တိမ်ချစ်သူများစုဝေးရာ☁️🤍
الذهاب إلى القناة على Telegram
8 076
المشتركون
لا توجد بيانات24 ساعات
-787 أيام
-3830 أيام
أرشيف المشاركات
တစ်စုံတစ်ယောက်ဆီက
သိပ်သတိရနေကြောင်း
စာတစ်စောင်ကို
ကျွန်တော်
မျှော်လင့်ကောင်း
မျှော်လင့်မိပါလိမ့်မည်
သို့သော်
တစ်စုံတစ်ယောက်ကို
ကျွန်တော်သတိရနေကြောင်း
ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပါ ။
ဂန္ဓမာ
❛ စွန့်ပြစ်မီးခိုးတန်းတွေပါပဲ
ဒါပေမဲ့ သိပ်လှတယ်မလား
တစ်စုံတစ်ယောက်ရဲ့
စွန့်ပြစ်မှုမှာ
သိပ်လှတဲ့ကဗျာတွေ
ငါတို့ရခဲ့တယ်မလား ။
•ဂန္ဓမာ
❛ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်
မင်းကိုပဲ သတိရမိပါတယ်
မင်းခေါင်းစည်းကွင်းလေးကအစ
စေ့စပ်ကြောင်းလမ်းတဲ့ ဖိတ်စာလေးအထိ
နမော်နမဲ့ငါသိမ်းထားခဲ့ပုံများ ။
•ဂန္ဓမာ
သတိရတယ်
သတိရတယ် လို့
ကောင်းကင်အလွတ်ကိုငေး
စိတ်ထဲမှာ တွေးရုံနဲ့
ပြန်လာတတ်တဲ့ အတိတ်တွေ ရှိတတ်လား။
အသက်လေး ရင့်လာတော့
နှလုံးသားက ငယ် ငယ်လာတယ်။
သစ်ရွက်တွေ ဟောင်းလို့
အကြွေလွယ်ကြတာ
သတိရလို့ ဖြစ်မယ်။
#မြကျေး
#ပြတင်းပေါက်ကကျွန်မအရိပ်မှ
❛ ဘဝမှာ
ကိုယ်ချိုးကွေ့ခဲ့တဲ့
လမ်းကြားလေးတွေများ
မင်းဆီရောက်ပါ့မလားဆိုတဲ့
စိတ်ကလေးနဲ့ ။
•ဂန္ဓမာ
တစ်ယောက်ယောက်ကို ယူကျုံးမရ ချစ်ခဲ့ပြီး
တုံပြန်မှုမရခဲ့သူ၊
နာကျင်ခဲ့သူ၊
အပြစ်ဖြစ်ခဲ့သူပါ။
ခင်ဗျားကို ကျွန်တော် နည်းနည်းသိပါတယ်။
ကျွန်တော့်ကို ခင်ဗျား လုံးဝ မသိပါဘူး ။
#အောင်ချိမ့်
လက်ဖက်ရည်ဆိုင်ထဲက
မိုးအုံ့သောနေ့များ၊
ပျောက်သောသူကို
ပြန်ရှာ မတွေ့ခဲ့ပါ။
၊ေသသောသူကိုလည်း
ကြာရင် မမေ့နိုင်ခဲ့ပါ။
#ဂန္ဓမာ
လမ်းဘေးမှာပွင့်နေတဲ့ပန်းကပြောတယ်
ငါကလမ်းဘေးမှာမလို့ဘယ်သူမှမခူးချင်ကြဘူးတဲ့။
အဲသည်အခါ အမှိုက်တောင်းထဲကနှင်းဆီပန်းကပြောတယ် အခူးခံရပီးပြန်စွန့်ပစ်ခံရတဲ့ခံစားချက်ကို မင်းမသိပါဘူးတဲ့.....🥀🥀🥀
ဒီနေ့တော့ ရေမရောတော့ဘူးအကို...
ဆွေးလို့ရတဲ့သံစဥ်လေးတော့ဖွင့်ပေးပေါ့
မျက်ရည်တွေနဲ့မော့ချင်လို့......💔🍺
ခဗျားတို့မှာ အမာရွတ်တွေမရှိသရွေ့ ❤️🩹
ဒဏ်ရာတွေနဲ့လူတွေကိုနားလည်ပေးနိုင်အုံးမှာမဟုဘူး....💔
" အများကြီး ချစ်တာပေါ့ " လို့
တစ်စုံတစ်ယောက်က ပြောရင်
အဝေးကြီး ဝေးရဦးမယ်လို့ပဲ
နားမှာ ကြားတယ်။
ဒဏ်ရာ ရထားတဲ့ သားကောင်ဟာ
ခြေသံ ကြားရုံနဲ့ ထပြေးမိတာမျိုး ။
#နွေသစ်ငြိမ်း
တစ်ယောက်ယောက်အလာကို
ထိုင်စောင့်နေသလို ဟန်ဆောင်ပြီး
ခုန်တန်းရှည်လေးမှာ
တစ်ယောက်တည်း ထိုင်နေရတာလောက်
နာကျင်ကြေကွဲမှုဆိုတာ ရှိပါဦးမလား ။
- မာဂရက်
ဘဝဆိုတာ ဒီလိုပဲ ပြီးဆုံးသွားမှာပဲ
တစ်ယောက်ယောက်လက်ကို
ဆုပ်ကိုင်ပြီးဖြစ်စေ
ဆုပ်ကိုင်ခဲ့ဖူးပြီး ဖြစ်စေ ။
- ဂန္ဓမာ
နေရာတကျ ပြန်ထားခဲ့ရတဲ့
ချစ်ခြင်းမေတ္တာတွေပါပဲ။
ကိုယ်မတက်နိုင်တဲ့အရာတွေအတွက်
စိတ်မကောင်းဖြစ်ပိုင်ခွင့်မရှိခဲ့။
#ဂန္ဓမာ
နေရာတကျ ပြန်ထားခဲ့ရတဲ့
ချစ်ခြင်းမေတ္တာတွေပါပဲ။
ကိုယ်မတက်နိုင်တဲ့အရာတွေအတွက်
စိတ်မကောင်းဖြစ်ပိုင်ခွင့်မရှိခဲ့။
#ဂန္ဓမာ
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
