ar
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

الذهاب إلى القناة على Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

إظهار المزيد
8 029
المشتركون
-1624 ساعات
-517 أيام
-19830 أيام
أرشيف المشاركات
ဘုရားပြီးငြမ်းဖျက် အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာ သတင်းမှန်ရေးသူတွေ၊ အမှန်အကန်ထောက်ပြသူတွေ၊ တပ်မတော်ကို အမှန်တကယ် ချစ်သူတွေကို ဖိနှိပ်ဖို့ စီမံချက်များ ပါသလား မသိပါ။ ပထမဆုံး ကိုရွှေမျိုးဝင်းပါ။ အခု ကိုကျော်မျိုးမင်းကို စစ်ဆေးမေးမြန်းမှု လုပ်နေပါတယ်။ ဆရာတော်အချို့၊ အမျိုးသားရေးသမားအချို့လဲ စစ်ဆေးခံရမှုရှိပါတယ်။ လူမသိသူမသိတွေ ရှိပါသေးတယ်။ ခက်ခဲနေစဉ်က လူလုံးထွက်မပြရဲခဲ့တဲ့ လူအချို့က အာဏာရပြီးချိန် ဘုရားပြီးလို့ ငြမ်းဖျက်နေပါပြီ။ ဒီငြမ်းတွေက အန္တရာယ်ကြီးခဲ့တဲ့ ပဒက်တွေ သောင်းကျန်းခဲ့စဉ်က အသက်စွန့်ဝန်းရံပြောဆိုခဲ့သူတွေဆိုတာ မမေ့သင့်ပါဘူး။ တပ်သားလေးဖိုးထောင်

ကိုကျော်မျိုးမင်း ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။ သတင်းမတင်ဆက်နိုင်သည့် အခြေအနေမှာ ကျန်းမာရေးကြောင့် မဟုတ်ပါကြောင်း ကျန်းမာရေး စိုးရိမ်နေသူများအား အသိပေးအပ်ပါတယ်။ တပ်သားလေးဖိုးထောင်

မတ္တရာဒေသ ယနေ့နံနက်ပိုင်းအချိန်တွင် ဧရာဝတီမြစ်ရေတက်လာတာကို အခွင့်ကောင်းယူပြီး ညအချိန်ထဲက လှေများဖြင့် တိတ်တဆိတ် ဝင်ရောက်ကပ်ကာ
မတ္တရာဒေသ ယနေ့နံနက်ပိုင်းအချိန်တွင် ဧရာဝတီမြစ်ရေတက်လာတာကို အခွင့်ကောင်းယူပြီး ညအချိန်ထဲက လှေများဖြင့် တိတ်တဆိတ် ဝင်ရောက်ကပ်ကာ နံနက်ပိုင်းအချိန် တိုက်စစ်ဆင်လာသော မိစ္ဆာမန်းပဒက် လက်ကျန် ၆၀ ကောင်လောက်ဟာ အပိုင်ပဲဆိုပြီး မတ္တရာမြို့နယ် အနောက်ခြမ်းဧရာဝတီမြစ်ကမ်းဘေးက ရှင်လှတောင်ရွာရှိ လုံခြုံရေးအဖွဲ့များထံ အတင်းဝက်လုံး တက်လာပေမဲ့ အမြောက်ပစ်ကူ လေကြောင်းပစ်ကူ ချေမှုန်းရေးတပ်များရဲ့ ခုခံမှုကြေ။င့် ထိခိုက်ဒဏ်ရာများစွာနဲ့ အသေ ၄ ကောင် အရှင် ၃ ကောင် ထားခဲ့ကာ လာရာလမ်းအတိုင်း စက်လှေများဖြင့် ပြန်လည်ဆုပ်ပြေးသွားခဲ့ပါသည်... မိစ္ဆာမန်းပဒက်ရဲ့ မတ္တရာဒေသ ပြန်လည်ခြေကုပ်ယူမည့်အစီအမံ ဆောင်းအိပ်မက်လိုဖြစ်သွားခဲ့ပါပြီ.. ဧရာဝတီမြစ်ကမ်းဘေး လုံခြုံရေးအဖွဲ့များအနေဖြင့် ရေတက်လာတာကို အခွင့်ကောင်းယူမည့် အရေးမှကာကွယ်ရန် စက်လှေပဲဖြစ်ဖြစ် လျှော်တယ်ပဲဖြစ်ဖြစ် လက်လှော်လှေပဲဖြစ်ဖြစ် လက်ဦးမှုရယူသင့်ပါကြောင်း.. ၎င်းတို့အခြေပြုရာ အေးကျွန်း စုပေါင်းကျွန်း မိူကြိုး ရွာတန်းရှည် စဉ့်ကိုင် ငါးရယ် လေကြောင်းမှ အမြန်ရှင်းသင့်ပါကြောင်း... .. ပန်းချစ်သူ တပ်သားလေးဖိုးထောင်

