ar
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

الذهاب إلى القناة على Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

إظهار المزيد
8 308
المشتركون
-724 ساعات
-297 أيام
-15130 أيام
أرشيف المشاركات
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည် သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို လက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။ ပထမအကြိမ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေး(GMS) တရုတ်ဝန်ကြီးချုပ် လီချန်နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO SUMMIT 2025 Plus) ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင်ကျင်းပသည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရုရှားသမ္မတ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် အပါအဝင် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရွေးကောက်ပွဲကျင်းပရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ တပ်သားလေးဖိုးထောင်

ပြည်သူ့စစ်အဖွဲ့ သိက္ခာကျတယ်။ ထိထိရောက်ရောက် အရေးယူပါ။ မန္တလေးမှာ ပြည်သူ့စစ်ဆိုတာ အလွန်နာမည်ပျက်နေပြီ။ တပ်သားလေးဖိုးထောင်
+3
ပြည်သူ့စစ်အဖွဲ့ သိက္ခာကျတယ်။ ထိထိရောက်ရောက် အရေးယူပါ။ မန္တလေးမှာ ပြည်သူ့စစ်ဆိုတာ အလွန်နာမည်ပျက်နေပြီ။ တပ်သားလေးဖိုးထောင်

ပေါက်နယ် ကုက္ကိုလ်စုရွာသားတွေရဲ့ ဘဝ တိုက်ပွဲပြီးတာ ၅ ရက်ကျော်ပြီ ဖြစ်ပေမဲ့ အခုအချိန်ထိ ကူညီကယ်ဆယ်ခြင်း မရှိ၊ လက်တုံ့ပြန်ခြင်း မရှိ၊ စစ်ကြောင်းထိုးခြင်း မရှိ၊ ဘာမှ မရှိသေးပါ။ တပ်သားလေးဖိုးထောင်

Repost from Pae Toe Media
ကုက္ကိုစုရွာက ဌာနေ ပသစနဲ့ ရေပြာရဲစခန်းက ရဲတပ်ဖွဲ့ ဝင်တွေကို ကိုယ်ချင်းစာမိတယ်။ ကျွန်တော့်တပ်လည်း သူတို့လို အဖြစ်မျိုးကြုံဖူးတယ်။ဗေထိဆို တိုင်းအဆင့်ဘောလီဘောအဖွဲ့နဲ့တိုးတာပဲ လေကြောင်းပစ်ကူပေးတာတောင် မယားငယ်ပေး ပေးသလို ၂၀ကျပ်အတိုးနဲ့ပေးနေတာဗျ။ ငါတို့ လေယာဥ်ပစ်ကူပေးပြီးပြီ ကျန်တာ မင်းတို့ကိစ္စပဲဆိုသလိုပဲ။ မိုးထဲရေထဲ တကယ်တမ်းလာကူတာက ကျသွားတဲ့ ဗမနော်တရာရဲ့ စစ်ကြောင်း နဲ့ အခု ဗမအဆင့်တိုးရသွားတဲ့ တပ်နယ်၄က ဗိုလ်ဗိုက်ပူ တပ်ခွဲပဲ။ သူတို့၂ဦးကို ကိုယ့်ရင်ဘတ်ထဲတသက်လုံးရှိတယ်။ အဲ့ဒီတုန်းက အတွင်းအတွင်းစည်းကဒုက္ခပေးခဲ့သူ ရတခ ဖရဲသီးတွေကတော့ ပြုတ်သူပြုတ် ထောင်ကျသူကျ၊ NUGဖက်ပြေးသူပြေးကြတာပဲ။ စောပေတိုး

