ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

الذهاب إلى القناة على Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

إظهار المزيد
7 655
المشتركون
لا توجد بيانات24 ساعات
-327 أيام
-13330 أيام
أرشيف المشاركات
ခံစစ်နဲ့ပဲ ဒီအတိုင်း ဆက်ပြီး လုံးပါးပါး ခံမလား.. တိုက်စစ်ဆင်ဖို့ အင်အား၃ဆ ထုတ်နှုတ်စုဖွဲ့ ဖို့ ခက်နေတာလား.. လာမည့်နှစ်မှာ ရွေးကောက်ပွဲကလည်း လုပ်ချင်နေသေးတယ်ဆိုလို့ပါ ။ ရခိုင်မှာလည်း ၆မြို့ပဲ ကျန်တော့တယ် ၊ စဥ့်ကူး မတ္တရာနားလည်း အခြေမခိုင် ၊ ရှမ်းမြောက်တခွင်လည်း ကုန်သလောက် ၊ ဆုံးဖြတ်ချက် delay action နဲ့တော့ တစ်နေ့တခြား နယ်မြေကျုံ့လာတာက အားလုံးမျက်မြင်ပါပဲ ။ ပြည်သက်ညွှန့် 19.Jul.2024;Fri https://t.me/privatephoehtaung

လားရှိုးတစ်မြို့လုံး အကြီးအသေးသံတွေဆူညံနေပြီ။ ၄၁ ကို လဲဝင်လုံးနေကြပြီ။ အကြမ်းဖက်သမားတွေမြို့ကိုစီးနင်းသိမ်းပိုက်ဖို့လုပ်နေပါတယ်။ တောင့်ခံထားကြ နေဝန်းနီမင်းသားတွေ။ တရားသောစစ် အောင်ကိုအောင်မှာပါ။ https://t.me/privatephoehtaung

ချောင်းကြီး.ရဲစခန်းကျရင် လူကြီးတွေ အသုံးမကျလို့။ အခု လုံးထွေးနေ။

လက်ပြတ် အယ်စေးဝါး ဉီးဆောင်သည့် အစည်းအဝေး ဗုံးကျဲခံရသဖြင့် ၂၀ ကျော် ဒဏ်ရာရ ============== ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီကျော်တွင် ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်တွင် အကြမ်းဖက် KNLA အဖွဲ့၊ Lion Battalion စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းမှ ခေါင်းဆောင်များ အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း ပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံအပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။ Lion Battalion စစ်ကြောင်းမှူး လက်ပြတ် အယ်စေးဝါး ဉီးဆောင်ပြီး KNLA၊ ဂဠုန်၊ ကျားဖြူစစ်ကြောင်း ကိုယ်စားလှယ်များအား အစည်းအဝေးတက်ရန် ဖိတ်ကြားခဲ့သော်လည်း သူကိုယ်တိုင်က အစည်းအဝေးနောက်ကျသည့်တွက် လွတ်သွားပြီး ကျန်လူအများအပြား ဒဏ်ရာရသည့်အပေါ် လက်ပြတ် အယ်စေးဝါးအား မကြေမနပ် ဖြစ်နေကြကြောင်းလည်း သိရသည်။ အယ်စေးဝါး အကြောင်းပြသည့် ' လမ်းမှာ အလုပ်ကိစ္စတစ်ခုပေါ်လာလို့ ' ဆိုတဲ့ အကြောင်းပြချက်က လက်ခံနိုင်စရာမရှိ..😂😂 KNLA ၊ ဂဠုန်၊ ကျားဖြူ အဖွဲ့များနဲ့ လက်ပြတ်ရဲ့ ပွတ်တိုက်မှုကတော့ စလာတော့မည်..😁😁 အိမ်ကြက်ချင်းခွတ် ပန်းတော့မှ အသာလေးကောက်စားပြီး ကာလသားချက် ချက်လိုက်ရုံပဲ.😁 လက်ပြတ်ကတော့ တကယ့်ကောင်ပါ..အစည်းအဝေးဖိတ် သူကျတော့နောက်ကျ... ဒါခေါင်းဆောင်တစ်ယောက် လုပ်ရပ်လား.. ကြည့်ရတာ သူကိုယ်တိုင်က သတင်းပေးလိုက်ပုံရတယ်.. နေရာအတိအကျနဲ့ ပေးတာဆိုတော့..စဉ်းစားစရာပဲ.. KNLA ဘက်ကကောင်တွေတော့ စဉ်းစားသင့်နေပြီ.. လက်ပြတ်က ယုံရ မယုံရဆိုတာ.. ဒီလိုကောင်ခေါင်းဆောင်သည့် စစ်ကြောင်းကတော့ အောင်မြင်ပါဉီးမည်..😁😁 ' ဇီး ပဲအောင်မယ်..😂😂 ' Saw Ba Maung(ဒေါနမြေ) https://t.me/privatephoehtaung

