တပ်သားလေး ဖိုးထောင် 🇲🇲🪖
الذهاب إلى القناة على Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
إظهار المزيد8 297
المشتركون
لا توجد بيانات24 ساعات
-417 أيام
-16630 أيام
أرشيف المشاركات
မြစ်ကြီးနားလေဆိပ်ကို အကြမ်းဖက် KIA အဖွဲ့မှ အသေခံဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်ထားပါတယ်။
လေယာဉ်တွေ ထိလာပါပြီ။ စစ်ဖက်လေယာဉ်ရှိရင် စစ်လေယာဉ်ထိမှာပါ။
အကြိမ်ကြိမ် ဖြစ်နေပြီမို့လို့ နယ်မြေရှင်းဖို့လိုပါပြီ။
စစ်သတင်းကဏ္ဍ
တပ်သားလေးဖိုးထောင်
ဗိုလ်နဂါး + ဒုခေါင်းဆောင် + ၄
လောလောဆယ် BNRA ၆ ဦး အိတ်ကပ်ထဲရောက်ပြီ။
စုစုပေါင်း BNRA အင်အား ထောင်ဂဏန်းနဲ့ ယှဉ်ရင် အတော်နည်းသေးတယ်။ NUG ဖက်က ထုတ်ပြန်ချက်တွေအရတော့ သူတို့ဖက် ရာဂဏန်းရောက်နေပြီ။
ပုလဲကို ထိုးစစ်အမြန်စပြီး လက်ကျန်လူတွေ ကယ်ထုတ်ဖို့လိုနေပါပြီ။ တပ်ဦးထိပ် ဗိုလ်နဂါးကိုထားပြီး အလင်းဝင်ဖို့ဖိတ်ခေါ်ပါ။
နမခထဲက အလင်းလာဝင်တာထိုင်စောင့်နေရင်တော့ ကျန် BNRA အကုန် NUG ကောက်စားသွားပါမယ်။
အလင်းဝင်ကဏ္ဍ
တပ်သားလေးဖိုးထောင်
PNLA ဌာနချုပ်တည်ရှိရာ မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာကို PNO/PNA သိမ်းပိုက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့ရဲ့ ဌာနချုပ်တည်ရှိရာ ဗန်းမက်ကျေးရွာကို သိမ်းပိုက်လိုက်ပြီလို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) က သတင်းထုတ်ပြန်ထားပါတယ်။
မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာမှာရှိတဲ့ PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်တယ်လို့ PNO က ဖေဖော်ဝါရီလ (၁၂)ရက်မှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝင်ရောက်လာတဲ့ ဒေသခံ တိုင်းရင်းသားတွေကို PNO အနေနဲ့ ဆေးကုသမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လို့လည်း PNO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ပြီး တပ်မတော်၊ PNA ပူးပေါင်းတပ်တို့က (PNLA) ဌာနချုပ်ရှိတဲ့ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဟံးဗွာကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
#News
တပ်သားလေးဖိုးထောင်
Repost from Thazin Oo 🇲🇲
ယင်းမာပင် ၊ ဝင်းကုန်းမှာရှိတဲ့ ဗိုလ်နဂါးတပည့်ရင်း BNRA တပ်ရင်း ၃ က " မျက်လုံး" နဲ့ တပည့်တွေ ညက NUG လက်အောက်ခံ ယင်းမာပင်တပ်ရင်း တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။
