ar
Feedback
Creative Coder Myanmar

Creative Coder Myanmar

الذهاب إلى القناة على Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

إظهار المزيد
1 469
المشتركون
لا توجد بيانات24 ساعات
+67 أيام
+3730 أيام
أرشيف المشاركات
photo content

Website မှာ အခမဲ့ လေ့လာလို့ရတဲ့ PHP Solid Design Course 🥳🎉 Developer တို့အနေနဲ့ အလုပ်ထဲမှာ ကျစ်လစ်ပြီး maintain လုပ်ရလွယ်တဲ့ code တွေရေးတတ်ဖို့အတွက် PHP Solid Design Principle ကိုသိထားခြင်းက အထောက်အကူပြုပါလိမ့်မယ်။ PHP basic & OOP အခြေခံရှိထားသူတိုင်း ဒီအတန်းလေးကိုတက်ရောက်နိုင်ပါတယ်။ 🔥 OOP concept တွေကို ပိုပြီး နားလည်ချိတ်ဆက်ပြီး မြင်သွားနိုင်ဖို့ 🔥 Maintain လုပ်ရတာပိုလွယ်ကူတဲ့ Flexible ဖြစ်တဲ့ code တွေပိုရေးသားလာနိုင်ဖို့ 🔥 အလုပ်ထဲမှာ PHP Design Principle တွေသုံးထားရင် စိမ်းနေမှာ မဟုတ်တော့ပဲ နားလည်နေစေဖို့ ရည်ရွယ်ပါတယ်။ Course Outline အနေနဲ့ကတော့ 👉 Single Responsibility 👉 Open Closed Principle 👉 Liskov Substitution Principle 👉 Interface Segregation 👉 Dependency Inversion တို့ပဲဖြစ်ပါတယ်။ အတန်းပြီးရင် Creative Coder Certificate လေးပါထုတ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ ဒီ course လေးကို တက်ရောက်ဖို့အတွက်ဆိုရင်တော့ 👉 creativecodermm.com ကိုသွားပြီး register လုပ်ပြီး free course တွေစလေ့လာလို့ရပါပြီ။ 👉 register လုပ်ပြီးသွားတဲ့သူတွေကတော့ https://creativecodermm.com/courses/php-solid-design-principle ကနေ၀င်ပြီးလေ့လာလိုက်ရုံပါပဲ။ Certificate တွေစုပြီး Level up နိုင်မယ့် Game Level Up Feature လေးလည်းရှိတာကြောင့် assignment တွေလုပ်ပြီး certificate တွေယူထားဖို့မမေ့နဲ့နော် 👀 #creative_coder_myanmar #php

photo content

October (29) မှာ PHP +Laravel Zoom Class လေးစတင်ခဲ့ပါတယ်။ ဒီအတန်းလေးကို ဆရာလှိုင်မင်းသန်းကိုယ်တိုင်သင်ကြားပေးထားတာဖြစ်ပြီး အခြေခံကနေစတင်ကာ လုပ်ငန်းခွင်၀င်နိုင်တဲ့အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။ 2024 မကုန်ခင် Developer တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ skill တွေကို တက်တက်ကြွကြွပါ၀င်သင်ယူပေးကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ #creative_coder_myanmar

photo content

၂၀၂၄ မကုန်ခင် Developer ဖြစ်ဖို့ Creative Coder မှာ ဒီအတန်းတွေအပ်လို့ရပါမယ် 📢(Both Learning Platform and Zoom Classes) Zoom အတန်းထဲမှာဆိုရင် အခြေခံကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမယ့် Web Development Foundation အတန်းလေးရှိမှာဖြစ်ပါတယ်။ ဒီအတန်းလေးဟာရုံးချိန်လွတ်အတန်းလေးဖြစ်ပြီး Discount နဲ့အပ်နှံနိုင်မှာလည်းဖြစ်ပါတယ်။ 👉 Start Date - November (30) 👉 Timetable - Saturday and Sunday ( 8 pm to 10:30 pm) 👉 Fees - 300,000 MMK (Early Bird Discounts for 10 Students - 250,000 MMK) Learning Platform အတန်းတွေကတော့ အခုအပ်၊ အခုတက်၊ တစ်သက်လုံးလေ့လာလို့ရပြီး လက်ရှိမှာတော့ ဒီ premium course တွေကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။