Repost from SittNweOo
တပ်က အထက်အရာရှိ ပိုင်းအချို့ကို မေတ္တာ ရပ်ခံချင်ပါတယ် အခုချိန်မှာ ကျနော်တို့ တပ်ဖွဲ့၀င်တွေ အပေါ်ကို နွေးထွေးမှုတွေ များများပေးကြပါ သူတို့တွေ အရမ်းပင်ပမ်းကြပါတယ် တချို့ ခေါင်းကြီးပိုင်းတွေ အောက်ခြေရဲဘော်တွေ အပေါ်ကို အာဏာပြ အနိုင်ကျင့်မှုတွေ ရှိနေပါတယ် ကျနော် မနေ့ညက ရှမ်းမြောက် တနေရာမှာ တာ၀န်ကျနေတဲ့ အက်ုတယောက်နဲ့ စကား မပြောဖြစ်တာကြာလို့ အခြေနေ ဘယ်လို ရှိလဲလို့ စကားပြောဖြစ်တယ် မထင်မှတ်ဘဲ မယုံနိုင်လောက်အောင် ကြားရတဲ့ သတင်းက ကျနော့အကိုက သူစစ်ပြေးဖြစ်သွားပြီ ဆိုပြီး ကျနော့ကို ပြောလာတယ် ကျနော် မယုံနိုင်ဘူး ဒီအကို အကြောင်း ကျနော် အသိဆုံး ပလောင်တွေကို ၁ယောက်တည်းနဲ့ ၆ယောက်ကို အသာလေး မှောက်သွားအောင် ဗျင်းခဲ့တဲ့ ဖိုက်တာကြီး ၁ယောက် ၁၀၂၇အပစ်ခတ် ရပ်မယ်ဆိုတော့ အဲ့အကိုက လုံး၀မကြိုက်ခဲ့ဘူး လက်နက်ခဲယမ်းတာ အပြည့်ပေးထား ဒီကောင်တွေကို ပြန်တိုက်မယ် လုံး၀အပစ်ရပ်စရာ မလိုဘူးဆိုတဲ့ လူမျိုးဗျ ကျည်၂တောင့် ချန်ထားတယ် ၁တောင့်က ဒီကောင်တွေအတွက် ၁တောင့်က ကိုယ့်အတွက် ဒီကောင်တွေ စီမီာတော့ လက်နက်မချဘူး အဖမ်းမခံဘူး ဆိုတဲ့ ခံယူချက် အရမ်းပြင်းထန်တဲ့ လူမျိုး ပြောရရင်တော့ အရမ်းများတယ် ဘယ်လောက် စစ်သားပီသသလဲ အဖွဲ့စည်းပေါ် သစ္စာ စောင့်တည်ခဲ့သလဲ ကျနော် အသိဆုံး အခုက အထက်လူကြီးပိုင်းနဲ့ အဆင်မပြေဖြစ်လို့ အခုလို လုပ်လိုက်တာ လို့ သိရတော့မှ ကျနော်လည်း ဘာမှ မသက်နိုင်ဘူးလေ ဒါတွေ အရမ်းများလာတယ် တပ်ဖွဲ့၀င်တွေမှာ စစ်လည်းတိုက်ရတယ် လူကြီးတွေက အာဏာပြတာလည်း ခံရတယ် သူတို့တွေ ဘယ်ဒဏ်ခံနိုင်တော့မလဲဗျာ အခုဒီအကိုက ကျနော့ကို ဘာပြောခဲ့လဲဆိုရင် ကျနော် ဒီကောင်တွေနဲ့ မပူးပေါင်းဘူး ဘယ်နေရာရောက်ရောက် ကျနော့အဖွဲ့စည်းပေါ် သစ္စာ စောင့်တည်လျက်လို့ ပြောခဲ့တယ် ရန်သူသတင်းတွေ ကြားရင် တပ်ကို တနည်းနည်းနဲ့ သတင်းတွေ ပို့ပေးနေပါတယ်လို့ ပြောသွားတယ် တခါတုန်းကလည်း လားရှိုးဘက်က တပ်သား၁ယောက် သူလည်း စစ်ပြေးပေါ့ တပ်ထဲ ပြန်လာချင်ကြောင်း အကူညီ လာတောင်းတယ် အဲ့ဒီလိုဘဲ သူနေတဲ့ တပ်ရင်းမှာ အဆင်ပြေတယ် ပြောင်းလာတဲ့ တပ်က ခေါင်းကြီးပိုင်းနဲ့ အဆင်မပြေလို့ တပ်ကပြေးတာလို့ ပြောလာခဲ့တယ် ဒါကြောင့်မလို့ မေတ္တာရပ်ခံ ပါတယ် ခေါင်းကြီးပိုင်းတိုင်း အဲ့ဒီလို မရှိဘူး တချို့ တချို့တွေပါ #SittNweOo

