ar
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

الذهاب إلى القناة على Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

إظهار المزيد
8 297
المشتركون
لا توجد بيانات24 ساعات
-417 أيام
-16630 أيام
أرشيف المشاركات
ခေါင်းဆောင်မဲ့ ဗင်နီဇွဲလား နိုင်ငံ အခြေအနေတွေ ချက်ချင်းပြောင်းလဲနေပြီး သမ္မတ မာဒူရိုဓာတ်ပုံများ ဖြုတ်ချခံနေသည်။ စစ်တပ်မှ လက်တုံပြန်ဖို့ အစီအစဉ်လဲ ရှိပုံမရပဲ ကာရာကတ်စ်ရှိ အမေရိကန်သံရုံမှာ လုံခြုံလျက်ရှိပါသည်။ တပ်သားလေးဖိုးထောင်

ဖမ်းဆီးခံရသော ဗင်နီဇွဲလား သမ္မတ ဓာတ်ပုံအား အမေရိကန်မှ ထုတ်ပြန် တပ်သားလေးဖိုးထောင်
ဖမ်းဆီးခံရသော ဗင်နီဇွဲလား သမ္မတ ဓာတ်ပုံအား အမေရိကန်မှ ထုတ်ပြန် တပ်သားလေးဖိုးထောင်

ဗင်နီဇွဲလားသမ္မနဲ့ ဇနီးကို အမေရိကန်က နိုင်ငံတွင်း ဝင်ရောက်ဖမ်းဆီး ဝါရှင်တန် ၊ ဇန်နဝါရီ၊ ၃ ဗင်နီဇွဲလားနိုင်ငံကို အကြီးစား စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့ပြီး သမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောပါတယိ။ ဒီကနေ့မနက် အစောပိုင်း ၂ နာရီးကတည်းက မြို့တော် ကရာကတ်စ်မှာ အမေရိကန်လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗင်နီဇွဲလား ဒုသမ္မတကိုယ်တိုင် သမ္မတနဲ့ ဇနီး ပျောက်ဆုံးနေကြောင်း ဝန်ခံခဲ့ပြီး အသပ်ရှင်သေးကြောင်းသက်သေပြဖို့ တောင်းဆိုထားပါတယ်။ အမေရိကန်ဖက်က Delta Force အထူးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ပြောဆိုထားပြီး အသေးစိတ်မထုတ်ပြန်သေးပါ။ အမေရိကန်ရဲ့ စစ်ဆင်နိုင်စွမ်းကို လုံးဝလျှော့တွက်လို့တော့ မရပါ တပ်သားလေးဖိုးထောင်

သင့်‌မဲပေးခဲ့တဲ့ ဆန္ဒနယ်မှာ သင်မဲပေးခဲ့တဲ့ပါတီ အနိုင်ရပါသလား
Anonymous voting

နိုင်ငံသားတစ်ယောက်တာဝန်ကို ကျေပွန်ခဲ့ပါပြီ။ အမျိုးတို့ရော မဲပေးဖြစ်လားဗျ တပ်သားလေးဖိုးထောင်

မနက်ဖြန် မဲပေးဖို့ မမေ့ပါနဲ့နော် အမျိုးတို့ 🗳️ တပ်သားလေးဖိုးထောင်

မိမိ ရပ်ရွာပြန်ပြီး မဲစာရင်းစစ်၊ မဲပေးဖို့ရှိလို့ သတင်းတွေ ခေတ္တနားပါမယ်။ လိုင်းလဲသိပ်မမိလို့ပါ။ အဆင်မပြေတာများရှိရင် ကြိုတင်တောင်းပန်အပ်ပါတယ် 🙏 မဲပေးရမဲ့ရက် မပျက်မကွက် မဲပေးကြဖို့ တိုက်တွန်းပါတယ်။ တပ်သားလေးဖိုးထောင်

