7 959
المشتركون
+424 ساعات
-47 أيام
-530 أيام
أرشيف المشاركات
🎬 သာမန်နေ့ တစ်နေ့။ ကမ္ဘာကြီးအတွက်တော့ ဘယ်လောက် ကုန်ကျသွားလဲ။
မနက်နိုးတာနဲ့ ဖွင့်လိုက်တဲ့ မီး၊ ပန်ကာ၊ အားသွင်းထားတဲ့ ဖုန်း… မနက်ကနေ ညအထိ သတိမထားမိတဲ့ ရွေးချယ်မှုလေးတွေက ရာသီဥတုပြောင်းလဲမှုနဲ့ ဘယ်လို ဆက်စပ်နေသလဲ။
OUT OF FOCUS ရဲ့ "ONE DAY / တစ်နေ့" Documentary အပြည့်အစုံကို Lens for Change Final Showcase မှာ လာရောက်ကြည့်ရှုလိုက်ပါ။
📅 နိုဝင်ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၁၂ နာရီ မှ ၄ နာရီအထိ
📍 Myanmar Polyland Academy၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
အခုပဲ စာရင်းသွင်းလိုက်တော့နော်
https://forms.gle/9SmuTEua9aCuyqus8
ဒီနေ့ မနက်နိုးကတည်းက လျှပ်စစ်ပစ္စည်း ဘယ်နှစ်ခု သုံးပြီးပြီလဲ။ Comment မှာ ပြောပြပေးပါ 👇
🎬 One ordinary day. What does it cost the planet?
The lights, the fan, the phone on charge. From morning to night, how are the small choices we never notice connected to climate change?
Catch the full documentary "ONE DAY" by OUT OF FOCUS at the Lens for Change Final Showcase!
📅 Sunday, November 29 | 12:00 PM to 4:00 PM
📍 Myanmar Polyland Academy, Bahan Township, Yangon
Register Now!
https://forms.gle/9SmuTEua9aCuyqus8
How many electric devices have you used since you woke up today? Drop your number in the comments 👇
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#LensForChange
#YouthClimateStorytelling
#ClimateResilience
#OneDayDocumentary #OutOfFocus
#ForTheFuture_Myanmar
#YouthOrganization
24 نوفمبر, 09:46
❝𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐑𝐞𝐜𝐫𝐮𝐢𝐭𝐦𝐞𝐧𝐭 𝐁𝐚𝐭𝐜𝐡 𝟏𝟗.𝟓❞
For The Future-Myanmar" မှ စေတနာ့ဝန်ထမ်းများ ခေါ်ယူနေပါပြီ။
For The Future-Myanmar ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။
လက်ရှိမှာ လူငယ်စေတနာ့ဝန်ထမ်းပေါင်း ၁၀၀ ကျော်နဲ့ တက်ညီလက်ညီ လှော်ခတ်နေတဲ့ Non-Profit Youth Organization တစ်ခုဖြစ်ပြီး၊ လူငယ်တွေမှ တခြားလူငယ်တွေဆီကို ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရပ်ရွာဒေဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်တွေကို ပုံဖော်ကြံဆောင်လျက် ရှိပါတယ်။ ဒါ့အပြင် "For The Future; Education Institute-Myanmar" ဆိုတဲ့ အဖွဲ့အစည်းခွဲတစ်ခုလည်း ထူထောင်ထားပြီး Reading & Speaking Club, Speaking Club နဲ့ Debate Club တို့ ကျင်းပပေးနေတဲ့အပြင်၊ သက်ဆိုင်ရာ Intake အလိုက် Free Class များကိုပါ ဖွင့်လှစ်ပေးနေတာပဲ ဖြစ်ပါတယ်။
ဒီလောက်ဆို Organization အကြောင်းလည်း အနည်းအကျဉ်း သိသွားလောက်ပြီဆိုတော့ ဒီခရီးမှာ တူတူလိုက်ပါဖို့ အဆင်သင့်ပဲလား။
ဒီတစ်ခေါက် ခေါ်ယူသွားမယ့် သက်ဆိုင်ရာ ဌာနအသီးသီးအောက်က Position တွေကတော့
• Academic Head
https://forms.gle/x1UQd3McKLGwLwBM8
• Media & Public Relations Team Leader
https://forms.gle/YihRCUngyG4KJCx86
• Video Editor
https://forms.gle/FvdowoDwRmXhnHv86
တို့ပဲ ဖြစ်ပါတယ်။
Application Deadline ကတော့ ဇွန်လ ၂၇ ရက်နေ့ဖြစ်ပြီး အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့နော်။
Interview ကိုတော့ နိုဝင်ဘာလ ၂၉ မှာ ကျင်းပသွားမှာဖြစ်ပြီး မိမိဖြေဆိုရမယ့် ရက်နဲ့အချိန်အတိအကျကိုတော့ သက်ဆိုင်ရာ Email လိပ်စာအသီးသီးကနေ ပေးပို့အကြောင်းကြားသွားမှာပဲ ဖြစ်ပါတယ်။
လူငယ်တွေအတွက် ပိုမိုသစ်လွင်တဲ့ အနာဂတ်ကို ဖော်ဆောင်ချင်တဲ့ စေတနာ့ဝန်ထမ်းများကို For The Future-Myanmar အဖွဲ့သားများက နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်။
“Volunteer Recruitment Batch 18”
For The Future–Myanmar" is now recruiting volunteers for Batch 18!