မျက်လုံး ကတော့ အခုထိ လွှတ်မြောက်နေပေမယ့် ညက တပည့်တွေ အားလုံးနီးပါး အဖမ်းခံလိုက်ရတာလို့ သိရှိရပါတယ်။
တပ်မတော်ရဲ့ တကောင်းထိုးစစ်က
တော်တော်လေး အရှိန်ရနေပြီ လို့ပြောရမယ် ။
ဒီနေ့
ရှားတော ဒေါင်းပုန်း ဗနွဲ့ (၃)ရွာကို သိမ်းလိုက်ပြီး ပရုတ်လုံးတွေ
၁၀ လောင်း ၉ လက်သိမ်းနိုင်ခဲ့တယ် ။
မကြာဘူး
ပေါက်တပင် နဲ့ ဝါးရုံကုန်းက
ပရုတ်လုံးသိုက်ကို သိမ်းပါလိမ့်မယ် ။
ကက (လေ) က
မြစ်ကြောင်းတလျှောက်ကို ထောက်ထားနိုင်ရင် ပရုတ်လုံးတွေ
အုံလိုက်ကျင်းလိုက် သေကြလိမ့်မယ်။
Critical Point က
လက်တကမ်းရောက်နေပါပြီ
ပရုတ်လုံးတွေ လက်နက်ချရင်
အချိန်မီသေးတယ် ၊
ဆက်မိုက်ရင်တော့
ခွေးသေ ဝက်သေ သေကြဦးမှာပဲ
တကောင်းလမ်းကြောင်းမှာ
ခံစစ်ပြင်နေတဲ့ နေရာတွေကိုလဲ
ချိတ်ဆက်တင်ပြပြီးမို့လို့
Do or Die ရွေးကြပေတော့
#UNION_Politics_News
တပ်သားလေးဖိုးထောင်
အိမ်က တူမလေးက လာပြောတယ်။ ဦးဦးဖိုးထောင်ရေ သမီးဖုန်း သိပ်မကောင်းတော့လို့ အသစ်တစ်လုံးဝယ်ပေးပါလားတဲ့။
ဒီနေ့ စိတ်ကြည်နေလို့ ၂ လုံး အပိုင်ပေးမယ် ပြောလိုက်တယ်။
တူမလေး ပျော်သွားပြီး ဘာဖုန်းပေးမှာလဲတဲ့။
နဂါး ဆိုတော့ ၇၂ ဂဏန်း ၂လုံး အပိုင်သာ ထိုးလို့
တပ်သားလေးဖိုးထောင်
နဂါးကောင် အပိုးမကျိုးသေးဘူး
ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျမယ်။
ဓာတ်ပုံရိုက် ၊အမြန်ပို့ အခုချက်ချင်းဆိုတာတွေလဲရှိတယ်
အပေါ်ကပုံကိုသေချာကြည့်။
နဂါးရဲ့ခါးမှာအတိုချိပ်ထားတယ်။
ကျည်တွေလဲရှိတယ်။
အဲလောက်မညံ့ကြပါနဲဗျာတို့ရေ။
1by1 ခေါ်သွားမယ်ဆိုတဲ့ စိတ် သာရှိရင် နဂါးက နှစ်ယောက်လောက် အတူခေါ်သွားလိမ့်မယ်။
ခွန်ဆာကြီးလက်နက်ချတုန်းက
တိုင်းမှူး ဗခတင်ထွတ်ထံကို သူ့ရဲ့နှစ်လုံးပြူးကြီးပေးအပ်တုန်းက
ခါးမှာ အတိုချိပ်မထားဘူး။
အရင်ဖြုတ်ခိုင်း ပြီးမှ ဓာတ်ပုံရိုက်တာ။
Bo Lushoke
အရေးကြီးပါတယ်။
ကိုနဂါးအလင်းဝင်တာ မိသားစုနဲ့ပဲ ဖြစ်ပါတယ်။ ကျန်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ဖို့အတွက် ပုလဲနယ်ကို ထိုးစစ်အမြန် စသင့်ပါတယ်။
မိမိဖက်က နယ်မြေစိုးမိုးမှုနောက်ကျရင် NUG ထဲကို ရောက်သွားနိုင်ပါတယ်။ BNRA တပ်ဖွဲ့အင်အား မသေးပါ။ ထိုတပ်ဖွဲ့တွေအားလုံး NUG အောက်ရောက်သွားရင် ပုလဲနယ်ကို ထိန်းချုပ်ဖို့ ပိုခက်ခဲပါလိမ့်မယ်။
တပ်သားလေးဖိုးထောင်
နဂါးမှ တီကောင်၊ တီကောင်မှ သံကောင်ဖြစ်
တပ်မတော်မှ သံချလိုက်ပြီ
တပ်သားလေးဖိုးထောင်
