cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Fundraising by YTUSU

إظهار المزيد
مشاركات الإعلانات
339
المشتركون
لا توجد بيانات24 ساعات
+17 أيام
+230 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

"တခါကကျောင်းတော်ဆီသို့" ပေးစာ campaign တခုလုံးအနေဖြင့် ၆ သိန်းကျော် ရရှိခဲ့ပြီး ကျနော်တို့ YTUSU မှ (၆၁,၇၀၈) ကျပ် ကောက်ခံနိုင်ခဲ့ပါတယ် ခင်ဗျာ။
إظهار الكل...
▪️ October လအတွင်း ကျောင်းသားလက်ရုံးတပ်တော် သို့ ထောက်ပံ့ခဲ့မှု မှတ်တမ်းများ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလအတွင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) အတွက် ပြုလုပ်ခဲ့တဲ့ Campaign ၂ ခုမှာ ကျနော်တို့ YTUSU မှ ပါဝင်အားဖြည့်ခဲ့ပါတယ်ဗျ။ Fundraising by နွေဦး မှ ဦးဆောင်ပြုလုပ်တဲ့ "နှုတ်ခမ်းနီတောင့်ငါးထောင်လှူ SAF ကိုကူ" campaign နဲ့ တကသများ-ရန်ကုန် မှ ပြုလုပ်တဲ့ "တခါကကျောင်းတော်ဆီသို့" ပေးစာ campaign ပဲ ဖြစ်ပါတယ်။ Campaign နှစ်ခုမှ ကောက်ခံရရှိငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်ဗျ။ 🔹နှုတ်ခမ်းနီတောင့်ငါးထောင်လှူ SAF ကိုကူ - (၁,၆၈၀,၀၀၀) ကျပ် 🔹ပေးစာ campaign - (၆၁,၇၀၈) ကျပ် စုစုပေါင်းအနေဖြင့် (၁၇)သိန်း (၄)သောင်းကျော် SAF ထံသို့ ထောက်ပံ့နိုင်ခဲ့ပါတယ် ခင်ဗျာ။ အလှူရှင်မိဘပြည်သူများ ပီတိဖြစ်ရအောင် Certificate မှတ်တမ်းများလည်း ဖော်ပြလိုက်ပါတယ်ဗျ။ ကျောင်းသားရဲဘော်များ အတွက် ပါဝင်ထောက်ပံ့ကြတဲ့ တော်လှန်မိဘပြည်သူများကို ကျေးဇူးအထူးတင်ရပါတယ်။ 🥰 ဆက်ပြီး အခုပြုလုပ်နေတဲ့ "မြဲမြဲပျံ မြန်မြန်ကြဲ" Drone ကမ်ပိန်းမှာလည်း အားဖြည့်ပေးကြဖို့ ပြောပါရစေနော် ရဲဘော်တွေ ဒရုန်းဝယ်နိုင်ဖို့ လက်မှတ်တစောင်မှ စပြီး ထောက်ပံ့ပေးပါဦးဗျ။ 📍 Page Chatbox (သို့) Telegram t.me/ytusu မှာ ဆက်သွယ် ပါဝင်နိုင်ပါတယ်ဗျ။ “မြဲမြဲပျံ မြန်မြန်ကြဲ” https://m.facebook.com/story.php?story_fbid=368117719111621&id=100077401879129 #မြဲမြဲပျံမြန်မြန်ကြဲ #FundraisingbyYTUSU #ASU #SAF
إظهار الكل...
စစ်ရှောင်စာသင်ကျောင်းတစ်ခုက ကလေးငယ် (၂၀၀) ကျော်အတွက် အလှူရှင်တစ်ဦးက အာဟာရမျှဝေပေးခဲ့ပါတယ်။ ကြက်ဥငံပြာရည်ချက်၊ အသားတုအစိမ်းကြော် နှင့် ပဲနှပ်ဆိုတော့ သားသားမီးမီးတို့လည်း အသားဓာတ်ဖြစ်တာပေါ့။ အခုဆို ကရင်နီမှာ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတာမလို့ ကဏ္ဍအသီးသီးမှာလိုအပ်လျက်ရှိတာကြောင့် နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပို့ကြဖို့လည်း နှိုးဆော်ပါရစေ။ #MealSharing #IDPs #အာဟာရ #FundraisingbyYTUSU #YTUSU
إظهار الكل...
