ar
Feedback
စာတို

စာတို

الذهاب إلى القناة على Telegram

စာရေးဆရာတွေ မဟုတ်လို့ လိုအပ်ချက်တွေရှိခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်ရှင့်😘😘

إظهار المزيد
2 272
المشتركون
-224 ساعات
+97 أيام
+6730 أيام
أرشيف المشاركات
ပြန်လှည်လာလိုက်တယ် ကိုယ်ပေးမိတဲ့  အပိုအသက်သက်ဖြစ်ခဲသော မေတ္တာတွေကို ထုတ်ပိုးပြီ။ #meepoe

ကျနော်ကို ဂရုမစိုက်ပဲ ပစ်ထားပေးပါ လူတိုင်းကိုပေးနေတာဖြစ်နေတဲ အကိုအတွက် ဘာမှာမထူးဆန်းတဲအရာပါ မရင်ကျက်နိုင်တဲ ကျနော်ကသာ ရင်ခုန်မိတာ အတွေးမမှားချင်ဘူး မသိသလိုသာနေပါလား အကို #meepoe

မင်းလိုအပ်တဲ့အချိန်တိုင်း စကားလာပြောပါ တို့က မင်းအတွက်အမြဲအဆင်သင့်ပါပဲ တို့အနားမှာနေရလို့မပျော်ဘူးဆိုလဲရတယ်နော် အချိန်မရွေးမင်းထွက်သွားလို့ရပါတယ် မင်းအခြားသူနဲ့မပျော်တဲ့တစ်နေ့ပြန်လာခဲ့ပေါ့ ဒီရငိခွင်ဟာမင်းအတွက်ပါပဲ

ရေစက်ကြောင့်ပဲဆုံခဲ့ဆုံခဲ့ ဝဋ်ရှိလိုပဲပေးဆပ်ရတယ်ပဲဆိုဆို အစ ပထမ မှာ ငါတို့နှစ်ယောက်လုံးပျော်ခဲ့တာပဲလေ။ #meepoe

တစ်နေ့နေ့မှာ မင်း ကိုယ့်အကြောင်း ဘယ်တော့မှ ကြားရတော့မှာမဟုတ်ဘူးဆိုရင်... ဒါလေးတော့ ပြောပြချင်ပါတယ်... မင်းကို ကိုယ့်မှာရှိတဲ့အရာ အားလုံးနဲ့ပုံအောပြီး ချစ်ခဲ့ပါတယ်... ဘယ်သူ့ကိုမှမပေးဖူးတဲ့ မေတ္တာတွေနဲ့ ကိုယ့်ဘဝ ထဲက ဦးစားပေးနေရာမှာ ထားခဲ့ပါတယ် မင်းမမြင် ခဲ့ပေမယ့်လို့ပေါ့... တစ်ခြားလူတွေကို ရွေးချယ်နိုင်တဲ့လမ်းပေါင်းများ စွာရှိခဲ့ပေမယ့် မင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်. အခုအထိလဲ မင်းကို ရွေးချယ်ဆဲပါပဲ... ငါရဲ့ တည်ရှိခြင်းက မင်းအတွက် ငြိမ်းချမ်းမှု မရနိုင်ဘူး ဆိုတာရယ်... ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ မင်းအတွက် ဘယ်တော့မှ မလုံလောက်နိုင်ဘူးဆို တာရယ်ကို နားလည်လိုက်ရတဲ့အတွက် ငါမင်းကို ထပ်ပြီး မမျှော်လင့်တော့ပါဘူး.... အမှန်တရားကို သတ္တိရှိရှိ လက်ခံလိုက်ပါပြီ... ရုန်းနေရတဲ့မင်းလက်ကလေး နာကျင်နေမှာစိုးလို့ ကိုယ်လွှတ်ပေးလိုက်ပါပြီ... အကယ်၍ မင်းငါ့အကြောင်းများ ဖြတ်ခနဲတွေးမိခဲ့ရင်••• မင်းအလိုမကျတဲ့ငါမဟုတ်ဘဲ.. မင်းချစ်ခဲ့ဖူးတဲ့ငါ.... မင်းနဲ့အတူရယ်မောခဲ့ဖူးတဲ့ ငါ... မင်းအသိအမှတ်ပြုခဲ့တဲ့ ငါ့ကိုပဲ... မှတ်မိပါ စေလို့ ဆုတောင်းမိပါတယ်... ခေါ်ခွင့်မရှိတော့တဲ့နာမ်စားလေးကို ရေရွှတ်ရင်း. နှလုံးသားရဲ့တစ်ထောင့်တစ်နေရာကတော့ ငါမ ပေးနိုင်တဲ့ ပျော်ရွှင်မှုတွေ၊ အေးချမ်းမှုတွေ ပေးနိုင် မယ့် ငါ့ထက်သာတဲ့တစ်စုံတစ်ယောက်ကို ရှာတွေ့ ပါစေလို့   ဆုတောင်းပေးလိုက်ပါတယ်•••• THAE

