ar
Feedback
Let's Answer

Let's Answer

الذهاب إلى القناة على Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Let's Answer

تُعد قناة Let's Answer (@letsanswerch) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 11 793 مشتركاً، محتلاً المرتبة 16 983 في فئة التعليم والمرتبة 10 465 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 11 793 مشتركاً.

بحسب آخر البيانات بتاريخ 03 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -705، وفي آخر 24 ساعة بمقدار -10، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 10.96‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 293 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 04 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.

11 793
المشتركون
-1024 ساعات
-817 أيام
-70530 أيام
أرشيف المشاركات
6x - 2y = 2 6x + 2y = 4 x = ? y = ? #Mask_Man_XETT #poll
Anonymous voting

"Read" ရဲ့ "Past tense" သည်🤓 #Mask_Man_XETT #poll
Anonymous voting

3x + 1 = 7 x = ? #Mask_Man_XETT #poll
Anonymous voting

လူအများစု ဗိုက်ပူစေသော အကြောင်းရင်း လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ ဝမ်းဗိုက်မှာအဆီတွေ စုပါများပြီး အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ ထင်နေကြပါတယ်။ အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ လူတွေ သတိမထားမိကြသေးတဲ့ အကြောင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်း နေလို့ ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ ဗိုက်ပူထွက် လာကြရသူတွေဟာ အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ ဖြစ်ရတာ များပါတယ်။ အူမကြီးတွေ ဘာကြောင့် ကြီးမား တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့ အနှစ်နှစ်အလလ အစားအစာတွေကို စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။ အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီ အစာဟောင်းတွေဟာ ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။ သို့သော်လဲ လူက ရေသောက်နည်းခြင်း အမျှင်စာ စားတာနည်းခြင်း လှုပ်ရှားမှု နည်းခြင်းတွေကြောင့် အစာဟောင်းတွေဟာရှေ့ကို မြန်မြန် မတိုးနိုင်ကြဘူး။ အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။ ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။ ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။ အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့ လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။ အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့ ကြောက်စရာကောင်းလောက်အောင် နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့် အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့အူအရှည်ဟာ ၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။ အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့ ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။ အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ လူကိုရောဂါများစေပြီး အသက်လည်း တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့ အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ မစင်ချိုးတွေကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။ မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း ဖယ်ရှားပစ်ရမလဲ။ နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့ စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။ ၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ် နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့ ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့ အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။ မြန်မာတွေ အလွန်နှစ်သက်တဲ့ ဟင်းအမယ်တွေရှိပါတယ်။ အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့ ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။ ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။ ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့ ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ် အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ အားရပါးရစားပါသောက်ပါ။ တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။ အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင် မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။ ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင် နောက်က တံမြက်စည်းနဲ့လှဲပြီး သန့်ရှင်းရေး လုပ်ပေးရပါတယ်။ ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဂေါရခါးညွန့်လို အရွက်အညွန့်တွေ ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။ ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင် ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး ရေများများသောက်ဖို့လည်း လိုပါတယ်။ အဲ……နောက်နေ့ မနက်မှာတော့ တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ ထွက်ကျလာလိမ့်မယ်။ ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။ တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင် ၁ နှစ်လောက်အကြာမှာ သိသိသာသာ ဗိုက်ချပ်ပါတယ်။ နေလို့လည်း ကောင်းသွားလိမ့်မယ်။ အသက်ကြီးလာလို့ ဗိုက်ပူလာပြီး အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။ ဗိုက်လေးချပ်မှလည်း ကြည့်ကောင်းတာ မဟုတ်လား…………… #water #Credit #forward_only

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ အပါအဝင် အလံမှာ ကြယ် ပါဝင်တဲ့ နိုင်ငံမည်မျှရှိပါသလဲ။ #Zack
Anonymous voting

ပထမဆုံးEnglish Dictionary ကို မည်သည့် ခုနှစ်တွင် စတင် ရေးသားခဲ့သနည်း။ #Zack
Anonymous voting

စက်တင်ဘာလ 15 ရက်နေ့ သည် မည်သည့်နေ့ဖြစ်သနည်း။ #Zack
Anonymous voting

ရှေးစာဆိုစစ်တမ်းများအရ ပုဂံပြည်တွင် ဘုရားစေတီပေါင်းမည်မျှ ရှိသနည်း။ #Zack
Anonymous voting

