THE DIFFERENT NORMIES
الذهاب إلى القناة على Telegram
📈 نظرة تحليلية على قناة تيليجرام THE DIFFERENT NORMIES
تُعد قناة THE DIFFERENT NORMIES (@moralepatch) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 15 200 مشتركاً، محتلاً المرتبة 13 721 في فئة التعليم والمرتبة 7 622 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 200 مشتركاً.
بحسب آخر البيانات بتاريخ 01 يناير, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -208، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 11.68%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.24% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 1 776 مشاهدة. وخلال اليوم الأول يجمع عادةً 493 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 62.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Admin Account - @pthenextgen”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 18 مارس, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
15 200
المشتركون
لا توجد بيانات24 ساعات
-417 أيام
-20830 أيام
أرشيف المشاركات
15 200
Repost from 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤
ကိုယ့်ရဲ့လက်တွဲဖော်က ဒီအချက်တွေကိုမရှောင်ရင် ကိုယ်ကသူ့ကိုရှောင်လိုက်ပါ
ဆက်ဆံရေးတိုင်းက အစမှာတော့ ရင်ခုန်စရာတွေ၊ ချစ်စရာကောင်းတဲ့ စကားလုံးတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာ၊ မကောင်းတဲ့အကျင့်တွေက ပိုပီးထင်ရှားလာတတ်ပါတယ်။
အချစ်ဆိုတာ သည်းခံမှုပါတယ်၊ နားလည်မှုပါတယ်။ ဒါပေမယ့် ဒါတွေကို ကိုယ့်ရဲ့စိတ်ချမ်းသာမှု၊ ကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုနဲ့ လဲလှယ်ဖို့တော့ မဟုတ်ပါဘူး။
တကယ်လို့ ကိုယ့်ရဲ့လက်တွဲဖော်က အောက်ကအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင် သေချာပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ။
Toxic Communication and Lack of Communicationပြဿနာတစ်ခုဖြစ်တိုင်း စကားကိုရိုင်းစိုင်းစွာပြောတာ၊ တိုင်ပင်ဖြေရှင်းရမယ့်အစား ဖြစ်သလိုရှောင်ဖယ်နေတာ၊ နှိမ်ပြောတာ၊ ပျက်ရယ်ပြုတာ၊ အပြစ်တင်တာ၊ ခြိမ်းခြောက်တာမျိုးတွေ လုပ်နေတယ်ဆိုရင် ဒါက Toxic ဖြစ်တဲ့အပြုအမူတွေပါ။ သူကပြဿနာကို ဖြေရှင်းဖို့ထက် ကိုယ့်ကို စိတ်ဒဏ်ရာပေးဖို့သာ ရည်ရွယ်နေတာပါ။
Lack of Boundariesစည်းမရှိတာ။ စည်းမရှိတာက ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေနဲ့ လွတ်လပ်မှုတွေကို မလေးစားတာက ပထမအချက်ပါ။ ကိုယ့်ရဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို ဖယ်ကျဉ်ပြီး သူ့အလိုပဲလိုက်နေရရင် ဒါက Healthy ဖြစ်တဲ့ Relationship တစ်ခု မဟုတ်ပါဘူး။ ဒုတိယတစ်ခုကတော့ သူကိုယ်တိုင်က စည်းမရှိတာပါ။ တစ်ခြားသူတွေ (အထူးသဖြင့်ဆန့်ကျင်ဘက်လိင်တွေ) နဲ့ အရမ်းရောလွန်းနေရင်၊ ပတ်သတ်လွန်းနေရင် ရှောင်လိုက်ပါ။ ဒါတွေက ချစ်သူရည်းစားရှိနေရင် ရှောင်ရမယ်ဆိုတာ ပြောစရာမလိုပဲ သိသင့်တဲ့အရာပါ။