နဂါးကို အလင်းဝင်ဖို့ ဖိတ်ခေါ်နေကြတယ်။
အလင်းဝင်လို့ရပါတယ်။ အလင်းဝင်ရင် နိုဝင်ဘာ ၂၀၂၄ တုန်းက ပုလဲမြို့ကို ဝင်စီးချိန် အရာရှိ၊ စစ်သည်များကို သတ်ဖြတ်အောင်ပွဲခံခဲ့တာတွေကိုတော့ တာဝန်ခံရပါမယ်။
တပ်မတော်ကို ပုန်ကန်၊ အချိန်တန်အပစ်ရပ်ပြီး၊ ပုလဲ BGF ဗိုလ်မှူးကြီးနဂါး ဖြစ်လာမှာမျိုး လက်မခံနိုင်ပါ။ ဘယ်သူပုန်မှ ယုံမရတာ စောချစ်သူနဲ့တင် လုံလောက်ပါပြီ။
ချွင်းချက်မရှိလက်နက်ချပြီး ပစ်မှုတွေတာဝန်ခံနိုင်မှ အလင်းဝင်လက်ခံပါမယ်။
တပ်သားလေးဖိုးထောင်
ပုလဲနယ်မှာ NUG နဲ့ နဂါးတို့ တိုက်ပွဲဖြစ်နေတဲ့အပေါ် တပ်မတော် အနေနဲ့ ဘယ်လိုအမြတ်ထုတ်သင့်လဲ။
မြင်ရကြားရသလောက် နဂါးတော့ အခြေအနေမကောင်းဘူး။
တပ်မတော်အနေနဲ့ နဂါးဖက်က ကူညီပေးရင် BNRA ရော သာ့ပါတီ တစ်ဖွဲ့လုံးရော တပ်မတော်ဖက်ရောက်လာနိုင်တယ်။
ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပါပဲ။
တပ်သားလေးဖိုးထောင်
အမေရိကန် အနေနဲ့ အီရန်ကို စစ်ပွဲစတင်တိုက်ခိုက်မယ် ထင်ပါသလား
အီရန်အတွက် "အားအကိုးရဆုံး" က ဘယ်သူလဲ???
🧿 အစစ်အမှန် စစ်ရေးအကာအကွယ်အတွက် "ရုရှား" (အားအကိုးရဆုံး)...
စစ်ပွဲတကယ်ဖြစ်လာရင် အီရန်အတွက် ရုရှား က အားကိုးရဆုံး ဖြစ်ပါလိမ့်မယ်။
💈 အကြောင်းရင်း: ရုရှားမှာ အမေရိကန်ရဲ့ ကိုယ်ပျောက်တိုက်လေယာဉ် (Stealth Jets) တွေနဲ့ ဒုံးကျည်တွေကို ပြန်တိုက်နိုင်တဲ့ အဆင့်မြင့်ဆုံး လေကြောင်းရန်ကာကွယ်ရေး (S-400) နည်းပညာရှိပါတယ်။
💈 ၂၀၂၆ အခြေအနေ: ရုရှားက အီရန်ကို Jam Jam 1 ဂြိုဟ်တုနဲ့ "မျက်စိ" တပ်ပေးထားသလို၊ အီရန်လေပိုင်နက်ကို ကာကွယ်ဖို့ နည်းပညာရှင်တွေကိုပါ လွှတ်ထားပေးနိုင်ပါတယ်။ ရုရှားသာမရှိရင် အီရန်ရဲ့ လေကြောင်းကာကွယ်ရေးက အမေရိကန်ကို ယှဉ်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။
🇨🇳 ရေရှည်ရှင်သန်ရေးအတွက် "တရုတ်" (မရှိမဖြစ်)...
စစ်ပွဲက ရက်ရှည်သွားမယ်ဆိုရင်တော့ တရုတ် က အားကိုးရဆုံးပါ။
💈 အကြောင်းရင်း: တရုတ်က အီရန်ရဲ့ "ပိုက်ဆံအိတ်" ပါပဲ။ ရေနံတွေကို ဆက်ဝယ်ပေးနေသရွေ့ အီရန်မှာ စစ်စရိတ်ရှိနေပါလိမ့်မယ်။
💈 နည်းပညာ: အီရန်ရဲ့ ဒုံးကျည်တွေမှာသုံးတဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်း အများစုက တရုတ်ဆီက လာတာပါ။ တရုတ်ကသာ လမ်းကြောင်းပိတ်လိုက်ရင် အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်မှု ရပ်ဆိုင်းသွားနိုင်ပါတယ်။
🛡️ အန္တရာယ်အရှိဆုံး ဖဲချပ်အတွက် "မြောက်ကိုရီးယား" (လျှို့ဝှက်လက်နက်)...
