cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Thae Thae🇲🇲🇲🇲🇲🇲

Music

إظهار المزيد
مشاركات الإعلانات
4 693
المشتركون
+624 ساعات
+177 أيام
+3830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

အိမ်ဦးခန်းချီးတက်ပါတာ ခွေးရဲ့အပြစ်မဟုတ်ဘူး။ ခွေးကိုချီးတက်ပါနိုင်အောင်အခွင့်အရေးပေးသူရဲ့အပြစ်
إظهار الكل...
👍 84 7💯 5
02:22
Video unavailableShow in Telegram
စူပါကင်မရာတပ်UAVနဲ့ ၂၄နာရီကင်းထောက်ရင်း အမြောက်တွေအတွက် ပစ်မှတ်ရှာပေးနေတဲ့ ရုရှား အ မဲလိုက် သမားများ။
إظهار الكل...
IMG_1659.MP451.10 MB
👍 39 1
Photo unavailableShow in Telegram
👍 9
◾️ ဟာရီကိန်း ဘယ်ရယ် ဝင်ရောက်ခဲ့တဲ့ တက္ကဆက်ပြည်နယ်မှာ နေအိမ်တစ်သန်းလောက် ဓာတ်အားပြတ်တောက်နေ ပြင်းထန်တဲ့လေတိုက်နှုန်း ၊ မိုးသည်းထန်မှုတွေနဲ့အတူ ဝင်ရောက်ခဲ့ကာ သစ်ပင်တွေနဲ့ ဓာတ်မီးတိုင်တွေကို လှဲချခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဘယ်ရယ် ဝင်ရောက်ပြီးနောက် ငါးရက်ကြာမြင့်လာချိန်အထိ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ နေအိမ်ပေါင်း တစ်သန်းလောက်မှာ လျှပ်စစ်မီးပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ သူတို့ရဲ့ ဖောက်သည် ၈၇၀ ၀၀၀ အထိ ထိခိုက်နေဆဲဖြစ်ကြောင်း တက္ကဆက်ပြည်နယ်မှ အကြီးမားဆုံးလျှပ်စစ်လုပ်ငန်းဖြစ်တဲ့ CenterPoint Energy က ပြောကြားပြီး ဘယ်ရယ် ဝင်ရောက်ပြီးနောက်မှာ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်း ၁ ဒသမ ၄ သန်းကို လျှပ်စစ်မီး ပြန်ပေးနိုင်ခဲ့ကြောင်း ကုမ္ပဏီ က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားပါတယ်။ ဟူစတန်မြို့မှာ အပူချိန်မြင့်တက်နေတာကြောင့် ဒေသခံတွေ က လျှပ်စစ်မီး ပြန်မရသေးတာကို စိတ်ပျက်နေကြပါတယ်။ အပူချိန် က ၂၈ ဒီဂရီဆဲလ်စီးယက်စ်ကို ရောက်ရှိနေချိန် လျှပ်စစ်ဓာတ်မရတာကြောင့် အချို့စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းထားရပါတယ်။ နေအိမ်တွေကလည်း သူတို့ဝယ်ယူထားတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို လွှင့်ပစ်လိုက်ကြရပါတယ်။ “ ဒီ မကြာခင်ကတိုက်ခဲ့တဲ့ ဟာရီကိန်း က အဆင့် တစ် ပဲ ရှိသေးတယ်။ ရှေ့မှာ ဒီထက်အင်အားပြင်းတဲ့ ဟာရီကိန်းတွေကို ကျွန်တော်တို့ ကြုံနိုင်သေးတယ်။ ဒီလိုပဲ လျှပ်စစ်မီးပြသနာတွေ ကြုံရဦးမှာလား ။ နိုင်ငံကို ပြန်လည်ပြင်ဆင်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီကရော အဆင်သင့်ဖြစ်နေမှာလား။”လို့ ဟူစတန်မြို့လယ် က Soonkack Kook ကော်ဖီဆိုင် တည်ထောင်သူက အင်စတာဂရမ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီ အတောအတွင်းမှာပဲ ကိုလိုရာဒိုပြည်နယ်တက္ကသိုလ်မှ မိုးလေဝသပညာရှင်တွေက ၂၀၂၄ ခုနှစ်အတွင်း ဝင်ရောက်နိုင်တဲ့ ဟာရီကိန်းတွေနဲ့ အရေအတွက်ကို မူလခန့်မှန်းထားတာထက် တိုးမြှင့်ခဲ့ပါတယ်။ ဘယ်ရယ်မုန်တိုင်းက ရှေ့တော်ပြေး အစသာ ရှိသေးကြောင်း နဲ့ ဒီနှစ်မှာ မုန်တိုင်းကြီး ခြောက်ကြိမ်အထိ ဝင်ရောက်နိုင်ကာ ပြင်းအားကလည်း တစ်နာရီ ၁၁၁ မိုင်နှုန်းလောက် အထိ ပြင်းထန်နိုင်တယ်လို့ ဒီသီတင်းပတ်ထဲမှာပဲ ခန့်မှန်းထားပါတယ်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ကိုးကား - Reuters/ec
إظهار الكل...
