TU Network
الذهاب إلى القناة على Telegram
Technological Universities Network - Ministry of Education, National Unity Government
إظهار المزيد2 823
المشتركون
-424 ساعات
-97 أيام
+6030 أيام
أرشيف المشاركات
2 823
TU Network ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံပွဲ အသိပေးကြေညာခြင်း
TU Network တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အပြန်အလှန်တွေ့ဆုံ၍ ပညာရေးနှင့် ကျောင်းသားများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် တွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ပါသည်။
🗓️ ရက်စွဲ – [31.7.2026]
⏰ အချိန် – [1:00P.M]
📍 နေရာ / Platform – [နေရာ / Zoom]
Zoom Meeting Link များကို သက်ဆိုင်ရာအတန်းအလိုက် အတန်း Group များမှတစ်ဆင့် ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ TU Network တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး အချိန်ပေး၍ တက်ရောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
တွေ့ဆုံပွဲအတွင်း ဆွေးနွေးလိုသည့် အကြောင်းအရာများနှင့် မေးမြန်းလိုသည့် မေးခွန်းများရှိပါက ကြိုတင်စဉ်းစားပြင်ဆင်လာပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
အားလုံး၏ ပါဝင်ဆွေးနွေးမှုများမှတစ်ဆင့် ပိုမိုကောင်းမွန်သော ပညာရေးပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်နိုင်ရန် မျှော်လင့်ပါသည်။
TU Network Student Union
2 823
MES ထဲမှာ moodle acc နဲ့ pw ယူပြီး moodle link ကနေဝင်ပြီးသင်ခန်းစာများလေ့လာသင်ယူလို့ရပါပြီ
2 823
Repost from N/a
နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (TUNSU) ဖွဲ့စည်းခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားနည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက် (TU Network)အတွင်းရှိ ဆရာ/မများ ကျောင်းသား/သူများ ခင်ဗျ။ ကျွန်တော်တို့၏ TU Networkမှ ကျောင်းသား/သူများအနေဖြင့် တခြားသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တော်လှန်နေကြသော ကြားကာလတက္ကသိုလ်များနည်းတူ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်လာစေရန် 2025-2026 ပညာသင်နှစ်အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ 2026 March လ 20ရက်နေ့ တွင် “နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီ” တရပ်ဖွဲ့စည်းကာ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းတရပ် ရေးဆွဲခဲ့ကြပြီး 2026 May လအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သော ကျောင်းသားထုညီလာခံတွင် တင်သွင်းကာ ညီလာခံမှ 2026 Mayလ 16ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ ထိုပြဌာန်းခဲ့သော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံအခြေခံ စည်းမျဥ်းနှင့်အညီ “နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ TUNSU” အဖြစ်ဖွဲ့စည်းနိုင်ရန် ကျမ်းသစ္စာကျန်ဆိုပွဲအခမ်းအနားကို 2026 Julyလ 6ရက်နေ့ နေ့လယ် 2နာရီတိတိအချိန် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည် ခင်ဗျာ။ ထို့အတူ နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော ကျောင်းသား/သူ၊ရဲဘော်များကို အထူးပင်ကျေးဇူးတင်ရှိကြောင်း လေးစားစွာ မှတ်တမ်းတင်အပ်ပါသည် ခင်ဗျာ။ နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ – ၁။ ကိုငြိမ်းချမ်းအောင် ၂။ မသုနန္ဒာအောင် ၃။ မရွှေတင် ၄။ ကိုကျော်စိုးလင်း ၅။ မသဉ္ဇာလင်း ၆။ ကိုဟိန်းမင်းလတ် ၇။ မဖြိုးရတနာကျော် ၈။ ကိုကောင်းမြတ်နိုး ၉။ ကိုရဲရင့်ထွန်း ၁၀။ ကိုမင်းညိုထွန်း ၁၁။ ကိုညီညီအောင် ၁၂။ ကိုနေလင်းအောင် ၁၃၊၊ မမျိုးမျိုး နည်းပညာနှင့်နှီးနွယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ Facebook page: https://www.facebook.com/share/18sjM9C8Pa/
