တပ်သားလေး ဖိုးထောင် 🇲🇲🪖
الذهاب إلى القناة على Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
إظهار المزيد8 265
المشتركون
-724 ساعات
-337 أيام
-16530 أيام
أرشيف المشاركات
စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ဘာလုပ်နေလည်း မေးနေသူများအတွက်
စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ မှ တပ်မတော်သားများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိ
တပ်သားလေးဖိုးထောင်
SKY Villa ကွန်ဒိုရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အချို့ရပ်နားလိုက်ပြီ
အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေးမြို့ လမ်း(၆၀) ၊ (၂၃) လမ်း နှင့် (၂၄) လမ်း ကြားရှိ (၁၁) ထပ်အမြင့်ရှိသည့် SKY Villa ကွန်ဒိုတွင် ဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။
အပျက်အစီးများအောက်၌ ပိတ်မိနေသူများ အားလုံး အသက်ရှင်လျက် မရှိတော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားရခြင်းဖြစ်ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်လာသည့် အဖွဲ့ဝင်တစ်ဦးက ကယ်ဆယ်ရေး ရပ်နားခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
" အသက်ရှင်တဲ့ သူတွေရှိရင် ကျွန်တော်တို့ ဆက်ရှာပါတယ်။ အခုက ဒီဘက်မှာ ဘယ်သူမှ အသက်ရှင်လျက် မရှိတော့တဲ့အတွက် ရပ်နားပြီး တခြားကယ်ဆယ်ရေးမရောက်တဲ့ဆီတွေကို ဆက်ပြီးကူညီပေးသွားပါမယ်။ အားလုံးကို တောင်းပန်ပါတယ်" ဟု ၎င်းကဆိုသည်။
SKY Villa ကွန်ဒို တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများ အသက်ရှင်လျက် မရှိနိုင်တော့သည့် အတွက် ကယ်ဆယ်ရေးများ ရပ်နားလိုက်ခြင်းဖြစ်ပြီး မြောက်ဘက်ခြမ်းတွင် ယနေ့ နံနက်ပိုင်းအထိ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
အဆိုပါ ကွန်ဒိုတွင်နေထိုင်သူအများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး ကွန်ဒိုပြိုကျမှုကြောင့် ေ-သဆုံးသူ ရာနှင့်ချီရှိနေပြီး ရုပ်အလေ-ာင်းများ ပြန်လည်ဖော်ထုတ်သယ်ယူရန်ပင် အခ က်အခဲ ရှိနေသည့် အခြေအနေဖြစ်သည်။
တပ်သားလေးဖိုးထောင်
စစ်ကိုင်းကို မည်သည့်အကူအညီမှ မပိတ်ပါ။ လွတ်လပ်စွာ သွားလာနိုင်ပါတယ်။
မကူညီချင်နေပါ။ မနှောင့်ယှက်ကြပါနဲ့။
တပ်သားလေးဖိုးထောင်
ဘဝတွေ ကံဆိုးလိုက်ပုံများ ပြောကိုမပြောချင်တော့ဘူး
ထိုင်းအော်ပဒေတာမှတဆင့် မြန်မာပြည်တွင်းမှာ မည်သူမဆို မည်သည့်ဖုန်းကိုမဆို အခမဲ့ ၂ ရက်တာမျှ လူသားချင်းစာနာမှု အကူညီပေးတယ်