👍 25 1👏 1
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ရွှေဘိုမြို့ မှ ၁၄မိုင်ခန့် အကွာရှိသော ကူတိုးဆိပ် ပြည်သူ့စစ်ရွာကို စစ်သွေးကြွများသည် ယနေ့ နံနက် အစောပိုင်းမှ စတင်ပြီး လက်ရှိအချိန်အထိ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေသည်။ ပစ်ကူ၊စစ်ကူများ လိုအပ်နေကြောင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်အချို့က ဆက်သွယ်ပြောဆိုသည်။ 3:30PM #PeopleMedia
إظهار الكل...
👍 36 3
13. 7.2024 မြန်မာစံတော်ချိန် 13:35 မိုးကုတ်မြိုအရှေ့ဈေးဟောင်းအနီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အနီးမီးလောင်နေသောမြင်ကွင်း
إظهار الكل...
IMG_1654.MP42.45 MB
IMG_1655.MP41.66 MB
👍 12😱 9🥰 8🤬 3
Photo unavailableShow in Telegram
👍 12 1
ကိုရွှေမျိုးဝင်း ( တချိူ့သော ပြောင်းပြန်အတွေးကို ဥာဏ်ပညာနဲ့ ထည့်ပေါင်းလိုက်မယ်ဆိုရင် မထင်မှတ်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်)
إظهار الكل...
👍 33 4
ယူသင့်တဲ့ သင်ခန်းစာများ =================== မနေ့က ပို့စ်မှာ မြဝတီကိစ္စ အကြမ်းဖျင်းသုံးသပ်တဲ့အထဲမှာ လွဲနေတဲ့ အချက်အချို့ နဲ့ လူသိနည်းတဲ့ အတွင်းရေးအချို့ကို ဒေသခံမိတ်ဆွေအချို့က ပြောကြပါတယ် ။ သူတို့ပြောပြတဲ့ ကိစ္စအချို့က သင်ခန်းစာယူဖို့ ကောင်းတာတွေ ပါနေတာ တွေ့ရပါတယ် ။ ကော့ကရိတ်မြို့ ကျခဲ့ရတာ အဓိက ဒေသခံမြို့သားတွေကိုယ်တိုင်က သူပုန်အားပေးလုပ်ခဲ့ကြတာပါတဲ့ ။ ဘုန်းကြီးကျောင်းတွေ ဟိုတယ်တွေ နေအိမ်တွေပါမကျန် သူပုန်ကို လိုလိုလားလား သိုဝှက်လက်ခံ ကျွေးမွေးထားပြီး မြို့ကို တိုက်တာပါတဲ့ ။ မြို့လည်းရပြီးရော သူပုန်ဇာတိပေါ်လာကာ လုယက်ဖျက်ဆီး အနိုင်ကျင့်ခံရမှ နောင်တကြီးစွာ ရကြသတဲ့ ။ ချင်းဆရာကြီးပြောခဲ့သလို လင်ငယ်နေမှ လင်ကြီးကောင်းတာ သိသွားရတဲ့ အဖြစ်ပါပဲ ။ သို့သော် ပေးဆပ်မှုကတော့ မြို့ရဲ့ ၃ ပုံ ၂ ပုံ ပြာကျ စုတ်ပြတ်သတ် ဘဝတွေပျက်တဲ့အထိ ရင်းခဲ့ရတာပါပဲ ။ ဒါကြောင့်ပဲ အခုဆို ကော့ကရိတ်နယ်ခံတွေကတော့ သူပုန်ဆို တော်ပါပြီ ဖြစ်နေရပါတော့တယ် ။ မြဝတီကတော့ နဂိုကတည်းက သူပုန်ကို လက်မခံတဲ့ အနေအထားမို့ အခြေအနေကောင်းခဲ့ပါတယ် ။ ပြောချင်တာက အရေးကြီးတာ ဒေသခံတွေပဲလို့ ပြောချင်တာပါ ။ ယခု