ar
Feedback
Creative Coder Myanmar

Creative Coder Myanmar

الذهاب إلى القناة على Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

إظهار المزيد
1 469
المشتركون
لا توجد بيانات24 ساعات
+67 أيام
+3730 أيام
أرشيف المشاركات
photo content
+1

ကဲ.. အတွဲအစပ်မိမိ Web Development ကိုသင်ယူလေ့လာဖို့ အခုပဲ Creative Coder Myanmar ကိုဆက်သွယ်လိုက်ပါ 📲 📝Git & Github Basic & Intermediate Course Git အကြောင်းဘာမှမသိသေးတာကနေစပြီး လုပ်ငန်းခွင်မှာအသုံးပြုနိုင်တဲ့အထိ သင်ကြားပေးထားတဲ့အတန်းလေးနှစ်ခုဖြစ်ပါတယ်။ >>> https://creativecodermm.com/courses/git-&-github-absolute-basics >>> https://creativecodermm.com/courses/git-and-github-intermediate 📝PHP Framework Thinking Course PHP + Laravel Class ပြီးထားတဲ့သူတွေအတွက် ဆက်လက်လေ့လာနိုင်တဲ့ Course လေးပဲဖြစ်ပါတယ်။ >>> https://creativecodermm.com/courses/php-framework-thinking 📝Python From Scratch Python ကို အခြေခံကနေစပြီးသင်ကြားပေးထားတဲ့အတန်းလေးဖြစ်ပြီး သားသားမီးမီးလေးတွေကအစသင်ယူလို့ရပါတယ်။ >>> https://creativecodermm.com/courses/python-from-scratch 📝Vuex Course Vuejs Course ပြီးထားတဲ့သူတွေအတွက် ဆက်လက်ပြီးအရေးပါတဲ့ Vuex ကိုလေ့လာလို့ရမယ့် အတန်း လေးပဲဖြစ်ပါတယ်။ >>> https://creativecodermm.com/courses/component-library-vuex 📝 Websocket 101 ဒီအတန်းလေးကတော့ Websocket ဆိုတာဘာမှန်းမသိသေးသူများ အခုမှစလေ့လာလိုသူများအတွက် ရည်ရွယ်တဲ့ course လေးဖြစ်ပါတယ်။ Websocket ရဲ့အခြေခံတွေကို real world project လေးနဲ့ သေချာရှင်းပြသင်ကြားပေးထားတာဖြစ်ပါတယ်။ >>> https://creativecodermm.com/courses/websocket-101 📝Laravel Folio Course Laravel Folio ဟာ Laravel Team ကနေ မကြာသေးခင်က ထုတ်ထားတဲ့ File based routing package တစ်ခုဖြစ်ပါတယ်။ ဒီ Video မှာ Folio ကို installation လုပ်တာကနေ စပြီး အသုံးချပုံတွေ ဘယ်လိုနေရာမှာ သုံးသင့်လဲဆိုတာတွေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ >>> https://creativecodermm.com/courses/laravel-folio-crash-course 📝 JS DOM Basic Javascript ရဲ့အဓိကအပိုင်းတွေဖြစ်တဲ့ Document Object Model တွေအကြောင်းကို သင်ကြားပေးထားတဲ့ အတန်းလေးပဲဖြစ်ပါတယ်။ https://creativecodermm.com/courses/javascript-dom-basics 📝 PHP Solid Design Principle PHP ရဲ့ အနှစ်သာရဖြစ်တဲ့ solid design Principle ကို သင်ကြားပေးထားတဲ့ အတန်းလေးပဲဖြစ်ပါတယ်။ https://creativecodermm.com/courses/php-solid-design-principle

