တပ်သားလေး ဖိုးထောင် 🇲🇲🪖
الذهاب إلى القناة على Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
إظهار المزيد8 212
المشتركون
-424 ساعات
-287 أيام
-15930 أيام
أرشيف المشاركات
+3
🇲🇲 တပ်မတော်နေ့ ဂုဏ်ထူးဆောင်ဘွဲ့များ
ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် ပစ်ကူ၊ ရိက္ခာကူ၊ စစ်ကူမရရှိခဲ့ပဲ ရွပ်ရွပ်ခြုံခြုံ တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ဂုဏ်ထူးဆောင်တံဆိပ်များမရရှိခဲ့သည့်အတွက် ပြန်လည်စိစစ်ပေးစေလိုကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
တပ်မတော်နေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြင့်ခဲ့ရာတွင် ဆွမ်ဘရာဘွမ်တွင် လက်နက်မချဘဲ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ခဲ့သော ရဲအုပ်နေလင်းဟိန်း မပါရှိခဲ့သည့်အတွက် ပြန်လည် စိစစ်နိုင်ပါရန် တင်ပြအပ်ပါသည်။
မောင်တောမြို့နယ်ထဲက တမန်းသားရဲကင်းစခန်းကို AA က ၁ လနီးပါး ပိတ်ဆို့ဖြတ်တောက်ဝိုင်းရံထားပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ နောက်ဆုံးတော့ တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ ယမန်နေ့ မတ်လ ၂၅ ရက်နေ့မှာ လက်နက်ချ အညံ့ခံလိုက်ရပါပြီ။
အဆိုပါ တမန်းသား ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ၁ လကျော်ကြာ လက်နက်ချအညံ့ခံခြင်းမရှိဘဲ ခုခံခဲ့ပေမဲ့ ရိက္ခာပြတ်တောက်မှုကြောင့် လက်နက်ချရတယ် ကြားပါတယ်။ ရခိုင်ပြည်နယ်ကို ဒီတိုင်းပဲ အလှူပေးလိုက်တော့မှာလား ကာချုပ်ကြီး ခင်ဗျား။
တစ်နှစ်ကျော်ကြာ ရိက္ခာဖြတ်ထားခံရသော
ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့စစ်ကျေးရွာများမှာ၊ဒီဒုတ်ကွင်း၊သစ်ချိုကုန်း၊
ပင်တောင်၊ဝန်ချုံးရွာ၊တပ်ကုန်းရွာ၊တပ်မတော်အနေနဲ့ မဖြစ်မနေပို့ပေးရမယ့်ရွာများဖြစ်သလို၊အဒီမှာ တာဝန်ကျနေတဲ့စစ်သားများလည်း ကြာနေပြီဖြစ်ပါသည်။
အတ္တရံတံတား (မော်လမြိုင်)
စက်မှုဇုံ ၃၁ ထားပါ။
တရနာ ကျိုးရင် အနားကပ်လာမှာမို့
အရေးပေါ်အခြေနေ ၃၁ ပါ။
ဘူးသီးတောင်
မတ်၂၆၊၂၀၂၄။
ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာအနီးက ခမရ ၅၅၂ တပ် ဗဟိုကင်းထဲရောက်နေပြီဖြစ်တဲ့ ရခီးတွေကို ရေတပ်ကမစ်ဇိုင်းတွေနဲ့ နံနက်(၇)နာရီခွဲအချိန်ကပစ်ခတ်နေပြီ လို့မြေပြင်သတင်းရရှိသည်။ ခွာစစ်ဆင်တဲ့အဖွဲ့ လမ်းကြောင်းမှာရခီးတွေနဲ့ ထိတွေ့မှုဖြစ်ပြီး အဖမ်းခံရသူတွေရှိတယ်။