Repost from Pae Toe Media
ကုက္ကိုစုရွာက ဌာနေ ပသစနဲ့ ရေပြာရဲစခန်းက ရဲတပ်ဖွဲ့ ဝင်တွေကို ကိုယ်ချင်းစာမိတယ်။ ကျွန်တော့်တပ်လည်း သူတို့လို အဖြစ်မျိုးကြုံဖူးတယ်။ဗေထိဆို တိုင်းအဆင့်ဘောလီဘောအဖွဲ့နဲ့တိုးတာပဲ လေကြောင်းပစ်ကူတောင် မယားငယ်ပေး ပေးသလို ၂၀ကျပ်အတိုးနဲ့ပေးနေတာဗျ။ တကယ်တမ်းလာကူတာက ကျသွားတဲ့ ဗမနော်တရာရဲ့ စစ်ကြောင်း နဲ့ အခု ဗမအဆင့်တိုးရသွားတဲ့ တပ်နယ်၄က ဗိုလ်ဗိုက်ပူ တပ်ခွဲပဲ။ သူတို့၂ဦးကို ကိုယ့်ရင်ဘတ်ထဲတသက်လုံးရှိတယ်။ အဲ့ဒီတုန်းက အတွင်းအတွင်းစည်းကဒုက္ခပေးခဲ့သူ ရတခ ဖရဲသီးတွေကတော့ ပြုတ်သူပြုတ် ထောင်ကျသူကျ၊ NUGဖက်ပြေးသူပြေးကြတာပဲ။ စောပေတိုး

Repost from Myanmar Hard Talk
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် (လဝက)ရုံးကို အကြမ်းဖက်အဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု့ ယနေ့နံနက်(၁၀;၃၀)ခန့်တွင်ဖြစ်ပွါးခဲ့သည်ဟုသိရ ၊ ဝန်ထမ်း(၆)ဦးနှင့် အပြစ်မဲ့အရပ်သား(၂၀)ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရပါသည် ၊ သတင်းအသေးစိပ်ကိုဆက်လက်စုံစမ်းပြီးဖေါ်ပြပေးပါမည်။