မြောက်ကိုရီးယားကတော့ အီရန်အတွက် "နောက်ဆုံးထွက်ပေါက်" ပါ။
💈 အကြောင်းရင်း: အကယ်၍ အီရန်ဟာ အရေးနိမ့်တော့မယ့် အခြေအနေရောက်ရင် မြောက်ကိုရီးယားဆီကနေ အဆင်သင့်ဖြစ်နေတဲ့ နျူကလီးယား နည်းပညာ ဒါမှမဟုတ် ထိပ်ဖူးတွေကို လျှို့ဝှက်ရယူဖို့ ကြိုးစားပါလိမ့်မယ်။ ဒါက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါ။
💡 My Best Guess...
အီရန်အတွက် "အားအကိုးရဆုံး ဗျူဟာမြောက် မိတ်ဆွေ" ကို ရွေးပါဆိုရင် ကျွန်တော် "ရုရှား" ကိုပဲ ရွေးပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့...
၁။ ရုရှားနဲ့ အီရန်ဟာ ယူကရိန်းစစ်ပွဲကတည်းက "အသက်ပေး" မိတ်ဆွေတွေ ဖြစ်လာခဲ့လို့ပါ။
၂။ အမေရိကန်ကို အာကာသထဲကနေ တန်ပြန်နိုင်တဲ့ နည်းပညာ (Satellite/Electronic Warfare) က ရုရှားဆီမှာပဲ ရှိလို့ပါ။
၃။ ရုရှားသမ္မတ ပူတင်ဟာ အနောက်အုပ်စုကို တန်ပြန်ဖို့အတွက် အီရန်ကို "ခံတပ်" အဖြစ် အပြည့်အဝ အသုံးချမှာ ဖြစ်လို့ပါ။
ဒါပေမဲ့ သတိထားရမှာက - ဒီနိုင်ငံတွေအားလုံးဟာ အီရန်ကို ချစ်လို့ ကူညီနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား (အမေရိကန်ကို အားနည်းစေချင်တာ) ကြောင့်သာ ကူညီနေတာဖြစ်ပါတယ်။ တကယ်လို့ သူတို့ကိုယ်တိုင် အန္တရာယ်ဖြစ်လာမယ့် အခြေအနေမျိုးဆိုရင်တော့ တွန့်ဆုတ်သွားနိုင်ပါတယ်။
"နိုင်ငံတကာ ဆက်ဆံရေးမှာ ထာဝရမိတ်ဆွေဆိုတာ မရှိဘူး၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်" ဆိုတဲ့ စကားအတိုင်းပါပဲ။
.