Constant Criticismကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ရဲ့အားနည်းချက်ကို မြှင့်တင်တည်ဆောက်ပေးဖို့အနေနဲ့ ပြောပါလိမ့်မယ်။ ကိုယ့်ကို နှိမ့်ချဖို့အတွက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းအောင် လုပ်ဖို့အတွက် ဆက်တိုက်ထုတ်ဖော်ပြောဆိုနေတာက “စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” (Emotional Abuse) ထဲမှာပါပါတယ်။
Infidelityတစ်ခါတစ်လေ လိုအပ်ချက်ရှိတယ်၊ မှားတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမှားတွေကို ထပ်ကာထပ်ကာ လုပ်ပြီး “မင်းကြောင့်ပဲ” ဆိုပြီး ကိုယ့်ကိုအပြစ်တင်တာ၊ ခေါင်းစဉ်တတ်တာတွေက အမှားမဟုတ်ပါဘူး။ သူ့ရဲ့ရွေးချယ်မှုတွေပါ။ မကောင်းတာတွေကို ရွေးချယ်နေတဲ့သူကို ကိုယ့်ဘက်ကလဲ မရွေးချယ်ပါနဲ့။
Unwillingness to Grow Togetherအတူတူကြိုးစားဖို့ ငြင်းဆန်ခြင်း။ ဆက်ဆံရေးတစ်ခုက လူတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ကိုယ်က ဆက်ဆံရေးတိုးတက်ဖို့၊ ပြဿနာတွေကိုအတူဖြေရှင်းဖို့ ကြိုးစားနေပေမယ့် သူကတော့ ပစ်ထားတယ်၊ ဂရုမစိုက်ဘူးဆိုရင် သူ့အတွက်တော့ ဒီဆက်ဆံရေးက အရေးမကြီးဘူးလို့ ပြောနေတာနဲ့ တူတူပါပဲ။ ဒီတော့ "ရှောင်လိုက်ပါ" ဆိုတဲ့စကားက ရက်စက်တဲ့ သဘောမဟုတ်ပါဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ၊ ဂရုစိုက်တာပါ။ ကိုယ့်ရဲ့ဘဝက တန်ဖိုးရှိပါတယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းမှု၊ ကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေက တစ်ခြားသူတစ်ယောက်ကြောင့် နေ့စဉ်နဲ့အမျှ အဆိပ်သင့်ပျက်စီးနေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ချစ်လို့၊ သံယောဇဉ်ရှိလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်၊ ပင်ပန်းအောင် မလုပ်ပါနဲ့။ ကိုယ်တိုင်ကပျောက်ဆုံးနေတဲ့သူကို ကိုယ်ကချစ်မိရင်တောင် ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးပါစေနဲ့။ အချစ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေပဲ ရှိတာမဟုတ်ပါဘူး။ အတူရှိနေရတဲ့အခါ စိတ်ချမ်းသာရတာ၊ လုံခြုံမှုနဲ့ အတူတူကြီးပြင်းလာမှုတွေလည်း ဖြစ်သင့်တာပါ။ ဒါကြောင့် ကိုယ့်ရဲ့လက်တွဲဖော်က ဒီအချက်တွေကို မရှောင်ဘူး၊ မပြောင်းလဲဘူးဆိုရင်... ကိုယ့်ရဲ့အနာဂတ်အတွက်၊ ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက် ကိုယ်ကနေစပြီး ရဲရဲဝံ့ဝံ့ ရှောင်လိုက်ပါ။ ဒါက အားနည်းတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်၊ ချစ်တတ်တဲ့စိတ်ပါ။
15 200
အတိတ်