Repost from Voice of Myanmar
ယာဉ် စုံ/မ စစ်ဆေးမှုနဲ့ မန္တလေးသူ မန္တလေးသား​တွေရဲ့ အခက်အခဲ မန္တ​လေး၊ ဇွန်- ၃- ၂၀၂၆ KKA(VOM) "စုံလား၊မလား" အခုရက်ပိုင်း မန္တလေးမှာ မနက်မိုးလင်း အိမ်ကမထွက်ခင် ဒါမှမဟုတ် လမ်းမပေါ်တက်ခါနီးတိုင်း ဆိုင်ကယ်နဲ့ ကားမောင်းသူဟာ ခေါင်းထဲ အရင်ဆုံး‌ေရာက်လာတဲ့ အတွေးတစ်ခုပါ။ ၂၀၂၆ ခုနှစ်ရဲ့ ဇွန်လဆန်းပိုင်း ရောက်လာတာနဲ့အမျှ မန္တလေးမြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တွေကို စုံ/မ နံပါတ်ခွဲပြီး စစ်ဆေးဖမ်းဆီးတာတွေ သိသိသာသာလုပ်လာတာကို‌ေတွ့ရပါတယ်။ ဒီအခြေအနေက မြို့ခံလူထု၊ အထူးသဖြင့် နေ့စဉ်ရုန်းကန်နေရတဲ့ သာမန်လက်လုပ်လက်စား ပြည်သူတွေအတွက်တော့ တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေရပါတယ်။ မန္တလေးဆိုတာက ဆိုင်ကယ်ကို အဓိကအားပြုပြီး သွားလာလှုပ်ရှားရတဲ့ မြို့ပါ။ ဒီလိုမြို့မျိုးမှာ ယာဉ်နံပါတ် စုံ/မ ခွဲပြီး ဖမ်းဆီးတဲ့ဒဏ်ကို အခံရဆုံးကတော့ ကျောင်းကြိုကျောင်းပို့ လုပ်နေရတဲ့ မိဘတွေပါပဲ။ ဇွန်လဆိုတာ ကျောင်းဖွင့်ရာသီဖြစ်လို့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ကလေးတွေကို ကျောင်းပို့၊ ကျောင်းကြို လုပ်ရတာ မိဘတွေရဲ့ အဓိကတာဝန်။ ဒါပေမဲ့ ကိုယ့်ဆိုင်ကယ်နံပါတ်က အဲဒီနေ့ရက်နဲ့ မကိုက်ညီလို့ လမ်းမှာအဖမ်းခံရမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သွားလာနေရပါတယ်။ "ကလေးကျောင်းနောက်ကျမှာလည်း ပူရ၊ လမ်းမှာ အဖမ်းခံရရင်လည်း ဒဏ်ငွေက ဘယ်လောက်ဆောင်ရမလဲမသိ" ဆိုတဲ့ သောကတွေက မိဘတွေရဲ့ ပခုံးပေါ်မှာ အပိုဆောင်း အလေးချိန်တွေ ဖြစ်လာခဲ့ပါတယ်။ ကျောင်းပို့ကျောင်းကြိုတင်မကပါဘူး၊ ကျန်းမာရေးကိစ္စက ပိုလို့တောင် ဆိုးပါသေးတယ်။ ဆေးခန်းပြဖို့၊ ဆေးရုံသွားဖို့ အရေးပေါ်ကိစ္စရှိလာရင် "ဒီနေ့ စုံလား မလား" ရွေးနေဖို့ အချိန်မရှိပါဘူး။ မကျန်းမာတဲ့ လူနာကိုတွဲပြီး ဆေးခန်းသွားပြတဲ့အခါ လမ်းမှာ ယာဉ်စစ်ဆေးတာနဲ့ တိုးလို့ အချိန်ကြန့်ကြာတာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေက ပြည်သူတွေကို လူမှုရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ တော်တော်လေး စိတ်ဒုက္ခရောက်စေပါတယ်။ လတ်တလော အဖမ်းခံရသူတွေကတော့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာရော VOMရဲ့ မေးမြန်းမှုတွေမှာရော အခုလို ရေသား ပြောဆိုထားကြပါတယ်။ "မနေ့က ၁၂လမ်း၊၇၆လမ်းမှာ ဒေသန္တရဆေးခန်းကို ကလေးကာကွယ်ဆေးထိုးသွားတာတောင် ဖမ်းခံခဲ့ရတယ် ဆေး စာရွက် ပြတာလည်း မရဘူး။ဆိုင်ကယ်လိုင်စင်၊လူလိုင်စင်အကုန်ပါတယ်။စုံ/မ မှားလို့ အဖမ်းခံရတယ်။ရုံးသွားဆောင်ရမှာတဲရှင်။" "ခု ကျောင်းဖွင့်ချိန်မှ စုံ/မ လာဖမ်းနေတယ် စဉ်းစဉ်းစားစားလည်း တွေးတောလုပ်ကြပါအုံး" "ဆီရှားလို့ ဆီထည့်တာ ကို စုံ/မ ခွဲတာ လက်ခံပါတယ်" "စီးတဲ့ ယာဉ် စုံ/မ ခွဲတာကတော့ ပိုက်ဆံပေါများနေတဲ့သူတွေကတော့ စုံရှိလို့ မ မရှိရင် တစီးထပ်ဝယ်လိုက်ရုံပဲပေါ့။အလုပ်သွားတဲ့သူ ရုံးတက်ရတဲ့သူ ကျောင်းပို့ကျောင်းကြို လုပ်ရတဲ့ သူတွေ က ဘယ်လို သွားကြရမှာလဲ။" "ကျွန်တော်တို့က ဆိုင်ကယ်တစီးရှိတာ စုံရက်ရော မရက်ရော စီးပြီးအလုပ်သွားရတာပဲ။အခုလို ဖမ်းဖမ်းနေတော့ ဒုက္ခဖြစ်တယ်။" ဒီအသံတချို့ဟာ ပြည်သူ့အသံပါပဲ။ အလုပ်သွားအလုပ်ပြန် ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေ၊ ဈေးသည်တွေအတွက်လည်း ဒီစစ်ဆေးမှုတွေက နေ့စဉ်ဝင်ငွေကို ထိခိုက်စေတဲ့ အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ အလုပ်ချိန်မှီဖို့ အသည်းအသန် မောင်းနေရတဲ့ကြားထဲ လမ်းမှာ အဖမ်းခံရရင် အလုပ်နောက်ကျရုံတင်မကဘဲ တစ်နေ့တာ ရှာဖွေထားတဲ့ လုပ်အားခလေးပါ ဒဏ်ငွေထဲ ပါသွားနိုင်တဲ့အတွက် ရင်တထိတ်ထိတ်နဲ့ သွားလာနေကြရပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းတယ်ဆိုတာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပေမယ့်၊ အခုလို ပြည်သူတွေ နေ့စဉ်စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် အသည်းအသန် ရုန်းကန်နေရတဲ့ အချိန်မျိုးမှာ စုံ/မ ခွဲပြီး ခပ်စိပ်စိပ် ဖမ်းဆီးနေတာကတော့ သာမန်အခြေခံလူတန်းစားတွေအတွက်တော့ တကယ့်ကို ဖြေရှင်းရခက်တဲ့ အခက်အခဲကြီး ဖြစ်နေပါတယ်။ စည်းကမ်းထိန်းသိမ်းရေးနဲ့ ပြည်သူတွေရဲ့ အခြေခံ သွားလာရေး လိုအပ်ချက်ကြားမှာ မျှတတဲ့ ဖြေလျှော့မှု ဒါမှမဟုတ် ပိုမိုအဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေပေးဖို့ကတော့ လက်ရှိ မန္တလေးမြို့ခံတွေရဲ့ အသံတိတ် တောင်းဆိုချက်တစ်ခုပဲ ဖြစ်ပါတယ်။ မော်တော်ယာဉ်တွေ စုံ/မရက် ခွဲခြားအသုံးပြုရတဲ့စနစ်က ပြဿနာတစ်ရပ်ဖြစ်နေကြောင်း လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစံ(ခ)စိုင်းဆေးဟန်က မနေ့ ဇွန် ၂ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းတာလည်း လုပ်ခဲ့ပါသေးတယ်။ အဲဒီမေးမြန်းမှုကိုတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းကတော့ စုံ၊မ သတ်မှတ်မှုအနေနဲ့ စက်သုံးဆီ ချွေတာရေးကို နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒဖြစ်တယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။ #voiceofmyanmar #vom #mandalay #စုံ #မ #ယာဥ် #ဖမ်းဆီး