ဒီအတန်းလေးကိုလည်း Free တက်ရောက်နိုင်တဲ့သင်တန်းတွေနဲ့အတူ Server Deployment အတန်းအပါအ၀င်ကိုမှ သင်တန်းကြေး ၁၂၀,၀၀၀ ကျပ်တည်းနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ PHP & Laravel Course လေးကိုတက်ရောက်မယ်ဆိုရင် PHP Framework Thinking, Laravel Folio Course, Sever Deployment , Git & GitHub Basic and Intermediate course လေးကို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ======================================= React Course Fronted အပိုင်းမှာ နာမည်ကြီး library တစ်ခုဖြစ်တဲ့ React က အခုအချိန်မှာ အတော်လေးရေပန်းစားနေတာဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်းများသလို အလားအလာကောင်းတွေလည်းရှိနေတဲ့ Library တစ်ခုပဲဖြစ်ပါတယ်။ ဒီအတန်းမှာဆိုရင် HTML,CSS ရရုံနဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး လက်တွေ့ project တွေကိုလည်းထည့်သွင်းပေးထားပါတယ်။ 📝React ကိုဘယ်သူတွေလေ့လာသင့်သလဲ ? ✔️ JS ပြီးထားလို့ framework တစ်ခုခုကိုဆက်လင်လေ့လာဖို့ရှာနေတဲ့သူ‌‌တွေ ✔️ Frontend ပိုင်းကိုကျွမ်းကျွမ်းကျင်ကျင်တတ်‌မြောက်လိုသူတွေ ✔️ Frontend Framework တစ်ခုပြီးထားလို့နောက်တစ်ခုကိုဆက်လက်လေ့လာလိုသူတွေ ✔️ React Developer အနေနဲ့လုပ်ငန်းခွင်၀င်ချင်တဲ့သူတွေအကုန်လုံး React ကိုလေ့လာလို့ရပါတယ်။ 📝Creative Coder ရဲ့ React အတန်းမှာ ဘာတွေကိုသင်ကြားပေးသွားမှာလဲ ? ဒီအတန်းလေးမှာ React ကိုအစကနေအဆုံးနားလည်အောင်သင်ကြားပေးသွားမဲ့အပြင် backend အတွက် firebase ကိုပေါင်းစပ်သင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်။ Course Outline အနေနဲ့ကတော့ I. Introduction Overview of React and Firebase Benefits of using React and Firebase together Course objectives and expectations II. React Basics Setting up a React project React components and props State and lifecycle methods Handling events in React III. Firebase Basics Introduction to Firebase Setting up a Firebase project Creating a Firebase Realtime Database Creating a Firebase Authentication system IV. Integrating Firebase with React Connecting React to Firebase Realtime Database Reading and writing data from Firebase using React Implementing Firebase Authentication in React V. Advanced React React Router for navigation React Advanced Hooks for functional component VI. Advanced Firebase Firebase Cloud Functions for serverless backend Firebase Cloud Messaging for push notifications Firebase Hosting for deploying React apps VII. Project Building a real-world application using React and Firebase Implementing advanced features such as user authentication, real-time data updates Deploying the project to Firebase Hosting VIII. Conclusion Recap of course material Next steps for further learning Course evaluation and feedback အတန်းပြီးတဲ့အခါ react ကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး project တွေနဲ့လုပ်ငန်းခွင်၀င်နိုင်တဲ့အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။ React အတန်းလေးကိုတော့ သင်တန်းကြေး (၁၂၀,၀၀၀) ကျပ်ကို (၁၀၀,၀၀၀) ကျပ်တည်းနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လေးသောင်းတန် JS basic လေးပါ အခမဲ့ပါ၀င်မှာ ဖြစ်ပါတယ်။ ဒီ React course လေးကို တက်ရောက်မယ်ဆိုရင် JS basic , JS DOM Basic, Git & GitHub Basic and Intermediate course လေးကို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ====================================== JavaScript Basic Course HTML,CSS လေ့လာပြီးသွားတဲ့ကျောင်းသားတွေအတွက် JavaScript Language ကိုအခြေခံကနေစတင်ပြီး သင်ကြားပေးသွားမယ့် အတန်းလေးဖြစ်ပါတယ်။ Beginner တွေကစပြီး လွယ်ကူစွာသင်ယူလေ့လာနိုင်အောင်စီစဥ်ထားပေးထားကြောင့် စာနားမလည်ဖြစ်မှာကိုလည်းပူစရာမလိုပါဘူး။ စာမေးချင်တာရှိရင်လည်း Paltform ကနေဖြစ်စေ ၊ဆရာ့ရဲ့ account ကနေဖြစ်စေ မေးလို့လည်းရပါတယ်။ ဒါ့အပြင် အချိန်မရွေးနေရာမရွေးကြိုက်တဲ့ အချိန်ကနေ ကြိုက်သလိုလည်း သင်ယူလေ့လာလို့ရတာကြောင့် အိုကေမှာစိုပြေပဲနော်။ ဒီအတန်းလေးကိုလည်း Free Course တွေအပါအ၀င် သင်တန်းကြေး (၆) သောင်းကျပ်တည်းနဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒီ JavaScript course လေးကို တက်ရောက်မယ်ဆိုရင် Web socket 101, JS DOM Basic , Python from Scratch, Git & GitHub Basic and Intermediate course လေးကို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ====================================== Free Courses Premium Course တွေအပ်နှံလိုက်တာနဲ့ free course တွေကိုလည်း learning platform မှာ တစ်ခါတည်းသင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့ Free Course တွေကတော့ 📝 Git & GitHub Basic Course 📝 Git & Github Intermediate Course 📝 Python From Scratch 📝 Vuex Course 📝 PHP Framework Thinking Course 📝 Websocket 101 📝JS DOM Basic 📝 PHP solid design principle 📝 Laravel Folio Course တွေပဲဖြစ်ပါတယ်။