photo content

Web Developer လောကထဲ ခြေလှမ်းသစ်လှမ်းချင်သူများအတွက် MERN Stack Course ! 🎉 🌟 MERN Stack Course ကိုဘာကြောင့်တက်ရောက်သင့်တာလဲ? 📝HTML/CSS အခြေခံရှိရုံနဲ့ စတင်လေ့လာနိုင်ပါတယ်။ 📝Basic ကနေ Advanced level အထိ step-by-step သင်ကြားပေးမှာဖြစ်ပါတယ်။ 📝Project-based learning ဖြစ်တဲ့အတွက် လက်တွေ့အတွေ့အကြုံရရှိနိုင်မှာပါ။ 📝Industry standard technologies တွေကို systematic ကျကျ သင်ယူနိုင်မှာလည်းဖြစ်ပါတယ်။ ⚡️ ဘယ်သူတွေတက်ရောက်သင့်လဲ? 👉 Web Developer ဖြစ်ချင်သူများ 👉 Frontend/Backend Development လေ့လာချင်သူများ 👉 Full Stack Developer ဖြစ်ချင်သူများ 👉Tech Industry ထဲ ဝင်ရောက်ချင်သူများ 📚 Course Content မှာဘာတွေပါ၀င်မလဲ? NodeJS Fundamentals Express.js Deep Dive MongoDB & Database Design React.js Complete Guide Real-world Projects Industry Best Practices Security & Performance Optimization RESTful API Development တို့ပါ၀င်သွားမှာဖြစ်ပါတယ်။ 💻 Learning Platform မှာလေ့လာတာကနေရရှိနိုင်တဲ့ အားသာချက်တွေကတော့ ✅ Lifetime Access ✅ Screen Recording လေးတွေနဲ့ အချိန်မရွေး ပြန်လည်လေ့လာနိုင် ✅ One-on-One Mentoring Support ✅ Community Support Group ✅Assignment & Project Reviews ✅ Live Q&A Sessions ✅ Course Certificate 👨‍🏫 သင်ကြားပေးမယ့် Instructor: ဆရာ Hlaing Min Than (Creative Coder Myanmar Founder) Industry Experience ရှိပြီး သင်ကြားရေးအတွေ့အကြုံများစွာရှိသူလည်းဖြစ်ပါတယ်။ 💰 Course Fees: Regular Price: 200,000 MMK Early Bird Discount (First 20 Students): 180,000 MMK Bonus: JavaScript Basic Course (FREE) 🎯 Course ပြီးဆုံးချိန်မှာ Real-world Projects အနည်းဆုံး (၃) ခု Professional Portfolio Industry-ready Skills Job-ready Knowledge တွေရရှိသွားမှာပါ။ ⏰ အခုပဲ Early Bird Discount နဲ့ စတင်အပ်နှံလို့ရပါပြီ။ Page messenger ကနေရော website ကတေပါသင်တန်းအပ်နှံနိုင်ပါပြီ။ https://creativecodermm.com/courses/mern-stack-basic-to-advance Early Bird Discount က လူဦးရေ အကန့်အသတ်နဲ့သာ ရရှိနိုင်မှာဖြစ်တာကြောင့် အမြန်လေးတော့ အပ်ထားဖို့လိုမယ်နော်။ Course အပြီးမှာ industry-ready developer တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ 🚀✨ #creative_coder_myanmar