ခလရ ၄၁ အား သောင်းကျန်းသူများမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်။ ယနေ့ နံနက်အစောပိုင်းမှ တိုက်ခိုက်လျက်ရှိရာ မွန်းလွဲပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်သံများ ဆက်တိုက် ကြားနေရကြောင်း သိရှိရပါသည်။ သောင်းကျန်းသူများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း Drop bomb အများအပြားချလျက် တိုက်ခိုက်ခြင်းများ ပြုလျက်ရှိကြောင်း ၊ တပ်မတော်မှ လေကြောင်းပစ်ကူ ၊ လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းလျက်ရှိကြောင်း၊ သောင်းကျန်းသူများ အထိနာလျက် အကြိမ်ကြိမ် လန်ကျလျက်ရှိကြောင်း သိရှိရပါသည်။ https://t.me/privatephoehtaung

SU-30 နဲ့ ပစ်မှတ်တိကျတဲ့ ပေါင် ၂၀၀၀ Guided ‌ဗုံးသုံးပြီး လောက်ကိုင်က ယာယီ လက်နက်စက်ရုံကို အမှုန့်ချေလိုက်ပြီ https://t.me/privatephoehtaung

လားရှိုးသတင်း 🔸 ၁၉ရက်နေ့၊ ၂၀ ရက်နေ့ လားရှိုးကို ထိုးစစ် တစ်ဆင့်မြှင့်ပြီး နောက်ဆုံးအဆင့်နဲ့ ထိုးစစ်ဆင်မယ်ဟု သိရှိရပါသည်။ 🔸 တပ်မတော်သားများ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတိရှိစေလိုပါသည်။ 🔸 Drone ဖြင့် မြို့ပတ်လည်း အမြဲကင်းထောက်ပါ။ https://t.me/privatephoehtaung