ကုက္ကိုစု ပေးလိုက်ရပြီးလို့ကြားပါသည်။ တပ်မတော်သား၊ပသစတွေ လိုတာထက်ပို၍တာဝန်ကြေပါသည်။

Repost from SittNweOo
နမခဘာလည်းဘယ်လိုလည်း.. အထက်အကြီးအကဲများသိစေရန် ပါ.လေးစားစွာ တင်ပြအပါသည်။ #AST
နမခဘာလည်းဘယ်လိုလည်း.. အထက်အကြီးအကဲများသိစေရန် ပါ.လေးစားစွာ တင်ပြအပါသည်။ #AST

လိုင်း‌ပေါ် ပြန့်နေတဲ့ ဖြစ်စဉ်တော့ သေချာမသိ မြန်မာလူမျိုးကျောက်စိမ်းသမားဆီက တရုတ်စကားပြော လူအုပ်စုက ကျောက်အတင်းလုယက်နေကြတာတော့ တွေ့ရတယ်။ ပေးလိုက်တော့ကွာဆိုတဲ့ စကားသံမှ ကြေကွဲမှုကို ခံစားရတယ်။ တပ်သားလေးဖိုးထောင်

မင်းမော်ကွန်းဟာ သမိုင်းတလျှောက် တပ်မတော်မှာ အများကြီးတာဝန်ထမ်းခဲ့ပေမယ့် ဗိုလ်ကြီးအဆင့်ထိပဲ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ အခုလိုတော
မင်းမော်ကွန်းဟာ သမိုင်းတလျှောက် တပ်မတော်မှာ အများကြီးတာဝန်ထမ်းခဲ့ပေမယ့် ဗိုလ်ကြီးအဆင့်ထိပဲ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ အခုလိုတောခိုလိုက်မှ ဗိုလ်မှုးဖြစ်သွားပါတော့တယ်။ မင်းမော်ကွန်းရဲ့ စစ်သမိုင်း..။ အဖေတူသား ─── သာမန်ရဲဘော် သူရဲကောင်းများ ထွန်းကားရာ ─── ဗိုလ်လောင်း ကွမ်းလုံရက် ၄၀ ─── ဗိုလ် စစ်သူရဲ (နယ်ခြားကမုန်တိုင်း) ─── ဗိုလ်ကြီး ပန်ကာဆယ့်နှစ်ပင် ─── ဗိုလ်ကြီး အောင်ပွဲ (သွေးနဲ့ရေးတဲ့သမိုင်း) ─── ဗိုလ်ကြီး ထာဝရ (ထာဝရအလင်းတန်းများ) ─── ဗိုလ်ကြီး ကတ္တီပါရာဇဝင် ─── ပြန်တမ်းဝင်အရာရှိ (ဗိုလ်ကြီးအဆင့်) Ray (ရောင်ပြန်) ─── ဗိုလ်မှူး (ပေးရန်လျာထားသည့် ရာထူး) မင်းမော်ကွန်းက အာမီရုပ်တော့ပေါက်ပါတယ် ရမ်ပြောတာပါ။ ကကဘလိန်း တပ်သားလေးဖိုးထောင်