Star Link မှတဆင့် ဒုက္ခအတိခံစားနေရသူ ပြည်သူတွေကို လူသားချင်းစာနာမှုအရ အခမဲ့အင်တာနက် သုံးစွဲနိုင်ရေး စီစဥ်နေကြတယ် ။
မြန်မာနိုင်ငံက အော်ပဒေတာတွေက ခိုးလို့ကောင်းနေတုန်းပဲ ။
အင်တာနက် Free မဆိုထားနဲ့ ဖုန်းပြော မက်ဆေ့ပို့ အခမဲ့ဆိုတာကို ယောင်လို့တောင် မကြားမိဘူး ။
ဖုန်းဘေထည့်ပြီး ငလျင် video လေး ကြည့်မိတယ် ထည့်ထားတာလေး ချက်ချင်း ပြောင်သွားတယ် ။
ဖုန်းခေါ်လို့ မရပေမယ့် ဘေတော့အဖြတ်ခံလိုက်ရတာ ခုမှကြုံဖူးတယ် ။
ငလျင်သတင်းကြည့်ဖို့ အခုထိ vpn ကို ဆရာတင်နေရတုန်း
တပ်သားလေးဖိုးထောင်
Repost from တောင်ပေါ်ပေသီး
စစ်ကိုင်းဒေသ ငလျင်ဒဏ်သင့် ရပ်ရွာများသို့ သွားရောက်ကူညီကြသော ပုဂ္ဂလိက ပရဟိတ ယာဥ်တန်းများ
သက်ဆိုင်ရာကို အကြောင်းကြားသွားပါ
ငလျင်ဘေး ကယ်ဆယ်ရေးဟု ဗီနိုင်းကြီး ၃ ချပ် ထင်ရှားစွာ ရေးဆွဲကာ ကားရှေ့ နှင့် ကားဘေး နှစ်ဖက်တွင် ချိတ်ဆွဲသွားပါ
အလံဖြူထောင်သွားကြပါ
ဒါတောင် အကြမ်းဖက်ပဒက်များက နှောင့်ယှက်လျှင် ပစ်ခတ်လျှင် ဆိုရှယ်မီဒီယာ များပေါ် ချက်ခြင်းတင်ပါ
သက်ဆိုင်ရာ စစ်ရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ သံရုံးများ နှင့် ကုလသမဂ္ဂရုံး များကို ချက်ချင်း တိုင်ကြားပါ
ကယ်ဆယ်ရေး ယာဥ်တန်းကို နှေင့်ယှက်ခြင်း၊ ပိုက်ဆံတောင်းခြင်း၊ ပစ်ခတ်ခြင်း သည် အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု ဖြစ်သည်
တောင်ပေါ်ပေသီး
မြန်မာမီးသတ်နှင့် စင်ကာပူကယ်ဆယ်ရေးအဖွဲ့
ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ ပြိုကျပျက်စီးခဲ့သော အဆောက်အဦအောက်တွင် ပိတ်မိလျက်ရှိသော အသက်ရှင်လျက်ရှိနေသူ(၁)ဦးအား ကယ်ထုတ်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (SCDF) စင်ကာပူနိုင်ငံမှ တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၀၉ ၂၀ အချိန် ငလျင်လှုပ်ခတ်ခဲ့ပြီး ၄၄ နာရီအကြာတွင် ကျား(၁)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါသည်။
တပ်သားလေးဖိုးထောင်
ငလျင်ဒါဏ်သင့် ရှေးဟောင်း အဆောက်ဦးစာရင်း List of monument impacted by earthquake
1- မဟာမုနိ ဘုရားကြီး(မန္တလေး) / Mahamuni, Mandalay
2- ကုသိုလ်တော်(မန္တလေး) Kuthodaw, Mandalay
3- မြို့ရိုး (မန္တလေး) Ancient City Fortifications Wall, Mandalay
4- မစိုးရိမ် တိုက်/ နာရီစဉ် (မန္တလေး) Ma-Soe-Yain Monastery, Mandalay
