ar
Feedback
Burmese Red Devils

Burmese Red Devils

الذهاب إلى القناة على Telegram

မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴

إظهار المزيد
6 058
المشتركون
-824 ساعات
-217 أيام
-8130 أيام
أرشيف المشاركات
မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးဟာ ပွဲကစားချိန် အတော်လေးနည်းပါးနေတဲ့အတွက် လာမယ့်ဇန်နဝါရီမှာ အသင်းမှ ထွက်ခွာဖွယ်ရှ
မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးဟာ ပွဲကစားချိန် အတော်လေးနည်းပါးနေတဲ့အတွက် လာမယ့်ဇန်နဝါရီမှာ အသင်းမှ ထွက်ခွာဖွယ်ရှိပြီး နာပိုလီအပါအဝင် ကလပ်အသင်းများစွာက မိုင်နူးအား ရာသီဝက်အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေပါတယ် ။ ကစားသမားအနေနဲ့ လက်ရှိအခြေအနေအပေါ် အတော်လေး မပျော်မရွှင်ဖြစ်နေတာပါ ။ သူ့အနေနဲ့ ကစားချိန် တိုးတက်လာခြင်း မရှိပါက အသင်းကနေ အငှားထွက်ခွာခွင့်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ် ။ [ Fabrizio Romano ]

“ ကိုဘီမိုင်နူး ဆက်ဆံခံနေရတဲ့ပုံစံက တကယ်ကို စိတ်ပျက်စရာပဲ။ ချာတိတ်က စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်နေပြီ။ ပွဲကစားခွင့် လုံး
“ ကိုဘီမိုင်နူး ဆက်ဆံခံနေရတဲ့ပုံစံက တကယ်ကို စိတ်ပျက်စရာပဲ။ ချာတိတ်က စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်နေပြီ။ ပွဲကစားခွင့် လုံးဝမရဘူး။ လုံလောက်တဲ့ ပွဲကစားချိန်မိနစ် လုံးဝမရဘူး " " အသင်းကနေ ငယ်မွေးခြံပေါက်ကစားသမားတွေ ထွက်ခွါသွားတာကို မြင်ရတာ ကျနော်အရမ်းမုန်းပါတယ်။ ဒါပေမယ့် ခုချိန်မှာ ဒီနည်းလမ်းက သူ့အတွက်အကောင်းဆုံးအဖြေဖြစ်နေပြီ။ အရာရာတိုင်းမှာ အတိုင်းအတာဆိုတာရှိပါတယ်။ ဒါက သူ့အတွက် လုံလောက်နေပါပြီ။ ” 🎙️ပေါလ်စခိုးလ် #PaulScholes #KobbieMainoo

မန်ယူနိုက်တက် အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပဲ အနိုင်ရရှိထားပါတယ် 😵‍💫📉
မန်ယူနိုက်တက် အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပဲ အနိုင်ရရှိထားပါတယ် 😵‍💫📉

" ကျွန်တော် အမြတ်နိုးရဆုံး အလုပ်တွေနဲ့ အကြာကြီး ဝေးကွာနေခဲ့ရတာပါ ၊ အခုတော့ အရေးကြီးဆုံး အချိန်မှာ အရေးကြီးဆုံး နိုင်ပွဲ နဲ့ ပ
" ကျွန်တော် အမြတ်နိုးရဆုံး အလုပ်တွေနဲ့ အကြာကြီး ဝေးကွာနေခဲ့ရတာပါ ၊ အခုတော့ အရေးကြီးဆုံး အချိန်မှာ အရေးကြီးဆုံး နိုင်ပွဲ နဲ့ ပြန်လာနိုင်တာလောက် ကောင်းတဲ့အရာ မရှိတော့ပါဘူး ။ ဒီ လ အနည်းငယ်အတွင်းမှာ စိတ်ဓာတ်ကျစရာတွေ ၊ မသေချာမှုတွေ ၊ စိုးရိမ်ပူပန်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော့ရဲ့ မိသားစု ၊ ကျွန်တော့ရဲ့ အသင်း ၊ ကျွန်တော့ရဲ့ အသင်းဖော်‌တွေရဲ့ အားပေးမှုတွေနဲ့ အခုတော့ အားအင်တွေ ပြန်ပြည့်လာခဲ့ပါပြီ ။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် " 🎙️လီဆန်ဒရိုမာတီနက်ဇ် #LisandroMartinez #ManchesterUnited