photo content
+3

🎯 DOM Manipulation ကို လေ့လာလိုက်ကြရအောင်👀 DOM Manipulation ဟာ dynamic web application တွေ ဖန်တီးဖို့အတွက် အရေးကြီးတဲ့ skill တစ်ခုဖြစ်ပါတယ်။ ⚡️ အသုံးများတဲ့ DOM Methods တွေကတော့ 1️⃣ Element တွေ Select လုပ်ခြင်း javascriptCopy// Modern Selector Methods const element = document.querySelector('.my-class'); const elements = document.querySelectorAll('.items'); // Event Listener တပ်ဆင်ခြင်း element.addEventListener('click', () => { console.log('Clicked!'); }); 2️⃣ Dynamic Element Creation javascriptCopy// Element အသစ်ဖန်တီးခြင်း const newDiv = document.createElement('div'); newDiv.className = 'new-element'; newDiv.textContent = 'Hello World'; // Parent element ထဲကို ထည့်သွင်းခြင်း parentElement.appendChild(newDiv); 3️⃣ Element Properties ပြောင်းလဲခြင်း javascriptCopy// Style ပြောင်းလဲခြင်း element.style.backgroundColor = '#007bff'; element.style.padding = '1rem'; // Class တွေ add/remove လုပ်ခြင်း element.classList.add('active'); element.classList.remove('inactive'); element.classList.toggle('visible'); 🔥 Practice Project: javascriptCopy// Simple Todo List တစ်ခုဖန်တီးကြည့်ပါ const todoForm = document.querySelector('#todo-form'); const todoInput = document.querySelector('#todo-input'); const todoList = document.querySelector('#todo-list'); todoForm.addEventListener('submit', (e) => { e.preventDefault(); const todoText = todoInput.value.trim(); if(!todoText) return; const todoItem = document.createElement('li'); todoItem.textContent = todoText; todoList.appendChild(todoItem); todoInput.value = ''; }); ဒီ code examples တွေကို practice လုပ်ကြည့်ပြီး DOM manipulation skills တွေ တိုးတက်အောင် လေ့ကျင့်လိုက်ကြပါ! 🚀 #JavaScript #WebDevelopment #DOMManipulation #CodingTutorial

photo content

🔍 Web Developer တွေအတွက် Problem Solving Tips Web Development မှာ Error တွေ၊ Issue တွေနဲ့ တွေ့ကြုံရတာ ပုံမှန်ပါပဲ။ ဒီနေ့မှာတော့ ထိရောက်တဲ့ Problem Solving နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ 🎯 Problem Solving Approach: 1️⃣ Issue ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ Error message တွေကို သေချာဖတ်ပြီးConsole log တွေစစ်ဆေးပါ။ Network requests တွေကိုလည်း monitor လုပ်ပါ။ 2️⃣ ပြဿနာကို သေးငယ်တဲ့အပိုင်းလေးတွေခွဲချပါ။ // ဥပမာ - Login form issue ကို debugging လုပ်တဲ့အခါ // 1. Form submission event စစ်ဆေးပြီး console.log('Form submitted:', formData); // 2. API call စစ်ဆေးပါ။ console.log('API Response:', response); // 3. Error handling စစ်ဆေးပါ။ try { await loginUser(formData); } catch (error) { console.log('Error details:', error); } 3️⃣ Solution ရှာတဲ့အခါ systematic ဖြစ်အောင်လုပ်ပါ။ Documentation ကို အရင်ဖတ်ပြီး Stack Overflow မှာ တူညီတဲ့ issue ရှာကြည့်ပါ။ ပြီးရင်တော့ Dev Tools နဲ့ step by step debug လုပ်လို့ရပါပြီ။ ဒီ tips လေးတွေကို အခြား developer တွေသိသွားအောင်လည်းမျှဝေပေးဖို့ မမေ့ပါနဲ့နော်။ #WebDevelopment #ProblemSolving #CodingTips