5- စိန်ဂျိုးဆက်ဘုရားကျောင်း (မန္တလေး) Seint Joseph Cathedral
6- မန္တလေးတက္ကသိုလ် (မန္တလေး) Mandalay University, Mandalay
7- ရွှေစာရံဘုရား (မန္တလေး / ပုသိမ်ကြီး) Shwe-sar-yan- Pagoda, Mandalay
8- စစ်ကိုင်းတံတား (စစ်ကိုင်း ) Old Sagaing
Bridge, Sagaing
9- ဆွမ်းဦးပုညရှင်စေတီ (စစ်ကိုင်း) Swam-u-pon -nya-shin Stupa, Sagaing
10- ဂျပန်ဘုရား (စစ်ကိုင်း) Japan Pagoda, Sagaing
11- ဉမင်သုံးဆယ် (စစ်ကိုင်း) U-min-thone-sal, Sagaing
12- ကောင်းမှုတော် (စစ်ကိုင်း) Kaung-hmu-daw Stupa, Sagaing
13- တောင်ပေါ်သီလရှင်တိုက် (စစ်ကိုင်း) Nan-Uni-monastery, Sagaing
14- ကမ္ဘာကျော်ကျောင်း (စစ်ကိုင်း) Kaba-Kyaw Monastery, Sagaing
15- လေးကျွန်းမြေ အုတ်ကျောင်း (စစ်ကိုင်း) Lay-kyun-myay oak kyaung, Sagaing
16- စေတီလှ (စစ်ကိုင်း) Zedi-hla, Sagaing
19- ၉ပေ ကျောင်း/စေတီ (စစ်ကိုင်း) Koe-pay Zedi, Sagaing
20- ကက်ကြေးဆေးလိပ်တိုက် (စစ်ကိုင်း) Kat-kyay-say-lape-taik, Sagaing
21- ထူပါရုံကျောင်း (စစ်ကိုင်း) Htu-par-yone Monastery, Sagaing
22- မဟာခိုနန်းကျောင်း ငါးထပ်ကြီးကျောင်း (စစ်ကိုင်း) Maha-Ko-nan- ngar-http-kyi-kyaung, Sagaing
23- နဂါးရုံဘုရား (အမရပူရ) Naga-yone Pagoda, Amarapura
24- နန်းဦးဆုတောင်းပြည့် (အမရပူရ) Nan-u-phaya, Amarapura
25- ပုထိုးတော်ကြီး (အမရပူရ) Pa-hto-daw-kyi, Amarapura
26- ရွှေဂူကြီး (အမရပူရ) Shwe-gu-gyi, Amarapura
27- ရွှေရင်းရဲ (အမရပူရ) Shwe-yin-ye, Amarapura
28- ဗူးဘုရား/တောင်တမံ (အမရပူရ) Buu-phaya, Amarapura
29- စန္ဓာမုနိ (အမရပူရ) Sandar-muni, Amarapura
30- တောင်မင်းကြီးဘုရား (အမရပူရ) Taung-min-gyi-phaya, Amarapura
31- ဆင်ကြိုရွှေဂူကပ်ကျောင်း (အမရပူရ) Sin-kyo-shwe-gu-kap -kyaung, Amarapura
31- ပိဋကက်ကျောင်းတိုက် (အမရပူရ) Pidakat-tike-kyaung, Amarapura
32- ကွန်ရင်စီ ကျောင်း (အမရပူရ) Kwan-Yin Temple, Amarapura
33- သက်တော်ရှည် (အမရပူရ) Thet-taw-shay, Amarapura
34- သက်တော်ရ (အမရပူရ) Thet-taw-ya, Amarapura
35- ဦးလင်းဘုရား (အမရပူရ) U-lin-kyaung, Amarapura
36- ကျွန်းကျောင်း (အမရပူရ) Lay-kyune-kyaung, Amarapura
37- ဘုရားသုံးဆူ (အမရပူရ) Phaya-those-su, Amarapura
38- ဗားကရာအုတ်တံတိုင်း (အမရပူရ) Bar-Ka-yar- tike, Amarapura
