1 710
المشتركون
لا توجد بيانات24 ساعات
-57 أيام
-3630 أيام
أرشيف المشاركات
1 710
BTC Analysis Part 6
အရှေ့ကပြောခဲ့တယ့် 60k-62k မှာရှိတယ် Strong ဖြစ်တယ့် Buyers တွေ Demand အားတွေ။ Pennant Pattern break တာတွေကိုကြည့်မယ်ဆိုရင် Technical ပိုင်းအရ Market ကို Buyers တွေပြန် Control လုပ်လိုက်ပြီဆိုတာ တွေ့ရှိနိုင်ပါတယ်။ ဒီကြားထဲမှာ Fundamental အားဖြင့်တော့ Trump နဲ့ IRAN တို့ ရေလက်ကြားကို ပြန်ဖွင့်မယ်ဆိုတယ် သဘောတူညီချက်ရရှိသွားလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေနံစျေးတွေထိုးကျပြီး ရွှေစျေး နဲ့ Crypto စျေးတွေပြန်တက်လာတာလို့ပြောနိုင်ပါတယ်။
ဒါပင်မယ့်ဒီသတင်းကိုမသိခဲ့ရင်တောင်မှ Market ဘာပြောလဲဆိုတာ တဆင့်ချင်းလေ့လာမယ်ဆိုရင်လည်း Market ဘယ်သွားချင်လဲ ဘာလုပ်ချင်နေပြီလဲဆိုတာကို သူများတွေထက် ခြေတလှမ်းစောပြီး သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Market analysis လုပ်တယ့်နေရာမှာ Price action ကို Primary အနေနဲ့အလေးပေးလေ့လာစေချင်ပါတယ်။ Price action ကအင်မတန်ရိုးရှင်းပါတယ် ။ Time frame တွေအများကြီးကြည့်စရာမလိုဘူး ၊ မရှုပ်ဘူး ၊ Simple & Clarity ဖြစ်တယ် အကောင်းဆုံးကတော့ Supply & Demand ပေါ်မှာအခြေခံထားတာဖြစ်တယ့်အတွက် တကယ့် Market ရဲ့ Oasis လဲဖြစ်ပါတယ်။
#analysis #BTC
1 710
BTC Analysis Part 5
BTC Market Update အခြေအနေအရ ကျွန်တော် အရင် Analysis တွေမှာ ပြောခဲ့တလို 62k - 60k level မှာ Strong ဖြစ်တယ့် Buyers တွေရှိနေတယ်ဆိုတာကို Historical data တွေနဲ့ ယှဉ်ပြခဲ့ပါတယ်။ အခုလက်ရှိ Market ဟာ 62k - 60k level မှာ consolidation ( Base ) ဖြစ်ပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
တနည်းအားဖြင့် Market ဟာ Directions တခုကို Momentum ကောင်းကောင်းနဲ့ ပြန်သွားဖို့ အားယူနေတယ့်အချိန်ပဲ ဖြစ်ပါတယ်။
အခု Market မှာ Pennant Pattern တခုပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ Pattern ကို Trader အများစုက Flag Pattern နဲ့မှားကျတာပါ။ Flag pattern မှာက Breakout မဖြစ်ခင်ကတည်းက Pattern တည်ဆောက်ပုံကို ကြည့်ပြီး Bullish Flag , Bearish Flag ခွဲခြားလို့ရပါတယ်။
ဒါပင်မယ့် Pennant pattern မှာက Breakout + Volume ကိုကြည့်ပြီး မှ ဘယ်ဘက်ကို Market Direction ဦးတည်မယ်ဆိုတာ သိရှိနိုင်တာပါ။
Pennant pattern ပေါ်ပြီဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ Breakout ဖြစ်သွား သည်ထိစောင့်ကြည့်သင့်ပါတယ်။
#analysis #BTC
1 710
BTC Analysis Part 4