မြစ်ဆုံစီမံကိန်းကို မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဧရာဝတီမြစ်က တရုတ်ပြည်က မြစ်ဖျားခံပြီး တရုတ်ပြည်အပိုင်လိုလို ဝါဒဖြန့်လာတာတွေက သိသာ
မြစ်ဆုံစီမံကိန်းကို မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဧရာဝတီမြစ်က တရုတ်ပြည်က မြစ်ဖျားခံပြီး တရုတ်ပြည်အပိုင်လိုလို ဝါဒဖြန့်လာတာတွေက သိသာလာပါတယ်။ ဒီပို့စ့်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရေးထားတာပါ။ ထွက်သမျှ လျှပ်စစ်ဓာတ်အား အကုန် သိမ်းယူဖို့ ကြိုးစားလာသလား မပြောတတ်ပါ။ မြန်မာပြည်မှာ လာဆောက်တာမို့လို့ မြန်မာပြည်က အချိုးကျပိုင်ဆိုင်ခွင့်တော့ ရှိရပါမယ်။ တပ်သားလေးဖိုးထောင်

ယတြာခေါင်းလောင်းဆိုတော့ ဘုရင်ရူး ထွန်းမြတ်နိုင် လာတီးလိမ့်မယ်။ မဟာမုနိဘုရားနားမှာ ဘုရားဖူးလိုလိုနဲ့ သူလျှိုလွှတ်ထား။ ထွန်းမြတ
ယတြာခေါင်းလောင်းဆိုတော့ ဘုရင်ရူး ထွန်းမြတ်နိုင် လာတီးလိမ့်မယ်။ မဟာမုနိဘုရားနားမှာ ဘုရားဖူးလိုလိုနဲ့ သူလျှိုလွှတ်ထား။ ထွန်းမြတ်နိုင်လာတာနဲ့ လေနတ်သားတွေလွှတ်ပြီး တီးထုတ်ပစ်လိုက်တော့။ တပ်သားလေးဖိုးထောင်