TRANSFER: “ မန်ယူနိုက်တက် အသင်း၏ U-18 လူငယ်ကစားသမား တစ်ဉိးဖြစ်သူ JJ Gabriel အား ဘာစီလိုနာ အသင်းမှ ခေါ်ယူနိုင်ရန် တဆင့်တိုး ကြ
TRANSFER: “ မန်ယူနိုက်တက် အသင်း၏ U-18 လူငယ်ကစားသမား တစ်ဉိးဖြစ်သူ JJ Gabriel အား ဘာစီလိုနာ အသင်းမှ ခေါ်ယူနိုင်ရန် တဆင့်တိုး ကြိုးစားလာနေမှုများ ရှိနေကြောင်း သိရှိရသည်။” [MEN]

ထရန်ဇွန်စပေါမှာ အငှားသွားရောက်ကစားနေတဲ့ ဂိုးသမား အန်ဒရေ အိုနာနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ကြား ဇာတ်လမ်းက လုံးဝပြီးဆုံးသွားခဲ
ထရန်ဇွန်စပေါမှာ အငှားသွားရောက်ကစားနေတဲ့ ဂိုးသမား အန်ဒရေ အိုနာနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ကြား ဇာတ်လမ်းက လုံးဝပြီးဆုံးသွားခဲ့ပါပြီ။ အငှားကာလပြီးဆုံးချိန်မှာ ယူနိုက်တက်ကို ပြန်လာမှာဆိုပေမယ့် အိုနာနာအနေနဲ့ အသင်းသစ်ကို ချက်ချင်းရှာဖွေသွားမှာပါ 🔴 [Fabrizio Romano]

ဘာဘာတော့‌ဗ် 🗣️ " ကျွန်တော့အနေနဲ့ဆိုရင် ငွေတွေ ပုံအောပေးမှ အသင်းအတွက် ကစားပေးနိုင်တဲ့ စူပါစတား တ‌ယောက်ထက် အသင်းအတွက် တကယ် ကစာ
ဘာဘာတော့‌ဗ် 🗣️ " ကျွန်တော့အနေနဲ့ဆိုရင် ငွေတွေ ပုံအောပေးမှ အသင်းအတွက် ကစားပေးနိုင်တဲ့ စူပါစတား တ‌ယောက်ထက် အသင်းအတွက် တကယ် ကစားပေးချင်တဲ့ ကစားသမား ၁၁ ယောက်ကိုပဲ ခေါ်မယ် ။ ယိုကာရက်စ် အာဆင်နယ်ကို ပြောင်းသွားသလိုပေါ့ ။ အခု ယူနိုက်တက်က အသင်းကို ရွေးချယ်ထားတဲ့ ကစားသမားတွေနဲ့ တည်ဆောက်နေပါပြီ ။ ကျွန်တော်ပြောတာကို ယုံပါ ၊ အိုးထရက်ဖို့ဒ်က ပြိုင်ဘက်တွေအတွက် အကြောက်တရားတွေ ပြန်လာတော့မှာပါ " 🎙️ဘာဘာတော့ဗ် #Berbatov #ManchesterUnited