39- ရွှေတိုက် (ရဲတိုက်) (အမရပူရ) Shwe-tike, Amarapura
39- နန်းမြင့် (ရဲတိုက်) (အမရပူရ) Nan-myint, Amarapura
40- ရတနာမဉ္ဇူ (အမရပူရ) Ya-da-na-myint-zu, Amarapura
41- ရွှေစည်းခုံ / ပင်းယ (ပင်းယ) Shwe-zi-gon, Pinya
42 ရွှေတောင်တော်စေတီ (ပင်းယ) Shwe-Taung-daw Pagoda, Pinya
43- အောင်စည်းခုံစေတီ (ပင်းယ) Aung-si-khon, Pinya
44- ဂူကြီးသုံးလုံး (ပင်းယ) Gu-gyi-thinner-lone Temples, Pinya
45- ဆေးအိုးဖိုအုပ်စု (ပင်းယ) Say-o-pho Pagoda, Pinya
46- မင်္ဂလာစေတီအုပ်စု (ပင်းယ) Mingalar Zedi, Pinya
47- မယ်နုအုတ်ကျောင်း (အင်းဝ) Mae-nu-oak-kyaung, Ava
48- လေးထပ်ကြီးကျောင်း (အင်းဝ) Lay-trap-kyi-kyaung, Ava
49- တောင်ဘီလူးရွာ လောကထိပ်ဦးဘုရား (အင်းဝ) Law-ka-htape-u-phaya, Ava
50- ရတနာဆီမီးဘုရား (အင်းဝ) Yatana-si-mee- phaya, Ava
51- ဆင်ကျုံးခံတပ်ကျောက်စာ (အင်းဝ) Sin-kyune fortification inscriptions, Ava
52- နန်းမြင့်မျှော်စဉ် (အင်းဝ) Observation Tower, Ava
53- လောကသရဖူ (အင်းဝ) Law-ka-thara-phu, Ava
54- လောကထိပ်ဦး အင်းဝ Law-ka-htape -u, Ava
55- ရွှေစည်းခုံ/အင်းဝ (အင်းဝ) Shwe-si-gon, Ava
56- သစ္စာတိုက်ဘုရား (အင်းဝ) Thit-sar-tike- phaya, Ava
57- တမုတ်ရွှေဂူကြီးဘုရား (ကျောက်ဆည်) Ta-moke-shwe-gu-gyi- phaya, Kyaut Sal
58- မြသိန်းတန်စေတီ (မင်းကွန်း) Mya-Thein-tan-zedi, Minkon
59- မင်းကွန်းပုထိုးတော်ကြီး (မင်းကွန်း) Min-kon-pha-thoe-daw-gyi, Minkon
60- မောက်စံကျောင်း (မောက်မယ်) Maung-san-kyaung, Maukme
61- သုံးပန်လှကျောင်း (ပြည် / မှော်ဇာ) Thone-pan-hla-kyaung, Pyay
စာရင်းမရသေးတာတွေ ကျန်ပါသေးတယ်။
သတင်းကမ္ဘာ
တပ်သားလေးဖိုးထောင်
မန္တလေးမြို့ Sky Villa
ကွန်ဒိုမှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့
Great Wall Hotel မှာ
အိန္ဒိယအဖွဲ့တွေကယ်ဆယ်ရေး စတင်
မန္တလေးမြို့မှာ ငလျင်ကြောင့် တိုက်ပြိုကာ
ပိတ်မိနေသူ အများအပြားရှိတဲ့ Sky Villa ကွန်ဒိုမှာ
တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နဲ့
Great Wall Hotel မှာ
အိန္ဒိယနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့တွေက
ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီလို့
နစကက သတင်းထုတ်ပြန်ပါတယ်။
ဝါစိမ်းနီ
တပ်သားလေးဖိုးထောင်