ဟိုပိတ်ရွာနဲ့ မြို့ရှောင်လမ်းဆုံဘက်မှာ MNDAA TNLA အင်အား အလွန့်အလွန် အများအပြား ရောက်နေပြီ။ လားရှိုးမြို့ကို တောင်ဖက်ရော မြော
ဟိုပိတ်ရွာနဲ့ မြို့ရှောင်လမ်းဆုံဘက်မှာ MNDAA TNLA အင်အား အလွန့်အလွန် အများအပြား ရောက်နေပြီ။ လားရှိုးမြို့ကို တောင်ဖက်ရော မြောက်ဖက်ပါ ညှပ်ပြီးတိုက်ဖို့ ကြံစည်နေပုံပါ။ https://t.me/privatephoehtaung

ဇူလိုင်လ ၁၉ ရက် ၂၀၂၄ လားရှိုးမြို့တိုက်ပွဲအခြေအနေပြင်းထန်လာ လားရှိုးမြို့အဝင် မုခ်ဦးအနီး ၄၁ တပ်အထိ ရောက်လာတိုက်ပွဲ ပြင်းထန်နေပါတယ်။ https://t.me/privatephoehtaung

Repost from Myawady Media
ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူ https://myawady.net.mm/node/52124
ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူ https://myawady.net.mm/node/52124

ရွာငံ ဂျိုးဖြူ PDF စခန်း ကို တပ်မတော် စီးနင်းသိမ်းပိုက်လိုက်ပါနယ်။ အကြမ်းဖက် များ ခြေဦးတည့်ရာထွက်ပြေးသွားပါပြီ။ https://t.me/
ရွာငံ ဂျိုးဖြူ PDF စခန်း ကို တပ်မတော် စီးနင်းသိမ်းပိုက်လိုက်ပါနယ်။ အကြမ်းဖက် များ ခြေဦးတည့်ရာထွက်ပြေးသွားပါပြီ။ https://t.me/privatephoehtaung

နယ်မြေစိုးမိုးမှုဆိုတာ အဲ့ဒါပဲ။ မြို့ပေါ်က စခန်းတွေမှာပဲ ခံစစ်ပြင်နေရင်တော့ ငွေရပေါက်လမ်းတွေ တစ်ဖက်အဖွဲ့အစည်းတွေဆီ ပါကုန်တော့
နယ်မြေစိုးမိုးမှုဆိုတာ အဲ့ဒါပဲ။ မြို့ပေါ်က စခန်းတွေမှာပဲ ခံစစ်ပြင်နေရင်တော့ ငွေရပေါက်လမ်းတွေ တစ်ဖက်အဖွဲ့အစည်းတွေဆီ ပါကုန်တော့မှာပါ။ https://t.me/privatephoehtaung

ဩဂုတ်လ တစ်ရက်နေ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေကို တွေ့ရမှာ မဟုတ်ဘူးလို့ ခိုင်လုံသတင်း ရရှိပါတယ်။ ယာယီသမ္မတတစ်ဦး အစားထိုးမယ်လို့ သတင်းအချို့ထွက်ပေါ်နေပါတယ်။ ဘယ်သူ့ကို ဖြစ်စေချင်လဲ အမျိုးတို့။ https://t.me/privatephoehtaung

Repost from MWD News
ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည်။(ဇူလိုင်လ ၁၈)

ရဲစခန်းတွေ၊ ပသစစခန်းတွေဆိုတာ ပင်မ ခန္ဓာကိုယ်အတွတ် ခြေတွေ၊ လက်တွေလိုပဲ အဲဒီ ကင်းစခန်းတွေ တိုက်ခံရချိန်မှာ လျစ်လျူရှူနေခဲ့ကြတော့ ခြေ၊ လက် အကာအကွယ်မဲ့သွားတဲ့ ဂေါင်ကြီးတို့ဟာ ကိုယ့်နား ရန်သူ ရောက်လာမှာ ပြူးတူး ပြာတာနဲ့ အပူတပြင်းလုပ်နေတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ၊ အောက်လက်ငယ်သားတွေ အရာရာ ဆုံးရှူံးဖို့ချည်းသာ။ အဲဒီကမှတဆင့် အရမ်းမနိုင်ရင်ကာဖြစ်သွားရင်တော့ ဂေါင်ကြီးတို့ဆီအထိ ထိကုန်ကြတာပဲ။ လက်အောက်ကို ကာကွယ်တာဟာလည်း ကိုယ့်ကိုကိုယ် ကာကွယ်တာပါပဲ။ ငါ့လာမထိဘူးလို့ နေသာသပနေရင် ခြေလက်ကင်းသွားတဲ့ ခန္ဓာကိုယ်လို ရန်သူက တဖြည်းဖြည်း ဂေါင်ကြီးတို့ဆီ သေချာပေါက်ရောက်လာမှာပါ။ ဗျူးအော့ဖ်ဆူး https://t.me/privatephoehtaung

