Cloud Wings
الذهاب إلى القناة على Telegram
5 594
المشتركون
لا توجد بيانات24 ساعات
-127 أيام
-10930 أيام
أرشيف المشاركات
5 594
အချိန်ကား ၂၀၂၃နှစ်ကုန်ပိုင်း၊ ကျိုက်မရောမြို့နယ်တိုက်ပွဲများအတွင်း ဒရုန်းများ ပြင်းပြင်းထန်ထန် မစ်ရှင်ဝင်နေစဲကာလ
ကျိုက်ဒုံမြို့ရှိ စစ်အခြေချဗျူဟာကုန်းသို့ ဒရုန်းတစ်ဖွဲ့ ထပ်လွှတ်ရဖို့ဖြစ်လာခဲ့ပါတယ်
ဗျူဟာကုန်းမစ်ရှင်ဆောင်ရွက်နေစဉ်အတွင်း ရန်သူ့ထံ ဒရုန်းတစ်စီး ကျရောက်ခဲ့တယ်
စကစဘက်ကလည်း သတင်းမထုတ်ခဲ့သလို ကျနော်တို့လည်း သိုဝှက်ထားခဲ့ပါတယ်
အခုတော့ ဒရုန်းလည်း ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ ကျနော်တို့ထံသို့ လာနေပါပြီ
ပြန်လည်ယူဆောင်လာပြီး သိမ်းဆည်းပေးတဲ့ ဆရာများ၊ ရဲဘော်ရဲဘက်များကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်
တကျွန်းပြန်ကြီးဖြစ်တဲ့ သူ့ကိုပြုပြင်ပြင်ဆင်ပြီးရင် တိုက်စစ်မှူးအနေနဲ့ ပြန်လည်အသုံးတော်ခံပါ့မယ်ခင်ဗျာ 🧡
#CloudWings
5 594
နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ
သင်ကြားပေးခဲ့ပါတယ် ။
အစဉ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ် ။
#မိုဃ်းဇော်
#CloudWings
5 594
ယနေ့ဒီလို
အခက်အခဲအတိုင်း အခက်အခဲတိုင်းပေါ့လေ
ငါတို့ ဖြတ်ကျော်ပြီး
ဖြတ်ကျော်ပြီး ဖြတ်ကျော်ကြတာပေါ့လေ …
#အောင်ချိမ့်
#CloudWings
5 594
ပျော်ရွှင်မှုဆိုတာ
ငါတို့ စိတ်ညစ်ခဲ့တာတွေ
ငါတို့ ကြေကွဲခဲ့တာတွေ
ငါတို့ နာကျည်းခဲ့တာတွေ
ငါတို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
တစ်ချိန်ချိန်မှာ ပြန်ရမယ့် နစ်နာကြေးပါပဲ ။
တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ်
လော်စပီကာလို ကျယ်လောင်မှုမျိုးနဲ့
တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ်
မော်တာလို အဆတ်မပြတ် လည်ပတ်မှုနဲ့
တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ်
မြစ်ထဲက စင်ရော်တွေလို လွတ်လပ်မှုနဲ့ …
#လှသန်း
#CloudWings
5 594
အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်း သိလေ
ပိုနာကျင်လေ
ဒါကြောင့်မို့ မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်
အပြစ်ကင်းစင်တဲ့ လှေကလေးတစ်စင်းနဲ့
ဟိုတစ်ဖက်ကမ်းကို ကူးချင်ရဲ့ …
#၀င်းမြင့်
#CloudWings
5 594
ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ
ဖြစ်လာမယ့် ဟာသတစ်ခုပါ ။
မိတ်ကပ် မလိုဘူး
စိတ်ဓါတ်ပဲ လိုတယ် ။
#စောကြည်ဖြူ
#CloudWings
5 594
သတင်းကောင်းတွေ ထပ်မံသယ်ဆောင်လာဖို့အတွက်
တိမ်တိုက်တွေ ကောင်းကင်ပေါ် မှာ တောက်လျှောက်ပါပဲ
အမျိုးတို့ရေ Good nightပါဗျားးး 💙
#CloudWings
5 594
တိုက်စစ်မှူးအသစ်တွေ စီစစ်ခေါ်ယူနေပါပြီ
▪️Facebook - Cloud Wings Facebook Page Messenger
▪️Telegram - https://t.me/Shadowlessz
တို့တွင် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ် 💙
#CloudWings
5 594
လက်ကျန်ဟာ
မနက်ဖြန်ဆိုလည်း
အေးဆေးပေါ့ ။
ရေခဲတွေ အရည်ပျော်သွားလည်း
ရေခဲတွေ ပြန်လာဦးမာပဲ
ယုံကြည်ချက်ကို မီးမွှေးထားပါတယ် ။
#ခက်သီ
#CloudWings
5 594
ပန်းမပွင့်ရင်တောင်
အရွက်လှဖို့ ကြိုးစားခဲ့သူပါ
ကမ္ဘာမြေ ကျေနပ်ပါလိမ့်မည် …
#အောင်ခင်မြင့်
#CloudWings
5 594
မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့
နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ
မတတ်နိုင်တာတွေ အများကြီးနဲ့ …
ဒါကြောင့်ပင်
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ ။
#အောင်ချိမ့်
#CloudWings