တရုတ်လော်ဘီ မ စောကြည် သိစေရန် ၁၉၆၀ မြန််မာတရုတ် နယ်ခြားသဘောတူစာချုပ်ကို ပြန်သွားရမယ်တူတယ်… အခုရက်ပိုင်း ဧရာဝတီနဲ့ ပတ်သက်တဲ့ သတင်းမှားတက်လာတာ.. တော်တော်ကိုလွဲနေလို့ ပြောပြရတာပါ.. Lobbyအချို့ သတင်းပုံမှားရိုက်ပြီး ပြောနေတဲ့အချက်အချို့ပါ.. ပထမ မပြောဘူးနေတာ.. မသိတဲ့သူတွေ အမှတ်မှားမှာရယ်.. အမှားကြာအမှန်ဖြစ်ပြီး ကိုယ့်ရဲ့တန်ဖိုးကြီးလှတဲ့ ဧရာဝတီရဲ့ ရေဝေရေလဲဒေသကို မသိပဲ နှောင်းလူတွေကြား မဟုတ်တဲ့ အချက်အလက် လက်ခံသွားမှာစိတ်ပူလို့ ပြောလိုက်ရပါတယ်.. ပြောနေတဲ့အချက်အလက်က ??? ဧရာဝတီရဲ့ မေခနဲ့မလိခမြစ်တွေဟာ တရုတ်ပြည်ရဲ့ ရေဝေရေလဲ ကလာတာလို့ ပြောနေတာပါ.. လုံးဝမဟုတ်ပါ… McMahon line အကြောင်းနဲ့ တရုတ်မြန်မာ နယ်ခြား သတ်မှတ်ပုံ အီဇူးရာဇီ တောင်ထိပ်အမှတ်နဲ့ ၂၅• ၃၅’ ပွိုင့် ( ပန်ဝါ pass)နား ကို ဆက်ထားတဲ့ ရေဝေသဘာဝတောင်တန်းကြီး ကို မသိလို့ ဒါမှမဟုတ် တမင် ငါ့စကားနွားရ အနိုင်ပိုင်း ပြောတဲ့ စကားလို့ပဲ ပြောရမယ်.. အင်မိုင်ခလို့ခေါ်တဲ့ မေခမြစ်ဟာ ပုံ၂နဲ့ ပုံ၄ (အပြာဝိုင်းထားတယ်) မြန်မာပြည်မြောက်ဘက်အချွန်းအတွင်းမှာသာ ရှိပါတယ်.. ဒီလိုပဲ မလိခမြစ်ဟာလည်း ပူတာအို အထက်ဘက်နားမှာပဲ မြစ်ဖျားခံပါတယ်.. မေခ နဲ့ မလိခ တို့ရဲ့ရေတွေ ဘယ်က လာသလဲ ??? Himalayan Glacial Mountain Track လို့ခေါ်တဲ့ ဟိမဝန္တာရေခဲတောင်တန်းကလာပါတယ်.. အဲဒီရေခဲတောင်တန်းဟာ မြန်မာပြည် မြောက်ဖက်အဖျားမှာဆုံးပါတယ်…ပုံ၆မှာကြည့်ပါ.. ပုံ၃မှာ အပြာဝိုင်းထားတဲ့ ဖြူဖြူအကွက်တွေဟာ ရေခဲတောင်တန်းနေရာတွေပါ… Google Map မှာ ရှာကြည့်ပါ… အဓိကက မေခရောမလိခပါ အဲဒီ ရေခဲတောင်တန်းကြီးက ရေခဲတွေ အရည်ပျော်ရာက ရပါတယ်… နောက်တစ်ခုရတာက ??? မက်မဟွန်းလိုင်းနဲ့ အီဇူးရာဇီ ပိုွုင့်.. ပြီးတော့ အီဇူးရာဇီနဲ့ ၂၅*၃၅’ ပွိုင့်ကိုဆက်တဲ့ တရုတ်မြန်မာနယ်ခြား သဘာဝရေဝေတောင်တန်းကြီး က မိုးရေတွေကနေ အင်မိုင်ခမြစ်က ရတယ်.. အဲဒီတောင်တန်းကြီးက အင်မိုင်ခကို ရေပေးသလို တရုတ်ပြည်ယူနန်က နူဂျန်မြစ် (သံလွင်မြစ်) ကိုလည်း ပေးပါတယ်…အမှန်က မေခမြသ်ရဲ့ အဓိကရေဟာ အဲဒီတောင်တန်းကြီးက