ar
Feedback
𝘾𝙤𝙯𝙮 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙃𝙪𝙗 📚✨

𝘾𝙤𝙯𝙮 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙃𝙪𝙗 📚✨

الذهاب إلى القناة على Telegram

᭙ꫀꪶᥴꪮꪑꫀ ꪻꪮ ꪑꪗ ᥴꫝꪖꪀꪀꫀꪶ 𝐨𝐰𝐧𝐞𝐫 𝐚𝐜𝐜 ~ @sm_wrong ᑕᕼ ᗪᗩTᗴ ~ 1.6.2026 🧸" 𝑇ℎ𝑥 𝑢 𝑓𝑜𝑟 𝑗𝑜𝑖𝑛𝑖𝑛𝑔 " ᗴᐯᗴᖇYOᑎᗴ " 🧺

إظهار المزيد
4 919
المشتركون
+1324 ساعات
+1067 أيام
+33730 أيام
أرشيف المشاركات
စကားလုံးကွာပေမဲ့ အဓိပ္ပာယ်တူတူ ✨
help → assist – ကူညီသည် Can you assist me with this? buy → purchase – ဝယ်ယူသည် She purchased a new laptop. choose → select – ရွေးချယ်သည် Please select one answer. need → require – လိုအပ်သည် This job requires experience. show → demonstrate – ပြသသည် Let me demonstrate how it works. get → obtain – ရရှိသည် You can obtain more information here. keep → maintain – ထိန်းသိမ်းသည် It's important to maintain a healthy lifestyle. start → begin – စတင်သည် The class will begin at 7 PM. #Cozy_English_Hub #vocabularly

“Make” နဲ့ တွဲသုံးရတဲ့ စကားစုလေးတွေ 🤍
Make a decision → ဆုံးဖြတ်ချက်ချသည် Make a mistake → အမှားလုပ်သည် Make a choice → ရွေးချယ်မှုလုပ်သည် Make a plan → အစီအစဉ်ဆွဲသည် Make a promise → ကတိပေးသည် Make a suggestion → အကြံပြုချက်ပေးသည် Make a complaint → တိုင်ကြားသည် Make an effort → ကြိုးစားအားထုတ်သည် Make progress → တိုးတက်လာသည် Make money → ငွေရှာသည် Make friends → သူငယ်ချင်းဖွဲ့သည် Make a difference → ထူးခြားတဲ့အပြောင်းအလဲ ဖြစ်စေသည် Make sure → သေချာအောင်လုပ်သည် Make sense → အဓိပ္ပာယ်ရှိသည် / နားလည်ရသည် Make a noise → ဆူညံသံပြုသည် #Cozy_English_Hub

Opposite Words သိထားရင် Vocabulary မှတ်ရတာ ပိုလွယ်တယ် 🤍
Ancient ↔ Modern ရှေးဟောင်း ↔ ခေတ်မီ Expand ↔ Contract ချဲ့ထွင်သည် ↔ ကျုံ့သည် Permanent ↔ Temporary အမြဲတမ်း ↔ ယာယီ Visible ↔ Invisible မြင်ရသော ↔ မမြင်ရသော Artificial ↔ Natural အတု ↔ သဘာဝ Generous ↔ Stingy ရက်ရောသော ↔ ကပ်စေးနဲသော Optimistic ↔ Pessimistic အကောင်းမြင်သော ↔ အဆိုးမြင်သော Superior ↔ Inferior ပိုမိုကောင်းမွန်သော ↔ နိမ့်ကျသော Frequent ↔ Rare မကြာခဏဖြစ်သော ↔ ရှားပါးသော Flexible ↔ Rigid ပျော့ပြောင်းလွယ်သော ↔ တင်းကျပ်သော Accurate ↔ Inaccurate တိကျသော ↔ မတိကျသော Genuine ↔ Fake အစစ်အမှန် ↔ အတု Conscious ↔ Unconscious သတိရှိသော ↔ သတိမရှိသော Majority ↔ Minority အများစု ↔ အနည်းစု Complicated ↔ Simple ရှုပ်ထွေးသော ↔ ရိုးရှင်းသော #Cozy_English_Hub

