Creative Coder Myanmar
الذهاب إلى القناة على Telegram
Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀
إظهار المزيد1 469
المشتركون
لا توجد بيانات24 ساعات
+67 أيام
+3730 أيام
أرشيف المشاركات
https://www.facebook.com/100064708297617/posts/pfbid0QQCVVwZgwQVsoSWSeLuQy596CqzPnNdH6XGvZvRhDBudpRvEUxKRDWWY4xPqCKhol/
PHP Laravel Zoom Class လေး ကျောင်းသား ၁၀ ယောက်ကျော်ထိ ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။🥰 ဒီ batch လေးပြီးရင် ကျွန်တော် Laravel Zoom class လေး ခဏနားပြီး တခြားအတန်း အသစ်လေး ဖွင့်ဖြစ်သွားမှာမို့ စိတ်ဝင်စားသူများ ဒီ batch နောက်မကျစေရအောင် အသိလေးပေးလိုက်ပါတယ်ခင်ဗျာ။
မရွေးမုန့် Developer လေးများ Rejection တွေနဲ့ကြုံတွေ့ရတဲ့အခါ ⛈️⛈️
ဒီအလုပ်လျှောက်ထားတာလေးတော့ မပါလိုက်ဘူး…
ဟို internship လေးကတော့ငါ့ကိုမရွေးသွားဘူး..
ဒီကောင်မလေး/ကောင်လေး ကတော့ငါ့ကို ငြင်းလိုက်တယ်…
စတဲ့ စတဲ့ rejection တွေ Developer တော်တော်များများရဲ့ဘ၀မှာ ကြုံတွေ့ဖူးကြမယ်ထင်ပါတယ်။
ဒီလို rejection တွေနဲ့ကြုံတွေ့တဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲ? အသစ်ပြန်လည်စတင်ဖို့အတွက် ဘယ်လိုအားမွေးကြမလဲဆိုတာကြည့်လိုက်ရအောင် 👀
Reject ခံရတဲ့အခါ
ကိုယ်က သူတို့လိုအပ်တဲ့အရည်အချင်းတွေ မရှိသေးလို့ဆိုတာလည်းဖြစ်နိုင်သလို အခြားဖြစ်နိုင်ခြေတွေကိုလည်း စဉ်းစားရပါမယ်။
တစ်ခါတစ်လေ ကိုယ်က အဲ့အလုပ်ကို တကယ် လိုအပ်နေတာမျိုးမဟုတ်ပဲ ကိုယ်နဲ့ မကိုက်ညီနေတာလို့ အရွေးမခံရတာလည်း ဖြစ်တတ်ပါတယ်။
📝 ပထမဆုံးလက်ခံတတ်အောင် ကြိုးစားပါ။
Rejection ကိုလက်ခံတတ်အောင်စဉ်းစားပါ။ ရလာတဲ့ result ကိုကြည့်ပြီး နောင်တမရပါနဲ့။ အတွေးမလွန်ပါနဲ့။ ငါကတော့ အခု ဒီ result ရခဲ့ပြီး ဆိုတာကို လက်ခံနိုင်အောင်ကြိုးစားပါ။
📝ကိုယ့်ကိုယ်ကိုယ် reflect လုပ်ပါ။
ဘယ်အချက်လေးတွေလိုအပ်နေလဲ? ဘာတွေပြင်ဆင်ရမလဲဆိုတာကို ပြန်လည်စဉ်းစားကြည့်ပါ။
📝 ကြိုးစားမှုတွေကို မရပ်တန့်လိုက်ပါနဲ့။
လဲကျတိုင်း ပြန်ထ၊ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ပြန်လည်ကြိုးစားကြည့်ပါ။
Developer ကြီးတို့ကရော Rejection တွေကို ဘယ်လိုမျိုးကျော်ဖြတ်လေ့ရှိကြလဲ ?
