Burmese Red Devils
الذهاب إلى القناة على Telegram
6 059
المشتركون
لا توجد بيانات24 ساعات
-247 أيام
-7830 أيام
أرشيف المشاركات
6 060
ယူနိုက်တက်တက်ဟာ အမ်ဗျူမို အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် 45 သန်း + အပိုဆုကြေး 10 သန်း နဲ့ ဘရန့်ဖို့ဒ်ထံ ကမ်းလှမ်းခဲ့ပါတယ်။
စာချုပ် ၁ နှစ်ကျန် ကစားသမားအတွက် ဘရန့်ဖို့ဒ် တောင်းဆိုထားသော သတ်မှတ်ကြေးထက် လျော့နည်းနေသေးတဲ့ ကမ်းလှမ်းမှု ဖြစ်ပေမယ့် အပြောင်းရွှေ့ကိစ္စအတွက် ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
[David Ornstein]
6 060
🔴 TRANSFER!
ယူနိုက်တက်ဟာ ကစားသမားဖြစ်သူ အမ်ဗျူမိုနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဘရန့်ဖို့ဒ်အသင်းအား ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီဖြစ်သည်။
သို့သော် နှစ်သင်းကြား ဆွေးနွေးမှုများ မပြုလုပ်ရသေးပဲ ဘရန့်ဖို့ဒ်ဘက်မှ ကစားသမားအတွက် ပေါင်သန်း ၆၀ ကျော် အလိုရှိကြောင်း သိရသည်။
[SkySportsLyall]
6 060
ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ရာသီကြို ထရိန်နင်တွေအတွင်း အသင်းအတွက် ပြန်လည် လေ့ကျင့်ခန်း ဆင်းပေးနိုင်ချေရှိနေပြီး စက်တင်ဘာလောက်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့မျှော်လင့်နေပါတယ် ✅🔴
[MailSport]
6 060
“အခွင့်အရေးတစ်ခု ရှိခဲ့ပါတယ်။ ဥက္ကဋ္ဌက ကျွန်တော့်ကို ဖုန်းဆက်ပြီး အဲ့ဒီကို သွားချင်လားလို့ မေးခဲ့တယ်။ သူတို့က ကျွန်တော့်ကို စောင့်နေခဲ့ကြတာ။ ကျွန်တော် နည်းပြ အမော်ရင်နဲ့ စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို မသွားဖို့ တောင်းဆိုခဲ့တယ် “
“ မန်ချက်စတာ ယူနိုက်တက်ကလည်း ကျွန်တော့်ကို မရောင်းချင်ခဲ့ဘူး။ သူတို့က ပိုက်ဆံ မလိုအပ်ပါဘူး။ ကျွန်တော်သာ ထွက်သွားချင်ခဲ့ရင် ဖြစ်မြောက်အောင် လုပ်ပေးခဲ့မှာပါ “
🎙️ဘရူနိုဖာနန်ဒက်စ်
#ManchesterUnited
#BrunoFernandes
6 060
ဘရူနိုဖာနန်ဒက်စ် ပယ်ချခဲ့တဲ့ Al Hilal အသင်းထံမှ မက်မောလောက်စရာ လုပ်ခလစာ
ယူရို ၂၃၁ သန်း ပက်ကေ့ချ်
တစ်နှစ် အသားတင် ယူရို ၇၇ သန်း
တစ်လ အသားတင် ယူရို ၆.၄ သန်း
တစ်ပတ် အသားတင် ယူရို ၁.၅ သန်း
တစ်ရက် အသားတင် ယူရို ၂၁၀,၀၀၀
အပိုဆုနဲ့ ဘောနပ်များ မပါဝင်သေးပါ ။
[Fabrizio Romano]
6 060
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🔵🔴
လစာကိစ္စ အဆင်မပြေလို့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ချဲလ်ဆီးကနေ မန်ချက်စတာယူနိုက်တက်ကို ပြန်သွားတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးဘက်က ယူနိုက်တက်ကို စာချုပ်ပါအချက်ဖောက်ဖျက်လို့ ဒဏ်ကြေး ပေါင် ၅ သန်း ပေးဆောင်ရမှာပါ။