What is "For The Future–Myanmar"?
"For The Future–Myanmar" is a non-profit youth organization currently powered by over 100 young volunteers working together toward a common goal. The organization creates educational opportunities and youth empowerment programs designed by young people for young people. In addition, it has established a sister organization called "For The Future Education Institute–Myanmar", which hosts weekly activities such as:Reading & Speaking Club, Tea Talk Speaking Club, Debate Club. The institute also offers free classes based on different intakes.
Now that you know a little about the organization, are you ready to join this journey with us?
The following positions are open for recruitment:
• Academic Head
https://forms.gle/x1UQd3McKLGwLwBM8
• Media & Public Relations Team Leader
https://forms.gle/YihRCUngyG4KJCx86
• Video Editor
https://forms.gle/FvdowoDwRmXhnHv86
Application deadline will be on November 27, so please make sure to fill out all application information accurately and completely. Interviews will be held on November 29. Applicants will receive an email with their specific interview date and time.
Join Us!
The members of "For The Future–Myanmar" warmly welcome volunteers who are passionate about building a brighter future for young people.
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/...
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189...
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#Content_by_MayMyatNoeAung
#Translated_by_MinEain
#Graphic_by_smoothie
22 نوفمبر, 09:00
🌍 THE LENS IS YOURS TO EXPLORE!
What happens when young people turn their cameras towards the environmental challenges in their communities? It’s time to see the stories, hear the voices, and discover the power of youth-led storytelling!
Lens for Change: Youth Climate Storytelling for Resilient Communities is a youth-led initiative by For The Future-Myanmar and For The Future; Education Institute-Myanma, supported by Finn Church Aid (FCA). Through documentary filmmaking, photography, and storytelling, the programme empowers young people to explore environmental challenges, amplify community voices, and inspire collective action towards more resilient communities.
🎬 What’s Coming at the Final Showcase?
Join us for an afternoon of stories, creativity, and meaningful conversations featuring:
5 Youth-led Documentaries: Discover five documentaries created by participating youth teams, highlighting environmental challenges and community perspectives.
Project Booths: Explore five booths showcasing the teams’ activities, creative outputs, and awareness materials.
Poster & Testimonial Showcase: Discover visual stories and voices from the community.
Networking & Interactive Activities: Connect with young changemakers, exchange ideas, and take part in engaging activities.
Event Details
Time: 12:00 PM to 4:00 PM
Date: November 29, 2026
Venue: No. 4/6, 8 Ngar Htat Gyi Pagoda Street, Bahan Township, Yangon (Myanmar Polyland Academy)
📢 The stories don’t end at the showcase!
Follow For The Future-Myanmar to explore our event posters, documentary preview videos, and upcoming awareness campaign. Stay connected, discover the stories, and be part of the change!
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_MyanmarInstagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#LensForChange
#YouthClimateStorytelling #ClimateResilience #YouthEngagement
#ForTheFuture_Myanmar
#YouthOrganization
20 نوفمبر, 10:56
🌍 လူငယ်တွေရဲ့ Lens ကနေ ဘာတွေ မြင်တွေ့ရမလဲ?
လူငယ်တွေက သူတို့ရဲ့ ကင်မရာတွေကို အသုံးပြုပြီး မိမိတို့ပတ်ဝန်းကျင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို မှတ်တမ်းတင်မယ်ဆိုရင် ဘယ်လိုဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ။ လူငယ်တွေရဲ့ အသံတွေ၊ အတွေ့အကြုံတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွေကို အတူတူ ကြည့်ရှုနားဆင်ဖို့ အချိန်ကျရောက်လာပါပြီ။
Lens for Change: Youth Climate Storytelling for Resilient Communities ဟာ For The Future-Myanmar နဲ့ For The Future; Education Institute-Myanmar က Finn Church Aid (FCA) ရဲ့ ပံ့ပိုးမှုနဲ့ အကောင်အထည်ဖော်တဲ့ လူငယ်ဦးဆောင်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။
Documentary ရိုက်ကူးခြင်း၊ ဓာတ်ပုံနဲ့ Storytelling နည်းလမ်းတွေကတစ်ဆင့် လူငယ်တွေကို မိမိတို့ပတ်ဝန်းကျင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို လေ့လာမှတ်တမ်းတင်နိုင်ဖို့၊ ဒေသခံပြည်သူတွေရဲ့ အသံတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ပိုမိုခံနိုင်ရည်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေ တည်ဆောက်ရေးအတွက် စုပေါင်းပါဝင်လှုပ်ရှားလာစေဖို့ ရည်ရွယ်ပါတယ်။
🎬 Final Showcase မှာ ဘာတွေ ပါဝင်မလဲ?
