ar
Feedback
Burmese Red Devils

Burmese Red Devils

الذهاب إلى القناة على Telegram

မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴

إظهار المزيد
6 059
المشتركون
-824 ساعات
-217 أيام
-8130 أيام
أرشيف المشاركات
ယူနိုက်တက် ၁-၀ နယူးကာဆယ် ဟိုက်လိုက်

မနေ့ညက နယူးကာဆယ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပရိသတ်တွေ အပျော်ဆုံးဖြစ်ခဲ့ရတာကတော့ အသင်းရဲ့ ခံစစ်မှူး မာတီနက်ဇ် ပြန်လာနိုင်ခ
မနေ့ညက နယူးကာဆယ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပရိသတ်တွေ အပျော်ဆုံးဖြစ်ခဲ့ရတာကတော့ အသင်းရဲ့ ခံစစ်မှူး မာတီနက်ဇ် ပြန်လာနိုင်ခဲ့တာပါပဲ။ ဒဏ်ရာကနေ သက်သာလာပြီးနောက် ဘရူနိုမပါတဲ့ပွဲမှာ အသင်းခေါင်းဆောင်လက်ပတ်ကိုပါ တာဝန်ယူပြီး ဦးဆောင်သွားခဲ့ပါတယ်။ သူရှိနေတဲ့ ခံစစ်ဟာ ပိုပြီး တည်ငြိမ်သွားသလို လူငယ်လေး အိုင်ဒန် ဟေးဗန်းအတွက်လည်း အားကိုးရတဲ့ စီနီယာတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါးလော့အတွက် ဂိုးဖန်တီးမှုလှလှလေးတစ်ခု လုပ်ပေးခဲ့သေးပေမယ့် ကံမကောင်းစွာနဲ့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၈၈ မိနစ်မှာ လူစားလဲချိန် အိုးထရက်ဖိုဒ့်ကွင်းလုံးချွတ် မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြတာကတော့ မာတီနက်ဇ်ဟာ United အတွက် ဘယ်လောက် အရေးပါလဲဆိုတာ သက်သေပါပဲ။ #LisandroMartinez #ManchesterUnited

အကယ်ဒမီထွက် ကြယ်ပွင့်လေး ကိုဘီမိုင်နူးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြ ရူဘင်အမော်ရင်က ပြတ်သားတဲ့ တုံ့ပြန်မှုတစ်ခု လုပ်ဆောင်ခဲ့
အကယ်ဒမီထွက် ကြယ်ပွင့်လေး ကိုဘီမိုင်နူးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြ ရူဘင်အမော်ရင်က ပြတ်သားတဲ့ တုံ့ပြန်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ ဒီရာသီမှာ ပွဲထွက်ခွင့် မိနစ်ပိုင်းသာ ရရှိနေတာကြောင့် မိုင်နူးအနေနဲ့ အတွေ့အကြုံရဖို့အတွက် နာပိုလီအသင်းဆီ အငှားနဲ့သွားရောက် ကစားချင်နေပေမဲ့ အမော်ရင်ကတော့ လုံးဝခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့တာပါ။ မန်ယူနိုက်တက်နည်းပြ အမော်ရင်က "ကျွန်တော်တို့ မိုင်နူးကို ထွက်ခွာခွင့် မပြုနိုင်ပါဘူး။ သူဟာ ဒီအသင်းရဲ့ အနာဂတ်ဖြစ်သလို၊ အသင်းအတွက် အလွန်အရေးပါတဲ့သူပါ။ အခုချိန်မှာ သူက အခွင့်အရေးကို စောင့်ဆိုင်းနေရရုံပါပဲ။ ဘောလုံးလောကမှာ (၂) ရက်အတွင်း အရာရာ ပြောင်းလဲသွားနိုင်ပါတယ်။ သူ အခွင့်အရေးတွေ ရလာမှာပါ" လို့ ဆိုခဲ့ပါတယ်။ #RubenAmorim #KobbieMainoo #ManchesterUnited

"ကစားသမားတိုင်း ကက်စ်မဲရိုး လို အလုပ်လုပ်မယ်ဆိုရင် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံကြရမှာပါ။ ဒီလိုကစားသမားမျိုး ချန်ပီယံလိဂ် (
"ကစားသမားတိုင်း ကက်စ်မဲရိုး လို အလုပ်လုပ်မယ်ဆိုရင် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံကြရမှာပါ။ ဒီလိုကစားသမားမျိုး ချန်ပီယံလိဂ် (၅) ကြိမ် ဘာကြောင့်ရခဲ့လဲဆိုတာကို ခင်ဗျားတို့ နားလည်ကြပါလိမ့်မယ်" 🎙️ရူဘင်အမော်ရင် #RubemAmorim #Casemiro