[David _Ornstein]
6 060
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨🔴❌
ဘရူနိိုဖာနန်ဒက်စ်ဟာ ဆော်ဒီရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်မှာဆက်ရှိဖို့ဆုံးဖြတ်လိုက်ပါပြီ
[Fabrizio]
6 060
ဘရန့်ဖို့ဒ်အသင်းရဲ့ ညာတောင်ပံတိုက်စစ် ကစားသမား အမ်ဗျူမို ဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန်အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပြီး မကြာခင်အချိန်တွင် နှစ်သင်းကြား ဆွေးနွေးမှုများ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ် ။
ကစားသမားဟာ ဥရောပဝင်ခွင့်ရထားတဲ့ ပရီးမီးယားလိဂ်ကလပ် ၃ သင်းရဲ့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ယူနိုက်တက်ကိုသာ ရွေးခြယ်ခဲ့တာပါ ။
ဘရန့်ဖို့ဒ်အသင်းဘက်ကတော့ သူတို့ရဲ့ တိုက်စစ် ကစားသမား အတွက် ပေါင်သန်း ၅၀ ဝန်းကျင် အလိုရှိကြောင်း သိရပါတယ် ။
[David Ornstein]
6 060
အင်တာမီလန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုက်လန်းကို နွေရာသီ အပြောင်းအရွှေ့အတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ် ။
မန်ယူနိုက်တက်မှာ ဟွိုက်လန်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး အငှားစာချုပ်နဲ့အတူ အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ သဘောတူညီမှုမျိုးကို သူတို့ စဉ်းစားနေပါတယ် ။
အင်တာမီလန်ဟာ ယူရိုသန်း ၄၀ ခန့် အပြောင်းအရွှေ့ဘတ်ဂျက်ရှိပြီး ဟွိုက်လန်းလို အလားအလာကောင်းတဲ့ လူငယ် ကစားသမားတွေကို အာရုံစိုက်နေတယ်လို့ ဆိုပါတယ် ။
#Hojlund
#ManchesterUnited
6 060
ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဟာ ဆော်ဒီကနေ ဥရောပကို ပြန်ရောက်နေပြီ ဖြစ်ပါတယ် ။ Al Hilal အသင်းဟာ ဘရူနို တောင်းဆိုသမျှ လိုက်လျောပေးမယ်လို့ သတင်းစကား ပါးလိုက်ပါတယ် ။
နောက်ဆုံး ဆုံးဖြတ်ချက်က ဘရူနို ဖာနန်ဒက်စ်အပေါ်မှာသာ မူတည်နေပါတယ် 👀
[Fabrizio Romano]
6 060
မန်ချက်စတာယူနိုက်တက်အသင်းဟာ အယ်လ်ဟီလာ တိုက်စစ်မှူး မစ်ထရိုဗစ်ကိုလည်း ခေါ်ဖို့ ထည့်စဉ်းစားနေပါတယ် ။ မစ်ထရိုဗစ်ကို ခေါ်မယ်ဆိုရင် ပေါင် သန်း ၄၀ လောက်ကျသင့်မှာဖြစ်ပြီး ကစားသမားကလည်း ပရီးမီးယားလိဂ်ကိုပြန်လာဖို့ လစာ လျော့ယူသွားဦးမှာပါ ။
[JacobBen]
6 060
ပရိတ်သတ် : " ဘရူနိုရေ ကျေးဇူးပြုပြီး အသင်းကနေ မထွက်သွားပါဘူးလို့ ငါ့ကို ကတိပေးပါ “
ဘရူနို :....