Developer တွေအတွက် တစ်ခါတည်းစုံစုံလင်လင်ပါ၀င်စေမယ့် Tech stack တစ်ခုကိုပြောပါဆိုရင် MERN Stack ပဲဖြစ်ပါတယ်။ ဒီ Course လေးမှာ သင်ခန်းစာတစ်ခုချင်းစီအတွက် project တွေအပြင်အဓိကသင်ကြားကြရမယ့် အကြောင်းအရာတွေကတော့ 📝Nodejs 📝 Express Basic 📝 MongoDB Basic 📝 React Basic ကနေ တစ်ပိုင်းခြင်း အခြေခံ အကျဆုံး level ကစပေးထားမှာဖြစ်ပါတယ်။ 💯 တစ်ပိုင်းခြင်း သေချာ ရပြီဆိုရင်တော့ ၄ခုလုံးပေါင်းပြီး Frontend + Backend ပါ၀င်တဲ့ TECH stack တစ်ခုလုံးကိုလေ့လာလို့လွယ်ကူအောင်စီစဉ်ပေးထားပြီး သင်တန်းပြီးတာနဲ့ လက်တွေ့ project တွေကြောင့် လုပ်ငန်းခွင်၀င်နိုင်ဖို့အသင့်ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီသင်တန်းလေးကို ပုံမှန်သင်တန်းကြေး (၁၈၀,၀၀၀) ကျပ်ကိုမှ (၁၅၀,၀၀၀) ကျပ်တည်းနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီ MERN Stack course လေးကို တက်ရောက်မယ်ဆိုရင် Programming Basic with JS, JS DOM Basic, MERN Deployment ,Web socket 101,Git & GitHub Basi and Intermediate course လေးကို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ =============================================================== JS + Vue + Firebase Combo Course Creative Coder လို့ပြောလိုက်တာနဲ့ ကျောင်းသားတွေ ပြေးမြင်မိတာက Vue Course လို့ပြောရင်မမှားနိုင်ပါဘူး။ Creative Coder စပြီးတည်ထောင်ကတည်းက Vue course စတင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ Frontend လေ့လာသူတွေအတွက် သင့်တော်တဲ့ framework တစ်ခုပဲဖြစ်ပါတယ်။ စာတွေ့၊ လက်တွေ့ project တွေနဲ့ Vue Framework ကိုကျွမ်းကျင်အောင် သင်ကြားပေးသွားမှာပါ။ ဒီ Course မှာဘာတွေထပ်ပါဝင်ဦးမလဲဆိုရင် combo ဖြစ်အောင် Firebase backend service ပါ။Firebase ကိုသုံးပြီး authentication (login logout) တွေ ၊ NoSQL database အသုံးပြုပုံတွေ real time database တွေပါလေ့လာသွားကြရမှာပဲဖြစ်ပါတယ်။ Vue Class မှာဘာတွေသင်ကြားပေးမှာလဲ ❔ ✅All Basic Programming Concept with Javascript ✅Promises & Asynchronous Javascript ✅Fetch & Async & Await (Modern Js) ✅What is Vuejs? (Using Vue3) ✅ Vue CDN ✅All about vue directives from very basic ✅Single Page Introduction ✅Vue CLI ✅what are vue components? ✅props ✅events ✅slots ✅Teleport ✅ Project-1 simple mini game ✅Forms & Twoway-databinding ✅vue router ✅route guarding ✅Test Fetching Data with Json Server ✅Project-2 (Project planner app) ✅the composition api (Vue3) ✅Firebase Databases (Firestore) ✅Project-3 SPA Blog app with Categories ✅Project 4-***Live Message Chatting Room App with auth system*** ✅Host Our app on firebase ✅ Project-5 Vuex and Work with todos project ဘယ်လိုလူတွေတက်ရောက်သင့်လဲ ❔ 👤 html css ပဲသိထားပြီးတစ်ခုခုဆက်လေ့လာချင်သူတွေ 👤 javascript နဲ့ပဲလုပ်ငန်းခွင်ဝင်ချင်သူတွေ ၊👤ကိုယ်တိုင် interactive ဖြစ်တဲ့ single page app (SPA) platform ဖန်တီးလိုသူတွေ 👤 vuejs ကို လုံးဝ ဘာဆိုဘာမှမသိရာ ကနေ ကိုယ်ပိုင် Project ရေးန်ိုင်သွားချင်တွေ 👤 တခြား frontend framework တစ်ခုခုကနေပြောင်းလာကြည့်ချင်သူတွေတက်သင့်ပါတယ်။ သင်တန်းတက်ရောက်ဖို့အတွက်ဆိုရင် html css အခြေခံနဲ့ သင်ယူလေ့လာလိုစိတ်လေးရှိရင်ရပါပြီ။ သင်တန်းကြေးကတော့ Free course တွေအများကြီးအပါအ၀င်ကိုမှ ပုံမှန်သင်‌တန်းကြေး (၁၀၀,၀၀၀) ပဲ ကျသင့်မှာဖြစ်ပါတယ်။ ဒီ Vue course လေးကို တက်ရောက်မယ်ဆိုရင် Vuex course, JS DOM Basic, Git & GitHub Basic and Intermediate course လေးကို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ===================================== PHP + Laravel Course + VPS Server Deployment မူလအစထဲက Creative Coder ကဖွင့်လှစ်ခဲ့တဲ့ အတန်းတွေမှာ PHP basic ကနေစတင်ပြီး Laravel Advanced level အထိသင်ကြားပေးထားတဲ့ PHP+ Laravel အတန်းလည်းအပါအ၀င်ဖြစ်ပါတယ်။ ဒီ Course မှာပါဝင်သွားမှာတွေကတော့ PHP /Laravel ရဲ့ Advanced ပိုင်း core concept တွေအထိပါထည့်သွင်းသင်ကြားပေးသွားမှာပါ။ ✅Intro to PHP basic + MySQLl for learning Laravel (PHP Framework Thinking Class Provided) ✅Intro to basic command line for beginners ✅Intro to Laravel ✅ Env Setup ✅ Routing and Tricks ✅ What iso cache ✅Filesystem ✅ Collection & Tinker ✅Env File and Configurations ✅what is migrations ✅Eloquent Model ✅Database seeding & model factories using ✅ Core Relationships (belongsTo,hasMany,manyToMany) ✅what is controller ✅Model View Controllers(MVC) and why use MVC? ✅all blade syntax ✅validation input form ✅Advance Tricky Queries ✅Auth System and middlewares ✅Full Comment System ✅Blog Subscription & Email sending Feature ✅Queue Worker ✅photo upload system ✅Admin & User Authorization ✅Api development In Laravel