ဘယ်သူမဆို ကိုယ့်မျိုးဆက်အသိကိုပဲ
အလေးထားချင်တယ် ကိုယ့်မျိုးဆက်ကမှ သာ
ကြောင်း၊ ကောင်းကြောင်း ပြောချင်ကြတယ်။
“ငါတို့တုန်းကဆိုရင်” ဆိုတဲ့စကားကို ပါးစပ်က
မချချင်ကြဘူး အတိတ်က ဖြစ်ရပ်တွေက ကိုယ့်
အနေအထားအရ “ကောင်း’ တယ်ဆိုတဲ့ “စံ”နှုန်း
တစ်ခု ရှိနေပါစေ။ မတူညီတော့တဲ့ ခေတ်ကာလအရ
“စံ’အသစ်နဲ့ ပိုကောင်းတာတွေ ဖြစ်နေပါပြီ။
တချို့အရာတွေက ရှေးရိုးနည်းနဲ့ ပိုအဆင်ပြေနိုင်
တယ်ဆိုပေမယ့် အများစုက နည်းသစ်တွေကြောင့်
ပိုပြီးအလျဉ်းသင့်နိုင်ပါတယ် ရှေးနည်းတွေက
အချိန်ယူပေမယ့် တိကျမှု ပိုရှိပါတယ် ဒါပေမဲ့
ခေတ်ပြိုင်နည်းက လျင်မြန်ပြီး အလျဉ်းသင့်စေ
နိုင်ပါတယ်။ အလျင်းသင့်မှုကို ဦးစားပေးနေရတဲ့
ခေတ်ကာလကြီးမှာ အဆင်ပြေရုံလောက်နဲ့
မလုံလောက်တော့ပါဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်နှစ်
ချိန်လုံးက အားသာ/ အားနည်းချက်တွေ
ကိုယ်စီရှိနေပေမယ့် တိုးတက်ပြောင်းလဲမှုက
အရေးပါတာကြောင့် ခေတ်နောက်ပြန်
လက်ခံနေတဲ့ စိတ်ထားက ဖွံ့ဖြိုးစိတ် မဟုတ်ပါဘူး။
မောရိသျှ
#crd
15 200
It's all about your mindset
ဘဝမှာ ကြုံရတဲ့အရာတွေကို ဘယ်လိုမြင်လဲဆိုတာက အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို တည်ဆောက်နိုင်တဲ့ အခြေခံအချက်ပါ။
အခက်အခဲကို အတားအဆီးလို့မြင်မှာလား ဒါမှမဟုတ် သင်ယူဖို့ အခွင့်အရေးလို့မြင်မှာလား
ကျရှုံးမှုကို အဆုံးသတ်လို့မြင်မှာလား ဒါမှမဟုတ် သင်ခန်းစာလို့မြင်မှာလား
ကိုယ့်ရဲ့စိတ်ထားကို ပြောင်းလိုက်တဲ့အခါ ကမ္ဘာကြီးကလည်း ကိုယ်နဲ့အတူ ပြောင်းလဲသွားမှာပါ။
အဓိကက ကိုယ့်ရဲ့စိတ်ပါပဲ။
15 200
ကျွန်တော့ဆီမှာ App Premium တွေကိုလာ၀ယ်ယူလို့ပါတယ်။
Express Vpn
1month - 6000 (share)
1month - 15000 (private)
Chatgpt Plus
1 month - 13000 (share)
1 month - 30000 (private)
1 year - 60000 (share)
Google Gemini 1 year
1 device - 30000
6 devices - 85000
Alight Motion Premium
1year - 5000 (share)
1year - 8000 (private)
Capcut Pro
1month - 8000 (share)
1month - 15000 (private)
Canva Pro
1year - 5000 (Own Mail)
Wink Pro
1month - 8000 (share)
1month - 23000 (private)
1year - 150000 (private)
Meitu Pro
1 month - 13000 (share)
1 month - 22000 (private)
1 year private - 150000
Piscart
Share - 10000 (1 month)
Private - 21000 (1 month)
Netflix
1month - 15000 (share)
Spotify (VPN မလို)
Family Plan (share)
2months - 15000
Individual 3 months plan
1 Device - 30000
Duo 2 months plan
2 Devices - 33000
Private နဲ့ Share ဘာကွာလဲဆိုတော့Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks 1000 - 85000ks Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) တစ်ခြားရရှိနိုင်သောအရာများ Social Boosting Service Mobile Legends Diamond ၀ယ်ယူလိုပါက - @pthenextgen Channel - Selling by Patrick
