ကားတွန်းကား သီးသန့် အစုံ
قناة بسيطة
My Channel gives credit to original websites and translators. If you own the copyrights of any stuff, I will remove it within 24 hours.
إظهار المزيد6 337
المشتركون
-924 ساعات
-707 أيام
-35030 أيام
أرشيف المشاركات
Repost from MICRO - MOVIE
ဂျပန်တို့ရဲ့ ပုလဲဆိပ်ကမ်းကို အလစ်တိုက်ခိုက်မှုကို ပြန်လက်စားချေမဲ့ မေရိကန်စ-စ်တပ်
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီး အချစ်ဇာတ်လမ်းအပိုင်းပါထည့်သွင်းထားတာဖြစ်ပါတယ်
ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးအမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့
စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါ လက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်
ရေ့ဖ်တစ်ယောက်အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/425
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
နှစ်ပေါင်းများစွာပိတ်လှောင်ထားရတဲ့ မံမီမကောင်းဆိုးဝါးကိုလှုပ်နိုးမိတဲ့အခါ...
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသ မီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအ ကုန်လုံး လက်လွှတ်ရမယ့် အနေ အထားဖြစ်ခဲ့ပါတယ်။
အဲဒါနဲ့ အာမာနက်ဟာသူ သာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆိုးအား သူ့ရဲ့ဝိညာဉ်ကို ယစ် ပူဇော်ခဲ့ပါတယ်။ မကောင်းဆိုးဝါး တစ်ယောက်လိုဖြစ်သွားတဲ့ အာ မာနက်ဟာ သူ့ခမည်းတော်နဲ့တ ကွမိသားစုအားလုံးကို သတ်ပစ်ခဲ့ ပြီး ဆက်ကိုလူသားတစ်ယောက် အသွင်ဖန်တီးဖို့အတွက် အာမာ နက်ဟာ သူ့ချစ်သူကို စတေးပစ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဖာရိုးဘု ရင်ကြီးရဲ့ ဘုန်းတော်ကြီးတွေက ဆက်ရဲ့ ဝိညာဉ်ရှိနေတဲ့ အာမာ နက် ရဲ့ ခန္ဓာကိုယ််ကို မံမီလုပ် ခဲ့ပြီး အာမာနက် ကိုယ်ထဲက မ ကောင်းဆိုးဝါး ထွက်မလာနိုင် အောင် ဂူဘေးမှာ ပြဒါးတွေဝန်းရံ ပြီး အရှင်လတ်လတ်မြေမြှုပ်ပစ်ခဲ့ ပြီးနောက်ပိုင်းမှာ....
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/423
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
+1
B e d s p a c e r ( ၂၀၂၃ )
ဂျဲနက်စ်ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်က ရာဇဝတ်မှုနောက်ခံရှိခဲ့ပြီး ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်ပါတယ်။သူလာတက်တဲ့ကျောင်းက သူဌေးသားသူဌေးသမီးတွေအတက်များပြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စတွေဟာ အထူးအဆန်းမဟုတ်သလို အရာရာကို ငွေလမ်းခင်းလိုရတဲ့နေရာပါ။ ရောက်ရောက်ချင်းညမှာပဲ သူ့အဆောင်က ကောင်မလေးနှစ်ယောက် ချစ်တင်းနှောတာကိုချောင်းကြည့်သလိုဖြစ်သွားတဲ့အတွက် ရန်ငြိုးဖွဲခံလိုက်ရပြီး နောက်နေ့ကျ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုက ဗီဒီယိုနဲ့ အရှက်ခွဲခံခဲ့ရပါတယ်။