2 823
📢 အသိပေးအကြောင်းကြားခြင်း
TU Network တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးခင်ဗျာ—
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ရှိပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီ တက်ရောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
ထို့အပြင် တွေ့ဆုံဆွေးနွေးမှုကို ပိုမိုအကျိုးရှိစေရန်အတွက် ဆွေးနွေးတင်ပြလိုသည့် မေးခွန်းများ၊ အကြံပြုချက်များနှင့် အမြင်သဘောထားများကို ကြိုတင်စဉ်းစားပြင်ဆင်၍ ပါဝင်ဆွေးနွေးပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
Zoom Meeting Link ကို သက်ဆိုင်ရာ အတန်းအလိုက် Telegram Group များတွင် အချိန်မီ မျှဝေပေးသွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ သက်ဆိုင်ရာ Telegram Group များကို စောင့်ကြည့်ပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
TU Network
2 823
TU Network တွင် student enrollment လုပ်ပြီး moodle acc မရရှိသေးသောတက်လက်စကျောင်းသားများ လာပြောပေးကြပါ
2 823
TU Network Uni Ent 1st year sem I ကို မကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်ခဲ့သောကျောင်းသား၊ ကျောင်းသူများရှိပါက @myomyatmm သို့ဆက်သွယ်ပေးကြပါ။
2 823
မှတ်ချက် ။ ယခုကာလတွင် Online သင်ကြားရေးစနစ်ဖြင့် သင်ကြားပေးနိုင်မည်ဖြစ်သော်လည်း သက်ဆိုင်ရာတက္ကသိုလ်ကောင်စီမှ မြေပြင် သင်ကြားရေး စတင်နိုင်သည့်အချိန်တွင် သက်ဆိုင်ရာတက္ကသိုလ်သို့ ဝင်ခွင့်ရကျောင်းသား/ကျောင်းသူများသည် သက်ဆိုင်ရာ တက္ကသိုလ်နယ်မြေတွင် ဘွဲ့သင်တန်းပြီးဆုံးသည်အထိ ဆက်လက်တက်ရောက်သင်ယူကြရမည် ဖြစ်ပါသည်။
2 823
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
(Technological-Related Interim University Councils Network)
tucn.ie_tu@he.moeedu.org
ပေးအပ်မည့်ဘွဲ့ - ဗိသုကာဘွဲ့ (Bachelor of Architecture (B.Arch.))
အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering (B.E.))
လက်ခံခေါ်ယူမည့်တက္ကသိုလ် - နည်းပညာတက္ကသိုလ် (မုံရွာ) (TU-Monwya)
နည်းပညာတက္ကသိုလ် (စစ်ကိုင်း) (TU-Sagaing)
သန်လျင်နည်းပညာတက္ကသိုလ် (TTU)
မော်လမြိုင်နည်းပညာတက္ကသိုလ် (Mawlamyine Technological University)
သင်တန်းကာလ - (၆) နှစ်
ဝင်ခွင့်လျှောက်ထားခြင်း
ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားပြီး ဝင်ခွင့်ရတက္ကသိုလ်များတွင် သက်ဆိုင်ရာဘွဲ့သင်တန်းအလိုက် သင်တန်းတက်ရောက်နေစဉ် အကြောင်အမျိုးမျိုးကြောင့် ၂၀၂၆ ခုနှစ် ဧပြီလမတိုင်မီ သက်ဆိုင်ရာတက္ကသိုလ်အသီးအသီးမှ တရားဝင်နှုတ်ထွက်ထားသည့် ကျောင်းသား/ကျောင်းသူမျာနှင့် ပြောင်းရွှေ့ တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများအား နည်းပညာတက္ကသိုလ်များ၏ ပုံမှန်(ဘွဲ့ကြို) ပထမနှစ်သင်တန်းများ သို့ လက်ခံခေါ်ယူမည့် အစီအစဉ်တွင် ဖေါ်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဆန္ဒပြုလျှောက်ထားနိုင်ပါသည်။
(၁) ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ
၁-က သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာသာရပ်တို့တွင် ရမှတ်အနည်းဆုံး(၇၀)မှတ်နှင့်အထက်ရရှိသူ
၁-ခ အင်္ဂလိပ်စာဘာသာ ရမှတ် အနည်းဆုံး (၅၀ )မှတ်နှင့်အထက်ရရှိသူ