တုပ်ကွေးတွေအရမ်းဖြစ်ကြတယ်နော် ကျန်းမာရေးအထူးဂရုစိုက်ကြပါ sub လေးတို့ရေ ရေကိုလဲ သူ့အချိန်လေးနဲ့သူချိုး ခေါင်းလျှော်ရင်လဲ ကြည့်လျှော်ပါ အကြာကြီးမချိုးပါနဲ့ နေအရမ်းပြင်းတဲ့အချိန်ရေမချိုးနဲ့နော် ချောင်းဆိုးစာတွေလဲလျှော့စားပါ အပြင်စာရှောင်စားပါ မင်မင်ကိုယ်တိုင်နေမကောင်းနေတာမို့ အကုန်လုံးကိုစိတ်ပူလို့ပါ ဒီအဖျားတွေက ကူးလွယ်တာမို့ ဖျားနေတဲ့သူနားလဲသိပ်မကပ်နဲ့နော် 💗 #Cozy_English_Hub

English ကလူပြည့်သွားလို့ လက်မခံတော့ဘူးနော် Korean class ပဲရပါတော့မယ်ရှင် ~ #founder #Free_class #Cozy_English_Hub

English တက်မယ်ဆို "E" Korean တက်မယ်ဆို "K" တစ်လုံးတည်းသာပို့ပေးပါရှင် ကျန်တာဘာမှမပြောပါနဲ့ အတန်း2တန်းဆိုတော့ ရောကုန်မှာဆိုးလို့ပါ 💗 ကျောင်းသားဦးရေ 25 ဦးစီသာလက်ခံပါ့မယ်ရှင်💐 Acc -@sm_wrong #Cozy_English_Hub

Cozy Hub မှာ Basic English Grammar Class 🇬🇧 နဲ့ Basic Korean Class 🇰🇷 ကို စတင်အပ်နှံနိုင်ပါပြီ။ 🤍 ✨ သင်တန်း (၂) ခုလုံးသည် 100% Free (ပညာဒါန) ဖြစ်ပါတယ်။ 🇬🇧 Basic English Grammar Class 👩‍🏫 Teacher: Jayce 📅 Start Date: 14.9.2026 🎥 Class Type: Video Class ━━━━━━━━━━━━━━ 🇰🇷 Basic Korean Class 👩‍🏫 Teacher: Sim Jae Rin 📅 Start Date: 14.9.2026 🎥 Class Type: Video Class ━━━━━━━━━━━━━━ 📌 Video Lessons များကို တစ်ရက်ခြားတစ်ခါ တင်ပေးသွားမှာဖြစ်ပါတယ်။ 🌿 Beginner များအတွက် အခြေခံကနေ စတင်လေ့လာနိုင်တဲ့ သင်တန်းများဖြစ်ပါတယ်။ သင်တန်းသားတစ်ယောက်လျှင် အတန်း တစ်တန်းသာ တက်ခွင့်ရပါမယ်ရှင် 📩 စာရင်းပေးသွင်းလိုပါက Comment (သို့) Chat Box မှာ English တက်မယ်ဆို "E" Korean တက်မယ်ဆို "K" လို့ ပို့ပေးပါရှင်။ 🤍 Acc - @sm_wrong #Cozy_English_Hub #Free_class #batch2 #ပညာဒါန #founder

