးသစ် အမ်ဗျူမို 🔴
#Mbeumo
#ManchesterUnited
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