အဓိကလာတာပါ… နှစ်ဘက်လုံးကိုရေပေးနေတဲ့ ရေဝေတောင်တန်းကြီး.. ဘယ်မှာလဲ တရုတ်က လာတဲ့ရေ…??? မက်မဟွန်းမျဉ်းအကြောင်းပြောပြအုံးမယ်.. ၁၉၁၂ ဆင်းမလားမှာ ဘူတန်ရယ် တိဘက်ရယ်တရုတ်ရယ် ဗြိတိသျှတို့ စာချုပ်ချုပ်တယ်.. တိဘက်နဲ့ အိန္ဒိယတို့ကြား မြန််မာပြည်မြောက်ဘက်စွန်း Dichu Pass အထိ မျဉ်းဆွဲပိုင်းခြားတယ်.. ပုံ ၇ နဲ့ ၈ ကိုကြည့်ပါ.. အိန္ဒိယ အရွန်နာချာပရာဒက်ချ်က ဗြမ္မပုတ္တရမြစ်ဝှမ်းကို ဗြိတိသျှအိန္ဒိယထဲ သွတ်သွင်းတာဖြစ်တယ်.. မက်မဟွန်းမျဉ်းဟာ ဟိမဝန္ထာရေခဲတောင်တန်းအခြေ ကနေ ကပ်ဆွဲပြီး နယ်နမိတ်လုပ်ယူရာမှာ ပေ၂သောင်းအထက် ကျောက်ချွန်းကျောက်ဆောင်တွေနဲ့ပြည့်နေတဲ့ အပိုင်းကို တိဘက်ကုန်းမြင့်ဘက် ထားလိုက်တာပါ.. အဲလိုပဲ မြန်မာဘက် Dichu pass ကနေ အီဇူးရာဇီအထိ ဆက်လိုက်ပြီး မြန်မာတိဘက် နယ်နမိတ် သတ်မှတ်ရာမှာ မက်မဟွန်းမျဉ်းကို အခြေခံပြီး ပိုင်းခဲ့တာမို့ ဟိမဝန္တာရေခဲတောင်တန်းဘက်အခြမ်း လူမနေတဲ့ ကျောက်ချွန်းတွေနဲ့ပြည့်နေတဲ့ အပိုင်းက တိဘက်အရှေ့ဘက်ကုန်းမြင့်အဖြစ် ရောက်နေခဲ့တာပါ.. အဲတော့.. မေခမြစ်ဟာ နောက်တစ်နည်းရေရဖို့ရှိတာက တိဘက်အခြမ်း Glacial pack ကနေ ကျောက်စက်ရေတွေကနေရပါမယ်..ပုံ၃နဲ့၄ကိုကြည့်ပါ.. တိဘက်ရေဝေကုန်းကြီးကလို့ပြောရင်ရမယ်.. တရုတ်ပြည်က နူကျန်း ( သံလွင်) နဲ့ လန်ချန် ( မဲခေါင်) တို့ကလည်း အဲဒီတိဘက်ရေဝေကုန်းကြီးကပဲ မြစ်ဖျားခံတာပဲ.. ပြောလိုတာက မေခမြစ်ကနည်းနည်း နူကျန်းနဲ့ လန်ချန်က အဓိကဆိုတာပါ.. မေခမြစ်အဓိကရေရတာက ??? ကချင်တို့ရဲ့ လော်ဝေါ်နဲ့လချိတ်တို့ဒေသက နယ်ခြားရေဝေတောင်တန်းကြီးပါ.. ဒီတော့.. ဧရာဝတီအတွက် ရေကို တရုတ်ကပိတ်ချင်ရင်?? ဟိမဝန္တာရေခဲတောင်ကျောကြီးကို မိုင်းခွဲဖျက်ဆီးရုံပေါ့.. အိန္ဒိယ အရွန်နာချာက ဗြမ္မပုတ္တရမြစ်ရေလည်း တရုတ်ကလာတာလို့ပြောရင်း အိန္ဒိယနဲ့လည်း ရန်စောင်ပေါ့. မြန်မာတရုတိ ဆက်ဆံရေးချောမွေ့စေဖို့ အဓိပ္ပါယ်မဲ့တဲ့ စကားတွေကို တရုတ်အချို့က ပြောနေတာ ပြုမူနေတာ အချင်းချင်းထိန်းဖို့လိုတယ်လို့ပဲမြင်ပါတယ်… M Kawn La 24.12.2025 (WED) တပ်သားလေးဖိုးထောင်