🍄 MKS 🍄
တပ်သားလေးဖိုးထောင်
ကွတ်ခိုင်ရှိ MNDAA အား TNLA ဖယ်ရှား
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်တွင် တပ်စွဲထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)အား ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ညတွင် စီးနင်း ဖယ်ရှားခဲ့ကြောင်းနှင့် မြို့ခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိပ်နေကြောင်း သိရသည်။
TNLA အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ကွတ်ခိုင်မြို့ပေါ်ရှိ နေရာ ၅ ခု ထပ်မနည်းတွင် ကိုးကန့်တပ်က စောင့်ကြည့်ရေး CCTV တပ်ဆင်ခဲ့ရာမှ တင်းမာမှုဖြစ်ပွားခဲ့ပြီး MNDAA ၀င်ရောက်တပ်စွဲထားသည့် ကွတ်ခိုင် ပန်းခြံစျေး၊ ပြည်ထောင်စုခန်းမ၊ မိခင်နှင့်ကလေးရုံး၊ ဆောက်လုပ်ရေးရုံး၊ စိုက်ပျိုးရေးရုံး၊ အမှတ် (၃၊၅၊၆) ရပ်ကွက်ရုံးတို့ရှိ တပ်ဖွဲ့၀င် (၁၀၀)ခန့်အား မြို့ပြင်ရှိ နွားခြံသို့ TNLA ကားများဖြင့် ပို့ဆောင် ဖယ်ရှားခဲ့ကြောင်း သိရသည်။
ထို စီးနင်းမှုတွင် နှစ်ဖက်တပ်ဖွဲ့၀င်များအကြား အချင်းများကာ ထိုးကြိတ်သေနတ်ပစ်ခတ်မှုဖြစ်ခဲ့၍ နှစ်ဖက် ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု မရှိခဲ့ကြောင်း မြို့ခံ အမျိုးသားတဦးက ဧရာ၀တီသို့ ပြောသည်။
၄င်းက “ ည မိုးချုပ်ကတည်းက တအာင်းတပ်တွေ CCTVတွေကို လိုက်ဖြုတ်ပြီး ကိုးကန့်တပ်စွဲတဲ့နေရာအနီးမှာ စုဝေးနေကြတယ်။ ဆွေးနွေးပြောဆိုတဲ့ အဆင့်ဘဲရှိသေးတော့ ဘာမှမဖြစ်သေးဘူး။ ည ၁၁ နာရီဝန်းကျင်လောက်တော့ အချင်းချင်း ဆူညံပြီး ရန်ဖြစ်ကြတယ်။ သေနတ်သံလည်း ၁၅ ချက်လောက် ထွက်ပေါ်လာတယ်။ ကိုးကန့်တပ်က တအာင်းရဲတပ်ဖွဲ့ ၀င်တဦးကို အရင်စပစ်တော့ ခြေတောက်မှန်သွားတယ်“ ဟု ပြောသည်။
ယနေ့ နံနက်တွင် MNDAAတပ်စွဲရာ နေရာအားလုံးတွင် TNLAမှ ၀င်ရောက်တပ်စွဲထားသည်ကို မြင်တွေ့ရပြီး မြို့ အ၀င် လုံခြုံရေးတင်းကျပ်ထားကြောင်းနှင့် ကိုးကန့်တပ်များ မြို့ပြင်ရှိ နွားခြံ၊ သိန္နီမြို့တို့တွင် အင်အားစုစည်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထို့အတူ MNDAAမှ ကွတ်ခိုင်-သိန္နီ ပြည်ထောင်စုလမ်းပိုင်းပေါ်ရှိ မန်ပြိန်းကျေးရွာတွင် အင်အား ၅၀ ကျော်ဖြင့် လမ်းမပေါ်ထွက်ကာ တအာင်းလူမျိုးများအား ဦးတည်၍ ယာဉ် စစ်ဆေးနေပြီး TNLAတပ်ဖွဲ့၀င်ဖြစ်ပါက လမ်းအသုံးပြုခွင့် မပြုတော့ကြောင်း ဒေသခံယာဉ်မောင်းတဦးက ဆိုသည်။
လတ်တလော မြို့ပေါ်တွင် စျေးနှင့် ဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ကာ ဒေသခံများ ပုံမှန်သွားလာလှုပ်ရှားနေကြသော်လည်း MNDAAတပ်များ ပြန်လည်၀င်ရောက်လာကာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း မြို့ခံအမျိုးသမီးတဦးက ဧရာ၀တီသို့ ပြောသည်။
ကွတ်ခိုင်မြို့ပေါ်တွင် မဟာမိတ် MNDAAနှင့် ပွတ်တိုက်မှုဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယနေ့နံနက်တွင် နှစ်ဖက် ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း TNLA၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာ၀တီသို့ မွန်းလွဲပိုင်းတွင် ပြောသည်။