အဲဒီမှာသူ့ကိုကယ်တင်ပေးခဲ့တဲ့ လက်စီ ဆိုတဲ့ မိန်းကလေးကို အားကိုးမိ၊ တွယ်တာမိရာကနေ ပုံမှန်ထက် လွန်ကဲသွားတဲ့အခါမှာတော့…။📺ဇာတ်ကားကြည့်ရန်လင့် https://t.me/njavnew1/19002 💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
သူလျှိုလုပ်ဖို့ မြောက်ကိုရီးယားကို အပို့ခံရတဲ့ တောင်ကိုရီးယားစပိုင်တစ်ယောက်
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ကားမျိုးဆိုဇာတ်အိမ် ဇာတ်ညွှန်း သရုပ်ဆောင်တွေကို ခမ်းခမ်းနားနားရိုက်လေ့ရှိတယ်..အထူးသဖြင့် စပိုင်ကားတွေဆိုတော်တော်ကြီးကိုကောင်းတယ်..ခုလည်း 2018 မှာ အသစ်ထွက်လာတဲ့The Spy Gone North ဆိုတဲ့ တောင်ကိုရီးယား စပိုင်ကားကလည်း တော်တော်ကိုကောင်းတယ်…တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကွဲသွားပြီးနောက်ပိုင်း နှစ်နိုင်ငံလုံးက တစ်ဖက်နဲ့ တစ်ဖက် သူလျှိတွေ စေလွှတ်ပြီး အသံတိတ်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်…ဒီဇာတ်ကားလေးကတော့ မြောက်ကိုရီးယားဘက်ကို စေလွှတ်လိုက်တဲ့ တောင်ကိုရီးယားစုံစမ်းရေးတပ်ဖွဲကဘလက်ဗီးနပ်စ်ဆိုတဲ့ အေးဂျင့်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ ….သူဟာ စီးပွားရေးသမားဟန်ဆောင်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီကိုချဉ်းကပ်ခဲ့တယ်..သူဘာကြောင့်ချဉ်းကပ်ခဲ့လဲ.. အချိန်မရွေးအသက်ပျောက်သွားနိုင် ပြီး အန္တရယ်များလွန်းလှတဲ့မြောက်ကိုရီးယားဆီ ဘာကြောင့်စပိုင်လာလုပ်တာလဲ..
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/414
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
ဆေးရုံကနေပြန့်လာတဲ့ ရုပ်အဆိုးဆုံးဇွန်ဘီတွေဟာ တစ်မြို့လုံးပြန်လာသောအခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
ဆေးရုံသိုက်မြုံကနေ ပေါက်ဖွားလာတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး ထိုင်းဇွန်ဘီကြီးများ
မွေထိုင်းလက်ဝှေ့ကျော် ဆင်းတစ်ယောက် အလုပ်ကနေ ထွက်ပြီး...
ချစ်သူလေးရင်ရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းချင်းဒေါင်မှာ အခြေချနိုင်ဖို့အရေး သင်္ဘောလိုက်ပြီး ငွေစုဖို့လုပ်ပါတယ်...
သူ့ချစ်သူ 'ရင်'ကတော့ အန္တရာယ်များတဲ့အလုပ်ဖြစ်လို့ ဒါကို သဘောမကျလှပါဘူး...
အသားဆိုတာ ရွှေပေးဝယ်လို့မရလောက်တဲ့ ရှားပါးကာလဖြစ်လို့ ငါးဟင်းနဲ့ သူဌေးတစ်သိုက် အောင်ပွဲခံနေတုန်း...
ငါးဟင်းစားမိတဲ့သူတစ်ယောက် ရုတ်တရက်လဲကျပြီး 'ရင်'တို့ဆေးရုံကို ရောက်လာပါတော့တယ်...
ကံဆိုးချင်တော့ ဒီငါးက ဇွန်ဘီးဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပြီး 'ရင်'တို့ဆေးရုံတစ်ရုံလုံး zombie outbreak ဖြစ်နေတာကို ဆင်းသိလိုက်ရချိန်မှာတော့...