တမန်းသားရဲစခန်းကလည်း အဆက်အသွယ် မနေ့က နေ့လည်ပိုင်းထဲက ပြတ်သွားတယ်လို့သိရသည်။ ကြိမ်ချောင်းနခခ(၇) ဌာနချုပ်လည်း ဒရုန်းဗုံးဒဏ်တော်တော်လေးခံနေရတယ်။ ပစ်ကူလိုအပ်နေပါတယ်။
ချစ်ကြည်ရေးလာရောက်တဲ့ တပ်မတော်အရာရှိများကို လှောင်ပြောင်ဆဲဆိုနေတဲ့ UWSA
သူများတွေ စိတ်ကြိုက်စော်ကားခံနေရတဲ့ တပ်မတော်ရဲ့သမိုင်း ရိုင်းရပြီလား အဘတို့ရေ
သံတမန်ကျင့်ဝတ် လိုက်နာရန်လိုအပ်နေတဲ့ ရန်ကုန်အခြေစိုက် ကုလနှင့် နိုင်ငံခြားသံရုံးများ
===========================
ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံးအသီးသီးက တာဝန်ရှိသူများက သူတို့ရုံးတွေမှာ ခန့်ထားတဲ့ ဒေသခန့်ဝန်ထမ်း (Local Staff) တွေကို စစ်မှုထမ်းဆောင်ခွင့် ကင်းလွတ်ခွင့်ပေးဖို့ လျှောက်ထားမယ်လို့ သိရပါတယ်။
ကုလအဖွဲ့တွေက လုပ်တော့ ရန်ကုန်မှာရှိတဲ့ သံရုံးတွေကလည်း သူတို့ခန့်ထားတဲ့ ဒေသခန့်ဝန်ထမ်းတွေကိုလည်း စစ်မှုထမ်းဆောင်ခွင့် ကင်းလွတ်ပေးဖို့ တောင်းဆိုမယ်လို့သိရပါတယ်။
နိုင်ငံသားတိုင်းလိုက်နာရမယ့် ဥပဒေကို ကုလဝန်ထမ်းဖြစ်လို့၊ သံရုံးဝန်ထမ်းဖြစ်လို့ လိုက်နာစရာမလိုဘူးဆိုတာဖြစ်သင့်ပါသလား?
စစ်မှုထမ်းဥပဒေကျင့်သုံးတဲ့ အခြားနိုင်ငံတွေမှာ ခွင့်ပြုပါသလား မေးလိုက်ချင်ပါတယ်။
ကိုယ့်ဝန်ထမ်းက အချိန်ကျလို့ နိုင်ငံတာဝန်ထမ်းဆောင်ချိန်မှာ အစားထိုးဝန်ထမ်းခန့်အပ်လို့ ရပါရဲ့သားနဲ့ အခွင့်ထူးယူပြီး ကင်းလွတ်ခွင့်တောင်းခံလာမှုအပေါ် မလိုက်လျောသင့်ဘူးလို့ ယူဆပါတယ်။
ကုလအပါအဝင် နိုင်ငံခြားသံရုံးများဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို လိုက်နာရတယ်ဆိုတာ မှန်ကန်တဲ့ သံတမန်ကျင့်ဝတ်ဖြစ်ပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ဆောက်လုပ်ဆဲ
ယဥ်ကျေးမှုစင်တာဝင်းအတွင်း အကြမ်းဖက်သမားတွေက
ကိုယ်တိုင်လုပ်ဒရုန်းတွေနဲ့
ဗုံးချသွားပါတယ်။
ပြောပြချင်တဲ့အချက်က
အကြမ်းဖက်သမားတွေက
ဒရုန်းကို ကိုယ်တိုင်ထုတ်ဖို့ ကြိုးစားနေပြီ။ ထုတ်လည်းထုတ်နေပြီ။
နစကဖက်ကရော ဒရုန်းကို
ကိုယ်တိုင်ထုတ်ဖို့ မကြိုးစားသေးဘူးလား?
ဒရုန်းထုတ်လို့ကုန်မဲ့ပိုက်ဆံကို
သင်္ကြန်မှာသုံးလိုက်မယ် ဆိုလည်း
မဆိုးပါဘူး။ တော်တယ်လို့ဘဲ ချီးကျူးရမှာပေါ့
ဝေဖန်ထောက်ပြမချီးကျူးလို့ ကိုကျော်စိုးဦးတောင် ထောင်ထဲထည့်ခဲ့ပြီးပြီဆိုတော့
ရခီးတွေ လက်ထဲရောက်သွားတဲ့ တပ်မတော် သံချပ်ကာယာဉ်တွေ။ တိုင်းမှူးအသစ်အနေနဲ့ မညှာတာဖို့ တောင်းဆိုပါရစေ
ဒီနေ့ဟာ ဆရာတော်ဘုရားကြီး၏ ၈၄ နှစ်ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။
(၂၃)ရက် ရက်မြတ်မှစ၍ သက်ရာကျော်ရှည်ပါစေဘုရား 🙏🏻
