KT ဇာတ်ညွှန်း 📃
الذهاب إلى القناة على Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
إظهار المزيد4 650
المشتركون
لا توجد بيانات24 ساعات
+17 أيام
+1630 أيام
أرشيف المشاركات
4 650
Once In The Desert (2022)
IMDb......5.6
(War)
ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားစစ်တပ် ရဲ့ပါ၀င်မှုအကြောင်းရိုက်ကူးထားတဲ့ ရုရှားစစ်ကားလေးပါ။ ရှေးဟောင်းအမွေအနှစ်မြို့တော် Palmyra ကို ISIS လက်ကပြန်သိမ်းရာမှာ ပါ၀င်ခဲ့ရတဲ့ ရုရှားမိုင်းရှင်းတပ်ဖွဲ့ကို ဇာတ်တည်ပြီးရိုက်ကူးထားပါတယ်။ ဝါရင့်မိုင်းဖျက်သမားကြီး Dima ဦးဆောင်တဲ့တပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေဆင်ခဲ့တဲ့ မိုင်းတွေ၊လက်လုပ်ဗုံးတွေကိုရှင်းလင်းရင်း အဖွဲ့သားတွေ အသက်ရှင်နိုင်ဖို့စွန့်စားရပုံကို ကြည့်ရှ့ရမှာပါ။ ရုရှားရုပ်ရှင်ဆိုပေမယ့် practical effect တွေ ပေါက်ကွဲမှုတွေက ကြည့်လို့ကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့ စစ်ကားပါ။
movie request❓
https://t.me/ktmovierequest12904 650
The Outsider (2018)
IMDb.....6.4
(Crime Drama Mystery)
ဒုတိယကမ္ဘာစစ်အပြီး နစ်ခ်ဆိုတဲ့အမေရိကန်စစ်သားဟောင်းတစ်ဦးဟာ ဂျပန်အကျဉ်းထောင်တစ်ခုမှာထောင်ကျနေတာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။အကျဉ်းထောင်ထဲမှာသူဟာ ယာကူဇာအဖွဲ့ကအဖွဲ့ဝင်တစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ထောင်ကထွက်တဲ့အခါ ဒီအမေရိကန်ဟာ ယာကူဇာအဖွဲ့ထဲဝင်လိုက်တဲ့နောက် ယာကူဇာတစ်ယောက်အဖြစ်နေထိုင်ကျက်စားပုံကိုရိုက်ပြထားတဲ့အတွက် ကမ္ဘာစစ်ပြီးကာစ ဂျပန်နိုင်ငံက ရာကူဇာတွေရဲ့ပတ်ဝန်းကျင်ကိုကြည့်ရှူရမယ့် ကားတစ်ကားပဲဖြစ်ပါတယ် ညီမလေးရေ။ဒီကားထဲမှာ Sucide Squad ထဲ ဂျော်ကာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Thirty Seconds to Mars တီးဝိုင်းကအဆိုတော်မင်းသား Jared Leto က သွေးအေးအေး မျက်နှာပေးနဲ့အမေရိကန်စစ်သားဟောင်း ယာကူဇာတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။၂၀၁၈ မတ်လထဲထွက်ထားတာဆိုတော့ လုံးဝကို လတ်လတ်ဆတ်ဆတ်ရှိသေးတဲ့ကားပါ။ ကားနာမည်ကတော့ The Outsider ဖြစ်ပါတယ်ခင်ဗျား။ပရိတ်သတ်ကြီး ရင်ခုန်ခံစားကြည့်ရှုတော်မူကြပါ၊
movie request❓
https://t.me/ktmovierequest12904 650
All-Time High (2023)
IMDb......5.7
(Comedy)
စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။
ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလားခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။
movie request❓
https://t.me/ktmovierequest12904 650
This Is the End ( 2013 )
IMDb.....6.6
(Action Thriller)
ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲHarry Potter မင်းသမီးလေး Emma Watson ရောRihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသားJames Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ်နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲတခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့…
movie request❓
https://t.me/ktmovierequest12904 650
Silent Night (2023)
IMDb......5.8
(Action, Thriller)
မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး
အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို
လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။
Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူးR rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။
ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။
မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman
ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ
နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)
movie request❓
https://t.me/ktmovierequest12904 650
The Plot (2024)
(Crime, Mystery, Thriller)
ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်…..သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုးထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး…ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်…ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊စသည့် မတော်တဆမှုပေါင်းများစွာပေါ့…ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး…အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလိုအလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာသူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်…ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့….မှုခင်းကားကိုမှ ခေါင်းစားရပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းမျိုးကိုကြိုက်တဲ့သူအတွက်လုံးဝလက်မလွှတ်သင့်တဲ့ ကားဖြစ်ပါတယ်…
movie request❓
https://t.me/ktmovierequest12904 650
Kung Fu Yoga (2017)
IMDb.....5.2
( Action, Adventure, Asian, Comedy)
ဂျက်ကီချန်းက တရုတ်နိုင်ငံရဲ့ အရမ်းတော်တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူနဲ့ သူ့တပည့်တွေဆီကို အိန္ဒိယက ပါမောက္ခတစ်ဦးရောက်လာခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သဲလွန်စကိုတွေ့ရပြီဆိုပြီး ဂျက်ကီချန်းဆီကိုအကူအညီလာတောင်းတာပါ။
အဲဒီကနေ ဂျက်ကီချန်းတို့ကလဲ ကူညီဖို့လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ထိုရတနာတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပဲ နောက်တစ်ဖွဲ့ရှိနေခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာ ထိုအဖွဲ့နဲ့ ဘယ်လိုတွေဆုံပြီး ပြဿနာတွေဖြစ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ ဟာသတွေ အက်ရှင်တွေရောနှောထားပြီး ဇာတ်ကားနာမည်အတိုင်း ကွန်ဖူးနဲ့ ယောဂကိုလဲ အသားပေးပြီးရိုက်ကူးထားပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Mr. Harrigan’s Phone (2022)
IMDb.......6.0
(Horror)
နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။
ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော
ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။
ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Tazza: The Hidden Card (2014)
IMDb......6.9
(Adult, Asian, Crime, Drama)
T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။Pyung, Agwi နဲ့ Jjakgwi ပါPyung ကတော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲJjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။Hidden Card ဟာ Goni နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေလိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေးမပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလိုအကြမ်းပတမ်းတွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။