photo content

Developer မိတ်ဆွေတို့ထဲမှာ Git နဲ့ GitHub ကို ကောင်းကောင်းမသုံးတတ်လို့ စိတ်ညစ်နေတဲ့သူရှိလား ? ဒါဆိုရင် အခုပဲ Creative Coder ရဲ့ အခမဲ့ Git & GitHub သင်တန်းလေးမှာ တက်ရောက်လိုက်ပါ။ ဘယ်သူတွေ တက်သင့်လဲ? 🤔 👤Beginner Developers များ 👤Version Control စနစ်ကို နားမလည်သေးသူများ 👤Git/GitHub ကို ပိုပြီး ကျွမ်းကျင်ချင်သူများ 👤Team Project တွေမှာ ပါဝင်ချင်သူများ 👤Open Source Project တွေမှာ contribute လုပ်ချင်သူများ တက်ရောက်သင့်ပါတယ်။ ဘာသာစကားအခက်အခဲအတွက်လည်း စိုးရိမ်စရာမလိုဘဲ မြန်မာဘာသာနဲ့သာ ရှင်းပြထားပေးပါတယ်။ 📝သင်တန်းအကြောင်း အကျဉ်းချုပ် နဲ့သင်တန်းမှာဘာတွေပါ၀င်သွားမလဲ? 📚 👉Absolute Basics Course Git ဆိုတာ ဘာလဲ? ဘာကြောင့် သုံးရတာလဲ? Git Installation နဲ့ Initial Setup Git Commands အခြေခံတွေ GitHub Account တည်ဆောက်ခြင်း Repository တွေ ဘယ်လိုလုပ်မလဲ Git Workflow အခြေခံများ Branch တွေနဲ့ အလုပ်လုပ်ပုံကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Intermediate Course Branch Management အဆင့်မြင့်နည်းစနစ်များ Merge Conflicts တွေကို ဘယ်လိုဖြေရှင်းမလဲ Git Rebase နဲ့ Cherry-pick Remote Repository စီမံခန့်ခွဲခြင်း GitHub Collaboration Features များ Pull Requests နဲ့ Code Review GitHub Pages 💯 သင်တန်းကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲလုံး၀အခမဲ့ဖြစ်တဲ့အပြင် သင်တန်းပြီးရင် ပြီးဆုံးကြောင်းလက်မှတ်ရမှာဖြစ်ပါတယ်။ 👩‍💻 လက်တွေ့အသုံးချနိုင်တဲ့ နည်းတွေကိုပဲ သင်ပေးသွားမှာလည်းဖြစ်ပါတယ်။ ဘယ်လိုစတက်မလဲ? 🎯 👉https://creativecodermm.com မှာ Account ဖွင့်ပြီး တက်ရောက်နိုင်ပါပြီ။ #GitHubMyanmar #FreeCourses #CodingMyanmar #CreativeCoderMM #TechEducation

photo content

React မှာ Reusable Component တွေဘယ်လိုဖန်တီးကြမလဲ? =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° React application တွေတည်ဆောက်တဲ့နေရာမှာ reusable component တွေဘယ်လိုသုံးရမလဲဆိုတာကြည့်လိုက်ရအောင်။ React ကိုအရင် import လုပ်ပြီး reusable button component ဖန်တီးပါမယ်။ const Button = ({ label, onClick }) => { return ( <button onClick={onClick}> {label} </button> ); }; ပြီးရင် Main app component ကို define လုပ်မှာဖြစ်ပါတယ်။ function App() { return ( <div> <Button label="Click Me" onClick={() => alert('Button Clicked!')} /> <Button label="Submit" onClick={() => alert('Submitted!')} /> </div> ); } ပထမဆုံး button မှာ label = “Click Me” ဆိုတာပါပြီး ဒုတိယမှာတော့ button ကိုနှိပ်လိုက်ရင် Button Clicked ဆိုပြီး pop up message လေးပြပေးမှာဖြစ်ပါတယ်။ ဒုတိယ Button မှာဆိုရင် Submit ဆိုတာလေးကိုနှိပ်လိုက်တဲ့အခါ Submitted ဆိုတဲ့ pop up message လေးပေါ်လာမှာဖြစ်ပါတယ်။ Button component ကိုပြန်သုံးလို့ရတာကတော့ props တွေဖြစ်တဲ့ label နဲ့ onclick ပေါ်မှာတည်ဆောက်ထားလို့ဖြစ်ပါတယ်။ Button တွေအများကြီး create လုပ်မယ့်အစားဒီတစ်ခုတည်းကိုပဲ ပြန်သုံးပြီး clean code တွေရေးလို့ရပါတယ်။ နောက်ဆုံးအဆင့်မှာတော့ App Component ကို export ပြန်လုပ်ရင်ရပါပြီ။ export default App; ဒါဆိုရင် React နဲ့အတူ reusable ဖြစ်တဲ့ component တွေ create လုပ်လို့ရပြီပဲဖြစ်ပါတယ်။ #creative_coder_myanma