လူငယ်တွေရဲ့ ဖန်တီးမှုတွေ၊ ဇာတ်လမ်းတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေကို အတူတူ ခံစားနိုင်ဖို့ အောက်ပါအစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။
လူငယ်တွေရဲ့ Documentary ဇာတ်ကား ၅ ကား
လူငယ်အဖွဲ့ ၅ ဖွဲ့က ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အတွေ့အကြုံတွေကို ကြည့်ရှုနိုင်မှာပါ။
Project Booths
အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ လုပ်ဆောင်ချက်တွေ၊ ဖန်တီးမှုတွေနဲ့ အသိပညာပေးပစ္စည်းတွေကို လေ့လာနိုင်မှာပါ။
Poster & Testimonial Showcase
ဓာတ်ပုံဇာတ်လမ်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အတွေ့အကြုံ၊ အသံတွေကို လေ့လာနိုင်မှာပါ။
Networking & Interactive Activities
လူငယ်ပြောင်းလဲမှုဖော်ဆောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး စိတ်ဝင်စားဖွယ် လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်မှာပါ။
ပွဲအကြောင်းအသေးစိတ်
အချိန် - ၁၂ နာရီ မှ ၄ နာရီအထိ
ရက်စွဲ - နိုဝင်ဘာလ ၂၉ ရက်နေ့
နေရာ - အမှတ်. (၄/၆)၊ နဂါးကြီးရှစ်ထပ်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ (Myanmar Polyland Academy)
📢 ဒီဇာတ်လမ်းတွေက Showcase မှာတင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။
Event Poster တွေ၊ Documentary Preview Video တွေနဲ့ ဆက်လက်ထုတ်လွှင့်သွားမယ့် Awareness Campaign တွေကို လေ့လာကြည့်ရှုနိုင်ဖို့ For The Future-Myanmar ရဲ့ Facebook Page ကို Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
လူငယ်တွေရဲ့ ဇာတ်လမ်းတွေကို နားဆင်ပါ။ ပတ်ဝန်းကျင်ရဲ့ အသံတွေကို မြင်တွေ့ပါ။ အပြောင်းအလဲအတွက် အတူတကွ ပါဝင်လိုက်ပါ။
20 نوفمبر, 10:55
အကြမ်းဖက်ခံရသူတစ်ဦးဟာ ချက်ချင်းပြောပြဖို့ အဆင်သင့်မဖြစ်နိုင်သလို သူတို့ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကို လူတိုင်းအား ရှင်းပြဖို့လည်း မလိုအပ်ပါဘူး။
သူတို့ကို အပြစ်တင်မယ့်အစား နားထောင်ပေးပါ။ ယုံကြည်ပေးပါ။ လုံခြုံစိတ်ချရတဲ့ အကူအညီတွေ ရရှိနိုင်ဖို့ ပံ့ပိုးပေးပါ။
🤝 ၄။ 𝐑𝐞𝐬𝐩𝐞𝐜𝐭 𝐄𝐯𝐞𝐫𝐲 𝐆𝐞𝐧𝐝𝐞𝐫, 𝐒𝐭𝐨𝐩 𝐀𝐥𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 — လိင်အားလုံးကို လေးစားပါ၊ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ပါ။
အကြမ်းဖက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုတာ လူတစ်ဦးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ကျွန်ုပ်တို့အားလုံး ပါဝင်နိုင်ပါတယ်။
🌱 နေ့စဉ်ဘဝမှာ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ အရာလေးတွေကတော့ —
✅ လူတစ်ဦးချင်းစီရဲ့ လိင်နဲ့ ဖြစ်တည်မှုကို လေးစားပါ။
✅ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းတွေကို ဟာသတစ်ခုလို သဘောမထားပါနဲ့။
✅ အွန်လိုင်းပေါ်မှာ အခြားသူတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ မဖြန့်ဝေပါနဲ့။
✅ အကြမ်းဖက်ခံရသူတစ်ဦးက အကူအညီတောင်းလာရင် အပြစ်မတင်ဘဲ နားထောင်ပေးပါ။
✅ အကြမ်းဖက်မှုကို တွေ့မြင်ရတဲ့အခါ ကိုယ့်လုံခြုံရေးကိုလည်း ဂရုစိုက်ပြီး သင့်လျော်တဲ့ အကူအညီရရှိနိုင်ဖို့ ကြိုးစားပေးပါ။
✅ လူတိုင်းရဲ့ သဘောတူညီမှု၊ ကိုယ်ပိုင်နယ်နိမိတ်နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားပါ။
🌍 အကြမ်းဖက်မှုဟာ လိင်တစ်မျိုးတည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာမဟုတ်ပါဘူး။ ဒါဟာ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
ဘယ်သူဖြစ်ဖြစ် လုံခြုံစွာ နေထိုင်ခွင့်၊ လေးစားခံရခွင့်နဲ့ အကြမ်းဖက်မှုကင်းဝေးတဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ 𝐋𝐆𝐁𝐓𝐐+ အသိုင်းအဝိုင်းဝင်ဖြစ်စေ လူတိုင်းဟာ တန်းတူညီမျှတဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။
အကြမ်းဖက်မှုကို ရပ်တန့်ဖို့ဆိုတာ စကားလုံးတွေနဲ့သာ မလုံလောက်ပါဘူး။ ကိုယ်တိုင်လေးစားမှုကို လက်တွေ့ကျင့်သုံးခြင်း၊ အကြမ်းဖက်မှုကို လက်မခံခြင်းနဲ့ ထိခိုက်ခံစားနေရသူတွေကို ပံ့ပိုးပေးခြင်းကနေ စတင်ရမှာပါ။
အကြမ်းဖက်မှုကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ဆိုတာ ကျွန်ုပ်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။
အဲ့တာကြောင့် ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေးစားပေးကြမယ်၊ နားလည်ပေးကြမယ်၊ အကြမ်းဖက်မှုတွေကိုလည်း လက်မခံဘဲ အတူတူရပ်တန့်ကြရအောင်နော်။ 💜
𝐑𝐞𝐬𝐩𝐞𝐜𝐭 𝐄𝐯𝐞𝐫𝐲 𝐆𝐞𝐧𝐝𝐞𝐫. 𝐒𝐭𝐨𝐩 𝐀𝐥𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞.