15 200
ဘာလို့ငါ့မှာမှ ဒီလိုမျိုးတွေလာဖြစ်နေရတာလဲ
ဒီလိုအတွေးမျိုး တော်တော်များများ တွေးဖူးကြမှာပါ။ စိတ်ညစ်စရာတွေ၊ ပင်ပန်းစရာတွေ၊ ၀မ်းနည်းစရာတွေ ကြုံရတိုင်း လူတိုင်းရဲ့စိတ်ထဲမှာ ပေါ်လာတတ်ပါတယ်။
”ငါမှဘာလို့ဒီလိုတွေလာဖြစ်နေရတာလဲ၊ ငါ့မှာပဲအကုန်ဖြစ်နေတာ၊ အမြဲငါပဲခံစားနေရတာ” စသဖြင့် တွေးတတ်ကြတယ်။
တကယ်က ကိုယ်တစ်ယောက်တည်းပဲ ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ လူတိုင်းနီးပါးမှာ ကိုယ်မသိတဲ့ ပြဿနာကိုယ်စီနဲ့ပါ။ ဒီလိုပြောလို့လဲ သူတို့ရဲ့ပြဿနာနဲ့ ကိုယ့်ရဲ့ပြဿနာကို နှိုင်းယှဉ်ခိုင်းတာ မဟုတ်ပါဘူး။ ပြဿနာတိုင်း၊ ကိစ္စတိုင်းမှာ စိတ်ညစ်စရာကိုယ်စီ၊ နာကျင်မှုကိုယ်စီနဲ့ပါ။
ကိုယ်သဘောပေါက်ဖို့ လိုတာက စိတ်ညစ်စရာတွေ၊ ပင်ပန်းစရာတွေက ကိုယ့်မှာပဲဖြစ်နေတာ မဟုတ်ဘူးဆိုတာပါ။
ဘဝဆိုတာ ပင်လယ်ပြင်ကြီးလိုပါပဲ။ တစ်ခါတစ်ရံ ငြိမ်သက်လှပနေပေမယ့် တစ်ခါတစ်ရံမှာ မုန်တိုင်းတွေ တိုက်ခတ်တတ်ပါတယ်။ ဒီမုန်တိုင်းတွေက လှေတစ်စီးတည်းကိုပဲ ရွေးပြီး မတိုက်ခတ်ပါဘူး။ ဒါပေမယ့် ကိုယ်စီးနေတဲ့ လှေကတော့ ကိုယ့်လှေပဲဖြစ်တာမို့ ကိုယ်ခံစားရတဲ့ ဒဏ်ရာနဲ့ကြောက်ရွံ့မှုက ပိုကြီးမားနေသလို ခံစားရတတ်ပါတယ်။
ပြဿနာတွေ၊ စိတ်ညစ်စရာတွေ၊ ၀မ်းနည်းစရာတွေ ကြုံရတာက သဘာ၀ပါပဲ။ ဘယ်အချိန်တွေ ဘာဖြစ်မလဲ ကျွန်တော်တို့မသိရနိုင်ပါဘူး။ ကျွန်တော်တို့သိနိုင်တာက ဘာဆက်လုပ်ရမလဲဆိုတာကိုပါ။
နောက်ပြီးကိုယ့်ရဲ့စိတ်ထဲမှာ Negative Energy တွေစုနေရင်လဲ မကောင်းတာတွေက ပိုပြီးဖြစ်တတ်ပါတယ်။ အဆင်မပြေဘူး၊ မကောင်းဘူး၊ မရဘူး ဒီလိုမျိုးအတွေးတွေက စိတ်ထဲရှိနေလေ ကိုယ့်မှာပြဿနာပိုများလေပါပဲ။
ဒါကြောင့်မို့ ကိုယ့်ရဲ့စိတ်ထဲမှာ အကောင်းတွေကို ဖြစ်စေမယ့် Positive Energy တွေကို သိုလှောင်ထားဖို့ လိုအပ်ပါတယ်။
ပြဿနာတွေ၊ ၀မ်းနည်းစရာတွေ ကြုံရတဲ့အခါ ခနတဖြုတ်တော့ ခံစားလို့ရပါတယ်။ ပြီးရင်တော့ ကျော်ဖြတ်ဖို့ကို စဉ်းစားပါ။
ကိုယ့်အတွက် ဒီနေ့တစ်နေ့တာက အကောင်းဆုံးနေ့တစ်နေ့ ဖြစ်နိုင်ပေမယ့် တစ်ခြားသူတစ်ယောက်အတွက်ကတော့ အဆိုးရွားဆုံး နေ့တစ်နေ့လဲ ဖြစ်နေနိုင်ပါတယ်။
ပြဿနာတွေ၊ စိတ်ညစ်စရာတွေ ကြုံနေရတာက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။
15 200
“People are going to come and go in your life. But that person in the mirror is going to be there forever. Take care of that person, love that person.”
“လူတွေက မင်းဘဝထဲ ဝင်လာလိုက် ထွက်သွားလိုက်ဖြစ်နေမှာပဲ။ ဒါပေမယ့် မှန်ထဲမှာ မင်းမြင်နေရတဲ့သူကတော့ မင်းနဲ့အတူ တစ်သက်လုံးရှိနေမှာနော်။ အဲဒီလူကို ဂရုစိုက်ပါ။ အဲဒီလူကို ချစ်မြတ်နိုးပါ။”
- Unknown
15 200
“If he really loves you, he'll stay.”