ဆရာတော် ဘုရားကြီးဟာ ၂၂ ရက်နေ့ ည ၁၂:၃၀ မိနစ် ၂၃ ရက် ထဲမှာ ဖွားမြင်ခဲ့ပါသည်။
ယနေ့ဟာ စနေနေ့ ဖြစ်သည့်အတွက် မွေးရက် မွေးနံပါ ထပ်တူကျသော ရက်မြတ်မင်္ဂလာတစ်ပါးဖြစ်ပါသည်။
မိုးမောက် ခမရ ၄၃၈က နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားသော တပ်ရင်းမှူးနဲ့တကွ အရာရှိစစ်သည်များအား လေးစားဂုဏ်ယူစွာဖြင့် အလေးပြုလိုက်ပါသည်ခင်ဗျာ။
💚စစ်သားကို စစ်သားနဲ့တူအောင်ထား
နိုင်တဲ့တနေ့ အထက်အရာရှိတွေသောက်ချိုးပြင်တဲ့တနေ့စစ်နိုင်ပြီလို့ရေးခဲ့ဘူးတယ်။
💚စစ်သားကို စစ်သားနဲ့တူအောင်မထား တဲ့အခါ
အဲ့ဒီစစ်သည်ဟာ အလိုလိုနေရင်းသိမ်ငယ်စိတ်က
ဝင်လာတယ်။
သိမ်ငယ်စိတ် ဝင်လာတဲ့စစ်သည်ဟာ
စစ်တိုက်ဖို့ကလွဲရင်
ဘာမဆိုအကုန်လုပ်မှာပဲ
သူ့တန်ဖိုးမထား တဲ့အခါ သူကလည်းဘယ်တန်ဖိုး
ထားပါ့မလဲ။
စစ်သားအလုပ် စစ်သားလုပ်မယ်
စစ်သားက သန့်ရှင်းရေးသမားမဟုတ်ဘူး
အထက်အရာရှိတွေရဲ့ကျွန်မဟုတ်ဘူး
ရဲဘော် ရဲဘက် ဖြစ်တယ်။
စစ်တိုက်စရာမရှိရင် လေ့ကျင့်မှာပေါ။
💚စစ်သားကို စစ်သားနဲ့တူအောင်ထားဖို့
တပ်နေပျော်ဖို့
စစ်တိုက်တော်ဖို့တွေဟာ တကယ်တော့ ဘာမှခက်ခဲ
လွန်းတဲ့အရာတွေမဟုတ်ဘူး။
၁ ။ လစာ နဲ့ရိက္ခာကို လောက်ငအောင်ပေးရမယ်။
၂ ။ တပ်ရင်းတွေကိုထောက်ပံ့မှုအပြည့်ပေး
ဒီ ၂ ချက်ထည်းနဲ့လုံလောက်တယ်။
💚လစာနဲ့ရိက္ခာမလောက်ငတော့ စစ်သည်က အပိုဝင်
ငွေရှာရတယ်
အဲ့ဒီကစလို့ ကိုယ်ကျင့်တရားစပျက်ပြီ။
💚တပ်ရင်းတွေမှာ
စစ်သည်အတွက်ဆေးကိုဆေးစတိုးက စာရွတ်စာတမ်း
ဖိုးအကြောင်းပြပြီးစဖြတ်တယ်။
ဆေးသွားထုတ်တဲ့သူကလည်း ခရီးစရိတ်အကြောင်းပြ
တိုင်းမှာ ပေးရတာအကြောင်းပြ
ဆေးစတိုးပေးရတာအကြောင်းပြရင်း ဖြတ်အုပ်
ကြပြန်ရော။
အဆင့်ဆင့်ဖြတ်အုပ်လိုက်ကြတော့
တကယ်လည်းကုရော တရုပ်က paracetamol
Burmeton ပဲကျန်တယ်။
💚တပ်ရင်းရိက္ခာတွေလည်းဒီအတိုင်းပဲ
တပ်ရင်းတရင်းရဲ့ရိက္ခာကို ဂိုထောင်ကစဖြတ်တယ်
သွားထုတ်ကိုယ်စားလှယ်က လမ်းစရိတ်ဖိုးထပ်နုတ်
တယ် ။
ပဲ/ ဆီ /ဆန် လဲလို့ရသမျှဖန်ငွေရရေး ဒို့အရေး
အကုန်လဲတယ်
တပ်ရင်းရောက်တော့
ဆန်ဖြူက ဆန်နီဖြစ်
ပဲအကောင်းက ပဲပိုးထိုးဖြစ်တယ်။
လူနဲ့တူအောင်မစားရတော့ဘူး။
💚တပ်ရင်းမှူးတယောက်က သူ့လစာနဲ့ဘယ်လိုမှမိသား
စုရပ်တည်လို့မရဘူး
သူ့အဆင့်နဲ့ လိုအပ်ချက်တွေကလည်းသူ့မှာအများကြီး
တပ်ရင်းတရင်းရဲ့လိုအပ်ချက်တွေအားလုံးဟာ
တပ်ရင်းမှူးမှာပဲတာဝန်ရှိတယ်။
ချပေးထားလားဆိုတော့ မိမိတပ်ရင်းပေါ်လစီနဲ့ဖန်ငွေ
ရှာခိုင်းတယ်။
😁စပါးစိုက်
😊အုတ်ဖုတ်
☺️နွားမွေး
😝ကြက်မွေး
😜ဆိတ်မွေး