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#Content_by_Snowy
#Graphic_by_Khant
19 نوفمبر, 00:30
🟣 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐇𝐚𝐬 𝐍𝐨 𝐆𝐞𝐧𝐝𝐞𝐫
လူတစ်ယောက်ကို အကြမ်းဖက်ခံရသူဖြစ်စေဖို့ သူ့ရဲ့လိင်၊ ကျား/မ ဖြစ်တည်မှု ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းအတွင်း သူ့ရဲ့အခန်းကဏ္ဍက အဆုံးအဖြတ်ပေးနေတာ မဟုတ်ပါဘူး။
ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ 𝐋𝐆𝐁𝐓𝐐+ အသိုင်းအဝိုင်းဝင်တွေဟာ မတူညီတဲ့ပုံစံတွေနဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
တချို့က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကို ကြုံတွေ့ရသလို တချို့ကတော့ အပြင်ပန်းမှာ မမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို တိတ်တဆိတ် ခံစားနေရပါတယ်။
ဒါဆို အကြမ်းဖက်မှုဆိုတာ ကိုယ်ထိလက်ရောက် ပြုမူတာတစ်မျိုးတည်းပဲလား။
လူတိုင်းအတွက် ဘေးကင်းလုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ ကျွန်ုပ်တို့ ဘာတွေလုပ်ဆောင်နိုင်မလဲ။ 🤔
📌 အကြမ်းဖက်မှုအကြောင်း သိကောင်းစရာများ
🛑 ၁။ 𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 — အကြမ်းဖက်မှုကို နားလည်ခြင်း
အကြမ်းဖက်မှုဆိုတာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းတစ်မျိုးတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။
လူတစ်ဦးရဲ့ ကိုယ်ခန္ဓာ၊ စိတ်ခံစားမှု၊ လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေတဲ့ အပြုအမူများစွာလည်း ပါဝင်ပါတယ်။
အကြမ်းဖက်မှုကို အဓိကအားဖြင့် အောက်ပါပုံစံတွေမှာ တွေ့နိုင်ပါတယ်။
🔹 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 (ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု) — ရိုက်နှက်ခြင်း၊ တွန်းထိုးခြင်းနဲ့ ကိုယ်ခန္ဓာကို ထိခိုက်နာကျင်စေခြင်း။
🔹 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 (စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု) — ခြိမ်းခြောက်ခြင်း၊ အရှက်ခွဲခြင်း၊ အမြဲတမ်း အပြစ်တင်ခြင်းနဲ့ ကြောက်ရွံ့စေရန် ပြုမူခြင်း။
🔹 𝐒𝐞𝐱𝐮𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု) — သဘောတူညီမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ ပြုမူမှုများကို အတင်းအကျပ် ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် ဖိအားပေးခြင်း။
🔹 𝐕𝐞𝐫𝐛𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 (နှုတ်ဖြင့် အကြမ်းဖက်မှု) — စော်ကားခြင်း၊ နှိမ့်ချပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ နာကျင်စေမယ့် စကားလုံးများကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်း။
🔹 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 (ဒစ်ဂျစ်တယ်နည်းပညာမှတစ်ဆင့် အကြမ်းဖက်မှု) — အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်စာများ ပို့ခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေခြင်းတို့ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတစ်ခုဟာ ကိုယ်ခန္ဓာမှာ ဒဏ်ရာမကျန်ခဲ့ရင်တောင် လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဘဝအပေါ် နက်ရှိုင်းစွာ သက်ရောက်နိုင်ပါတယ်။
👥 ၂။ 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐀𝐠𝐚𝐢𝐧𝐬𝐭 𝐀𝐥𝐥 𝐆𝐞𝐧𝐝𝐞𝐫𝐬 — လိင်အားလုံးအပေါ် အကြမ်းဖက်မှု
အကြမ်းဖက်မှုဟာ အမျိုးသမီးတွေအတွက်သာ သီးသန့်ဖြစ်ပေါ်တဲ့ ပြဿနာမဟုတ်ပါဘူး။
👨 အမျိုးသားများအပေါ် အကြမ်းဖက်မှု
အမျိုးသားတွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အခြားသော အကြမ်းဖက်မှုတွေကို ကြုံတွေ့နိုင်ပါတယ်။