ဒီ Class လေးက English ကို အခြေခံ Alphabet ကနေစပြီး တစ်ဆင့်ချင်းစီ သင်ကြားပေးသွားမယ့် Basic Level Class ဖြစ်ပါတယ်ရှင် 🤍 ဒါကြောင့် English အခြေခံပိုင်းတွေ မသေချာသေးတဲ့သူတွေ၊ Alphabet ကနေစပြီး သေချာလေ့လာချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ အခြေခံအဆင့်ကနေ စသင်မှာဖြစ်တဲ့အတွက် English အခြေခံတွေကို ကောင်းကောင်းသိပြီးသားသူတွေ၊ လက်ရှိ Level က Basic ထက်မြင့်နေတဲ့သူတွေကတော့ အခြေခံလိုအပ်နေတဲ့သူတွေအတွက် နေရာလေးချန်ပေးစေချင်ပါတယ်ရှင် 🥹🤍 တကယ်လေ့လာဖို့လိုအပ်ပြီး အခြေခံကနေစပြီး စနစ်တကျလေ့လာချင်တဲ့သူများသာ Join ပေးကြပါနော်။ လူများများ Join ဖို့ထက် တကယ်လိုအပ်တဲ့သူတွေ သေချာလေ့လာနိုင်ဖို့ကို ပိုအရေးထားပါတယ်ရှင်။ #Cozy_English_Hub #founder

ဒီနေ့ည batch 3အချိန်ဇယားလေးတင်မယ်နော် ✨ Joinချင်တဲ့သူတွေ အဆင်သင့်လုပ်ထားပါ Eng trက တစ်ယောက်ထဲ runရတာမို့ လူအကန့်အသတ်နဲ့ပဲ join လို့ရပါမယ် ‼️ #Cozy_English_Hub #founder

ပုံစံတူတူလေးတွေဆိုပြီး မရောလိုက်နဲ့နော် အဓိပ္ပာယ်က လုံးဝမတူဘူး! 📚🤍
1. Affect vs Effect
Affect – သက်ရောက်မှုရှိသည် (verb) Stress can affect your sleep. Effect – အကျိုးသက်ရောက်မှု (noun) The medicine had a good effect.
2. Advice vs Advise
Advice – အကြံဉာဏ် (noun) Can you give me some advice? Advise – အကြံပေးသည် (verb) I advise you to study harder.
3. Lose vs Loose
Lose – ဆုံးရှုံးသည် Don't lose your phone. Loose – ချောင်သော These shoes are too loose.
4. Then vs Than
Then – ထို့နောက် / အဲဒီအချိန်မှာ We went home then. Than – ထက် She is taller than me.
5. Quiet vs Quite
Quiet – တိတ်ဆိတ်သော Please be quiet. Quite – တော်တော် / အတော်လေး It's quite good.
6. Accept vs Except
Accept – လက်ခံသည် I accept your apology. Except – ...မှလွဲ၍ Everyone came except Tom. #Cozy_English_Hub #English_tips #vocabularly

သိထားရင် တကယ် အသုံးဝင်မယ့် Trendy Slang များ🤓✨
1. Ate and left no crumbs (အပြတ်အသတ် အကောင်းဆုံး လုပ်ဆောင်သွားခြင်း)
ဝတ်စုံ၊ ကကွက် သို့မဟုတ် ဖျော်ဖြေမှုတစ်ခုခုကို လုံးဝ စစ်စစရာမလိုအောင် စမတ်ကျကျ လုပ်ပြသွားတဲ့အခါ သုံးပါတယ်။ Example: "Did you see her performance? She literally ate and left no crumbs!"
2. Ghost (အဆက်အသွယ် ဖြတ်လိုက်တာ)
စကားပြောနေရာကနေ ဘာမှမပြောဘဲ ဂျုတ်တရက် ပျောက်သွားတာမျိုးကို ပြောတာပါ။ Example: "I thought he liked me, but he totally ghosted me."
3.Slay (အပြတ်အသတ် လှတာ/လန်းတာ)
ဝတ်စုံ သို့မဟုတ် အလုပ်တစ်ခုခုကို လှလှပပ၊ စမတ်ကျကျ လုပ်ဆောင်နိုင်တဲ့အခါ သုံးပါတယ်။ Example: "You completely slayed that outfit today!"
4. Red Flag (သတိထားရမယ့် အမူအကျင့်/အချက်ပြလက္ခဏာ)
လူတစ်ယောက် သို့မဟုတ် အခြေအနေတစ်ခုမှာ မကောင်းတဲ့ အချက်အလက် ဒါမှမဟုတ် ရှောင်သင့်တဲ့ အပြုအမူရှိနေတာကို ပြောတာပါ။ Example: "He never listens when you speak, that's a huge red flag."
5. Delulu (စိတ်ကူးယဉ်လွန်းနေခြင်း)
"Delusional" ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပါ။ မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ အလွန်အမင်း စိတ်ကူးယဉ်နေတာမျိုးကို သုံးပါတယ်။ Example: "Thinking he'll text back after a week? You're being delulu!" #Cozy_English_Hub #English_tips #slangs