Repost from NP News-Myanmar
အထူးအားနာစွာဖြင့် K Comedy ရုပ်သံနှင့် NP News သတင်းဌာနကို အားပေးကြည့်ရှုကြပါသော ညီအစ်ကိုမောင်နှမများရှင် ယနေ့ ဇွန်လ(၂၆)ရက် (သောကြာနေ့) တွင်လည်း ကိုကျော်နု ရုပ်သံတင်ဆက်မှု မပြောနိုင်သေးကြောင်း အသိပေးပါရစေ။ ‌သတင်းဌာနကို အမြဲအားပေးဝန်ရံသူများအား ကျေးဇူးတင်လျက်ပါ။

ပုလဲမောင် ဆိုတဲ့ကောင်က နှစ်ကောင်ရှိတယ်..   ပထမ ပုလဲမောင်ကို ဇော်ထက်က သတ်လိုက်တယ်..   ဒုတိယ ပုလဲမောင်ကိုတော့ ငစွမ်းတပည့်က သတ်လိုက်တယ်… အကုသိုလ်ကောင်တွေတော့ အကုသိုလ်အကျိုးပေးချိန်တန်ပြီထင်တယ်...   သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ   မှိုင်းဝေ

Repost from U Kyaw Soe Oo
နွားထိုးကြီးစိုးအောင် အလိုမရှိကြောင်းမြို့ခံ အချို့၏ သဘောထား။ ဒီလို ဒေသမှာ ထွက်လာရဲကြတဲ့ သတ္တိ မနည်းဘူး ပြောရမယ်။

AYA Bank မှ သုံးစွဲသူများထံသို့ အသိပေးကြေညာချက် ‌အရေးကြီးအချက်အလက်များ မပါသော်လဲ လျှောက်လွှာပါအချက်အလက်များပါသည်ဆိုသဖြင့် ကျာ
+1
AYA Bank မှ သုံးစွဲသူများထံသို့ အသိပေးကြေညာချက် ‌အရေးကြီးအချက်အလက်များ မပါသော်လဲ လျှောက်လွှာပါအချက်အလက်များပါသည်ဆိုသဖြင့် ကျားဖျန့်များမှ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ လိပ်စာအစရှိသည် ကိုယ်ရေးအချက်အလက်များ ရရှိနိုင်ခြေရှိပါသည်။ တပ်သားလေးဖိုးထောင်