“ယောက်ျားလေးဆိုတာ သန်မာရမယ်”၊ “ယောက်ျားလေးက မငိုရဘူး” ဆိုတဲ့ လူမှုစံနှုန်းတွေကြောင့် တချို့အမျိုးသားတွေဟာ မိမိတို့ရဲ့ နာကျင်မှုကို ဖွင့်ဟပြောဆိုဖို့ ခက်ခဲတတ်ကြပါတယ်။
👩 အမျိုးသမီးများအပေါ် အကြမ်းဖက်မှု
အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အတင်းအကျပ် ထိန်းချုပ်မှုနဲ့ အွန်လိုင်းအနိုင်ကျင့်မှု စတဲ့ ပြဿနာတွေကို ကြုံတွေ့နိုင်ပါတယ်။
ထို့အပြင် အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရခြင်းနဲ့ လူမှုဖိအားတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။
🏳️🌈 𝐋𝐆𝐁𝐓𝐐+ အသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှု
𝐋𝐆𝐁𝐓𝐐+ အသိုင်းအဝိုင်းဝင်တွေဟာ သူတို့ရဲ့ လိင်စိတ်ခံယူမှု သို့မဟုတ် ကျား/မ ဖြစ်တည်မှုကြောင့် စော်ကားခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ အကြမ်းဖက်ခံရဖို့ အကြောင်းပြချက်တစ်ခု မဖြစ်သင့်ပါဘူး။
အကြမ်းဖက်မှုကို ဘယ်သူက ကြုံတွေ့နေရသည်ဖြစ်စေ၊ သူတို့ရဲ့နာကျင်မှုကို အလေးထားဖို့နဲ့ လုံခြုံမှုကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။
💔 ၃။ 𝐕𝐢𝐜𝐭𝐢𝐦 𝐁𝐥𝐚𝐦𝐢𝐧𝐠 & 𝐒𝐨𝐜𝐢𝐚𝐥 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 — အကြမ်းဖက်ခံရသူကို အပြစ်တင်ခြင်းနဲ့ လူမှုဖိအား
“ဘာလို့ အဲဒီနေရာကို သွားတာလဲ။”
“ဘာလို့ အဲဒီလိုဝတ်ထားတာလဲ။”
“ယောက်ျားလေးပဲ၊ ဒါလေးတောင် မခံနိုင်ဘူးလား။”
“လူတွေ ဘယ်လိုထင်မလဲ။ တိတ်တိတ်ပဲနေလိုက်ပါ။”
ဒီလိုစကားတွေကို ကြားဖူးကြပါသလား။
တချို့စကားတွေဟာ သာမန်မေးခွန်းတွေလို့ ထင်ရပေမဲ့ အကြမ်းဖက်ခံရသူအပေါ် အပြစ်ရှိသလို ခံစားစေပြီး အကူအညီတောင်းဖို့ ပိုမိုခက်ခဲစေနိုင်ပါတယ်။
အကြမ်းဖက်ခံရသူရဲ့ အဝတ်အစား၊ အပြုအမူ၊ လိင်ဖြစ်တည်မှု ဒါမှမဟုတ် သူတို့ရဲ့ ရွေးချယ်မှုတွေကို အကြောင်းပြပြီး အကြမ်းဖက်မှုကို တရားမျှတအောင် မလုပ်သင့်ပါဘူး။
အကြမ်းဖက်မှုအတွက် တာဝန်ရှိသူဟာ အကြမ်းဖက်သူသာ ဖြစ်ပါတယ်။
19 نوفمبر, 00:30
𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှလည်း ယခုဆွေးနွေးပွဲတွင် 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 အဖြစ် ပါဝင်ပံ့ပိုးထားပါသည်။
📢 EHS Myanmar ၏ ရန်ကုန်မြို့တွင်ကျင်းပမည့် “ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ခြင်း” ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။
အသိုက်အဝန်း (Athike Awon) စီမံကိန်း မှတစ်ဆင့် EHS Myanmar သည် လူငယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် လူမှုအသိုက်အဝန်းအဖွဲ့ဝင်များကို စုစည်း၍ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုအကြောင်း ဆွေးနွေးရန်၊ တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ရန်နှင့် ခံနိုင်ရည်စွမ်းအားကို အတူတကွ တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါသည်။
ယခုဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများကို ဆွေးနွေးမျှဝေကြမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်ကူညီပေးနိုင်မည့် နည်းလမ်းများနှင့် လူမှုအသိုက်အဝန်း၏ ခံနိုင်ရည်စွမ်းအားကို အတူတကွ တည်ဆောက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားကြမည် ဖြစ်ပါသည်။
ရန်ကုန်မြို့တွင် လူကိုယ်တိုင် (In-person) ပါဝင်ဆွေးနွေးနိုင်မည့် အခွင့်အရေးဖြစ်သောကြောင့် စိတ်ဝင်စားသူများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
📌 ပွဲအချက်အလက်များ
📅 ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် (တနင်္ဂနွေနေ့)
⏰ အချိန်။ မြန်မာစံတော်ချိန် ညနေ ၁:၀၀ နာရီမှ ၄:၃၀ နာရီအထိ
📍 နေရာ။ Yangon School of Social Work (YSSW) Resource & Development Center ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Google Map: https://maps.app.goo.gl/rFyZwe8iJAqQrHwGA