ဒါကတကယ်ကော မှန်နိုင်သလား။
ဒါကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။
ကိုယ်ကကောင်းပေးတဲ့သူလဲဖြစ်တယ်။ တစ်ဖက်ကလဲချစ်တယ်ဆို သူကထွက်သွားမှာ မဟုတ်ပါဘူး။
တကယ်လို့ ကိုယ်ကကောင်းပေးပါလျက်နဲ့ ထွက်သွားတယ်ဆို သူ့ဘက်က တကယ်မချစ်လို့ပါပဲ။
ကိုယ်ကကောင်းလဲမကောင်းပေး၊ အမှားတွေလဲဆက်တိုက် လုပ်နေတယ်ဆိုရင်တော့ သူထွက်သွားတာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ သူ့အတွက်လဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။
ကြိုးစားအားထုတ်မှုတွေက အရာမထင်ဖြစ်လာတဲ့အခါ ဘယ်လောက်ပဲ စိတ်ရှည်တတ်တဲ့ နှလုံးသားပိုင်ရှင်ပဲ ဖြစ်ပါစေ နောက်ဆုံးမှာတော့ လက်လျှော့မိလာတတ်တာပါပဲ။
So, let's fix this into
“if you give him what he deserves,
he'll stay. If he doesn't,
he just doesn't deserve your love and efforts.”
15 200
ကျွန်တော့ဆီမှာ App Premium တွေကိုလာ၀ယ်ယူလို့ပါတယ်။
Express Vpn
1month - 6000 (share)
1month - 15000 (private)
Alight Motion Premium
1year - 5000 (share)
1year - 8000 (private)
Wink Pro
1month - 8000 (share)
1month - 23000 (private)
1year - 150000 (private)
Meitu Pro
1 month - 13000 (share)
1 month - 20000 (private)
1 year private - 150000
Capcut Pro
1month - 8000 (share)
1month - 15000 (private)
Canva Pro
1year - 5000 (Own Mail)
Piscart
Share - 8000 (1 month)
Private - 21000 (1 month)
Netflix
1month - 15000 (share)
Spotify Family Plan (US)
2months - 15000
3months - 25000
6months - 40000
12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks 1000 - 85000ks Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) ၀ယ်ယူလိုပါက - @pthenextgen Channel - Selling by Patrick
15 200
စောင့်ဆိုင်းပါ
လူတွေက အချစ်နဲ့ပတ်သက်ရင် သိပ်လောကြတာပဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်စစ်ကို တွေ့ချင်ကြပြီ
အထီးကျန်တာနဲ့ ချစ်ချင်ကြပြီ
သစ်ပင်တစ်ပင်တောင် အရိပ်ကောင်းကောင်းရဖို့
အချိန်အကြာကြီး စောင့်ရသေးတာ အချစ်ဆိုတာ
လည်း အချိန်တစ်ခုအထိ ထိုက်ထိုက်တန်တန်
စောင့်ဆိုင်းပေးရမှာ။
ကောင်းတဲ့ အရာတွေ အားလုံးဟာ အချိန်လိုအပ်
တယ် ဒါကြောင့် သင့်အပေါ် ကောင်းတဲ့၊ သင့်ရဲ့
ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် လက်တွဲ
ဖော်စစ်မျိုး မဟုတ်မချင်း စောင့်ဆိုင်းနေပါ
အချိန်တန်တဲ့အခါ သင်နဲ့ ထိုက်တန်တဲ့ လက်တွဲ
ဖော်ဟာ ရောက်လာပါလိမ့်မယ် တကယ်လို့
ရောက်မလာခဲ့ဘူးဆိုရင်လည်း လွဲမှားနေတဲ့
ရေစက်တွေထက် တစ်ယောက်တည်း ရှင်သန်
ပျံသန်းရတာဟာ ပိုပြီး လွတ်လပ်ပါလိမ့်မယ်။