movie request❓
https://t.me/ktmovierequest12904 650
The House with a Clock in Its Walls (2018)
IMDb......6.0
(Comedy Family Fantasy)
မိဘ၂ပါး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားပြီးမိဘမဲ့ဖြစ်နေတဲ့ လူးဝစ်ဆိုတဲ့ ကလေးလေးဟာ
ဦးလေးဖြစ်သူ ဂျိုနသန်နဲ့အတူနေဖို့ ပြောင်းရွှေ့လာပါတော့တယ်။ဂျိုနသန်ရဲ့အိမ်အတွင်းမှာ ညဘက်တွေမှာထူးဆန်းတဲ့အသံတွေကြားရပြီ သူ့ဦးလေးနဲ့အိမ်နီးချင်းဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမှုတွေကနေ တဆင့် သူမသိထားတဲ့မှော်လောကတစ်ခုအကြောင်း သိလာပြီးသူကိုယ်တိုင် မှော်ဆရာတွေ စုန်းမတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ……
movie request❓
https://t.me/ktmovierequest12904 650
The Angels’ Share (2012)
IMDb......7.0
(Comedy Drama)
လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Love is Color Blind (2021)
IMDb.......8.6
(Comedy, Romance)
ဒီတစ်ခါမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းကို
အရောင်တွေနဲ့ ပုံဖော်ထားတဲ့
ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကြားထဲမှာ
တဝဲလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါအက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အရောင်တွေကို မခံစားနိုင်တော့ဘဲ
အကုန်လုံးကို မီးခိုရောင်အနေနဲ့ပဲ မြင်ရတဲ့ ပန်းချီဆရာကောင်လေးတစ်ယောက်နဲ့
သူ့ရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း ကောင်မလေးတို့ရဲ့
ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်
နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ရိုက်ကူးထားတဲ့
ဒီဇာတ်လမ်းလေးနဲ့အတူ
ချစ်ခြင်းမေတ္တာရဲ့ရပ်ဝန်းထဲမှာ ခဏလောက် နားခိုလိုက်ကြရအောင်ပါ
movie request❓
https://t.me/ktmovierequest12904 650
Aazam (2023)
IMDb.......6
(Comedy Crime Mystery)
မွမ်ဘိုင်းမြို့ပေါ်မှာ အာဏာရှိတဲ့လူတစ်ယောက်ရှိတယ် အာဏာကဘယ်လောက်ထိရှိလဲဆို
အဲဒီလူကသေခါနီးဖြစ်လို့ အိပ်ရာထဲလဲနေတာတောင် သူ့နေရာကိုမလုရဲကြဘူးတဲ့လေ
အကြောင်းကတော့ လူကသာမထနိုင်ပေမဲ့ မွန်ဘိုင်းတစ်မြို့လုံးကိုမြေလှန်ဖျက်ဆီးပစ်နိုင်လို့ပါပဲသူကွယ်လွန်ပြီးရင်သူ့နေရာကိုဆက်ခံဖို့တွေးထားကြတာကတော့ သူ့ရဲ့သားဖြစ်တဲ့ကာဒါပါ
အဖေလိုတစ်မျိုး အမေလိုတစ်ဖုံနဲ့ကာဒါ့ကိုအလိုလိုက်ပြီးတော့ပျိုးထောင်ခဲ့သူတစ်ယောက်ပါ
ဒါပေမဲ့လည်းဂိုဏ်းတွေကြားထဲ မကျေနပ်သဘောထားကွဲလွဲမှုတွေရှိတော့
ကာဒါ့ကိုတချို့ကခေါင်းဆောင်မတင်ချင်ကြဘူးပေါ့နာဝဘ်သေတာနဲ့ကာဒါ့ကိုပါသတ်ပြီးတော့ တခြားလူကိုနေရာချထားဖို့စီစဉ်နေကြသူတွေနဲ့
ကာဒါ့ကိုပဲ နန်းတင်ချင်တဲ့လူတွေကြားက ဖြစ်ရပ်မှန်ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Aranmanai 4 (2024)
IMDb......6
(Horror)
ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊
အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့
ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။
ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့…ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက်
ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်က
အကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကို
မင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင်
ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်…။
movie request❓