သူငယ်ချင်း မရွေးမုန့် Developer လေးတွေကိုလည်း mention ပြီးပြောလိုက်ကြပါဉီးနော် 👀
Web Development နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေနဲ့၊ video content တွေကို အောက်ပါ social media platform တွေကနေလည်းမျှဝေပေးနေတာကြောင့် follow လုပ်ထားပေးကြပါဦးနော်
Creative Coder ကို Facebook ကနေ ရှာရတာခက်ခဲလာရင် ဒီနေရာတွေမှာ ကျွန်တော်တို့ရှိပါတယ်။
Tiktok
https://www.tiktok.com/@creativecodermm?_t=8mufG7lMQiY&_r=1
Telegram
https://t.me/creativecodermm
Youtube
https://youtube.com/c/CreativeCoderMyanmar
Linkedin
https://www.linkedin.com/company/creative-coder-myanmar/
Facebook
https://www.facebook.com/creativecodermm
CreativeCoder Learning Platform
http://creativecodermm.com
#creative_coder_myanmar
Data Scientist တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် 👇
Data Scientist Career ဟာ အခုအချိန်မှာ လူကြိုက်အများဆုံး career ထဲမှာတစ်ခုအဖြစ်ပါဝင်နေပါတယ်။
ဒါကြောင့် data science ကိုလေ့လာတော့မယ်ဆိုရင် ဘယ်ကနေစပြီး လေ့လာသင့်လဲဆိုတာ ကြည့်လိုက်ရအောင် 👀
👉 လိုအပ်တဲ့အခြေခံ skill တွေကိုအရင်ဖြည့်ပါ။
Mathematics နဲ့ Statistics ကတော့ အခြေခံကျတဲ့ သိထားသင့်တဲ့အရာတွေဖြစ်ပါတယ်။
Math မှာဆိုရင် Linear Algebra နဲ့ calculus တွေကို လေ့လာထားသင့်ပြီး statistics မှာဆိုရင်တော့ descriptive နဲ့ inferential statistics တွေကို လေ့လာထားသင့်ပါတယ်။
Programming အပိုင်းမှာတော့ Python ဒါမှမဟုတ် R ကလေ့လာထားသင့်တဲ့ programming language တွေဖြစ်ပါတယ်။
SQL ကတော့ real world data တွေနဲ့ အလုပ်လုပ်တဲ့နေရာမှာ သိထားသင့်တာဖြစ်တဲ့အတွက် လေ့လာထားဖို့လိုအပ်ပါတယ်။
👉 Data Science ရဲ့ အဓိက concept တွေကိုဆက်လေ့လာပါ
Data Manipulation နဲ့ Cleaning ကလည်း core concept ထဲမှာပါ၀င်ပါတယ်။
ဒါ့အပြင် data တွေကိုသိမ်းတာ ၊ analyze လုပ်တာတွေကိုလည်း လေ့ထာထားသင့်ပါတယ်။
ဒီမှာဖော်ပြခဲ့တာက ယေဘုယျ အချက်အလတ်တွေပဲရှိပါသေးတယ်။
Data Science နယ်ပယ်ကလည်း ကျယ်ပြန့်တဲ့အတွက် အခြေခံတွေ လေ့လာပြီးပြီဆိုရင်
ကိုယ်စိတ်ပါတဲ့နယ်ပယ်ကို ဆက်လက်လေ့လာထားသင့်ပါတယ်။
Online Courses တွေအနေနဲ့တော့ Coursera , edX နဲ့ Udacity တို့မှာသွားရောက်လေ့လာနိုင်ပါတယ်။
စာအုပ်အနေနဲ့ဆိုရင်တော့ "Hands-On Machine Learning with Scikit-Learn, Keras & TensorFlow" by Aurélien Géron ကိုဖတ်ဖို့ အကြံပြုချင်ပါတယ်။
Data camp နဲ့ Kaggle တို့ကနေလည်း tutorial တွေနဲ့ပြုလုပ်လေ့လာနိုင်ပါတယ်။