၄င်းက “ လောလောဆယ်မှာ အငြင်းပွားမှုတွေ ဆက်ပြီး မကြီးထွားဖို့ တဖက်နဲ့ တဖက် အောက်ခြေရဲဘော်တွေကို ထိန်းသိမ်းကြဖို့ သဘောတူဆွေးနွေးနေကြပါတယ်။ ဒီအငြင်းပွားမှုတွေ ပွတ်တိုက်မှုတွေက ငြိမ်သက်သွားမှာဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ ဒီအပေါ်မှု စိုးရိမ်စရာ မရှိပါဘူး။ အခြေနေ တင်းမာမှုမျိုး မရောက်ရှိပါဘူး။ တဖက်နဲ့ တဖက် ထိန်းသိမ်းပြီး ဆောင်ရွက်နေတဲ့ အခြေနေမျိုးဖြစ်ပါတယ်” ဟု ပြောသည်။
ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမအပိုင်း ၂၀၂၄ ဇန်နဝါရီလ ၄ ရက်နေ့တွင် TNLAက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး တပတ်အကြာတွင် MNDAAတပ်များဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းတို့တွင် ၀င်ရောက် တပ်စွဲခဲ့ခြင်းကြောင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့သော်လည်း တပ်စွဲလှုပ်ရှားခွင့်ပြုခဲ့ပြီး အုပ်ချုပ်ရေး မဖော်ဆောင်ရန် နားလည်မှု ရယူခဲ့သည်။
အလားတူ ကွတ်ခိုင်မြို့ပေါ်တွင် ၀င်ရောက်တပ်စွဲခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်း နှစ်ခုအား တနှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် နှစ်လယ်တွင် TNLAက စီးနင်းဖယ်ရှားခဲ့သည်။
ဧရာဝတီ
တပ်သားလေးဖိုးထောင်
+1
ဗန်းမောက်မြို့ ဇလုံတောင်
ရှေ့နှစ်ဘုရားဖူးထွက်ပါမယ်။
တပ်သားလေးဖိုးထောင်
လွိုင်ကော်မြို့နဲ့ မိုင်(၈၀) ကျော်အကွာ
ဖားဆောင်းမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်တော့မည်။
===========================
ရက်စွဲ။ ။၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်။
ကယားပြည်နယ်၊ မြို့တော် လွိုင်ကော်မြို့နဲ့
မိုင်(၈၀) အကွာ ဖားဆောင်းမြို့အား မြန်မာ့တပ်မတော်မှ မကြာခင်ရက်ပိုင်းအတွင်း အလုံးစုံထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဖားဆောင်မြို့အခြေစိုက် ခလရ-၁၃၅ တပ်ရင်းကို စစ်ကူသွားတဲ့ စစ်ကြောင်းက
ဖားဆောင်းမြို့ အနီးနားအထိ ရောက်ရှိသွားပါပြီ၊ စစ်ကြောင်းက ခလရ-၁၃၅ နဲ့ ပူးပေါင်းသွားမှာကို ကြောက်နေတဲ့ အတွက် KNPP ၊ KNDF၊ KNPLF၊ KPLA. အကြမ်းဖက်တပ်တွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်မှာ နန်းကစ်ရွာ ပါပု ကျေးရွာအနီးက ငှက်ပျောတော့နေရာမှာ အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
တပ်မတော်နဲ့ အကြမ်းဖက်တပ်ပေါင်းစု တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် Jet Fighter နဲ့ ဗုံးကြဲရှင်းလင်းခဲ့ပါတယ် မနက်ပိုင်း ၉ နာရီ တကြိမ် နေ့လယ် ၁ နာရီတကြိမ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