𝐘𝐞𝐚𝐫-𝐞𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 မှာ အတန်ဆုံး ဈေးနဲ့ရမယ့် 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 အတန်းများ 🚀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° (၂၀၂၄) သာကုန်တော့မယ် ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်လိုက်ရလို့ အခုလကစပြီး အ၀ကြုံးတော့မယ်လို့ ရည်ရွယ်ထားတဲ့ Developer ကြီးတွေရှိပါသလား 👀 Learning Platform က premium အတန်းတွေကို အတန်ဆုံးဈေးနှုန်းနဲ့အပ်နှံနိုင်မယ့် promotion လေးနဲ့မိတ်ဆက်ပေးပါရစေ၊။ ဒီ promotion လေးကအရင်ငွေဈေးကအတိုင်း ထားပေးထားတာဖြစ်ပြီး ကျောင်းသားတွေရဲ့တောင်းဆိုမှုကြောင့် နှစ်ကုန်မှာနောက်ဆုံးပိတ် အိတ်နဲ့လွယ်နိုင်အောင် ပြန်လည်စီစဉ်ပေးထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာဆိုရင် ဒီဇင်ဘာတစ်လလုံး learning platform ကအတန်းတွေကို Discount နဲ့ဝယ်ယူလို့ရနေမှာဖြစ်ပါတယ်။ ပုံမှန် Premium အတန်း Discount တွေအပြင် အတန်ဆုံး Premium အတန်းတွေအကုန်လုံးကို သုံးသိန်းခွဲတည်းနဲ့အပ်နှံနိုင်မယ့် Discount လည်းရှိနေပါသေးတယ်။ 📝 Creative Coder ရဲ့ Learning Platform ဆိုတာဘာလဲ? 💯 ဘယ်အချိန်၊ ဘယ်နေရာရာရောက်ရောက် သင်ယူလေ့လာမှုတွေကို မရပ်တန့်စေဖို့ 💯 ဖုန်းတစ်လုံး ဒါမှမဟုတ် laptop တစ်လုံးရှိရုံနဲ့ သင်ယူနိုင်ဖို့ 💯 အခုအပ်၊ အခုတက် ၊ အခုလေ့လာ 💯 တစ်ခါအတန်းအပ်ရုံနဲ့ တစ်သက်တာ လေ့လာလို့ရနိုင်စေဖို့ 💯 စာတခုခု မရတာနဲ့ ဆရာနဲ့ 1 on 1 meeting နဲ့စာမေးနိုင်ဖို့ Web Development ကိုစိတ်ပါ၀င်စားတဲ့သူ လူငယ်တွေအတွက် Creative Coder ရဲ့ learning platform ကိုစီစဉ်ထားရှိပေးထားပါတယ်။ Learning platform အတန်းတွေဖြစ်တာကြောင့် စာသင်ရတာ interactive မဖြစ်မှာ ၊ စာမေးရခက်မှာတွေကို မစိုးရိမ်ပါနဲ့။ စာမေးဖို့ telegram gp လည်းပြုလုပ်ပေးထားမှာဖြစ်သလို နားမလည်တာတွေဖြေရှင်းဖို့အတွက် one on one personalized meeting လည်းပြုလုပ်ပေးထားမှာပါ။ ဒီ learning platform course တွေကို တက်ရောက်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ 👉 Course တွေကို အချိန်မရွေး download ဆွဲနိုင်မယ်။ 👉 တကယ်လို့ သင်တာကို မကြိုက်ဘူးဆိုရင် course access ရပြီးပြီးချင်း သုံးရက်အတွင်း သင်တန်းကြေး 100% Refund ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ TECH stack တွေဆိုတာ Web Development ကို လေ့လာဖို့အတွက် လိုအပ်တဲ့ Framework တွေကို ယှဉ်တွဲပေးထားတာဖြစ်ပါတယ်။ ပါ၀င်သွားမယ့် Tech Stack တွေကတော့ 📌 Vue & Laravel Frontend နဲ့ Backend အတွဲအစပ်ဖြစ်တဲ့ ဒီသင်တန်းလေးနှစ်ခုကို တစ်ခုချင်းလည်းလေ့လာနိုင်သလို Full Stack Developer ဖြစ်ချင်သူတွေအတွက် နှစ်ခုပေါင်းပြီးတော့လည်း တစ်ခါတည်းလေ့လာနိုင်ပါတယ်။ 📌 Laravel & React Frontend နဲ့ Backend နှစ်ခုပေါင်း powerful ဖြစ်တဲ့ combo package လေးဖြစ်ပါတယ်။ ဒီသင်တန်းလေးနှစ်ခုကိုလည်း Learning Platform မှာ အချိန်မရွေးလေ့လာနိုင်ပါတယ်။ 📌 MERN Stack Tech Stack တစ်ခုလုံး ပြည့်ပြည့်စုံစုံပါ၀င်တဲ့ ဒီအတန်းလေးမှာတော့ Nodejs, Express, React နဲ့ MongoDB တို့ကို Basic to Advanced level အထိသင်ကြားပေးထားပါတယ်။ ဒီတစ်ခေါက်မှာဆိုရင်တော့ အတန်းတစ်ခုစီကို Free course တွေနဲ့အတူ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ‌ဒါ့အပြင် ဒီလိုအရမ်းတန်တဲ့ အခွင့်အရေးကြီးကို December လကုန်အထိသာ ရရှိမှာဖြစ်ပါတယ်။ သင်တန်းကြေးကိုလည်း နှစ်ခါခွဲသွင်းလို့ရမှာဖြစ်ပြီး discount နဲ့အပ်နှံရင်တော့ တစ်ခါတည်းပေးသွင်းရမှာဖြစ်ပါတယ်။ ကဲ.. ဘယ်အတန်းတွေပါမလဲ ဆိုတာနဲ့ အတန်းတစ်ခုစီအကြောင်းကို ပုံတစ်ခုချင်းစီမှာ ဖတ်ရှုနိုင်ပါတယ် 👇 #creative_coder_myanmar #website #courses ================================================== Developer Bundle Courses Package Course တွေကို တစ်ခုချင်းစီမဟုတ်ဘဲ အကုန်စုတက်ချင်တဲ့ Developer တို့အတွက်လည်း အရမ်းတန်တဲ့ဈေးနှုန်းနဲ့ Bundle Package ကိုစီစဉ်ပေးထားပါတယ်။ တစ်ခုချင်းစီရဲ့ဈေးနှုန်းလေးတွေဟာဆိုရင် JS Basic - 50,000 MMK React - 120,000 MMK Vue - 100,000 MMK PHP Laravel - 100,000 MMK Web Server Deployment - 50,000 MMK MERN Stack - 180,000 MMK MERN Stack Deployment - 50,000 MMK ဆိုပြီး ခြောက်သိန်းကျော်ကျသင့်မှာဖြစ်ပါတယ်။ 💯 ဒါပေမယ့် ဒီ package ကို၀ယ်ယူတဲ့ developer တိုင်းအတွက် 350,000MMK (2750 Baht)တည်းနဲ့ Premium Course အကုန်လုံးနဲ့ free course အားလုံးကို lifetime access ရရှိမှာဖြစ်ပါတယ်။ CreativeCoder က ဒီလို Promotion ပေးတာ အရမ်းရှားတာဖြစ်လို့ ကိုယ့်ရဲ့ Development career အတွက် အကောင်းဆုံး Investment ဖြစ်မယ်ဆိုတာ အသေအချာပါပဲခင်ဗျာ။🫰📝 Premium Services ✅One-on-One Meeting Requests: တစ်ဦးချင်းစီအတွက် စာလုပ်ရင်း အခက်ခဲရှိလာပါက Video Call ခေါ်စာမေးနိုင်ခြင်း။ ✅ 100% Refund Guarantee: ကျွန်ုပ်တို့၏ သင်ကြားမှု နည်းလမ်းများ မကျေနပ်ပါက ၃ရက်အတွင်း လာပြောပါက အပြည့်အဝ ပြန်အမ်းငွေ ပြန်လည်ပေးမှာဖြစ်ပါတယ်။ ============================================================== MERN Stack Course (Javascript Fullstack Developer Pack)