Data Science ကိုစိတ်ပါ၀င်စားတဲ့သူငယ်ချင်းတွေရှိရင်လည်း အချင်းချင်းသိရအောင် share ပေးသွားကြပါဦးနော် 👀
#creative_coder_myanmar
ကျွန်တော်တို့ တခါတလေ HTML code တွေရေးတဲ့ အခါ A tag တွေ ထဲ A Tag တွေပြန်ရေးရရင် ထိန်းရတာ တော်တော် လက်ပေါက်ကပ်ပါတယ်။ ဥပမာ - card design တခုလုံးကို နှိပ်လို့ရအောင် လုပ်ထား ပြီး အဲ့ card ထဲမှာ ရှိတဲ့ တချို့ nested a tag လေးတွေကိုနှိပ်ရင် တော့ မတူညီတဲ့ Link တွေကို သွားတာမျိုးကိုပြောတာဖြစ်ပါတယ်။
အဲ့လ်ို အခြေနေကျရင် ဖြေရှင်းနည်း အမျိုးမျိုး သုံးကြပေမဲ့ ဒီနည်းလေးက တော်တော်လေး လွယ်ပြီး အလုပ်ဖြစ်လို့ Gist လေးထုတ်ပြီး တခါတည်း စမ်းကြည့်လို့ရအောင် sharing လုပ်ပေးလိုက်ပါတယ်။
https://gist.github.com/HlaingMinThan/945d4d2906c175e82986cfc7c20a3127?fbclid=IwZXh0bgNhZW0CMTEAAR3N8CmuOQ7atchTrKv9rDaxDWpYGusIT7wirF5cyRxH4YY-5IoUTVKy3Pc_aem_AdrNOxevPVSskb23i0-bWXQCjpsiUhGtDN0IPvFBsf3CA9Zf_iZTIR4C_wKACpcIOpebfH1JFKZTmzhN3dNnBiNe
https://t.me/+5bIwAl8hF6IzMGM9
Come & Join Our Discussion Group Guys🚀
စာမေးချင်တာ တွေ အခက်ခဲတခုခုရှိရင် ဒီကနေ မေးလို့ရပါတယ်ခင်ဗျာ။🚀
Github Readme File တွေ အလွယ်ဆုံး ရေးနည်း 👇👇👇
https://vt.tiktok.com/ZSYBeXRLc/
Beginner Developer တွေ အနေနဲ့ Client Project လာအပ်လို့ စျေးဘယ်လောက်ယူရမလဲဆိုတာ မသတ်မှတ် တတ်ဘူးဆိုရင် ဒီ Video လေးကိုကြည့်ပါ။👇👇👇
https://vt.tiktok.com/ZSYka1PMK/
JS မှာ Dynamic Object Key တွေပေးပြီး သိမ်းချင်ရင် ဒီ နည်းလေးကို သုံးနိုင်ပါတယ်👇👇
https://vt.tiktok.com/ZSYk6mL8m/
Laravel Application တွေကို Professional ကျကျ Database Query တွေ Debug လိုက်တတ်ချင်ရင် ဒါကိုသုံးပါ။
https://vt.tiktok.com/ZSYhvoKLo/
ယုန်နဲ့လိပ်ပုံပြင်ရဲ့ Consistency
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°
ဘယ်အလုပ်ကိုလေ့လာရင်ပဲ ဖြစ်ဖြစ် ဖြေးဖြေးမှန်မှန်လေးလေ့လာသွားဖို့က အရေးကြီးပါတယ်။
Developer တွေအနေနဲ့ Web Development ကိုစပြီးလေ့လာတဲ့ အခါမှာပဲဖြစ်စေ၊ လေ့လာရင်းလမ်းတစ်၀က်မှာပဲဖြစ်စေ၊ လုပ်ငန်းခွင်၀င်နေတဲ့အခါမှာပဲဖြစ်စေ လေ့လာနေတဲ့နှုန်းကို မရပ်ပစ်လိုက်ဖို့ အရေးကြီးပါတယ်။
တော်တော်များများက Web Development ကိုလေ့လာတယ်ဆိုပေမယ့် ကိုယ်စိတ်ပါမှထလေ့လာတာမျိုးတွေလုပ်တာက တော်တော်နဲ့ ခရီးမရောက်နိုင်ပါဘူး။
ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ယုန်နဲ့လိပ် ပုံပြင်ထဲမှာလိုပဲ လိပ်လို့တာထွက်ထဲက ဖြည်းဖြည်းမှန်မှန်နဲ့ ပန်းတိုင်ရောက်အောင်သွားသင့်ပါတယ်။