1027 ဒုတိယလှိုင်းရဲ့ ရည်မှန်းချက် မြေပုံ။ Plan ချပြီးလုပ်ပုံပဲ ။ တတိယလှိုင်း မလာနိုင်အောင် ဒုတိယလှိုင်းကို ဦးချိုးပစ်ဖို့လို
1027 ဒုတိယလှိုင်းရဲ့ ရည်မှန်းချက် မြေပုံ။ Plan ချပြီးလုပ်ပုံပဲ ။ တတိယလှိုင်း မလာနိုင်အောင် ဒုတိယလှိုင်းကို ဦးချိုးပစ်ဖို့လိုပါတယ်။ https://t.me/privatephoehtaung

Geopolitics အရ ကြည့်ရင် လက်ရှိ စစ်ရေးအရ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်နဲ့ မဟာဗျူဟာမြောက် လမ်းမကြီးဖြစ်တဲ့ မန္တလေး-မူဆယ် လမ်းတစ် လျှောက်က မြို့ကြီးတွေကိုသာ လက်လွှတ်ခဲ့ရရင် ဗဟိုအစိုးရရဲ့ အချုပ်အခြာအာဏာ သက်ရောက်မှုဟာ အတော်လေး နောင်မှာ စကားပြောလာ ဖို့ ရှိနေတာ ကို မြင်တွေ့နေရ တယ်။ (ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရမှာလည်း ဒီပြဿနာကြီး မလွှဲမသွေ ဖြေရှင်းရမှာပါပဲ) ---- လက်ရှိ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့ ပြဿနာ/စစ်ပွဲတွေဟာ ဖက်ဒရယ်အရ ပြည်နယ် တွေကို အာဏာခွဲဝေပေးရတာမျိုးမဟုတ်ဘဲ (တနည်းအားဖြင့်) ဖွဲ့စည်းပုံမှာ ဥပဒေပြဌာန်းပြီး ပြေလည်သွားတာမျိုးမဟုတ်ဘဲ…. တပ်မတော်ဘက်က နယ်မြေဆုံးရှုံး လက်လွှတ်မှု ရှိလာလို့ အကြမ်းဖက်တွေက စိုးမိုးနယ်မြေချဲ့လာတာမျိုး ဖြစ်နေတယ်။ --- အထူးသဖြင့် မိုင်အားဖြင့် အတော်ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာ နိုင်ငံ ဟာ ရခိုင်ပြည်ကိုသာ UWSA လိုမျိုး ကွန်ဖက်ဒရိတ်ဆန်ဆန် လက်လွှတ်ခဲ့ရရင်… ဆုံးရှုံးမှု အတော်လေး ကြီးမားပါလိမ့်မယ်။ လက်ရှိ နယ်ခြားစောင့် ရဲစခန်းတွေအပြင် ၊ ဒေသအခြေစိုက် တပ်မတော်စခန်းတွေပါ ဒီဒေသကနေ ဖယ်ပေးခဲ့ရရင် …အနာဂတ် ပြည်ပရန်အတွက် အတော်လေး နောင်မှာ ပြဿနာရှိလာနိုင်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ ဥပမာ စီးပွားရေးအရ ငပလီလိုကမ်းခြေနေရာမျိုးကို လက်လွှတ်ပေးရ တာမျိုးက နောင်အစိုးရတွေအနေနဲ့ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ AA အနေနဲ့ ငပလီလို ကမ်းခြေမျိုးကို ပိုင်ထားခဲ့ရင်တောင် လူမျိုးစွဲ ကြီးတဲ့ အခြေခံစိတ်နဲ့တင် ပြည်တွင်းက ခရီးသွားလည်း မျှော်မှန်းနိုင်မှာမဟုတ်သလို