🗣 ဆွေးနွေးမည့် ဘာသာစကား။ မြန်မာဘာသာ
👥 ပါဝင်သူဦးရေ။ ၃၀ ဦးသာ လက်ခံမည်ဖြစ်ပါသည်။
ဘယ်သူတွေ ပါဝင်နိုင်မလဲ။
- လူငယ်ခေါင်းဆောင်များနှင့် ကျောင်းသား/ကျောင်းသူများ
- စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ
- ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သုတေသီများ
- ပညာရှင်များနှင့် ပါမောက္ခများ
- NGO၊ CSO၊ INGO နှင့် Community-Based Organization (CBO) အဖွဲ့ဝင်များ
ခန်းမနေရာအတွက် Venue Partial Sponsorship ပေးပါသော Yangon School of Social Work (YSSW) အား ကျေးဇူးအထူးပင်တင်ရှိပါသည်။ 💪
♻️ ယခုဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသော Green Event အဖြစ် ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် တက်ရောက်လာသူများအနေဖြင့် ကိုယ်ပိုင်ပြန်လည်အသုံးပြုနိုင်သော ရေဘူး (Reusable Water Bottle) ကို ယူဆောင်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာရင်းသွင်းရန်။ https://docs.google.com/forms/d/e/1FAIpQLSfLwjxiPA4QAtHCvzrX0AtRYr1YD5Z9zoMzfGjqv8QBQaxCKQ/viewform?usp=dialog
စာရင်းသွင်းရန် နောက်ဆုံးရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် (သောကြာနေ့)
ပါဝင်သူဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ဝင်စားသူများအနေဖြင့် စောစီးစွာ စာရင်းပေးသွင်းကြပါရန် တိုက်တွန်းအပ်ပါသည်။
#ForTheFuture_Myanmar #YouthOrganization #EHSMyanmar #AthikeAwon #ClimateAnxiety #YouthWellbeing #MentalHealth #ClimateAction #Myanmar #GlobalYouthMobilization #GreenEvent #Yangon
18 نوفمبر, 11:16
ဒီ 𝐕𝐢𝐝𝐞𝐨 လေးထဲမှာတော့ စာရေးဆရာကြီး 𝐋𝐞𝐨𝐧 𝐔𝐫𝐢𝐬 ရဲ့လက်ရာတစ်ခုဖြစ်တဲ့ 𝐄𝐗𝐎𝐃𝐔𝐒 လို့ အမည်ရတဲ့ စာအုပ်လေးအကြောင်းကို မိတ်ဆက်ပေးထားပါတယ်။ 📣
📚 ဒီအကြောင်းအရာလေးကိုပဲ ဆရာကြီး မောင်မိုးသူကိုယ်တိုင် မြန်မာဘာသာပြန်ဆိုထားတဲ့ “နိုင်ငံတစ်ခု မွေးဖွားခြင်း “ ဆိုတဲ့ စာအုပ်လေးလည်း ထွက်ရှိထားပါသေးတယ်။ ❗️ဒီစာအုပ်ထဲမှာဆိုရင် ၁၉၄၆ ခုနှစ်ဝန်းကျင်လောက်က ...
👉🏻 ဆိုက်ပရပ်စ်ကျွန်းပေါ်မှာ ဗြိတိသျှတွေရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ ဂျူးလူမျိုးတွေအကြောင်း
👉🏻 အထူးသဖြင့် ဟစ်တလာရဲ့ အဆိုးရွားဆုံး 𝐇𝐨𝐥𝐨𝐜𝐚𝐮𝐬𝐭 ကနေ လွတ်မြောက်လာကြတဲ့ ဂျူးလူငယ်လေးတွေရဲ့ ကြေကွဲစရာ၊ ရင်သပ်ရှုမောစရာ ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို အသေးစိတ်ရေးသားဖော်ပြထားပါတယ်။
❗️𝐄𝐗𝐎𝐃𝐔𝐒 လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးက အခုချိန်အထိ ကမ္ဘာ့နိုင်ငံရေး နယ်ပယ်က သမိုင်းကြောင်းတွေကို စိတ်ဝင်စားသူတွေ၊ ပညာရှင်တွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေဆဲပါပဲ။ အခု 𝐕𝐢𝐝𝐞𝐨 လေးကို ကြည့်ပြီးတဲ့နောက်မှာရော...
• အစ္စရေးနိုင်ငံဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့
• ဂျူးလူမျိုးတွေရဲ့ ကြံ့ကြံ့ခံ ရုန်းကန်ရှင်သန်ခဲ့ရပုံတွေအကြောင်းနဲ့ပတ်သက်လို့ ဘယ်လို ဗဟုသုတတွေနဲ့ အတွေးအမြင်အသစ်တွေ ရရှိသွားကြလဲ? ဆိုတာကို မျှဝေပေးသွားခဲ့ပါဦးနော်။ 🥰
👉🏻 နောက်ထပ် 𝐕𝐢𝐝𝐞𝐨 တွေမှာ ကိုယ်နားထောင်ချင်တဲ့ စာအုပ်တွေ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေရှိရင်လည်း 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ အကြံပေးခဲ့လို့ရပါတယ်ရှင့်။
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#Content_by_Kyawt
15 نوفمبر, 08:57
Through the lenses of young people, we aim to document what is actually happening in our surroundings and bring the experiences and voices of local communities to a wider audience.