React ကိုလေ့လာပြီးပြီ… Nextjs ကိုဆက်လေ့လာသင့်ရဲ့လား 🤔 React Developer တို့ကို Next.js ကို ဘာလို့လေ့လာသင့်လဲဆိုတာ ပြောပြပါရစေ။ အရင်ဆုံး React က frontend framework တစ်ခုပဲဆိုတော့ production မှာသုံးဖို့အတွက် သူတစ်ခုတည်းနဲ့ မလုံလောက်သေးဘူးနော်။ SEO ကောင်းဖို့၊ Performance ကောင်းဖို့၊ File-based routing လုပ်ဖို့၊ Image optimization လုပ်ဖို့ စသည်ဖြင့် အခြားသော tool တွေအများကြီးထပ်လိုအပ်နေသေးပါတယ်။ ဒါပေမယ့် Next.js ကတော့ ဒါတွေအကုန်ပါပြီးသားပါ။ ဘာတွေများပါလဲဆိုရင်… 📝File-based Routing React မှာဆို react-router-dom သပ်သပ်ထည့်ပြီး route တွေကို setup လုပ်ရသေးတယ်။ Next.js မှာတော့ pages folder အောက်မှာ about.js ဆိုတဲ့ file ထည့်လိုက်ရင် /about route ကရလာပြီပဲ။ Dynamic route တွေ၊ Nested route တွေကလည်း file နာမည်ပေါ်မူတည်ပြီး အလိုအလျောက်ရပါတယ်။ 📝 Server-side & Static Site Generation React က client-side ပဲ render နိုင်တော့ SEO မကောင်းဘူး။ Next.js မှာက SSR နဲ့ SSG ပါတာမို့ SEO ကောင်းသလို၊ initial load time လည်းမြန်ပါတယ်။ ဥပမာ e-commerce site တစ်ခုမှာ product list page က static ဖြစ်ပြီး product detail page တွေက server-side render လုပ်တာမျိုးတွေလုပ်လို့ရပါတယ်။ 📝 Full Stack Framework React က frontend framework ပဲဖြစ်တော့ backend ကိုသပ်သပ်ရေးရမယ်။ Next.js မှာက API route တွေပါပါတာမို့ backend ကို pages/api folder အောက်မှာပဲ ရေးလို့ရပါတယ်။ GET, POST, PUT, DELETE request တွေကို handle လုပ်တဲ့ code တွေကို Next.js project ထဲမှာပဲရေးလို့ရပါတယ်။ 📝Image Optimization React မှာ image တွေကို optimize လုပ်ချင်ရင် third-party library တွေသုံးရပါတယ်။ Next.js မှာက built-in Image component ပါပြီးသားပါ။ သူက image တွေကို automatically optimize လုပ်ပေးသလို lazy loading လည်းပါတယ်။ ဒါ့အပြင် webp format ကို browser က support လုပ်ရင် automatically convert လုပ်ပေးပါတယ်။ 📝Zero Configuration React app တစ်ခုမှာဆို webpack, babel စတဲ့ configuration တွေ setup လုပ်ရပါတယ်။ ဒါပေမယ့် Next.js မှာက production-ready configuration တွေက built-in ပါပြီးသားအပြင် TypeScript support တို့၊ environment variables တို့လည်း out of the box ပါပါတယ်။ Performance ပိုင်းမှာလည်း Next.js က အားသာချက်တွေရှိတယ် Code splitting အလိုအလျောက်လုပ်ပေးတယ် Client-side navigation ကြောင့် page load တာမြန်တယ် Prefetching လုပ်ပေးတာမို့ user experience ကောင်းပါတယ် ဒါကြောင့် React သိပြီးသား developer တွေအနေနဲ့ Next.js ကိုလေ့လာသင့်ပါတယ်။ ဒီအပေါ်မှာပြောခဲ့တဲ့ feature တွေကြောင့် production မှာ better solution ရရှိစေပြီး development experience လည်း ပိုကောင်းမွန်စေပါတယ်။ လက်ရှိ tech industry မှာလည်း Next.js ကိုတော်တော်များများသုံးနေကြပါပြီ။ TikTok, Netflix, Twitch, Nike စတဲ့ ကုမ္ပဏီကြီးတွေတောင် Next.js ကိုသုံးနေကြပါတယ်။ ဒါကြောင့် Next.js skill ရှိထားရင် job opportunity တွေလည်းပိုများပါတယ်။ React သိပြီးသားဆိုရင် Next.js ကို စလေ့လာဖို့ အချိန်အများကြီးလိုမှာမဟုတ်ပါဘူး။ React ရဲ့ official documentation မှာလည်း Next.js ကိုဆက်ပြီးလေ့လာဖို့ပြောထားပါတယ်။ Documentation က အရမ်းကောင်းပြီး example project တွေလည်းအများကြီးပါပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ skill set ကို upgrade လုပ်ချင်တယ်ဆိုရင် Next.js ကိုလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။