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] စနစ်ဟောင်းကို သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် ပြီးမြောက်ထားခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ
၂-က သင်္ချာဘာသာရပ်တွင် ရမှတ်အဆင့် B* နှင့်အထက် ရရှိသူ
၂-ခ ဓာတုဗေနှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ရမှတ်အဆင့် B နှင့်အထက် ရရှိသူ
၂-ဂ အင်္ဂလိပ်စာ ဘာသာရပ်တွင် ရမှတ်အဆင့် C* နှင့်အထက် ရရှိသူ
၂-ဃ ကျန်ဘာသာရပ်များတွင် ရမှတ်အဆင့် C နှင့်အထက် ရရှိသူ
(၃) တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများမှ ၂၀၂၀ ၊ ၂၀၂၁ ၊ ၂၀၂၂ ၊ ၂၀၂၃နှင့် ၂၀၂၄ ခုနှစ်တို့တွင် အထက်တန်းပညာ ပြီးမြောက်အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ
၃-က အမှတ်စဉ် (၂) ပါ သတ်မှတ်ချက်များနှင့်ညီမျှသော အရည်အချင်းရရှိထားသူ
၃-ခ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများကို တင်ပြနိုင်သူ
(၄) GED/ IGCSE စာမေးပွဲရလဒ်များဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ
၄-က အမှတ်စဉ် (၂) ပါ သတ်မှတ်ချက်များနှင့်ညီမျှသော အရည်အချင်းရရှိထားသူ
၄-ခ Official Grade Certificate/Official Transcript တင်ပြနိုင်သူ
(၅) ဝင်ခွင့်လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။
(၆) သတ်မှတ်အရည်အချင်းကိုက်ညီသူများအားလုံး ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ(အင်္ဂလိပ်စာ၊ သင်္ချာနှင့် သပ္ပံ (ဓာတုဗေဒ+ရူပဗေဒ)) ကို အွန်လိုင်းစနစ်ဖြင့် ဖြေဆိုကြရမည့်အပြင် လူတွေ့စစ်မေးမှုကိုလည်း ဖြေဆိုရပါမည်။
(၈) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကျင်းပမည့် အစီအစဉ်ကို ဝင်ခွင့်လျှောက်လွှာတွင်ဖော်ပြထားသည့် ဆယ်သွယ်ရန်အီမေးမှတဆင့် ကြိုတင် အကြောင်းကြားမည်ဖြစ်ပါသည်။
၉။ ဝင်ခွင့်စိစစ်ခြင်းနှင့် ရွေးချယ်ခြင်း
(က) အချက်အလက် မှန်ကန်မှုမရှိခြင်း/မှားယွင်းစွာဖေါ်ပြခြင်းနှင့် အထောက်အထားပြည့်စုံမှုမရှိသည့် လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။
(ခ) လျှောက်ထားရန် သတ်မှတ်ထားသည့် နေ့ရက်ထက် ကျော်လွန်သော ဝင်ခွင့်လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
(ဂ) ယခုကြားကာလတွင် Online သင်ကြားရေးစနစ်ဖြင့် သင်ယူနိုင်သူများကိုသာ လက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။
(ဃ) ဝင်ခွင့်လျှောက်ထားသူများကို ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ရမှတ်ပေါင်း အများအနည်းစီ၍ ဦးစားပေးလျှောက်ထားသည့် တက္ကသိုလ်၏ ဘွဲ့သင်တန်းအလိုက် လက်ခံမည့် ဦးရေကို အခြေခံ၍ ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။
(င) ဘွဲ့သင်တန်းအလိုက် လက်ခံသင်ကြားမည့်ဘာသာရပ်များ
၁။ ဗိသုကာ (Architecture) - Online
၂။ အီလက်ထရောနစ်အင်ဂျင်နီယာ (Electronics Engineering)- Online
၃။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)- Online
၄။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)- Online
၅။ သုတနည်းပညာအင်ဂျင်နီယာ (Information Technology Engineering)- Online
၆။ မက္ကာထရောနစ်အင်ဂျင်နီယာ (Mechatronics Engineering)- Online
၇။ ရေနံအင်ဂျင်နီယာ (Petroleum Engineering) - Online
2 823
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
(Technological-Related Interim University Councils Network)
tucn.ie_tu@he.moeedu.org
ပေးအပ်မည့်ဘွဲ့ - ဗိသုကာဘွဲ့ (Bachelor of Architecture (B.Arch.))
အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering (B.E.))