လူတစ်ယောက်ကိုယ်တစ်ပတ်လောက်ပဲချစ်မယ် သံသရာတစ်ပတ်.... #meepoe

အတုအယောင်တွေ ပေါများတဲ့ လူတွေကြားမှာ အားပေးသလိုနဲ့ ထိုးနှက်တတ်ကြတဲ့ လူတွေကြားမှာ တစ်ယောက်တည်း နေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ..။ #crd

လောကဓံ ဆိုတာ မင်းတယောက်တည်း အတွက် ကွက်ရွာတဲ့ မိုးမဟုတ်ဘူး။ စိတ်ဓာတ်ကျနေတဲ့ အချိန် ကိုယ့်အောက်က လူတွေကိုကြည့် ငါအဲလောက်မဆိုးသေးဘူးဆိုတာ သိလာလိမ်မယ်။ စိတ်ကြီးဝင်တဲ့ အချိန် ကိုယ့်အထက်က လူတွေကိုကြည့် ငါဟာ ဘာမှမဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်။ #.အရှင်ဝိသုတ ( ညောင်တုန်း ) Credit........

"ရေသန့်သောက်လို့ လူသန့် ဖြစ်မလာနိုင်ပါဘူး၊ အလွန်နက်သော ရေသည် တိတ်တိတ်ဆိတ်ဆိတ်နေ၏ ပညာရှိသည် တိတ်တ်ိတ်ဆိတ်ဆိတ် နေတတ်သည်ဟု ဆိုရိ
"ရေသန့်သောက်လို့ လူသန့် ဖြစ်မလာနိုင်ပါဘူး၊ အလွန်နက်သော ရေသည် တိတ်တိတ်ဆိတ်ဆိတ်နေ၏ ပညာရှိသည် တိတ်တ်ိတ်ဆိတ်ဆိတ် နေတတ်သည်ဟု ဆိုရိုးရှိ၏၊ ကုန်ဆုံးသွားသော အချိန်သည် ဘယ်တော့မှ ပြန်မရပါ၊ သာမန်ဘဝမျိုးထက် သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားရမှာပဲ၊ ပဲပုတ်လိုနံသော အရသာကို လူကြိုက်များ၏ သကာလို ချိုသောတရားသည် လူကြိုက်နည်း၏၊ ကိုယ်လုပ်တဲ့ အလုပ်သည် ကိုယ့်ဘဝရဲ့ တန်ဖိုးပါပဲ၊ ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့အတွက် နှလုံးသားကို ပိတ်ပြီး/ ဦးနှောက်ကို ဖွင့်ထားပါ၊ လက်မြှောက်အရှုံးမပေးတဲ့သူတိုင်း အောင်မြင်နိုင်မဲ့သူပါ၊ လက်မြှောက်အရှုံးမပေးတဲ့သူတိုင်း champion တစ်ယောက်ပါ။ #ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ #crd

မင်းကိုချစ်တဲ့နှလုံးသားကိုမလွန်ဆန်နိုင်လို့သာ မင်းကိုဆက်၍ချစ်မိနေတာ စိတ်ချပါမင်းမတောင်းဆိုရင်တောင် မင်းကိုအနှောက်အယှက်မဖြစ်စေရပါဘူး -စိုင်းနောင်

ဒီနေ့လဲမနေ့ကလိုပဲ မေ့ချင်လျှက်နဲ့လဲမေ့လို့မရခဲ့ပါ နောက်နေ့တွေမှာတော့မေ့နိုင်လောက်မယ်ထင်ပါရဲ့ -စိုင်းနောင်

1:11😘

အသက်တစ်မျှချစ်ရပါသော တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်နိုင်ရန် ဘာတွေများပေးစပ်ရမှာပါလိမ့် -စိုင်းနောင်

ထမင်းတဝိုင်းလုံးကျွေးတဲ့လူကို အတင်းပြောပြီး သွားကြားထိုးတံကမ်းပေးတဲ့လူကို ကျေးဇူးတွေဇွတ်တင်တတ်တဲ့လူမှုရေးမျိုးတော့ကျွန်မမကျွမ်းကျင်ပါဘူး ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်တဲ့လူမျိုးတွေနဲ့တွေ့တဲ့အခါ ကျွန်မဟာအလိုလိုသဘောထားသေးသွားတတ်ပါတယ်၊ တနည်းပြောရရင် ကျွန်မကလူတွေနဲ့တည့်ပါတယ် ဒါပေမဲ့ လူပါးဝတဲ့ လူတွေနဲ့တော့မတည့်ပါဘူး။ #meepoe