photo content

တစ်ပတ်ခါစမဲ့ Web Development Foundation အတန်းလေး ကျောင်းသား 3 ယောက်တည်းသာလိုပါမယ်။🚀 ✅ Web development ကို အခုမှစလေ့လာလိုသူမျ
တစ်ပတ်ခါစမဲ့ Web Development Foundation အတန်းလေး ကျောင်းသား 3 ယောက်တည်းသာလိုပါမယ်။🚀 ✅ Web development ကို အခုမှစလေ့လာလိုသူများ ✅ 1 by 1 meeting နဲ့ စာမေးလိုသူများ ✅ Animation & Layout တွေကို Design မှ Code level ကို စနစ်တကျ စဉ်းစား ရေးသားတတ်လိုသူများတွက်ရည်ရွယ်ပါတယ်။💕🫶

အလုပ်ရှာနေတဲ့ Developer များအတွက် အကြံပြုချက်များ 🎯 အလုပ်ရှာဖွေနေတဲ့ ကာလဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်တို့ အတူတူ အကြံဉာဏ်လေးတွေ မျှဝေကြရအောင်။ 💼 CV ကို ဘယ်လိုရေးမလဲ? Project တွေကို Detail ကျကျရေးပါ ❌ "React နဲ့ E-commerce site ရေးဖူးပါတယ်" ✅ "React, Node.js နဲ့ MongoDB သုံးပြီး payment system ပါတဲ့ online shop တစ်ခု ဖန်တီးခဲ့ပါတယ်။ daily active user 100+ ရှိပြီး၊ monthly transaction 1000+ ကို handle နိုင်ခဲ့ပါတယ်" 🚀 Portfolio ပြင်ဆင်နည်း GitHub က code တွေကို သပ်သပ်ရပ်ရပ်ထားပါ README တွေကို အသေးစိတ်ရေးပါ Live demo link တွေ ထည့်ထားပါ Code comment တွေ စနစ်တကុရှိအောင်ထားပါ 💡 Interview မတိုင်ခင် ပြင်ဆင်ရမယ့်အချက်များ Algorithm နဲ့ Data Structure တွေ ပြန်လေ့ကျင့်ပါ System Design ဆိုင်ရာ ဗဟုသုတများ စုဆောင်းထားပါ ကိုယ့်ရဲ့ previous projects တွေအကြောင်း ပြန်လည်သုံးသပ်ထားပါ Company ရဲ့ tech stack ကို ကြိုတင်လေ့လာထားပါ 🎯 အင်တာဗျူးအတွက် Tips များ // ပရော်ဖက်ရှင်နယ်ကျကျ ဖြေပုံ ❌ "ဒီ bug ကို ဘယ်လိုဖြေရှင်းရမှန်း မသိဘူး" ✅ "ဒီ issue ကို ဖြေရှင်းဖို့ အချိန်နည်းနည်းယူရမယ်။ ဒီလို approach တွေနဲ့ စမ်းကြည့်နိုင်တယ်..." 🔍 အလုပ်ရှာဖွေတဲ့နေရာမှာ LinkedIn profile ကို professional ဖြစ်အောင်ထားရပါမယ်။ Tech community တွေမှာ တက်ကြွစွာပါဝင်ပါ။ Networking events တွေတက်ရောက်ပါ။ Developer community တွေမှာ contribute လုပ်ပါ။ Developer တစ်ယောက်အနေနဲ့ အလုပ်ရှာတဲ့ခရီးလမ်းက ရိုးရှင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စနစ်တကျ ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အလမ်းကောင်းတွေ ရရှိမှာ အသေအချာပါပဲ။ 💪 #creative_coder_myanmar

