cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ထိုင်းသရဲကားများနှင့်ကိုရီယားဇာတ်ကားကောင်းများ

إظهار المزيد
مشاركات الإعلانات
8 016
المشتركون
+2724 ساعات
+3927 أيام
+2 18830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

1:34:24
Video unavailableShow in Telegram
" The Return " (2014) 1080p
إظهار الكل...
The Return 1080p.mp41296.65 MB
" The Return " (2014) ဇာတ်လမ်းအကျဉ်း ဒီတစ်ခါမှာတော့ သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ရှုပ်ထွေးတဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရာကနေ ခြောက်ခြားဖွယ်ရာ လျှို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်လေးဖြစ်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ မြို့တစ်မြို့ရဲ့အလယ်မှာရှိတဲ့ ကွန်ဒိုတစ်ခုမှာ အလုပ်လုပ်နေကြတဲ့ လာအိုသန့်ရှင်းရေးဝန်ထမ်းနဲ့ မြန်မာလုံခြုံရေးဝန်ထမ်းတို့နှစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားခဲ့ကြပါတယ်။ တကယ်မှာတော့ မြန်မာလုံခြုံရေးဝန်ထမ်းလို့ပြောတဲ့သူဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တာချီလတ်မြို့ကနေ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတစ်ဦးဖြစ်ပြီး ထိုသူကို ရဲလူငယ်လေးတစ်ယောက်က မတော်တဆသတ်မိခဲ့ပြီး ထွက်ပြေးရှောင်တိမ်းရာကနေ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း သူကိုယ်တိုင်က အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုစိတ်ဖိစီးလွန်းကာ စိတ်ခြောက်ခြားသွားတာလည်းဖြစ်နိုင်ပါတယ်။ သေဆုံးသွားတဲ့မြန်မာအလုပ်သမားရဲ့မယားဖြစ်သူဟာလည်း ခင်ပွန်းဖြစ်သူနဲ့ ဘာတွေဖြစ်ပျက်ခဲ့တာလည်း မသိသေးတော့ ခင်ပွန်းဖြစ်သူကို ဆက်သွယ်တာ ဘယ်လိုမှဆက်သွယ်မရတော့ စိတ်ပူပန်ခဲ့ရပါသေးတယ်။ တစ်ချိန်တည်းမှာပဲ လာအိုကနေ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ပြီး ပျောက်ဆုံးသွားတယ်လို့ပြောတဲ့ လာအိုသူလေးဟာ တကယ်တော့ သေဆုံးသွားပြီး အစ်မဖြစ်သူက အလောင်းနဲ့ဝိညာဉ်ကို အိမ်ခေါ်ပြန်တဲ့ချိန်မှာ မထင်မှတ်စွာနဲ့ မကျွတ်လွတ်တဲ့ဝိဉာဉ်ပါလိုက်လာခဲ့ပြီး အိမ်မှာ နေမကောင်းဖြစ်နေတဲ့အမေဖြစ်သူကို ဝင်ပူးလိုက်ပါသေးတယ်။ မတူညီတဲ့မြို့တွေကနေရောက်လာတဲ့လူတွေရဲ့ လူသတ်မှုကနေ စတင်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်တွေနဲ့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာ တခါတည်းကြည့်ရှုလိုက်ကြရအောင်နော်... ( ဇာတ်လမ်းအကျဉ်းကို Jiang Yu E   မှ ရေးသားပေးထားပါတယ် ) Subtitle By - Jiang Yu E Encode By - Lwin Htoo Aung Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။ #TheReturn #AshChannel #AshThaiMovies #Ash #AshMovies
إظهار الكل...
1:34:24
Video unavailableShow in Telegram
" The Return " (2014) 360p
إظهار الكل...
The Return 360p.mp4292.92 MB
Photo unavailableShow in Telegram
Hov@eri@ng Bl@ade 2024 ဇာတ်ကားသစ် သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။ မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ #Credit
إظهار الكل...
1:47:22
Video unavailableShow in Telegram
Hov@eri@ng Bl@ade 2024 ဇာတ်ကားသစ်
إظهار الكل...
Hovering Blade (2024) 720p WEB-DL CM.mp4547.40 MB
1:45:29
Video unavailableShow in Telegram
လူသန်ကြီး မာဒုန်ဆော့
إظهار الكل...
The.Roundup.No.Way.Out.2023.HD.mp41060.68 MB
Photo unavailableShow in Telegram
သူဌေးမိသားစုတွေရဲ့အရှုပ်အရှင်းတွေကိုဖော်ထုတ်မဲ့မာဒုန်ဆော့ရဲ့အက်ရှင်ဇာတ်ကားသစ် မာ‌ဒုံဆော့လို့ဆိုလိုက်တာနဲ့ မသိတဲ့သူမရှိတဲ့ Korea Action ကားတွေရဲ့ ခပ်ကြမ်းကြမ်းအနုပညာရှင် Outlaws 1 နဲ့ 2 နဲ့မှာ ဘယ်လိုတွေကြမ်းခဲ့လဲသိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါမှာလည်း စုံထောက်ကြီး Ma Suk Do က ပြစ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့အတွက် Jang Tae Soo ဦးဆောင်တဲ့ အဖွဲ့အသစ်ကိုပါ၀င်အားဖြည့်လိုက်ပါတယ်။ Outlaws 3 မှာတော့ Joo Sung Cheol ဆိုတဲ့အင်အားကြီးအာဏာရှိတဲ့ မိသားစုရဲ့သားဖြစ်သူနဲ့သက်ဆိုင်တဲ့ကိစ္စကို ရှာဖွေဖော်ထုတ်ကြမှာပါ။ ရှေ့ အပိုင်းတွေမှာ တရုတ်တွေနဲ့ပတ်သက်ခဲ့သလိုပဲ ဒီအပိုင်းမှာလည်း ဂျပန်ရာကူဇာတွေက စုံထောက်တွေလိုက်မယ့်အမှုမှာပါ၀င်နေမှာပါ။ အရှေ့ပိုင်းတွေမှာပါ၀င်ခဲ့တဲ့သရုပ်ဆောင်တွေအပြင် သရုပ်ဆောင်အသစ်တွေဖြစ်တဲ့ Lee Joon Hyuk , Munetaka Aoki , Lee Beom Soo, Kim Min Jae, Jun Suk Ho, and Go Gyu Pil တို့ပါ ပါ၀င်သွားမှာပါ။
إظهار الكل...
Photo unavailableShow in Telegram
𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐃𝐞𝐜𝐥𝐚𝐫𝐚𝐭𝐢𝐨𝐧 ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာ ယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်… Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါ ရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ…   အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကို လေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်… အဲ့ဒီ လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာ‌တော့....
إظهار الكل...
2:21:12
Video unavailableShow in Telegram
𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐃𝐞𝐜𝐥𝐚𝐫𝐚𝐭𝐢𝐨𝐧
إظهار الكل...
927.32 MB
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.