အခုကျွန်တော်ပြထားတယ့် Chart က အရင်တခေါက် ATH ကနေ 60k ထိရောက်ခဲ့တယ့်နေရာပဲဖြစ်ပါတယ်။ Market တခုက ဘယ်ထိတက်မယ် ဘယ်ထိကျမယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး ။ ကျွန်တော်တို့သိနိုင်တာက Support & Resistance , Supply & Demand တွေတာကြည့်နိုင်ပြီး အရင်ကဘယ် Level တွေကနေ Market က Reversal ဖြစ်ခဲ့တာလဲ ၊ ဘယ် Level မှာ Supply အားကောင်းလဲ ၊ ဘယ် Level မှာ Demand အားကောင်းလဲ စတယ့် Market ကပြောတယ့် အရာတွေကို ကြည့်နိုင်မှပဲ ဘယ်ထိတက်မယ် ဘယ်ထိကျမယ်ဆိုတာ သိနိုင်မှာပါ။
ဒီ Chart မှာဆိုရင် BTC ဟာ သူ 60k ကနေ Reversal ပြန်လာဖို့ကို အချိန်ယူပြီးတော့ တည်ဆောက်သွားတာတွေ့နိုင်မှာပါတယ်။ ပထမဦးဆုံး 62k -60k က strong ဖြစ်တယ်ဆိုတာကို Demand zone တခု အနေနဲ့ စနစ်တကျတည်ဆောက်သွားတယ်။ အဲ့ Demand zone က Strongဖြစ်လာပြီး Reveal ပြန်လာတော့မယ်ဆိုတာကို Down trend ကို Break တယ် ပြီးတော့ Trend-line အားကောင်းကြောင်းကို Retest ပြန်လာလုပ်သွားပါသေးတယ်။
အဓိကကပြောချင်တာက BTC အခုလို 60k ထိပြန်ရောက်လာတယ့်အချိန်မှာ ဝယ်သင့်ပြီလား ဆိုတယ့်မေးခွန်းတွေအတွက် ပြောချင်တာက Market ကကိုယ့်ကို ဘာပြောနေလဲဆိုတာရော သေချာနိားထောင်နိုင်ပြီးလား ဆိုတာပါပဲ ။
#analysis #BTC
1 710
BTC Analysis Part 3
အခုအချိန်မှာ လူတိုင်း သိချင်နေတဲ့ အဖြေတစ်ခုရှိပါတယ်။ အဲဒါကတော့ “ကျွန်တော် အခုဝယ်ရတော့မလား၊ အခု Long ရတော့မလား” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါ။ အဲဒီအဖြေကို ကျွန်တော် Market Analysis နဲ့ စနစ်တကျ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်ခင်ဗျ။
ကျွန်တော်တို့ Financial Market တွေ Crisis ဖြစ်တော့မယ်၊ Bank တွေ ပြိုလဲတော့မယ်ဆိုတာကို Market Analyst တွေက ကြိုသိနေကြတာ မဟုတ်ပါဘူး။ အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ Data တွေ၊ အချက်အလက်တွေကို ပြန်လည်လေ့လာပြီး ဘယ်လိုအခြေအနေမျိုးမှာ Financial Crisis တွေ ဖြစ်ပေါ်လေ့ရှိလဲ၊ ဘယ်လိုအချက်တွေကြောင့် Bank တွေ ပြိုလဲရလဲဆိုတာကို သုံးသပ်ကြတာ ဖြစ်ပါတယ်။ အရင်က ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေကို လေ့လာပြီးမှသာ နောက်ထပ် ဘာတွေ ဆက်ဖြစ်နိုင်မလဲဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် “Data is the New Oil” ဆိုပြီး ပြောကြတာ ဖြစ်ပါတယ်။ Trading မှာလည်း အရင်က Data တွေက အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ Trading Pattern တွေဆိုတာလည်း အရင်က ဒီလို Pattern တွေ ပေါ်လာတဲ့အခါ Market က ဘယ်လိုတုံ့ပြန်လေ့ရှိတယ်ဆိုတာကို ရှေးက Trader ကြီးတွေက သူတို့ရဲ့ Data တွေအပေါ် အခြေခံပြီး လေ့လာသုံးသပ်ခဲ့ကြတာပါ။ အဲဒီကနေ “ဒီလိုဖြစ်ရင် ဒီလိုဖြစ်နိုင်တယ်” ဆိုတဲ့ Probability နဲ့ Fact-based Analysis တွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
