cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

GC Movies

yoteshin

إظهار المزيد
مشاركات الإعلانات
4 699
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

1:58:25
Video unavailableShow in Telegram
The Childe 2023
إظهار الكل...
The Childe 2023.mp41829.01 MB
Photo unavailableShow in Telegram
The Childe  2023 ဒီကားထဲမှာဆိုရင်တော့ Seon Hoကိုပုံမှန်တွေ့နေကြပုံစံမဟုတ်တဲ့ ခပ်မိုက်မိုက်ဗီလိန် တစ်ယောက်အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ် ကိုရီးယားအမေရိကန်ကပြား တစ်ယောက်ဖြစ်တဲ့ လက်‌ဝှေ့သမား မာရိုကို က သူ့အဖေကို ရှာနေခဲ့တာပဲဖြစ်ပါတယ် တစ်နေ့မှာ သူ့အဖေကလည်း သူ့ကိုရှာနေကြောင်း အဆက်အသွယ်ရပြီးနောက် သူ့အဖေနဲ့ တွေ့ဖို့ ကိုရီးယားကိုသွားခဲ့ပါတယ် ကိုရီးယားကို အဖေနဲ့တွေ့ဖို့သွားခဲ့တဲ့ မာရိုကိုက လေယာဉ်ပေါ်မှာ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ ဆုံတွေ့ပြီးနောက်ပိုင်းမှာ မထင်ထားရတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာရပါတော့တယ်။ မာရိုကို ဆုံတွေ့ခဲ့တဲ့သူက ဘယ်သူလဲ။ ဘယ်သူတွေက သူ့ကိုအန္တရာယ်ပေးချင်နေတာလဲ မာရိုကိုတစ်ယောက် အန္တရာယ်က လွတ်မြောက်ပြီး သူ့အဖေနဲ့တွေ့ဆုံ နိုင်ပါ့မလားဆိုတာကိုတော့ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဒီဇာတ်ကားထဲမှာအဆုံးအထိ စိတ်ဝင်တစားစောင့်ကြည့်ပေး ကြပါဦးနော်.....😘
إظهار الكل...
အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့ Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစား facts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကို ယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။ "အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု".... လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခုဖြစ်တည်လာပါတယ်။ တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော..... လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana.... "ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း" အဖြစ် ကျော်ကြားပြီး ဟောသမျှ မလွဲဖူးတဲ့ လက္ခဏာဖတ်ဗေဒင်ဆရာ Aditaya တို့ ..... ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ဆုံပြီး Aditaya တစ်ယောက် Prerana ကို ချစ်ခင်စုံမက်လာပါတယ်။ ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့အပြင် ဆရာဝန်မလေး Prerana က ရှားပါးပြီး ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပြန်ပါတယ်။ အသက်ရှင်ဖို့ လပိုင်းသာကျန်တော့တဲ့ Prerana နဲ့ လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့ Aditaya တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ။ အတူတကွ ရှေ့ဆက်နိုင်မလားဆိုတာ‌ကို ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပါ။ IMDb 6.9/10 ရရှိထားပြီးတော့ soundtracks တွေကိုတော့ Telugu နဲ့ Hindi ဗားရှင်းနှစ်မျိုးနဲ့ဖန်တီးထားတာဖြစ်ပါတယ်။ လက္ခဏာဆရာ Aditaya ရဲ့ character ကိုတော့ ဥရောပနာမည်ကြီး လက္ခဏာဆရာ Cheiro ကို inspire ယူထားတာပါ။ ဇာတ်လမ်းလေးက ကောင်းတဲ့အပြင်ကိုမင်းသမီးကလည်း အတော်ချောတော့ ကြည့်ကိုကြည့်ရှုသင့်တဲ့ကားကောင်းလေးပါလို့ တိုက်တွန်းလိုက်ပါ‌ရစေ။ #Credit
إظهار الكل...
2:16:10
Video unavailableShow in Telegram
Radhe Shyam [2022]
إظهار الكل...
1435.05 MB
Photo unavailableShow in Telegram
Radhe Shyam [2022]
إظهار الكل...
1:53:23
Video unavailableShow in Telegram
Metamorphosis(2019)
إظهار الكل...
Copy of (CM) Metamorphosis(2019).mp4_source.mp4950.07 MB
Photo unavailableShow in Telegram
Metamorphosis(2019) နတ်ဆိုးနှင်တဲ့ကားလေးဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကိုပီပီပြင်ပြင်ရိုက်ထားတာမို့လို့ပါခရစ်ယာန်နတ်ဆိုးနှင်တဲ့ဘုန်းကြီးတစ်ယောက်ရဲ့အလုပ်ဟာ ဘ၀တစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့အလုပ်ပါဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ်ကောင်က ရောက်လာရင်တော့ ဘယ်လိုစိတ်အခြေအနေနဲ့နှင်ရမှာပါလဲပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲကနတ်ဆိုးက ရုပ်ပြောင်းရုပ်လွှဲနဲ့၀င်တာပါ။ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှု့ခံစားကြည့်ကြပါ။
إظهار الكل...
2:50:37
Video unavailableShow in Telegram
The Thin Red Line (1998)
إظهار الكل...
The_Thin_Red_Line_[1998]_(MM_Sub).mp41252.12 MB
The Thin Red Line (1998)   စစ်ကားတွေထဲမှာ အထူးသဖြင့် ကျွန်တော်သိသလောက် Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေဟာ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်…ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ စစ်ကားကြီး(၂)ကားမှာ တက်သိမ်းတဲ့သူတွေဟာ အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရပါတယ်…. The Thin Red Line(1998) ဟာလည်း  ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့ တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ….ဒီစစ်ကားရဲ့ကောင်းမွန်ခြင်းတွေက  Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) တို့ နဲ့တောင် တန်းတူတောင်ထားလို့ရမယ်ထင်တယ်… အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင်  ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့ စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်…စစ်သားတွေရဲ့ပူပန်မှုတွေအခက်အခဲတွေကို သူတို့နည်းတူ ခင်ဗျားတို့ ထပ်တူထပ်မျှခံစားနေရလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးကြီးခံစားနေရလိမ့်မယ်.. ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ ရင်တထိတ်ထိတ်နဲ့….ဇာတ်လမ်းနဲ့ တင်ဆက်ပုံကလည်း အရမ်းကိုကောင်းလွန်းတဲ့အပြင် သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးမင်းသားတွေကြီးပဲဆိုတော့ ဒီစစ်ကားဟာ အော်စကာဆု(၇)ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၀)ဆုလည်းရရှိခဲ့ပါတယ်.. ကျွန်တော်ပြောတာ ဟုတ်မဟုတ်ခံစားကြည့်လိုက်ပါ
إظهار الكل...
Photo unavailableShow in Telegram
THE THIN RED LINE 1998
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.