"သရက်သီး"စားသုံးခြင်း၏အကျိုးကျေးဇူးများ" သရက်သီးတွေက အိန္ဒိယတိုက်နဲ့ အရှေ့တောင်အာရှဒေသရဲ့ မျိုးရင်းတွေဖြစ်ပြီး အရသာအလွန်ရှိတဲ့သစ်သီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီးရဲ့အရသာရှိမှုကြောင့် အသီးမှာသရက်ဆိုပြီးတောင် ပြောဆိုကြတယ်မဟုတ်လား။ အနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေလည်းအများကြီးရှိတာမို့ ဒီအကြောင်းလေး နည်းနည်းလောက်ပြောပြချင်ပါတယ်။ "ကိုယ်ခံအားကောင်းစေတယ်" သရက်သီးထဲမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ အီးနဲ့ ဗီတာမင် ဘီမျိုးစုံပါဝင်နေလို့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာ အသေအချာပါပဲ။ ကူးစက်ရောဂါမျိုးစုံကိုတိုက်ထုတ်တဲ့နေရာမှာဗီတာမင် အေကို မရှိမဖြစ်လိုအပ်ပြီး ဗီတာမင် အေ လုံလုံလောက်လောက်ရှိနေရင်ရောဂါကူးစက်ခံခဲ့ရရင်တောင် နောက်ဆက်တွဲပြဿနာတွေခံစားရတာ နည်းတာကိုတွေ့ရပါတယ်။ ပြင်ပရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာလိုအပ်တဲ့နောက်ထပ်ဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့ ဗီတာမင် စီလိုအပ်ပါတယ်။ သရက်သီးကိုအတော်အသင့်တစ်ကြိမ်လောက်စားသုံး လိုက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ဗီတာမင် စီပမာဏ ၃ ပုံတစ်ပုံလောက်ရရှိသွားနိုင်တာမို့ ကိုယ်ခံအားအတွက် မဖြစ်မနေ စားသုံးသင့်တဲ့သစ်သီးတစ်မျိုးလို့ဆိုရမှာပါ။ နောက်ပြီး သရက်သီးထဲမှာဖောလစ်ဓာတ်လည်း ပါပါ သေးတယ်။ ဒီအင်အေဆဲလ်ပွားဖို့နဲ့ ကျန်းမာတဲ့ဆဲလ်တွေတည်ဆောက်ဖို့ ဖောလစ်ဓာတ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကလေးရဲ့အာရုံကြောစနစ်တည်ဆောက်ဖို့ဖောလစ်ဓာတ်တစ်ရက်ကို ၄၀၀ မီလီဂရမ် လောက်တောင်လိုအပ်တာမို့ သရက်သီးဟာကိုယ်ဝန်ဆောင်တွေအတွက်လည်းစားသုံးသင့်တဲ့ အစားအစာထဲ မှာပါဝင်ပါတယ်။ "နှလုံးကျန်းမာရေးကို အထောက်အကူပေးတယ်" သရက်သီးထဲမှာဗီတာမင်ဓာတ်တွေတင်မကဘဲ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါ သေးတယ်။ ဒီဓာတ်တွေကသွေးကြောတွေကိုအလုပ်ပုံမှန်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးခုန်နှုန်းလည်းမှန်စေပါတယ်။ လေ့လာဆဲအဆင့်ပဲရှိသေးပေမဲ့ သရက်သီးထဲမှာတွေ့ရတဲ့ mangiferin လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်က နှလုံးနံရံရောင်ရမ်းခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်တယ်လို့ ယူဆကြပါတယ်။ "ဝမ်းမချုပ်အောင်ကာကွယ်ပေးတယ်" သရက်သီးထဲမှာဆိုရင် အမျှင်ဓာတ်နဲ့ အစာခြေအင်ဇိုင်းတစ်မျိုးဖြစ်တဲ့ amylase ပါဝင်တာမို့အူလမ်းကြောင်း ကျန်းမာရေးအတွက်အများကြီးအကျိုးရှိစေပါတယ်။ စားသောက်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို Amylase အင်ဇိုင်းတွေက ကောင်းကောင်းကြီးခြေဖျက်ပေးနိုင်ပါတယ်။ သရက်သီးမှည့်မှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်၀ ပြီး ဒီဓာတ် ၂ မျိုးစလုံးက အစာခြေစနစ်မှာအဓိကအသုံးတော်ခံသူတွေပါ။ ဒါ့ကြောင့်သရက်သီးမကြာခဏ စားသုံးပေးတဲ့သူက ဝမ်းချုပ်၊ ဝမ်းလျှောပြဿနာတွေ ကင်းဝေးမှာအသေအချာပါပဲ။ "အသားအရေ စိုပြေဝင်းလက်စေတယ်" ဒီအချက်က အပေါ်ဆုံးမှာပြောခဲ့တဲ့ဗီတာမင်ဓာတ်တွေကြောင့်လည်းဖြစ်ပါတယ်။ ဗီတာမင် စီဆိုတာ ခန္ဓာကိုယ် အတွက်မရှိမဖြစ်ဗီတာမင်တစ်ခုဖြစ်ပါတယ်။ အသားအရည်လှပဖို့လိုအပ်တဲ့ ကိုလာဂျင်ဓာတ်ကို ဗီတာမင် စီကနေ ဖွဲ့စည်းရတာပါ။ ဦးရေပြားကျန်းမာရေးနဲ့ ဆံနွယ်တွေလှပဖို့ အားပေးတဲ့ဗီတာမင် အေဓာတ်ကိုလည်း သရက်သီးကနေ ရရှိနိုင်ပါသေးတယ်။ ဒီဗီတာမင်ဓာတ် ၂ မျိုးအပြင် သရက်သီးမှာ ပေါ်လီဖီနောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်းပါဝင်ပြီး သူကစိတ်ဖိစီးမှုကြောင့် ဦးရေပြားကမွှေးလုံး (Hair Follicles) တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ "ကင်ဆာရောဂါတချို့ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်" သရက်သီးထဲမှာပါတဲ့ ဘီတာကရိုတင်းနဲ့ ပေါ်လီဖီနောဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာ အတော်လေးအရေးပါတာကိုတွေ့ရပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ပေါ်လီဖီနောဓာတ်က သွေးကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဆဲလ်တွေကို ဟန့်တားနိုင်တာကို တွေ့ရှိထားပါတယ်။ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုတေသနတွေလုပ်ဖို့ လိုသေးပေမဲ့ သရက်သီးဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ အသီးတစ်မျိုးဆိုတာတော့ သေချာပါတယ်။ ဒါတွေက သရက်သီးစားသုံးရင်ရလာနိုင်တဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေပါ။ နောက်ပိုင်းလေ့လာမှုတွေလုပ်ရင် ဒီထပ်ပိုပြီးတောင် တွေ့ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ အစာလည်းဆေး ဆေးလည်းအစာ ဖြစ်တဲ့သရက်သီးကို အခုပဲ မှန်မှန်မှီဝဲလိုက်ကြရအောင်ဗျာ။ ════◄••❀••►════ #Forward_Only #Credit #Knowledge #Zack ════◄••❀••►════