မဲစာရင်း စစ်ပြီးပြီလား။ မဲစာရင်းမှန်ပါလား။
Anonymous voting

ရွေးကောက်ပွဲကိုဆန့်ကျင်သူဆိုတာ ဘယ်လိုလူစားမျိုးလဲဆန်းစစ်ချက် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲဆိုတာမဖြစ်မနေလ
ရွေးကောက်ပွဲကိုဆန့်ကျင်သူဆိုတာ ဘယ်လိုလူစားမျိုးလဲဆန်းစစ်ချက် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ဖို့အတွက် ရွေးကောက်ပွဲဆိုတာမဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်။ ဒီမိုကရေစီလိုလားတယ်ဆိုပြီး ရွေးကောက်ပွဲမဖြစ်စေချင်တဲ့သူတွေဟာ ဒီမိုကရေစီမလိုလားသူ၊ပညာဥာဏ်နည်းသူတွေသာဖြစ်တယ်။ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲကိုမထောက်ခံ ကန့်ကွက်သူတွေကိုကြည့်လိုက်ရင် နိုင်ငံရေးလိုလားချက်ကို အကြမ်းဖက်နည်းနဲ့ ရလိုသူတွေနဲ့ တိုင်းရင်းသားအရေးအကြောင်းပြပြီး နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်လမ်းစဉ်နဲ့ နယ်မြေအပိုင်းအခြားအလိုက်အာဏာဆုပ်ကိုင်ထားလိုသူ၊ နယ်တစ်နယ်ဓါးတစ်စင်းလုပ်ချင်တဲ့ သူပုန်တွေသာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းပြီး စစ်ပွဲတွေကိုစိတ်ကုန်နေတဲ့ ပြည်သူအများစုကတော့ ရွေးကောက်ပွဲကနေဖြစ်လာမယ့် ဒီမိုကရေစီအစိုးရကိုလိုလားလျက်ရှိပါတယ်။ ဒါကြောင့်လည်း လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရေစီကိုလိုလားတဲ့ပြည်သူတွေက မဲပေးကြဖို့ အားတက်သရောရှိနေကြပြီ ဖြစ်ပါတယ် အောင်ရှင်း တပ်သားလေးဖိုးထောင်

ဖိုးထောင်တို့ ရပ်ကွက်မှာတော့ အခုထိ မဲစာရင်းကို မကပ်သေးပါ။ ၂၀ ရက်နေ့ ကပ်မယ်။ ၂၃ ရက်နေ့ကပ်မယ်နဲ့ အခုထိ မကပ်သေးလို့ ခုထိမစစ်ရသေးပါဘူး။ မဲက နယ်ပြန်ပေးရမှာမို့လို့ ပြန်ရောက်မှ မဲစာရင်းမပါလာရင်တော့ ဆဲမှာပါ။ အမျိုးတို့ရော မဲစာရင်း စစ်ပြီးပြီလား? မဲစာရင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေရှိရင် ပြောပြပေးပါဦး။ တပ်သားလေးဖိုးထောင်

ဒုတိယ အကြိမ်မဲစာရင်း မှာ နာမည်စာရင်း မပါလို့ တင်တောင်းခဲ့တယ် ယခုနောက်ဆုံး ဒီနေ့ကပ်တဲ့ မဲစာရင်းပါမလာဘူး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း ပါလာခဲ့လို့မဲထည့်ခဲ့ရတဲ့နေရာမှာ မပါဘူး အိမ်ထောင်စုဇယား.....နဲ့တင်တောင်းတာမပါတော့ မြို့နယ်ကော်မရှင်ရုံး မှာ ယခုသွားရောက်ခဲ့တယ် မဲစာရင်း...ပိတ်သွားပြီးတဲ့ ကျနော်ယခု Admin အနေနဲ့ နိုင်ငံသားဖြစ်ပါလျှက် မဲထည့်ပိုင်ခွင့်မရတာဖြစ်လို့ 2020. ရွေးကောက်ပွဲ...မဲစာရင်းနဲ့ ယခုရွေးကောင့်ပွဲမဲစာရင်း....ဘာကွာနေတာလဲ #ThaDinGaBar #Admin

မြစ်ဆုံ စီမံကိန်းကို ပြန်စတင်မယ်ဆိုလျှင် သဘောတူပါသလား။ သဘောထားတွေ မှတ်ချက်ပေးနိုင်ပါတယ်။
Anonymous voting