Change does not necessarily have to begin with large-scale actions. It can start with caring for our surroundings, disposing of waste responsibly, using natural resources wisely without unnecessary waste, and working together within our communities. When individual efforts come together, they can create meaningful change.
So, what is really happening in our communities? And what do the people living through these situations have to say?
Coming soon, Lens for Change will share five short climate documentaries developed through a youth-led process: young people researched local environmental issues (Research), engaged with community members to hear their experiences and perspectives (Engage), and documented these stories through film (Document).
Through these documentaries, we invite you to explore the environmental challenges faced by communities in Hlaing Tharyar and Insein Townships, Yangon Region, their impacts on everyday lives, and the voices and experiences of the people living through them.
Watch. Listen. Share. Be part of the change.
Because listening to community voices and sharing their experiences help us better understand the challenges around us and inspire collective action. A better environment is something we can work towards together, by listening, learning, and taking action as a community.
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#Content_by_HtetMM
#Graphic_by_NanHsuPhyuHninEain_and_Smoothie
#LensForChange #ClimateAction #ClimateAwareness #CommunityVoices #YouthForClimate
#ForTheFuture_Myanmar
#YouthOrganization
11 نوفمبر, 08:30
ရာသီဥတုပြောင်းလဲမှုဆိုတာ အနာဂတ်မှာမှ ရင်ဆိုင်ရမယ့် ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲကို လက်တွေ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မနက်ခင်း အလုပ်သွားချိန်တိုင်း ခံစားရတဲ့ အပူဒဏ်နဲ့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ရေကြီးရေလျှံမှာကို စိုးရိမ်နေရတဲ့ အခြေအနေတွေဟာ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ဘယ်လိုခံစားနေရသလဲဆိုတာကို ပြသနေပါတယ်။ တစ်ဖက်မှာလည်း အိမ်နီးနားဝန်းကျင်မှာ စုပုံနေတဲ့ အမှိုက်တွေနဲ့ ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေဟာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေရဲ့ ဥပမာတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ဒီလို ရာသီဥတုဆိုင်ရာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေဟာ ရပ်ရွာလူထုရဲ့ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ နေ့စဉ်နေထိုင်မှုအခြေအနေတွေကို ပုံစံအမျိုးမျိုးနဲ့ သက်ရောက်နေပါတယ်။ အပူဒဏ်နဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကျန်းမာရေးနဲ့ ဝင်ငွေရရှိမှု ထိခိုက်နိုင်ပြီး၊ အမှိုက်စီမံခန့်ခွဲမှုနဲ့ ရေနုတ်မြောင်းဆိုင်ရာ အားနည်းချက်တွေကလည်း သန့်ရှင်းလုံခြုံတဲ့ နေထိုင်မှုပတ်ဝန်းကျင် ရရှိဖို့ ခက်ခဲစေနိုင်ပါတယ်။
ပြဿနာတွေကို မြင်တွေ့နေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒါတွေကို လေးလေးနက်နက် နားလည်ဖို့၊ လက်တွေ့ခံစားနေရသူတွေရဲ့ အသံကို နားထောင်ဖို့နဲ့ ပြောင်းလဲမှုမှာ ကိုယ်တိုင်ပါဝင်ဖို့ လိုအပ်နေပါပြီ။
ဒါကြောင့်လည်း 𝐋𝐞𝐧𝐬 𝐟𝐨𝐫 𝐂𝐡𝐚𝐧𝐠𝐞 ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
လူငယ်တွေရဲ့ ကင်မရာမှန်ဘီလူးတွေကတစ်ဆင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မှတ်တမ်းတင်ပြီး ရပ်ရွာလူထုရဲ့ အတွေ့အကြုံနဲ့ အသံတွေကို ပိုမိုကျယ်ပြန့်စွာ ကြားသိနိုင်စေဖို့ ရည်ရွယ်ပါတယ်။
ပြောင်းလဲမှုဆိုတာ ကြီးမားတဲ့ လုပ်ဆောင်ချက်တွေကနေမှ စတင်ရတာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်တာ၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တာ၊ သဘာဝအရင်းအမြစ်တွေကို အလေအလွင့်မရှိအောင် တန်ဖိုးထားသုံးစွဲတာနဲ့ ရပ်ရွာအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေကနေ စတင်နိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ ပါဝင်အားထုတ်မှုတွေ ပေါင်းစည်းလာတဲ့အခါ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့ရဲ့ ရပ်ရွာတွေမှာ တကယ်ဘာတွေ ဖြစ်ပျက်နေသလဲ။ အဲဒီအခြေအနေတွေကြားမှာ ဖြတ်သန်းနေထိုင်ရသူတွေကရော ဘာတွေပြောချင်နေကြမလဲ။
မကြာခင်မှာ 𝐋𝐞𝐧𝐬 𝐟𝐨𝐫 𝐂𝐡𝐚𝐧𝐠𝐞 မှ လူငယ်တွေကိုယ်တိုင် ရပ်ရွာအတွင်း သုတေသနပြုလေ့လာခြင်း (Research)၊ ဒေသခံလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ခြင်း (Engage)၊ ရရှိလာတဲ့ အကြောင်းအရာတွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ခြင်း (Document) စတဲ့ အဆင့်တွေပါဝင်တဲ့ လူငယ်ဦးဆောင် စီမံချက်တွေ ကနေ ဖန်တီးထားတဲ့ 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐫𝐲 ဇာတ်လမ်းတို (၅) ကားကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်တိုတွေကတစ်ဆင့် ရန်ကုန်တိုင်း၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တွေက ရပ်ရွာလူထုရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေနဲ့ သူတို့ရဲ့ ရင်တွင်းသံတွေကို လေ့လာကြည့်ရှုကြရမှာပါ။
ကြည့်ရှုပါ။ နားထောင်ပါ။ မျှဝေပါ။ ပြောင်းလဲမှုမှာ ကိုယ်တိုင်ပါဝင်လိုက်ပါ။
ဘာကြောင့်လဲဆိုတော့ ရပ်ရွာလူထုရဲ့ အသံတွေကို နားထောင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းက ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုနားလည်လာစေပြီး၊ အတူတကွ ပြောင်းလဲလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်တို့အားလုံးရဲ့ ပါဝင်မှု လိုအပ်ပါတယ်။
Climate change is no longer a problem we will only face in the future. It has already become a reality in our everyday lives.