မန်ချက်စတာ ယူနိုက်တက် အသင်စဟာ လာမယ့်ဇန်နဝါရီစျေးကွက်မှာ ကစားသမားခေါ်ယူအားဖြည့်မှု ပြုလုပ်လာနိုင်ပေမယ့် ရေရှည်အတွက်ရည်ရွယ်တဲ့၊
မန်ချက်စတာ ယူနိုက်တက် အသင်စဟာ လာမယ့်ဇန်နဝါရီစျေးကွက်မှာ ကစားသမားခေါ်ယူအားဖြည့်မှု ပြုလုပ်လာနိုင်ပေမယ့် ရေရှည်အတွက်ရည်ရွယ်တဲ့၊ ပြောင်းရွှေ့ကြေးမြင့်မားတဲ့ ကစားသမားခေါ်ယူမှုထက် ပြောင်းရွှေ့ကြေးနည်းပါးတဲ့ ခေါ်ယူမှုကိုသာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ သို့ပေမယ့် အသင်းရဲ့ အခြေအနေအပေါ်မူတည်ပြီး အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ [ The Athletic ]

“ ဒီနှစ်ရာသီအတွက် တကယ်ကျေနပ်မိနေပါတယ်။ ယခုနိုင်ပွဲအတွက် ပျော်ရွှင်မိတယ်ဆိုပေမယ့် ပွဲချိန်ပြည့် ကစားနိုင်ခဲ့တဲ့အပေါ် ပိုပြီးအာ
“ ဒီနှစ်ရာသီအတွက် တကယ်ကျေနပ်မိနေပါတယ်။ ယခုနိုင်ပွဲအတွက် ပျော်ရွှင်မိတယ်ဆိုပေမယ့် ပွဲချိန်ပြည့် ကစားနိုင်ခဲ့တဲ့အပေါ် ပိုပြီးအားရမိပါတယ်။ ကျွန်တော် ဒီလိုမလုပ်နိုင်ခဲ့တာ အတော်လေးကြာခဲ့ပြီမလို့ပါ။ ဘောလုံး ကစားနေရရင်ကို ပျော်နေရတာမျိုးမလို့ ဒီထက်ပို ကြိုးစားအားစိုက်သွားဖို့ဘဲရှိပါတယ်။” 🎙️မေဆန်မောင့် [footballontnt]

“ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် သည် ယခုနှစ် ပရီးမီးယားလိဂ်ရာသီအတွင်း ဂိုးဖန်တီးမှု စုစုပေါင်း (၅) ကြိမ်ထိ ရ
“ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် သည် ယခုနှစ် ပရီးမီးယားလိဂ်ရာသီအတွင်း ဂိုးဖန်တီးမှု စုစုပေါင်း (၅) ကြိမ်ထိ ရှိလာပြီဖြစ်ပီး ယခုနှစ် ရာသီ၏ ဂိုးဖန်တီးမှုအများဆုံး စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။” [SKY]

မန်ယူနိုက်တက် ကတော့ Set Piece အစွမ်းနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကို ၂ဂိုး၁ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါနယ်။ ဒီပွဲစဉ်မှာ ခရစ္
မန်ယူနိုက်တက် ကတော့ Set Piece အစွမ်းနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကို ၂ဂိုး၁ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါနယ်။ ဒီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်က မာတေးတားရဲ့ ပင်နယ်တီဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်ယူက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့ပါတယ်။ ဖရီးကစ်တွေကနေ မန်ယူအတွက် ဂိုးတွေကို ဇက်ခီး၊ မေဆင်မောင့်တို့က သွင်းယူပေးခဲ့ပြီး ဂိုးတွေ ဖန်တီးပေးခဲ့သူက ဘရူနိုဖာနန်ဒက်စ်ဖြစ်ပါတယ်။ ပဲလေ့စ်ကတော့ သရဲနီတွေနဲ့အတွေ့မှာ ဒီရာသီပထမဆုံးအိမ်ကွင်းရှူံးပွဲကို ပိုင်ဆိုင်ခဲ့ပါပြီ။ #manchesterunited #crystalpalace #PremierLeague

သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ စီးရီးအေ တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ် ကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စာ
သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ စီးရီးအေ တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ် ကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားမှုပြနေတယ်လို့ သိရပါတယ်။ ပူလီစစ် ဟာ အေစီမီလန် နဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတာကြောင့် ၂၀၂၆ ခုနှစ် မှာ အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန်လက်ရွေးစင်ကစားသမားဟာ အီတလီမှာ ခြေစွမ်းပြနေပြီး အကယ်၍ ယူနိုက်တက်ကို ရောက်လာခဲ့ရင် အသင်းအတွက် ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။ #MUFC #ManUtd #Pulisic

မန်ချက်စတာယူနိုက်တက် U18 အသင်းဟာ လီဗာပူး U18 အသင်းကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသက် ၁၅ နှစ်အရွယ် ကစားသမားလေး JJ Gabriel
မန်ချက်စတာယူနိုက်တက် U18 အသင်းဟာ လီဗာပူး U18 အသင်းကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသက် ၁၅ နှစ်အရွယ် ကစားသမားလေး JJ Gabriel က တစ်ဦးတည်း Hat-trick သွင်းယူပြီး ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ 💥 ဂိုးသွင်းအပြီးမှာ သူဟာ လီဗာပူးမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးအီဆက်ခ် ရဲ့ ထင်ရှားတဲ့ လက်ဝါးဖြန့် အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့ပါတယ် ။ [TNT Sports]

ဘာစီလိုနာဟာ တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ စာချုပ်မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်တဲ့ သဘ
ဘာစီလိုနာဟာ တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ စာချုပ်မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်တဲ့ သဘောတူညီချက်ပါဝင်ပါတယ်။ လက်ရှိမှာ ရက်ဖိုဒ့် က ဘာစီလိုနာမှာ ခြေစွမ်းကောင်းပြသနေတာကြောင့် ဘာစီအနေနဲ့ ရာသီကုန်မှာ ဒီသဘောတူညီချက်ကို အသုံးချသွားနိုင်ချေရှိနေပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီက ကစားသမား ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ကစားသမားကို ပြင်သစ်မြေကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ခန့် အသုံးပြုသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ [ Fichajes.net ]

Injuries 🚫 ဒီတပတ် ခရစ္စတယ်ပဲလေ့စ် နဲ့ပွဲစဉ်မှာလည်း မာသီးယပ်စ်ကွန်ညာ ပါဝင်နိုင်ဦးမှာ မဟုတ်သလို ၊ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဆက်စ်က
Injuries 🚫 ဒီတပတ် ခရစ္စတယ်ပဲလေ့စ် နဲ့ပွဲစဉ်မှာလည်း မာသီးယပ်စ်ကွန်ညာ ပါဝင်နိုင်ဦးမှာ မဟုတ်သလို ၊ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဆက်စ်ကို တို့လည်း လွဲချော်ကြဦးမှာဖြစ်ကြောင်း နည်းပြ အမော်ရင် က အတည်ပြုခဲ့ပါတယ်။ #RubenAmorim #ManchesterUnited

အသက်(၁၇) နှစ်အရွယ် ကိုလံဘီယာလူငယ်ကစားသမားလေး Cristian Orozco ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့အတွက် လာမယ့်ရက်အနယ်းင
အသက်(၁၇) နှစ်အရွယ် ကိုလံဘီယာလူငယ်ကစားသမားလေး Cristian Orozco ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့အတွက် လာမယ့်ရက်အနယ်းငယ်အတွင်း UK သို့ ထွက်ခွာလာမည်ဖြစ်သည်။ ယူနိုက်တက်သည် အဆိုပါလူငယ်ကစားသမားလေးအတွက် Fortaleza အသင်းထံ ဒေါ်လာတစ်သန်း ပေးချေရမှာ ဖြစ်ပါတယ်။ #ManchesterUnited