😎ဝက်မွေး
😇ဖတ်ထိတ်
😡အရာရှိခိုင်း
😤တပ်ရင်းမှူးအိမ်သွားခိုင်းတာလုပ်
😭ဖင်မခံရတာ တခုပဲရှိတယ်။
တပ်ရင်းတရင်းကိုပြောင်းလာတဲ့တပ်ရင်းမှူးက
ရန်သူကို စိတ်မဝင်စားအားဘူး။
သူ့ဒုက္ခပေးမဲ့ တပ်ရင်းဖန်ငွေဘယ်လောက်ရှိသလဲ
💚အရင်ကြည့်ရတယ်။
ဘယ်ကမှမရတဲ့ ငမွဲတပ်များရောက်သွားလို့
ကတော့ပက်လက်လန်တာပဲ။
💚ဒီအလုပ်တွေကို ဘယ်သူတွေလုပ်ရသလဲဆိုတော့
ဒီစစ်သားတွေပဲလုပ်ရတယ်။
စစ်သားက
တလင်းနယ် ထည်ထိုး ကောက်စိုက်
နွားကျောင်း အုတ်ဖုတ်
ကြက်စာကြွေးနေရတော့
မင်းသား ခွေးမောင်းခိုင်းတာ ကမှ
ဟုတ်တုတ်တုတ် ရှိသေး။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး
မြို့ထဲရွာထဲ စည်ပင်အလုပ်က ပြေးလုပ်ရသေးတယ်
မအေလိုးများ ခိုင်းလည်းခိုင်းတတ်ပါ့။
💚အဲ့ဒီတော့
တပ်ရင်းဖန်ငွေကို
နောက်တန်းမှာရှာမရရင်ရှေ့တန်းမှာရှာကြ
တော့တာပဲ။
ဒီတပ်ရင်းမှူးမှ ကိုယ်ကျင့်တရားမပျက်ဘယ်သူပျက်
မလဲစဥ်းစားကြည့်။
တပ်စစ်တွေမရှိဘူးလားဆိုတော့ ရှိပါ့
သူတို့ကလည်းဒီအကြောင်းတွေသိတော့ heavy case
မဟုတ်ရင်ကြွေးတာစားမျိုစို့ပြီးပြန် ဒါပဲ။
💚ဒါတွေကို ဗျူဟာမှူးလုပ်သူတွေမသိဘူးလားဆိုတော့
သိတယ် ။
တိုင်းမှူးတွေလည်းသိတယ်
ဘယ်လိုပြန်ကုစားကြမလဲ ဘယ်သူမှအဖြေမရှာကြဘူး
အဲ့ဒီကစလို့နေရာရရေးလုံးပမ်းကြတော့တာပဲ။
နေရာရရင် ကြိတ်ပြီ
မြို့ပေါ်က ကလပ် /ဘား / စားသောက်ဆိုင်
ဒီလူတွေနဲ့ မကင်းတော့ဘူး
💚လူဗျ
တိုင်းပြည်ကာကွယ်ပြီး လူတန်းစေ့နေချင်ကြတာ
သူတို့အပြစ်မဟုတ်ဘူး။
ခင်းဗျားတို့ အထက်ဌါနက လူတွေရဲ့အပြစ်။
တပ်မတော်ကိုဖျက်ဆီးတာ ခင်ဗျားတို့
ကိုယ်တိုင်ပဲ။
ကိုကျော်စိုးဦး ဖမ်းခံရတာဟာ ရဲအုပ်နာရေးမှာ ပြည်ထဲရေးလူကြီးများ မလာရောက်လို့ သတင်းတင်ခဲ့မိတဲ့အတွက် ဖမ်းဆီးခံရတာပါ။ ကိုကျော်စိုးဦးက အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်ခဲ့တာကို ပြည်ထဲရေးဝန်ကြီးနဲ့ အရာရှိများ အငြိုးကြီးစွာဖမ်းဆီးခဲ့တာပါ။ ရဲဘော်များကိုစာနာတဲ့ ကိုကျော်စိုးဦးနဲ့အတူ ရပ်တည်ကြရပါမယ် 🫡
Repost from People Media
တိုင်းပြည်အပေါ် သစ္စာစောင့်သိခဲ့သည့် ရဲအုပ်နေလင်းဟိန်း နာရေးသို့ ပြည်ထဲရေးဝန်ကြီးဌာန လာရောက်မှုမရှိ
မေမေ့သား မိုက်ကယ် လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ထိုင်းနိုင်ငံ ထောင်ထဲရောက်သွားပြီ
ရွှေဘောက်ချာမှာ ပေါက်ဈေးမရေးဘဲ ရွှေရောင်းနေသည့် ရွှေဆိုင်လောက
လှုပ်ရှားရာနယ်မြေတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ သွားမယ်လို့ ကြွေးကြော်သည့် RCSS
#PeopleMedia