လက်ခံခေါ်ယူမည့်တက္ကသိုလ် - နည်းပညာတက္ကသိုလ် (မုံရွာ) (TU-Monwya)
နည်းပညာတက္ကသိုလ် (စစ်ကိုင်း) (TU-Sagaing)
သန်လျင်နည်းပညာတက္ကသိုလ် (TTU)
မော်လမြိုင်နည်းပညာတက္ကသိုလ် (Mawlamyine Technological University)
သင်တန်းကာလ - (၆) နှစ်
ဝင်ခွင့်လျှောက်ထားခြင်း
ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားပြီး ဝင်ခွင့်ရတက္ကသိုလ်များတွင် သက်ဆိုင်ရာဘွဲ့သင်တန်းအလိုက် သင်တန်းတက်ရောက်နေစဉ် အကြောင်အမျိုးမျိုးကြောင့် ၂၀၂၆ ခုနှစ် ဧပြီလမတိုင်မီ သက်ဆိုင်ရာတက္ကသိုလ်အသီးအသီးမှ တရားဝင်နှုတ်ထွက်ထားသည့် ကျောင်းသား/ကျောင်းသူမျာနှင့် ပြောင်းရွှေ့ တက်ရောက်လိုသော ကျောင်းသား/ကျော
2 823
TU Network တွင်တက်ရောက်ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများ၏
ဒုတိယနှစ်ဝက်စာမေးပွဲကို 1.6.2026 ရက်နေ့တွင်စတင်ဖြေဆိုတော့မည်ဖြစ်ပါသဖြင့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်ဌာနမေးလ်သို့ မိမိတို့၏ MES Code၊ သင်တန်းနှစ်၊ ဘာသာရပ်များဖြင့် ဆက်သွယ်ပေးကြပါရန် အသိပေးအကြောင်းကြားပါသည်။
2 823
📢 Student ID Card (ကျောင်းသားကတ်) ထုတ်ပေးခြင်းဆိုင်ရာ အသိပေးချက်
ကျောင်းသား၊ ကျောင်းသူများအတွက် Student ID Card (ကျောင်းသားကတ်) များကို စတင်ထုတ်ပေးနေပြီ ဖြစ်ပါသည်။ မိမိတို့နှင့် သက်ဆိုင်သည့် အစီအစဉ်အတိုင်း လာရောက်ထုတ်ယူနိုင်ပါသည် တင်ပြအပ်ပါသည်။
၁။ Data ကြိုတင်ဖြည့်ထားပြီးသူများ
ID Card ပြုလုပ်ရန်အတွက် အချက်အလက် (Data) များ ကြိုတင်ပေးပို့ Form ဖြည့်ထားပြီးသူများသည် @p0lar2s ထံတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
ထုတ်ယူသည့်အခါ မိမိတို့၏ ခုံနံပါတ် (Roll No. - ဥပမာ၊ 1BE-...) ကို ပြောဆိုထုတ်ယူရပါမည်။
၂။ ယခုမှ Form စဖြည့်မည့်သူများ
ယခုမှ စတင်၍ Form ဖြည့်စွက်မည့်သူများအနေဖြင့် ကျောင်းသားကတ်များကို ချက်ချင်းရရှိမည်မဟုတ်ပါ။
Form ဖြည့်ပြီးပါက သတ်မှတ်ထားသော အချိန် / ရက်စွဲ ရောက်မှသာ နောက်တစ်သုတ် ပြန်လည်ထုတ်ယူရရှိမည် ဖြစ်ပါသည်။
၃။ ဆက်သွယ်ထုတ်ယူရန်နေရာနှင့် တာဝန်ခံ
တာဝန်ခံအမည် 1BEEC-9,1BEEP-14
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ခုံနံပါတ် အထောက်အထားများနှင့်အတူ တာဝန်ခံများထံသို့ ဆက်သွယ်ထုတ်ယူကြပါရန် အသိပေးအပ်ပါသည်။
နည်းပညာနှင့်နှီးနွယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ
ရက်စွဲ။ ။ ၁၉ မေ ၂၀၂၆
2 823
ကြားကာလတက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ အတွက်
Logo (အမှတ်တံဆိပ်) ယှဥ်ပြိုင်သူများခေါ်ယူခြင်း
အဖွဲ့၏နောက်ခံအကြောင်းအရာ
ကြားကာလတက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ သည် အခြေခံပညာအထက်တန်းပြီးဆုံးထားသော ကျောင်းသား/သူများ အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီစေရန်အတွက် စီစဥ်ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခုဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်မှစတင်ကာ တက္ကသိုလ်ဝင်ခွင့် (၄) ကြိမ်ခေါ်ယူပြီးစီးခဲ့ပြီး ကျောင်းသား/သူ (၅၀၀၀၀) ခန့်အား အဆင့်မြင့်ပညာသို့ တက်ရောက်သင်ကြားနိုင်ရန် စီစဥ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