အီတလီစူပါဖလား ယူပြီးနောက် အသင်းဟောင်း ယူနိုက်တက် ကို ပုန်ကန်ခနဲ့ နေတဲ့ ပို့စ်တွေ တင်နေခဲ့တဲ့ ဟွိုက်လန့် ကိုတော့ စီးရီးအေလို လ
အီတလီစူပါဖလား ယူပြီးနောက် အသင်းဟောင်း ယူနိုက်တက် ကို ပုန်ကန်ခနဲ့ နေတဲ့ ပို့စ်တွေ တင်နေခဲ့တဲ့ ဟွိုက်လန့် ကိုတော့ စီးရီးအေလို လိဂ်မှာ သွားကစားပြီး ရွေးချယ်မှုမှန်ခဲ့တယ်.. လုပ်မနေနဲ့.. လို့ ခရစ္စတယ်ပဲလေ့စ် ဥက္ကဋ္ဌ ဟောင်း ဆိုင်မွန်ဂျော်ဒန်က ထောက်ပြလာခဲ့ပါတယ် ။ “ဟွိုက်လန်း က မန်ချက်စတာယူနိုက်တက်မှာ အသုံးမဝင်ခဲ့ပါဘူး။ ရွေးချယ်မှုတွေ မှန်ကန်ခဲ့တယ်လို့ ပြောနေရမယ့်အစား အလုပ်ကိုပဲ ဒီထက် ပို ကြိုးစားသင့်ပါတယ်။ နာပိုလီနဲ့ပတ်သက်ပြီးတော့ ချီးကျူးနေတယ်ဆိုတော့ ဒီကောင်လေး သိထားဖို့က အီတလီစီးရီအေ ဆိုတာ ပရီးမီးယားလိဂ် နဲ့ ယှဥ်လို့ ရတဲ့ လိဂ်မဟုတ်ဘူး ဆိုတာပါပဲ.. ” လို့ ပြောသွားခဲ့ပါတယ် ။ #RasmusHojlund

မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဟာ ဒဏ်ရာကြောင့်မို့ ၁ လကြာအောင် အနားယူရမှာပါ။ တိကျသေချာတဲ့ ထုတ်ပြန်မှုကို မန်ယူနိုက်တက်
မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဟာ ဒဏ်ရာကြောင့်မို့ ၁ လကြာအောင် အနားယူရမှာပါ။ တိကျသေချာတဲ့ ထုတ်ပြန်မှုကို မန်ယူနိုက်တက် က မပြုလုပ်သေးပေမယ့် ကွင်းပြင်ပအနေအထားတွေအရ ဘရူနို ရဲ့ အခြေအနေ အလျင်အမြန်သက်သာလာဖို့ မရှိပါဘူး။ တံကောက်ကြောဒဏ်ရာရရင် ပုံမှန်လည်း ၁ လလောက် အနားယူရတာပါပဲ။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သူငယ်ချင်းတွေ နဲ့ ညစာစားတဲ့အချိန် ဘရူနို က ခြေတစ်လှမ်းလှမ်းဖို့ကို မလွယ်ကူဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ခန့်မှန်းချေကတော့ လာမယ့် မန်ချက်စတာဒါဘီ ကို လွဲချော်ဖို့များနေပြီး အာဆင်နယ် နဲ့ ပွဲစဉ်မှာပါ ပြန် ကစားနိုင်မဖိုမသေချာဘူး။ AFCON အပြီးလောက်မှသာ ပြန်လာဖို့များပါတယ်။ ဒါ့ကြောင့် ဘရူနိုဟာ ၆ ပွဲနဲ့အထက်ကို လွဲချော်မှာပါ။ #BrunoFernandes #ManchesterUnited

အဆင်ပြေတယ်ဆိုလို့ ဝမ်းသာမိပါတယ် #Burmese_Red_Devils
အဆင်ပြေတယ်ဆိုလို့ ဝမ်းသာမိပါတယ် #Burmese_Red_Devils