ရိုးမားအသင်းသည် တိုက်စစ်မှူး ဂျိုရူအာဇာ့ခ်ဇီးအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်ပြီဖြစ်သည်။ ရိုးမားအသင်းသည် ယူနိုက်တက်ထံ ကနဥ
ရိုးမားအသင်းသည် တိုက်စစ်မှူး ဂျိုရူအာဇာ့ခ်ဇီးအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်ပြီဖြစ်သည်။ ရိုးမားအသင်းသည် ယူနိုက်တက်ထံ ကနဦးအငှားဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အကယ်၍ ၎င်းတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက အပြီးသတ်ဝယ်ယူရမည်ဟူသော အချက်ထည့်သွင်းမည်ဖြစ်သည်။ ကစားသမားအနေဖြင့်လဲ ရိုးမားအသင်းထံ ပြောင်းရွှေ့ရန် ခေါင်းညိမ့်ထားပြီးဖြစ်သည်။ သို့သော် အပြောင်းအရွှေ့အတွက် နည်းပြ အမော်ရင်၏ လိုအပ်ချက်အပေါ် မူတည်ကြောင်း သိရသည်။ [@Gazzetta_it]

🗣️ ရူဘင်အမော်ရင် "ပြီးခဲ့တဲ့ရာသီက ခံစားချက်မျိုး ပြန်ရမှာကို ကြောက်ပါတယ်။ အဲ့အရာက ကျွန်တော့်ရဲ့ အကြောက်ဆုံးအရာပါ။ ကျွန်တော်တ
🗣️ ရူဘင်အမော်ရင် "ပြီးခဲ့တဲ့ရာသီက ခံစားချက်မျိုး ပြန်ရမှာကို ကြောက်ပါတယ်။ အဲ့အရာက ကျွန်တော့်ရဲ့ အကြောက်ဆုံးအရာပါ။ ကျွန်တော်တို့တွေ အတူတကွလုပ်ဆောင်ပြီးတော့ ဒီထက်ပိုကောင်းလာအောင်လုပ်ဖို့ လိုအပ်ပါတယ်" #RubenAmorim #ManchesterUnited

“ မန်ယူနိုက်တက် အသင်းအတွက် တကယ့်ကို ရှက်ဖွယ်ကောင်းတဲ့ ညတစ်ညကိုဖြတ်သန်းခဲ့ကြတာပါ။ဒီအတွက် ဒဏ်ရာပြသာနာလို ကိစ္စမျိုးတွေကိုထောက်ပ
“ မန်ယူနိုက်တက် အသင်းအတွက် တကယ့်ကို ရှက်ဖွယ်ကောင်းတဲ့ ညတစ်ညကိုဖြတ်သန်းခဲ့ကြတာပါ။ဒီအတွက် ဒဏ်ရာပြသာနာလို ကိစ္စမျိုးတွေကိုထောက်ပြပြီး ဆင်ခြေပေးလို့ရတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ အဲဗာတန်ဟာ တစ်ယောက်လျော့နဲ့ တစ်ပွဲလုံးနီးပါး ကစားပြသွားခဲ့တာပါ။ အဓိက ကွာခြားသွားတာက တစ်ဦးချင်းနိုင်လိုစိတ် နဲ့ အသင်းလိုက် တိုက်ပွဲဝင်လိုစိတ်ဆိုတဲ့ အချက်တွေမှာ ကွာခြားသွားတာပါဘဲ။” 🎙️ ဂယ်ရီနဗီးလ် [TalkSport]

" အဝေးကွင်း ပရိတ်သတ်တွေထဲမှာဆို ယူနိုက်တက်ပရိတ်သတ်တွေက အကောင်းဆုံးပဲ ၊ ကျွန်တော် Commentary လုပ်ရတဲ့ ယူနိုက်တက်ရဲ့ ဘယ်အဝေးကွင
" အဝေးကွင်း ပရိတ်သတ်တွေထဲမှာဆို ယူနိုက်တက်ပရိတ်သတ်တွေက အကောင်းဆုံးပဲ ၊ ကျွန်တော် Commentary လုပ်ရတဲ့ ယူနိုက်တက်ရဲ့ ဘယ်အဝေးကွင်းပွဲစဉ်တွေပဲ ဖြစ်ဖြစ် သူတို့အသံက ဟိန်းထွက်နေတာပဲ " 🎙️ကာရေဂါ #Carragher #ManchesterUnited