#analysis #BTC
1 710
BTC analysis Part 2
မနေ့ကအကြောင်းအရာဆက်ရမယ်ဆိုရင် အခုလက်ရှိမှာ 62k - 60k ဟာ BTC အတွက် အင်မတန် အရေးကြီးတယ့် Support level ( demand level ) တခုဖြစ်နေပါတယ်။ ဒီ level ကအရေးကြီးမကြီး တကယ်သိချင်ရင် Volume ကိုကြည့်တာနဲ့သိနိုင်ပါတယ်။ BTC 60k လောက်ထိကျသွားတယ့်အချိန်မှာ Market ထဲ ပြန်ဝင်လာတယ့် Volume ကိုကြည့်မယ်ဆိုရင် 62k - 60k zone မှာ Buyers တွေပြန်ဝင်လာတယ်ဆိုတာတွေ့နိုင်ပါတယ် ။
အခုလို 82k ကနေ 60k လောက်ထိပြန်ကျတာရဲ့အဓိက အကြောင််းအရာတွေကတော့ ETF outflow တွေ ကြောင့် ၊ Economic အရမသေချာတယ့် Federal Reserve ၊ Geopolitical အရ Iran နဲ့ US အရေးခင်း တွေကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာ Point out လုပ်ရာမှာကတော့ Crypto market ထက် Stock Market ပေါ်ကို လူအုပ်ကြီးက ရောက်သွားလို့ပါပဲ ။ AI stock တွေ Chip stock တွေ ပေါ်မှာ အလုံးအရင်း နဲ့ Investment လုပ်နေကျတာပါ။ ဘယ်အချိန်မှာ AI bubble ကြီးထပေါက်မလဲဆိုတာတော့မသိနိုင်သေးပါဘူး ။
#analysis #BTC
1 710
BTC analysis Part 1
ကျွန်တော် Trading နဲ့ပက်သက်ပြီး မတင်တာတွေ ကြာနေပြီဖြစ်တယ့်အတွက် ဒီနေ့မှာတော့ အကုန်စိတ်ဝင်စားကြမယ်ထင်တယ့် BTC ရဲ့ Technical analysis လေးကို လက်တွေ့ကျကျလေး တဆင့်ချင်းရှင်းပြပေးသွားပါမယ်။
Financial Market တခုကို Technical analysis လုပ်မယ်ဆိုရင် အရေးကြီးဆုံးအချက်က Buyers နဲ့ Sellers တွေကို မြင်အောင်ကြည့်နိုင်ဖို့က အရေးကြီးပါတယ်။ Market တခု အတက်အကျတွေဖြစ်ပေါ်နေတာက ဒီ Buyers နဲ့ Sellers တွေအားပြိုင်မှုတွေကြောင့်ဖြစ်ပေါ်လာရတာပါ။
အခုလက်ရှိ BTC မှာ အရေးကြီးဆုံးက 62k - 60k မှာရှိတယ့် Strong ဖြစ်တယ့် Demand level ပါပဲ ။ Psychological Level တခုဖြစ်တလို Round number theory အားဖြင့်ဆို ရင်လည်း အင်မတန်အားကောင်းတယ့်နေရာဖြစ်ပါတယ် ။
#analysis #BTC
1 710
လူထုခေါင်းဆောင် ရဲ့81 နှစ်ပြည့်မွေးနေ့ အတွက် Proof of life Challenge လေးမှာ ပါဝင်ဖြစ်တယ့် Journey လေးကို Limitless Trading ရဲ့ Facebook မှာ နေ့တိုင်း တင်ဆက် ပေးလျက်ရှိပါတယ်။
1 ရက်နေ့က မေလ 19 ရက်နေ့ထိ 81 km ပြေးပြီး ဒီ challenge ပါဝင်ဖြစ်တာဖြစ်ပါတယ်။
Trading နဲ့ပက်သက်ပြီး မကြာခင်မှာ ပြန်လည်တင်ဆက်ပေးသွားပါမယ်ခင်ဗျ။ အားလုံးကို သတိရပါတယ်။
1 710