မနေ့ညက ကစားခဲ့တဲ့ အီတလီစူပါဖလား ဗိုလ်လုပွဲမှာ နည်းပြ ကွန်တီရဲ့ နာပိုလီအသင်းဟာ ဘိုလော့ညာကို ၂-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို
မနေ့ညက ကစားခဲ့တဲ့ အီတလီစူပါဖလား ဗိုလ်လုပွဲမှာ နည်းပြ ကွန်တီရဲ့ နာပိုလီအသင်းဟာ ဘိုလော့ညာကို ၂-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီပွဲမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး (၂) ဂိုးစလုံးကို တောင်ပံကစားသမား ဒေးဗစ် နီရက်စ် က သွင်းယူပေးခဲ့တာပါ။ ဒါဟာ နာပိုလီအသင်းအတွက် (၃) ကြိမ်မြောက် စူပါဖလားချန်ပီယံဆုဖြစ်သလို၊ ၄ သင်းပုံစံသစ်ပြိုင်ပွဲမှာလည်း တတိယမြောက် ချန်ပီယံဖြစ်လာခဲ့တာပါ။ ဂုဏ်ယူပါတယ် နာပိုလီ! 👏💙

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အမ်ဗျူမို ၊ ဘရူနိုဖာနန်ဒက်စ် ၊ အာမက်ဒီယာလို ၊ မာဇရာဝီတို့ မပါဝ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အမ်ဗျူမို ၊ ဘရူနိုဖာနန်ဒက်စ် ၊ အာမက်ဒီယာလို ၊ မာဇရာဝီတို့ မပါဝင်ပဲ ‌ခက်ခဲတဲ့ ကစားပွဲတွေကို ရင်ဆိုင်ရတော့မှာပါ ။ မန်ယူအသင်းရဲ့ လာမယ့်ပွဲစဉ် ၅ ပွဲ နယူးကာဆယ် ( အိမ်ကွင်း ) ဝုဗ်အသင်း ( အိမ်ကွင်း ) လိဒ်ယူနိုက်တက် ( အဝေးကွင်း ) ဘန်လေ ( အဝေးကွင်း ) မန်စီးတီး ( အိမ်ကွင်း ) #ManchesterUnited #PremierLeague

" ဘရူနိုရော ကိုဘီရော နယူးကာဆယ်နဲ့ပွဲကို လွဲချော်တော့မယ် ထင်ပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့ အဖြေရှာရပါတော့မယ် ။ ဆင်ချေပေးနေလို
" ဘရူနိုရော ကိုဘီရော နယူးကာဆယ်နဲ့ပွဲကို လွဲချော်တော့မယ် ထင်ပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့ အဖြေရှာရပါတော့မယ် ။ ဆင်ချေပေးနေလို့ မရပါဘူး ။ နောက်ပွဲ အနိုင်ရဖို့ လိုအပ်ပါတယ် " 🎙️ရူဘင်အမော်ရင် #RubenAmorim #ManchesterUnited

ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ် ပွဲထွက်ကစားခဲ့တဲ့ စုစုပေါင်း ၂၉၂ ပွဲမှာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာက အခုပွဲအပါအဝင် ၃
ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ် ပွဲထွက်ကစားခဲ့တဲ့ စုစုပေါင်း ၂၉၂ ပွဲမှာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာက အခုပွဲအပါအဝင် ၃ ကြိမ်သာရှိခဲ့ပြီး ၂၀၂၀ အောက်တိုဘာလအတွင်း စပါးအသင်းနဲ့ပရီးမီးယားလိဂ်ပွဲ၊ ၂၀၂၁ ဖေဖော်ဝါရီလတုန်းက ဆိုစီဒက်နဲ့ယူရိုပါလိဂ်ပွဲတွေမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ #ManchesterUnited #BrunoFernandes

ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် နဲ့ မန်ယူနိုက်တက်ကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ ယူရိုသန်း ၆၀ ကျော်တန်ကြေးရှိတဲ့ စာချုပ်ဖျက်
ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် နဲ့ မန်ယူနိုက်တက်ကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ ယူရိုသန်း ၆၀ ကျော်တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးပါဝင်ပြီး ဒီအချက် က ပရီးမီးယားလိဂ်ကလပ်တွေအတွက်တော့ အကျုံးမဝင်ဘူးလို့သိရပါတယ်။ လက်ရှိမှာ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်နေပါတယ်။ [ Fabrizio Romano, YouTube ]