Batch 2 — Student Reviews ✨💌 Batch 2 လေးမှာ အတူတူလေ့လာခဲ့ကြတဲ့ သင်တန်းသားလေးတွေရဲ့ ချစ်စရာ Review လေးတွေကို မျှဝေပေးလိုက်ပါတ
+6
Batch 2 — Student Reviews ✨💌 Batch 2 လေးမှာ အတူတူလေ့လာခဲ့ကြတဲ့ သင်တန်းသားလေးတွေရဲ့ ချစ်စရာ Review လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 🤍 ကျေးဇူးတင်ပါတယ်နော်~အားလုံးရဲ့ Feedback လေးတွေက တကယ်တန်ဖိုးရှိပါတယ်။ 🫶🏻🌷 🎓 And… Batch 3 is coming soon! 👀✨ အသေးစိတ်ကို မကြာခင် ကြေညာပေးပါမယ်နော်။ 💗 #Cozy_English_Hub

🏆✨ Basic Grammar Class — Final Results ✨🏆 🎉 Congratulations to our Top 4! 💐 🥇 1st — Yu Yu Paing 🥈 2nd — Ma Myat Myat Kh
+1
🏆✨ Basic Grammar Class — Final Results ✨🏆 🎉 Congratulations to our Top 4! 💐 🥇 1st — Yu Yu Paing 🥈 2nd — Ma Myat Myat Khaing & Ma Zam Lun Cing 🥉 3rd — Phyu Nyein Thwe
ဒီ Result လေးထဲမှာ Top 4 တင်မကဘဲ Student တစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုတွေကိုလည်း အသိအမှတ်ပြုချင်ပါတယ်။ 🤍 Unit 8 ခုလုံးအတွက် Homework တွေ လုပ်ပေးခဲ့ကြတာ၊ အချိန်မှန်တင်ပေးခဲ့ကြတာ၊ အမှားမရှိအောင် ကြိုးစားခဲ့ကြတာနဲ့ Final Test အထိ ကြိုးစားပေးခဲ့ကြတာကိုလည်း တကယ်ကျေးဇူးတင်ပြီး ဂုဏ်ယူပါတယ်။ 🫶🏻 ပြီးတော့ Final Test မဖြေဖြစ်လို့ ဒီ Result List ထဲမှာ မပါဝင်ခဲ့ပေမယ့် Homework တွေကို ကြိုးစားလုပ်ပေးခဲ့ကြပြီး လေးလေးစားစားနဲ့ ဆက်ဆံပေးခဲ့ကြတဲ့ သင်တန်းသားလေးတွေအားလုံးကိုလည်း အထူးတလည် ဂုဏ်ပြုချင်ပါတယ်။ 🥹💗
အမှတ်တွေ၊ Result တွေထက် ကြိုးစားမှု၊ တာဝန်ယူမှုနဲ့ လေးစားမှု တွေက ပိုတန်ဖိုးရှိပါတယ်။ 🌷 Student တစ်ယောက်ချင်းစီတိုင်းကို Congratulations! 🎓💐 Your effort, consistency & progress truly deserve to be celebrated. ✨ 🌷 Congratulations, everyone! You all did a great job! 🫶🏻✨ #Cozy_English_Hub #founder #free_class_batch_2 #final_results