အားလုံးကိုတောင်းပန်ပါတယ် ကြားမှာ ခဏလောက်ပျောက်သွားတယ့်အတွက် Limitless Trading ကိုအစက အခုထိ အားပေးကျတယ့် သူတွေအားလုံးကိုကျေးဇူပါ။
Channel လေးကိုပုံစံအသစ်နဲ့အမြဲ up to date ဖြစ်နိုင်မယ့် ပုံစံလေးတခုအနေနဲ့ပြောင်းလဲသွားပါမယ် ။ Trading + Lifestyle ပုံစံမျိုးလေးသွားဖို့စိတ်ကူးထားပါတယ်။
YouTube မှာလဲ 75% of my trading journey ဆိုတယ့် Playlist free လုပ်ပေးဖို့အတွက် တနေ့နည်းနည်း လုပ်ပေးသွားဖို့စဉ်းစားထားပါတယ် ။
အားလုံးပဲကျေးဇူပါ
မင်္ဂလာရှိတယ့်နေရက်လေးတွေပိုင်ဆိုင်နိုင်ကျပါစေ
1 710
မြန်မာ့နှစ်သစ်အခါသမယမှာ Limitless Trading Community မှာရှိတဲ့ မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပြီး Trading Journey တစ်လျှောက် Discipline နဲ့ Patience ကို ထိန်းသိမ်းနိုင်ကြပါစေ။ Market အတွင်းမှာ အခွင့်အလမ်းကောင်းတွေကို မှန်ကန်စွာဖမ်းယူနိုင်ပြီး Loss တွေကလည်း သင်ခန်းစာအဖြစ် ပြောင်းလဲကာ Profit တွေ တဖြည်းဖြည်းတိုးပွားလာပါစေ။ ဒီနှစ်သစ်မှာ အောင်မြင်မှုတွေ၊ Growth တွေနဲ့အတူ ကိုယ့်အိမ်မက်တွေ ဆီကို နီးကပ်လာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
#Notes #Newyear #Thingyan
1 710
မြန်မာ့သင်္ကြန်နှစ်သစ်ကူးအခါသမယမှာ ကျွန်တော်တို့ Limitless Trading Community မှာရှိတဲ့သူအားလုံးကို သင်္ကြန်နှစ်သစ်ကူးမင်္ဂလာပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ သင်္ကြန်ရေစက်လေးတွေလိုပဲ အဟောင်းတွေ၊ loss တွေ၊ အမှားတွေကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်ရှင်းလင်းမှု၊ စည်းကမ်းရှိမှုနဲ့ အမြဲတမ်းတိုးတက်နေတဲ့ profit တွေကို ရရှိနိုင်ကြပါစေ။ သင်္ကြန်ကနေစပြီးတော့ risk management ကောင်းကောင်းနဲ့ mindset တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ကြပါစေ၊ trading skill တိုးတက်လာတာနဲ့အမျှ အောင်မြင်မှုတွေကိုလည်း အတူတူ ရရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
နှစ်သစ်မှာ အခွင့်အလမ်းအသစ်တွေ၊ အောင်မြင်မှုအပြည့်နဲ့ တစ်နှစ်လုံးကို ဖြတ်သန်းနိုင်ကြပါစေ
#Notes #Thingyan
1 710
သင်္ကြန်ပိတ်ရက်မှာ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ Chill လုပ်ရင်း Trading လုပ်ချင်တဲ့သူတွေအတွက်
MEXC ရဲ့ MAHAR THINGYAN Airdrop က အခွင့်အရေးကောင်းတစ်ခုပါပဲ $500 တန် BTC Trading Position ကို လက်ဆောင်အဖြစ်ရယူနိုင်ပါတယ်
ပါဝင်ဖို့ကလည်း အရမ်းလွယ်ပါတယ် 👇
✔️ MEXC Account ရှိရမယ် + KYC Complete ဖြစ်ရမယ်
✔️ $100 Deposit (24 Hours အတွင်းသာ)
✔️ ဒီ Link ကနေ Join လုပ်ပြီး
https://www.mexc.co/campaigns/Deposit100Get500-SEAWaterFestival