Logo (အမှတ်တံဆိပ်) တွင် ပါဝင်ရမည့်အချက်များ
- အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ လုပ်ငန်းဆောင်တာများနှင့် ကိုက်ညီမှုရှိရမည်။
- မိမိကြိုက်နှစ်သက်ရာ အရောင်ကို လွတ်လပ်စွာသုံးစွဲနိုင်သည်။
- မိမိနှစ်သက်ရာ Frame ကို လွတ်လပ်စွာသုံးစွဲနိုင်သည်။ ( ဥပမာ - လေးထောင့်၊ အဝိုင်း၊ ဒိုင်းပုံ စသည်)
- မိမိ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သမ်း စစ်စစ်ဖြစ်ရမည်။
ကန့်သတ်ချက်များ
- AI generated ပုံများ မဖြစ်ရ
- တခြား တစုံတယောက် (သို့) အဖွဲ့အစည်းတခုခု၏ Logo (အမှတ်တံဆိပ်) အား တခုလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ကူးယူခြင်းမျိုးမဖြစ်စေရ။
ပါဝင်ယှဥ်ပြိုင်မည့်သူများ ပေးပို့ရမည့် အရာများ
- အမည်၊ ဌာန၊ ဆက်သွယ်ရန် အချက်အလက်များ
- Full resolution ဖြစ်သော Logo ပုံ နှစ်ပုံ (jpg and png)
- Logo Explanation (Symbol and Colour)
- Logo နှင့်လိုက်ဖက်ညီသော Letter head တစောင် (word file only)
- အနိုင်ရရှိခဲ့ပါက အဖွဲ့အစည်း၏ မည့်သည့်နေရာ (သို့) အဖွဲ့အစည်းနှင့်သက်ဆိုင်သော မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ အသုံးပြုခွင့်။
ပေးအပ်မည့်ဆုများ
Winner (150,000 MMK)
First Runner Up ( 100,000 MMK)
Second Runner Up (50,000 MMK)
ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် အထက်ဖော်ပြပါအချက်များအား ( 30.6.2026) နေ့ နောက်ဆုံးထားပြီး uni_entrance@he.moeedu.org သို့ Email ပေးပို့ ယှဥ်ပြိုင်ရပါမည်။
မှတ်ချက်။ ။ ပါ၀င်ယှဉ်ပြိုင်သူသည် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိစေရ။
Email ပေးပို့ရာတွင် Subject တွင် Logo_competition ဟု ထည့်သွင်းရေးသားပေးပို့ပေးပါရန်။
2 823
TU Network SU ဖွဲ့စည်းနိုင်ရန်အတွက် TU Network တွင်တက်ရောက်ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသားထုညီလာခံကို 16.5.2026 နေ့လည် ၁ နာရီတွင်ပြုလုပ်မည်ဖြစ်ပါသောကြောင့်မပျက်မကွက်တက်ရောက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
Zoom link များကိုသက်ဆိုင်ရာ သင်တန်းနှစ်အလိုက် telegram gp များတွင်ပေးပို့ထားပြီးဖြစ်ပါသည်။
Zoom link မရရှိသူများရှိပါက @myomyatmm ကိုဆက်သွယ်ပေးကြပါ။
2 823
ပဥ္စမအကြိမ် TU Network မှခေါ်ယူထားသော ကျောင်းသား၊ ကျောင်းသူများ Moodle acc ရရှိပါပြီ။ မိမိတို့သက်ဆိုင်ရာ MES code များဖြင့် MES Link ထဲဝင်ရောက်ပြီး Moodle acc နှင့် password ကိုရယူကြပြီး Moodle Link မှဝင်ရောက်ကြပါ။
2 823
တော်လှန်နှစ်သစ်မှာ ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာဖြင့် စစ်အာဏာရှင်စနစ်အပြင်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပြီး လိုရာဆန္ဒတွေအမြန်ဆုံးပြည့်စုံကြပါကြောင်း TU Network မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
2 823
9.4.2026 မှာလူတွေ့မဖြေလိုက်ရသော ကျောင်းသား၊ ကျောင်းသူများ မနက်ဖြန် (11.4.2026) နံနက် 10:00 နာရီတွင် ဖြေဆိုရမည်ဖြစ်ပါသည်။ Zoom Link ကို သက်ဆိုင်ရာ E Mail များသို့လည်းပိုးထားပြီးဖြစ်သည်။
ဖြေဆိုရမည့်ခုံနံပါတ်များ
3TUCN 52
3TUCN 25
3TUCN 27
3TUCN 28
3TUCN 39