ဘဝနှင့်ချစ်ခြင်းမေတ္တာ
နေဗလ်
#Crd
15 200
Please rate my contents guys (Comment if you want to advise)
15 200
Repost from 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤
Multiple Choice လိုမေးခွန်းတွေမှာ အဖြေမှန်ကိုမသိခဲ့ရင် ဘယ်လိုလုပ်ရမလဲ
အဖြေမှန်ကို ဘယ်ဟာရွေးရမလဲမသိတဲ့အခါ အဖြေမှန်ကိုရဖို့အကောင်းဆုံးနည်းလမ်းက Process of Elimination အဖြေမှားတွေကို ရွေးထုတ်ဖို့ပါပဲ။
ဘယ်လိုမျိုးလဲဆိုတော့ ဥပမာမေးခွန်းမှာ အဖြေက 4 ခုပေးထားတယ်ဆိုပါတော့။ ဒါဆိုရင်ကိုယ့်မှာ အဖြေမှန်ကိုရွေးနိုင်ခြေ 25% ပဲရှိပါတယ်။ ဘယ်ဟာက အဖြေမှန်လဲဆိုဝာာလဲ မသိပါဘူး။
ဒီလိုမျိုးဖြစ်နေပြီဆိုရင် အရင်ဆုံး အဖြေ 4 ခုကို ကြည့်လိုက်ပါ။ အဖြေ 4 ခုထဲမှာမှ မဖြစ်နိုင်ဆုံး၊ မေးခွန်းနဲ့ မဆက်စပ်ဆုံး၊ အကွဲလွဲဆုံး ဖြစ်နေတဲ့ အဖြေမှားတစ်ခုကို အရင်ရွေးချယ်ပြီး ပယ်လိုက်ပါ။ ဒါဆိုရင်တော့ အဖြေ 3 ခု ကျန်ခဲ့မှာဖြစ်ပြီး အဖြေမှန်နိုင်ခြေက 33% အထိမြင့်တက်သွားပါပြီ။
သူမကဘယ်သူ့ကိုချစ်သလဲ(က) ကျော်ကြီး (ခ) သင် (ဂ) ရုပ်ချောတဲ့ကောင် (ဃ) အနေနီးတဲ့ကောင် ဒီမှာဆိုလဲ မဖြစ်နိုင်ဆုံး အဖြေမှားတစ်ခုဖြစ်တဲ့ (ခ) သင် ကိုပယ်လိုက်မယ်ဆို အဖြေ 3 ခုပဲကျန်ခဲ့တော့မှာဖြစ်ပြီး အဖြေမှန်နိုင်ခြေက 33% အထိ မြင့်တက်သွားပါပြီ။ ဒီလိုပဲ ကျန်ခဲ့တဲ့အဖြေ 3 ခုထဲက မဖြစ်နိုင်ဆုံး အဖြေမှား 1 ခုကိုထပ်ရှာပြီး ထပ်ပယ်လိုက်အုံးမယ်ဆိုရင် ရွေးချယ်စရာအဖြေက 2 ခုပဲကျန်ခဲ့တော့မှာဖြစ်ပြီး အဖြေမှန်နိုင်ခြေက 50% အထိကို မြင့်တက်သွားပါပြီ။ ပြီးရင်တော့ အဖြေ 2 ခုထဲက 1 ခုကို ရွေးချယ်လိုက်ရုံပါပဲ။
အဖြေမှားတွေကို ပယ်ပြီးတဲ့အခါအဖြေ 1 ခုပဲကျန်ရင် - ဒါက ကိုယ့်ရဲ့အဖြေပါပဲ။ အဖြေ 2 ခု (သို့) 3 ခု ကျန်ရင် - ဒီအဆင့်မှာက ခန့်မှန်းဖို့ ပိုလွယ်သွားပါပြီ။ ကျန်တဲ့အဖြေတွေထဲကက မှန်နိုင်ခြေအရှိဆုံးကို ရွေးရုံပါပဲ။ ဒိီလိုမျိုး အဖြေမှားရွေးထုတ်တဲ့နည်းနဲ့ အဖြေမှန်နိုင်ခြေတွေကို မြှင့်တင်လို့ရပြီး Test တွေ Exam တွေမှာ အမှတ်တွေပိုယူလို့ရသလို တစ်ခြားသောကိစ္စတွေမှာလဲ အသုံးပြုလို့ရပါတယ်။
15 200
သူကိုယ့်ကိုပြန်မချစ်တာ မတရားဘူးလို့ မထင်ပါနဲ့။
ကိုယ်တောင်မှကိုယ့်ကို ချစ်တဲ့သူကို ပြန်ချစ်ခဲ့တာ မဟုတ်ပါဘူး။
(ဘယ်သူချစ်တာမှ မခံရတဲ့ကောင်တွေတော့ မပါဘူး)
15 200
မပြိုင်ဘဲနိုင်ဖို့ အချက် ၇ ချက်
၁။ Competition နဲ့ Creationပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကိုကျစေပါတယ်။ ပြိုင်ဆိုင်မယ့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့စဉ်းစားပါ။ ဥပမာ- Apple ကို Steven Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes ၊ iPod ၊ iPhone ၊ App Store ၊ iPad တွေကို အစီအရီ ဖန်တီးသွားပါတယ်။