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/413
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
ရှေးဟောင်းရတနာတွေကို ရှာဖွေကြရင်း မထင်မှတ်တာတွေနဲ့ ကြုံတွေလာရသောအခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
လူကြီးတွေကော ကလေးတွေပါမကျန် အားလုံး မသိသူမရှိကြိုက်ကြတဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းလေးပါ။
တရုတ်သမိုင်းမှာ အစဉ်လာကြီးမားခဲ့တဲ့ ရှေးဟောင်း ရာသီခွင်တိရိစ္ဆာန်တွေရဲ့ကြေးသွန်းခေါင်း ရတနာကို ရှာဖွေခြင်းပါပဲ။ ဒီကားမှာ Jackie Chan က Treasure Hunter ပုံစံနဲ့ သရုပ်ဆောင်ထားပြီး ဒီရတနာပစ္စည်းတွေကို တရားသော၊ မတရားသော ကြိုက်တဲ့နည်းလမ်းနဲ့ ရှာဖွေဖို့ ငှားခံရပါတယ်။ ရှာဖွေခိုင်းသူတွေကလည်း ဒီရတနာတွေကို ငွေကြေးနဲ့အခြားနိုင်ငံများကိုလေလံတင်ဖို့ကအဓိက ပါ။ အစောပိုင်းတုန်းမှာ ဒီပစ္စည်းတွေကို ငွေကြေးအတွက်သာအဓိက ထားရှာဖွေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပစ္စည်းတွေဟာ သူတို့နိုင်ငံသမိုင်းကြောင်းမှာ ဘယ်လောက်အရေးပါခဲ့လည်းဆိုတာကို သိရပြီးနောက် Jackie Chan ဘာတွေဆက်လုပ်လည်းဆိုတာကို တွေ့မြင်ရမှာပါ။အရမ်းကို ပေါ့ပေါ့ပါးပါးလေးနဲ့ သူငယ်ချင်းတို့လိုချင်တဲ့ ရသပေါင်းစုံကို ရစေမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/412
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
မင်းသားကြီးအာနိုးရဲ့ ကြေးစားလူသ_တ်မားတွေနဲ့ ရှယ်တီးကြမဲ့ အက်ရှင်ဇာတ်ကားကြီး
➪➪➪➪➪➪➪➪➪➪➪➪➪➪
နာမည်ကြီး အာနိုးမင်းသားလို့ လူသိများကြတဲ့မင်းသားကြီး
“Arnold Schwarzenegger” ပါဝင်သရုပ်ဆောင်ထားတဲ့
ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီးအာနိုးက တလောကလုံးကလေးစားပြီး
ကြောက်ရတဲ့ အရည်အချင်းရှိတဲ့ကြေးစားလူသတ်သမား “ဂါးသာ”နေရာကနေ
သရုပ်ဆောင်ထားပါတယ် တဖက်မှာတော့ “ဘလိတ်” လို့ခေါ်တဲ့ ကြေးစား
လူသတ်သမားကလည်း ကြေးစားလောကရဲ့ထိပ်တန်းဖြစ်ချင်တာကြောင့်
ဂါးသာကိုရှင်းပစ်ဖို့ အစီအစဉ်ဆွဲပါတော့တယ်သူသိသမျှ လက်စွမ်းရှိတဲ့ကြေးစားလူသတ်သမားတွေ လုပ်ကြံရေးသမားတွေကိုဆက်သွယ်ပြီး အဖွဲ့ထောင်ကာ ဂါးသာကို သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာတော့ဂါးသာအသတ်ခံလိုက်ရမလား ဒါမှမဟုတ် ကြေးစားလောကမှာရှိတဲ့သူ့ရဲ့ဂုဏ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို အက်ရှင်အကွက်တွေအပြင်ဟာသလေးပါ နှောထားလို့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ..
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/410
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀၀)ကျော်က ရှေးခေတ်သတ္တဝါကြီးတွေကို လူရိုင်းတွေ အမဲလိုက်ကြတဲ့အခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪
ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကိုလှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေးတစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကိုသ!တ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှနေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း
စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ် ....