photo content

≪━─━─━─━─━─◈─━─━─━─━─━≫ လူညံ့လူဖျင်းတွေရဲ့ လက်သုံးစကားများ ≪━─━─━─━─━─◈─━─━─━─━─━≫ ၁။ လုပ်နေတာပဲ မဖြစ်လာတာတော့မတတ်နိုင်ဘူး။ ၂။ ဒီထက်ပိုမကြိုးစားနိုင်တော့ဘူး။ ၃။ ဘယ်လောက်လုပ်လုပ်ဖြစ်မလာဘူး။ ၄။ အတတ်နိုင်ဆုံးလုပ်ကြည့်ပြီးပြီ။ ၅။ ဒါက အစွမ်းကုန်ပဲ။ ════◄••❀••►════ #Forward_Only #Credit #Knowledge #Ruby ════◄••❀••►════

≪━─━─━─━─━─━─◈─━─━─━─━─━─━≫ သင့်ဘဝနဲ့ပတ်သက်ပြီး အားမငယ်ဖို့ ပြန်တွေးသင့်သောအချက်များ ≪━─━─━─━─━─━─◈─━─━─━─━─━─━≫ ၁။ လူတိုင်း သူ့ဟာနဲ့သူ ခက်ခဲကြပါတယ် ၂။ စိတ်ညစ်နေလို့ အချိန်ကုန်ရုံပဲ ရှိပါတယ် ၃။ ကြုံလာသမျှဟာ သင်ခန်းစာရဖို့ပါ ၄။ သင်ဟာလွယ်လွယ်အရှုံးပေးမယ့်သူမဟုတ်ပါဘူး ၅။ ခုချိန်ကြုံသမျှကို နောင်တစ်ချိန် ပြုံးရွှင်စွာ ပြန်ပြောနိုင်အောင် အားတင်းပါ ၆။ ဘဝရဲ့ ဆိုးရွားတဲ့အချိန်တွေမှာ ကျော်ဖြတ်နိုင်ခဲ့သူတွေကို လေ့လာပါ ▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰ ════◄••❀••►════ #Forward_Only #Credit #Knowledge #Ruby ════◄••❀••►════