၂။ Focusကျွန်တော်တို့ စီးပွားရေးလုပ်ငန်းစတာ ပြိုင်ဘက်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်မှုကိုပဲ အာရုံစိုက်မယ့်အစား ကိုယ့်လုပ်ငန်းရဲ့ Vision နဲ့ Mission တွေကို အာရုံစိုက်ပါ။
၃။ Know Your Nicheစီးပွားရေးလုပ်ငန်းတစ်ခုဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါဘူး။ ကိုယ်က ဘယ်နယ်ပယ် Niche ကို ဦးဆောင်မှာလဲ၊ ကိုယ့်လုပ်ငန်းရဲ့အားသာချက် Critical Success Factor က ဘာလဲ သိအောင်လုပ်ပါ။
၄။ Think DifferentlyCoca-Cola ဟာ ရောက်တဲ့နေရာတိုင်း အောင်မြင်ပါတယ်။ Coca-Cola တရုတ်ဈေးကွက်ကို ရောက်တဲ့အခါ ဟောင်ကောင်အခြေစိုက် JDB Group ရဲ့ Jia Duo Bao Brand ဟာ Chinese Medicine ပေါ်အခြေခံတဲ့ Herbal Tea နဲ့ ပြိုင်ပါတယ်။ ကိုယ်လုပ်နေကျပုံစံထဲက ခွဲထွက်ပြီး စဉ်းစားကြည့်ဖို့လိုပါတယ်။
၅။ Positioning Mapမပြိုင်နဲ့ဆိုပေမဲ့ ပြိုင်ဘက်ကိုတော့ ရွေးချယ်နိုင်ပါတယ်။ ဥပမာ- Xiaomi ဟာ ဖုန်းလောကထဲကို၀င်တဲ့အခါ ကိုယ့်လုပ်ငန်းက ဘယ်နေရာမှာ ရပ်တည်မှာလဲဆိုတဲ့ Positioning Map ကို အကောင်းဆုံးအသုံးပြုပြီး ပြိုင်ဘက်ကို ကောင်းကောင်းရွေးချယ်သွားပါတယ်။ ဒါကြောင့် ၂၀၁၀ ကနေ ၂၀၁၅ အတွင်း ပြိုင်ဘက်မရှိသလောက်ဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။
၆။ MVP (Minimal Viable Product)Product အစစ်မဟုတ်သေးခင် ပုံကြမ်း Prototypes အဆင့်ဟာ Idea Generation ကနေ ဈေးကွက်ထဲမသွားခင်ကြားမှာ အရေးကြီးပါတယ်။ Creation လုပ်မယ်ဆိုကတည်းက Product တိုင်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဥပမာ- Facebook အနေနဲ့ ဒီနေ့လို App မထုတ်ခင် ၂၀၁၄ မှာ Flipboard နဲ့ပြိုင်ပြီး Paper Application ကို ထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် Product အသစ်တစ်ခုဖန်တီးတဲ့အခါ ဈေးကွက်ရဲ့တုံ့ပြန်မှုကို စမ်းသပ်တဲ့ MVP (Minimum Viable Product) အနေနဲ့ စနိုင်ပါတယ်။
၇။ Connecting the Dots (Vision)Amazon ဟာ စာအုပ် စရောင်းတယ်။ Offline Bookstore တွေဖြစ်တဲ့ Barnes & Noble ဟာ လူကြိုက်များတဲ့ စာအုပ်တွေနဲ့ ဈေးကွက်မှာရှိနေပေမယ့် Amazon ဟာ လူနည်းစုဖတ်တဲ့ စာအုပ်တွေနဲ့ ဈေးကွက်ကို စ၀င်ပါတယ်။ နောက်ပိုင်း Online မှာ ပစ္စည်းမျိုးစုံရောင်းလာတဲ့အပြင် မကြာခင်က Whole Foods ကို၀ယ်ပြီး ဟင်းသီးဟင်းရွက်ဈေးကွက်ထဲကို ၀င်ရောက်လာပါတယ်။ Vision ဟာ အင်မတန်အရေးကြီးပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ Strategic Planning နဲ့ Strategic Thinking ကို သေချာသိအောင်လုပ်ရပါတယ်။ နောက် Example တစ်ခုက OnePlus ဖုန်းပါ။ Xiaomi Business Model ကို တိုက်ရိုက် Copy ကူးပေမဲ့ Xiaomi ရဲ့ပြိုင်ဘက် ဖဖြစ်မလာပါဘူး။ ဘာကြောင့်လဲဆိုရင် Xiaomi ရဲ့ Vision ဟာ Lifestyle Brand တစ်ခုအနေနဲ့ သွားမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ လုပ်ငန်းတွေအတွက် Vision ဟာ ပြိုင်ဘက်တွေနဲ့ကွဲထွက်စေတဲ့ အရေးကြီးတဲ့အချက်တစ်ချက်ပါ။ - Dr. Phyo Paing