photo content

photo content

Web Development အခြေခံအတန်းလေးလူပြည့်ရန် (၃) ဦးသာလိုပါတော့တယ် 🚀 ဒီနှစ်ကုန်အတန်းမမှီရင် နောက်နှစ်စောင့်ရမှာမို့ Web Development ကိုအခြေခံကနေစပြီး တတ်ကျွမ်းချင်သူတွေအတွက် WDF အတန်းလေးက November (30) ရက်နေ့မှာစတင်တော့မှာဖြစ်ပါတယ်။ အတန်းအပ်ချင်ပါက page messenger ကနေလာရောက်အပ်နှံနိုင်ပါတယ်။ #creative_coder_myanmar

Web Security အကြောင်း သိထားသင့်တဲ့ အရေးကြီး အချက်များ 🔐 ခုခေတ်မှာ Security ဟာ Developer တိုင်းအတွက် မဖြစ်မနေ သိထားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Application တွေကို ဘယ်လို လုံခြုံအောင် ထားမလဲ၊ ဘာတွေ သတိထားရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။ 🎯 SQL Injection ကို ဘယ်လို ကာကွယ်မလဲ Parameterized Queries တွေကိုသာ အသုံးပြုပါ javascript // မှားယွင်းအသုံးပြုပုံ ❌ const query = SELECT * FROM users WHERE id = ${userId}; // မှန်ကန်တဲ့အသုံးပြုပုံ ✅ const query = 'SELECT * FROM users WHERE id = ?'; connection.query(query, [userId]); ORM တွေကို အသုံးပြုခြင်းဖြင့် ပိုမို secure ဖြစ်စေပါတယ် User input တွေကို စစ်ဆေးပြီးမှ database ထဲ ထည့်သွင်းပါ ⚔️ XSS (Cross-Site Scripting) ကာကွယ်နည်းများ HTML entities အဖြစ် encode လုပ်ပါ Content Security Policy (CSP) headers တွေကို သတ်မှတ်ပါ Third-party libraries တွေကို sanitize လုပ်ပါ 💪 CSRF (Cross-Site Request Forgery) ကာကွယ်နည်းများ CSRF tokens တွေကို အသုံးပြုပါ SameSite cookies attribute ကို strict သို့မဟုတ် lax အဖြစ်သတ်မှတ်ပါ app.use(csrf()); // Form ထဲမှာ CSRF token ထည့်သွင်းပုံ <form action="/api/data" method="POST"> <input type="hidden" name="_csrf" value="<%= csrfToken %>"> </form> 🔍 အခြား သတိထားရမယ့် အချက်များ Dependencies တွေကို အမြဲ update လုပ်ထားပါ npm audit ကို ပုံမှန် run ပါ Environment variables တွေကို သေချာကိုင်တွယ်ပါ File upload လုပ်ငန်းစဉ်တွေကို သေချာ validate လုပ်ပါ 📝 စဉ်ဆက်မပြတ် လုပ်ဆောင်သင့်တာတွေကတော့ Code review လုပ်တဲ့အခါ security ကို ဦးစားပေးစစ်ဆေးပါ Security testing tools တွေကို CI/CD pipeline မှာ ထည့်သွင်းပါ Log files တွေကို သေချာ monitor လုပ်ပါ Security incidents တွေကို မှတ်တမ်းတင်ပြီး သင်ခန်းစာယူပါ Security ဆိုတာ တစ်ခါလုပ်ပြီး ပြီးသွားတဲ့ အရာမဟုတ်ပါဘူး။ စဉ်ဆက်မပြတ် လေ့လာနေရမယ့် process တစ်ခုဖြစ်ပါတယ်။ Security practices တွေကို project စတင်တည်ဆောက်တဲ့ အချိန်ကတည်းက ထည့်သွင်းစဉ်းစားပါ။ မိမိရဲ့ application က user တွေအတွက် လုံခြုံစိတ်ချရတဲ့ platform တစ်ခုဖြစ်စေဖို့ အမြဲ ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒီ security practices တွေကို လက်တွေ့ project တွေမှာ စတင်အသုံးချကြည့်ပါ။ Developer တို့ရဲ့ code တွေ ပိုမို secure ဖြစ်လာတာကို တွေ့ရမှာပါ! 💪 #WebSecurity #BestPractices #WebDevelopment #CyberSecurity #creative_coder_myanmar