မြိုင်ကပေးတဲ့ နိုင်ငံရေးပေးထားချက် ........................................................... မနေ့က မြိုင် ၊ တွင်းမရွာမှာဖြစ်သွားတဲ့ MI-17 ရဟတ်ယာဥ် Case က အကြမ်းဖက်တွေဆီမှာ FPV Suicide Drone နည်းပညာ အတော်ပြန့်နှံလာတယ်ဆိုတဲ့ သတိပေးခေါင်းလောင်းသံပါပဲ ။ ပြောရရင် နည်းပညာပြန်နှံ့လာရုံတင်မကပဲ Used to ဖြစ်လာတယ်ဆိုတဲ့ သဘောလို့ဆိုရမှာဖြစ်ပါတယ် ။ သမိုင်းတပတ်ကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာ အတည်မပြုနိုင်တဲ့ သတင်းတွေအရ KIA ဆီမှာ FPV Drone (၂၀၀)နီးပါး လက်ခံရရှိထားတယ်လို့သိရတယ် ။ ဒီသတင်းကြားပြီး မကြာဘူး ဗန်းမော်မှာ Mi-17 တွေ FPV နဲ့ စတင်တိုက်ခိုက်ခံရတယ် ။ ဒါကြောင့် FPV Drone အသုံးပြုမှုက KIA ဆီကနေ ပြန့်နှံ့လာတယ်ဆိုတဲ့ သဘော ! ဒီလိုအချိန်မှာပဲ အိန္ဒိယနယ်စပ်ကနေ စစ်ကိုင်းနဲ့ ချင်းဖက်ကိုဝင်လာတဲ့ ယူကရိန်းတချို့နဲ့အမေရိကန်တွေကို ဖမ်းဆီးရမိခဲ့တယ် ။ ဆက်စပ်ဖော်ထုတ်ရရှိခဲ့တာက မြန်မာပြည်ထဲက အကြမ်းဖက်တွေကို Drone နဲ့ နည်းပညာထောက်ပံ့ပေးခဲ့တယ်လို့သိရတယ် ။ ဒါတွေကို မြင်သာစေတာကတော့ ချင်းတောင်က AIF လက်အောက်ခံ Witch ဆိုတဲ့ အဖွဲ့ရဲ့ FPV တိုက်ခိုက်မှုတွေကို ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းတွေတိုက်ခိုက်ခံခဲ့ရတဲ့ Footage Video တွေပါ။ ဆိုတော့ ဆိုလိုရင်းကိုပြန်ဆက်ရရင် မြိုင်ဒေသမှာ KIA ကကြီးကြပ်ရေးမှုးထားပြီး စီးပွားဖြစ်လုပ်နေရင်းကနေ အကြမ်းဖက် PDF တွေဆီကို FPV Drone အသုံးပြုမှုမျှဝေခဲ့ပုံရတယ် ။ ပြီးခဲ့တဲ့ မေလက ငအိုး ရွှေကူလမ်းမှာ KIA ရဲ့ FPV ကြောင့် တပ်မတော်စစ်ကြောင်းတွေ အဖိတ်အစင်များခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးတယ် ။ အခုတော့ အညာမြေ အလည်တည့်တည့်ထိ KIA ခိုင်းဖက် PDF တွေက FPV Suicide Drone ကို အသုံးပြုနိုင်လာတာတွေ့ရတယ် ။ အသုံးပြုတိုက်ခိုက်လာတယ်ဆိုတဲ့ နေရာမှာ မထော်မနန်းနဲ့ Drone ကို မောင်းနေတာမဟုတ်ပဲ Long Range ​ကနေ Target အထိ Elevation ကိုချိန်ဆ ထိုးချ မောင်းလာပုံကို ကြည့်ခြင်းအားဖြင့် Well Train လုပ်ထားပြီးသားလို့ သတ်မှတ်ရမှာဖြစ်ပါတယ် ။ ဆိုတော့ ခေတ်သစ်နည်းပညာစစ်ပွဲမှာ နည်းပညာကို အမီလိုက်နိုင်ဖို့ အများကြီးလိုပါတယ်။ တပ်မတော်အနေနဲ့ ၁၀၂၇ ကာလ Drone Attack ကို အထိအခိုက်အများကြီးနဲ့ ကျောကော့ ခါးကော့အောင် သင်ခန်းစာ ယူခဲ့ရတဲ့ ဖြစ်စဥ်ရှိခဲ့တာ အားလုံးမှတ်မိကြမှာပါ။ ကာလတခုရောက်မှ Drone Team တွေဖွဲ့စည်းပြီးတော့ Counter Attack တွေဝင်လာနိုင်လို့ တိုက်ပွဲရလဒ်တွေပြောင်းလဲလာရင်း