" ဗီလာနဲ့ပွဲမှာ ကိုဘီမိန်နူး ပါဝင်လာနိုင်ပါတယ် ။ သူကောင်းကောင်းကစားနိုင်တဲ့အခါ ကျွန်တော့်အနေ နဲ့ သူ့ကို Line Up ကနေ ထုတ်မထားသ
" ဗီလာနဲ့ပွဲမှာ ကိုဘီမိန်နူး ပါဝင်လာနိုင်ပါတယ် ။ သူကောင်းကောင်းကစားနိုင်တဲ့အခါ ကျွန်တော့်အနေ နဲ့ သူ့ကို Line Up ကနေ ထုတ်မထားသင့်ဘူးဆိုတာ လူတိုင်းကို သက်သေပြလို့ရတာပေါ့ ၊ ကျွန်တော်လိုချင်တာ အဲဒါပါ ၊ အဲလိုသာဆို အရမ်းပျော်မှာပါ ။ ကိုဘီက အသက် 20 ပဲ ရှိပါသေးတယ် ။ အဲဒီအရွယ်တုန်းက ခရစ္စတီယာနို အရံခုံမှာ ထိုင်နေခဲ့ရသလို ၊ ရွန်နေးလည်း ထိုင်နေခဲ့ရဖူးပါတယ် ။ မန်ချက်စတာယူနိုက်တက် သမိုင်းမှာ အရံခုံထိုင်ခဲ့ရလို့ ဘယ်သူမှ မကျရှုံးခဲ့ပါဘူး။ အဲဒါကြောင့် သူ့အနေနဲ့ တိုက်ပွဲဝင်စိတ်ရှိဖို့က အရေးကြီးဆုံးပါပဲ ။ " FREE KOBBIE " တီရှပ်နဲ့ ပတ်သက်ပြီး ကိုဘီ မှာ ဘာတာဝန်မှ မရှိပါဘူး။ သူလုပ်ခဲ့တာမှ မဟုတ်တာ ။ သူ့တာဝန်က ကွင်းထဲမှာ အကောင်းဆုံး ကစားနိုင်ဖို့ပါ ။ အဲဒီနေ့က သူ ကောင်းကောင်းကစားနိုင်ခဲ့တယ် ။ အဲဒီအပေါ်မှာပဲ အာရုံစိုက်ထားပါတယ် ။ ယုံချင်ယုံ မယုံချင်နေပါ ၊ ကျွန်တော်ကတော့ အသင်းကို ပိုကောင်းလာဖို့နဲ့ ကိုဘီကိုလည်း ဒီထက်ပိုကောင်းတဲ့ ကစားသမားဖြစ်ဖို့ ကူညီပေးဖို့ပဲ အာရုံစိုက်ထားပါတယ် " 🎙️ရူဘင်အမော်ရင် #RubenAmorim #ManchesterUnited

ဒီဇင်ဘာ ၂၀ရက် စနေနေ့မှာပွဲကြီးပွဲကောင်းတွေအများကြီးရှိပါတယ်ချစ်ကိုတို့💪🏾 ⭐️ ibet789 ⭐️555mix ⭐️Mong556 စတဲ့ ဘောလုံးအကောင့်ဖ
+9
ဒီဇင်ဘာ ၂၀ရက် စနေနေ့မှာပွဲကြီးပွဲကောင်းတွေအများကြီးရှိပါတယ်ချစ်ကိုတို့💪🏾 ⭐️ ibet789 ⭐️555mix ⭐️Mong556 စတဲ့ ဘောလုံးအကောင့်ဖွင့်ပြီးပွဲတွေလောင်းချင်သူများလည်း အိသက်စီမှာအနည်းဆုံး၅၀၀၀ကျပ်မှစပြီးကစားနိုင်ပါတယ်ရှင့်👍 အေးဂျင့်လုပ်သက် 5️⃣နှစ်အတွင်း အလျော်အစားနာမည်ပျက်မရှိတာမလို့စိတ်ကြိုက်လေ့လာကြည့်ပြီးမှလက်တွဲကစားပါရှင့် 🙂👍 Fb acc 📱 https://www.facebook.com/share/1CAPnYLJ7F/?mibextid=LQQJ4d Viber 📱09 967 356 567 Telegram acc 📱 t.me/eithet178