လားရှိုးကိစ္စမှာလည်းကြည့်ပါ ဒေသခံတွေက သူပုန်ကို လက်မခံတော့ လွယ်လွယ်နဲ့ ဘယ်တိုက်ရပါ့မလဲ ။ ဒါတွေကို သင်ခန်းစာယူပြီး နစက ဘာလုပ်သင့်လဲ တွေးကြည့်ပါ ။ ပထမဆုံး ဒေသခံပြည်သူ့စစ်တွေအပေါ် ယုံကြည်မှုထားပြီး လက်နက်တပ်ဆင်ပေးကြရပါ့မယ် ။ ယခုအချိန်ထိ သင်တန်းဆင်းပြီး လက်နက်မတပ်ဆင်ရသေးတဲ့ ပြည်သူ့စစ်တွေ အနယ်နယ်အရပ်ရပ်မှာ အများကြီး ရှိနေပါ​သေးတယ် ။ မျက်စိလည်မှာ စိုးလို့ ထပ်ရှင်းပါ့မယ် ။ စစ်မှုမထမ်းမနေရ ဥပဒေအရ သင်တန်းဆင်းက အချိန်ပိုင်းစစ်သားပါ လေ့ကျင့်ရေးသင်တန်းကာလ ၃ လ ရှိပါတယ် ။ ကျနော်ပြောတဲ့ ပြည်သူ့စစ်က ယနေ့ ကန့်ဘလူက နာမည်ကြီး ၅၅၀ ဆရာတော်တို့ ဖွဲ့စည်းထားတဲ့ ဒေသခံစစ်စစ်တွေရဲ့ တပ်ဖွဲ့မျိုးတွေ ဖြစ်ပါတယ် ။ အဲဒီ ပြည်သူ့စစ်တွေရဲ့ အားသာချက်က သင်တန်းကို ၁၅ ရက်လောက် ပဲ အချိန်ပေးပြီး တက်သုတ်ရိုက်သင်ကြားလို့ရပါတယ် ။ ဒေသခံများဖြစ်လို့ နယ်မြေကျွမ်းကြင်မှု နဲ့ ပြည်သူကြားထဲ ပုန်းနေတဲ့ PDF သူစိမ်း PDF ဒေသခံတွေကို သိနေပါတယ် ။ သူတို့ကို နယ်မြေလုံခြုံရေးအတွက် တာဝန်ပေးပြီး PDF အဝင်အထွက်ကို ထိမ်းချုပ်စေဖို့ အခွင့်အာဏာ အပြည့်ပေးထားရင် ဒေသတခုလုံး အမြန်ဆုံး သန့်သွားပါလိမ့်မယ် ။ ယခု တိုက်ပွဲဖြစ်နေသော ဒေသများသို့ နယ်ကျွံနေသော PDF များ ပြန်မဝင်နိုင်စေရန် သူတို့ရဲ့ ဆွေမျိုးမိဘများထံ ပြန်လည်ခိုဝင်ပုန်းအောင်းမရနိုင်ရန် ဖြတ်တောက်ထားရပါမယ် ။ ဒါကိုလည်း ဒေသခံ ပြည်သူ့စစ်များကသာ အနီးကပ်စောင့်ကြည့်နိုင်မှာဖြစ်ပါတယ် ။ ယနေ့အချိန်ဟာ ပြည်ဖျက်အုပ်စုရဲ့ အင်အားအများစုသည် ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေမှာ အများဆုံး စုရုံးနေချိန်မို့ ဒေသခံ ပြည်သူ့စစ်အင်အားသုံးပြီး အညာဒေသကို ကောက်သင်းကောက် ရှင်းလင်းရေး ဆောင်ရွက်သင့်ပါတယ် ။ လိုအပ်ရင် ဆွေမျိုးမိဘတွေကို ထိမ်းသိမ်းထားသင့်ပါတယ် ။ ဘယ်ရွာက ဘယ်သူ့ သား / သမီးကတော့ PDF ဆိုတာ ဒေသခံ ပြည်သူ့စစ်တွေ ကောင်းစွာသိပါတယ် ။ ဒီလိုမျိုး ပြုလုပ်ခြင်းဟာ PDF တွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးခြင်းဖြစ်ပါတယ် ။ နောက်ဆံငင်နေရရင် စွမ်းဆောင်ရည်ကျဆင်းသွားတာ သဘာဝပါပဲ ။ ပါးရ်ုက်ရင် နားပြန်ကိုက်ရဲရပါမယ် ။ '' လူလိမ္မာသည် သူတပါးအမှားမှ သင်ခန်းစာယူ၏ လူမိုက်သည်ကား