"Jet Fighter ဖြင့် ဗုံးကြဲရှင်းလင်းခဲ့ပြီးနောက် အကြမ်းဖက်တပ်ပေါင်းစုအဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု များတဲ့အတွက် တိုက်ပွဲ ငြိမ်သက်သွားပြီး ညနေပိုင်းမှာ အလောင်းတွေ ခက်ခက် ခဲခဲ သယ်ထုတ်သွားကြတယ်"လို့ UAV မှတ်တမ်း အရ
သိရပါတယ်။
အကြမ်းဖက် ကရင်နီတပ်တွေ မရှု မလှ စစ်ရှုံးသွားတဲ့ အတွက် ဖားဆောင်းမြို့နယ် သံလွင်မြစ်ကူးတံတားကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပြီလို့
သိရတယ်။
ကရင်နီတပ်ဖွဲ့တွေက တပ်မတော်ရဲ့ ထိုးစစ်ကို တောင့်ခံနိုင်ခြင်းမရှိတဲ့အတွက် ကယားပြည်နယ်အတွင်းက မြို့တွေ တမြို့ ပြီး တမြို့ လက်လွတ်ပေးနေရပါပြီ အကြမ်းဖက် ကရင်နီတပ်တွေဟာ Ai နဲ့
လေလိုင်းပေါ်မှာတော့ စစ်နိုင်နေပေမဲ့ တကယ့် မြေပြင်မှာက စစ်ရှုံးနေပါပြီ၊
အဆိုပါဖြစ်စဥ်တွေကိုကြည့်ခြင်းအားဖြင့်ကရင်နီတပ်ပေါင်းစုတွေ စစ် ရှုံးနေပြီ ဆိုတာ သေချာတယ်။
#ShanGyi
တပ်သားလေးဖိုးထောင်
မကြာခင် အီရန်စစ်ပွဲမှာအစမ်းသပ်ခံရတော့မယ့် တရုတ်ရဲ့ နောက်ဆုံးပေါ် လေကာစနစ်များကို
အီရန်မြေပေါ်မှာ ၄အုပ်စုနှင့် ဖြန့်ကျက်နေရာ ယူပြီးဖြစ်ပါတယ်။
ဗင်နီဇွဲလားသမ္မတကို
အမေရိကန်က ဖမ်းဆီးတဲ့စစ်ဆင်ရေးမှာ အမေရိကန်
ရဲ့တိုက်လေယာဥ် + ရဟတ်ယာဥ် စုစုပေါင်း ၁၅၀ ကျော်
ကို ရုရှားရဲ့လေကာစနစ်များက ၁ စီးတစ်လေမျှအာရုံမခံနိူင်ပဲ မပစ်ချနိူင်ဖြစ်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုအီရန်-အမေရိကန်
၂ နိုင်ငံစစ်ရေးတင်းမာနေတဲ့အချိန်မှာ တရုတ်ရဲ့လေကာစနစ်များကို အီရန်ဆီ လေကြောင်းနှင့် ၁၂ ခေါက်ပို့ပေးခဲ့ပါတယ်။ တကယ်တော့ ပြည်ပနိုင်ငံဆီက ဝယ်ယူမယ့် လေကာစနစ်ကို ကိုင်သွယ်တတ်ဖို့ လပေါင်းများစွာ သင်တန်းပေးရပါတယ်။ ဆိုလိုချင်တာက အီရန်ရဲ့ လေကာစနစ်များကို ကျွမ်းကျင်တဲ့တရုတ် စစ်သား
များက ကိုင်သွယ်မှရမှာမို့ စစ်ပွဲကနောက်ဆုံး တရုတ်ပြည်ကြီးဆီဦးတည်လာမှာ မလွဲပါ။
Crd
တပ်သားလေးဖိုးထောင်
ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့် (သို့မဟုတ်) ဗိုလ်ကြီး ရဲမျိုးသူ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဗိုလ်ကြီး ရဲမျိုးသူဟာ ဖိအားတွေ များတာကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့က နမခအတွင်းရှိ ၎င်းရဲ့ အခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားခဲ့ပါတယ်။
ဗိုလ်ကြီး ရဲမျိုးသူဟာ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ရာမှာ ဗိုလ်လောင်းဘဝကတည်းက အထက်ကပေးအပ်တဲ့ တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်တတ်တဲ့ အရာရှိကောင်းတစ်ဦးဖြစ်ပြီး အခုလို စစ်သည်ကောင်း အရာရှိကောင်းတွေ ဆုံးရှုံးရတာဟာ တပ်မတော်အတွက် အလွန်နစ်နာပါတယ်။
မတရား အမိန့်တွေနဲ့ ခိုင်းစေခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သေချာစွာ စစ်ဆေးပြီး အပြစ်ရှိသူတွေကို အရေးယူ ဆောင်ရွက်ဖို့ တိုက်တွန်း တောင်းဆိုပါတယ်။
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
