🇲🇲 Truth Zone Online 🇲🇲
"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"
إظهار المزيد📈 نظرة تحليلية على قناة تيليجرام 🇲🇲 Truth Zone Online 🇲🇲
تُعد قناة 🇲🇲 Truth Zone Online 🇲🇲 (@truthzoneonline) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 15 144 مشتركاً، محتلاً المرتبة 5 557 في فئة الدين والقيم الروحية والمرتبة 8 654 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 144 مشتركاً.
بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 60، وفي آخر 24 ساعة بمقدار -3، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.58%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.96% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 1 148 مشاهدة. وخلال اليوم الأول يجمع عادةً 1 054 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 45.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الدين والقيم الروحية.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 22 سبتمبر | 0 | |||
| 21 سبتمبر | +8 | |||
| 20 سبتمبر | +15 | |||
| 19 سبتمبر | 0 | |||
| 18 سبتمبر | +5 | |||
| 17 سبتمبر | +22 | |||
| 16 سبتمبر | +13 | |||
| 15 سبتمبر | 0 | |||
| 14 سبتمبر | +2 | |||
| 13 سبتمبر | +6 | |||
| 12 سبتمبر | 0 | |||
| 11 سبتمبر | +1 | |||
| 10 سبتمبر | +7 | |||
| 09 سبتمبر | +1 | |||
| 08 سبتمبر | 0 | |||
| 07 سبتمبر | +5 | |||
| 06 سبتمبر | 0 | |||
| 05 سبتمبر | +1 | |||
| 04 سبتمبر | +2 | |||
| 03 سبتمبر | +4 | |||
| 02 سبتمبر | +9 | |||
| 01 سبتمبر | +3 |
| 2 | အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်
နေပြည်တော် စက်တင်ဘာ ၂၁
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကို ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ Counsellor Mrs. Angela Anggraeni Soewono နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာချီလိတ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။
လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၃၄၃ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၄၀ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၀၃ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ | 143 |
| 3 | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် တပ်မတော်အရာရှိကြီးများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ်တွင် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်များ ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို၏ အဖွဲအစည်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကိုလည်း Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်းသိရပါသည်။
TruthZoneOnline | 399 |
| 4 | 🙏မဂ်လာမနက်ခင်းလေးပါရှင်🙏
🍀🍀🍀 ကောင်းသောစိတ်၊ ကောင်းသောအတွေး၊ ကောင်းသောလုပ်ရပ်များနဲ့ ဒီနေ့တစ်နေ့ကို ဖြတ်သန်းနိုင်ကြပါစေ။🍀🍀🍀 | 380 |
| 5 | Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။
ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏
https://t.me/TruthZoneOnline | 682 |
| 6 | 📌 လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့
“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” ခေါင်းစဉ်ဖြင့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နေပြည်တော်ရှိ MICC-1 တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
🎥 အခမ်းအနားမြင်ကွင်းများ ThazinOo | 605 |
| 7 | ရန်ကင်းမြို့နယ် အုတ်စီကန်(သဘာဝရေကန်)တွင်အမျိုးသားနှစ်ဦးရေနစ်သေဆုံး
စက်တင်ဘာ၂၁
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)တွင် ယနေ့စက်တင်ဘာ၂၁ရက်ညနေ ၄နာရီ၁၈မိနစ်ခန့်ကအမျိုးသား
နှစ်ဦးရေနစ်သေဆုံးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထား သည်။
အမျိုးသား(၂)ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာညနေ၄နာရီ၃၆မိနစ်တွင်အမျိုးသားတစ်ဦးရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ပြီးကျန်တစ်ဦးအားဆက်လက်ရှာဖွေရာညနေ ၅နာရီ ၃၁မိနစ်တွင်တွေ့ရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူ၏ရုပ်အလောင်းများအားမိုးစေတနာပရဟိတအသင်းယာဉ်နှင့်မြတ်မေတ္တာလူမှုကူညီရေးအသင်းမှယာဉ်တို့ဖြင့်သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
TruthZoneOnline | 1 020 |
| 8 | လာအိုတွင် အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့နေသဖြင့် ရောဂါထိန်းချုပ်ရေး တင်းကျပ်
စက်တင်ဘာ ၂၁
လာအိုနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါ (ASF) ပျံ့နှံ့နေပြီး ဇွန်လအတွင်း ဆာယာဘူလီပြည်နယ်မှ စတင်ဖြစ်ပွားခဲ့ကာ ယခုအချိန်အထိ ရောဂါကြောင့် သေဆုံးသည့် သို့မဟုတ် ရောဂါထိန်းချုပ်ရေးအတွက် သုတ်သင်ထားသည့် ဝက်ကောင်ရေ ၁၁,၀၀၀ ကျော် ရှိလာကြောင်း သိရသည်။