Beginner တွေကို အားပေးချင်တာကလည်း အစပိုင်းမှာခက်ခဲနိုင်ပေမယ့် ကိုယ်ကနောက်ပိုင်းမှာ ဖြည်းဖြည်းမှန်မှန်လေးလေ့လာသွားမယ်ဆိုရင် တဖြည်းဖြည်း လေ့လာရတာကို ကြိုက်နှစ်သက်လာပြီး လွယ်ကူလာမှာဖြစ်ပါတယ်။
ဒါကြောင့်ပညာရပ်တစ်ခုကိုလေ့လာတဲ့အခါ တစိုက်မတ်မတ်နဲ့ Consistency ရှိရှိလေ့လာသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်ခင်ဗျာ 💬👀
Developer တို့လေ့လာတဲ့အခါမှာရော Consistency ရှိကြရဲ့လား💬 comment မှာပြောပေးသွားကြပါဦးနော်။
#creative_coder_myanmar
#consistency
code ရေးနေရင်း Error တွေတက်ရင် မြန်မြန် ဆန်ဆန်ဖြေရှင်းနိုင်ချင်ရင် ဒီ Video ကြည့်ပါ။👇👇👇
https://vt.tiktok.com/ZSYhAm7u3/
Digital Nomad Lifestyle ကတော့ Developer တွေကြားမှာအပြင် တော်တော်များများကြားမှာပါခေတ်စားတဲ့ lifestyle တစ်ခုဖြစ်ပါတယ်။ ခရီးသွားရင်းအလုပ်လုပ်နိုင်တာ ကတော့သူရဲ့အားသာချက်ပါ။
ဒါ့အပြင် Digital Nomad Lifestyle မှာလွတ်လပ်မှုရှိပါတယ်။ တစ်နေရာတည်းမှာပဲထိုင်ပြီးအလုပ်လုပ်နေစရာမလိုပါဘူး။ laptop နဲ့ internet ရှိရုံနဲ့ ဘယ်နေရာသွားသွားအဆင်ပြေအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် work balance ရှိတဲ့ဘ၀ကိုလည်းဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Network ကိုလည်းတိုးချဲ့လာနိုင်ပြီး အကြောင်းအရာအသစ်တွေကိုလည်း စူးစမ်းလာနိုင်မှာဖြစ်သလို အခွင့်အလမ်းသစ်တွေကိုလည်း တွေ့ရှိလာနိုင်မှာဖြစ်ပါတယ်။
Digital Nomad Lifestyle ရဲ့ကောင်းမွန်တဲ့အချက်ကတော့ ပြဿနာကိုဖြေရှင်းနိုင်စွမ်း၊ လိုက်လျောညီထွေနေထိုင်နိုင်စွမ်းတွေ တိုးတက်လာစေနိုင်တာဖြစ်ပါတယ်။
Digital Nomad Lifestyle ကိုရနိုင်တဲ့သူတွေကတော့
👉 Freelancing
👉 Remote job လုပ်သူတွေနဲ့
👉 Online business တွေပဲဖြစ်ပါတယ်။
Digital Nomad lifestyle ကိုစိတ်၀င်စားပြီး လုပ်ကြည့်ချင်တဲ့ developer တွေရှိရင် comment မှာ မျှဝေပေးသွားပါဦးနော် 👀
ကျွန်တော်တို့ developer တွေအနေနဲ့ ကိုယ့်အလုပ်တွေကို လွယ်ကူအောင်လုပ်ပေးတဲ့ tool တွေကို အမြဲလိုက်ရှာနေရတာဖြစ်ပါတယ်။ Backend ပိုင်းမှာအသုံးပြုတဲ့ web technologies တွေဖြစ်ပြီး
Node.js အသုံးပြုနေတဲ့သူတွေ ဖြစ်စေ၊ Deno ကိုအသုံးပြုဖို့ စိတ်ဝင်စားနေတဲ့သူတွေ ဖြစ်စေ ကွာခြားချက်တွေကို အတူတူကြည့်လိုက်ရအောင် 👀
👉Node.js က developer community မှာ ဆယ်စုနှစ်ကျော် တည်ရှိခဲ့တာဖြစ်တယ်။ ယုံကြည်စိတ်ချရပြီး၊ npm မှာရှိတဲ့ library များစွာနဲ့ တိုးတက်ဆဲ technology တစ်ခုဖြစ်ပါတယ်။
Node.js ကို developer တွေအသုံးပြုနေရတဲ့ အကြောင်းအရင်းတွေကတော့