ဒီအချက်လေးတွေပြည့်စုံသွားပြီဆိုရင်တော့
$500 BTC Position ကို FREE အဖြစ်ရယူပြီး သင်္ကြန်ကာလမှာ Trading အခမဲ့ ပြုလုပ်နိုင်ပါပြီ
အချိန်မဖြုန်းဘဲ အခွင့်အရေးကို အသုံးချလိုက်ပါ
#MEXC #Maharthingyan
1 710
အားလုံးကို ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုပြောစရာရှိပါတယ်
Limitless Trading နဲ့ MEXC Exchange တို့ အတူတကွ ပူးပေါင်းပြီး Myanmar Community အတွက် တကယ်ကို Value ရှိမယ့် Reward Campaign တွေ၊ Giveaway တွေ အပြင် Quality မြင့်တဲ့ Trading Content တွေကို တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်ခင်ဗျ။
ဒီ Collaboration ဟာ MEXC exchange ဘက်ကလာရောက် Invite ခဲ့တာဖြစ်တဲ့အတွက် တကယ့်ကို ဂုဏ်ယူခဲ့ရပါတယ် ။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း Day Trading လုပ်ရာမှာ MEXC Exchange ကိုနောက်ပိုင်းပိုမိုအသုံးပြုလာပြီး MEXC ရဲ့ Funding fee ဟာတခြား Exchange တွေပိုပြီး Save ဖြစ်တယ့် အတွက် ပါ။ ကျွန်တော့် အတွက်တော့ နောက်ထပ် Crypto Trading content တွေ အတွက်အားတက်စေတဲ့ အခွင့်အရေးတစ်ခုဖြစ်သလို၊ နာမည်ကြီး Exchange တစ်ခုနဲ့ တိုက်ရိုက် လက်တွဲခွင့်ရတာကိုလည်း တကယ်ကို ဂုဏ်ယူဝမ်းသာမိပါတယ်။
အပြည့်စုံကို Facebook တွင်ဖတ်ရှုနိုင်ပါပြီ⬇️⬇️
https://m.facebook.com/story.php?story_fbid=pfbid02JBR17wxX8nuy7rqMuCvajEcin6ndRcX9b5M9zr1zJW4odK17rAk1Rus2KE9Q9dyul&id=100083442776874
#Notes #MEXC
1 710
အရင်လို Daily analysis တွေမတင်ဖြစ်တော့
Day trading မလုပ်တော့ဘူးလားဆိုပြီးလာမေးကြ လို့ပါ
Crypto Day Trading ကတော့နေ့တိုင်းလုပ်ပါတယ်
Analysis တွေ Daily setup တွေကိုတော့ Limitless tradingရဲ့
Private team ထဲမှာပဲ နေ့စဉ် Analysis တွေ Setup တွေကို
Sharing လုပ်ဖြစ်နေလို့ပါ ။
အရင်လို Channel မှာ Analysis မတင်ပေးဖြစ်တော့တာက
Market ရဲ့ အလုပ်လုပ်ပုံတွေပြောင်းလဲလာလို့ပါ
အခုလက်ရှိအခြေနေက Higher Time frame analysis တွေက
သတင်းတွေကြောင့် ရော Trump ကြောင့်ရောမို့
analysis တွေက အရင်လောက် မျှဝေဖို့ ခက်ခဲလာလို့ပါ ။
ဒါပင်မယ့် Market Analysis ထက် Market ကို လေ့လာရာမှာအရေးကြီးတယ့်
Technical analysis အကြောင်းရာတွေနဲ့ Tools တွေကိုတော့
YouTube မှာ free Course တခုအနေနဲ့ မျှဝေပေးသွားဖို့ရှိပါတယ်ခင်ဗျ
အခုက Day trading နဲ့ Crypto Funded Trading ဘက်ပဲ ပိုပြီး အာရုံစိုက်ဖြစ်နေလို့ပါ ။
#Update #Youtube
1 710
American နဲ့ Iran အပစ်ခေတ် ရပ်စဲမှုကြောင့် Crypto Market ဘာဖြစ်လာနိုင်လဲ ?