မော်တော်ကားများ စျေးနှုန်းကြီးမြင့်နေမှုကြောင့် ပြည်သူများ ဝယ်ယူသုံးစွဲရန် ခက်ခဲနေသလို လိုင်စင်မဲ့ကားများပါ ဝယ်ယူသုံးစွဲနေရမှ
+3
မော်တော်ကားများ စျေးနှုန်းကြီးမြင့်နေမှုကြောင့် ပြည်သူများ ဝယ်ယူသုံးစွဲရန် ခက်ခဲနေသလို လိုင်စင်မဲ့ကားများပါ ဝယ်ယူသုံးစွဲနေရမှုအပေါ် ကြပ်မတ်ရန်ရှိ မရှိ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးမြန်း ◾ ပြည်သူ့လွှတ်တော်တွင် ပြည်တွင်းအခွန်ဦးစီးဌာန၏ မော်တော်ကားဝယ်ယူရောင်းချခြင်းအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းများထက် ထက်ဝက်ကျော်သောစျေးနှုန်းများဖြင့် ရောင်းဝယ်လုပ်ကိုင်ခြင်းအပေါ် စီမံကြပ်မတ်ရန် ရှိ၊ မရှိ မေးမြန်းမှုကို ပြင်ပပေါက်စျေးသည် ရည်ညွှန်းစျေးကို ဆိုလိုခြင်းဟု နားလည်ပြီး ဝန်ကြီးဌာနအနေဖြင့် ရည်ညွှန်းစျေးကို သတ်မှတ်ဆောင်ရွက်ခြင်းမရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် လာရောက် ဖြေကြား ၂.၆.၂၀၂၆ Written by Nay Yaung Lin တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၂ ရက်တွင် စတင်ကျင်းပခဲ့ရာ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပြည်တွင်းအခွန်ဦးစီးဌာန၏ မော်တော်ကားဝယ်ယူရောင်းချခြင်းအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းများထက် ထက်ဝက်ကျော်သောစျေးနှုန်းများဖြင့် ရောင်းဝယ်လုပ်ကိုင်ခြင်းအပေါ် စီမံကြပ်မတ်ရန် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။ အဆိုပါမေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် လာရောက် ဖြေကြားခဲ့ပြီး ပြင်ပပေါက်စျေးသည် ရည်ညွှန်းစျေးကို ဆိုလိုခြင်းဟု နားလည်ပြီး ဝန်ကြီးဌာနအနေဖြင့် ရည်ညွှန်းစျေးကို သတ်မှတ်ဆောင်ရွက်ခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က “ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးလောကမှာ မော်တော်ကားရောင်းဝယ်လုပ်ကိုင်နေကြသူများဟာ ပြည်တွင်းအခွန်ဦးစီးဌာနကနေ သတ်မှတ်ပြဋ္ဌာန်းထားရှိတဲ့ စည်းကြပ်ခွန်နှုန်းထားထက် ထက်ဝက်ကျော်သောနှုန်းထားဖြင့် မော်တော်ကားများကို ရောင်းဝယ်လုပ်ကိုင်နေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ယင်းသို့မော်တော်ကားများ စျေးနှုန်းကြီးမြင့်နေမှုများကြောင့် အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ကားများ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ပြည်သူအများစုမှာ အခက်အခဲများရှိနေကြရတဲ့အပြင် နယ်စပ်ဒေသများနဲ့ မြို့ကြီးများအထိ လိုင်စင်မဲ့ဝစ်သောက်မော်တော်ကားများကို မတတ်နိုင်တဲ့အဆုံး ဥပဒေနဲ့မညီ ရွေးချယ်ဝယ်ယူသုံးစွဲနေကြသူများလည်း ရှိကြတာကို စုံစမ်းသိရှိနိုင်ပါတယ်" ဟု ၎င်းမေးခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က “ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ၁.၁.၂၀၂၄ ရက်နေ့ မော်တော်ကားစည်းကြပ်ခွန် စာရင်းဇယားများတွင် တိုယိုတာ မက်တူးဆလွန်း ၁၀၀၀ စီစီ ၂၀၀၄ မော်ဒယ် မော်တော်ကားတစ်စီးကို မြန်မာကျပ်ငွေ သိန်း ၄၀၀ ဖြင့် အခွန်စည်းကြပ်ကောက်ခံသော်လည်း မော်တော်ကားရောင်းဝယ်ရေးလောကတွင် ယင်းအမျိုးအစားမော်တော်ကားတစ်စီးကို လက်ရှိ ယေဘုယျကာလပေါက်စျေး မြန်မာကျပ်ငွေ သိန်း ၉၀၀ ကျော် ပေါက်စျေးရှိနေပြီး ကမ္ဘာပေါ်တွင် မကြားဖူးသော စျေးနှုန်းများဖြင့် ရောင်းဝယ်လုပ်ကိုင်နေကြတာကို ဆိုရှယ်ပလက်ဖောင်းများပေါ်မှာလည်း အလွယ်တကူရှာဖွေစုံစမ်းသိရှိနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု အများပြည်သူ ကောင်းကျိုးကို ရှေးရှုရင်း ကျွန်တော့်အနေဖြင့် မေးမြန်းလိုတာကတော့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ မော်တော်ကားဝယ်ယူရောင်းချခြင်းအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းများ သတ်မှတ်ထားရှိတဲ့ ပေါက်စျေးနှုန်းများထက် ထက်ဝက်ကျော်သောစျေးနှုန်းများဖြင့် မော်တော်ကားများကို ရောင်းဝယ်လုပ်ကိုင်နေကြခြင်းတို့အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားဖို့ရန် အစီအစဉ်ရှိမရှိ၊ အစီအစဉ်မရှိပါကလည်း အဘယ်ကြောင့်မရှိရပါသလဲ။ အစီအစဉ်ရှိပါကလည်း မည်သည့်ကာလအပိုင်းအခြားမှစလို့ မည်သို့ စီမံကြပ်မတ်ဆောင်ရွက်သွားမည်ကို သိရှိလို.... ◾ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/?p=136910 #ကားစျေး #အခွန် #စျေးကြီး #လိုင်စင်မဲ့ #Without #ပြည်သူ့လွှတ်တော် #ကြယ်ပွင့်ပြ #MT #mtnews #MyanmarTransparency