ဗဟိုအစိုးရ ကို ကျော်လွန်ပြီးတော့လည်း နိုင်ငံတကာ ခရီးသွားတွေကိုလည်း မျှော်လင့်နိုင်စရာ အကြောင်းမရှိပါဘူး။ --- တဆက်တည်း သတင်းတွေမှာ တွေ့နေရတာက မတ္တရာမြို့နယ်ထဲက သန်း ၂၀၀ ကျော် တရုတ်ရင်းနှီးမြုပ်နှံ့ထားတဲ့ ဘိလပ်မြေစက်ရုံကို မန်း PDF တွေ သိမ်းပိုက်သွားတဲ့ ဖြစ်စဉ်ပါ။ ရခိုင်ကနေ မျဉ်းအဖြောင့်ဆွဲလိုက်ရင် မူဆယ်အထိ တိုက်ရိုက်ပေါက်တဲ့ မဟာဗျူဟာမြောက်လမ်းမကြီးကို အစိုးရနဲ့ Proxy လက်နက်ကိုင်တပ်ဖွဲ့ ကို အချိုးကျ စီးပွားရေးပုံစံမျိုးနဲ့ ထိန်းချုပ်ဖို့ တရုတ်ကြိုးစားနေတာ သေချာနေပြီလားလို့တောင် တွေး ရမလိုပါပဲ။ --- လောက်ကိုင်နဲ့ သိန္ဓီကို တပ်မတော်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြည်သူ တွေ ဘက်က ဝမ်းသာ အားရရှိတာ တွေ့ရတယ်။ လားရှိုး၊ ကျောက်မဲနဲ့ နောင်ချိုက စစ်ရှောင်တွေ အိမ်ပြန်ခွင့်ရဖို့ဆိုတာ တစ်ဖက်ဖက်က အနိုင်တိုက်လိုက်မှ ရမယ်ဆိုတဲ့ အတွေးမျိုး ရှိလာ နေတာ ဆန်းတော့ မဆန်းဘူး။ နိုင်ငံတော်အလံကို တောင် ခွေးကို ခြုံပေးတဲ့ ကိုးကန့် တွေဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်း ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဒီလိုပဲ နမ့်ဆန်နဲ့ မန်တုံ နှစ်မြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထားပြီး ပအောင်/တအာင်းတွေအနေနဲ့ ရတနာထွက်တဲ့ မိုးကုတ်ကို ဖင်ခုထိုင်ချင်လို့ နယ်မြေချဲ့နေတာကိုလည်း ဘယ်လိုမှ လက်သင့်ခံပေးစရာအကြောင်းမရှိဘူးလို့ မြင်မိတယ်။ --- လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ EAOs အရေခြုံပြီး ပြည်ပလွှမ်းမိုးမှုနဲ့ နယ်မြေချဲ့နေတဲ့ စစ်ပွဲတွေ ဖြစ်လာတာတွေ့ရတယ်။ အချုပ်အခြာအာဏာ ဆုံးရှုံးမှုနဲ့ ပြည်ထောင်စု ပြိုကွဲဖို့ အထိ အကျိုးသက်ရောက်မှု များစေတာမို့ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်မှသာ ဒီအန္တရာယ်တွေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ (နရီမိုး)

Repost from View of Sue
သံတွဲမြို့ထဲ ဝင်နိုင်ပြီဆိုတော့ ဘွားတော်အိမ်သွားပြီး အောင်ပွဲခံ ဓာတ်ပုံရိုက်ပြီး စွရှက်ခွဲတာ မြင်ချင်သည်။