"မန်ချက်စတာယူနိုက်တက်မှာကစားမှ ညံ့နေပြီး တခြားအသင်းပြောင်းမှခြေစွမ်းပြတယ်ဆိုတာ လုံးဝ အခြေအမြစ်မရှိတဲ့ အလွယ်ပြောတဲ့ဆင်ခြေသက်သက
"မန်ချက်စတာယူနိုက်တက်မှာကစားမှ ညံ့နေပြီး တခြားအသင်းပြောင်းမှခြေစွမ်းပြတယ်ဆိုတာ လုံးဝ အခြေအမြစ်မရှိတဲ့ အလွယ်ပြောတဲ့ဆင်ခြေသက်သက်ပါ။ ကျွန်တော်ယူနိုက်တက်မှာရှိတုန်းက အသင်းဘက်က နည်းစနစ်ပိုင်း ၊ Training ၊ အာဟာရပိုင်း နဲ့ အားလုံးအစစအရာရာ ကူညီပေးခဲ့ပါတယ်။ ယူနိုက်တက်က ဒါမျိုးတွေမထောက်ပံ့ဘဲ တခြားအသင်းက ပိုထောက်ပံ့လို့ခြေစွမ်းကောင်းတယ်ဆိုတာ ကောလဟာလသက်သက်ပါ။ ယူနိုက်တက်မှာဆိုရင် စောင့်ကြည့်ခံရတာတွေများတော့ လူတွေက ယူနိုက်တက်ကစားသမားတွေကိုဆိုရင် တကယ့်ခြေစွမ်းထက် 10ဆ လောက်ပိုဆိုးတယ်ထင်နေကြတာပါ။ ကျွန်တော်ယူနိုက်တက်နဲ့နောက်ဆုံးနှစ်မှာတောင် 10 ဂိုးသွင်းပြီး ဖလားယူခဲ့သေးတယ်လေ" [via CBSSport]

“အခြေအနေတွေ က မျှော်လင့်ထားသလိုတော့ မဖြစ်လာခဲ့ပါဘူး။ ဆုဖလားတွေကို ဒီထက်ပိုပြီးတော့ ကျွန်တော် က သိမ်းချင်ခဲ့တာပါ။ ဒါပေမယ့်လည်း
“အခြေအနေတွေ က မျှော်လင့်ထားသလိုတော့ မဖြစ်လာခဲ့ပါဘူး။ ဆုဖလားတွေကို ဒီထက်ပိုပြီးတော့ ကျွန်တော် က သိမ်းချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းအတွက် ကျွန်တော်ပေးဆပ်ခဲ့သမျှအားလုံး က အရေးပါတယ်လို့ ယုံကြည်နေတယ်။ အသင်း ရဲ့ ဒုက္ခအရောက်ဆုံး၊ ရုန်းကန်ရဆုံးသော အချိန်တွေမှာတောင် ကျွန်တော် က ထွမ်မသွားဘဲနဲ့ သစ္စာရှိရှိ ဆက်နေခဲ့တယ်။ ယူနိုက်တက်မှာရှိတဲ့ လူတိုင်းဟာ ဒါကိုတော့ အသိအမှတ် ပြုကြလိမ့်မယ် မျှော်လင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအသင်းတွေဆီကို ပြောင်းရွှေ့ဖို့အတွက် အခွင့်အရေးကောင်းတွေဟာ ကျွန်တော့်ဆီကို ရောက်လာခဲ့ပါသေးတယ်။” 🎙️ဘရူနိုဖာနန်ဒက်စ် #BrunoFernandes #ManchesterUnited

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမဲ့ဇန်နဝါရီမှာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကွင်းလယ်လူ ရူဘင်နီးဗတ်စ်ကို ခေါ်ယူဖို့ အလေးအနက် စိ
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမဲ့ဇန်နဝါရီမှာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကွင်းလယ်လူ ရူဘင်နီးဗတ်စ်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပါတယ်။ ကစားသမားဟာ အယ်လ်ဟီလယ်နဲ့ စာချုပ်သက်တမ်း ကုန်ခါနီးဖြစ်လို့ ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ရနိုင်ခြေရှိပါတယ်။:ဝုလ်ဗ်နဲ့အတူ အင်္ဂလန်မြေမှာ ၆ နှစ်ကြာ ကစားခဲ့ဖူးလို့ အသားကျဖို့ အချိန်ပေးစရာမလိုပါဘူး။ နီးဗတ်စ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အပြင် နယူးကာဆယ် ကလည်း သူ့ကို မျက်စိကျနေတာကြောင့် အပြိုင်လုရမယ့် သဘောရှိပါတယ်။ #RubenNeves #ManchesterUnited