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/409
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
ငလျင်ကြောင့် မြို့ပျ_က်နေချိန် ပိတ်မိနေတဲ့ သမီးကို ကယ်တင်ဖို့ကြိုးစားကြသောအခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်ကား တစ်ကားကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ IMDb Rating 6.0 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။
အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rock လို့လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယား မှာဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလော့ တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့ Ex-wife ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့ စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေ အပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး လို့ ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် မင်းသမီးနှစ်လက်လုံးကလဲ ဆွဲဆောင်မှုအရမ်းရှိနေတဲ့အတွက် ကြည့်ကိုကြည့်ရမယ့် ကားသစ်ကားကောင်း တစ်ကားဖြစ်ပါတယ်
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/406
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from N/a
C›hang An (2023)
🔰 ရုပ်ရှင်ဇာတ်ကားချန်နယ်များ📺https://t.me/microJJJ/2
🔰 ML စိန် / UC ဝယ်ရန် 💎 (admin ကိုယ်တိုင်ရောင်းတာပါ)https://t.me/microshop1
Repost from N/a
C›hang A›n (2023)
°°°°°°°°°°°°
တရုတ်ပြည်ရဲ့နာမည်ကြီးကဗျာဆရာ လီပိုင်ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ် အန်းရှီပုန်ကန်မှုအပြီး နှစ်အနည်းငယ်အကြာမှာ သာ့ထန်ပြည်ရဲ့နယ်စပ်ခံတပ်မှာအားနည်းနေခဲ့ပါတယ်
ထူပေါ်စစ်တပ်မှ ထိုအခွင့်ကောင်းကိုယူပြီး ထိုးစစ်ဆင်ခဲ့ပါတယ် ခံတပ်အင်အားနည်းနေတဲ့ ချန်အန်းမြို့မှာလည်း အန္တရာယ်တွေဝိုင်းနေခဲ့ပါတယ်
မြို့စောင့်စစ်သူကြီး ကောင်းရှစ်ဟာ တစ်ကိုယ်တည်း ကျဆုံးလုနီးနီးမြို့ကိုစောင့်ကြပ်နေချိန်မှာ သူနဲ့လီပိုင် ငယ်ရွယ်စဉ်အခါက တွေ့ဆုံပြီး ဝါသနာချင်းတူစွာ ကဗျာတွေရေးဖွဲ့သီစပ်ခဲ့ပုံ နှင့် သူ့ဘ၀ရဲ့အတိတ်သမိုင်းကို အနားမှာရှိနေတဲ့ မိန်းမစိုးချန်ကို ပြန်လည်ပြောပြခဲ့ရာကနေ ဇာတ်လမ်းကလေး စခဲ့ပါတယ်
Repost from N/a
B›olt (2008)
🔰 ရုပ်ရှင်ဇာတ်ကားချန်နယ်များ📺https://t.me/microJJJ/2
🔰 ML စိန် / UC ဝယ်ရန် 💎 (admin ကိုယ်တိုင်ရောင်းတာပါ)https://t.me/microshop1
Repost from N/a
B›olt (2008)
ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။
သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။
သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။
နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။
Repost from MICRO - MOVIE
မီးတောင်ပေါက်ကွဲပြီး နောက်ဆက်တွဲပြဿာနာတွေကို တားဖို့အတွက် မြောက်ကိုရီးယားဆီမှာ နျူ_ကလီးယားလက်နက် သွားခိုးရသောအခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
အလွန်ပြင်းထန်တဲ့ ငလျှင်ဒဏ်ဟာ တောင်ကိုရီးယားကိုတိုက်ရိုက်သက်ရောက်ခဲ့တာကြောင့် အရေးပေါ်အခြေနေကြေငြာခဲ့ရပါတယ် .
ဒီမီးတောင် ကြီးတစ်ခုလုံးပေါက်ကွဲသွားရင် ကိုရီးယားကျွန်းဆွယ် ရဲ့ ရာခိုင်နှုန်း ၈၀ကျော်လောက် သက်ရောက်မှာပါ.
မီးတောင်ကြီး အဆုံးထိမပေါက်ကွဲခင် ဒီမီးတောင်ကို ဖျက်စီးပစ်ခြင်းကသာလျှင် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်နေပါတော့တယ် ..
ဒါကိုဖျက်ဆီးဖို့ အဓိကလိုအပ်တဲ့အရာ က နျူးကလီးယားလက်နက်တစ်မျိုးပဲ ရှိပါတယ် ..
ခက်တာက တောင်ကိုရီးမှာ နျူးကလီးယား မရှိဘူးလေ .