2026 ဖေဖဝါရီနောက်ဆုံး အပတ်ကနေ စတင်ခဲ့တဲ့ ပြင်ထန်တဲ့ ပဋိပက္ခမှာ အမေရိကန် - အစ္စရေးတိုက်ခိုက်မှုတွေ ၊ အီရန် ရဲ့ပြန်လည်တိုက်ခိုက် မှုတွေကြောင့် ၊ ကမ္ဘာရေနံ ပို့ဆောင်မှုရဲ့ ၂၀% အရေးပါတယ့် ဟော်မုဇ်ရေလက်ကြားကို အီရန် ဘက်ကနေ စတင်ပိတ်ဆို့လိုက် ပါတယ်။ ဒါကြောင့် ကမ္ဘာရဲ့ ၂၀% ရေနံစီးဆင်းမှုတွေ ရပ်ဆိုင်းသွားရပြီး ရေနံစျေးတွေဟာလဲ အဆမတန် ထိုးတက်လာခဲ့ပါတယ် ။ အဆိုးဆုံးကတော့ ရေနံဆီ ပြတ်သုံးမှုတွေဖြစ်လာပြီး တကမ္ဘာလုံးအခက်တွေ့ခဲ့ရပါတယ် ။
ရေနံစျေးတွေ အဆမတန်မြင့်တက်လာမှုကြောင့် ကမ္ဘာ စီးပွါးရေးမငြိမ် မသက်မှုတွေဖြစ်ပေါ်လာပြီး Security assets တွေဖြစ်တယ့် Stock နဲ့ Crypto လိုမျိုး asset တွေစျေးတွေထိုးကျခဲ့ပြီး Gold , Silver လို Commodities တွေပါစျေး ကျခဲ့ပါတယ် ။
အပြည့်စုံကို Facebook Page တွင်ဖတ်ရှုနိုင်ပါပြီ⬇️⬇️
https://m.facebook.com/story.php?story_fbid=pfbid029VxNxQzPWWU4XwSzdZSQCh1sPtwsRsdPGoGsE5z4qVxqXDVfd5N83G1Bp69V9Wf7l&id=100083442776874
#Knowledge #Notes
1 710
Quality Trade Setup လား ၊ Quantity Trade Setup လား ကိုယ်က ဘယ်လို setup ကိုရွေးချယ်မှာလဲ ?
ကျွန်တော်တို့ Entry ဝင်တယ့်အခါမှာ 90% သော Trader တွေလုပ်လေ့ရှိတာကတော့ ကိုယ်အသုံးပြုနေတယ့် Strategy ရဲ့ Rule တွေကို မေ့လိုက်ပြီး ကိုယ် Trade Entry ရဖို့အရေးဒို့ အရေးဆိုပြီးတော့ မြင်သမျှနေရာကနေ လိုက်ဝင်ကြတာပါ ။ အဲ့အခါမှာ ကိုယ်က Quality Setup ( Strategy ရဲ့ Rule တွေနဲ့ ကိုက်ညီတယ့် Setup ) တွေကို မစဉ်းစားတော့ပဲနဲ့ Trade Entry များဖို့ အရေးကိုပဲ ဦးစားပေးတယ့်အခါမှာ Randomness တွေ ဖြစ်လာပြီးတော့ Market
ထဲမှာ အကြောင်း အရင်းမရှိပဲ အရှုံးတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ် ။ Quantity Setup တွေရဲ့ အဆိုးဆုံးကတော့ Market edge ကိုဂရုမစိုက်တော့ပဲ အကြောင်းအရင်းမဲ့ Trade entry တွေလိုက်ဝင်နေတာပါ။
ကိုယ်က အခု Quantity Setup တွေလိုက်ဝင်နေမိတယ် ၊ Randomness ဖြစ်နေတယ်ဆိုရင်
ဒီအချက်လေးတွေကို ဂရုတစိုက်ပြင်ဆင်သင့်ပါတယ် ။
More on Facebook ⬇️⬇️
https://m.facebook.com/story.php?story_fbid=pfbid02HrjThXfSxC26RLN22rkTQFv6Ls3TDQqSVnQbvDtxzFAwgoNffn21EKCMDbEsjBPxl&id=100083442776874
#Knowledge #Notes
1 710