Photo unavailableShow in Telegram
ဒီပုံလေးတွေ့တော့ ကိုယ့်ကျောင်းကိုလည်း ပြန်ယူတာ မြင်ချင်ကြတယ် ... ကျောင်းသားအစစ်တွေ Main Building ထဲ ပြန်ဝင်လာတာ မြင်ချင်တယ် ကိုယ့်ကျောင်းကိုယ် ပြန်ယူဖို့ ကျောင်းသားရဲဘော်တွေကို ထောက်ပံ့ကြပါ၊ အခု ကျောင်းသားလက်ရုံးတပ် အတွက် ဒရုန်းဝယ်ပေးဖို့ ငွေစုနေကြတယ်။ တစ်တပ်တစ်အား ဝင်ကူပေးပါ အောင်ပွဲတွေ မြင်ရတော့ ပျော်တယ်ဟုတ်.. ဒီအချိန်မှာ ဘာလုပ်ရမလဲ လဲ အဖြေရှင်းနေပြီ၊ တလှိုင်းပြီး တလှိုင်းလည်း လာနေပြီ တော်လှန်ရေးနဲ့ ဝေးနေသူတွေလည်း ရောပျော် မဖြစ်ရအောင် ပြည်သူနဲ့အတူ ပြန်ရပ်တည်ပါ၊ ပါဝင် ပါ၊ အသီးအပွင့်ကို ကိုယ်တိုင်ခံစားပါ။ 📍 Page Chatbox မှာ ဆက်သွယ်ပြီး ကျောင်းသားရဲဘော်များ အတွက် ထောက်ပံ့နိုင်ပါတယ်။ “မြဲမြဲပျံ မြန်မြန်ကြဲ” https://m.facebook.com/story.php?story_fbid=368117719111621&id=100077401879129 #ငါတို့ကျောင်းငါတို့ပြန်ယူမယ် #မြဲမြဲပျံမြန်မြန်ကြဲ #FundraisingbyYTUSU #ASU #SAF
إظهار الكل...
👍 3 2
Fb မှာ Report မိပြီး Reach ချခံထားရတာကြောင့် .. အပန်းမကြီးရင် အောက်က Link နှစ်ခုကို ဝင်ကြည့်ပေးပါဦးဗျာ https://m.facebook.com/story.php?story_fbid=368117719111621&id=100077401879129 https://m.facebook.com/story.php?story_fbid=368795992377127&id=100077401879129 React, Comment, Share လည်း လုပ်ပေးကြပါနော်
إظهار الكل...
👌 2
Photo unavailableShow in Telegram
𝙈𝙞𝙖 𝙎𝙖𝙣 𝙈𝙞𝙖 အဲ့ motto လေးမြင်ဖူးကြလား၊ ဘိုင်ယန်မြူးနစ်အသင်းဖန်တွေကတော့ သေချာပေါက်သိကြမှာပေါ့ မသိတဲ့လူတွေကို ရှင်းပြရရင်တော့ ဒီစာသားလေးက ဘိုင်ယန်မြူးနစ် ဘောလုံးအသင်းရဲ့ ဆောင်ပုဒ်တခုဖြစ်ပြီး အင်္ဂလိပ်လိုဆို 𝗪𝗲 𝗮𝗿𝗲 𝘄𝗵𝗼 𝘄𝗲 𝗮𝗿𝗲 ပါတဲ့၊ ဗမာလိုပြန်ရင်တော့ ❝ငါတို့သည်ငါတို့သာ❞ ဒါမှမဟုတ် ❝တို့ကတို့ပဲ😁❞ လို့ပြန်လို့ရမလားပဲ ဘာပဲဖြစ်ဖြစ်ပါ ဒီစာသားရဲ့ဆိုလိုချင်တာကတော့ ဘယ်အရာမှာမဆို အဆုံးသတ်အောင်မြင်ဖို့အတွက် ကို ခိုင်မာတဲ့စိတ်ထားဖို့၊ ကိုယ့်ကိုယ်ကိုသာ ယုံကြည်ထားပြီး ကိုယ့်လုပ်ဆောင်နိုင်စွမ်း အပေါ် သံသယမထားဖို့စတဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ ဒီလိုအဓိပ္ပါယ်ပြည့်ဝတဲ့စာသားပါတဲ့ Bayern Munich အသင်းရဲ့ official muffler လေးကို ကျွန်တော်တို့ရဲ့ “မြဲမြဲပျံ မြန်မြန်ကြဲ“ ကမ်ပိန်းလေးမှာ မဲဝယ်ပြီး ကံစမ်းလို့ရပါတယ်။ 🫶♥️ မာဖလာက တကယ့် authentic ဖြစ်ပြီး လည်ပင်းမှာသိုင်းလိုက်တာနဲ့ တကယ့် ဘိုင်ယန်မြူးနစ် ရဲ့ winning mentality ကိုခံစားရမှာပါ။ ကံလေးများကောင်းရင် Allianz Arena ကွင်းကြီးထဲ တကယ်ရောက်သွားသလိုကို ဖီလင်ကဖြစ်နေမှာပါ။ အခုမရောက်ခဲ့လည်း နောင်ကို ဥရောပမှာ ဒီမာဖလာလေးနဲ့ ဘောလုံးပွဲသွားကြည့်မယ်ဆို မမိုက်ဖူးလားဗျာ 🥰 ဆိုတော့ မဲတွေလာဝယ်ပြီး ဘိုင်ယန်မြူးနစ် မာဖလာ ကံစမ်းနိုင်မယ့် အခွင့်အရေးလေးကို အရလာယူလိုက်ကြပါနော် Telegram contact ➡️ @ytusu လက်မှတ် တစ်စောင်မှ 10,000 ကျပ်ဖြစ်ပြီး နိုင်ငံတကာ Currency များဖြင့်လည်း တိုက်ရိုက်ဝယ်လို့ရပါတယ်ဗျ။ ဘိုင်ယန်မြူးနစ် အသင်းဖန်တွေ မြင်အောင်လည်း Mention or Share ကူပေးပါဦးဗျို့ 🤗 #မြဲမြဲပျံမြန်မြန်ကြဲ #FundraisingbyYTUSU #ASU #SAF
إظهار الكل...
2
3
ကျောင်းသားလက်ရုံးတပ် အတွက် ဒရုန်း ဝယ်ပေးလို့ရတာ သိပြီးပြီလား ⁉️ မသိသေးရင် ပြောပြမယ်နော်.. တကသများ-ရန်ကုန် က အခုလုပ်နေတဲ့ “မြဲမြဲပျံ မြန်မြန်ကြဲ” Campaign မှာ ပါဝင်ပြီး ကျောင်းသားလက်ရုံးတပ်တော်(SAF) ကို ဒရုန်း ဝယ်ပေးနိုင်ပါတယ်။ 🛩️ မဲလက်မှတ် ကမ်ပိန်းဖြစ်လို့ အနည်းဆုံး ၁၀,၀၀၀ ကျပ်ကနေ အများဆုံး စိတ်ကြိုက် ပါဝင်လို့ရတယ်.. ဒရုန်း တစီးစာ ထောက်ပို့မယ်ဆိုလဲ ရပါတယ် 😁 ♦️ ပြည်တွင်းကပဲ ပါဝင်လို့ရတာလား ပြည်တွင်းသာမက ပြည်ပနိုင်ငံအစုံ ကနေ ထောက်ပံ့လို့ ရတယ်ဗျာ။ ထိုင်း၊ စင်ကာပူ၊ US ၊ Aussie အပါအဝင် နိုင်ငံ ၉ ခုနဲ့ ဥရောပဒေသမှ တိုက်ရိုက် Bank Account တွေနဲ့ လှူလို့ရမယ် .. လက်မှတ်ဈေးကလဲ ကော်ဖီ တခွက်စာ ဆိုတော့ ဘာလိုသေးလဲ🤗 Chatbox မှာ အကောင့် လာမေးဖို့ပဲ ကျန်တယ်ဗျာ။ ♦️ Target ကရော ဖိုက်တာ ဒရုန်း ၂ စင်း ဝယ်ရမှာဆိုတော့ သိန်း ၅၀၀ လိုပါတယ်ဗျ။ တနည်း.. မဲ ငါးထောင် ရောင်းကုန်ရမှာပေါ့နော် .. Day 2 အထိ အစောင်ငါးရာ တောင် ရောင်းမထွက်သေးလို့ လာဝယ်ကြပါဦး 🥺 ♦️ ကံစမ်းမဲဆိုတော့ ဘာတွေမဲဖောက်ပေးမှာလဲ ဆုမဲတွေမှာ ➱ ပတ္တမြားကျောက် လေးတွေ ပါမယ်။ ➱ Bayern Munich အသင်းရဲ့ မာဖလာ ➱ Fuji Film Instax Mini ကင်မရာ ၁ လုံး ➱ Keyboard + Mouse Set ➱ Headphone တခု နဲ့ ➱ အရမ်းမိုက်တဲ့ Doodle Art တွေ ပါပါမယ်။ (ပုံမှာ ကြည့်လို့ရတယ်နော်) ဒါဆိုရင်... SAF အတွက် ဒရုန်းဝယ်ပေးနိုင်မယ်၊ ကံကောင်းရင် ဆုမဲပါ ရဦးမယ်။ 🥰 ဈေးက အများကြီးလည်း မဟုတ်.. ကော်ဖီ တခွက်လျှော့သောက်ပြီး ပါလို့ရတဲ့ ပမာဏ ။ 💪 ကဲ ဘာလိုသေးလဲနော် .. မင်မင် Cb က စောင့်နေမယ်နော် 🫶 Telegram contact ➡️ @ytusu #မြဲမြဲပျံမြန်မြန်ကြဲ #FundraisingbyYTUSU #ASU #SAF
إظهار الكل...
👍 3 2
အညာဘက်က ကျောင်းသားလက်ရုံးတပ်တော်ရဲဘော်တွေအတွက် နေ့လည်စာအဖြစ် အမဲသားချက်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ တကသများရန်ကုန်ကနေ SAF အတွက် "မြဲမြဲပျံ မြန်မြန်ကြဲ" Drone ကမ်ပိန်းလည်းလုပ်နေတာမလို့ အောက်ပါလင့်ကနေတစ်ဆင့် ပါဝင်နိုင်ပါတယ်။ https://www.facebook.com/100077401879129/posts/pfbid0n2o49TPXY2GASPLUpypBe15ke2dV7ABsYMdNfdy2UAvcDbQtw98GAsqatd5zqSGal/ #MealSharing #အာဟာရ #FundraisingbyYTUSU #YTUSU
إظهار الكل...
4
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.