အဲ့တော့ မြောက်ကိုရီးယားကနေ သွားခိုးရမှာပေါ့..
အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းဖြစ်သလို
တစ်ကားလုံးလဲ စိတ်လှုပ်ရှားစရာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ လက်မလွတ်တမ်းကြည့်ရူ့လိုက်ကြပါအုံးနော်။
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/400
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
ဂျပန်အစိုးရဲ့ အကူအညီမပါဘဲ ဂေါ်ဇီလာကြီးကို ရင်ဆိုင်ကြရသောအခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
လေသူရဲ Shikishima က လေယာဥ်မှာချို့ယွင်းချက်ရှိနေလို့ဆိုပြီး အိုဒါကျွန်းကိုဆင်းသက်ခဲ့တယ်။ တကယ်တော့ သူက အသေမခံချင်တဲ့အတွက် အကြောင်းပြချက်ရှာပြီး ထွက်ပြေးလာတဲ့သဘောပါပဲ။ ဒါက သူ့ဘဝရဲ့အရှက်ရစရာတစ်ခုဖြစ်လာတယ် ။ ကံဆိုးချင်တော့ အိုဒါကျွန်းမှာ ဂေါ်ဇီလာနဲ့ထိပ်တိုက်ပြီး စက်ပြင်ဆရာခေါင်းဆောင်နဲ့ Koichiတို့ပဲ အသက်ရှင်ကျန်ခဲ့ကြတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်အကြာမှာ ပင်လယ်ပြင်မိုင်းရှင်းလင်းရေးအလုပ်ကိုလုပ်ရင်း ဂေါ်ဇီလာနဲ့ နောက်တစ်ကြိမ်ပြန်တွေ့လိုက်ရတယ်။ ဂျပန်အစိုးရကလည်း အဲဒီအချိန်က စစ်ရှုံးကာလဆိုတော့ စစ်ရေးလှုပ်ရှားမှု မလုပ်ရဘူးဆိုတဲ့ ကတိကဝတ်တွေရှိနေခဲ့တယ်။ အမေရိကန်ကလည်း ဆိုဗီယက်နဲ့လုပ်ထားတဲ့သဘောတူညီချက်အရ ဂျပန်ကို စစ်အင်အားကူညီပေးလို့ မရပါဘူး။ အဲဒီတော့ ဂေါ်ဇီလာကြီး မြို့ထဲဝင်လာချိန်မှာ ဂျပန်အစိုးရရဲ့အကူအညီမပါဘဲ Shikishimaတို့တွေ ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကြည့်ရှူလိုက်ကြပါဦး
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/399
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
တရုတ်ရာဇဝတ်ဂိုဏ်းနဲ့ အမေရိကန်ဂိုဏ်း နှစ်ခုကြား ရဲတွေနဲ့ပါ သုံးပွင့်ဆိုင် တီးကြမဲ့ အက်ရှင်ဇာတ်ကား
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
ဒါရိုက်တာကလည်း The Raid ရဲ့ ဖန်တီးရှင် Gareth Evansပါပဲ။ အက်ရှင်မှ အက်ရှင်အစစ်ပါ။ တရုတ် ရာဇဝတ်ဂိုဏ်းနဲ့အမေရိကန်ဂိုဏ်း နှစ်ခုကြားမှာ ရဲတွေနဲ့ သုံးပွင့်ဆိုင်ကျုံးကြတဲ့ ဇာတ်ကားမျိုးပါ။
ဇာတ်လမ်းအကျဉ်း
ဝေါ်ကာဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်းတစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ရဲ့ သားကို သတ်မိသွားတယ်ဆိုပြီး တရုတ်ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။
အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့
ရဲတွေကလည်း ထပ်ပြီး ထိပ်တိုက်တွေ့ကြပါတော့တယ်။ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲကြည့်ရမှာပါ။
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/398
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
တစ်နိုင်ငံလုံးမီးပျက်ပြီး ဘယ်လိုအခက်ခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့လာရမလဲ ဆိုတာကို ကြည့်ရမဲ့ဇာတ်ကား
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