ကိုယ်တိုင်မှားမှ သင်ခန်းစာယူ၏ ပို၍မိုက်သောသူတို့ကား ကိုယ်တိုင်မှားလည်း သင်ခန်းစာမယူ '' ဆိုတဲ့ ဆိုရိုးစကားအတိုင်း အမိုက်ဆုံးလူစာရင်းမဝင်ဖို့တော့ အရေးကြီးနေပါပြီ ။ အခုလောလောဆယ် ရနိုင်သမျှသော ပြည်သူ့စစ်အဖွဲ့များကို ဖွဲ့ရပါမယ် ။ - ရက်တိုသင်တန်းဆင်းပြီးတာနဲ့ အမြန်ဆုံး လက်နက်ကောင်းကောင်း တပ်ဆင်ပေးရပါမယ် ။ - ယခုကျင့်သုံးနေသည့် နယ်​မြေခံတပ်ရင်း၏ လက်အောက်တွင် ထားမည့်အစား အနည်းဆုံး တပ်မမှူးတိုက်ရိုက်ကြီးကြပ်၍ ပါဝါမြှင့်ပေးသင့်ပါတယ် ။ - ရပ်ရွာများအတွင်း လုပ်ပိုင်ခွင့်အာဏာများကိုလဲ ခွဲဝေပေးရပါ့မယ် ( ဒါမှသာ လုပ်ရဲကိုင်ရဲ လုပ်တတ်ကိုင်တတ် ဖြစ်လာကြပါမယ်) - မိမိရှင်းလင်းပြီးသော နယ်မြေများအပေါ် ပိုင်နက်များခွဲဝေသတ်မှတ်ပြီး ဒေသခံပြည်သူ့စစ်များအား တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ရန် တိကျသော တာဝန်များ အာဏာများ ခွဲဝေပေးရပါ့မယ် ။ - လုပ်ရဲကိုင်ရဲသော ပြည်သူ့စစ်များအပေါ် အသေးအဖွဲ စည်းကမ်းများဖြင့် ကန့်သတ်ချုပ်ချယ်ခြင်း ဖြေလျော့ပေးကြရပါမယ် ၊ မိုက်ကပ်ညစ်ကျယ်များသာ ရွပ်ရွပ်ချွနိချွန် လုပ်လေ့ရှိတာ သဘာဝမို့ဖြစ်ပါတယ် ။ ယနေ့အချိန်က ပုတီးသမားထက် သေနတ်သမားလိုအပ်နေချိန်ဆိုတာ သဘောပေါက်ဖို့ ကောင်းနေပါပြီ ။ ယခု ဖော်ပြပါအချက်များကတော့ လက်ရှိ့ဖစ်ပေါ်နေသော အခြေအရေ ပြည်သူ့စစ်နဲ ပတ်သက်တဲ့ လိုအပ်နေတဲ့ အချက်တွေဖြစ်ပါတယ် ။ ဒါတွေက လက်ရှိ ပြည်သူ့စစ်တွေ မြေပြင်မှာ အမှန်လိုအပ်နေတဲ့ အချက်တွေသာ ဖြစ်ပါတယ် ။
إظهار الكل...
👍 43 3💯 3
မြို့သိမ်းတိုက်ပွဲ ဆိုပြီး မြို့တွေထဲ အကြမ်းဖက်တွေက ဝင်လာကြတယ်။ တပ်ကလည်း အစိုးရအုပ်ချုပ်ရေး ရုံးတွေ၊ ပုဂ္ဂလိက ဘဏ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို အတက်နိုင်ဆုံး ကာကွယ်ကြတာပဲ။ နောက်ဆုံး ဘာရသလဲလို့ မေးရင် မြို့ပျက်ကြီးအဖြစ်နဲ့ ကျန်ခဲ့တာပဲ အဖက်တင်ခဲ့တယ်။ လူ့အရင်းအမြစ်တွေဆုံးရှုံးကြတယ်။ အဆောက်အဦးတွေ ပျက်စီးရတယ်။ အရင်လို စည်ကားဖို့ဆိုတာ နာ်မြေတည်ငြိမ်အေးချမ်းခဲ့ရင်တောင် ဆယ်စုနှစ် တခုလောက် အချိန်ပေးရတော့မယ်ထင်ပါတယ်။ (နရီမိုး) ပုံကတော့ လွိုင်ကော်မြို့ရဲ့ မြင်ကွင်း ဓာတ်ပုံပါ
إظهار الكل...
👍 31😢 4
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.