သို့.... သက်ဆိုင်သူသို့ မင်းပျော်မယ်ထင်လို့ရွေးချယ်သွားတဲ့လမ်း သာယာဖြောင့်ဖြူးပါစေ

လွမ်းတာပေါ့.... မျက်ရည်ခမ်းလောက်အောင်ကိုမင်းကိုလွမ်းတယ်... ဘာကြောင့်မှန်းမသိပေမယ့်မင်းကိုအရမ်းလွမ်းတယ်...... မင်းရဲ့သက်ဆိုင်သူတောင်ငါလောက်လွမ်းမှာမဟုတ်ဘူး..... -စိုင်းနောင်

မေလရဲ့ မွေးနေ့ရှင်လေးရေ … ပျော်ရွှင်ပါစေနော်ဆိုပြီး ဆုတောင်းတွေ တောင်းပေးရုံနဲ့ ပြုံးယောင်သမ်းလာမယ့် နှုတ်ခမ်းတွေမှ မဟုတ်တော့ပဲလေ ။ အဆင်မပြေတာတွေ အများကြီးကို အားတင်းကျော်ဖြတ်ရင်းက တင်းတင်းစေ့ထားမိတဲ့ နှုတ်ခမ်းတွေက ပြုံးဖို့ မေ့နေခဲ့တာ ကြာပြီမဟုတ်လား ။ တစ်ခုခုဆို ကိုယ့်အတွက်ထက် အခြားသူတွေကို ပိုကြည့်တတ်တာလေးကြောင့် ဘယ်နေရာမှာမဆို သူများတွေထက် နှစ်ဆပိုပင်ပန်းရတတ်တဲ့ မေလဖွားလေးမလား ။ ဟိုလူ့အတွက် ဒီလူ့အတွက်ဆိုပြီး အမြဲတမ်း စိတ်ပူတတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ကျ မေ့မေ့နေတတ်တဲ့ မေလဖွားလေးမို့ တခြားသူတွေထက်တော့ ဒဏ်ရာဒဏ်ရာ ပိုများမယ် ထင်ပါတယ် ။ မေလဖွားလေးရေ … မေတ္တာမှန်ရင် ရောင်ပြန်ဟပ်လာမှာပေါ့ဆိုတဲ့ စကားကို လက်ကိုင်ထားတတ်တဲ့သူမို့ တချို့နေရာတွေမှာ အများကြီးမျှော်လင့်ထားပြီး အများကြီး နာကျင်ခဲ့ရမှာပဲနော် ။ ကိုယ့်ရဲ့ မွေးလလေးမှာတော့ … ပျော်စရာတွေ အများကြီးပဲ ကြုံစေချင်သလို ပူလောင်စရာတွေ ရှားစေချင်ပါတယ် ပန်းတွေ အများကြီး ပွင့်တတ်တဲ့ လလေးလိုပေါ့ မေလဖွားလေးရဲ့ …. နှုတ်ခမ်းမှာလည်း အပြုံးပန်းတွေ အများကြီး ပွင့်ပါစေနော် ။ လုံခြုံအေးချမ်းတဲ့ အရပ်မှာ စိတ်ပူစရာမလိုတဲ့ ဆက်ဆံရေးနွေးနွေးလေးနဲ့ ဆုံပါစေ ။ မေလရဲ့ မွေးနေ့ရှင်လေးရေ … ပင်ပန်းခဲ့ရသလောက် အေးချမ်းပါစေ မြိုသိပ်ခဲ့ရသလောက် လွတ်လပ်ပျော်ရွှင်ပါစေ ။ မျှော်ရကျိုးနပ်တဲ့ မွေးလလေးဖြစ်ပါစေနော် ။ #ကျေးကို

photo content

တစ်ချိန်ချိန်မှာတော့ပြန်ဆုံမယ် သံသရာဆိုတာလည်နေစမြဲပဲ နိဗ္ဗာန်ဆိုတာမရောက်သ၍ ငါတို့ပြန်ဆုံနိုင်လောက်ပါတယ် -စိုင်းနောင်

ဧပရယ်နွေကပဲရက်စက်တာလား မင်းအပြုံးတွေကပဲလှရက်တာလား တစ်ကယ်ပါမိန်းကလေးငယ် ကိုယ်မှာစွဲလမ်းရလို့ရူးလောက်ပါတယ် -စိုင်းနောင် -ဧပရယ်နေ့ရက်များ