Good night!🌃 Have a beautiful dream~✨ #Mask_Man_XETT

အဖြေမှန်ကတော့ 60 + 06 = 66 51 + 15 = 66 42 + 24 = 66 and so on👨‍🏫 (Math သဘောအပိုင်းပါခင်ဗျ) Winner of round 22!🥳🫶 🥇 @chue_2306 🥈 @Honey_Nway_Haung78 🥉 @lifesbrightsid_e #Mask_Man_XETT #quiz

သားအဖနှစ်ယောက်၏ အသက်ပေါင်းသည် ၆၆ နှစ်ဖြစ်ပြီး ဖခင်၏အသက်သည် သားအသက်နှင့် ဂဏန်းချင်းပြောင်းပြန်ဖြစ်တယ် ဒါဆို သူတို့အသက်ဘယ်လောက်ရှိပြီလဲ🤓 #Mask_Man_XETT #last #quiz

အဖြေမှန်ကတော့ မိန်းမကကိုယ်၀န်ဆောင်သည်ဖြစ်ပြီး မီးဖွားရင်းပဲ ဆုံးပါးသွားခဲ့တာပါ😔 သူစိမ်းဆိုတာက မွေးကင်းစကလေးငယ်လေးပါခင်ဗျ☹️ Winner of round 21!🥳🫶 🥇 @Kelia30 🥈 @KJS_lover 🥉 @yLhLeo #Mask_Man_XETT #quiz

Hint - 10 လနေရင် သားဖွားတယ် #Mask_Man_XETT #quiz

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကားအမြန်မောင်းနှင်လာစဉ် လမ်းတစ်နေရာမှာကားပျက်သွားခဲ့သည်။ ယောက်ျားဖြစ်သူက မိုင်အနည်းငယ်အကွာက ဓာတ်ဆီဆိုင်မှာ အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် ကားထဲတွင် အခြားအပြင်လူမ၀င်လာအောင် ပြတင်းပေါက်များအားလုံးကို ပိတ်ပြီး တံခါးအားလုံးကို သော့ခတ်ထားသည်။ သူ ထွက်သွားပေမယ့် သူပြန်လာတော့ သူ့မိန်းမ ဆုံးသွားပြီး ကားထဲမှာ သူစိမ်းတစ်ယောက် ရှိနေတယ်။ ကားကို ထိခိုက်ပွန်းပဲ့မှုမရှိပဲ သူစိမ်းက ဘယ်လိုကားထဲဝင်လာတာလဲ။👮🏻‍♂️ #Mask_Man_XETT #quiz

"အလှအပပြင်ထားသောအမျိုးသမီး"👩🏻‍🦰 ထိုအမျိုးသမီး ရဲ့ခွက်ပေါ်က သူ့နှုတ်ခမ်းနီရာကြောင့်ပဲသိသွားတာပါခင်ဗျ🫦💄 Winner of round 20!🥳🫶 🥇 @Justzue9 🥈 @Kelia30 🥉 @Misuki_is_yours #Mask_Man_XETT #quiz

အလှအပပြင်ထားသောအမျိုးသမီးတစ်ဦးသည် သူမ၏ လက်ဖက်ရည်ခွက်ထဲတွင် ယင်ကောင်တစ်ကောင်ကို တွေ့ရှိသဖြင့် စားပွဲထိုးအားခွက်လဲပေးရန်ပြောခဲ့တယ် စားပွဲထိုးက သူ့ခွက်ကိုယူကာ မီးဖိုခန်းထဲသို့ဝင်ကာ လက်ဖက်ရည်အချိုတစ်ခွက်နှင့် ပြန်လာသည်။ သူမက "မင်း ခုနက လက်ဖက်ရည်ခွက်ကိုပဲပြန်ယူလာပေးတယ်!" လို့အော်ပြောခဲ့တယ် သူမဘယ်လိုသိတာလဲ?☕️ #Mask_Man_XETT #quiz