photo content

Creative Coder ရဲ့ Premium Service တွေ 🤔 Creative Coder Myanmar ဟာ Web Development ကိုစိတ်ပါဝင်စားတဲ့လူငယ်တိုင်းအတွက် အကောင်းဆုံးလေ့လာနိုင်ဖို့ ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်။ Learning Platform က screencast course တွေ Zoom class တွေ၊ free class မျိုးစုံနဲ့လူငယ်တို့ရဲ့ Web Development ခရီးစဉ်မှာ ပါ၀င်အားဖြည့်လျက်ရှိပါတယ်။ Creative Coder Myanmar မှာကျောင်းသားတွေအတွက် ပေးထားတဲ့ အကောင်းဆုံး Service နှစ်ခုကတော့ 📝 Learning Platform ကအတန်းတွေဆို တစ်ခါအပ်ပြီး တစ်သက်လုံးတက်နိုင်တာ၊ Zoom Class တွေဆို တစ်ခါအပ်ပြီး မတတ်မြောက်မချင်း (သင်တန်းကြေးလုံး၀ လုံး၀) ထပ်မံပေးစရာမလိုဘဲ ပြန်လည်တက်ရောက်နိုင်တာတွေ ဖြစ်ပါတယ်။ 📝Online ကသင်ယူနေရပေမယ့်လည်း Instructor နဲ့နီးနီးကပ်ကပ်ရှိသလို ခံစားရနိုင်ဖို့ စာမရတာ၊ error တက်တာတွေအတွက် one on one meeting service ထားရှိပေးထားတာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ အချိန်မရွေး စာမေးတာ ပြုလုပ်နိုင်မှာပါ။ Creative Coder Myanmar ကနေ ကျောင်းသားတို့ရဲ့ Web Development ခရီးစဉ်ကို တာ၀န်ယူပါရစေ 🎉 #creative_coder_myanmar

photo content

Learning Platform Class နဲ့ Zoom Class ဘယ်ဟာရွေးကြမလဲ? =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Creative Coder မှာလက်ရှိတက်ရောက်နိုင်တဲ့ အတန်းပုံစံနှစ်ခုရှိပါတယ်။ Learning Platform အတန်းနဲ့ Zoom အတန်းတွေဖြစ်ပါတယ်။ 📝 Learning Platform အတန်းတွေဟာ website ကနေ screencast video တွေနဲ့လေ့လာရတဲ့အတန်းတွေဖြစ်ပြီး အချိန်နေရာမရွေးလေ့လာနိုင်ကာ lifetime access ရရှိမှာဖြစ်ပါတယ်။ သင်ခန်းစာတွေကို download ယူထားနိုင်ပြီး ကိုယ်လိုတဲ့အချိန်ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 📝 Zoom အတန်းတွေကတော့ ဆရာနဲ့တိုက်ရိုက်သင်ကြားရတဲ့အတန်းတွေဖြစ်ပြီး recording ပြန်ပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ကိုယ်ကနားမလည်သေးရင်လည်း နောက် Batch တွေမှာပြန်လည်တက်ရောက်နိုင်ပါတယ်။ Learning Platform အတန်းကိုပဲတက်တက်၊ Zoom အတန်းကိုပဲတက်တက် ရနိုင်တဲ့ service ကတော့  စာမရတာ၊ error တက်တာမျိုးတွေအတွက် one on one meeting နဲ့ရှင်းပြပေးတာဖြစ်ပါတယ်။ Learning Platform အတန်းတွေကို အချိန်မရွေးအပ်နှံနိုင်ပြီး အခုလက်ရှိ Zoom အတန်းတွေမှာတော့ Frontend Javascript Basic to React နဲ့ Backend Laravel Class တွေကိုဖွင့်လှစ်ထားရှိထားပါတယ်။ ကိုယ်နဲ့ကိုက်ညီမယ်ထင်တဲ့အတန်းကိုရွေးချယ်အပ်နှံနိုင်ပြီ။ Web Development Journey ကို Creative Coder နဲ့အတူ စတင်လိုက်ပါ။ #creative_coder_myanmar