ဦးမင်းအောင်လှိုင်က BBC ကို ဖုန်းဆက်ပြီး ပြောပြတာလား တပ်သားလေးဖိုးထောင်
ဦးမင်းအောင်လှိုင်က BBC ကို ဖုန်းဆက်ပြီး ပြောပြတာလား တပ်သားလေးဖိုးထောင်

ယမ်းပျော့ကို မိုင်းတွင်းတွေမှာ သုံးမရပါဘူး TNLA တွေစုထားတဲ့ ယမ်းပျော့ကလက်နက်အတွက် နင်းမိုင်းသို့မဟုတ် လက်ပစ်ဗုံး ထုတ်လုပ်ဖို့
+2
ယမ်းပျော့ကို မိုင်းတွင်းတွေမှာ သုံးမရပါဘူး TNLA တွေစုထားတဲ့ ယမ်းပျော့ကလက်နက်အတွက် နင်းမိုင်းသို့မဟုတ် လက်ပစ်ဗုံး ထုတ်လုပ်ဖို့ အတွက်ပါ၊ မြေဩဇာကဘိန်းချက်ဖို့ပါ။ စစ်လက်နက်နဲ့ ယမ်းတွေအကြောင်းမသိပဲစွတ်အာလို့မရပါ။ စောပေတိုး တပ်သားလေးဖိုးထောင်