မြစ်စုံ စီမံကိန်း ပြန်စမည်ဆိုပါက သဘောတူပါသလား
Anonymous voting

ဂုတ်ကြီး မှသည် အစချီ၍ အရမ်းကိုခြေစွာနေတဲ့ ရခိုင် သောင်းကျန်းသူ တွေ ထိုးစစ် ထပ်ချိုးဖျက်နိုင်တဲ့နေရာပေါ်လာပြီ။ အဲ့နေရာက ဂုတ်ကြီး။ နတ်ရေကန် စခန်း ရဲ့ ရှေ့ကာ ရွာလို့ခေါ်ရမဲ့နေရာ။ ============== အရင်တုန်းက အကြိမ်ကြိမ်ပြောခဲ့တယ်။ တပ် ဟာ နှစ် ၇၀ ကျော် သမိုင်းစဥ်တစ်လျှောက် ဘယ်တုန်းကမှ ဗုံးဗုံးမလဲခဲ့ဘူးဘူး။ ============== ၁၉၄၈ လို တစ်နိုင်ငံလုံးမှာရှိတဲ့ KNDO တွေ တောခို။ တပ်ရဲ့ ကရင်တပ်ရင်းအချို့ ပုန်ကန်။ ဒီကြားထဲ အရေးကြီးတဲ့ ဆက်သွယ်ရေးစက်တွေကလဲ ပျက်နဲ့ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ။ အဲ့လိုအခြေအနေမျိုးမှာတောင် တပ် အနေနဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တာလေ။ =============== ၂၀၂၁ ဖေ ၁ နဲ့ ၁၀၂၇ သည် အဲ့လောက် မဆိုးဝါး ပါဘူး။ တစ်ခုပဲ... အလကားပဲတင်းရလိုက်တဲ့ အင်အားတွေနဲ့ PDF တွေကို လက်နက်ကိုင်တွေက ခေါ်သုံးခဲ့တဲ့အတွက် စစ်မီးဝိုင်းခဲ့တယ်။ Drone Attack ကြောင့် တပ်တွေ Shock ရခဲ့တယ်။ =============== ဒီအခြေအနေကို အခွင့်ကောင်းယူတဲ့ AA က ကျောက်တော် မှာ တပ်မိသားစုဝင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အောင်ပွဲခံတယ်။ တကယ်တော့ AA ဟာ လူမျိုးရေးကို အခြေခံပြီး တိုက်ပွဲဆင်နွှဲတာ။ =============== အဲ့တော့ မကောင်းတဲ့အတိတ်သမိုင်းထဲက ဆိုးမွေတွေ လက်ဆင့်ကမ်းခံရတဲ့ ရခိုင် အချို့ကလဲ တော်လှန်ရေးထဲပါဝင်တာမို့ ရခိုင် ဒေသတော်တော် များများ မှာ တပ် က ခေတ္တ ဆုတ်ခွာခဲ့ရတယ်။ =============== ထွန်းမြတ်နိုင် ဟာ တချိန် တပ် က ရခိုင် ကို ပြန်လည်ထိုးစစ်ဆင်နိုင်တယ်ဆိုတာ ခန့်မှန်းမိပြီး ရခိုင်နယ်မြေအစပ်နားထိကို စစ်ဘောင်ကိုချဲဲ့ ခဲ့တယ်။ ================ ဆန် ၃ ဆန် အတွက် မူးယစ်ဆေးဝါးနဲ့ နိုင်ငံတစ်ခုရဲ့ အထောက်အပံ့ နဲ့ရပြီလို့ ယူဆတာလား ဒါမှမဟုတ် တပ် က ဗုံးဗုံးလဲပြီလို့ယူဆတာလားတော့မသိဘူး။ စစ်ဘောင်ကို ဆက်ချဲ့လိုက်တာတော့ မှားတယ်လို့ပြောလို့ရတယ်။ =============== အဲ... ဒါမဲ့ တစ်မျိုးစဥ်းစားရင် သူ့အနေနဲ့ ဒီလိုမှမလုပ်ရင်လဲမရဘူးလေ။ လက်လွန်ခြေလွန် တွေ ဖြစ်ကုန်ပြီလေ။ ================ ဆက်ရမယ်ဆိုရင် နတ်ရေကန် ဟာ AA အတွက် မကွေးနယ်စပ် အရေးပါတဲ့နေရာ။ ဒါကို AA အနေနဲ့ အလွယ်တကူရမယ်လို့ ယူဆပြီး တိုက်တယ်။ အဲ့အချိန်မှာ ထင်သလိုမဖြစ်တော့ တိုက်စစ်ဦး မကျိုးဖို့အတွက် အင်နဲ့အားနဲ့ဖိတိုက်တယ်။ =============== စစ်ဆိုတာ အလှည့်အပြောင်းကို ကောင်းစွာ ကစားရတဲ့ ကစားပွဲမို့ တပ် အနေနဲ့ နတ်ရေကန် အလှည့်အပြောင်းကို စနစ်တကျ အင်အားစုဖွဲ့ပြီး လုပ်ရည် ကိုင်ရည်ရှိတဲ့ စစ်သည်တွေနဲ့ တုံ့ပြန်တယ်။ =============== နတ်ရေကန် အပြင် ခု ဂုတ်ကြီးကိုပါရလိုက်တော့ AA ရဲ့ မကွေးနယ်စပ် တိုက်ပွဲဖော်ဆောင်မှု မြားဦး ဟာ အမေရိကန် ရုပ်ရှင် We Were Soldier ထဲက ကစားကိုယူသုံးရမယ်ဆိုရင်တော့ Broken Arrow ဖြစ်ပြီလို့ပြောရမယ်။ =============== အဲ... မနေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အနေနဲ့ စစ်တွေ ထိပေါက်ချသွားတာလဲ သတင်းတွေတွေ့ရတယ်ဆိုတော့ တပ် အနေနဲ့ AA ကို ထိုးစစ်စပြီလို့ယူဆရတယ်။ =============== တပ်မတော်ဆိုတာ စနစ်ကျတဲ့အဖွဲ့အစည်းမို့ ပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုတဲ့ အချိန်မှ ဆော်မယ်ဆိုတာ တွေးစရာမလိုဘူးရယ်။ သားစစ် တစ်ခါပြောဖူး ပါတယ် "ဟိုမယ် သောက်လုပ်ရှုပ်နေလို့၊ ပြီးရင် မင်းတို့ဘက်လာလိမ့်မယ်" ဆိုသလိုပဲပေါ့။ =============== ရမခ က ပလောင် နဲ့ MNDAA လဲ သောက်သံတိတ်ပြီဆိုတော့ အသည်းထဲမှာ ဆူးနစ်နေတဲ့ AA ဘက်ကို လှည့်ဖို့ပဲရှိတော့တယ်။ ================ ဂုတ်ကြီး စခန်း ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တောင်းဆု တစ်ခုပြုလိုက်ပါတယ်။ ================ "ဂုတ်ကြီးမှသည်အစချီ၍ နယ်စပ်မျဥ်းထိ တိုက်စစ်ဆင်မည် တပ်မတော် အောင်ပါစေ" မင်းထက်ကျော်ဇော တပ်သားလေးဖိုးထောင်

Repost from U Kyaw Soe Oo
မြင်းခြံ ဆုံရွာကို လာတိုက်တဲ့ အကြမ်းဖက်အဖွဲ့ ကျန်ခဲ့သော RPG ၁လက်ကို နယ်မြေ လခရ အဖွဲ့မှ ရရှိခဲ့ပါတယ်။ လက်နက်မှာ TNLA လို့ ရေးထ
+4
မြင်းခြံ ဆုံရွာကို လာတိုက်တဲ့ အကြမ်းဖက်အဖွဲ့ ကျန်ခဲ့သော RPG ၁လက်ကို နယ်မြေ လခရ အဖွဲ့မှ ရရှိခဲ့ပါတယ်။ လက်နက်မှာ TNLA လို့ ရေးထိုးထားမှုကို တွေ့ရပါတယ်။