#ManchesterUnited
#BrunoFernandes
6 060
တခြားပြိုင်ဘက် ဥရောပ ဝင်ခွင့်ရတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး မာသီးယပ်စ်ကွန်ညာက ဘာလို့ ယူနိုက်တက်ကို ရွေးချယ်ခဲ့တာလဲဆိုတော့…
သူဟာ ငယ်စဉ်ကတည်းက ယူနိုက်တက် ပရိတ်သတ်တစ်ယောက်ပါတဲ့…
ယူနိုက်တက်က စတင်ချဉ်းကပ်လာကတည်းက သူ့ရဲ့ အေးဂျင့်ကို ယူနိုက်တက်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြောဆိုထားတယ်လို့ သိရတယ် ။
ဘာဝင်ခွင့် ညာဝင်ခွင့်တွေထက် ယူနိုက်တက် ပရိတ်သတ်ဖြစ်လို့ ၊ ယူနိုက်တက်အတွက်ကို ကစားပေးချင်လွန်းလို့ ရောက်လာတာပါ ။
ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုရမှာပါ…🔴
#Burmese_Red_Devils
6 060
🔴 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋:
မန်ယူနိုက်တက်ဟာ မာသီးယပ်စ်ကွန်ညာ အား ပြောင်းရွှေ့ကြေး ပေါင် ၆၂.၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ စာချုပ်သက်တမ်းမှာ ၅ နှစ်သက်တမ်းဖြစ်ပြီး ထပ်တိုးချုပ်ဆိုခွင့်လဲ ပါဝင်မည်ဖြစ်သည်။
Fabrizio Romano
6 060
Leak ဖြစ်လာတဲ့ 2025/26 ဘောလုံးရာသီရဲ့ မန်ချက်စတာယူနိုက်တက် အိမ်ကွင်းဂျာစီ သစ်🔴🚨
[Footyheadlines]
ဝါးခနဲ ဖြစ်ရလောက်အောင် မိုက်တဲ့ ဂျာစီဒီဇိုင်းတော့ ဟုတ်မနေဘူး…
6 060
မန်ယူနိုက်တက် အသင်းသား အများစုဟာ ရာသီအပြီးမှာ မိသားစုနဲ့အတူ အားလပ်ရက် အပန်းဖြေခရီးထွက်နေရမယ့် အချိန်မှာ အသင်းရဲ့ ငွေရလိုမှုတစ်ခုကြောင့် ခြေစမ်းပွဲတွေ ကစားနေရတာကို ဒေါသထွက်နေခဲ့ ကြပါတယ် ။
ဒါပေမယ့်လည်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ ကစားသမားတွေ စိတ်ပျော်ရွှင်အောင် တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ် ။
အာဆီယံကြယ်စင်စုအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနိုက်တက်ကစားသမားအချို့ဟာ ဟိုတယ်က ဘားကို သွားရောက်ခဲ့ကြပြီး ဖာနန်ဒက်စ်က တညလုံး အသင်းသားတွေ သောက်သမျှကို ဒကာခံပေးခဲ့တယ်လို့ သိရပါတယ် ။
#Burmese_Red_Devils
6 060
“ ချီဒိုအိုဘီမာတင်က အရမ်းတော်တဲ့ ကစားသမားပါ။ သူစွမ်းဆောင်နိုင်တာကို လေ့ကျင့်ရေးမှာ တွေ့ဖူးပါတယ်။ သူက အရမ်းကောင်းတဲ့နေရာယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ မင်းသာ Role 10 မှာကစားရရင် မင်းက သူရှိတဲ့ ဘောက်စ်ထဲပဲ ဘောလုံးပေးချင်နေအောင်ထိ ယုံကြည်မှုရှိနေတာပါ “
🎙️မေဆန်မောင့် 🔴
#Burmese_Red_Devils
6 060
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅🔴
နောက်ခံလူ ဂျွန်နီအီဗန်ဟာ ယူနိုက်တက်နဲ့စာချုပ်ကုန်ဆုံးပြီးနောက် ဘောလုံးလောကကနေ အပြီးသတ်အနားယူသွားခဲ့ပါပြီ။
Enjoy Your Retirement ❤️
6 060
နည်းပြရူဘင်အမော်ရင်ကတော့ ဘရူနိုဟာ ဆော်ဒီကို ပြောင်းရွေ့ဖို့အတွက် ယူနိုက်တက်ကို စွန့်ခွါမှာ မဟုတ်ကြောင်း ပြောသွားခဲ့ပါတယ် ။
သူ့ရဲ့ခံစားချက်ပေါ့ ။ သူကိုယ်တိုင်လဲ မပြောင်းစေချင်ကြောင်း ပြောသွားခဲ့ပါတယ် ။
🎙️ ရူဘင်အမော်ရင်
“ ကလပ်အသင်းအနေနဲ့ ငွေရှာချင်တယ်ဆိုရင် တခြားနည်းနဲ့ ရှာလို့ရပါတယ် ။ ကျွန်တော့်ခံစားချက်အရတော့ ဘရူနိုက အသင်းမှာ ဆက်နေမယ်လို့ ထင်ပါတယ် ။ သူက အရာအားလုံးကို “ No “ လို့ ပြောပြီး ငြင်းလွှတ်နေပါတယ် “
[Fabrizio Romano]
မည်သို့ပင်ဖြစ်စေ ဘရူနိုက အသင်းပြောင်းပြီး ငွေရှာတော့မယ်ဆိုရင်လဲ ကျွန်တော်တို့ နားလည်ပေးရတော့မှာပါ ….
သူ့ရဲ့ Prime Time အားလုံးကို ဒီအသင်းရဲ့ ကျရှုံးမှုတွေကို ထမ်းပိုးရင်း ပေးဆပ်ခဲ့ပြီးပါပြီ…
#Burmese_Red_Devils
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