The heat we experience every morning on our way to work and the concern about flooding during periods of heavy rain show how weather-related challenges are already affecting our daily lives. Meanwhile, piles of rubbish in our neighbourhoods and blocked drainage systems are examples of broader environmental and urban management issues that communities also face.
Across Myanmar, these climate-related and broader environmental challenges affect communities in different ways, with consequences for people’s health, livelihoods, and everyday living conditions. Extreme heat and flooding can affect people’s well-being and ability to work, while poor waste management and inadequate drainage can make neighbourhoods less clean and safe.
Simply witnessing these problems is no longer enough. We need to understand them more deeply, listen to the voices of those experiencing them firsthand, and take part in creating change.
That is why Lens for Change was initiated.
11 نوفمبر, 08:30
🌍 𝐖𝐨𝐫𝐥𝐝 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐃𝐚𝐲 𝐟𝐨𝐫 𝐏𝐞𝐚𝐜𝐞 𝐚𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
သိပ္ပံပညာဆိုတာ နေ့စဉ်လူမှုဘဝနဲ့ ကမ္ဘာကြီးကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် အရေးပါတဲ့ အဓိက မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ် ။
🔬 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚𝐜𝐲 ဆိုတာဘာလဲ ?
𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚𝐜𝐲 ဆိုတာ သိပ္ပံပညာဆိုင်ရာ သုတေသန၊ အသိပညာနဲ့ နည်းပညာတွေကို နိုင်ငံအချင်းချင်း ပူးပေါင်းမျှဝေ အသုံးချပြီး အပြန်အလှန် နားလည်မှုနဲ့ ဆက်ဆံရေးကောင်းမွန်လာစေဖို့ ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ဥပမာအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဖို့ အခက်အခဲရှိတဲ့အခါ နိုင်ငံအသီးသီးက သိပ္ပံပညာရှင်တွေဟာ သုတေသနရလဒ်နဲ့ အချက်အလက်တွေကို ပူးပေါင်းမျှဝေပြီး ဖြေရှင်းကြပါတယ်။
ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေက နိုင်ငံအချင်းချင်း ယုံကြည်မှုတည်ဆောက်ပေးရုံသာမက ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူဖြစ်စေပါတယ်။
𝐔𝐍𝐄𝐒𝐂𝐎 က နိုဝင်ဘာလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐃𝐚𝐲 𝐟𝐨𝐫 𝐏𝐞𝐚𝐜𝐞 𝐚𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အတွက် နှစ်စဉ်ဆောင်ပုဒ်တွေကို ထုတ်ပြန်လေ့ရှိပါတယ်။
ဒီနှစ်၂၀၂၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ ဆောင်ပုဒ်ကတော့
“𝐂𝐨𝐦𝐦𝐨𝐧 𝐠𝐫𝐨𝐮𝐧𝐝 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐬𝐜𝐢𝐞𝐧𝐜𝐞 𝐝𝐢𝐩𝐥𝐨𝐦𝐚𝐜𝐲” ပဲ ဖြစ်ပါတယ်။
ဒီဆောင်ပုဒ်က ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ကပ်ရောဂါနဲ့ အခြားသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ နိုင်ငံအချင်းချင်း သိပ္ပံပညာဆိုင်ရာ အသိပညာ၊ သုတေသနနဲ့ နည်းပညာတွေကို မျှဝေပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အရေးပါမှုကို ပုံဖော်မီးမောင်းထိုး ပြသထားပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ကမ္ဘာတစ်ဝန်းလုံး 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚𝐜𝐲 နဲ့ပတ်သက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆွေးနွေးပွဲတွေနဲ့ သုတေသနလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပါတယ်။
သိပ္ပံပညာကို မှန်ကန်ထိရောက်စွာ အသုံးချတတ်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူတွေအားလုံးအတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းလာမှာ အသေအချာပါပဲ။
ဒါကြောင့် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာကြီးတစ်ခုကို 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့အတူ တည်ဆောက်ကြရအောင်။🍀
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#Content_by_PhuuSanme
#Graphic_by_Twity
10 نوفمبر, 08:34