Day trading လုပ်မယ်ဆိုရင် ကိုယ်တကယ်နားလည်ပိုင်နိုင်တယ့် Market ကိုမဖြစ်မနေရွေးချယ် ဖို့လိုပါတယ် ။ ဒါမှလဲ ကိုယ်တကယ် Long term အနေနဲ့ Trading လုပ်တယ့်အခါမှာ Consistent ဖြစ်ဖြစ်နဲ့သွားနိုင်မှာဖြစ်ပါတယ် ။
အဲ့ လို ကိုယ်အမြဲ Trading လုပ်တယ့် Market ကိုရွေးချယ်တယ့်နေရာမှာ Volume နဲ့ Volatility ဆိုတယ့်စကားလုံးနှစ်ခုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့လိုပါတယ် ။
အပြည့်အစုံကို Facebook တွင်ဖတ်ရှုနိုင်ပါပြီ⬇️⬇️
https://m.facebook.com/story.php?story_fbid=pfbid022QzSW1grd4wnLLZGyg8JvbCS4sy9CNJgsDsrqP4bRDgDwep28yqT6uq4K5riMP3Kl&id=100083442776874
#Knowledge #Notes
1 710
ကျွန်တော် ဟိုနေ့က မျှဝေပေးခဲ့ တယ့် Post အောက်မှာ Trading plan နဲ့ပက်သက်ပြီး မေးမြန်းထားကြလို့ ဒီနေ့မှာ Trading plan နဲ့ပက်သက်ပြီး မျှဝေပေးလိုက်ပါတယ်ခင်ဗျ ။ ဒီ post ဟာအနည်းငယ် ရှည်ကောင်းရှည် နိုင်ပါလိမ့်မယ် ဒါပင်မယ့် ကိုယ်က တကယ့် Trader ကောင်း တယောက်ဖြစ်ချင်တယ့်သူတွေအတွက် အဓိကထားပြီး မျှဝေပေးလိုက် ခြင်းဖြစ်ပါတယ် ။ Trader အများစုကို Trading Plan ရှိလားမေးလိုက်ရင် သူတို့မှာ တိကျတယ့် Trading plan တခုမရှိတာတွေ့ရပါတယ် ။ တချို့ဆို Trading plan ဆိုတာ တောင်မသိကြတယ့်သူတွေရှိပါတယ် ။
ကျွန်တော်တို့ Trading plan တခုရေးဆွဲတော့မယ်ဆို အရေးကြီးတယ့် အချက်သုံး ချက်ရှိပါတယ် ။ ပထမ တခုက TradingHour ဒုတိယ အနေနဲ့ Daily Bias နဲ့ နောက်ဆုံးကတော့ Trading system တို့ပဲဖြစ်ပါတယ် ။
More on facebook ⬇️⬇️
https://m.facebook.com/story.php?story_fbid=pfbid0n8xLrZcReiVMog6y7XHat71zyWV8bfuKP7tbh3cY4x8UK6i9Mgnu2oNsisJpLtaol&id=100083442776874
#Knowledge #Notes
1 710
ကျွန်တော် Trading နဲ့ပက်သက်ပြီး 5 နှစ်ကျော်လောက်လေ့လာပြီးတယ့်အခါမှာ
ဒီအ ချက်တချက် ကြောင့် Trading လုပ်တာ ပိုပြီး Flexible ပိုဖြစ်လာခဲ့ပါတယ်
အဲ့တာက Trading လုပ်တယ့်အခါမှာ တိကျသေချာပြီးတော့ စနစ်ကျတယ့် plan တခုရှိလာပဲဖြစ်ပါတယ် ။ အရင်ကဆိုရင် Chart ကို လေး ငါးနာရီကြည့် ခဲ့တာ၊ အပြင်သွားရင်တောင်မှ ဖုန်းနဲ့ Chart ကိုထိုင်ကြည့်နေခဲ့တာပါ ။ အဆိုးဆုံးကတော့ ရှုံးတာပဲ ဖြစ်ဖြစ် ၊ နိုင်တာပဲ ဖြစ်ဖြစ် လောဘကြောင့် Entry ပေါ်ကောင်းပေါ်မလား ၊ Entry တွေလွတ်ကုန်မှာပဲဆိုတယ့် စိတ်နဲ့ လောဘနောက်လိုက်ရင်း စိတ်ဖိစီးမှုတွေနဲ့ ကုန်ဆုံးခဲ့ပါတယ် ။ အဆိုးဆုံးကတော့ မိသားစုနဲ့ စကားပြောတယ့်အချိန် ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ ကြတယ့်အချိန်မှာ ကိုယ်က သူတို့ Conversation ပေါ်မှာအာရုံမရှိတော့ပဲ Chart ကြည့်ပြီး Entry ရှာဖို့ကိုပဲ စိတ်ရောက်နေတာပါ ။