📝npm မှာ modules ထောင်ပေါင်းများစွာရှိတဲ့အတွက် Developer တွေကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။
📝Node.js ကိုအသုံးပြုပြီး JavaScript နဲ့ full-stack development လုပ်နိုင်တာကြောင့် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် development အချိန်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
👉 Deno
Deno က Node.js ကို ဖန်တီးခဲ့တဲ့ Ryan Dahl မှ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၊ Node.js ရဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နည်းပညာသစ်တစ်ခုလည်းဖြစ်ပါတယ်။
📝Deno က အခြေခံအနေဖြင့် sandboxed environment မှာ run လို့ရနိုင်ပြီး ဖိုင်တွေကို access လုပ်ဖို့၊ environment variables တွေကို အသုံးပြုလို့ရပါတယ်။
📝 ဒါ့အပြင် Deno ဟာ built-in tool နဲ့တူတဲ့ linter, formatter, test runner တို့ကိုပါ ဝင်ပါတာကြောင့် ထပ်ပြီး install လုပ်စရာမလိုပါဘူး။
📝Deno က native TypeScript support ရှိတာကြောင့် error-free code တွေကို အဆင်ပြေပြေရေးနိုင်မှာလည်းဖြစ်ပါတယ်။
သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကတော့
Node.js ကို CommonJS modules နဲ့ npm registry အတွက်အသုံးပြုနိုင်ပါတယ်။
Deno ကိုတော့ ES modules နဲ့ URLs ကို dependencies အနေနဲ့ အသုံးပြုတယ်ပြီး npm လို central registry လည်း မရှိပါဘူး။
Security အပိုင်းမှာဆိုရင်
Node.jsမှာ Built-in security permissions ပါ၀င်ခြင်းမရှိတဲ့အတွက် file တွေကို access လုပ်တာ၊ network request တွေ အများကြီးကို default အနေနဲ့ ရေးတဲ့အခါ unrestricted ဖြစ်စေနိုင်မှာဖြစ်ပါတယ်။
Deno ကတော့ Secure by default ဖြစ်ပြီး၊ file access, network requests, environment variables တွေအတွက် permissions လိုအပ်ပါတယ်။
Developer တို့အနေနဲ့ ဘာကို ရွေးချယ်ကြမလဲ?
dependencies များစွာရှိတဲ့ project တွေမှာ အလုပ်လုပ်နေရင်၊ community support ကို အလေးထားတဲ့သူဖြစ်ရင်တော့ Node Js ကိုအသုံးပြုနိုင်ပါတယ်။
Backend ပိုင်းမှာ အသစ်တစ်ခုကိုစမ်းသုံးကြည့်ချင်ရင် ခေတ်မီ features တွေကို အသုံးချချင်ရင်တော့ Deno ကိုပဲအသုံးပြုသင့်ပါတယ်။
Node.js နဲ့ Deno နှစ်ခုလုံးက Developer တို့အတွက် အသုံးဝင်ပြီး ကောင်းမွန်တဲ့ အချက်တွေရှိတဲ့အတွက် ကိုယ့်ရဲ့ဘ project လိုအပ်ချက်တွေပေါ်မူတည်နိုင်သလို ၊ development workflow အပေါ်မူတည်ပြီးတော့လည်းရွေးချယ်နိုင်ပါတယ်။
Backend Technologies တွေကိုစိတ်၀င်စားတဲ့ သူငယ်ချင်းတွေသိသွားအောင်လည်း မျှဝေပေးဖို့ မမေ့နဲ့နော် 👀
#creative_coder_myanmar
#nodejs
#deno