ငလျင်ဒဏ်သင့် ဒေသတွေမှာ VPN မလိုအောင် စီမံပေးဖို့ တောင်းဆိုလိုပါတယ်။ ကယ်ဆယ်ရေးအတွက် အကူအညီတောင်းခံတဲ့ အခါ VPN ကြောင့် ပိုမိုအခက်တွေ့နေရပါတယ်။
VPN က ကောင်းကျိုးထက် ဆိုးကျိုးများနေပါတယ်။ ပိတ်ထားပေမဲ့လဲ အကြမ်းဖက်တွေက Starlink သုံးတာမို့လို့ မထိရောက်ပါဘူး။
VPN က ကိုယ့်ကိုကိုယ်ပဲ ပိုမိုထိခိုက်နေပါတယ်။
တပ်သားလေးဖိုးထောင်
တရုတ်ရောက်ပြီ
ရုရှားရောက်ပြီ
အိန္ဒိယရောက်ပြီ
စင်္ကာပူရောက်ပြီ
မလေးရောက်ပြီ
ဒီရက်ပိုင်းအတွင်း ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် ပိုလုပ်နိုင်မှာပါ
အခု ဖြစ်ရပ်က နာဂစ်နဲ့ မတူပါ
နာဂစ်က တိုက်တာ အဆောက်အဦးနည်းပါးပြီး ပျဉ်ထောင်အိမ် တဲအိမ်များတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ဖြစ်တာပါ
လေကြောင့် ဒီရေတက်ပြီး အိမ်တွေပြိုပြီး လူတွေရေနစ် သေဆုံးတာပါ
အဲဒီတုန်းက အင်တာနက်လဲ ဒီနေ့လို လူတိုင်းလက်ထဲ မရှိသေးပါ
Mobile phone ကိုင်နိုင်သူလဲ လက်ချိုးရည်လို့ ရပါတယ်
အခုက ငလျင်ပါ
တိုက်တွေပြိုပြီး လူတွေ ပိတာပါ
အခုလာတဲ့ ကယ်ဆယ်ရေးတွေက နာဂစ်လို စားစရာ အိပ်စရာသီးသန့် လာပေးတာ မဟုတ်ပါ
Search and Rescue team တွေ ဆရာဝန်တွေ လာတာဖြစ်ပါတယ်
လူတိုင်းလက်ထဲမှာ mobile phone and internet ရှိနေပါပြီ
လိမ်ဖို့ ခိုးဖို့ဆိုတာ မလွယ်တော့ပါ
နာဂစ်လို လှူတာတွေ သိမ်ကြီးဈေးရောက်စရာ မရှိပါ
ပိတ်မိနေတဲ့ လူတွေကို နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေက ပြည်တွင်းက လူမှုကယ်ဆယ်ရေး သမားတွေနဲ့အတူ ရှာဖွေကြဖို့ ဖြစ်ပါတယ်
အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ကူညီမှ တရားဝင်လာရောက် ကယ်ဆယ်လို့ ရပါတယ်
မတူတာတွေကို နှိုင်းယှဉ်ဖို့ မသင့်ပါ
စစ်တပ်ပဲ ကယ်ကယ် NUG ပဲကယ်ကယ် တရုတ်ပဲကယ်ကယ် အမေရိကန်ပဲ ကယ်ကယ် ဘယ်သူကယ်ကယ် ကြိုဆိုရပါမယ်
ကျွန်တော်တို့အားလုံးဟာ မြန်မာတွေပါ အခုအချိန်မှာ နိုင်ငံရေးမသင့်မြတ်တာတွေထက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စာနာပြီး တိုက်ပွဲတွေ အကုန်ရပ်ပြီး ကယ်ဆယ်ရေး တစ်ခုတည်းသာ ဦးစားပေးရမယ့် အချိန်ပါ
ကျွန်တော်တို့ အားလုံးဟာ မြန်မာတွေပါ ဘယ်သူ ဘယ်ဝါကြောင့် လက်ညှိုးထိုးနေမယ့်အစား
Keyboard fighter တွေ စဆရကတွေ လုပ်နေမယ့်အစား ကိုယ်တတ်နိုင်တဲ့ အပိုင်းကယ်ဆယ်ရေးတွေကို ပူးပေါင်းပါဝင်ပေးဖို့သာ အကြံပြုပါရစေ
ပုသိမ်သားလေး
တပ်သားလေးဖိုးထောင်
+1