Repost from Head of State
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့တွေ့ဆုံ အိန္ဒိယနိုင်ငံ
+9
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့တွေ့ဆုံ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့သည် ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။ https://www.facebook.com/profile.php?id=61566096501996 https://www.tiktok.com/@headofstatemyanmar https://www.youtube.com/@headofstatemyanmar https://x.com/Head_of_State19 https://t.me/leaderaung

နမ့်ခမ်းမြို့ TNLA ထိန်းချုပ်နယ်မြေအတွင်း ပေါက်ကွဲမှုဖြစ်ပွား ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်း ယနေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်က ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်များအရ ပေါက်ကွဲမှုမှာ TNLA ၏ လက်နက်ထုတ်လုပ်ရေးစက်ရုံ သို့မဟုတ် ခဲယမ်းသိုလှောင်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသော်လည်း သက်ဆိုင်ရာဘက်မှ တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးပေ။ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မီးခိုးလုံးများ မြင့်တက်လာသည်ကို မြို့အတွင်း နေရာအချို့မှ မြင်တွေ့ခဲ့ရကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ #SN

ကိုမျိုးဝင်း လွတ်လာတာ ၃ လ မပြည့်သေး။ ပြန်အဖမ်းခံရတော့ အတော်နှမျောမိပါတယ်။ အမှုထင်ရှားရင် အရင်ပစ်မှုတွေပါ ပေါင်းကျခံရမှာဆိုတော့ ဒီတစ်ခါ ကြာနိုင်ပါတယ်။ ဒီမိုကရေစီ အစိုးရသစ်လက်ထက် နီပိန်းတွေ အများကြီးလွှတ်ပေးထားပါတယ်။ အသစ်ထပ်ဖမ်းတာ မကြားမိသလောက်ပါပဲ။ နိုင်ငံတော်အကြည်ငြိုပျက်မှုနဲ့ အဖမ်းခံရတာ ကြားမိတာ ကိုမျိုးဝင်း ပထမဆုံးဖြစ်ပါတယ်။ စိတ်မကောင်းစရာက တပ်မတော်ထောက်ခံသူ စေတနာရှင် တစ်ဦးဖြစ်နေတာပါပဲ။ တပ်သားလေးဖိုးထောင်

ဒီ ဒုံးကျည်တွေ မကွေးပဒက်တွေ သုံးဖို့ ပစ်စင် မရှိပါဘူးဆိုပြီး ပေါ့နေလို့မရဘူး။ AA ရခွေးတွေစီမှာ ရခိုင်တိုက်ပွဲ‌စဉ်တွေမှာ ရန်သူ
+1
ဒီ ဒုံးကျည်တွေ မကွေးပဒက်တွေ သုံးဖို့ ပစ်စင် မရှိပါဘူးဆိုပြီး ပေါ့နေလို့မရဘူး။ AA ရခွေးတွေစီမှာ ရခိုင်တိုက်ပွဲ‌စဉ်တွေမှာ ရန်သူ့လက်ပါသွားတဲ့ အတွဲလိုက်ပစ်စင်တွေရှိတယ်။ အီအီက ဒုံးကျည်ယူ ပဒက်ကို သေနတ်နဲ့ ခဲယမ်းပေးဆိုရင် ရခိုင်နဲ့ မကွေးဖက် ဒုက္ခများကုန်မယ်။ နောက်တစ်ခေါက်မဖြစ်အောင် သေချာကြပ်မတ်သင့်ပါတယ်။ တပ်သားလေးဖိုးထောင်

ကိုရွှေမျိုးဝင်း တတိယအကြိမ်ဟု သိရ အမှုကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ အကိုကြီးက သိပ်မဆင်ခြင်တတ်။ ‌သိပ်မကြာပါစေနဲ့ ဆုတောင်းပါတယ်။ တပ်သားလေးဖိုးထောင်