1. LEARN 🆚 STUDY
Learn = သင်ယူပြီး သိလာသည် → I’m learning English. Study = စာလေ့လာသည် / စာကျက်သည် → I study English every day. 💡 Study = လေ့လာတဲ့ action Learn = သင်ယူပြီး knowledge/skill ရလာတာ
2. JOB 🆚 WORK
Job = အလုပ်အကိုင် / အလုပ်တစ်ခု → She got a new job. Work = အလုပ် / အလုပ်လုပ်ခြင်း → I have a lot of work today. 💡 Job = a specific position or task Work = activity or things you need to do
3. FUN 🆚 FUNNY
Fun = ပျော်စရာကောင်းသော → The party was fun. Funny = ရယ်စရာကောင်းသော → He is very funny. 💡 Fun = enjoyable 🎉 Funny = makes you laugh 😂
4. ALONE 🆚 LONELY
Alone = တစ်ယောက်တည်းရှိသည် → I like being alone. Lonely = အထီးကျန်သည် / အဖော်မရှိလို့ ဝမ်းနည်းသည် → I feel lonely sometimes. 💡 Alone = physically by yourself Lonely = emotionally sad because you feel alone
5. REMEMBER 🆚 REMIND
Remember = မှတ်မိသည် / သတိရသည် → I remember his name. Remind = သတိပေးသည် → Please remind me tomorrow. 💡 Remember = ကိုယ်တိုင်မှတ်မိတာ Remind = သူများကို သတိပေးတာ #Cozy_English_Hub #English_tips #Laernenglish

Englishစာ မှာ "Idiom" လေးတွေ သုံးတတ်ရင် ပို Pro ကျသွားရောနော် 😉✨
Spill the tea ➔ အတင်းအဖျင်း / သတင်းစုံ ပြောစမ်းပါ။
Example: Come on, spill the tea! ကဲ၊ ဘာဖြစ်ခဲ့တာလဲ သတင်းစုံပြောစမ်းပါ!
Not my cup of tea ➔ ဒါက ငါ့အကြိုက်မဟုတ်ဘူး။
Example: Horror movies aren't really my cup of tea. ➔ Horror movie တွေက ငါ့အကြိုက်တော့ သိပ်မဟုတ်ဘူး။
Under the weather ➔ နေမကောင်းသလို ခံစားနေရတယ်။
Example: I'm feeling a little under the weather today. ဒီနေ့ နည်းနည်းနေမကောင်းသလို ခံစားနေရတယ်။
I'm all ears. ➔ ပြောပါ၊ ငါသေချာနားထောင်နေတယ်။
Example: Tell me what happened. I'm all ears. ဘာဖြစ်ခဲ့လဲ ပြောပြပါ၊ ငါသေချာနားထောင်နေတယ်။
Break a leg! ➔ ကံကောင်းပါစေ / အောင်မြင်ပါစေ။
Example: You have a exam tomorrow. Break a leg! ➔ မနက်ဖြန် စာမေးပွဲရှိတယ်နော်။ ကံကောင်းပါစေ! #Cozy_English_Hub #idioms

တူသလိုလိုနဲ့ မတူတဲ့ English words✨
1.Say vs Tell say = ပြောသည် She said, "Hello." tell = တစ်ယောက်ယောက်ကို ပြောသည် She told me the truth.
2. Hear vs Listen hear = မရည်ရွယ်ဘဲ ကြားသည် I heard a noise. listen = အာရုံစိုက်ပြီး နားထောင်သည် Listen to me carefully.
3. See vs Look see = မြင်သည် I can see a bird. look = ကြည့်သည် Look at that bird!
4. Borrow vs Lend borrow = ချေးယူသည် Can I borrow your pen? lend = ချေးပေးသည် Can you lend me your pen?
5. Bring vs Take bring = ဒီဘက်ကို ယူလာသည် Please bring your book. take = ဟိုဘက်ကို ယူသွားသည် Please take this book home.
#Cozy_English_Hub #English_tips