photo content
+3

photo content
+1

Laravel Project တွေကို Server ပေါ်တင်ချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေသူတွေအတွက် "Laravel Deployment From Scratch" Course လေးကို မိတ်ဆက်ပေးချင်ပါတယ်။ 💰 သင်တန်းကြေး - ၅၀,၀၀၀ ကျပ် ✨ ဘာတွေသင်မှာလဲ? Server နဲ့ Domain တွေ ကိုယ်တိုင် ဝယ်တတ်အောင် LEMP Stack (Linux, Nginx, MySQL, PHP) setup လုပ်နည်း Laravel Project တွေကို Production မှာ Professional ပုံစံ deploy လုပ်နည်း Queue & Supervisor setup ကနေစပြီး Cron Jobs အထိ 👨‍🏫 သင်ကြားပေးမယ့်သူ Sir Hlaing Min Than 💡 ဘယ်သူတွေတက်သင့်လဲ? Server အကြောင်း လုံးဝမသိသေးတဲ့သူတွေ Real World Deployment အတွေ့အကြုံ မရှိသေးတဲ့သူတွေ PHP Laravel နဲ့ အနည်းငယ် ရင်းနှီးပြီးသားသူတွေ (Laravel မတတ်သေးရင်လည်း Pure HTML/CSS deploy လုပ်နည်းကို သိသွားမှာပါ) အခြေခံကစပြီး တစ်ဆင့်ချင်း သေချာရှင်းပြပေးမှာပါ Server, Domain ဝယ်ယူတာကနေ Database, HTTPS setup အထိ အကုန်လုံး cover လုပ်ထားပါတယ် Real Project example နဲ့ လက်တွေ့ လိုက်လုပ်ရမှာပါ production level deployment လုပ်နည်းကို professional standard နဲ့အညီ သိသွားမှာပါ 📚 Chapter တွေကတော့: Project Setup & Droplets Nginx Server Configuration Domain Setup Queue & Supervisor Setup Crons and Scheduling တစ်သက်လုံး အသုံးဝင်မယ့် Deployment Skill တွေကို ၅သောင်းတည်းနဲ့ ရယူနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့! Course ဝယ်ယူဖို့ နဲ့ အသေးစိတ်သိချင်ရင် creativecodermm.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ # creative_coder_myanmar

photo content

MERN Stack သင်ယူဖို့အတွက် အကောင်းဆုံး YouTube Channel (၃)ခု MERN Stack လေ့လာဖို့ အကောင်း‌ဆုံး YouTube channel တွေကိုဖော်ပြပေးလိုက်ပါတယ်။ 📝Traversy Media Brad Traversy ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ် သင်ပေးတဲ့ channel တစ်ခုပါ။ Concept တွေကို အခြေခံကနေ နက်နက်နဲနဲ ရှင်းပြပေးပါတယ်။ Project လေးတွေ တကယ်လက်တွေ့ လုပ်ပြီး သင်ပေးတာမို့ လိုက်လုပ်ရတာ လွယ်ကူပါတယ်။ MERN Stack နဲ့ အပြည့်အစုံ Project တွေ လုပ်ပြထားတာမို့ လေ့လာရတာ အဆင်ပြေပါတယ်။ နောက်ဆုံးထွက် features တွေနဲ့ version တွေကို update လုပ်ပြီး သင်ပေးပါတယ်။ ကြည့်သင့်တဲ့ Playlist တွေကတော့ MERN Stack Front To Back React Crash Course Node.js API Masterclass Channel Link >> https://www.youtube.com/traversymedia 📝JavaScript Mastery Adrian Hajdin ရဲ့ channel ဖြစ်ပြီး modern JavaScript နဲ့ MERN stack project တွေကို အထူးပြုသင်ကြားပေးတဲ့ channel ပါ။Code တွေကို step-by-step ရှင်းပြပေးတာမို့ လိုက်လုပ်ရလွယ်ကူပါတယ်။ Project တွေရဲ့ Design ပိုင်းကိုပါ အလေးထား သင်ကြားပေးပါတယ်။ Project တွေရဲ့ source code ကိုလည်း GitHub မှာ share ထားပေးပါတယ် Playlist တွေကတော့ Build and Deploy Full Stack MERN Applications Modern React Tutorials Advanced MERN Stack Projects Channel Link >> https://www.youtube.com/@javascriptmastery 📝Net Ninja Shaun Pelling ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ course တွေကို စနစ်တကျ သင်ကြားပေးပါတယ်။ Video တွေက ၁၀-၁၅ မိနစ်လောက်စီပဲ ကြာပြီး point ကျကျ ရှင်းပြပေးပါတယ်။ React, Node.js, MongoDB စတာတွေကို သီးခြားစီ လေ့လာနိုင်ပါတယ်။ အကောင်းဆုံး playlist တွေကတော့ MERN Stack Crash Course Complete React Tutorial Node.js Crash Course Channel Link >> https://www.youtube.com/@NetNinja #MERN

photo content
+3

photo content

Creative Coder Myanmar - إحصائيات وتحليلات قناة تيليجرام @creativecodermm