https://t.me/ktmovierequest12904 650
Masterminds (2016)
IMDb......5.6
(Biography Comedy Crime)
1997 ခုနှစ်တုန်းက America မှာ ထူးဆန်းတဲ့ ဘဏ်ဖောက်ထွင်းမှူကြီးတစ်ခုဖြစ်ခဲ့တယ်။ ဖောက်တဲ့သူက ထိုဘဏ်ရဲ့ဝန်ထမ်းကိုယ်တိုင်ဖြစ်နေခဲ့တော့ ပိုပြီးထူးဆန်းတယ်လို့ဆိုလို့ရတယ်။ ထိုဝန်ထမ်းဟာ ပိုက်ဆံတွေအကုန်ယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့အာဏာပိုင်တွေအပါအဝင် လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ဖြစ်ရပ်မှန်က သူက အသုံးချခံသွားရတာပါ။ ပိုက်ဆံတွေကို အကုန်ရသွားတာ သူကိုယ်တိုင်မဟုတ်သလို ထိုပိုက်ဆံတွေကိုရသွားခဲ့တဲ့ လူတွေကလည်း သူ့ကိုသတ်ရန် လူသတ်သမားတစ်ယောက် လွှတ်လိုက်တယ်။ ထို့အပြင် ရဲတွေကလည်း သူ့နောက်ကို လိုက်နေကြပြီ။ အခုလိုပြောလိုက်လို့သဲထိပ်ရင်ဖိုကြီးလို့ဆိုလို့ရပေမဲ့ ရယ်ရတာတော့ အပြုံးတွေက ကျွန်တော်မျက်နှာကကို မခွာတော့လောက်အောင်ပါပဲဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Wu Kong (2017)
IMDb.....5.4
(Action Fantasy)
ဝူခုန်းကောင်းကင်ဘုံကိုပွဲသွားမကြမ်းခင်နှစ်၅၀၀အချိန်ကိုတည်ထားပါတယ်။ကျန်တဲ့အပိုင်းတွေကတော့ဝူခုန်းအကြောင်းဇာတ်လမ်းအတိုင်းကောင်းကင်ဘုံကိုအံ့တုဖို့ကြိုးစားတာမျိုးမို့ထွေထွေထူးထူးမပြောတော့ပါဘူး။ဒီကားမှာထူးခြားတာကဝူခုန်းရဲ့စွမ်းအားတွေကိုEffectကောင်းကောင်းနဲ့ဇာတ်ကားတစ်ကားလုံးကိုဖန်တီးသွားတာပါ။ဝူခုန်းချစ်သူများအတွက်နောက်ထပ်ပုံစံသစ်တစ်မျိုးနဲ့ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းဝေဖန်မှုမျိုးစုံရထားတဲ့ကားဖြစ်ပါတယ်။Action/Fantacyအပြင်ဝူခုန်းရဲ့မေတ္တာရေးပါထည့်သွင်းထားပြီးcomputerအထူးပြုလုပ်ချက်မြိုင်မြိုင်ဆိုင်ဆိင်ရသစုံအောင်ထည့်သွင်းဖန်တီးထားတာတွေ့ရမှာပါ။သေချာတာတော့ခေတ်သစ်အမြင်တမျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ဝူခုန်းချစ်သူများကိုယ်တိုင်ဇာတ်ကားကိုကြည့်ရှုပြီးအမြင်ဖလှယ်ကြည့်ကြပါဦးဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Bhamakalapam 2 (2024)
IMDb........8.3
(Comedy, Crime, Drama, Thriller)
သူ့ရဲ့ မဆိုင်တဲ့ကိစ္စကို ဝင်ပါတတ်တဲ့အကျင့်ကြောင့်လည်း သူ့မှာစိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ဖူးပါတယ်။
ဒီလိုနဲ့ အိမ်အလုပ်လုပ်လိုက် ယူကျုချန်နယ်လေးမှာတင်လိုက်နဲ့ တစ်ရက်တစ်ရက် ပျင်းနေတာနဲ့ သူ့ခင်ပွန်းဆီကနေ
ခွင့်တောင်းပြီးတော့ ဟိုတယ်လေးတစ်ခုကိုဖွင့်လှစ်လိုက်ပါတော့တယ်။ပြီးတော့ ဟင်းချက်ကျွမ်းကျင်သူဖြစ်တဲ့အလျောက်ကို ကမ္ဘာ့နာမည်ကြီးဟင်းချက်ပြိုင်ပွဲတစ်ခုမှာ လျှောက်လွှာလိုက်ရင်း ပါဝင်ခွင့်ရသွားခဲ့ပါတယ်။
အာနူပါးမားဟာ ဟိုတယ်ကို သူ့ရဲ့အိမ်ဖော်ကောင်မလေး ရှီလ်ပါနဲ့အတူဖွင့်ရင်း တစ်ရက် သူတို့ဆိုင်မှာ လူဆိုးတစ်ယောက်က
ခဏခဏလာတာကို သတင်းရသွားပြီးတဲ့နောက်မှာ ရဲတွေက လာရောက်ဖမ်းဆီးရင်း လူဆိုးက ထွက်ပြေးကာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ မတော်တဆဖြစ်ကာ အာနူပါးမားဟာ ကားမောင်းသင်ရင်းလူဆိုးကို
တိုက်မိသွားရာကနေ အဲဒီလူဆိုးက အာနူပါးမားကို လာရောက်ခြိမ်းခြောက်ပါတော့တယ်။တစ်ရက် သူတို့တွေ ဟိုတယ်က စားသောက်ဆိုင်လေးကိုဖွင့်ဖို့ပြင်တုန်း
အအေးခန်းထဲမှာ အလောင်းတစ်လောင်းကို တွေ့ရှိရင်း တိုင်ပတ်ကြပါတော့တယ်။
အဲဒီအလောင်းက ဘယ်ကနေ ရောက်လာတာလဲ ………
သူများကိစ္စဆိုရင် ဝင်ပါတတ်တဲ့ အာနူပါးမားတစ်ယောက် ဒီအမှုကြီးနဲ့ ဘယ်လိုပတ်သတ်သွားတာလဲ …..
ဟင်းချက်ပြိုင်ပွဲဝင်ရင်းနဲ့ရော ဘာတွေဆက်ဖြစ်ဦးမလဲ ….
ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
3 (2012)
IMDb.......7.4
( Drama, Mystery, Thriller)
ရမ်လို့ခေါ်တဲ့ ၁၂တန်းအရွယ်ကျောင်းသားလေးဟာ တစ်ရက်ကျောင်းကိုသွားရင်း
မိုးရွာနေတဲ့လမ်းမပေါ်မှာ စက်ဘီးချိန်းကျပြီး ဒုက္ခရောက်နေတဲ့ ဂျာနန်နီကိုမြင်လို့
ဝင်ရောက်ကူညီပေးရင်း ချစ်မိသွားပါတော့တယ်။အချစ်နဲ့တွေ့ရင် အရာရာကို ကြိုးစားချင်တယ်ဆိုတဲ့စိတ်တွေနဲ့ အရင်က စာကို အာရုံမစိုက်ခဲ့တဲ့
ရမ်တစ်ယောက် ချစ်ရသူကိုမြင်ခွင့်ရဖို့အတွက်နဲ့ ဂျာနန်နီတက်တဲ့ ကျူရှင်ကိုလိုက်တတ်ရင်း
စာတွေကြိုးစားခဲ့တဲ့အထိပါပဲ။ ဒီလိုနဲ့ ကြိုးစားလာလိုက်တာ ဂျာနန်နီရဲ့အချစ်ကို
ရရှိခဲ့ပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ လက်ထပ်လိုက်ကြပြီး ဘဝတစ်ခုကိုထူထောင်ခဲ့ကြပါတယ်။
အိမ်ထောင်တစ်ခုကို တည်ထောင်ပြီဆိုရင် ဖြစ်တတ်ကြတဲ့ထုံးစံအတိုင်းပဲ ပြဿနာသေးသေးလေးတွေကနေ ကြီးထွားလာခဲ့ပါတော့တယ်။
လက်ထပ်ခါစ စုံတွဲလေးဖြစ်ပေမယ့် နားလည်မှုလွဲတဲ့ကိစ္စတွေ အခက်အခဲတွေကို ရင်ဆိုင်လာရင်း
တစ်ရက်မှာ မထင်မှတ်ထားပဲ ရမ်ဖြစ်သူဟာ သတ်သေသွားတဲ့ အခါမှာတော့ …..ရမ်ဘာကြောင့် သတ်သေရလည်းဆိုတာကို ဂျာနန်နီတစ်ယောက် စုံစမ်းကြည့်တဲ့အခါမှာ ဘယ်လိုထူးဆန်းထွေလာကိစ္စတွေ ပေါ်ပေါက်လာမလဲ ….
ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ရမ်နဲ့ ဂျာနန်နီတို့ရဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးကိုလည်း
ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Pei Mama (2021)
IMDb.....5.4
(Comedy
လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က သူရောင်းချမယ့်အိမ်မှာ သရဲတွေသောင်းကျန်းနေတဲ့အတွက် နှင်ပေးနိုင်မယ့်လူရှာနေတဲ့
အချိန်မှာလဲ လွယ်လွယ်နဲ့ငွေရမယ့်အလုပ်ထင်တဲ့အတွက် အတင်းဝင်လုံးပြီး သရဲနှင်တဲ့မိသားစုဟန်ဆောင်
အလုပ်ကိုလက်ခံခဲ့ပါတယ်။
သူတို့တွေ ပတ်တူမာလိုင်ဘန်ဂလိုဆိုတဲ့ လူသူမနီးတဲ့နေရာက အိမ်ထဲကိုဝင်မိတဲ့အချိန်ကျမှပဲ
သူတို့အထင်မှားခဲ့ပြီဆိုတာကိုသိရပါတော့တယ်။ အိမ်အတွင်းက တစ်ကောင်တည်းမဟုတ်ပဲ မိသားစုလိုက်ရှိနေတဲ့
သရဲတွေဟာ သူတို့ကိုချုပ်နှောင်ထားခဲ့ပြီးတော့ ဘာကြောင့် သူတို့တွေ အခုလိုဘဝရောက်ရတယ်ဆိုတဲ့အကြောင်းတွေကို
ပြသ အကူအညီတောင်းခံလာခဲ့ပြီး သူတို့ကို ဒီဘဝရောက်အောင်အကောက်ကြံယုတ်မာခဲ့သူတွေကို လက်တုန့်ပြန်ဖို့
ကြိုးစားကြပါတော့တယ်။ဒီတောနယ်အစွန်အဖျားက အိမ်တစ်လုံးကို ဘာကြောင့် ဒီလူတွေ အသည်းအသန်လိုချင်နေကြတာလဲ။ ဘာကြောင့် ဒီမိသားစုကို
ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မကပဲ တစ္ဆေဘဝထိလိုက်ဒုက္ခပေးနေကြတာလဲ။ ငွေရဖို့ ဘာမဆိုလုပ်မယ့် ကောလိကူးမားတို့
မိသားစုလဲ အမြင်မှန်ရပြီးပြောင်းလဲသွားဖို့ဖြစ်လာမလားစတာတွေကို ဘာဘူးကြီး ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားလုံးပါးစပ်မစေ့တမ်း
နေရမယ့် ခွီနေရမယ့်ဟာသတွေအပြည့်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Lies We Tell (2023)
IMDb.....6.2
(Crime Mystery Thriller)
19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။
ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ဦးလေးရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ရှိသွားပါတယ်။ သူ့ရဲ့ လွတ်လပ်မှုကို ဘယ်လိုပြန်ယူပြီး ဦးလေးမိသားစုကို ဘယ်လို ပထုတ်မလဲဆိုတာ ကြည့်ရမှာပါ။
movie request❓
https://t.me/ktmovierequest1290