ရောဂါသည် ပြည်နယ်အချို့သို့ ဆက်လက်ပျံ့နှံ့လာပြီး မြို့တော်ဗီယင်ကျန်းအထိ ရောက်ရှိလာသဖြင့် လာအိုအာဏာပိုင်များက ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို တင်းကျပ်စွာ ဆောင်ရွက်နေပြီး ဝက်များနှင့် ဝက်သားထုတ်ကုန်များ သယ်ယူရွှေ့ပြောင်းမှုအပေါ်လည်း ကန့်သတ်ထိန်းချုပ်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
TruthZoneOnline | 983 |
| 9 | ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး
စက်တင်ဘာ ၂၁
ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့တွင် ပင်စင်လာရောက် ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင် ဦးဆောင်မှုဖြင့် ဟားခါးမြို့ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသမှုအဖွဲ့က ဆေးကုသမှုဆောင်ရွက်ပေးသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယခုကဲ့သို့ ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကွင်းဆင်း၍ ဆေးကုသပေးခြင်းဖြစ်ပြီး ထိုသို့ ဆေးကုသပေးနေမှုကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက အဖွဲ့ဝင်က သွားရောက်ကြည့်ရှုအားပေးကာ ပင်စင်လာရောက်ထုတ်ယူနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
TruthZoneOnline | 993 |
| 10 | ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံးစားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွားရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။
ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။popular
TruthZoneOnline | 903 |
| 11 | နှစ်နှစ်ကျော်ကြာ ပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ ပြန်ဖွင့်
စက်တင်ဘာ ၂၁
နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို စက်တင်ဘာ ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါဘဏ်ခွဲသည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်တွင် တည်ရှိပြီး ငွေသွင်း၊ ငွေထုတ်ခြင်းအပါအဝင် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
TruthZoneOnline | 875 |
| 12 | ဘဂ်လားဒေရှ်တွင် လောင်စာဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာ
စက်တင်ဘာ ၂၁
လျှပ်စစ်မီးနှင့် Gas ဓာတ်ငွေ့ ပြတ်လပ်မှုဒဏ်သည် စားသုံးသူများနှင့် လုပ်ငန်းရှင်များအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုသက်ရောက်နေပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းများကို ၁၇.၄% အထိ မြှင့်တက်နေကြောင်းသိရသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့်ဆက်စပ်နေသော ကမ္ဘာ့ရေနံဈေးနှုန်း မြင့်မားလာမှုနှင့် သင်္ဘောသယ်ယူပို့ဆောင်ခ ကြီးမြင့်လာမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို ထိန်းချုပ်ရန် အစိုးရက ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။စက်တင်ဘာ ၂၁ရက်
နေ့မှစတင်၍ အသက်ဝင်မည့် နှုန်းထားအသစ်များသည် သွင်းကုန်ကို မှီခိုနေရသော စီးပွားရေးစနစ်အတွင်း သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစရိတ်များကို မြင့်တက်စေမည်ဖြစ်ပြီး နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော အထည်ချုပ်ကဏ္ဍ အပါအဝင် စက်မှုလုပ်ငန်းများ အပြင်းအထန် စွမ်းအင်ရှားပါးမှုနှင့် ရင်ဆိုင်နေရချိန်တွင် ငွေကြေးဖောင်းပွမှု ဖိအားများကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လကတည်းက ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများသည် နှစ်ဆကျော် မြင့်တက်ခဲ့ပြီး ဒေသတွင်း မတည်ငြိမ်မှုများကြောင့် သင်္ဘောခများလည်း မြင့်တက်လာခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နှုန်းထားအသစ်များအရ ဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် တာကာ ၁၁၅ မှ ၁၇.၄% မြင့်တက်ကာ တာကာ ၁၃၅ သို့ ရောက်ရှိသွားခဲ့ကြောင်းသိရသည်။
အောက်တိန်း (Octane) ဓာတ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် တာကာ ၁၄၅ မှ ၁၆၅ သို့ လည်းကောင်း၊Petrol) ဓာတ်ဆီမှာ တာကာ ၁၄၀ မှ ၁၆၀ သို့ လည်းကောင်း၊ ရေနံဆီ (Kerosene) မှာ တာကာ ၁၃၅ မှ ၁၅၅ သို့ လည်းကောင်း အသီးသီး မြင့်တက်ခဲ့ကြောင်းသိရသည်။
အစိုးရ၏နောက်ဆုံး တိုးမြှင့်မှုသည် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသော သွင်းကုန်စရိတ် မြင့်တက်မှုကို ကုစားရန် အစိုးရက ဈေးနှုန်းများ တိုးမြှင့်ခဲ့သည့် ဧပြီလနှင့် ဇွန်လတို့နောက်ပိုင်း ထပ်မံတိုးမြှင့်ခြင်းပင် ဖြစ်သည်။
TruthZoneOnline | 966 |
| 13 | “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦမင်းအောင်လှိုင် တတ်ရောက်သည့် ပုံရိပ်များ
TruthZoneOnline | 1 025 |
| 14 | ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၌ တရားဟောကြားတော်မူမည်
ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားပွဲကို မန္တလေးမြို့၊ မလွန်စျေးဆန်လှူအ သင်းကြီး၏ နှစ်(၁၃၀)ပြည့် မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်အလှူပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၂၂ ရက်ညနေပိုင်းတွင်လည်း သီ တဂူဆရာတော်ကြီးက တရားနာဧညိ့ပရိသတ်များကို နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။
TruthZoneOnline | 924 |
| 15 | “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦမင်းအောင်လှိုင် တတ်ရောက်မိန့်ခွန်းပြောကြား | 952 |
| 16 | ပဲခူးတွင် (၄၆) ကြိမ်မြောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
စက်တင်ဘာ ၂၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် (၄၆) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဉ်သို့ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချို တက်ရောက်ကြည့်ရှုအားပေးပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများပေးအပ်ခြင်းနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းတို့ကို ကြည့်ရှုခဲ့သည်။
ပဲခူးတိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် လစဉ်ကျန်းမာရေးစစ်ဆေးခြင်း၊ တစ်လစာအခမဲ့ဆေးဝါးပေးခြင်း၊ လိုအပ်သူများအား ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြေခံစားသုံးကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
TruthZoneOnline | 1 020 |
| 17 | “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်းပုံရိပ်များ | 701 |
| 18 | အာရှအားကစားပြိုင်ပွဲတွင် မြန်မာက တက်ဂ်ဘော ရွှေ၊ ငွေ၊ ကြေး ဆုများ ဆွတ်ခူး
စက်တင်ဘာ ၂၀
ဂျပန်နိုင်ငံ၌ ကျင်းပနေသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ ခင်နှင်းဝေသည် တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ အင်ဒိုနီးရှားကစားသမား ဆူမယာကို ၂-၁ ဖြင့် အနိုင်ရကာ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
ထို့ပြင် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက ငွေတံဆိပ်ဆု ရရှိခဲ့ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် စောဖရိုင်းဒေးက ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
TruthZoneOnline | 891 |
| 19 | ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး တောင်ကြီးမြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံ ပြိုကျပျက်စီးမှု သွားရောက်ကြည့်ရှုစစ်ဆေး
စက်တင်ဘာ ၂၀
စက်တင်ဘာ ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ သတ္တုတွင်းဦးစီးဌာနရုံးဝင်း၏ နောက်ကျောဘက်တောင် ကမ်းပါးပေါ်မှ ခန့်မှန်းအလျား ပေ ၆၀၊ အနံ ပေ ၂၀၊ အမြင့် ၁၂ ပေရှိသည့် ကျောက်တုံးသည် မြေသားမတည်ငြိမ်မှုကြောင့် အောက်ဘက်သို့ လိမ့်ကျခဲ့ပြီး အဆိုပါရုံးမှ အုတ်ညှပ်တစ်ထပ်ရုံးကို ဝင်ရောက်တိုက်မိကာ ရုံးအတွင်းရှိ ရုံးသုံးကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများအပါအဝင် ရုံးအဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါရုံးပြိုကျပျက်စီးခဲ့မှုအခြေအနေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘူမိဗေဒပညာရှင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် ရုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းပြီး အဆိုပါရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များကိုလည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်တုံးပြိုကျမှုဖြစ်ခဲ့သည့်နေရာကို သွားရောက်ကြည့်ရှုပြီး မြေသားကြံ့ခိုင်မှုအားနည်းသော နေရာများကို ဘူမိဗေဒပညာရှင်များက မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေး၍ တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက်များ ဆောလျင်စွာတင်ပြသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
TruthZoneOnline | 903 |
| 20 | ဦးမောင်မောင်အုန်းနှင့်အဖွဲ့ မော်စကိုရှိ မဲရုံ ၅ ရုံအား လေ့လာ
စက်တင်ဘာ ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်အမတ်များ ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်သူ ကိုယ်စားလှယ်အဖြစ် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် စက်တင်ဘာ ၂၀ ရက်တွင် မော်စကိုမြို့ရှိ မဲရုံ ၅ ရုံသို့ သွားရောက်လေ့လာခဲ့သည်။
လေ့လာခဲ့သည့် မဲရုံများတွင် မဲဆန္ဒရှင် ၃,၀၀၀ ကျော်မှ ၈,၀၀၀ ကျော်အထိရှိပြီး မဲစာရွက်ဖြင့်မဲပေးခြင်း၊ မဲပေးစက်အသုံးပြုခြင်း၊ Gosuslugi အက်ပလီကေးရှင်းမှ အွန်လိုင်းမဲပေးခြင်းနှင့် မကျန်းမာသူ၊ သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် မဲပေးခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မဲရုံများတွင် နိုင်ငံတကာလေ့လာသူများ၊ ပါတီနှင့် အမတ်လောင်းများ၏ စောင့်ကြည့်သူများ ရှိကြပြီး မဲပေးရက်ရှည်ခြင်း၊ အွန်လိုင်းမဲပေးနိုင်ခြင်းနှင့် မဲပေးစက်များ လုံလောက်စွာထားရှိခြင်းတို့ကြောင့် မဲရုံအများစုတွင် လူစုလူဝေး မများကြောင်း သိရသည်။
TruthZoneOnline | 964 |