ဒီနေ့ ဒီအချိန်ထိ စစ်ရေး​အောင်မြင်မှုရရှိခဲ့ကြတယ် ။ ဒါပေမယ့် တချို့နေရာတွေမှာနည်းပညာကို လက်ဦးမှုရယူ ယူနိုင်ခြင်းတွေ မရှိလို့ တချို့က အထနှေးတယ်လို့ အားမလို အားမရနဲ့ ဝေဖန်ရတဲ့အထိဖြစ်ခဲ့ကြတယ် ။ အခုလည်း ယူကရိန်းစစ်ပွဲရဲ့နောက်ဆက်တွဲ FPV တွေခေတ်စားလာတဲ့အချိန် အကြမ်းဖက်တွေက လက်လှမ်းမီအောင် ကြိုးစားလာနိုင်ပြန်တယ် ။ KIA လို ဘိန်းရောင်း ကျောက်တူး မြေရှားခိုးရင်းနဲ့ ကြွယ်ဝချမ်းသာနေတဲ့အဖွဲ့က FPV တွေဖောဖောသီသီသုံးတာ မထူးဆန်းပေမယ့်လို့ NUG လက်အောက်ခံ ဘုံကျွန် PDF တွေကို KIA က သူ့အကျိုးစီးပွားကာကွယ်ဖို့ လုပ်ဆောင်လာတာကို ကြည့်ရင် ဒီအချက်ကို တပ်မတော်အကြီးအကဲတွေ သတိထားရလိမ့်မယ်လို့ ဆိုရမှာဖြစ်ပါတယ် ။ ဆိုလိုရင်းကို ပြန်ဆက်ရရင် မနေ့က တွင်းမရွာက Case က Mi-17 နဲ့ Heli Drop ချတဲ့စစ်ဆင်ရေးမှာ ကြိုတင်ကာကွယ်မှု ၊ တန်ပြန်တိုက်ခိုက်မှုဆိုတဲ့ အပိုင်း မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။ တပ်မတော်မှာ လေတပ်အင်အား အားသာချက်ရှိပေမယ့် ဒီလို တိုက်ခိုက်မှုတွေက ကုန်ကျစရိတ်နည်းပြီး ထိရောက်မှုရှိတဲ့ FPV တွေက အဟန့်အတားတွေဖြစ်လာနိုင်စေပါတယ်။ တဖက်အကြမ်းဖက်တွေအနေနဲ့လည်း ဒါက စိတ်ဓာတ်မြှင့်တင်ရေးပုံစံ ဖြစ်သွားသလို ၊ Footage Video ကြောင့် ​တခြားအဖွဲ့တွေကိုယ်တိုင် ချဥ်းကပ်မှုတွေပြုလုပ်ပြီးတော့ Drone နဲ့ Accessories ရယူနိုင်ဖို့အထိ စိတ်အားထက်သန်မှုတွေဖြစ်သွားစေတယ် ။ ဒါက သူခိုးမ ပန်ဆယ်လိုရဲ့ Dragon Fly နဲ့ဝမ်းချထားတာကိုလည်း အတိုင်းအတာတခုအထိ သက်ရောက်မှုရှိလာစေပါတယ် ။ ထားပါတော့ ဖြစ်တာတွေက ဖြစ်ပြီးပြီ သင်ခန်းစာတွေယူဖို့ လိုအပ်တယ် ၊ ဘယ်လို Action ယူမလဲဆိုတဲ့ အချက်က မြေပြင်တပ်မှူးတွေကနေ အထက်အဆင့်ထိ ချိတ်ဆက်ဆောင်ရွက်ရမယ့် Issue တခုဖြစ်လာပါတယ် ။ တပ်မတော်အနေနဲ့ Drone Team တွေနဲ့ Drone swam attack ကိုကျော်လွန်ပြီးတော့ FPV Suicide Drone တွေကို ပိုမိုကျယ်ပြန့်အောင် အသုံးပြုဖို့ နည်းပညာပိုင်း ၊ လေ့ကျင့်မှုအပါအဝင် လိုအပ်မှုတွေကို ကမ္ဘာ့မိတ်ဖက်နိုင်ငံတွေနဲ့ချိတ်ဆက်ပြီး စစ်ကြောင်းတွေနဲ့အတူ စစ်ကစားနိုင်ဖို့ ဖြည့်ဆည်းဆောင်ရွက်ချိန်ရောက်ပြီဖြစ်ပါတယ် ။ အချုပ်ပြောရရင် KIA က Proxy war တွေမှာ Modern warfare Electronics Warfare ကို ပွဲဦးထွက် စ,သုံးတဲ့အဖွဲ့ဖြစ်တယ် ။ ဒါကြောင့် ရေသောက်မြစ်ဖြတ်ဖို့လိုတယ် ကချင်တကြောအတွက် လိုင်ဇာကရေသောက်မြစ် ဖြစ်ပြီး ၊ အညာတကျောအတွက် လက်ပံတိုရေနံမှော် အညာဒူဘိုင်းက ရေသောက်မြစ်ဖြစ်ပါတယ် ။ စစ်မင်းကြီး

တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်။ မြန်မာ
တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်။ မြန်မာပြည်ပြန်ရောက်ရင် CEIR မှာ မှတ်ပုံတင်၊ အခွန်ဆောင်ပြီးမှ သုံးလို့ရပါမယ်။ ဆင်းကဒ် ၂ ကဒ်ထည့်သုံးချင်ရင် ၂ ကဒ်စာ အခွန်ဆောင်ရပါမယ်။ တပ်သားလေးဖိုးထောင်

Repost from K S News
အမ်း-ပဒါန်း လမ်း ၊ နတ်ရေကန်စခန်း၏ အရှေ့ဘက် လှိုင်ကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းနှင့် အေအေ သောင်းကျန်းသူအဖွဲ့ ယနေ့ ၁၇-၆-၂
+2
အမ်း-ပဒါန်း လမ်း ၊ နတ်ရေကန်စခန်း၏ အရှေ့ဘက် လှိုင်ကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းနှင့် အေအေ သောင်းကျန်းသူအဖွဲ့ ယနေ့ ၁၇-၆-၂၀၂၆ရက်နေ့နံနက် ၈နာရီခွဲ လောက်မှ စတင်၍ တိုက်ပွဲဖြစ်ပွါးနေကြောင်း ပဒါန်းဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။ သူ၏ ပြောပြချက်အရ အမ်း-ပဒါန်းလမ်းတွင် AAသောင်း ကျန်းသူအဖွဲ့ အရှိုချင်းPdfများ အင်အားထောင်ချီ လှုပ်ရှားနေပြီး နတ်ရေကန်စခန်း ကို သိမ်းပိုက်ရန် ၂နှစ်အတွင်း အကြိမ်ကြိမ်လုပ် ဆောင်ခဲ့ကြောင်း ယခု တိုက်ပွဲမှာ နတ်ရေကန်စခန်း ကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ အရှေ့ဘက်ရှိ လှိုင်ကျေးရွာအနီး တပ်မတော် လှုပ်ရှားစစ်ကြောင်းကို အင်အားသုံး တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း တိုက်ပွဲမှာ ၈နာရီခွဲခန့်မှစတင်၍ တစစ ပြင်းထန်လာကြောင်း ပဒါန်းဘက်မှ လက်နက်ကြီး များ ပစ်ကူပေးနေသလို ၊ မနက်၉နာရီ ၄၅ အချိန်ခန့်တွင် တပ်မတော်(လေ) မှ ဗုံးကြဲတိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရပါသည်။ နတ်ရေကန်စခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခြင်း မရှိသော AA သောင်းကျန်းသူအဖွဲ့သည် လှုပ်ရှားစစ်ကြောင်းများကို အင်အားသုံးတိုက်ခိုက် လာပြီး တိုက်ကွက်ဖော်ဆောင်လာ ခြင်းဖြစ်သည်။ ၁၇/၆/၂၀၂၆ K S News Media https://t.me/kyawswar49111