ကိုကျော်စိုးဦး (People Media)
အစစအရာရာ အဆင်ပြေကျန်းမာဘေးကင်းပါစေလို့ ဆုတောင်းပေးပါသည်။
တိုက်ပွဲဝင်စစ်ဆင်ရေးစရိတ်တဲ့။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ တကယ်ဖြစ်ရင် ကောင်းမယ်လို့ တွေးမိတယ်။
၂၀၂၁ အရေးအခင်း စဖြစ်ကတည်း မနားရတဲ့ ရဲဘော်ရဲဘက်တွေဆိုတာ အများကြီးရယ်။ တကယ်တော့ နိုင်ငံတော်က ပေးတဲ့ လစာဆိုတာ အိမ်ထောင်ရှိသူတွေအတွက် မျှဝေစားသောက်ရတဲ့ ရိက္ခာပါ။ တချို့ အတူနေဖူးတဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေဆို စစ်ဆင်ရေးနေ့ထွက်စရိတ်လေးနဲ့တင် ခြစ်ခြုပ်နေကြတဲ့ အိမ်ထောင်သည်တွေ အများကြီး တွေ့ဖူးတယ်။ ရေပက်မဝင်တဲ့ စည်းရုံးရေးဆိုတာ ဆွဲဆောင်နိုင်တဲ့ အခြေခံလစာတွေ ၊ ရာထူး ၊ရာခံ တွေ ပေးဖို့ လိုအပ်ပါတယ်။
နိုင်ငံတာဝန်ကို အချိန်ပြည့် ထမ်းဆောင်ရင်း မိသားစု ဘဝတွေကို လူတန်းစေ့ မျက်နှာငယ်အောင် မနေချင်ကြတာ သဘာဝပဲ မဟုတ်လား။ ဒီသတင်း အမှန်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ရဲမေ၊စစ်သည်တွေ ဘယ်လို ပင်ပန်းသလဲဆိုတာ ကိုယ်တွေသာ အသိဆုံး မဟုတ်လား။
စစ်သုံးစရိတ်အားကောင်းမှ စစ်သည်များ သက်သာမည်။ပစ်အားကောင်းသည့်တပ်မတော်ဖြစ်မည်။ကမ္ဘာကိုရင်ဘောင်တန်းနိုင်မည်။
သတင်းထူး
ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းမှ စစ်သည်တော်များ နှင့် မှီခိုများ ခွါစစ်ဆင်လာပါသည်။
တပ််မတော်မှ လခရယူပေးရန် အရေးကြီးပါသည်။
ဖြစ်စဉ်-ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ တပ်ရင်းအား အေအေသောင်းကျန်းသူများမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တပ်မတော်သားများ/မှိခိုများ စတင်စွန့်ခွါ လာပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရှိရပါသည်။
မတ် ၁၉၊ဘူးသီးတောင်
+2
တိုင်းပြည်အပေါ် နောက်ဆုံး ထွက်သက်အထိ သစ္စာရှိ
သော ရဲအုပ်နေလင်းဟိန်း၏ နာရေးအိမ်သို့ ပြည်ထဲရေး
ဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်မှု မရှိခဲ့
ဗက နောင်တချိန်း
ဒီနိူင်ငံမှာ လူမဖြစ်ပါစေနဲ့ကွာ ""
ဒီနိူင်ငံက
လူတစ်စုရဲ့ အသုံးချခံနေရတာ ကွာ"
မင်းအသက်နဲ့တိုင်းပြည်တာဝန်
ထမ်းဆောင်ပြီးအသက်ပေးခဲ့ပေမယ့်
မင်းရဲ့ ရဲချုပ်နဲ့ ပြည်တွင်းရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ
မင်းနာရေးလာဖို့
သူတို့တတိမရကြဘူးကွာ
မင်း နောင်ဘဝ ဒီနိူင်ငံမှာ
လူလာမဖြစ်ပါစေနဲ့လို့ ငါဆုတောင်းတယ် သူငယ်ချင်း
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