တိုကျိုမြိုကြီးမှာနေထိုင်တဲ့ ဆူဇူကီး မိသားစုက သာမန်မိသားစုတွေလိုပဲ မြိုပြယဉ်ကျေးမှုမှာ စီးမျောနေတဲ့မိသားစုတစ်ခု၊ အမေကလည်း အိမ်မှုကိစ္စတွေတာဝန်ကျေပွန်ပေမယ့် မိသားစုအတွင်း စည်းလုံးအောင် မလုပ်ဆောင်နိုင်ဘူး၊ သားနှင့်သမီးကလည်း အထက်တန်းကျောင်းသားတွေပီပီ ဖုန်းနှိပ်လိုက်၊ အပေါင်းအသင်းတွေနဲ့ လျှောက်သွားလိုက်နဲ့ မိသားစုစကားပြောဖြစ်တာ တော်တော်ရှားတယ်တစ်ရက် မနက်မိုးလင်းမှာတော့ လျှပ်စစ်မီးပျက်သွားတယ်၊ မီးပျက်မှာကို ကြိုသတိပေးလေ့ရှိတဲ့ ဂျပန်နိုင်ငံမှာတော့ အထူးအဆန်းပေါ့အစကတော့ သူတိူတစ်အိပ်ပဲဖြစ်နေတယ်လိုထင်နေပေမယ့် နောက်ပိုင်းမှ တစ်မြိုလုံးဖြစ်နေကြတယ်၊ ရုံးသွားဖိုအလျင်လိုနေတဲ့ ဆူဇူကီးတစ်ယောက် မနက်စာမစားပဲထွက်လာခဲ့ပေမယ့် ပုံမှန်လာနေကြ အချိန်မှန် ရထားကလည်းရောက်မလာဘူးဒီလို မီးပျက်တဲ့ရက်တွေကြာရှည်ဖြစ်လာတဲ့အခါ သူတို ဘလိုရှင်သန်ရပ်တည်သွားကြမလဲ၊ ဘလိုအခက်အခဲဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့လာရမလဲဆိုတာကိုတော့။
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/396
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
ပင်လယ်ထဲအပန်းဖြေခရီးထွက်နေရင်း ရုတ်တရက်ရေတွေခမ်းခြောက်သွားပြီးကုန်းမြေဖြစ်သွားတဲ့အခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
ပင်လယ်ထဲအပန်းဖြေခရီးထွက်နေရင်း ရုတ်တရက်ရေတွေခမ်းခြောက်သွားပြီးကုန်းမြေသွားတဲ့အခါ သူတို့သားအမိလေးယောက် အသက်ဘယ်လိုရှင်သန်နေထိုင်ကြမလဲ၊ဘာဖြစ်လို့ ကမ္ဘာတစ်ခုလုံး ပင်လယ်ကြီးပျောက်သည်အထိ ဖြစ်သွားတာလဲ၊အန္တရယ်တွေဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုတော့ဆက်ပြီးကြည့်ပါ၊
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/394
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
မင်းသားကြိး ဂျက်ကီချန်းရဲ့ သိပ္ပံနည်းပညာဇာတ်ကားကောင်း
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
မင်းသားကြီးဂျက်ကီချန်းရဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါ။
ဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ဝန်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံး၀မခံပဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သူ့အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ်။
ဒါပေမဲ့ သက်သေကော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ဘာတွေဘလိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/393
💎Dia /Uc ဝယ်ယူရန် - @microshop1
Repost from MICRO - MOVIE
အနာဂတ်မှာ ကမ္ဘာပျက်ပြီး လေထုအဆိ_ပ်သင့်မှုကြောင့် လူဦးရေရဲ့ ၁ရာခိုင်နှုန်းပဲ အသက်ရှင်ကျန်တော့တဲ့အခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာ
ပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....
အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာ
ကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...
ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့
ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ တစ်ဦးတည်းသောသား Ryu Seok ပဲဖြစ်ပါတယ်...
📺ဇာတ်ကားကြည့်ရန်လင့်
https://t.me/m2channel0/392
💎Dia /Uc ဝယ်ယူရန် - @microshop1
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