ဦးပိုင်အမြတ်ငွေရဲ့ဖြတ်ချက်ကြမ်းချက်က ရဲမေ‌တွေပေါက်ကွဲနေကြပြီ။ ပေါက်ကွဲချင်စရာပဲလေ ဒိလမှာ ကလေးတွေကျောင်းစရိတ်တွေက ထပ်တိုးကုန်ကျနေပြီး ကန်စွန်းရွက်တစ်စီး တစ်ထောင်ဖြစ်နေတဲ့ကာလမှာ တစ်ရာနှစ်ရာဆိုတာမရှိတော့တဲ့ ခေတ်ကာလမှာ ဦးပိုင်ရဲ့ ဇွတ်အတင်းငွေဖြတ်မှုတွေက ရဲမေတွေ အတော်ပေါက်ကွဲနေကြပြီ။ ဒါကိုလည်း သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ စခန်းတွေကနေလည်း အောက်ခြေကိုယ်စားအဆင့်ဆင့်တင်ပြပေးရမယ့်အရာတွေကို အထက်ကလုပ်တာ ငါလည်းမတတ်နိုင်ဘူးဆိုတဲ့ တာဝန်မယူရဲသူတွေများနေတော့လည်း ရဲမေတွေဒီလ ဦးပိုင်ရဲ့ ငွေဖြတ်ချမှုကြောင့် နွံထဲရောက်ကုန်ပြီ။ သူတို့ဘဝကိုကောင်းစားစေချင်လျင်လည်း သူတို့အခြေအနေကိုတော့လေ့လာသိရှိဖို့လိုတယ်လေ ကိုယ့်အိတ်ထဲချည်းထည့်ဖို့မချောင်းကြနဲ့ဦး ခေတ်ကာလမှာ ဝက်စာစော်နံ ဆန်ဒုက္ခဘေးက လွတ်ရုံပဲရှိသေးတာ ခင်ဗျားတို့က ဆီဦးထောပတ်စားကောင်းနေကြတုန်းလားဗျာ။ ပေတိုးမီဒီယာ တပ်သားလေးဖိုးထောင်

ကောဇောနီခင်းပြီး ကြိုဆိုခံရတဲ့ သမ္မတကြီး တပ်သားလေးဖိုးထောင်
+1
ကောဇောနီခင်းပြီး ကြိုဆိုခံရတဲ့ သမ္မတကြီး တပ်သားလေးဖိုးထောင်

ဘယ်လို ပြည်တန်ကျောက်ကြီးတွေ ‌တွေ့တွေ့ ကုန်ဈေးနှုန်းမကျ၊ ပြည်သူတွေ ကျပ်တည်းနေရင် အလကားပါပဲ။ ပြည်‌သူတွေနဲ့ မသက်ဆိုင်၊ စိတ်လဲမဝင
+5
ဘယ်လို ပြည်တန်ကျောက်ကြီးတွေ ‌တွေ့တွေ့ ကုန်ဈေးနှုန်းမကျ၊ ပြည်သူတွေ ကျပ်တည်းနေရင် အလကားပါပဲ။ ပြည်‌သူတွေနဲ့ မသက်ဆိုင်၊ စိတ်လဲမဝင်စားကြတဲ့ ကျောက်တွေပါပဲ။ တပ်သားလေးဖိုးထောင်

သတင်းမှားကြောင်း တောင်းပန်အပ်ကါသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းခြင်းမှားနေ NOM ယနေ့လူမှုကွန်ယက်တွင်ကကပြညဒါရိုက်တာ(ငြိမ်း)ဗိုလ်ချုပ်ဇော်မင်းထွန်းအားအဂတိညွှန်ချုပ်အဖြစ်ခန့်အပ်သည့်သတင်းများပလူပျံအောင်တက်လာသည်။အမှန်မှာအဂတိညွှန်ချုပ်အဖြစ်ခန့်လိုက်သောဗိုလ်မှူးချုပ်ဇော်မင်းထွန်းသည်စစ်တက္ကသိုလ်အမှတ်စဉ်(၄၀)မှဖြစ်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်(ဟောင်း)ကကပြည်ဒါရိုက်တာ(ငြိမ်း) ဗိုလ်ချုပ်ဇော်မင်းထွန်းသည်စစ်တက္ကသိုလ်အမှတ်စဉ်(၃၇)မှဖြစ်သဖြင့်နံမည်တူခြင်းသာဖြစ်ကြောင်းသိရသည်။ တပ်သားလေးဖိုးထောင်