15 200
ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။
Express Vpn
1month - 6000 (share)
1month - 15000 (private)
Alight Motion Premium
1year - 5000 (share)
1year - 10000 (private)
Wink Premium
1month - 8000 (share)
1month - 23000 (private)
1year - 150000 (private)
Capcut Pro
1month - 8000 (share)
1month - 15000 (private)
Canva Pro
1year - 5000 (Own Mail)
Netflix
1month - 15000 (share)
Spotify Family Plan (US)
2months - 15000
3months - 25000
6months - 40000
12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) ၀ယ်ယူလိုပါက - @pthenextgen
15 200
Repost from 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤
တစ်ချို့အခိုက်အတန့်တွေက
ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ
မှတ်ဉာဏ်တွေ မဖြစ်သွားခင်အထိ
ကျွန်တော်တို့ သတိမထားမိကြဘူး။
ချစ်ရသူနဲ့အတူတူ ကုန်ဆုံးရတဲ့အချိန်တွေ၊
အဖေအမေနဲ့အတူ ရှိခဲ့ရတဲ့အချိန်တွေ၊
သူငယ်ချင်းတွေနဲ့ လျှောက်သွားရတဲ့အချိန်တွေ၊
မိသားစုထမင်းလက်စုံစားတဲ့အချိန်တွေ၊
ဒီအရာတွေကို ကျွန်တော်တို့က
“သာမန်အခိုက်အတန့်လေးတွေ” လို့ခေါ်ကြတယ်။
ဒါပေမယ့် နောက်တစ်နေ့...
တစ်လ... တစ်နှစ်... ဒါမှမဟုတ်
နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ
ဒီသာမန် အခိုက်အတန့်လေးတွေကပဲ
ကျွန်တော်တို့နှလုံးသားထဲမှာ
တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ၊
ပြန်မရနိုင်တော့တဲ့ မှတ်ဉာဏ်တွေဖြစ်လာတာပါ။
ဘဝဆိုတာ ကြီးမားတဲ့ပွဲတွေ၊
ခမ်းနားတဲ့ အောင်ပွဲတွေနဲ့ပဲ
ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။
ဘဝဆိုတာ...
ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ
ကုန်ဆုံးခဲ့တဲ့ သာမန်နေ့ရက်တွေနဲ့
စုစည်းထားတာလဲ ဖြစ်ပါတယ်။
ဒါကြောင့်...
ယနေ့အခိုက်အတန့်လေးကို လက်လွှတ်မခံပါနဲ့။
အခုပိုင်ဆိုင်နေရတဲ့ ချစ်ရသူ၊
မိသားစု၊ မိတ်ဆွေတွေနဲ့အတူ
ရှိနေတဲ့အခိုက်အတန့်တိုင်းကို
အပြည့်အဝခံစားလိုက်ပါ။
တန်ဖိုးထားလိုက်ပါ။
ဘာကြောင့်လဲဆိုတော့...
ဒီသာမန် အခိုက်အတန့်လေးတွေကပဲ...
နက်ရှိုင်းတဲ့ပျော်ရွှင်မှုကို ဖန်တီးပေးပြီး
နောင်တစ်ချိန်မှာ...
ကိုယ့်ဘဝရဲ့ တန်ဖိုးအရှိဆုံးနဲ့
ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေ၊
မှတ်ဉာဏ်တွေ ဖြစ်လာမယ်ဆိုတာကို
ကိုယ်မသိနိုင်လို့ပါပဲ။