" ကျွန်တော်တို့ ပရိတ်သတ်တွေ စိတ်မရှည်ကြပါဘူး ၊ ဒါပေမဲ့ ဘောလုံးမှာတော့ ချက်ချင်းလက်ငင်း အောင်မြင်လာတယ်ဆိုတာတော့ မရှိပါဘူး ။ အာ
" ကျွန်တော်တို့ ပရိတ်သတ်တွေ စိတ်မရှည်ကြပါဘူး ၊ ဒါပေမဲ့ ဘောလုံးမှာတော့ ချက်ချင်းလက်ငင်း အောင်မြင်လာတယ်ဆိုတာတော့ မရှိပါဘူး ။ အာတီတာ ဆိုရင် အခုထိ လိဂ်ဖလား မရသေးပေမဲ့ တိုးတက်လာတာကို တွေ့ရတယ် ။ ဒီလို တိုးတက်လာဖို့အတွက်က အချိန်တွေ ပေးခဲ့ရတာပါ ။ အမော်ရင် အတွက်လည်း ဒီလို အချိန်တွေ လိုပါတယ် " 🎙️ရီယိုဖာဒီနန် #RioFerdinand #RubenAmorim

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်အတွက် ခေါ်မယ့် List တွေထဲမှာ ဘရိုက်တန် ကွင်းလယ်ကစားသမား ဘာလီဘာက ထိပ်ဆုံးရဲ့ထိပ်ဆုံးမှာရှိနေပါတယ
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်အတွက် ခေါ်မယ့် List တွေထဲမှာ ဘရိုက်တန် ကွင်းလယ်ကစားသမား ဘာလီဘာက ထိပ်ဆုံးရဲ့ထိပ်ဆုံးမှာရှိနေပါတယ်။ ဘာလီဘာက နံပါတ်တစ်ဖြစ်ပြီး အန်ဒါဆန် ၊ ဝါတန် တို့လည်း ပါပေမယ့် အမော်ရင် အကြိုက်ဆုံး နံပါတ်တစ်ကွင်းလယ်လူက ဘာလီဘာ ပါ" 🔴 [Fabrizio Romano]

မန်ယူနိုက်တက်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ နောက်ခံလူ မာဇရာဝီကို ကစားခွင့် မရတဲ့အတွက် ဖီဖာဆီ တိုင်ကြားစာပေးပို့ခဲ့ပါတယ် ။ ယူနိုက
မန်ယူနိုက်တက်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ နောက်ခံလူ မာဇရာဝီကို ကစားခွင့် မရတဲ့အတွက် ဖီဖာဆီ တိုင်ကြားစာပေးပို့ခဲ့ပါတယ် ။ ယူနိုက်တက်အသင်းဟာ ဒီယာလို၊ အမ်ဘူမို၊ မာဇရာဝီတို့ကို အာဖရိကနိုင်ငံများပြိုင်ပွဲအတွက် မစေလွှတ်ခင် ဘုန်းမောက်နဲ့ပွဲမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ခဲ့ပြီး မာဇရာဝီကလည်း ပြီးခဲ့တဲ့တစ်ပတ်လုံး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဖြစ်နိုင်ရင် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ချက်ထားပေမဲ့ ကလပ်နဲ့နိုင်ငံအသင်းကြား အခြေအနေကြောင့် ပရော်ဖက်ရှင်နယ်ပီပီသသ နေထိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ ဘုန်းမောက်နဲ့ပရီးမီးယားလိဂ်ပွဲကို သတ်မှတ်ထားတဲ့အတိုင်း တနင်္လာနေ့မှာ ကစားခဲ့ရတဲ့အတွက် မာဇရာဝီကို အသုံးပြုခွင့် မရတာက တရားမျှတမှု မရှိဘူးလို့ ခံစားနေရပါတယ်။ ယူနိုက်တက်လိုပဲ ရိုးမားနဲ့ ဘက်တစ်အသင်းတို့ကလည်း သူတို့အသင်းရဲ့ မော်ရိုကိုကစားသမားတွေနဲ့ပတ်သက်ပြီး မော်ရိုကိုဘောလုံးအဖွဲ့ချုပ်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ #ManchesterUnited #Mazraoui