NUG မှ ထိုးစစ် ၂ ပတ်ရပ်နားမည်ဟု ကြေငြာ။
ဟုတ်မဟုတ်စောင့်ကြည့်ရမယ်။ ဟုတ်ခဲ့ရင်တော့ ကြိုဆိုပါတယ်။
တပ်သားလေးဖိုးထောင်
Repost from Ko Thet
မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိတဲ့ စာရင်းတွေအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးဖြစ်ကြောင်း နဲ့ အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူ လျက်ရှိကြောင်း သိရပါတယ်။
ရန်ကုန် လျှပ်စစ်အခြေအနေ
မိဘပြည်သူများထံသို့ မေတ္တာရပ်ခံအသိပေးပန်ကြားခြင်း (EPC)
++++++++++++++++++++++++++++++++++
၁။ ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂:၅၅) နာရီ အချိန်ခန့်တွင် ဖြစ်ပွါးခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ (၂၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
YESC Dawbon
တပ်သားလေးဖိုးထောင်
+1
မိတ်ဆွေစစ်
ရုရှားသမ္မတဗလာဒီမီယာပူတင်က မြန်မာဝန်ကြီးချုပ်ထံသို စစ်ကိုင်း-မန္တလေးငလျင်ကြောင့် ထိခိုက်မှုများအတွက် ဝမ်းနည်းပါကြောင်းနှင့် မြန်မာပြည်သူများသိုရုရှားပြည်သူများက ကိုယ်ချင်းစာနာ ကူညီဖေးမမည်ဖြစ်ပါကြောင်း သဝဏ်လွှာပေးပို့။
အနီးကပ် အိမ်နီးချင်းကြီးဆီက ဘာသံမှ မကြားရသေးပါ။
တပ်သားလေးဖိုးထောင်
သတင်းမှားဖြစ်ပါတယ်။ ဝန်ထမ်းအားလုံး မသေဆုံးပါ။ ၄ ဦးသာသေဆုံးကြောင်း ကနဦးသိရပါတယ်။
တပ်သားလေးဖိုးထောင်
သွေးလှူဖို့ ဆန္ဒရှိသူများ သွားရောက်လှူဒါန်းနိုင်ပါတယ်။
အလွန်မွန်မြတ်တဲ့ အလှူပါ။
တပ်သားလေးဖိုးထောင်
ငလျင်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိခိုက်မှုကြီးပါတယ်။
အရင် ရေဘေးလို့ ကွက်ဖြစ်တာမျိုးမဟုတ်ပါ။ တစ်နိုင်ငံလုံး မထိခိုက်တဲ့ဒေသ မရှိသလောက်ပါ။
စစ်ပွဲတွေ ခဏရပ်ကြပြီး ကယ်ဆယ်ရေးဖက် အားထုတ်ကြဖို့ ဆန္ဒပြုလိုပါတယ်။
တပ်သားလေးဖိုးထောင်
Repost from Thazin Oo 🇲🇲
ငလျင်လှုပ်ခတ်ပြီး နောက်ထပ် (၆) နာရီအတွင်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ပါသဖြင့် အဆောက်ဦ များနှင့် ပြင်ပ ဝေးရာ၊ ကျိုးပဲ့ပြုတ်ကျနိုင်သော သစ်ပင်များနှင့် ဝေးရာတွင်သာ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ...
ပေါင်းလောင်းဆည် အက်တယ်ဆိုပြီး နေပြည်တော်မှာ လန့်နေကြတယ်။
ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူး အမြန်သတင်းထုတ်ပါ။ ပြန်ကြားရေး အလုပ်လုပ်ပါ။
တပ်သားလေးဖိုးထောင်
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