https://m.facebook.com/story.php?story_fbid=pfbid0pGoDDSvT4aNANt9ku5AHTC9xyNRcp4f4XrNqPmU2EZS356oot8j8C45NAKyuZZThl&id=100083442776874
#Knowledge #Notes
1 710
ကျွန်တော့်ရဲ့ Trading Career တလျောက်လုံးမှာ Trading နဲ့ပက်သက်တယ့်အကြောင်းအရာတွေ ၊ Psychology နဲ့ပက်သက်တယ့်အကြောင်းအရာတွေ ၊ Finance ၊ Economics စသည်ဖြင့် ဒီ industry ထဲက အကြောင်းအရာတွေ အများကြီးလေ့လာခဲ့ပါတယ်။
ဒီလေ့လာမှုတွေထဲကမှာ စကားလေးတခွန်း idea လေးတခုကြောင့် Career growth ကြီးမားမားဖြစ်သွားတာတွေ Trading မှာကိုယ့် Performance အများကြီးကောင်းလာတာတွေ ရှိလာခဲ့ပါတယ်။ ဒီလိုဖြစ်လာတာက ဆရာ Myo eain zan ရဲ့ video တွေက နဲ့ အများကြီးပြောင်းလဲလာခဲ့တယ်လို့ ပြောလို့ရပါတယ်။
အပြည့်စုံကို Facebookတွင်ဖတ်ရှုနိုင်ပါပြီ ⬇️⬇️
https://m.facebook.com/story.php?story_fbid=pfbid0FFo8ZVSruNCGGPLPmK3SbTFsrDnCVneqdUQFb8bjKChrCfcjD2JMLjp1W9yjUNFZl&id=100083442776874
#Knowledge #Notes
1 710
ကျွန်တော့်ရဲ့ Trading Career တခုလုံးကိုပြောင်းလဲစေခဲ့တယ့် အချက်သုံးချက်
ဒီ Video မှာ ကျွန်တော် ရှုံးလိုက် မြတ်လိုက် ပြန်ရှုံး လိုက်ဖြစ်နေတယ့် circle ကနေ ဘယ် လို ရှုန်းထွက်နိုင်ခဲ့တာလဲ ။ နောက်ပြီး ဒီအချက် သုံးချက်ကို သိပြီးတယ့် နောက်ပိုင်းမှာ Trading လုပ်ကတာပိုပြီး performance ကောင်းလာတယ် ၊ စနစ်ပိုကျလာခဲ့ပါတယ် ။ ဒါကြောင့် ဒီနေ့မှာ မိတ်ဆွေတို့ကို ကျွန်တော့်ကို ပြုပြင်ပြောင်းလဲ သွားစေတယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ် ။
Disclaimer ( ဒီ video သည် ကျွန်တော့်၏ တဦးတည် ယူဆချက်များ ဖြစ်သည် ။ video ထဲတွင် စကား မှားပြောမိတာ ရိုင်းပြမိတာများရှိရင် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းဆိုပါတယ် ခင်ဗျ )
YouTube link 🔗
https://youtu.be/iHAofHFFRpg?si=aeH-poKyELGVDas2
#Youtube #Knowledge
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