မရောထွေးသင့်တဲ့ English Words 👀
1. Advice → အကြံဉာဏ် Advise → အကြံပေးသည် 2. Affect → သက်ရောက်သည် Effect → အကျိုးသက်ရောက်မှု 3. Lose → ဆုံးရှုံးသည် Loose → ချောင်သော 4. Accept → လက်ခံသည် Except → …မှအပ 5. Borrow → ချေးယူသည် Lend → ချေးပေးသည် 6. Bring → ယူလာသည် Take → ယူသွားသည် 7. Hear → ကြားသည် Here → ဒီမှာ 8. There → အဲဒီမှာ Their → သူတို့၏ They’re → They are 9. Your → သင့်ရဲ့ You’re → You are 10. Its → ၎င်း၏ It’s → It is / It has 11. Then → ထို့နောက် / အဲဒီအချိန်မှာ Than → …ထက် 12. Quiet → တိတ်ဆိတ်သော Quite → တော်တော်လေး 13. Everyday → နေ့စဉ်ဖြစ်သော Every day → နေ့တိုင်း 14. Desert → သဲကန္တာရ Dessert → အချိုပွဲ 15. Especially → အထူးသဖြင့် Specially → အထူးရည်ရွယ်၍ 16. Compliment → ချီးကျူးစကား Complement → ဖြည့်စွက်ပေးသောအရာ 17. Principal → ကျောင်းအုပ် / အဓိက Principle → မူဝါဒ / အခြေခံမူ 18. Beside → ဘေးမှာ Besides → ထို့အပြင် 19. Personal → ကိုယ်ရေးကိုယ်တာဆိုင်ရာ Personnel → ဝန်ထမ်းများ 20. Especially → အထူးသဖြင့် Explicitly → တိတိကျကျ / ရှင်းရှင်းလင်းလင်း #Cozy_English_Hub #vocabularly #English_tips

English မှာ assi လျှောက်ထားတဲ့ ညီမလေးရေ လာ hi ပေးပါအုံး အကောင့်ရှာတာ ဘယ်လိုမှ ရှာမရလို့🥹❤️ #Cozy_English_Hub

Korean class က မနက်ဖြန်စပီနော် တက်ချင်ရင်ရပါသေးတယ် ~ Basic Korean class လေးတက်ချင်ရင် @sm_wrong (သို့) Comment မှာ "K"လို့‌ပို့ပေးပါရှင် 💗 #Cozy_English_Hub

အစားအသောက်ရဲ့ အခြေအနေ ကို ဖော်ပြတဲ့ English words အလုံး 20 ကို ဒီနေ့လေ့လာလိုက်ရအောင်✨
Fresh → လတ်ဆတ်သော Stale → မလတ်ဆတ်တော့သော Rotten → ပုပ်သိုးသော Spoiled → ပျက်စီးသော Moldy → မှိုတက်သော Dry → ခြောက်သွေ့သော Burnt → လောင်ကျွမ်းသော Overcooked → ချက်လွန်သော Undercooked → မကျက်သေးသော Raw → အစိမ်းဖြစ်သော Frozen → အေးခဲသော Chilled → အေးမြသော Melted → အရည်ပျော်သော Soggy → စိုဖတ်သော Hard → မာကျောသော Soft → ပျော့ပျောင်းသော Mushy → ပျော့ဖတ်သော Ripe → မှည့်သော Unripe → မမှည့်သေးသော Expired → သက်တမ်းကုန်သော 100% Free 💯 Basic Korean class လေးတက်ချင်ရင် @sm_wrong (သို့) Comment မှာ "K"လို့‌ပို့ပေးပါရှင် 💗 #Cozy_English_Hub #vocabularly