ဗိုလ်ချုပ်ဇော်မင်းထွန်း ပြန်လာပြီ။ အစိုးရဝန်ထမ်းတွေ အကြောက်ရဆုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးရဲ့ ညွှန်ချုပ်အဖြစ် ဇော်မင်းထွန်းကို ခန့်အပ် မြေယာနဲ့ တင်ဒါ အဂတိလိုက်စားမှုတွေကြောင့် စစ်ဆေးခံနေရတယ်လို့ သတင်းထွက်ထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဇွန်လ ၁ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ မတ်လကုန်ပိုင်းကစလို့ မြေယာနဲ့ တင်ဒါအဂတိလိုက်စားမှုတွေကြောင့် ခုံရုံးဖွဲ့ပြီး စစ်ဆေးခံနေရတယ်ဆိုကာ လူမြင်ကွင်းကနေ ၂ လဝန်းကျင်အထိ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူ့ကို တာဝန်တွေကနေ အနားပေးလိုက်ပြီးနောက် အစိုးရဝန်ထမ်းတွေအကြား အလွန်ကြောက်ရွံ့ကြတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးကြီးကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကြားထဲမှာ အတော်လေးကို နာမည်ကြီးတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။ ဒီဌာနထိသာ တိုင်ကြားခံလိုက်ရမယ်ဆိုရင် မဖြစ်မနေ အရေးယူခံရလေ့ရှိတာကြောင့် အထက်လူကြီးတွေနဲ့ ဘယ်လောက်ပဲ ကပ်ကပ် အားလုံးက လက်ရှောင်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုလို အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံထားရသူတွေကို အဂတိတိုက်ဖျက်ရေးဌာနဆီ ပို့ဆောင်တာဟာ ဗိုလ်ချုပ်ဇော်မင်းထွန်းတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့မတိုင်ခင် အဂတိကိစ္စ စစ်ဆေးခံခဲ့ရတဲ့ ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေး ဒု-ဝန်ကြီးဟောင်း ဗိုလ်ချုပ် တိုးရီတို့လည်း အဖွဲ့ဝင်တွေအဖြစ် ရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ရောက်ရှိသွားတဲ့ စစ်ဘက်၊ ရဲဘက်က လူကြီးတွေဟာ အဂတိလိုက်စားမှုတွေနဲ့ နာမည်ထွက်ပြီး စစ်ဆေးခံခဲ့ရသူတွေချည်းပဲဖြစ်ပါတယ်။ တပ်သားလေးဖိုးထောင်

တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည် သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို လက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။ ပထမအကြိမ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေး(GMS) တရုတ်ဝန်ကြီးချုပ် လီချန်နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO SUMMIT 2025 Plus) ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင်ကျင်းပသည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရုရှားသမ္မတ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် အပါအဝင် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရွေးကောက်ပွဲကျင်းပရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ တပ်သားလေးဖိုးထောင်

ပြည်သူ့စစ်အဖွဲ့ သိက္ခာကျတယ်။ ထိထိရောက်ရောက် အရေးယူပါ။ မန္တလေးမှာ ပြည်သူ့စစ်ဆိုတာ အလွန်နာမည်ပျက်နေပြီ။ တပ်သားလေးဖိုးထောင်
+3
ပြည်သူ့စစ်အဖွဲ့ သိက္ခာကျတယ်။ ထိထိရောက်ရောက် အရေးယူပါ။ မန္တလေးမှာ ပြည်သူ့စစ်ဆိုတာ အလွန်နာမည်ပျက်နေပြီ။ တပ်သားလေးဖိုးထောင်

ပေါက်နယ် ကုက္ကိုလ်စုရွာသားတွေရဲ့ ဘဝ တိုက်ပွဲပြီးတာ ၅ ရက်ကျော်ပြီ ဖြစ်ပေမဲ့ အခုအချိန်ထိ ကူညီကယ်ဆယ်ခြင်း မရှိ၊ လက်တုံ့ပြန်ခြင်း မရှိ၊ စစ်ကြောင်းထိုးခြင်း မရှိ၊ ဘာမှ မရှိသေးပါ။ တပ်သားလေးဖိုးထောင်